MACC-Mandalay Animal Care Center

MACC-Mandalay Animal Care Center Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from MACC-Mandalay Animal Care Center, Corner of 109 Street and 64(B) Street, Chan Mya Tharzi Township, Mandalay.

MACC Mandalay Animal Care Centre ဆေးခန်းဖွင့်ချိန် နံနက် ၈:၃၀ မှ နေ့လည် ၁၂ နာရီညနေ ၃:၀၀ မှ ၆:၀၀ နာရီ တနင်္လာနေ့တိုင်း ဆေ...
02/12/2024

MACC
Mandalay Animal Care Centre
ဆေးခန်းဖွင့်ချိန်
နံနက် ၈:၃၀ မှ နေ့လည် ၁၂ နာရီ
ညနေ ၃:၀၀ မှ ၆:၀၀ နာရီ
တနင်္လာနေ့တိုင်း ဆေးခန်းပိတ်ပါတယ်
ဆေးကုသခြင်း
ခွဲစိတ်ကုသခြင်း
Ultrasound ဖြင့် ရောဂါရှာဖွေခြင်း
X ray ဖြင့် ရောဂါရှာဖွေခြင်း
သွေးစစ်ဆေးခြင်း
နှလုံး အသဲ ကျောက်ကပ် သရက်ရွက် ဆီလမ်းကြောင်း အစာလမ်းကြောင်း အသက်ရှုလမ်းကြောင်း အာရုံကြောလမ်းကြောင်း
တို့ကိုရောဂါရှာဖွေခြင်း
အလိမ္မာသင်တန်းပေးခြင်း
ဟိုတယ်ဝန်ဆောင်မှု့ပေးခြင်း
အနီးကပ်စောင့်ရှောက်ကြည့်ရှု့ ကုသပေးခြင်း
စသည်တို့ကို ပြုစုကုသပေးသည့်
MACC
No 4, 109st;
Bet; 64*65rd;
Mandalay

ချစ်လှစွာသော တိရစ္ဆာန်လေးတွေ ကျန်းမာပျှော်ရွှင်စေဖို့ အစွမ်းကုန် ကြိုးစားပေးနေသည့် MACC Mandalay Animal Care Centre 109*...
13/10/2024

ချစ်လှစွာသော တိရစ္ဆာန်လေးတွေ ကျန်းမာပျှော်ရွှင်စေဖို့ အစွမ်းကုန် ကြိုးစားပေးနေသည့်
MACC
Mandalay Animal Care Centre
109* 64 B corner
MDY

မိမိတို့ရဲ့ ချစ်စရာကောင်းတဲ့ တိလေးတွေကို အမြဲကျန်းမာပြီး ပျော်ရွှင်နေဖို့ ရည်ရွယ်ထားလျှင် သူတို့လေးတွေရဲ့ ကျန်းမာရေးဆိုင...
26/04/2024

မိမိတို့ရဲ့ ချစ်စရာကောင်းတဲ့ တိလေးတွေကို အမြဲကျန်းမာပြီး ပျော်ရွှင်နေဖို့ ရည်ရွယ်ထားလျှင် သူတို့လေးတွေရဲ့ ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်လေးတွေကို စစ်ဆေးရန်အတွက် ကူညီဆောင်ရွက်ပေးမည့် MACC Mandalay Animal Care Center သို့ ကြွလှမ်းခဲ့ပါနော် 🤗

MACC Mandalay Animal Care Center မှာဆိုရင် တိရစ္ဆာန်ရောဂါရှာဖွေးရေး ဓာတ်ခွဲခန်းအပြင် ခေတ်မီအဆင့်မြင့်သော Ultrasound Machine ဖြင့်လည်း စမ်းသပ်စစ်ဆေးပေးနေပါပြီ

Ultrasound (အာထရာဆောင်း )ဆိုတာ
🗃️ တိလေးတွေရဲ့ ခန္ဓာကိုယ်အတွင်းပိုင်းရှိ ကိုယ်တွင်းအင်္ဂါများ၊ တစ်ရှူးများကို ပုံများပြုလုပ်ရန်၊သိရှိ ထုတ်လုပ်နိုင်ရန် အသံလှိုင်းများကို အသုံးပြုပြီး စမ်းသပ်စစ်ဆေးပေးခြင်း ဖြစ်ပါတယ်

ဘာကိုစစ်ဆေးလို့ရမလဲ
🐾 တိလေးတွေရဲ့ ကိုယ်တွင်းအင်္ဂါများ ပုံမှန်အနေထားရှိ/မရှိ၊ ရောင်ရမ်းခြင်း ရှိ/မရှိ စစ်ဆေးရန် ( အသည်း၊ ကျောက်ကပ်၊ အစာအိမ်၊ဆီးအိတ်၊ သရက်ရွက် etc….)

🐾 Ligament အရွတ်များ ရောင်ခြင်း ရှိ/မရှိ စစ်ဆေးရန်၊

🐾 ရောဂါပိုးကူးစက်ခြင်းများ၏ အကြောင်းရင်းများကို ရှာဖွေဖော်ထုတ်ရန်၊

🐾 နှလုံးပုံရိပ်ဖော်စစ်ဆေးရန် ( echocardiogram )

🐾 တိအမလေးများတွင် သားအိမ်ပြည်တည်နာရှိ/မရှိ၊ ကိုယ်ဝန်ရှိမရှိ စစ်ဆေးရန်၊

🐾 ကိုယ်ဝန်ဆောင်မိခင်များတွင် သန္ဓေသားလောင်းများရဲ့ နှလုံးခုန်သံ မှန်မမှန်၊ စည်းချက် မှန်မမှန် နှင့် ခန့်မှန်းမွေးရက် စသည်တွေကို စစ်ဆေးနိုင်ပါတယ်

🗃️ MACC မှာဆိုရင် ခေတ်မီအဆင့်မြင့်သောစက်ကြီးနဲ့အပြင် ရာသီဥတု အခြေအနေအရ or အကြောင်းအမျိုးမျိုးကြောင့် ဆေးခန်းမလာရောက်နိုင်တဲ့ တိလေးတွေအတွက်လည်းအိမ်တိုင်ရာရောက် ultrasound စက်အသေး portable လေးဖြင့်လည်း လာရောက်စမ်းသပ် စစ်ဆေးပေးနေပါပြီ

🤗 ဒါကြောင့်မို့လို့ မိမိတို့ရဲ့တိလေးတွေကို medical checkup or pregnant တွေကို စစ်ဆေးချင်ရင် MACC Mandalay Animal Care Center သို့ ဆက်သွယ်လှမ်းခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

🏘️ Clinic & Laboratory_109* 64B လမ်းထောင့်၊
ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့
🏥 Training Center, Hospital & Hotel_ရန်ကင်းတောင်နှင့် ဆည်မြောင်းချောင်း၀န်းအရှေ့ဘက်၊ ရေထွက်ကျေးရွာ၊ ပုသိမ်ကြီးမြို့နယ်






အတာရေပက်ဖျန်းရင်း နှစ်ဟောင်းမှ နှစ်သစ်သို့ ကူးပြောင်းခဲ့သော သင်္ကြန်ကာလ နှစ်ဆန်းတစ်ရက်နေ့မှစ ပိုမိုကောင်းမွန်သော နှစ်တစ်...
16/04/2024

အတာရေပက်ဖျန်းရင်း နှစ်ဟောင်းမှ နှစ်သစ်သို့ ကူးပြောင်းခဲ့သော သင်္ကြန်ကာလ နှစ်ဆန်းတစ်ရက်နေ့မှစ ပိုမိုကောင်းမွန်သော နှစ်တစ်နှစ်ဖြစ်ပါစေကြောင်းနှင့် အေးချမ်းသာယာရှိပါစေကြောင်း MACC က နှစ်သစ်
ဆုမွန်ကောင်းပို့သအပ်ပါသည်။ 💦🙏



#နှစ်ဆန်းတစ်ရက် #၁၃၈၆ခု #နှစ်သစ်ဆုတောင်း

💦 သင်္ကြန်နှစ်သစ်ကူး ပိတ်ရက်‌ ကြေညာခြင်း 💦MACC-Mandalay Animal Care Center  အား(13.4.2024) ရက်နေ့မှ (17.4.2024) ရက်နေ့အထ...
12/04/2024

💦 သင်္ကြန်နှစ်သစ်ကူး ပိတ်ရက်‌ ကြေညာခြင်း 💦

MACC-Mandalay Animal Care Center အား
(13.4.2024) ရက်နေ့မှ (17.4.2024) ရက်နေ့အထိ ဆေးခန်း ပိတ်မည်ဖြစ်ကြောင်း ကြေညာအပ်ပါသည်...

💦 နှစ်သစ်ကူး အချိန်ကာလမှာ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာ၊ ၀မ်းသာ နိုင်ကြပါစေလို့ MACC မှ ဆုမွန်ကောင်း ဝောာင်းပေးလိုက်ပါသည်ခင်ဗျာ...






  🎂 Mandalay Animal Care Center  ( 6 ) လပြည့် အထိမ်းအမှတ် 🎂🏘️ Clinic & Laboratory_109* 64B လမ်းထောင့်၊ ချမ်းမြသာစည်မြို့...
10/04/2024



🎂 Mandalay Animal Care Center
( 6 ) လပြည့် အထိမ်းအမှတ် 🎂

🏘️ Clinic & Laboratory_109* 64B လမ်းထောင့်၊
ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့
🏥 Training Center, Hospital & Hotel_ရန်ကင်းတောင်နှင့် ဆည်မြောင်းချောင်း၀န်းအရှေ့ဘက်၊ ရေထွက်ကျေးရွာ၊ ပုသိမ်ကြီးမြို့နယ်




အိမ်မှာမွေးထားတဲ့ အချစ်တော်တိလေးတွေရဲ့ ကျန်းမာရေးအတွက် စိတ်အေးချင်လား 🤔တိလေးတွေရဲ့ စားသောက်နေထိုင်ရေးရော အရေးပေါ်ကျန်းမာ...
02/04/2024

အိမ်မှာမွေးထားတဲ့ အချစ်တော်တိလေးတွေရဲ့ ကျန်းမာရေးအတွက် စိတ်အေးချင်လား 🤔

တိလေးတွေရဲ့ စားသောက်နေထိုင်ရေးရော အရေးပေါ်ကျန်းမာရေးအခြေအနေတွေအတွက်ပါ စိတ်ချချင်တယ်ဆိုရင် MACC ရှိနေပါပြီ 🤗

ဘာကြောင့်လဲဆိုတော့ MACC မှာ တိရစ္ဆာန်လေးတွေရဲ့ကျန်းမာရေးအတွက် Clinic, Hospital, Laboratory Service တွေရနိုင်တဲ့အပြင်

ခရီးထွက်နေတုန်း စိတ်ချလက်ချအပ်နှံထားနိုင်တဲ့ Hotel နဲ့ Training Service တွေကိုပါ ဝန်ဆောင်မှုပေးနေလို့ပဲဖြစ်ပါတယ် 🥰

ဒါ့အပြင် MACC မှာ မွေးမြူရေးတိရစ္ဆာန်လေးတွေအတွက် ကျန်းမာရေးဆိုင်ရာ အကောင်းဆုံးဝန်ဆောင်မှုတွေပါ ရရှိနိုင်တာမလို့ မွေးမြူရေးလုပ်ငန်းရှင်တွေအတွက်လည်း အသင့်တော်ဆုံးပဲပေါ့ 👌

📍 Clinic & Laboratory address - အမှတ် 4၊ 109*64B လမ်းထောင့်၊ ချမ်းမြသာစည်မြို့နယ်။
📌 Hotel, Hospital & Training Center Address - Nature's Life မြင်းစီးကွင်း၊ ဆည်မြောင်းချောင်း၀န်းစခန်းအရှေ့ဖက်၊ ရေထွက်ကျေးရွာ၊ ပုသိမ်ကြီးမြို့နယ်။

Phone - 09 890774007, 09 764781611





အိမ်မွေးတိလေးတွေရဲ့ တစ်ချို့သော အမူအရာတွေဟာ ချစ်စဖွယ်ကောင်းသလို ပျော်ရွှင်သော ခံစားချက်ကိုလည်း ပေးစွမ်းပါသေးတယ် 🥰တစ်ခါတစ...
28/03/2024

အိမ်မွေးတိလေးတွေရဲ့ တစ်ချို့သော အမူအရာတွေဟာ ချစ်စဖွယ်ကောင်းသလို ပျော်ရွှင်သော ခံစားချက်ကိုလည်း ပေးစွမ်းပါသေးတယ် 🥰

တစ်ခါတစ်လေမှာ ကိုယ်နဲ့ တိလေးတွေကြားက ပေါင်းသင်းဆက်ဆံရေးကောင်းမွန်ဖို့အပြင် သူတို့လေးတွေ ပျော်ရွှင်ဖို့၊ ယုံကြည်မှုတိုးစေဖို့ဆို Train ပေးဖို့လိုအပ်တယ်လေ 💁‍♀️

Training လုပ်ခြင်းအားဖြင့်
🐶တိလေးတွေကို ပိုမို handle လုပ်နိုင်ခြင်း
🐶(ဖိနပ်နဲ့ တစ်ခြားသော ပစ္စည်များကို ကိုက်ဖြတ်ခြင်း) အမူအကျင့်များကို ပြုပြင်ပေးနိုင်ခြင်း
🐶ပိုမိုသိတတ်နားလည် လာခြင်းကြောင့် ကိုယ်နဲ့ တိလေးတွေကြား ပိုမိုရင်းနှီးလာခြင်း
🐶တိလေးတွေအတွက် ပျော်ရွှင်မှုနဲ့ ယုံကြည်မှုတိုးစေခြင်း ဒီလို အကျိုးကျေးဇူးတွေ ရရှိမှာဖြစ်ပါတယ်

နာခံတတ်တဲ့ တိလေးတွေဖြစ်အောင် ပြုစုပျိုးထောင်ဖို့ သင်တန်းကျောင်းဆို MACC ရှိနေပါပြီ 👈

ကျွမ်းကျင်ဆရာ နဲ့အတူ စိတ်ရှည်တဲ့ ဝန်ထမ်းတွေကြောင့် တိလေးတွေအတွက် လေ့ကျင့်သင်ကြားပေးချင်တဲ့အခါ MACC မှာ စိတ်ချစွာ အပ်နှံလိုက်ပါ 🙌

Clinic & Laboratory address - အမှတ် 4၊ 109*64B လမ်းထောင့်၊ ချမ်းမြသာစည်မြို့နယ်။
Hotel, Hospital & Training Center Address - Nature's Life မြင်းစီးကွင်း၊ ဆည်မြောင်းချောင်း၀န်းစခန်းအရှေ့ဖက်၊ ရေထွက်ကျေးရွာ၊ ပုသိမ်ကြီးမြို့နယ်။

Phone - 09 890774007, 09 764781611





#အာဝုလေးတွေရဲ့အမူအကျင့်များ

ငယ်စဉ်ကလေးဘဝကစ အရွယ်ရောက်တဲ့အထိ သားသမီးလေးတွေ မျက်နှာမငယ်ရလေအောင် ကြိုးစားရုန်းကန်ပေးခဲ့သူမိသားစုရေးအတွက်ဆို တံတိုင်းကြီ...
23/03/2024

ငယ်စဉ်ကလေးဘဝကစ အရွယ်ရောက်တဲ့အထိ သားသမီးလေးတွေ မျက်နှာမငယ်ရလေအောင် ကြိုးစားရုန်းကန်ပေးခဲ့သူ

မိသားစုရေးအတွက်ဆို တံတိုင်းကြီးလို ကာကွယ်ပေးသူ

ထီးတစ်ချောင်းလို အုပ်မိုးပေးသူ “အဖေ”

အမြဲလိုလို မေ့လျော့နေခဲ့ပေမဲ့ ဆပ်လို့မကုန်နိုင်တဲ့ ကျေးဇူးတရားတွေနဲ့ ပျိုးထောင်ပေးခဲ့လို့ ကျေးဇူးပါ အဖေ… ❤



#တပေါင်းလပြည့် #အဖေများနေ့

အာဝုလေးတွေရဲ့ ထူးခြားတဲ့အမူအကျင့်လေးတွေကို သိနိုင်ဖို့ကိုယ့်ရဲ့ သခင်ကို အရမ်းခင်တွယ်ပြီး ချစ်တတ်ကြတဲ့ အာဝုလေးတွေမှာလည်း ...
15/03/2024

အာဝုလေးတွေရဲ့ ထူးခြားတဲ့အမူအကျင့်လေးတွေကို သိနိုင်ဖို့

ကိုယ့်ရဲ့ သခင်ကို အရမ်းခင်တွယ်ပြီး ချစ်တတ်ကြတဲ့ အာဝုလေးတွေမှာလည်း ထူးခြားတဲ့အမူအကျင့်လေးတွေ ရှိိတတ်ကြပါတယ်🥰

ဒီလိုစိတ်ခံစားချက်တွေကို အာဝုလေးတွေက အပြုအမူတွေနဲ့ ဖော်ပြတတ်ကြတာဖြစ်လို့ သူတို့ရဲ့ အမူအကျင့်ပတ်သက်ပြီး ပြောပြပေးမှာဖြစ်ပါတယ်

🐶ဟောင်ခြင်း (Barking)
အာဝုလေးတွေက ရုတ်တရက် ဟောင်လာပြီဆိုရင် သူတို့က သတိပေးခြင်း၊ သူတို့ကို အာရုံစိုက်စေချင်ခြင်း၊ တစ်စုံတစ်ခုကို ပူပန်ခြင်း နဲ့ ပျင်းရိခြင်းတို့ကြောင့်ဖြစ်ပါတယ်

🐶ဝါးခြင်း (Chewing)
အိမ်ကအာဝုလေးတွေ တွေ့ရာအကုန်လျှောက်ကိုက် လျှောက်ဝါးနေရင်တော့ သူတို့က သွားလေးတွေယားနေတာ၊ ဆော့ချင်တာ ၊ စပ်စုတာ ( ပါပီလေးတွေအဖြစ်များ) မျိုးကြောင့်ဖြစ်ပါတယ်

🐶တူးခြင်း (Digging)
ခြံထဲမှာပဲဖြစ်ဖြစ် အပြင်မှာပဲဖြစ်ဖြစ် အာဝုလေးတွေက မြေကြီးတွေကိုတူးစွနေရင်တော့ သူတို့လေးတွေက အင်းစက်လေးတွေဖမ်းချင်တာ၊ အေးပြီး သက်တောင့်သက်သာဖြစ်စေမဲ့နေရာရှာတာ၊ သူတို့ပိုင်တဲ့ အရုပ် အရိုးစတာတွေကို ဖွက်ထားချင်လို့ပဲဖြစ်ပါတယ်

🐶တောင်းဆိုခြင်း (Begging)
ကိုယ့်ရဲ့ အာဝုလေးတွေက ကိုယ့်ဆီကို ခနခနလက်လေးတွေနဲ့ လာလာတို့ပြီး တောင်းဆိုနေရင်တော့ သူဗိုက်ဆာနေလို့ပဲဖြစ်ပါတယ်

🐶တစ်မှိုင်မှိုင်တစ်ထွေထွေဖြစ်ခြင်း
အချစ်ကြီးတဲ့ အာဝုလေးတွေ တစ်မှိုင်မှိုင်ဖြစ်နေရင်တော့ နေမကောင်းတာ၊ ကိုယ့်ရဲ့ သခင်ကိုလွမ်းနေတာမျိုးဖြစ်ပါတယ်

ဒီလောက်ဆို အာဝုလေးတွေရဲ့ အမူအကျင့်တစ်ချို့ကိုသိပြီး အာဝုလေးတွေကိုပိုဂရုစိုက်နိုင်မယ်လို့ MACC ကယုံကြည်ပါတယ်နော်😍

Clinic & Laboratory address - အမှတ် 4၊ 109*64B လမ်းထောင့်၊ ချမ်းမြသာစည်မြို့နယ်။
Hotel, Hospital & Training Center Address - Nature's Life မြင်းစီးကွင်း၊ ဆည်မြောင်းချောင်း၀န်းစခန်းအရှေ့ဖက်၊ ရေထွက်ကျေးရွာ၊ ပုသိမ်ကြီးမြို့နယ်။

Phone - 09 890774007, 09 764781611




#တိရစ္ဆာန်ဆေးခန်း
#အာဝုလေးတွေရဲ့အမူအကျင့်များ

🔸သင့်ရဲ့ချစ်လှစွာသော တိလေးတွေကို ချစ်မြတ်နိုးလျှင် ကျန်းမာရေးအတွက် အရေးကြီးဆုံးတစ်ခုအပါအဝင်ဖြစ်တဲ့ သွားလေးများကို အသက်ရှ...
09/03/2024

🔸သင့်ရဲ့ချစ်လှစွာသော တိလေးတွေကို ချစ်မြတ်နိုးလျှင် ကျန်းမာရေးအတွက် အရေးကြီးဆုံးတစ်ခုအပါအဝင်ဖြစ်တဲ့ သွားလေးများကို အသက်ရှင်သည်အထိ ကြံ့ခိုင်နေဖို့ ဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်နော်။

🔸တိလေးတွေရဲ့သွားတွေဟာ ချွန်ထက် သန်မာပြီး တောင့်တင်းသော မေးရိုးပေါ်မှာရှိပါတယ်။ သူတို့လေးတွေရဲ့သွားတွေဟာ အစားကိုက်ဖြတ်ဖို့၊ ပစ္စည်းလေးတွေသယ်ဆောင်ဖို့၊ ကစားစရာလေးတွေကို ကိုက်ချီဖို့ နဲ့ ရန်မူလာသည့် တခြားသတ္တဝါတွေကို ကိုက်ဖို့ အသုံးပြုကြပါတယ်။

🔸သူတို့လေးတွေရဲ့သွားတွေဟာ 🐱🐶
အရေအတွက် ပေါ်/အောက် အသက်
ရှေ့သွား ၆/၆ ၂-၅ လ
အစွယ် ၂/၂ ၅-၆ လ
ရှေ့အံသွား ၈/၈ ၄-၆ လ
နောက်အံသွား ၄/၆ ၄-၇ လ

🔸တိလေးတွေဟာ အသက် ၈ လ ဆိုလျှင် သွားတွေစုံလာပါပြီ။ စုံလာသည့် သွားလေးတွေ အသက်ရှင်သည်အထိ ခိုင်ခန့် နေဖို့ အသက် ၂ နှစ်ကျော်တာနဲ့ ၆ လ တစ်ကြိမ် စစ်ဆေးပေးသင့်ပါတယ်။

🔸ဖြစ်တက်တဲ့ရောဂါ လက္ခဏာများ-
• ဆိုးဝါးသည့် ပါးစပ်အနံ့နံခြင်း
• သွားအခြေများတွင် အဝါရောင်၊ အမဲရောင်၊ အနီရောင်တွေ့ရခြင်း
• သွားကြွေလွှာများ ပျက်စီးခြင်း
• သွားဂျိုးများတက်ခြင်း
• သွားဖုံးရောင်ခြင်း၊ သွေးယိုခြင်း
• ကစားစရာပစ္စည်း၊ အိပ်ရာခင်းပေါ်တွင် သွေးစက်တွေ့ရခြင်း
• အစားစားချင်စိတ်လျော့နည်းခြင်း
• အစာမျိုရခက်ခြင်း (တစ်ဆို့သလို/ ကြို့ထိုးသလို)
• သွားကြိတ်ခြင်း
• သွားရည်ကျခြင်း
• လက်ဖြင့်ပါးစပ်ကုတ်ခြင်း
စသည့် လက္ခဏာများ တွေ့လျင် သင်တိလေးတွေရဲ့သွားကို အမြန်ဆုံး စစ်ဆေးပေးသင့်ပါတယ်။

🛑 သတိမထားမိပါက
ကိုယ်အလေးချိန်ကျပြီး ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကျဆင်းကာ ရောဂါ အလွယ်တကူဝင်ရောက်နိုင်ပြီး အသက်ထိခိုက်သည်အထိ ဖြစ်နိုင်ပါတယ်။

🔸ဒါကြောင့် သင့်တိလေးတွေရဲ့ သွားများကို အမြန်ဆုံး စစ်ဆေးပြီး ဖြူဖွေးလှပသော သွားလေးတွေဖြစ်အောင် လုပ်ပေးလိုက်ပါနော်။

🔸ချစ်ရတဲ့ တိကလေးများရဲ့ သွားများ ပုလဲလုံးလေးတွေ တန်းစီထားသလို ဖြူဖွေးစေချင်ရင် MACC Clinic ကို အရောက်လှမ်းခဲ့ဖို့ ဖိတ်ခေါ်ပါတယ်နော်။🤗

🏠 Clinic & Laboratory address - အမှတ် (4)၊ 109*64B လမ်းထောင့်၊ ချမ်းမြသာစည်မြို့နယ်။
🏥 Hotel, Hospital & Training Center Address - Nature's Life မြင်းစီးကွင်း၊ ဆည်မြောင်းချောင်း၀န်းစခန်းအရှေ့ဖက်၊ ရေထွက်ကျေးရွာ၊ ပုသိမ်ကြီးမြို့နယ်။

Phone - 09 890774007, 09 764781611




#တိရစ္ဆာန်ဆေးခန်း

Playground Fees တစ်နာရီ (8000) Ks နဲ့ ကလေးလေးတွေ လွတ်လပ်စွာ ဆော့ကစားဖို့ MACC ကို အရောက်လာစို့ 🤗လွတ်လွတ်လပ်လပ်နဲ့ ပျော်ရ...
08/03/2024

Playground Fees တစ်နာရီ (8000) Ks နဲ့ ကလေးလေးတွေ လွတ်လပ်စွာ ဆော့ကစားဖို့ MACC ကို
အရောက်လာစို့ 🤗

လွတ်လွတ်လပ်လပ်နဲ့ ပျော်ရွှင်စွာ ဆော့ကစားချင်ကြတဲ့ ချစ်စရာ ကလေးလေးတွေအတွက် ကိုယ့်အိမ်နေရာက အဆင်မပြေလို့ အခက်တွေ့နေကြတဲ့ တိချစ်သူတို့ ရှိကြလား ❓

ဒါဆိုရင်တော့ မပူပါနဲ့
MACC ရဲ့ Playground ကိုသာ အရောက်လာခဲ့လိုက်ပါ 🙌

💥 ကျယ်ဝန်းသပ်ရပ်တဲ့နေရာအတွင်း ကလေးလေးတွေနဲ့အတူ လူကြီးမင်းတို့ပါ ဝင်ရောက်ပြီး အတူတကွဆော့ကစားနိုင်ပြီး

💥 Playground Fees အနေနဲ့ တစ်နာရီကို (၈၀၀၀) ကျပ်သာ ကျသင့်မှာဖြစ်ပါတယ်ခင်ဗျာ

ဒါကြောင့် လူကြီးမင်းတို့ရဲ့ ချစ်လှစွာသော ကလေးလေးတွေကို လွတ်လပ်စွာ ဆော့ကစားချင်စိတ်ကို အခုပဲ MACC ရဲ့ Playground ကိုပို့ပြီး ဖြည့်ဆည်းပေးလိုက်တော့နော် 😉

🏠 Clinic & Laboratory address - အမှတ် 4၊ 109*64B လမ်းထောင့်၊ ချမ်းမြသာစည်မြို့နယ်။
🏥 Hotel, Hospital & Training Center Address - Nature's Life မြင်းစီးကွင်း၊ ဆည်မြောင်းချောင်း၀န်းစခန်းအရှေ့ဖက်၊ ရေထွက်ကျေးရွာ၊ ပုသိမ်ကြီးမြို့နယ်။

Phone - 09 890774007, 09 764781611




🐶 ခွေး၊ ကြောင် စတဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေ 🐱 🐷 ကြက်၊ ဝက်၊ နွား စတဲ့ မွေးမြူရေးတိရစ္ဆာန်လေးတွေနဲ့ 🐮 🦓 Zoo Animal လေးတွေ ...
29/02/2024

🐶 ခွေး၊ ကြောင် စတဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေ 🐱
🐷 ကြက်၊ ဝက်၊ နွား စတဲ့ မွေးမြူရေးတိရစ္ဆာန်လေးတွေနဲ့ 🐮
🦓 Zoo Animal လေးတွေ အားလုံးရဲ့ ကျန်းမာရေးအတွက် 🐼
စစ်ဆေးကုသမှုတွေ လုပ်ဖို့လိုအပ်တဲ့အခါ MACC ကိုသာ အရောက်လာခဲ့လိုက်ပါ

အခြေခံကျန်းမာရေးစစ်ဆေးမှုနဲ့ ကုသမှုတွေ ကာကွယ်ဆေးထိုးနှံခြင်းတွေအပြင် ခွဲစိပ်ကုသမှုတွေအထိပါ တစ်နေရာတည်းမှာ စုံလင်စွာရရှိနိုင်တာ MACC ရဲ့ Clinic Service ပါပဲ ✅

👨‍⚕️ တိကလေးများရဲ့ ကျန်းမာရေးအခြေအနေအတွက်ဆို အသေးစားကုသမှုကနေ အကြီးစားကုသမှုများကိုပါ ကျွမ်းကျင်တဲ့ ဆရာဝန်များက ကုသပေးနေတဲ့အပြင်

👨‍⚕️ ဆေးခန်းအထိ လာရောက်ကုသဖို့ခက်ခဲတဲ့ ကလေးငယ်များအတွက်လည်း အိမ်တိုင်ရာရောက်ကုသမှုကိုပါ MACC မှာ ဝန်ဆောင်မှုရရှိနိုင်ပါတယ်

ဒါကြောင့် လူကြီးမင်းတို့ရဲ့ ချစ်ရတဲ့ကလေးငယ်များရဲ့ ကျန်းမာရေးအတွက်ဆို MACC Clinic Service က အကောင်းဆုံးကုသများပေးဖို့ အသင့်ရှိနေပါတယ်နော် 🙌

💢 တိကလေးများ ကျန်းမာဖို့ MACC Clinic ကို အရောက်လာပို့ 💢

🏠 Clinic & Laboratory address - အမှတ် 4၊ 109*64B လမ်းထောင့်၊ ချမ်းမြသာစည်မြို့နယ်။
🏥 Hotel, Hospital & Training Center Address - Nature's Life မြင်းစီးကွင်း၊ ဆည်မြောင်းချောင်း၀န်းစခန်းအရှေ့ဖက်၊ ရေထွက်ကျေးရွာ၊ ပုသိမ်ကြီးမြို့နယ်။

Phone - 09 890774007, 09 764781611




#တိရစ္ဆာန်ဆေးခန်း

လူကြီးမင်းက မွေးမြူရေးလုပ်ငန်းကို လုပ်ကိုင်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်လား ❓👉 ဒါဆိုရင်တော့ လူကြီးမင်းရဲ့ လုပ်ငန်...
21/02/2024

လူကြီးမင်းက မွေးမြူရေးလုပ်ငန်းကို လုပ်ကိုင်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်လား ❓

👉 ဒါဆိုရင်တော့ လူကြီးမင်းရဲ့ လုပ်ငန်းမှာ စီးပွားဖြစ် မွေးမြူထားတဲ့ ကြက်၊ ဝက်၊ ငါး၊ ဘဲ၊ ဆိတ်၊ နွား အစရှိတဲ့ တိရစ္ဆာန်တွေအတွက်

🔺 ခံစားနေရတဲ့ ရောဂါဝေဒနာတွေကို ကုသမှုပြုလုပ်ဖို့
🔺 ကျန်းမာရေးစစ်ဆေးမှုတွေ ပြုလုပ်ဖို့ဆို MACC ရဲ့ Laboratory Service ကိုသာ အမှတ်ရလိုက်ပါခင်ဗျာ 🤗

MACC ရဲ့ Laboratory မှာဆိုရင် ကျွမ်းကျင်ဆရာဝန်များက အဆင့်မီစက်ကြီးများနဲ့အတူ တိရစ္ဆာန်လေးတွေအတွက် ကုသမှုပြုလုပ်တဲ့အခါ ရောဂါဝေဒနာကို တိကျစွာသိရှိပြီး ဝေဒနာနဲ့ ဆေး အစပ်အဟပ်တည့်စေဖို့အတွက် မှန်ကန်တဲ့ စစ်ဆေးမှုတွေကို ပြုလုပ်ပေးနေပါတယ် ✅

မွေးမြူရေးလုပ်ငန်းရှင်များအနေနဲ့ လူကြီးမင်းတို့ရဲ့ စီးပွားဖြစ်မွေးမြူထားတဲ့ တိရစ္ဆာန်လေးတွေကို
ကုသမှုပြုလုပ်ပေးနိုင်ဖို့ MACC က အသင့်ရှိနေပါတယ်ခင်ဗျာ 🙌

🏠 Clinic & Laboratory address - အမှတ် 4၊ 109*64B လမ်းထောင့်၊ ချမ်းမြသာစည်မြို့နယ်။
🏥 Hotel, Hospital & Training Center Address - Nature's Life မြင်းစီးကွင်း၊ ဆည်မြောင်းချောင်း၀န်းစခန်းအရှေ့ဖက်၊ ရေထွက်ကျေးရွာ၊ ပုသိမ်ကြီးမြို့နယ်။

Phone - 09 890774007, 09 764781611




#မွေးမြူရေးလုပ်ငန်း
#စီးပွားဖြစ်တိရစ္ဆာန်_ကုသရေး #တိရစ္ဆာန်ရောဂါရှာဖွေရေး

ကူးစက်မှုအမြင့်မားဆုံးနဲ့ ပြင်းထန်တဲ့ဗိုင်းရပ်စ်ရောဂါပိုး တစ်မျိုးဖြစ်တဲ့ ခွေးကျောက်ရောဂါ (Canine Distemper) ဟာ အာဝုလေးတ...
15/02/2024

ကူးစက်မှုအမြင့်မားဆုံးနဲ့ ပြင်းထန်တဲ့ဗိုင်းရပ်စ်ရောဂါပိုး တစ်မျိုးဖြစ်တဲ့ ခွေးကျောက်ရောဂါ (Canine Distemper) ဟာ အာဝုလေးတွေအတွက် သေဆုံးနိုင်တဲ့အထိ အရမ်းအန္တရာယ်များပါတယ်❗

ခွေးကျောက်ရောဂါဟာ နောက်နာမည်တစ်မျိုး ( Hard pad disease ) လို့လည်းခေါ် အသက် (၄)လအရွယ်ခွေးငယ်လေးများမှာအဖြစ်များပြီး ကာကွယ်ဆေး ထိုးနှံထားခြင်း မရှိသောခွေးငယ်လေးများမှာ ရောဂါဖြစ်ပွားမှု အမြင့်မားဆုံး အဖြစ်များတာပါ☑️

🔸 ရောဂါစဖြစ်ပြီး (၃) ရက်တွင် အာဝုလေးတွေရဲ့ အသက်ရှူလမ်းကြောင်းမှာရှိတဲ့ ခန္ဓာကိုယ်တုံ့ပြန်တစ်ရှူးမှာပွားများပြီး

🔸 (၅) ရက် မြောက်တွင် အစာအိမ်အူလမ်းကြောင်း၊ မျိုးပွားလမ်းကြောင်း၊ ဆီးလမ်းကြောင်းနှင့် ဦးနှောက်နှင့်အာရုံကြောများရှိ အပေါ်ဆုံးအလွှာများကို လျှင်မြန်စွာ ဖျက်ဆီးနိုင်တဲ့ထိပြင်းထန်ပါတယ်

◾ရောဂါခံစားနေရသည့် အာဝုလေးတွေရဲ့ မစင်များ၊ ပါးစပ်နှင့် နှာခေါင်းများ ကို တိုက်ရိုက်ထိတွေ့ခြင်း
◾အစာခွက်၊ ရေခွက်နှင့် လူ့အသုံးဆောင် ပစ္စည်းများမှတစ်ဆင့် ထိတွေ့ခြင်း
◾ရောဂါပိုးပါသောလေကို ရှူရိုက်မိခြင်းအပြင်
◾ရောဂါခံစားနေတဲ့ မိခင်၏ အချင်းကနေလည်းကူးစက်နိုင်ပါတယ်။

ခွေးကျောက်ရောဂါကို ပျောက်ကင်းအောင်ကုသနိုင်တဲ့ဆေးမရှိသေးပေမဲ့ မဖြစ်ပွားစေရန် ခွေးငယ်လေးများ အသက် ၆-၈ ပတ်မှ စတင်ပြီး ၁၀-၁၂ ပတ်တွင် တစ်ကြိမ်၊ ၁၄-၁၆ ပတ်အတွင်းမှာ တစ်ကြိမ် ကာကွယ်ဆေး (Vaccine) ထိုးပြီး ကာကွယ်နိုင်ပါတယ်☑️

ခွေးကျောက်ရောဂါကို MACC မှာကာကွယ်ဆေး (Vaccine) ကို နှစ်စဉ် ထိုးပြီး ကာကွယ်နိုင်ပါတယ်

🏠 Clinic & Laboratory address - အမှတ် 4၊ 109*64B လမ်းထောင့်၊ ချမ်းမြသာစည်မြို့နယ်။

🏥 Hotel, Hospital & Training Center Address - Nature's Life မြင်းစီးကွင်း၊ ဆည်မြောင်းချောင်း၀န်းစခန်းအရှေ့ဖက်၊ ရေထွက်ကျေးရွာ၊ ပုသိမ်ကြီးမြို့နယ်။

Phone - 09 890774007, 09 764781611





#ခွေးကျောက်ရောဂါ

🧨 Happy Chinese New Year 🧨နှစ်သစ်ကူးအချိန်ကာလမှာ မိသားစုနဲ့အတူ ပျော်ရွှင်စွာကုန်ဆုံးနိုင်ပြီး နှစ်သစ်တစ်နှစ်တာလုံးလည်း ပ...
09/02/2024

🧨 Happy Chinese New Year 🧨

နှစ်သစ်ကူးအချိန်ကာလမှာ မိသားစုနဲ့အတူ ပျော်ရွှင်စွာကုန်ဆုံးနိုင်ပြီး နှစ်သစ်တစ်နှစ်တာလုံးလည်း ပျော်ရွှင်၊ ကြယ်ဝ၊ ချမ်းသာမှုများနဲ့ ပြည့်စုံပါစေကြောင်း
MACC- Mandalay Animal Care Center က ဆုတောင်းပေးလိုက်ပါတယ် ✨



#တရုတ်နှစ်သစ်ကူး

ကိုယ့်ရဲ့ မိသားစုဝင်တစ်ယောက်လို သဘောထားရတဲ့ အိမ်က တိလေးတွေ တစ်ခုခုဖြစ်တဲ့အခါ သွေးသားရင်းပမာ စိုးရိမ်ပူပန်တတ်ကြစမြဲပါ😓ဘာအ...
09/02/2024

ကိုယ့်ရဲ့ မိသားစုဝင်တစ်ယောက်လို သဘောထားရတဲ့
အိမ်က တိလေးတွေ တစ်ခုခုဖြစ်တဲ့အခါ သွေးသားရင်းပမာ စိုးရိမ်ပူပန်တတ်ကြစမြဲပါ😓

ဘာအကြောင်းကြောင့် နေမကောင်းဖြစ်တာလဲ
ဖြစ်တဲ့ဝေဒနာကိုလဲ သေသေချာချာကုသနိုင်လားဆိုတဲ့
သိုလောသိုလော စိတ်တွေမဖြစ်ရအောင် MACC မှာပြသလိုက်ပါ☑️

MACC မှာ တိလေးတွေအတွက်
🔺အသေးအမွှားရောဂါကစလို့ Operation Case တွေအထိ
🔺ကျွမ်းကျင်တဲ့ဆရာဝန်များက အကောင်းဆုံးကုသမှုတွေပြုလုပ်ပေးနေပါတယ်

အာဝုလေးတွေ မြောင်လေးတွေအပြင် မွေးမြူရေး
တိလေးတွေကိုပါ ကုသပေးနိုင်တာဖြစ်လို့ တိလေးတွေတစ်ခုခုဖြစ်ရင် MACC ကို သတိတရနဲ့ ဆက်သွယ်ဖို့
မမေ့နဲ့နော်💁‍♂️

တိလေးတွေရဲ့ ကျန်းမာရေးအတွက် အကောင်းဆုံးကုသပေးမှာ MACC ပါ 💯

Address - အမှတ် (၄) ၁၀၉ လမ်းနှင့်
၆၄ (B)လမ်းထောင့်၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။
Phone - 09 890774007, 09 764781611




Address

Corner Of 109 Street And 64(B) Street, Chan Mya Tharzi Township
Mandalay
05032

Opening Hours

Tuesday 08:00 - 19:00
Wednesday 08:00 - 19:00
Thursday 08:00 - 19:00
Friday 08:00 - 19:00
Saturday 08:00 - 19:00
Sunday 08:00 - 19:00

Telephone

+959890774007

Alerts

Be the first to know and let us send you an email when MACC-Mandalay Animal Care Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to MACC-Mandalay Animal Care Center:

Videos

Share