
28/11/2024
Simparica ကို Side Effect နည်းပီး အကျိုးပိုရှိ အောင် ဘယ်လို အသုံးပြုမလဲ
Pet မှာ ဖြစ်ပွားတတ်တဲ့ ကပ်ပါးများ ( သန်း ၊ မွှား ၊ လှေး) နှင့် အရေပြားရောများ ကိုအချိန်ကုန်သက်သာစွာဖြင့် အထိရောက်ဆုံး ဖြစ်အောင် တိချစ်သူများ Simparica ကို အသုံးပြုနေတာ တွေ့ရပါတယ် ။
Pet ရဲ့ Body Weight အလိုက် 6မျိုးလောက်ထုတ်ထားပေမယ့် မြန်မာနိုင်ငံအတွင်းမှာတော့
22 lb to 44 lb အတွက် 40 mg ဆေးပြားနှင့်
44 lb to 88 lb အတွက် 80 mg ဆေးပြား
အဲ့ 2မျိုးသာ ရရှိနိုင်ပါတယ်
ထို့ကြောင့် ကျွန်တော်လေ့လာမိသလောက် အကြောင်းအရာအချို့ကို မျှဝေပေးရခြင်းဖြစ်ပါတယ် ခင်ဗျ။
Simparica ထဲမှာ Sarolaner ဆိုတဲ့ ဒြပ်စင် တစ်မျိုးအဓိက ပါဝင်ပါတယ်
Sarolaner ကို Dog တွေမှာ ဘယ်လိုအချိုးကျအသုံးပြုရမယ်ဆိုတာ
55 lb ( 25 kg) ပဲ ရှိတဲ့ Dog တစ်ကောင်ကို Simparica 80mg တစ်လုံး လုံး တိုက်စရာမလိုပါဘူးခင်ဗျ။
80mg တစ်လုံးရဲ့ တစ်ဝက်စွန်းစွန်း (သို့) 80mg တစ်လုံးရဒ့ 3ပုံ / 2ပုံ ပဲတိုက်ရင်ကို ဆေးရဲ့အာနိသင်လည်း အပြည့်အဝ ရပီး Side effect လည်း နည်းစေမှာပါ ခင်ဗျ။
Simparica ရဲ့ ဗူးအခွံမှာကော Google မှာပါ
1 kg ကို ဆေး 2mg နုန်း တိုက်ကျွေးရမယ်လို့ ရေးသားထားပါတယ်
အချို့တွေ အမှုမယ့် အမှတ်မဲ့ မဖတ်မိတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်ခင်ဗျ
မိမိတို့ရဲ့ Dog ကို တိုက်ကျွေးတော့မယ်ဆိုရင် Body weight ချိန်ပီး 2mg / 1kg နှုန်းထားဖြင့် အလိုအပိုနည်းအောင် တိုက်ကျွေးခြင်းက ကောင်းကျိုးတွေပိုပီးရရှိစေသလို Side effect လည်း နည်းစေမှာ ဖြစ်ပါတယ်ခင်ဗျ။
👉 ဆေးမတိုက်ခင် အားရှိအောင် အားဆေး ၊ အစာ ကောင်းကောင်းမွန်မွန်ကျွေးပီး အားရှိအောင် ထားဖို့ကလည်း အရေးကြီးပါတယ်ခင်ဗျ။