ပုံမှန်ဆို ခြံထဲမဆင်းတဲ့ အသန့်ကြိုက် သားချောလေး မြက်ဖြတ်ထားတော့ ဘယ်လို စိတ်ကူးနဲ့ ဆင်းလာလည်းမသိ
မား ကူ ဆင်းပေးပါဉီးတဲ့ အကြည့်က
Cat trees တို့ ကုတ်ဘုတ်တို့ ပေးထားလည်းဆော့မယ်မထင် ခွေးလှောင်အိမ်တွေက cat trees သစ်သားဘောင်တွေက ကုတ်ဘုတ် လိပ်ပြာလေးတွေက သူ့အတွက် သဘာဝ မြောင်ဆော့တံ
ဝယ်ပေးထားတဲ့ တချို့ ပစ္စည်းတွေဆို စိတ်ကိုမဝင်စားဘူး ဘောလုံး မြောင်ဆော့တံ အရုပ်ပိစိလေးတွေ သူက အစစ်နဲ့ပဲ ကစားတော့တာ
ဘေဘီတစ်သိုက်နဲ့ လမ်းလျှောက်ထွက်
တကောက်ကောက်လိုက်တဲ့အဖွဲ့ 😁
ရုပ်ကြမ်းပေမယ့် အသဲနုတယ် ဘေးက လေမှုတ်သံ ပေးလိုက်လို့ လန့်သွားတဲ့ပုံလေး 😂😂😂
Milk time 😍 အသက်သာကြီးလာတာ နို့သောက်တာမမုန်းကြဘူး သံချဆေး အားဆေး supplements တွေဆို သူတို့မစားေတာ့ နို့မှုန့်နဲ့ရောထည့်ပြီး ဖျော်တိုက်မှ ရတယ်
နို့မှုန့် ၂ဘူး ကုန် ပြီ သူတို့ နို့သောက်တာ တစ်ခါမှ record မယူဘူးလို့ နောက်တစ်ချိန်ပြန်ကြည့် အမှတ်တရဖြစ်အောင် Vedio လေးရိုက် 😘
အာဝုအစာကျွေးတာနဲ့ပတ်သက်ပြီး တချို့က အစာခြောက် ကျွေးတာကောင်း အဟာရပြည့်စုံတယ် ထမင်းက ကစီဓာတ်ဖြစ်လို့ ခွေးတွေအတွက် မကောင်းဘူး
တချို့က အစာခြောက်မှာ chemicalတို့ တာရှည်ခံဆေးတွေပါလို့ ရေရှည်မှာ မကောင်းဘူး ထမင်းကျွေးတာ ပိုကျန်းမာတယ် အမျိုးမျိုးပြောကြတယ်
မင်မင်အနေ နဲ့ ကတော့ အဆင်ပြေရာကို ကျွေးပါ အဟာရပြည့်စုံအောင်ကျွေးပါ
မင်မင့်အိမ်က အစာခြောက်ကျွေးတဲ့ဖောက်ခြံက ဝယ်တဲ့ အာဝု ၃ကောင် rott နဲ့ alsation လေးက အိမ်ရောက်ကတည်း အစာခြောက် ကျွေးတာ မစားတာ အငတ်နေတာ သွားရေစာပုံစံ တစ်ခါတစ်ရံပဲစားတယ်
ရှီဇူးလေးက စားတော့စားတယ် တစ်ရက်တစ်နျပ်ပဲ စားပြီး နောက်တစ်နပ်ကျွေးရင် မစား ထမင်းပြောင်းကျွေးရတယ် ချစ်တော့လည်း သူတို့ ဆန္ဒပြရင် ကိုယ်ကျဆုံးတာပဲ အငတ်မှ မထားနိုင်တာကိုး
ထမင်းကျွေးတဲ့ အဖွဲ့ကဆိုရင် vedio မှာ ဆရာလေး ပြောသလိုပဲ အဟာရပြည့်စုံမျှတအောင
အိမ်က အာဝုမျိုးနွယ် ဂျပု ၄ကောင် နဲ့ ဂျမ်းထော ၂ကောင် အတွက် အိမ်လေး ဆောက်ပေးဖြစ်တယ် လိုအပ်တာလေးတွေတော့ တဖြည်းဖြည်းမှ ထပ်ဖြည့်ရမယ်
လိုအပ်တာလေးတွေ အကြံပေးလို့ရပါတယ်ရှင့် သူတို့အဆင်ပြေဖို့ ပထမ ပါပဲ 😍
လွှတ်ခြံလေး လှောင်အိမ်လေး ဝယ်ဖို့ စျေးမေးရင်း စျေးတွေကြည့် သွေးတက်လာတာနဲ့ သံဂျီးတက်လို့ မသုံးတော့ဘူးဆိုပြီ ချောင်ထိုးထားတဲ့ ၃ပေ ေလှာင်အိမ်ကို ကော်ပတ်စား ဆေးသုတ်ပြီး အရင်ေရပိုက်နဲ့လက်တည့်စမ်းလုပ်ကြည့်ပြီး အချောမသတ်ရသေးတဲ့ လွှတ်ခြံလေးကို ကိုယ်တိုင်ပဲ သံဇကာဝယ်ကပ် အချောသတ်လိုက်တော့တယ်
Play pen ကိုယ်တိုင် လုပ်ချင်သူများ try ကြည့်ပါ မင်မင်လုပ်ထားတာ ၅ပေ ၃ပေ အမြင့် ၂၀လက်မ စျေးက ထက်ဝက်မက အရမ်း သက်သာ ခေါက်လို့တော့မရဘူး ပိုခိုင်ခန့်တယ် ပိုပြီးကျယ်ဝန်းတယ်
ကလေးတွေအတွက်ဆို အရမ်း စိတ်ရှည်သော ကျွန်မ 😁
ဝယ်ယူတဲ့ ကာကာလေး အရာရာ အဆင်ပြေပါစေ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေရှင် 🙏🙏🙏
သားသားမီးမီးလေးတွေထပ်တိုးဖို့ အရိပ်အယောင်တော့ မြင်နေရပြီ မြောင် 18+ တွေတော့ မတင်တော့ဘူး 😍
ချစ်ဆုံးလေးတွေအတွက် လိုအပ်တာ ထပ်ဖြည့် ဒီလက 🐱မြောင်🐱 လ 😘
RC hair and skin 9လရှိပြီဆိုတော့ စကျွေးကြည့်ပြီ စျေးကြီးတော့ 1kg အလီလီ ဝယ်နေရ