17/09/2022
ဝက်နားရွက်ပြာရောဂါကာကွယ်ဆေး
Mimmvac Donoban -
PRRS MLV Vaccine
PRRS Virus JW -120 Strain,
Freeze Dried
အညွှန်း
မူလတွေ့ ရှိသူအခေါ် ဝက်နားရွက်ပြာရောဂါ (Blue Ear Pig Disease)
ယနေ့ အခေါ် ဝက် လိင်မျိုးပွား နှင့် အသက်ရှူလမ်း ကြောင်း ထိခိုက်ရောဂါ-Porcine Reproductive and Respiratory Syndrome (PRRS) အား ကာကွယ်မှုပေးရန် ဖြစ်ပါသည်။
ဝက်နားရွက်ပြာရောဂါသည် မျိုးမတင်ခြင်း၊သ န္ဓေသားပျက်ခြင်း၊အသက်ရှူလမ်းကြောင်း နမိုးနီးယားဖြစ်၊ အဆုတ် လေပြွန်ထိခိုက်၊အပူချိန်ဖျား သေဆုံးနှုန်းမြင့်မား၍ စီပွားရေးထိခိုက်ဆုံးရှုံးစေသော ကူးစက်ရောဂါ ဖြစ်လေသည်။
ကာကွယ်ဆေး အသုံးပြုပုံ
*ကျန်းမာ ရေး ကောင်းသောဝက်ကို အသုံးပြုရန်
*အသုံးမပြုမှီ ပူးတွဲပါရှိသော ဖျော်ရည် Diluent
ဖြင့်ဖျော်ပါ၊ ဖြေးညှင်းစွာလှုပ်ပေးပါ။
*ဝက် ၁ ကောင် ၂ စီစီ နှုန်း အသားဆေးအဖြစ်ထိုးနှံရန်။(2ml -IM injection)
*အသက် ၃ပတ်သားမှ ၁၈ ပတ်သားအတွင်း
၁ကြိမ်သာပေးရန်(Single Dose)။
*မျိုးဝက်များအတွက်
မျိုးမတင်မီ ၃ ~၄ပတ်အလိုမှာ ထိုးနှံပါ။
ပုံမှန် ၃~၄ လခြားထိုးပေးရန်။
မျိုးဝက်သိုးအား ထိုးနှံခြင်းမပြုပါနှင့်။
သုံးစွဲခြင်း မပြုရန် သတိပြု
-အဟာရချို့တဲ့နေသောဝက်
-အဖျားဝင်နေသောဝက်
-ရောဂါဝင်နေသောဝက်
-ကပ်ပါးရောဂါရနေသောဝက်
-မှိုဆိပ် သင့်သော အနေအထား
-အီးကိုလိုင် နှင့် ဆဲမိုနဲလား ရောဂါပိုးများဝင်နေသော ဝက်
-ဆေးမတဲ့ ရောဂါ ရှိခဲ့သော ဝက်
-မျိုးအဖြစ်သုံးသော ဝက်သိုး စသည်တို့အား
အသုံးမပြုပါရန်
ဆေးဝါးထုတ်လုပ်သူမှ ရည်ညွှန်း အကြံပြုချက်
များကို မျှဝေးလိုက်ရပါသည်။
အမြို့မြို့အနယ်နယ်ရှိ မွေးမြူရေးဆေးဆိုင်များတွင် ဖြန့်ချီထားပြီဖြစ်၍ နီးစပ်ရာ ဆိုင်သို့ ရေခဲဘူးဖြင့် သွားရောက်ဝယ်ယူအသုံးပြုနိုင်ပါသည်။
ဆေးနှင့်ပါတ်သက်၍ မရှင်းလင်းသည်များကို
ဆရာဝန်များထံ မေးမြန်းနိုင်ပါသည်။
crd #
Nloi Aqua and Livestock Feed shop
09784916250
Kachin State, Myitkyina