Htutt Veterinary Clinic

Htutt Veterinary Clinic ထွဋ် တိရစ္ဆာန်ဆေးကုခန်း၊ Pet Food & Accessories ဆိုင်၊ ပြည်မြို့

မဲမှောင် မှောင်မဲ ချစ်စရာကြီးတွေပါကွာဆေးခန်းမှာလာမွေးတဲ့ Cane Corso လေးတွေ🏨ထွဋ် 1-အမှတ်334၊ပန်းဘဲတန်းလမ်း ရွှေကူရပ်     ...
26/01/2025

မဲမှောင် မှောင်မဲ ချစ်စရာကြီးတွေပါကွာ

ဆေးခန်းမှာလာမွေးတဲ့ Cane Corso လေးတွေ

🏨ထွဋ် 1-အမှတ်334၊ပန်းဘဲတန်းလမ်း ရွှေကူရပ်
ပြည်မြို့။☎️09-447751058

🏨ထွဋ် 2-ခေတ္တရာမြို့သစ်အဝင်လမ်း၊ မင်္ဂလာမိုးတည်ခိုခန်းရှေ့၊ဂိတ်ကြီးဝန်းအနီး၊
မြို့သစ်၊ပြည်မြို့။☎️09-420244164



Htutt 2 ဆေးခန်းမှာ puppies လေး ၆ကောင် လာမွေးတဲ့ Miloလေး ပါရှင်Weight ချိန်ပြည့်တဲ့ သားသားလေး ၅ကောင်နဲ့ မီးမီးလေး ၁ကောင် ...
22/01/2025

Htutt 2 ဆေးခန်းမှာ puppies လေး ၆ကောင် လာမွေးတဲ့
Miloလေး ပါရှင်

Weight ချိန်ပြည့်တဲ့ သားသားလေး ၅ကောင်နဲ့ မီးမီးလေး ၁ကောင် ကိုအောင်မြင်စွာ မွေးဖွားနိုင်ခဲ့တဲ့ miloလေး

🏨ထွဋ် 1-အမှတ်334၊ပန်းဘဲတန်းလမ်း ရွှေကူရပ်
ပြည်မြို့။☎️09-447751058

🏨ထွဋ် 2-ခေတ္တရာမြို့သစ်အဝင်လမ်း၊ မင်္ဂလာမိုးတည်ခိုခန်းရှေ့၊ဂိတ်ကြီးဝန်းအနီး၊
မြို့သစ်၊ပြည်မြို့။☎️09-420244164



သူ့နာမည်က ဖိုးစိုးလေးတဲ့ နာမည်နဲ့လိုက်အောင်လည်း ဆိုးပါတယ်ခင်ဗျာဖိုးစိုးလေးရဲ့ အာခေါင်အတွင်း၊ အစာရေမြိုအဝ နဲ့ လည်ချောင်းထ...
19/01/2025

သူ့နာမည်က ဖိုးစိုးလေးတဲ့ နာမည်နဲ့လိုက်အောင်လည်း ဆိုးပါတယ်ခင်ဗျာ

ဖိုးစိုးလေးရဲ့ အာခေါင်အတွင်း၊ အစာရေမြိုအဝ နဲ့ လည်ချောင်းထဲမှာ ငါးရိုးတွေစူးနေလို့ အိပ်ဆေးပေးပြီး ငါးရိုးတွေထုတ်ပေးခဲ့ရပါတယ်

🎈ခွေးကြောင်လေးတွေကို အတတ်နိုင်ဆုံး အရိုးတွေမကျွေးကြပါနဲ့လို့ မေတ္တာရပ်ခံပါရစေရှင်🙏🏼



ငယ်ငယ်က ခြေထောက်မှာနွယ်ကြိုးရစ်ပြီး ခြေထောက်လေးတစ်ဖက်မရှိတော့တဲ့ နီတာရဲလေးအရွယ် ရောက်လာတဲ့အခါ တားဆေးထိုးမိပြီးသားအိမ်ပြည...
17/01/2025

ငယ်ငယ်က ခြေထောက်မှာနွယ်ကြိုးရစ်ပြီး
ခြေထောက်လေးတစ်ဖက်မရှိတော့တဲ့ နီတာရဲလေး

အရွယ် ရောက်လာတဲ့အခါ တားဆေးထိုးမိပြီး
သားအိမ်ပြည်တည်နာဖြစ်လို့

4kg နီးပါရှိတဲ့ ပြည်တွေနဲ့ပြည့်နေတဲ့သားအိမ်ထုတ်လိုက်ရပါတယ်နော်

မိမိတို့ရဲ့ ခွေးကြောင်လေးတွေကို အတတ်နိုင်ဆုံး တားဆေးမထိုးကြဘဲ သားကြောဖြတ်သားအိမ်ထုတ်ခြင်းများပြုလုပ်ပေးကြဖို့ အကြံပေးပါရစေရှင်


ထွဋ်တိရစ္ဆာန်ဆေးကုခန်း (၂) မြို့သစ် အတွက်☀️ ဆေးခန်းအကူ - ကျား/မ (၁) ဦး ☀️🐶နေရာ - ဆေးခန်း-၂ မြို့သစ်🐶တာဝန် - ခွေး/ကြောင်က...
16/01/2025

ထွဋ်တိရစ္ဆာန်ဆေးကုခန်း (၂) မြို့သစ် အတွက်

☀️ ဆေးခန်းအကူ - ကျား/မ (၁) ဦး ☀️

🐶နေရာ - ဆေးခန်း-၂ မြို့သစ်
🐶တာဝန် - ခွေး/ကြောင်ကိုင်ပေးခြင်း၊ ဆေးကုသရေးတွင် လိုအပ်သည်များကူညီပေးခြင်း၊ ဆေးခန်းသန့်ရှင်းရေးနှင့် ပိုးသတ်ခြင်း၊ ဆေးခန်းအတွက် ဆေးနှင့် ပစ္စည်းများဝယ်ခြင်း၊ အရောင်းပိုင်းတွင် ကူညီခြင်း
🐶ပညာအရည်အချင်း - အလယ်တန်းအောင်

❄️အလုပ်ချိန် : မနက် (၈) - ညနေ (၇)
(ခေတ်အခြေအနေအရ အလုပ်စောသိမ်းသည်များရှိပါမည်)
❄️ပိတ်ရက် : တပတ် (၁) ရက်
❄️လစာ : အခြေခံလစာ > ၁၉၀၀၀၀
(အစမ်းခန့်ကာလ ၂ လတွင် အခြေခံလစာသာရပါမည်၊ အစမ်းခန့်ကျော်လွန်လျှင် လစဉ် Bonus, ရက်မှန်ကြေး ၂၀၀၀၀ နှင့် အခြားခံစားခွင့်များရပါမည် - all up to ၂၆၀၀၀၀)

♦️♦️♦️♦️♦️♦️
- လုပ်ငန်းခွင် စည်းမျဉ်း၊ စည်းကမ်းများအား လိုက်နာနိုင်သူ
- စကားပြောပြေပြစ်ကာ ပေါင်းသင်းဆက်ဆံရေးကောင်းမွန်သူ
- ရေရှည်လုပ်ကိုင်နိုင်သူ
- တိလေးများအား ချစ်ခင်ကြင်နာတတ်သူ

နှစ်ဦးနှစ်ဖက် အဆင်ပြေစေရန်
အမှန်တကယ် အလုပ်လုပ်ချင်စိတ်ရှိပြီး အနည်းဆုံး(၈) လ- (၁) နှစ်နီးပါး လက်တွဲလုပ်နိုင်မှသာလျှင် လျှောက်ထားစေချင်ပါသည်။

လျှောက်ထားရာတွင် -
🌀ထွဋ် ဆိုင် (၁) ပန်းဘဲတန်းလမ်း(ယဉ်ကျေးမှုရုံ အနီး)သို့ အလုပ်လျှောက်လွှာ (ဓာတ်ပုံပါရန်) ပေးပို့ကာ လျှောက်ထားနိုင်ပါသည်။
(သို့မဟုတ်)
🌀Viber No. - 09750833177 သို့လဲ အလုပ်လျှောက်လွှာကို သေချာရိုက်ပို့ကာ လျှောက်ထားနိုင်ပါသည်။

တိုက်ကြက်ဖတွေတွင်ဖြစ်သော ကြက်အတက်ဆွေး ခွဲထုတ်ကုသခြင်း
15/01/2025

တိုက်ကြက်ဖတွေတွင်ဖြစ်သော

ကြက်အတက်ဆွေး ခွဲထုတ်ကုသခြင်း


အလေးချိန် 160 gram ရှိတဲ့ နို့ကြိတ်အသက် 12နှစ်ကျော်ပြီဖြစ်တဲ့ ထက်ထက် (GSD အမ) လေးရဲ့ နို့ကြိတ်ခွဲစိတ်ကုသမှု့Get well Soo...
08/01/2025

အလေးချိန် 160 gram ရှိတဲ့ နို့ကြိတ်

အသက် 12နှစ်ကျော်ပြီဖြစ်တဲ့ ထက်ထက် (GSD အမ) လေးရဲ့ နို့ကြိတ်ခွဲစိတ်ကုသမှု့

Get well Soon , Lucky girl lay Htet Htet.


02/01/2025

Eye correction in cat


🎊🎊1-1-2025🎊🎉2025 နှစ်သစ်မှစ၍ အောင်မြင်မှု့တွေ ၊ကျန်းမာသုခတွေနဲ့ပြည့်စုံကြပါစေလို့ တောင်းဆုပြုရင်း အားလုံးကို *Happy New ...
01/01/2025

🎊🎊1-1-2025🎊🎉

2025 နှစ်သစ်မှစ၍ အောင်မြင်မှု့တွေ ၊ကျန်းမာသုခတွေနဲ့

ပြည့်စုံကြပါစေလို့ တောင်းဆုပြုရင်း အားလုံးကို

*Happy New Year* လို့နှုတ်ဆက်လိုက်ပါတယ်နော်

2025ရဲ့နှစ်သစ်အစလေးကို ကြံခင်းက အပျိူကြီး
ဒေါ်ရွှေကစ်လေးနဲ့ စတင်လိုက်ပြီကွယ်

ရွှေကစ်လေးက တားဆေးတစ်ခါမှထိုးဖူးခြင်းမရှိပေမယ့် ကလေးတစ်ခါမှ မမွေးဖူးတဲ့ အပျိူကြီးလေးဖြစ်တာကြောင့် Hormonal changesတွေဖြစ်ပြီး Pyometra&CEH complexဖြစ်နေခဲ့လို့ သားအိမ်
ထုတ်လိုက်ရပါတယ်နော်

2025ခုနှစ်ကစလို့ ရွှေကစ်လေး ကျန်းမာရွှင်လန်းပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်



🔥 ထွဋ်တိရစ္ဆာန်ဆေးကုခန်း (၁) နှင့် (၂) အတွက် အောက်ပါဝန်ထမ်းများအလိုရှိပါသည် 🔥(1) ဆေးပေးအကူ - မ (၁)ဦး - ဆေးခန်း (၁) မြို့...
30/12/2024

🔥 ထွဋ်တိရစ္ဆာန်ဆေးကုခန်း (၁) နှင့် (၂) အတွက် အောက်ပါဝန်ထမ်းများအလိုရှိပါသည် 🔥
(1) ဆေးပေးအကူ - မ (၁)ဦး - ဆေးခန်း (၁) မြို့ထဲ
(2) ဆေးခန်းအကူ - ကျား/မ (၁) ဦး - ဆေးခန်း (၂) မြို့သစ်

🌟ဆေးပေးအကူ🌟
🐶နေရာ- ဆေးခန်း-၁ ပန်းဘဲတန်းလမ်း၊ မြို့ထဲ
🐶တာဝန် - ဆေးပေးကောင်တာတွင် ဆေးပေး၊ ငွေသိမ်း၊ စာရင်းမှတ်၊ စာရင်းသွင်းရန်
🐶ပညာအရည်အချင်း - အထက်တန်းအောင်၊ (ကျောင်းကိစ္စ ကင်းရှင်းသူ)
🐶အလုပ်အတွေ့အကြုံ - ဆေးဆိုင်၊ ဆေးခန်းများတွင် ဆေးပေး/ဆေးရောင်းသည့် အတွေ့အကြုံရှိသူ၊ ကွန်ပြူတာ အခြေခံရှိသူများဦးစားပေးပါမည် (မရှိသူများလဲ လျှောက်ထားနိုင်သည်)

❄️အလုပ်ချိန် : မနက် (၈) - ညနေ (၅:၃၀) နှင့် မနက် (၉:၃၀) - ညနေ (၇) : နှစ်ဆိုင်း
(ခေတ်အခြေအနေအရ အလုပ်စောသိမ်းသည်များရှိပါမည်)
❄️ပိတ်ရက် : တပတ် (၁) ရက်
❄️လစာ : အခြေခံလစာ- ၁၉၀၀၀၀
(အစမ်းခန့်ကာလ ၂ လတွင် အခြေခံလစာသာရပါမည်၊ အစမ်းခန့်ကျော်လွန်လျှင် လစဉ် Bonus, ရက်မှန်ကြေး ၂၀၀၀၀ နှင့် အခြားခံစားခွင့်များရပါမည် - all up to ၂၇၀၀၀၀)

——————————————————————
🌟ဆေးခန်းအကူ🌟
🐶နေရာ - ဆေးခန်း-၂ မြို့သစ်
🐶တာဝန် - ခွေး/ကြောင်ကိုင်ပေးခြင်း၊ ဆေးကုသရေးတွင် လိုအပ်သည်များကူညီပေးခြင်း၊ ဆေးခန်းသန့်ရှင်းရေးနှင့် ပိုးသတ်ခြင်း၊ ဆေးခန်းအတွက် ဆေးနှင့် ပစ္စည်းများဝယ်ခြင်း၊
🐶ပညာအရည်အချင်း - အလယ်တန်းအောင်

❄️အလုပ်ချိန် : မနက် (၈) - ညနေ (၇)
(ခေတ်အခြေအနေအရ အလုပ်စောသိမ်းသည်များရှိပါမည်)
❄️ပိတ်ရက် : တပတ် (၁) ရက်
❄️လစာ : အခြေခံလစာ > ၁၈၀၀၀၀
(အစမ်းခန့်ကာလ ၂ လတွင် အခြေခံလစာသာရပါမည်၊ အစမ်းခန့်ကျော်လွန်လျှင် လစဉ် Bonus, ရက်မှန်ကြေး ၂၀၀၀၀ နှင့် အခြားခံစားခွင့်များရပါမည် - all up to ၂၆၀၀၀၀)

♦️♦️♦️♦️♦️♦️
- လုပ်ငန်းခွင် စည်းမျဉ်း၊ စည်းကမ်းများအား လိုက်နာနိုင်သူ
- စကားပြောပြေပြစ်ကာ ပေါင်းသင်းဆက်ဆံရေးကောင်းမွန်သူ
- ရေရှည်လုပ်ကိုင်နိုင်သူ
- တိလေးများအား ချစ်ခင်ကြင်နာတတ်သူ

နှစ်ဦးနှစ်ဖက် အဆင်ပြေစေရန်
အမှန်တကယ် အလုပ်လုပ်ချင်စိတ်ရှိပြီး အနည်းဆုံး(၈)လ-(၁)နှစ်နီးပါး လက်တွဲလုပ်နိုင်မှသာလျှင် လျှောက်ထားစေချင်ပါသည်။

လျှောက်ထားရာတွင် -
🌀ထွဋ် ဆိုင် (၁) ပန်းဘဲတန်းလမ်း(ယဉ်ကျေးမှုရုံ အနီး)သို့ အလုပ်လျှောက်လွှာ (ဓာတ်ပုံပါရန်) ပေးပို့ကာ လျှောက်ထားနိုင်ပါသည်။
(သို့မဟုတ်)
🌀Viber No. - 09750833177 သို့လဲ အလုပ်လျှောက်လွှာကို သေချာရိုက်ပို့ကာ လျှောက်ထားနိုင်ပါသည်။

နတ္တလင်းမှ အပျိူကြီး ကစ်ကစ်လေး ကလေးတစ်ခါမှ မမွေးဖူး၊အထီးနဲ့လည်းမထိတွေ့ဖူး၊ တားဆေးလည်း မထိုးဖူးတဲ့ ၅နှစ်သမီးလေးပါဗိုက်လေး...
29/12/2024

နတ္တလင်းမှ အပျိူကြီး ကစ်ကစ်လေး

ကလေးတစ်ခါမှ မမွေးဖူး၊အထီးနဲ့လည်းမထိတွေ့ဖူး၊ တားဆေးလည်း မထိုးဖူးတဲ့ ၅နှစ်သမီးလေးပါ

ဗိုက်လေးဖောင်းနေပြီး အစာမစားလို့ဆေးခန်းလာပြတာပါရှင်

လိုအပ်တဲ့စစ်ဆေးစမ်းသပ်မှု့များ၊X ray ရိုက်ခြင်းများ

ပြုလုပ်ပြီး နောက် သားအိမ်ကကြီးပြီး ဖောင်းနေတဲ့

အတွက် 28-12-2024 ရက်နေ့မှာပဲ OT ဝင်ခဲ့ရပါတယ်

သားအိမ်ထဲမှာ သွေးပြည်တွေစုနေပြီး CEH (Cystic

Endometrial Hyperplasia) + Pyometra complex

ဖြစ်နေခဲ့ပါတယ်နော်

ကစ်ကစ်လေးရဲ့ သခင် ညီမလေးကလည်း

ကစ်ကစ်လေးက သားအိမ်ထုတ်ပြီးနောက်ရက်မှာပဲ

အစာတွေစားပြီးကျန်းမာလန်းဆန်းနေလို့ page cb မှာ

လာပြောပေးတဲ့အတွက် Htuttဆေးခန်းမိသားစုမှလည်း ထပ်တူဝမ်းသာ၍ ကျေးဇူးအများကြီး တင်ပါတယ်ရှင်


နှလုံးသန်ချဆေးတိုက်မှာမို့ နှလုံးသန်ရှိမရှိ သွေးစစ်ပေမယ့် Ehrlichiosis (မွှားကိုက်ခြင်းမှ ကူးစက်သော သွေးတွင်းကပ်ပါးရောဂါ...
26/12/2024

နှလုံးသန်ချဆေးတိုက်မှာမို့ နှလုံးသန်ရှိမရှိ သွေးစစ်ပေမယ့် Ehrlichiosis (မွှားကိုက်ခြင်းမှ ကူးစက်သော သွေးတွင်းကပ်ပါးရောဂါ) positive ဖြစ်နေခဲ့တဲ့ ဂျမ်ဂျမ်လေး

ရောဂါလက္ခဏာ တစ်ခုမှမပြပေမယ့် Snap 4Dx စစ်တဲ့အခါ
သွေးတွင်းကပ်ပါးရောဂါ ဖြစ်နေခဲ့တာပါနော်

ဒါကြောင့် မိမိတို့ရဲ့ ကလေးတွေမှာ မွှားကိုက်ခံရတဲ့ historyရှိခဲ့ရင် မွှားတွေကိုက်ခံနေရပြီဆိုရင် သွေးတွင်းကပ်ပါးရောဂါတွေကူးစက်ခံရပြီး
အသက်အန္တရာယ်ဆုံးရှုံးတဲ့ထိ ဖြစ်နိုင်တာကြောင့် သွေးစစ်ဆေးခြင်းများပြုလုပ်၍ ကြိုတင်ကာကွယ်ကုသပေးနိုင်ပါတယ်နော်


🔥 မြို့သစ်ရှိ ထွဋ်ဆေးခန်း (၂) အတွက် ဝန်ထမ်းအလိုရှိသည် 🔥ဆိုင်ကြီးကြပ် - အမျိုးသမီး (၁) ဦး☀️ အသက် - ၂၄ - ၃၅ နှစ်ကြား☀️ ပညာ...
24/12/2024

🔥 မြို့သစ်ရှိ ထွဋ်ဆေးခန်း (၂) အတွက် ဝန်ထမ်းအလိုရှိသည် 🔥

ဆိုင်ကြီးကြပ် - အမျိုးသမီး (၁) ဦး

☀️ အသက် - ၂၄ - ၃၅ နှစ်ကြား
☀️ ပညာအရည်အချင်း - ဘွဲ့ရ (သို့) အနည်းဆုံး ၁၀ တန်းအောင် (ကျောင်းကိစ္စ ကင်းရှင်းသူဖြစ်ရမည်)
☀️ Computer skill - iOffice (Excel/ Word), Internet (email/ google) လက်တွေ့အသုံးပြုနိုင်သူ
☀️ Sale အတွေ့အကြုံ - အနည်းဆုံး (၁) နှစ်

⚡အရင်အလုပ်များတွင် ဝန်ထမ်းများအား ကြီးကြပ်သည့် အတွေ့အကြုံ၊ POS ဖြင့်ဈေးရောင်းဖူးသည့် အတွေ့အကြုံရှိသူများ ဦးစားပေးပါမည် (မရှိလျှင်လဲ သင်ပေးပါသည်)

❄️အလုပ်ချိန် : မနက် (၈) - ညနေ (၇) (ခေတ်အခြေအနေအရ အလုပ်စောသိမ်းသည်များရှိပါမည်)
❄️ပိတ်ရက် : တစ်ပတ် (၁) ရက် - တနင်္ဂနွေပိတ်မည်
❄️လစာ : အခြေခံလစာ- ညှိနှိုင်း (အစမ်းခန့်ကာလ ၂ လတွင် အခြေခံလစာသာရပါမည်၊ အစမ်းခန့်ကျော်လွန်လျှင် Target Bonus, ရက်မှန်ကြေး နှင့် အခြားခံစားခွင့်များရပါမည်)

♦️အလိုရှိသော အရည်အချင်းများ♦️
- Team ကို ကောင်းစွာ ဦးဆောင်ထိန်းကျောင်းနိုင်သူ
- လုပ်ငန်းခွင် စည်းမျဉ်း၊ စည်းကမ်းများအား လိုက်နာနိုင်သူ
- စကားပြောပြေပြစ်ကာ ပေါင်းသင်းဆက်ဆံရေးကောင်းမွန်သူ
- စာရင်းအင်းနိုင်နင်းသူ
- Sale & Marketing ပိုင်းစိတ်ဝင်စားသူ
- စာရိတ္တကောင်းမွန်သူ
- သင်ယူချင်စိတ်၊ ကြိုးစားချင်စိတ်ရှိသူ
- ရေရှည်လုပ်ကိုင်နိုင်သူ
- တိလေးများအား ချစ်ခင်ကြင်နာတတ်သူ

နှစ်ဦးနှစ်ဖက် အဆင်ပြေစေရန်
အမှန်တကယ် အလုပ်လုပ်ချင်စိတ်ရှိပြီး အနည်းဆုံး(၁)နှစ်နီးပါး လက်တွဲလုပ်နိုင်မှသာလျှင် လျှောက်ထားစေချင်ပါသည်။

လျှောက်ထားရာတွင် -
🌀ထွဋ် ဆိုင် (၁) ပန်းဘဲတန်းလမ်း(ယဉ်ကျေးမှုရုံ အနီး)သို့ အလုပ်လျှောက်လွှာ (ဓာတ်ပုံပါရန်) ပေးပို့ကာ လျှောက်ထားနိုင်ပါသည်။
(သို့မဟုတ်)
🌀Viber No. - 09750833177 သို့လဲ အလုပ်လျှောက်လွှာကို သေချာကောင်းမွန်စွာ ရိုက်ပို့ကာ လျှောက်ထားနိုင်ပါသည်။

ကြောင်တုပ်ကွေးရောဂါကာကွယ်ဆေး 4မျိူးစပ်(4in1 vaccine ) နှစ်ပြည့် လာထိုးကြတဲ့ အချောကြီးမောင်နှမ သုံးကောင် 💕😻😻😻
15/12/2024

ကြောင်တုပ်ကွေးရောဂါကာကွယ်ဆေး 4မျိူးစပ်
(4in1 vaccine ) နှစ်ပြည့် လာထိုးကြတဲ့ အချောကြီးမောင်နှမ သုံးကောင် 💕😻😻😻



Vaccine လာထိုးကြတဲ့ 45ရက်သား puppies လေးတွေပါရှင့် 🐶🐶🐶💕
11/12/2024

Vaccine လာထိုးကြတဲ့ 45ရက်သား puppies လေးတွေပါရှင့် 🐶🐶🐶💕



ကျွန်တော့်မှာ စွဲမက်စရာ အရောင်အသွေး ၊ အဆင်းအကွက်တွေပြည့်စုံပြီး ပျိူပျိူလေးတွေဝိုင်းဝိုင်းလည်နေပေမယ့်လေ မေ့မေ့နားပဲကပ်ချ...
09/12/2024

ကျွန်တော့်မှာ စွဲမက်စရာ အရောင်အသွေး ၊ အဆင်း

အကွက်တွေပြည့်စုံပြီး ပျိူပျိူလေးတွေဝိုင်းဝိုင်းလည်နေ

ပေမယ့်လေ

မေ့မေ့နားပဲကပ်ချွဲမယ့် သားလိမ္မာလေးဖြစ်ချင်လို့

အုအုလေးလာဖြုတ်တာပါဗျာ



Prevention is better than cureVaccination time💕❤️🐶ကျောက်၊ သွေးဝမ်းရောဂါတွေ ဖြစ်တဲ့ရာသီချိန်ရောက်တော့မယ်ကွယ်မိမိတို့ရဲ့အခ...
01/12/2024

Prevention is better than cure

Vaccination time💕❤️🐶

ကျောက်၊ သွေးဝမ်းရောဂါတွေ ဖြစ်တဲ့ရာသီချိန်

ရောက်တော့မယ်ကွယ်

မိမိတို့ရဲ့အချစ်တော်လေးတွေ နေကောင်းကျန်းမာနေရင်

ကာကွယ်ဆေးထိုးပေးကြမယ်နော်

🐶🐶🐶🐶🐶🐶🐶🐶


ဆီးမသွားနိုင်လို့ ဥသျှစ်ပင်ကရောက်လာတဲ့ JackyPrescrotal urethrostomy ဆီးလမ်းကြောင်းမှာ ဆီးကျောက်တွေနဲ့ပိတ်ပြီး ဆီးမသွားနိ...
20/11/2024

ဆီးမသွားနိုင်လို့ ဥသျှစ်ပင်ကရောက်လာတဲ့ Jacky

Prescrotal urethrostomy

ဆီးလမ်းကြောင်းမှာ ဆီးကျောက်တွေနဲ့ပိတ်ပြီး ဆီးမသွားနိုင်ဖြစ်နေလို့ လိုအပ်တဲ့စစ်ဆေးမှု့တွေလုပ်ပြီး OT ဝင်လိုက်ရတဲ့ jackyလေး

ဆီးတွေကောင်းကောင်းသွားနိုင်နေပြီမို့ Jackyလေး
နေကောင်းကျန်းမာနေပါပြီနော် ❤️❤️


Address

No. 334, Pan Pae Tan Street, Shweku Quarter
Pyay

Opening Hours

Monday 08:30 - 18:00
Tuesday 08:30 - 18:00
Wednesday 20:30 - 18:00
Thursday 08:30 - 18:00
Friday 08:30 - 18:00
Saturday 08:30 - 18:00
Sunday 08:30 - 18:00

Telephone

+959447751058

Website

Alerts

Be the first to know and let us send you an email when Htutt Veterinary Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share

Category