ပြည့်စေသူ မျိုးသန့်မျိုးစပါးဖြန့်ချိရေး

  • Home
  • Myanmar
  • Pyay
  • ပြည့်စေသူ မျိုးသန့်မျိုးစပါးဖြန့်ချိရေး

ပြည့်စေသူ မျိုးသန့်မျိုးစပါးဖြန့်ချိရေး Purebred Rice Distributor

 #ပေါင်းသတ်ဆေး ဘယ်အချိန်သုံးသင့်သလဲ ဖတ်ရန်...🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾2025 စပါးရာသီအတွက် ပေါင်းအုပ်ဆေး မသုံးပဲ ပေါင်းပင်ပေါက်လာမှ post...
26/01/2025

#ပေါင်းသတ်ဆေး ဘယ်အချိန်သုံးသင့်သလဲ ဖတ်ရန်...
🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾
2025 စပါးရာသီအတွက် ပေါင်းအုပ်ဆေး မသုံးပဲ ပေါင်းပင်ပေါက်လာမှ post emergence ပေါင်းသတ်ဆေးကို အသုံးပြုမယ်ဆိုရင် ရွေးချယ်သင့်တဲ့ ဆေးအချို့မှာ

အခြောက်ကြဲခင်းအတွက်
- Bispyribac sodium (တနှစ်ခံမြက်အုပ်စုနှင့် မြက်မုန်ညင်းအချို့)- ပေါင်းရွက် ၂-၃ ရွက်ထွက်ချိန်
- Fenoxaprop-P-Ethyl (မြက်အုပ်စု)- စိုက်ပြီး ၁၅-၂၀ ရက် (သို့မဟုတ်) ပေါင်းရွက် ၃-၅ ရွက်ထွက်ချိန်
- Cyhalofop-butyl (မြက်အုပ်စု) -စိုက်ပြီး ၁၂-၁၅ ရက် (သို့မဟုတ်) ပေါင်း ၂-၄ ရွက်ထွက်ချိန်
- Ethoxysulfuron (ရွက်ပြန့်ပေါင်းနှင့်မြက်မုန်ညင်းအချို့)- စိုက်ပြီး ၁၅ ရက် (သို့မဟုတ်) ပေါင်း ၂-၄ ရွက်ထွက်ချိန်
- Fenoxaprop-P-ethyl + Ethoxysulfuron (မြက်၊မြက်မုန်ညင်း+ရွက်ပြန့်ပေါင်း)- စိုက်ပြီး ၂၀ ရက် (သို့မဟုတ်) ပေါင်း ၃-၅ ရွက်ထွက်ချိန်
မှတ်ချက်- ဆေးအမျိုးအစားအလိုက် အာနိသင်ရရှိနိုင်မှုသည် ရေ/အစိုဓာတ် လိုအပ်ချက် ကွာခြားမှုရှိသည်ကို သတိပြုပါ။

အစိုကြဲခင်းအတွက်
-
- Bispyribac sodium (တနှစ်ခံမြက်အုပ်စုနှင့် မြက်မုန်ညင်းအချို့)- ပေါင်းရွက် ၂-၃ ရွက်ထွက်ချိန်
- Bensulfuron methyl + Pretilachlor (မြက်၊မြက်မုန်ညင်း+ရွက်ပြန့်ပေါင်း)- စိုက်ပြီး ၇-၁၀ ရက်
- Metsulfuron methyl +Chlorimuron ((ရွက်ပြန့်ပေါင်းနှင့်မြက်မုန်ညင်းအချို့)- စိုက်ပြီး ၁၅ -၁၈ ရက် (သို့မဟုတ်) ပေါင်း ၃-၄ ရွက်ထွက်ချိန်
မှတ်ချက်- ဆေးအမျိုးအစားအလိုက် အာနိသင်ရရှိနိုင်မှုသည် ရေ/အစိုဓာတ် လိုအပ်ချက် ကွာခြားမှုရှိသည်ကို သတိပြုပါ။

ပျိုးထောင် ရွေ့ပြောင်းစိုက်ခင်းအတွက်
- Pyrazosulfuron ethyl (ပျိုးခင်း)- စိုက်ပြီး ၁-၃ ရက်
- Bensulfuron methyl + Pretilachlor (မြက်၊မြက်မုန်ညင်း+ရွက်ပြန့်ပေါင်း)- ပြောင်းရွှေ့စိုက်ပြီး ၇-၁၀ ရက်
- Penoxulum (ရွက်ပြန့်ပေါင်းနှင့် ရေကြိုက်ပေါင်း)- ရွေ့ပြောင်းစိုက်ပြီး ၁၅ ရက် (သို့မဟုတ်) ပေါင်း ၃-၅ ရွက်ထွက်ချိန်
- Penoxulum + Cyhalofop-P-butyl (မြက်၊မြက်မုန်ညင်းအချို့+ ရွက်ပြန့်ပေါင်း)- ပြောင်းရွေ့စိုက်ပြီး ၁၅-၂၀ ရက် (သို့မဟုတ်) ပေါင်း ၃-၅ ရွက်ထွက်ချိန်
မှတ်ချက်- ဆေးအမျိုးအစားအလိုက် အာနိသင်ရရှိနိုင်မှုသည် ရေ/အစိုဓာတ် လိုအပ်ချက် ကွာခြားမှုရှိသည်ကို သတိပြုပါ။

- ပေါင်းပင်ငယ်စဉ် နှိမ်နင်းပါ။
- ပေါင်းပင်သက်တမ်းရင့်မှ၊ ပန်းခိုင်ထွက်ချိန်မှ ပေါင်းသတ်ဆေးဖျန်းခြင်းသည် ထိရောက်မှုရရန် အခြေအနေနည်းသည်။
- ပေါင်း ပန်းခိုင်ထွက်ပြီးမကြာမီ မျိုးစေ့များ မြေပေါ်သို့ကျနိုင်ပြီး နောက်တကြိမ် သားဆက်ပွါးကာ အသစ်ထပ်ပေါက်နိုင်ကြောင်း သဘောပေါက်နားလည်ထားရန်လိုအပ်သည်။
- ပေါင်းသတ်ဆေး ချင်တွယ်ဖျော်စပ်ရာတွင် နှုန်းထားတိကျမှုသည် သီးနှံပင်ဆေးမလောင်စေခြင်း၊ ပေါင်းပင်အပေါ် ထိရောက်ခြင်းအတွက် အထူးအရေးကြီးသည်။ လျော့ခြင်း၊ ပိုလျှံချင်တွယ်ခြင်း မဖြစ်စေရပါ။
- စိုက်ခင်းမြေပေါ်တွင် ပေါင်း အထူအပါးအရ နှုန်းထား အတိုး၊ အလျော့ ချိန်ဆပါ။ ပေါင်းပင်အနည်းငယ်သာရှိချိန်တွင် အမြင့်ဆုံးနှုန်းထားနှင့် ဆေးရည်လိုအပ်ချက်များစွာဖျန်းရန် မလိုအပ်ပါ။
- မိမိစိတ်ကူးဖြင့်မိမိသဘော ဆုံးဖြတ်ချက်အရ ပေါင်းသတ်ဆေးနှင့်မြေဩဇာ ရောနှောပက်ဖျန်းခြင်း မပြုလုပ်ရပါ။ သီးနှံပင်ထိခိုက်ခြင်း၊ မြေပျက်ခြင်း၊ အပင်ရောဂါကျရောက်မှုပြင်းထန်ခြင်းတို့ကို ဖြစ်စေသည့် အကြောင်းများတွင် ဤအချက်သည် အဓိကကျသည်ကို သတိပြုပါ။

Dr. DaDa
Ph.D Entomology

☘ မတ်ပဲစိုက် တောင်သူ ညီအစ်ကိုများ ကိုယ်စိုက်မည့် ဧကအလိုက်လိုအပ်တဲ့ TBL9 မတ်ပဲ မျိုးများအား ပြည့်စေသူ မျိုးသန့်မျိုးစပါးဖ...
26/01/2025

☘ မတ်ပဲစိုက် တောင်သူ ညီအစ်ကိုများ ကိုယ်စိုက်မည့် ဧကအလိုက်လိုအပ်တဲ့ TBL9 မတ်ပဲ မျိုးများအား ပြည့်စေသူ မျိုးသန့်မျိုးစပါးဖြန့်ချိရေး မှာ နောက်နှစ်အတွက်ကြိုတင်၍ Order တင်ထားလို့ရသလို ၊ အခုကတည်းက လာမယ့်ရာသီအတွက် ဝယ်ထားချင်တယ်ဆိုတဲ့ မိတ်ဆွေများအတွက် လိုသလောက်ဝယ်လို့ရပါတယ်ခင်ဗျ။

👉 TBL9 မတ်ပဲမျိုး လက္ခဏာများ

🌱 မျိုးအမည် TBL 9
🌱 သက်ရက် ၇၅ - ၉၀ ရက်
🌱 အပင်ပုံစံ Bush
🌱 အရွက်ပုံစံ သုံးမြှောင့်ပုံအနက်ရောင်
🌱 အတောင့်အရောင် အနက်ရောင်
🌱 အစေ့အရောင် အနက်ရောင်
🌱ပင်စည်အရောင် အနီရောင်ခြယ်ပါသည်
🌱အပင်အမြင့် (၁.၅)ပေ မှ (၂)ပေ
🌱 တစ်ပင်ပါအကိုင်း ၃ - ၄ ကိုင်း
🌱 တစ်ပင်ပါသီးတောင့် (၅၀-၆၀)တောင့်
🌱 တစ်တောင့်ပါ အစေ့ (၆ မှ ၇) စေ့
🌱 တစ်ထုပ်အလေးချိန် (၁-ကီလို)

🏹✔️ ထူးခြားချက် >(YMV ရောဂါခံနိုင်ရည်ရှိ အမွေး/ပင်စည် / သီးတောင့်တို့တွင် အမွေးထူများပါရှိခြင်း )

🏹✔️အလင်းရောင်တုန့်ပြန်မှုမရှိသောကြောင့်ရာသီမရွေးစိုက်ပျိုးဖြစ်ထွန်းပါသည်

🏹✔️အပင်ဝါခြင်း လုံးဝ မရှိပါ။

☎ ဆက်သွယ်ရန် ☎
ပြည့်စေသူ မျိုးသန့်မျိုးစပါးဖြန့်ချိရေး
09400541592/09758101025/09693107742

I gained 148 followers, created 73 posts and received 2,392 reactions in the past 90 days! Thank you all for your contin...
25/01/2025

I gained 148 followers, created 73 posts and received 2,392 reactions in the past 90 days! Thank you all for your continued support. I could not have done it without you. 🙏🤗🎉

နည်းစနစ်မှန်ကန်သော စပါး အခြောက်ကြဲစိုက်ပျိုးနည်း      ယခုကာလ စပါးစိုက်ပျိုးချိန်မှာ ရင်းနှီးမြုပ်နှံမှုအခက်အခဲ၊ ဓာတ်မြေဩ...
24/01/2025

နည်းစနစ်မှန်ကန်သော စပါး အခြောက်ကြဲစိုက်ပျိုးနည်း

ယခုကာလ စပါးစိုက်ပျိုးချိန်မှာ ရင်းနှီးမြုပ်နှံမှုအခက်အခဲ၊ ဓာတ်မြေဩဇာအခက်အခဲ၊ လယ်ယာလုပ်သားရှားပါးမှုအခက်အခဲများဟာ စိန်ခေါ်မှုတစ်ရပ်ဖြစ်လာတဲ့အတွက် စပါးစိုက်ပျိုးသည့်အခါ လိုက်လျောညီထွေဖြစ်အောင် ပြောင်းလဲစိုက်ပျိုးလာတာကတော့ စပါး အခြောက်ထယ်ရေး တိုက်ရိုက်မျိုးစေ့ချ စိုက်ပျိုးနည်းပဲဖြစ်ပါတယ်။

🌾အခြောက်ထွန်ရေး တိုက်ရိုက်မျိုးစေ့ချစပါးစိုက်ခြင်းမှာ အစိုဓာတ်မြင့်မားပြီး မိုလေဝသကောင်းမွန်သောဒေသများနှင့်ရေနက်ကွင်းများမှာ ပိုပြီးသင့်တော်တဲ့နည်းစနစ်ဖြစ်ပါတယ်။

စပါးအခြောက်စိုက်ပျိုးရန် လိုအပ်ချက်များမှာ -

🌾ထွန်ရေးကောင်းအောင်ဆောင်ရွက်ပေးရပါမယ်။ ထွန်စက်ကြီးများနှင့်လည်း ထယ်ရေးမှုန့်ညက်နေအောင် ပြုပြင်ခြင်း၊ မြင့်ရာမှ နိမ့်ရာသို့ ကြမ်းတုံးရိုက် မြေညှိပေးရပါမယ်။

🌾နောက်ဆုံးထွန်ရေးမတိုင်ခင် မြေဆွေး၊နွားချေးထည့်ပြီးနှံ့အောင်ထွန်ယက်ပေးရပါမည်။

🌾မေလလောက်မှာစပါးအပင်ပေါက်ရာခိုင်နှုန်း (၈၅%) ရှိတဲ့မျိုးကို ထယ်ရေးအခြောက်ထဲမှာ ကြဲပက်ရမှာဖြစ်ပါတယ်။

🌾ကြဲပက်လိုက်တဲ့မျိုးစေ့များကို ထွန်နဲ့ခပ်ပါးပါးမောင်းပြီးဖုံးပေးရမည်။

🌾မိုးရွာပြီး မြေကြီးအစိုဓာတ်နည်းနည်းရပါက စပါးပင်များပေါက်လာမှာဖြစ်ပါတယ်။

🌾စပါးအပင်ပေါက်ပြီး ၁၅ ရက်သားရောက်ချိန်(သို့မဟုတ်)စပါးရွက် ၂ ရွက်ထွက်ချိန်တွင် ကန်သင်းကိုရေလုံအောင်ပိတ်ပြီးအပင်မမြုပ်အောင်ရေစလှောင်မှသာနည်းစနစ်မှန်ကန်တဲ့ မိုးစပါးအခြောက်ကြဲစိုက်ပျိုးနည်းဖြစ်ကြောင်း ရေးသားဖော်ပြလိုက်ရပါတယ်ခင်ဗျာ။
Crd
#စပါး #အခြောက်ကြဲစိုက်ပျိုးနည်း

အထွက်ကောင်း သက်လျင်ထဲက 🇹🇭 ထိုင်းမျိုးစပါးများ မှ   နဲ့   နွေစပါးအတွက် စိုက်ပျိုးလိုသူများ အိတ်ရေအနည်းငယ် ရပါအုံးမယ်ခင်ဗျ...
22/01/2025

အထွက်ကောင်း သက်လျင်ထဲက 🇹🇭 ထိုင်းမျိုးစပါးများ မှ နဲ့ နွေစပါးအတွက် စိုက်ပျိုးလိုသူများ အိတ်ရေအနည်း
ငယ် ရပါအုံးမယ်ခင်ဗျ။
ဈေးနှုန်းကတော့ 25kg တစ်အိတ် ၇၀၀၀၀/-

🌧 ပြီးခဲ့တဲ့မိုးက ရေကြီးရေလျှံမှုတွေကြောင့် မျိုးထုတ်စိုက်ကွင်းတွေ တော်တော်များများ ပျက်ဆီးခဲ့လို့ အခုလာမယ့် နွေစပါးရာသီ...
22/01/2025

🌧 ပြီးခဲ့တဲ့မိုးက ရေကြီးရေလျှံမှုတွေကြောင့် မျိုးထုတ်စိုက်ကွင်းတွေ တော်တော်များများ ပျက်ဆီးခဲ့လို့ အခုလာမယ့် နွေစပါးရာသီအတွက် မျိုးကန့်သတ် ချက်လေးတွေရှိလာနိုင်ပါတယ်။

🎯 ဒါကြောင့် မိမိတို့ စိုက်လိုတဲ့ မျိုးများကို စိုက်လိုတဲ့ အချိန်မှာ လိုသလောက်ရနိုင်အောင်လို့ ပြည့်စေသူ မျိုးသန့်မျိုးစပါးဖြန့်ချိရေး ကို ကြိုတင် အမှာစာရင်းပေးပို့လို့ရပါတယ် ခင်ဗျ။

🌾 မိတ်ဆွေတောင်သူများ စိုက်လိုတဲ့မျိုးများ အမှာစာရင်းသွင်းပြီးသွားရင် မိတ်ဆွေတို့ စိုက်ပျိုးချိန်နီးတဲ့ အခါ ကျွန်တော်တို့က ဆက်သွယ်ပြီး မှာထားတဲ့ အရေအတွက်အတိုင်းရရှိအောင် ဂိတ်ချစနစ်ဖြင့် ပို့ဆောင်ပေးမှာဖြစ်ပါတယ် ခင်ဗျ။

✅စိုက်ပျိုးချိန်မှာ မျိုးအတွက် စိတ်အေးရအောင်နဲ့ အထွက်နှုန်းကောင်းတဲ့ မျိုးစပါးတွေ လိုအပ်လာပြီ ဆိုရင်တော့ ပြည့်စေသူ မျိုးသန့်မျိုးစပါး ဖြန့်ချိရေး နဲ့ ချိတ်ဆက်ပြီး ဝယ်ယူစိုက်ပျိုးကြပါလို့ အကြံပြု နှိုးဆော်အပ်ပါတယ် ခင်ဗျ🤗🤗

👨‍🌾👩‍🌾တောင်သူဦးကြီးများအားလုံး
စိုက်သမျှဖြစ်ထွန်းပြီး အထွက်နှုန်း
တင်းရာကျော်ထွက်နိုင်ကြပါစေ🙏🙏

မှာယူလိုပါက Page Messenger (သို့)
☎️09-400541592
☎️09-693107742
☎️09-758101025 တို့ကို
ဆက်သွယ်မှာယူနိုင်ပါပြီ။

🚚နယ်ဝေးများကားဂိတ်တင်ပေးပါသည်။

🌾ပြည့်စေသူ မျိုးသန့်မျိုးစပါး ဖြန့်ချိရေး🌾
📌အမှတ်(၂၂)၊ငုဝါလမ်း၊နဝဒေးကုန်တင်ကားဝန်း၊
အရှေ့ဘက်တန်း၊ပြည်မြို့။

#မျိုးစပါး
#နွေစပါး

🎯 နယူးဧရာ-၁၁ ဆို အထွက်နှုန်း အရမ်းကောင်းလွန်းလို့ နွေစပါး လိုချင်တဲ့သူတွေ ပြည့်စေသူ မျိုးသန့်မျိုးစပါးဖြန့်ချိရေး မှာ ဝယ...
19/01/2025

🎯 နယူးဧရာ-၁၁ ဆို အထွက်နှုန်း အရမ်းကောင်းလွန်းလို့ နွေစပါး လိုချင်တဲ့သူတွေ ပြည့်စေသူ မျိုးသန့်မျိုးစပါးဖြန့်ချိရေး မှာ ဝယ်ယူလို့ရပါပြီခင်ဗျ။

📌 ရာသီဥတု ဖောက်ပြန်လို့ မျိုးစေ့လုံလုံလောက်လောက်မရတဲ့အတွက် မစိုက်လိုက်ရတဲ့ ညီအစ်ကိုများ စိုက်ချင်တဲ့အချိန်စိုက်ပျိုးနိုင်အောင် ကြိုမှာချင်တယ်ဆို 👉 ပြည့်စေသူ မျိုးသန့်မျိုးစပါး ဖြန့်ချိရေး မှာ အမည်၊လိပ်စာ၊ဖုန်းနံပါတ်နဲ့အတူ စိုက်ပျိုးမယ့်ကာလလေးပြောပြီ ကြိုတင်မှာယူလို့ရပါတယ် ခင်ဗျ။

👍 မိတ်ဆွေတို့ လိုတဲ့အချိန်မှာ လိုအပ်သလောက်မျိုး ရရှိအောင်လို့ အပြည့်အဝ ဝန်ဆောင်မှုပေးသွားမှာဖြစ်ပါတယ်။

📅 ဒီရာသီမှာလည်း လိုအပ်တဲ့ဒေသတွေကို နယူးဧရာ၁၁ မျိုးတွေဖြန့်ပေးခဲ့ရလို့ မိတ်ဆွေတောင်သူများ ရဲ့ ယုံကြည်မှုတွေပိုမိုရရှိခဲ့ပါတယ်🤗🤗

🔆 အခုနွေအတွက် စိုက်ချင်ပါတယ်ဆိုတဲ့ မိတ်ဆွေများ မြန်မြန်ဝယ်ယူထားမှ စိတ်ချရမယ်နော်

✅ ပဲခူးတိုင်း (အနောက်ပိုင်း) က တောင်သူတွေကိုလဲ အထွက်ကောင်းစေချင်တဲ့ ဆန္ဒကြောင့် နယူးဧရာ၁၁ မျိုး ကို #ပြည့်စေသူ_မျိုးသန့်မျိုးစပါးဖြန့်ချိရေး #ပြည်မြို့ မှ တဆင့်ဖြန့်ချိပေးနေပြီဖြစ်ပါကြောင်း သတင်းကောင်းလေးပါးအပ်ပါတယ် ခင်ဗျ။

📞မျိုးစပါးလိုအပ်ရင် ဖုန်းလေးသာဆက်လိုက်ပါ
တောင်သူဦးကြီးများ အထွက်တိုးပြီး
စိုက်သမျှရွှေဖြစ်စေဖို့ကတော့
#ပြည့်စေသူ ရဲ့ တာဝန်သာထားလိုက်ပါဗျို့🤝🤝

မှာယူလိုပါက Page Messenger (သို့)
☎️09-400541592
☎️09-693107742
☎️09-758101025 တို့ကို
ဆက်သွယ်မှာယူနိုင်ပါပြီ။

🚚နယ်ဝေးများကားဂိတ်တင်ပေးပါသည်။

🌾 အထွက်နှုန်းလည်းကောင်းပြီး ဆန်သားလည်းလှတဲ့ စပါးမျိုးမှ ကြိုက်တယ်ဆိုရင်တော့ နယူး-၁၀ ကို ရဲရဲကြီး‌ရွေးချယ်လိုက်ပါ ‼️ပြည့်...
16/01/2025

🌾 အထွက်နှုန်းလည်းကောင်းပြီး ဆန်သားလည်းလှတဲ့ စပါးမျိုးမှ ကြိုက်တယ်ဆိုရင်တော့ နယူး-၁၀ ကို ရဲရဲကြီး‌ရွေးချယ်လိုက်ပါ ‼️

ပြည့်စေသူ မျိုးသန့်မျိုးစပါးဖြန့်ချိရေး မှာ NAS ကထုတ်တဲ့ နယူး10 လိုသလောက်ရနေပါပြီ👍👍

✅ နယူးဧရှားကနေထုတ်လုပ်ထားတဲ့ နယူး-10 မျိုးစပါးဟာ အထူးအထွက်ကောင်း စပါးထဲမှာမှ အထွက်နှုန်း တင်း ၁၂၀-၁၅၀ တောင်ရှိတဲ့အပြင် နွေ‌ရောမိုးရောစိုက်လို့ရတာမို့ တောင်သူတို့အတွက် ရွေးချယ်သင့်တဲ့ စပါးတစ်မျိုးပဲနော်။

🍚 ဒါ့အပြင် ဆန်ရည်ဆန်သားကြည်လင်ပြီး အကျိုးအကြေနည်းတဲ့စပါးမျိုးဖြစ်လို့ စျေးကောင်းမရမှာ စိတ်ပူစရာမလိုပဲ စျေးကွက်အာမခံချက်လည်း အပြည့်အဝရှိပါတယ် 💯

ဒါဆိုရင် ဘာတွေစဥ်းစားနေဦးမှာလဲ ဦးကြီးတို့‌ရေ ခုပဲ နယူး-10ကို ရွေးချယ်လိုက်တော့နော် 💥

“အထွက်နှုန်း၂ဆ၊ အကျိုးအမြတ်၂ဆ၊ ယုံကြည်မှု၂ဆ “

📞မျိုးစပါးလိုအပ်ရင် ဖုန်းလေးသာဆက်လိုက်ပါ
တောင်သူဦးကြီးများ အထွက်တိုးပြီး
စိုက်သမျှရွှေဖြစ်စေဖို့ကတော့
ပြည့်စေသူရဲ့ တာဝန်သာထားလိုက်ပါဗျို့🤝🤝

မှာယူလိုပါက Page Messenger (သို့)
☎️09-400541592
☎️09-693107742
☎️09-758101025 တို့ကို
ဆက်သွယ်မှာယူနိုင်ပါပြီ။

🚚နယ်ဝေးများကားဂိတ်တင်ပေးပါသည်။
Crd
#တောင်သူကြီးပွားနယူးဧရှား
#နယူး10 #ဒေသနဲ့ကိုက်ညီသောအထူးအထွက်ကောင်းမျိုးစပါး

ပဲခူးတိုင်း (အနောက်ပိုင်း) က တောင်သူတွေကိုလဲ အထွက်ကောင်းစေချင်တဲ့ ဆန္ဒကြောင့် နယူးဧရာ၁၁ မျိုး ကို  #ပြည့်စေသူ_မျိုးသန့်မ...
15/01/2025

ပဲခူးတိုင်း (အနောက်ပိုင်း) က တောင်သူတွေကိုလဲ အထွက်ကောင်းစေချင်တဲ့ ဆန္ဒကြောင့် နယူးဧရာ၁၁ မျိုး ကို #ပြည့်စေသူ_မျိုးသန့်မျိုးစပါးဖြန့်ချိရေး #ပြည်မြို့ မှ တဆင့်ဖြန့်ချိပေးနေပြီဖြစ်ပါကြောင်း သတင်းကောင်းလေးပါးအပ်ပါတယ် ခင်ဗျ။

📞မျိုးစပါးလိုအပ်ရင် ဖုန်းလေးသာဆက်လိုက်ပါ
တောင်သူဦးကြီးများ အထွက်တိုးပြီး
စိုက်သမျှရွှေဖြစ်စေဖို့ကတော့
ပြည့်စေသူရဲ့ တာဝန်သာထားလိုက်ပါဗျို့🤝🤝

မှာယူလိုပါက Page Messenger (သို့)
☎️09-400541592
☎️09-693107742
☎️09-758101025 တို့ကို
ဆက်သွယ်မှာယူနိုင်ပါပြီ။

🚚နယ်ဝေးများကားဂိတ်တင်ပေးပါသည်။

🌾🇹🇭 RD-61( အသက်ရက် 90-95ရက်)🔹 အထွက်နှုန်း-120-150တင်း🔹အလေးချိန်- 25kg/55LB/၁၉ပြည်🔹ဆန်အမာ🔹အသွယ်မျိုး(ထိုင်းနိုင်ငံမှ တင်သ...
09/01/2025

🌾🇹🇭 RD-61( အသက်ရက် 90-95ရက်)
🔹 အထွက်နှုန်း-120-150တင်း
🔹အလေးချိန်- 25kg/55LB/၁၉ပြည်
🔹ဆန်အမာ
🔹အသွယ်မျိုး

(ထိုင်းနိုင်ငံမှ တင်သွင်းပြီး မြန်မာ​ပြည်မှာပြန်လည်စိုက်ပျိုးထားတဲ့ RD61-CS) ပြည့်စေသူ မျိုးသန့်မျိုးစပါးဖြန့်ချိရေး တွင်ဝယ်ယူရရှိနိုင်ပါပြီ။

🇹🇭🌾 ထိုင်းမျိုး မျိုးသန့်စပါး
မျိုးပေါက်နှုံး95%
သက်တမ်း115-ရက်
အထွက်နှုန်း 140-180
အပင်အမြင့် ၃ပေ ခွဲ
ဆန်မာအုပ်စုပါဖြစ်ပြီး ဆန်သားမပျော့မမာ

နွေမိုးဆောင်းရာသီမရွေး
စိုက်နိုင်ပါသည်
အအေးဒါဏ်ပိုးမွှားဒါဏ်ခံနိုင်ပါသည်

ရာသီမရွေးစိုက်ပျိုးနိုင်ပြီး
စနစ်တကျစိုက်နိုင်ပါက မျိုးပြန်ထားယူပြီး

နောက်ရာသီဆက်လက်စိုက်ပျိုးနိုင်ပါသည်

ဆန်သားကြည်လင်ပြီးစားလို့ကောင်းပါသည်

တစ်အိတ်ပါဝင်မှု- 25-kg/55lb

🚛 နေရာဒေသအသီးသီးသို့ ပို့ဆောင်ပေးပါတယ်။
ကယ်ရီခနှင့် သက်ဆိုင်ရာမြို့အရောက် ကားတန်ဆာခကိုတော့ ဝယ်ယူသူဘက်မှ ကျခံရမှာဖြစ်ပါတယ် ခင်ဗျ။
☎☎☎☎
ဆက်သွယ်ရန်
ပြည့်စေသူ မျိုးသန့်မျိုးစပါး ဖြန့်ချိရေး
09-400541592/09-693107742/09-758101025

🌾  #နယူး_10 မျိုးစပါးအတွက် မြေသြဇာစနစ်တကျဘယ်လိုကျွေးရမလဲဆိုတာ သိပြီးကြပြီလား⁉️စပါးပင်ရှင်သန်ကြီးထွားရေး၊ ပွင့်သီးရေးအတွက...
08/01/2025

🌾 #နယူး_10 မျိုးစပါးအတွက် မြေသြဇာစနစ်တကျဘယ်လိုကျွေးရမလဲဆိုတာ သိပြီးကြပြီလား⁉️

စပါးပင်ရှင်သန်ကြီးထွားရေး၊ ပွင့်သီးရေးအတွက် ဇီဝကမ္မလုပ်ငန်းအ၀၀ကို လည်ပတ်နေစေရန် နိုက်ထရိုဂျင်၊ ဖော့စ်‌ဖောရပ်နှင့် ပိုတက်စီယမ်ဓာတ်များကို အဓိကလိုအပ်ပါတယ်။ သဘာဝမြေသြဇာနှင့် ဓာတ်မြေသြဇာတို့ကို ထည့်သွင်းပေးခြင်းဖြင့် စပါးပင်ဟာ အဓိကအရေးကြီးသည့် အာဟာရဓာတ်များအပါအဝင် အာဟာရဓာတ်များကို ရရှိနိုင်တာမို့ လွန်စွာအရေးကြီးလှပါတယ်။

ဒါကြောင့် နွေစပါးမှာ နယူး-10 မျိုးစပါးစိုက်ကြမဲ့ တောင်သူတွေအတွက် မြေသြဇာစနစ်တကျကျွေးနည်းတွေကို ဖော်ပြပေးလိုက်ရပါတယ်✨

🔰ကျဲပက်စိုက်ပျိုးခြင်းစနစ်
N = (ပ) အကြိမ် မျိုးစေ့တိုက်ရိုက်ချပြီး (၂၁) ရက် - ( ၁/၂)အိတ်
(ဒု) အကြိမ် မျိုးစေ့တိုက်ရိုက်ချပြီး (၃၀-၃၅) ရက် - (၁) အိတ် ( ပင်ပွားလှိုင်လှိုင်ပွားချိန် )
(တ) အကြိမ် မျိုးစေ့တိုက်ရိုက်ချပြီး (၄၅) ရက် - (၁/၂)အိတ် (အနှံလောင်းဖြစ်တည်ချိန်)
P = မြေပြင်ချိန်ကျွေးရန် - ( ၁) အိတ်
K = (ပ) အကြိမ် မျိုးစေ့တိုက်ရိုက်ချပြီး (၂၁)ရက် - (၁/၂)အိတ်
(ဒု) အကြိမ် မျိုးစေ့တိုက်ရိုက်ချပြီး (၄၅) ရက် - (၁/၂)အိတ် (အနှံလောင်းဖြစ်တည်ချိန်)

🔰‌‌ရွေ့ပြောင်းစိုက်ပျိုးခြင်းစနစ်
N = (ပ) ကောက်စိုက်ပြီး (၁၄)ရက်အတွင်း - (၁/၂) အိတ်
(ဒု) ကောက်စိုက်ပြီး (၂၅) ရက်အတွင်း - (၁) အိတ် ( ပင်ပွားလှိုင်လှိုင်ပွားချိန် )
(တ) ကောက်စိုက်ပြီး ( ၃၈-၄၀ )ရက်အတွင်း - (၁/၂) အိတ် (အနှံလောင်းဖြစ်တည်ချိန်)
P = မြေပြင်ချိန်ကျွေးရန် - (၁) အိတ်
K = (ပ) ကောက်စိုက်ပြီး (၁၄)ရက်အတွင်း - (၁/၂) အိတ်
(ဒု) ကောက်စိုက်ပြီး ( ၃၈-၄၀ ) ရက်အတွင်း - (၁/၂) အိတ် (အနှံလောင်းဖြစ်တည်ချိန်)

“အထွက်နှုန်း၂ဆ၊ အကျိုးမြတ်၂ဆ၊ ယုံကြည်မှု၂ဆ “

📞📞 နယူး၁၀ မျိုးစပါးလိုအပ်ရင် ဖုန်းလေးသာဆက်လိုက်ပါ
တောင်သူဦးကြီးများ အထွက်တိုးပြီး
စိုက်သမျှရွှေဖြစ်စေဖို့ကတော့
ပြည့်စေသူ မျိုးသန့်မျိုးစပါးဖြန့်ချိရေး ရဲ့တာဝန်သာထားလိုက်ပါဗျို့🤝🤝

မှာယူလိုပါက Page Messenger (သို့)
☎️09-400541592
☎️09-693107742
☎️09-758101025 တို့ကို
ဆက်သွယ်မှာယူနိုင်ပါပြီ။

🚚နယ်ဝေးများကားဂိတ်တင်ပေးပါသည်။

🌾 ပြည့်စေသူ မျိုးသန့်မျိုးစပါး ဖြန့်ချိရေး 🌾
📌အမှတ်(၂၂)၊ငုဝါလမ်း၊နဝဒေးကုန်တင်ကားဝန်း၊
အရှေ့ဘက်တန်း၊ပြည်မြို့။

#မျိုးစပါး
#နွေစပါး
ောင်သူကြီးပွားနယူးဧရှား
#အထွက်နှုန်း၂ဆအကျိုးမြတ်၂ဆယုံကြည်မှု၂ဆ
#နယူး၁၀
#ဒေသနှင့်ကိုက်ညီသောအထူးအထွက်ကောင်းမျိုး

🌾  #နယူးဧရာ_၁၁ တစ်ဧက အထွက်နှုန်း ၂၃၅တင်းတဲ့ဗျ။😍🔆 နွေစပါးအတွက်လိုအပ်တယ်ဆိုရင် ပြည့်စေသူ မျိုးသန့်မျိုးစပါးဖြန့်ချိရေး  မှ...
08/01/2025

🌾 #နယူးဧရာ_၁၁ တစ်ဧက အထွက်နှုန်း ၂၃၅တင်းတဲ့ဗျ။😍
🔆 နွေစပါးအတွက်လိုအပ်တယ်ဆိုရင် ပြည့်စေသူ မျိုးသန့်မျိုးစပါးဖြန့်ချိရေး မှာ လိုအပ်သလောက် ဝယ်လို့ရပါတယ် ခင်ဗျ။

🌾အထွက်ကောင်းတဲ့မျိုးစပါးတွေ ဝယ်ဖို့အရေးအလှမ်းမဝေးတော့ပါ🤩 🤩 ပြည့်စေသူ မျိုးသန့်မျိုးစပါးဖြန့်ချိရေး မှာလိုချင်တဲ့မျိုးစပါ...
08/01/2025

🌾အထွက်ကောင်းတဲ့မျိုးစပါးတွေ ဝယ်ဖို့အရေးအလှမ်းမဝေးတော့ပါ🤩

🤩 ပြည့်စေသူ မျိုးသန့်မျိုးစပါးဖြန့်ချိရေး မှာ
လိုချင်တဲ့မျိုးစပါးတံဆိပ်သာပြောလိုက်
မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့အနယ်နယ်အရပ်ရပ်ကို
ပို့ဆောင်ပေးမှာဆိုတော့ ဖုန်းတစ်ရှိရုံနဲ့ #ပြည့်စေသူမှာ မျိုးစပါးအော်ဒါတင်လို့ရပြီဗျို့ 🤙🤙

🌾သက်တမ်းတိုပြီးအထွက်ကောင်းတဲ့ နွေစပါး မျိုးကောင်းမျိုးသန့်တွေကို အာမခံပြီးရောင်းချပေးနေတဲ့အပြင် #ပြည့်စေသူမှာ ရောင်းချပေးနေတဲ့
မျိုးစပါးအားလုံးကို ကိုယ်တိုင် မျိုးစေ့စမ်းသပ်ဖောက်ပြီးမှ ရောင်းချပေးနေတာဖြစ်လို့စိတ်ချယုံကြည်စွာ ဝယ်ယူအားပေးနိုင်ပါပြီခင်ဗျာ🙏🙏

🌾🌾ပြည့်စေသူ မျိုးသန့်မျိုးစပါးဖြန့်ချိရေးမှ
ဝယ်ယူရရှိနိုင်သောမျိုးစပါးများ🌾🌾

🌾 နယူးဧရာ ၁၁
အသက်ရက်-115ရက်
အထွက်နှုန်း-150-200တင်း

🌾 နယူး ၁၀
အသက်ရက်-115ရက်
အထွက်နှုန်း-120-150တင်း

🌾 ဆင်းသုခ
အသက်ရက်-135-140ရက်
အထွက်နှုန်း- 100-130တင်း

🌾 အညာသား ရက်90
အသက်ရက်-90ရက်
အထွက်နှုန်း-100-120တင်း

🌾 ပခမ်းရွှေဝါ
အသက်ရက် -115ရက်
အထွက်နှုန်း-85-100တင်း

🌾 မှော်ဘီ-၂
အသက်ရက်-140ရက်
အထွက်နှုန်း-80-100တင်း

🌾 မှော်ဘီ-၃
အသက်ရက်-120-130ရက်
အထွက်နှုန်း-80-100တင်း

🌾 ရတနာတိုး
အသက်ရက်-120ရက်
အထွက်နှုန်း-100-140တင်း

🌾 RD-61
အသက်ရက်-90-95ရက်
အထက်နှုန်း120-150တင်း

🌾 RD-85
အသက်ရက်-110-115ရက်
အထွက်နှုန်း-120-180တင်း

🌾 YSR-1
အသက်ရက်-120ရက်
အထွက်နှုန်း-100-150တင်း

🌾 ကရင်မ
အသက်ရက်-145-150 ရက်
အထွက်နှုန်း-120တင်း

🌾 GW-18
အသက်ရက်-115ရက်
အထွက်နှုန်း-120-150တင်း

🌾 နှံကောက်
အသက်ရက်- 105-110 ရက်
အထွက်နှုန်း-120-150တင်း

🌾 ဗျော့ထွန်း
အသက်ရက်-140-145ရက်
အထွက်နှုန်း-90-140တင်း

🍀 TBL9 မတ်ပဲ
အသက်ရက်- 75-90ရက်
အထွက်နှုန်း -25-30တင်း

📞📞မျိုးစပါးလိုအပ်ရင် ဖုန်းလေးသာဆက်လိုက်ပါ
တောင်သူဦးကြီးများ အထွက်တိုးပြီး
စိုက်သမျှရွှေဖြစ်စေဖို့ကတော့
ပြည့်စေသူရဲ့တာဝန်သာထားလိုက်ပါဗျို့🤝🤝

မှာယူလိုပါက Page Messenger (သို့)
☎️09-400541592
☎️09-693107742
☎️09-758101025 တို့ကို
ဆက်သွယ်မှာယူနိုင်ပါပြီ။

🚚နယ်ဝေးများကားဂိတ်တင်ပေးပါသည်။

🌾ပြည့်စေသူ မျိုးသန့်မျိုးစပါး ဖြန့်ချိရေး🌾
📌အမှတ်(၂၂)၊ငုဝါလမ်း၊နဝဒေးကုန်တင်ကားဝန်း၊
အရှေ့ဘက်တန်း၊ပြည်မြို့။

#မျိုးစပါး
#နွေစပါး

မတ်ပဲကို ၁လ ပိုင်းထဲ စိုက်ဖို့ရှိသေးတယ်ဆို TBL9 ကုမ္ပဏီထုတ် အိတ်ကလေးတွေ လိုသလောက်ရပါမယ်ခင်ဗျ ☎☎☎ပြည့်စေသူ မျိုးသန့်မျိုး...
07/01/2025

မတ်ပဲကို ၁လ ပိုင်းထဲ စိုက်ဖို့ရှိသေးတယ်ဆို TBL9 ကုမ္ပဏီထုတ် အိတ်ကလေးတွေ လိုသလောက်ရပါမယ်ခင်ဗျ
☎☎☎
ပြည့်စေသူ မျိုးသန့်မျိုးစပါးဖြန့်ချိရေး
09-400541592
09-693107742
09-758101025

ထိုင်းမျိုး   မျိုးသန့်စပါး ပြည့်စေသူ မျိုးသန့်မျိုးစပါးဖြန့်ချိရေး မှာရပါမယ် ခင်ဗျ။ မျိုးပေါက်နှုံး95%သက်တမ်း115-ရက်အထွ...
06/01/2025

ထိုင်းမျိုး မျိုးသန့်စပါး ပြည့်စေသူ မျိုးသန့်မျိုးစပါးဖြန့်ချိရေး မှာရပါမယ် ခင်ဗျ။

မျိုးပေါက်နှုံး95%
သက်တမ်း115-ရက်
အထွက်နှုန်း 140-180
အပင်အမြင့် ၃ပေ ခွဲ
ဆန်မာအုပ်စုပါဖြစ်ပြီး ဆန်သားမပျော့မမာ

နွေ/မိုး/ဆောင်းရာသီမရွေး
စိုက်နိုင်ပါသည်
အအေးဒါဏ်ပိုးမွှားဒါဏ်ခံနိုင်ပါသည်

ရာသီမရွေးစိုက်ပျိုးနိုင်ပြီး
စနစ်တကျစိုက်နိုင်ပါက

မျိုးပြန်ထားယူပြီး

နောက်ရာသီဆက်လက်စိုက်ပျိုးနိုင်ပါသည်

ဆန်သားကြည်လင်ပြီးစားလို့ကောင်းပါသည်

ချမ်းမြေ့ဇေယျာကုမဏီ
မှတ်ပုံတင်မျိုးပါ

တစ်အိတ် 25-kg/55lb

CSမျိုးကတော့မြန်မာပြည်မှမျိုးထုတ်ပညာရှင်များ
ဖြင့်စိုက်ပျိုးထုတ်လုပ်ထား
သောမျိုးကောင်းမျိုးသန့်ပါ
နှစ်ကြိမ်ထိပြန်စိုက်လို့ရပါတယ်

မှာယူလိုပါက Page Messenger (သို့)
☎️09-400541592
☎️09-693107742
☎️09-758101025 တို့ကို
ဆက်သွယ်မှာယူနိုင်ပါပြီ။

🚚နယ်ဝေးများကားဂိတ်တင်ပေးပါသည်။

🌾 ပြည့်စေသူ မျိုးသန့်မျိုးစပါး ဖြန့်ချိရေး 🌾
📌အမှတ်(၂၂)၊ငုဝါလမ်း၊နဝဒေးကုန်တင်ကားဝန်း၊
အရှေ့ဘက်တန်း၊ပြည်မြို့။

🌾 ပင်စည်တောင့်တဲ့ စပါးဆိုရင် 🌾 ဗျော့ထွန်း မျိုးစပါးရှိတယ် မျိုးစေ့ စမ်းသပ်ဖောက်ပြီး ကောင်းမှကောင်း ရာနှုန်းပြည့်နီးပါး အ...
05/01/2025

🌾 ပင်စည်တောင့်တဲ့ စပါးဆိုရင် 🌾 ဗျော့ထွန်း မျိုးစပါးရှိတယ် မျိုးစေ့ စမ်းသပ်ဖောက်ပြီး ကောင်းမှကောင်း ရာနှုန်းပြည့်နီးပါး အပေါက်ကောင်းတဲ့ ဗျော့ထွန်း မျိုးစပါး
ပြည့်စေသူ မျိုးသန့်မျိုးစပါးဖြန့်ချိရေး မှာ ရနိုင်ပါတယ်

သက်တမ်း ၁၄၀-၁၄၅

အပင်အမြင့် - ၃ပေခွဲ

စားသုံးမှုအဆင့် - ကောင်း / နူးညံ့

ဆန်ရည်ဆန်သား - ကြည်လင်

ထွက်နှုန်း - ၉၀ - ၁၄၀

🌱🌱🌱🌱🌱
ပြည့်စေသူ မျိုးသန့်မျိုးစပါး ဖြန့်ချိရေး
မှာယူလိုပါက Page Messenger (သို့)
☎️09-400541592
☎️09-693107742
☎️09-758101025 တို့ကို
ဆက်သွယ်မှာယူနိုင်ပါပြီ။

🚚နယ်ဝေးများကားဂိတ်တင်ပေးပါသည်။

🌾ပြည့်စေသူ မျိုးသန့်မျိုးစပါး ဖြန့်ချိရေး🌾
📌အမှတ်(၂၂)၊ငုဝါလမ်း၊နဝဒေးကုန်တင်ကားဝန်း၊
အရှေ့ဘက်တန်း၊ပြည်မြို့။

Address

Pyay

Opening Hours

09:00 - 17:00

Telephone

+959400541592

Website

Alerts

Be the first to know and let us send you an email when ပြည့်စေသူ မျိုးသန့်မျိုးစပါးဖြန့်ချိရေး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ပြည့်စေသူ မျိုးသန့်မျိုးစပါးဖြန့်ချိရေး:

Videos

Share