14/02/2023
Grape🍇 & Honey 🍯ရဲ့ ဘူး တစ်ဘူးချင်း စီတိုင်းက သောက်သုံးသူတိုင်းရဲ့ အကျိုးကျေးဇူးအတွက် ပါဝင်ပစ္စည်း တစ်ခုချင်းက ပြီးပြည့်စုံတဲ့ အဓိပ္ပာယ် တွေနဲ့ ထုတ်လုပ်ထားတာပါ။
War Horse - Grape & Honey ကို တောင်ပေါ်ဒေသမှ အအေးပိုင်းရာသီတွေ မှာ သီးပွင့်လာတဲ့ စပျစ်သီး🍇၊ အရည်အသွေးပြည့်ဝသော ပျားရည်🍯 နှင့် မြန်မာ့ သဘာဝ ဆန်အရက်တွေကို ကိုးရီးယားနည်းပညာနဲ့ အဆင့်ဆင့် ပေါင်းခံပြီး ထုတ်လုပ်ထားပါတယ်။
စပျစ်သီးရဲ့ ချိုမြိန်မှုအရသာ ပျားရည်နဲ့ ဆန်အရက်ရဲ့ ပူရှရှ အရသာတို့ သောက်သုံးလိုက်တိုင်းမှာ လည်ချောင်းတစ်လျှောက် နွေးထွေးမှုကို ခံစားရစေပြီး ချိုမြိန်တဲ့ အရသာလေးက ပါးစပ်ထဲ စွဲ သွားစေမှာပါ။
Alcohol ပါဝင်မှုကလည်း 12% ပဲ ရှိတဲ့ အပြင် လူငယ် မိန်းကလေးတွေ အကြိုက် အရသာကို လေ့လာပြီး ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။
ဒါ့ အပြင် သယ်ယူရလွယ်ကူပြီး သောက်သုံးရ လွယ်ကူတဲ့ ဗူးပုံစံကို ပြုလုပ်ထားပြီး အစားအသောက် အသိအမှတ်ပြုတံဆိပ် FDA ရထားတဲ့ ပြည်တွင်းဖြစ် ထုတ်ကုန် တစ်ခုလည်း ဖြစ်ပါတယ်။
ဒါ့ကြောင့်မလို့ မိသားစုတွေ တူစုံညီတဲ့ ကာလတွေ ဖြစ်စေ၊ ချစ်သူနဲ့ သာယာတဲ့ အခိုက်အတန့်တွေ ဖြစ်စေ၊ သူငယ်ချင်းတွေနဲ့ ပျော် ရွှင်တဲ့ အချိန်တွေ ဖြစ်စေ အချိန်တိုင်းမှာ War Horse - Grape & Honey က အတူရှိနေပါမယ်။ ✨✨
"ရွှေရောင်နေ့ရက်များကို ဖန်တီးရင်း ......"