KK Pet House - TGI
KK Pet House - TGI Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from KK Pet House - TGI, Pet Supplies, Taunggyi.
For saleHusky- femaleSpenial -female Pom mix -female(2)09-69912550009-680 769 029AUNG THA PYAY, SHWE NYAUNG.
13/12/2022
For sale
Husky- female
Spenial -female
Pom mix -female(2)
09-699125500
09-680 769 029
AUNG THA PYAY, SHWE NYAUNG.
45ရက်ပြည့်ပါပြီ 🐶Female -2အောင်သပြေ မျက်မြင်ကြည့်နိုင်ပါတယ်။09-680769029
09/12/2022
45ရက်ပြည့်ပါပြီ 🐶
Female -2
အောင်သပြေ မျက်မြင်ကြည့်နိုင်ပါတယ်။
09-680769029
For saleDay 35Female 09-42142750009-699125500
28/11/2022
For sale
Day 35
Female
09-421427500
09-699125500
အဖေထက် သား နားရွက်ကြီး 🐱
28/11/2022
အဖေထက် သား နားရွက်ကြီး 🐱
Gusse who's back ✌️💛
20/11/2022
Gusse who's back ✌️💛
🤍
20/11/2022
🤍
12/11/2022
သံယောဇဉ်လေးတွေ 😍😍
တက်ခွခြင်း Hu***ng behavior in Dogsကိုယ့်ခွေးက တခြားခွေးကို တက်ခွ နေလို့ သားစပ်လို့ ရပြီလား၊ ပေးစားလို့ ရပြီလားတွေ ခဏခဏ ...
28/10/2022
တက်ခွခြင်း Hu***ng behavior in Dogs
ကိုယ့်ခွေးက တခြားခွေးကို တက်ခွ နေလို့ သားစပ်လို့ ရပြီလား၊ ပေးစားလို့ ရပြီလားတွေ ခဏခဏ မေးကြပါတယ်။ ခွေးကြီးတင်မက အခုမှ ပေါက်တဲ့ ၆လသား ခွေးလေးတွေ၊ ၂-၃လ ကလေး‌တွေ အကုန် တက်ခွ ကြပါတယ်။
တက်ခွတယ် hump လုပ်တယ် ဆိုတာ အကြောင်း အမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။
✅အရမ်းအားယားပြီး လုပ်စရာ မရှိတဲ့ အခါ
လေ့ကျင့်ခန်း၊ လမ်းလျှောက်တာ၊ ကစားတာမျိုး မှန်မှန် မလုပ်တဲ့ အခါ ခွေးက အားယားပြီး သူ့ energy ကိုဘယ်လို ဖြုန်းရမလဲ မသိပါဘူး။ အဲ့တော့ သူလုပ်တတ်တဲ့ လူခြေထောက်တွေ၊ အရုပ်တွေကို တက်ခွပါတယ်။
လေ့ကျင့်ခန်း ပုံမှန် လုပ်ရင် ရင် တက်ခွချင်စိတ် နည်းသွား ပါမယ်။
✅အရမ်း စိတ်လှုပ်ရှားတဲ့ အခါ - ဥပမာ လူစိမ်း ဧည့်သည်လာလို့ အရမ်း စိတ်လှုပ်ရှား တဲ့အခါ တက်ခွ ပါတယ်။
✅Dominance ကြီးစိုးမှု၊ သာလွန်မှုကို ပြချင်တဲ့ အခါ တက်ခွပါတယ်။ အထူးသဖြင့် နှစ်ကောင် မွေးထားတဲ့ အိမ်မှာ တွေ့ရပါတယ်။
✅ဟော်မုန်း အပြောင်းအလဲ၊ ရောဂါ တစ်ခုခုကြောင့် ယားတာ၊ နေမထိ ထိုင်မသာ ဖြစ်တဲ့ အခါ တက်ခွ ပါတယ်။ အသက် ၇-၈လ အရွယ် ခွေးတွေမှာ ဟော်မုန်း စပြောင်းတဲ့ အခါ တက်ခွ ကြပါတယ်။
✅ဆော့ကစားတဲ့ အနေနဲ့လည်း တက်ခွ ကြပါတယ်။
✅သားတောင်းတဲ့ အခါ တက်ခွ ကြပါတယ်။
hump အပြုအမူက သခင်အတွက်တော့ ရှက်စရာ ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။ ဒါကြောင့် မကြိုက်ရင် ငယ်ငယ်ကတည်းက၊ စလုပ်ကတည်းက No ဆိုပြီး ဟန့်တားပြီး သင်ပေးလို့ ရပါတယ်။
သားဘယ်လောက် တောင်းတယ် ပြောပြော ခွေးမက ဟိမလာဘဲ စပ်မရတာကို အတင်းတွေ လုပ်ခိုင်း ချင်ကြတာက လေဥပဲ ရမယ်။ 😤😤
Crd
D.O.B-23.10.2022Female-2
23/10/2022
D.O.B-23.10.2022
Female-2
ကိုယ့်နားက ဝယ်သွားတဲ့အသည်းလေးတွေကြီးလေ ချစ်ဖို့ကောင်းလေ 😍😍😍
23/10/2022
ကိုယ့်နားက ဝယ်သွားတဲ့အသည်းလေးတွေ
ကြီးလေ ချစ်ဖို့ကောင်းလေ 😍😍😍
ခွေးပေါက်လေးတွေ လိုချင်သူများ လာယူလို့ရပါတယ် ၊အမျိုးအစားမေးခြင်းသည်းခံပါ ပုံတောင်းခြင်း သည်းခံပါသေချာမွေးဖို့တကယ်လိုချင်...
27/09/2022
ခွေးပေါက်လေးတွေ လိုချင်သူများ လာယူလို့ရပါတယ် ၊
အမျိုးအစားမေးခြင်းသည်းခံပါ
ပုံတောင်းခြင်း သည်းခံပါ
သေချာမွေးဖို့တကယ်လိုချင်ရင်လာယူပါ။
နယ်ဝေးမပို့ပါ ။လာခေါ်ပေးရပါမယ် 🐕
09-421427500
အချစ်ကို ချစ်တယ်လို့ ပြောမထွက်တဲ့အခါယုယုယယ ပွေ့ချီဖို့ခွေးလေးတစ်ကောင်တော့ လိုကိုလိုအပ်ပါတယ်။Crd SKSW
13/09/2022
အချစ်ကို ချစ်တယ်လို့ ပြောမထွက်တဲ့အခါ
ယုယုယယ ပွေ့ချီဖို့
ခွေးလေးတစ်ကောင်တော့ လိုကိုလိုအပ်ပါတယ်။
Crd SKSW
အဟာရပြည့်ဝအောင်🥩🍤🥬🌽 ခွေးတကောင်ကို အစာကျွေးမွေး ခြင်းအမျိုးမျိုး🐶        ကျနော်တို့ရဲ့အိမ်မွေးအချစ်တော်ခွေးလေးတွေကို ပိုဝ...
08/09/2022
အဟာရပြည့်ဝအောင်🥩🍤🥬🌽 ခွေးတကောင်ကို အစာကျွေးမွေး ခြင်းအမျိုးမျိုး🐶
ကျနော်တို့ရဲ့အိမ်မွေးအချစ်တော်ခွေးလေးတွေကို ပိုဝလာအောင်ပိုလှလာအောင် 🐷စမွေးမည့်သူများအနေနဲ့ အတော်လေးလိုက်မေးလေ့ရှိတဲ့မေးခွန်ပါဘဲ👍 ဘာလို့ဆို ကိုယ်ကချစ်လို့မွေးထားတော့လှချင်တာ သဘာဝဘဲလေခင်ဗျာ🙂။တယောက်နဲ့တစ်ယောက် နဲ့မွေးပုံချင်းလည်းမတူနိုင် အစာကျွေးမွေးပုံကလည်း တခါတလေ အတော်လေးကွဲပြားပါသည်။ တချို့ကအစာခြောက်တမျိုးတည်းကျွေးပြီး တချို့က ကြက်သား ကြက်ခေါင်းများကိုပြုတ်ြပီးကို အစာခြောက်နင့်ရောကျွေးတက်သည်🐶 ။ အဲ့အစာခြောက်ကို ရေစိပ်ကျွေးပြီးနောက်တစ်ယောက်မှာ ဒီအတိုင်းကျွေးသည် နောက်တဦးကလည်း ရေနွေးစိပ်ပြီးအအေးခံကျွေးပါသည် စမွေးမည့်သူမှာအတော်လေးခေါင်းပူစေပါတယ်။ ကျနော့်အနေနဲ့့ပြောချင်တာကတော့ တိကုတွေနဲ့တိုင်ပင်ကျွေးမွေးစေချင်ပါတယ်✌️ ဘာကြောင့်လဲဆိုတော့ လိုအပ်ချက်ကို တိကုဆရာများက မိမိထက်နားလည်တက်ကျွမ်းသောကြောင့်ဖြစ်သည် ။ ကျနော်ရဲ့ အမြင်ကို ပြောရရင် အသားတို့ငါးတို့ချက်ကျွေးတာက လူကအချိန်အတော်ပေးကပါသည် ⏰ ပြီးတော့မိမိက အဟာရပြည့်မီအောင် ဟင်းသီးဟင်းရွက်များ🌽🥕🥔🍠 အဟာရပြည့်မှီအောင်ထည့်ပေးကသည်လည်းတကြောင်းမို့ဖြစ်သည် အာ့ကြောင့်အစာခြောက်က အစာဆိုထက်ပိုသင့်တော်ပေသည်။
ကျနော်ကတော့ အိမ်မှာအစာခြောက်မကျွေးပါ နေတိုင်း အသားအုပ်စုတစ်မျိုး🥩 အရိုးအုပ်စုဝင်များ 🦴အတွင်းကလီစာ 🍖အုပ်စုကို အပက်စဉ်အလှည့်ကျချက်ကျွေးပါသည် ။ထိုချက်သည့်ထဲတွင် ရွှေဖရုံးသီး တစိပ် အာလူးတလုံး🥔 ခါကြက်ဥတစ်လုံး 🥕ပြောင်းဖူးတစ်စုပ်🌽 ကုလားဘဲနင့် အခြားအသီးနံ 🍠🥦🥬၃မျိုးလောက်ရှိရှိသလို ထည့်ကျွေးပါသည်စုံအောင်နေတိုင်းထမင်းနှင့်ရောကျွေးပါသည်။အရိုး အသား အတွင်းကလီစာတွေဟာ ဘာတွေပါလဲလို့ကို K9talkမှာ့သွားလေ့လာနိုင်ပါသညအသေးစိတ် Videoကို။
ဆေးကတော့ အဟာရမျှတအောင် ကျနော်အမြဲတိုက်တာက ၆လအောက်ဆို ပရိုဗစ်တာမင်(်စိမ်းပြာရေညှိ)💊 မနက်၂လုံးည၂လုံးတိုက်ပါတယ် အမွေးအရည်ပြားကျန်းမာနေအောင် ငါးကြီးဆီ 🐳၁လုံးနဲ့ ကယ်ဆီဖော့တခြမ်းတိုက်ပါတယ် ဒိုဘာမင်လိုအရပ်ရှည်တဲ့ခွေးမျိုးကတော့ အစာခြောက်ကျွေးကျွေးအစာစိုကျွေးကျွေးလိုအပ်ပါသည် ကယ်ဆီဖော့တိုက်ပေးရန်။ အစာခြောက်ကျွေးသူတွေအနေနဲ့ကတော့ သိပ်ပြီး တော့ဖြည့်စွက်စာကျွေးရန်မလိုပေ လိုအပ်သည့်အဟာရသည်ဓတ်တွေအစာခြောက်ထဲတွင် ပါဝင်ပေါင်းစပ်ထားသောကြောင့်ဖြစ်သည်။ဘယ်အစာခြောက်က ကောင်းလဲမေးရင် ကျနော်လည်း အများကြီးမသုံးဘူးတော့မသိပါဘူးခင်ဗျ✌️ အားလုံးကောင်းပါတယ် ကိုယ်နဲ့သင်တော်ရာသုံးပါလို့ ပြောလိုက်ပါရစေခင်ဗျာ🙂🙂။
အစဉ်ကြိုးစား ရေးသားလျှက်
Crd 🐳
ကိုယ်ဝန်ဆောင်ကာလ အရည်ဆင်းခြင်းသိမှတ်ဖွယ်ရာ♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦ ခွေး​တွေရဲ့ကိုယ်ဝန်ဆောင်ကာလတစ်လျှောက်လုံးမှာ  အရည်ဆင်းတာက အ...
08/09/2022
ကိုယ်ဝန်ဆောင်ကာလ အရည်ဆင်းခြင်းသိမှတ်ဖွယ်ရာ
♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦
ခွေး​တွေရဲ့ကိုယ်ဝန်ဆောင်ကာလတစ်လျှောက်လုံးမှာ
အရည်ဆင်းတာက အထူးအဆန်းမဟုတ်ပါဘူး..
ဒါကြောင့် သင့်ချစ်ရတဲ့ ခွေးမိခင်လောင်းမှာ မိန်းမကိုယ်အတွင်း အရည်အထွက်နေတယ်ဆိုရင် ထိတ်လန့်မနေပါနဲ့။
အရေးကြီးတာက ပုံမှန်အထွက်တတ်တဲ့ အရည်ပုံစံနဲ့ ထူးခြားတဲ့ အရည်ဆင်းခြင်း ကွာခြားချက်ကိုတော့ သိထားရပါမယ်...
📌 ခွေးချွဲဂင်
-------------------------
ကိုယ်ဝန်ဆောင်ခွေး၏ ကိုယ်ဝန်ဆောင်ကာလတွင်..
သားအိမ်အတွင်းမှ ဘက်တီးရီးယားပိုးမွှားများကို အကာအကွယ်ပေးသည့်ချွဲအပေါက် တစ်ခုဖြစ်ပေါ်လာမည်ဖြစ်သည်။
ကြက်ဥအဖြူနှင့်ဆင်တူသော အဖြူအရည်ဖြစ်ပြီး အနံ့မရှိသင့်ပါ။
အချို့သောခွေးများတွင်၊ ချွဲပလပ် / သားစီးရည်များသည် ကိုယ်ဝန်တစ်လျှောက်လုံး အရည်ဆင်းစေသည်။
ပလပ်တစ်ခုလုံး မိန်းမအင်္ဂါမှထွက်လာပါက၊ ခွေးပေါက်လေးများမကြာမီရောက်လာမည်ကို ညွှန်ပြသည်။
ချွဲပလပ်/သားစီးရည်သည် အစိမ်းရောင်၊ သွေးထွက်သံယို သို့မဟုတ် နံစော်နေပါက၊ ၎င်းသည် ❌အနီရောင်သတိပေးချက်ဖြစ်သည်။ခွေးသည် သားအိမ်ပိုးဝင်ခြင်းကို တိုက်ထုတ်နေခြင်း သို့မဟုတ် သူ့အတွင်း၌ သန္ဓေသားသေနေပြီဟု ညွှန်ပြ​ခြင်းဖြစ်သည်။
☢ သွေးထွက်သံယို ဆင်းခြင်း
--------------------------------------------------
ကိုယ်ဝန်ဆောင်ခွေး၏ သွေးထွက်သံယိုသည် ကိုယ်ဝန်ပျက်ကျခြင်း၏ ရှေ့ပြေးလက္ခဏာကို သက်သေပြနိုင်သည်။
ထိုအချိန်တွင် သန္ဓေသား၏ အရွယ်အစားပေါ် မူတည်၍ သန္ဓေသား အကြွင်းအကျန်ကို သင်တွေ့ရှိနိုင်သည်သို့မဟုတ် မတွေ့နိုင်ပေ။
ကိုယ်ဝန်ပျက်ရသည့်အကြောင်းရင်းကို ရှာဖွေရန်နှင့်သားအိမ်အတွင်း သန္ဓေသားအကြွင်းအကျန်မရှိကြောင်း သေချာစေရန် တိရစ္ဆာန် ဆရာဝန်အား အန်ထရာဆောင်း ရိုက်ခိုင်းရန် အရေးကြီးပါသည်။သားအိမ်အတွင်း တစ်ခုခုကို ချန်ထားခဲ့ပါက သွေးယိုခြင်း သို့မဟုတ် ရောဂါပိုးဝင်ခြင်းတို့ကို ဖြစ်စေနိုင်သည်
☢ အစိမ်းရောင်အညစ်အကြေး ဆင်းခြင်း
-------------------------------------------------------------
ကိုယ်ဝန်ဆောင်ခွေးတွင် အစိမ်းရောင်အရည်ဆင်းခြင်းဆိုသည်မှာ ခွေးပေါက်ကလေးများကို မိခင်နှင့်ချိတ်ဆက်ပြီး အာဟာရဖြည့်ပေးသော အချင်းသည် ကွဲကွာသွားခြင်းကို ဆိုလိုသည်။
အကယ်၍ ခွေးကလေးများသည်...
အစိမ်းရောင်အရည်ဆင်းပီး မကြာခင် / ချက်ချင်းမမွေးပါက
သားအိမ်ထဲတွင် သေဆုံးနိုင်ဖွယ်ရှိသည်။
ကိုယ်ဝန်ဆောင်ခွေးသည် မွေးဖွားရက် / Due Dateမတိုင်ခင် အစိမ်းရောင်အရည်ဆင်းခြင်း
ပေါက်လာပါက အရေးပေါ်တိရစ္ဆာန်ဆေးကုခန်းသို့ ချက်ချင်းခေါ်သွားပါ။
📌 အညိုရောင်ဆင်းခြင်း
--------------------------------------------
မွေးရက်အနီးတွင် အညိုရောင် ဆင်းခြင်းသည် မွေးဖွားခါနီး လက္ခဏာများထဲမှ တစ်ခုဖြစ်သည်။ အရည်ထွက်ခြင်းမှာ ရေစိမ့်ဝင်နိုင်ပြီး ချွဲအချို့ပါရှိသည်။
အကယ်၍ သင်သည် အညိုရောင်အဆင်းအရည်ကိုတွေ့ပါက..
သင့် ခွေးတွင် အသိုက်လုပ်သည့်အပြုအမူများအပြင်..
အခြားသောလက္ခဏာများဖြစ်သည့် ထိုင် မလို / ထ မလို ကုတ်​ခြစ် ညည်းတွားနေပါက မကြာမီမွေးဖွားလာမည်ကို သတိပြုမိရပါမည်။
📌 မွေးဖွားမည့်အချိန်ကို အနီးကပ်ခန့်မှန်းခြင်း
-------------------------------------------------------------------------
သင့်ခွေးကို မွေးရက်ပြည့်သည့်အချိန်တွင် သာမိုမီတာဖြင့် အပူချိန်
တိုင်းတာခြင်းဖြင့်လဲ သိရှိနိုင်ပါသည်။
သာမန်အပူချိန်သည် 100.5 ကနေ 102.5ကြားရှိပီး..
မွေးဖွားခါနီးအချိန်တွင် အပူချိန်သည် 99 ဒီဂရီအောက်သို့ ကျဆင်းသွားမည်ဖြစ်သည်။
နောက်တနည်းမှာ မနက်အစာ(လုံးဝ)မစားလျှင်..
နေ့လည် (သို့မဟုတ်)ညနေပိုင်းတွင်မွေးဖွားတတ်ပီး...
ညနေပိုင်းအစာ(လုံးဝ)မစား​​တော့လျှင်...
ညဦးပိုင်း / လင်းအားကြီးချိန် တွင်မွေးဖွားတတ်​ကြသည်။
to original writter
Edit by PT ROTT
Home services at KENNEL SEVENGrooming ✂️🧡🐶🐕
31/08/2022
Home services at KENNEL SEVEN
Grooming ✂️🧡🐶🐕
30/08/2022
Angle🐕
ခွေးရဲ့ကိုယ်ဝန်တစ်လျှောက်လုံးမှာ အရည်ဆင်းတာက အထူးအဆန်းမဟုတ်ပါဘူး၊ ဒါကြောင့် သင့်ချစ်ရတဲ့မိခင်လောင်းမှာ မိန်းမကိုယ်အတွင်း...
24/08/2022
ခွေးရဲ့ကိုယ်ဝန်တစ်လျှောက်လုံးမှာ အရည်ဆင်းတာက အထူးအဆန်းမဟုတ်ပါဘူး၊ ဒါကြောင့် သင့်ချစ်ရတဲ့မိခင်လောင်းမှာ မိန်းမကိုယ်အတွင်း အရည်အထွက်များနေတယ်ဆိုရင် ထိတ်လန့်မနေပါနဲ့။အရေးကြီးတာက ပုံမှန်အထွက်နှုန်းနဲ့ ဒုက္ခညွှန်ပြတဲ့ ကွာခြားချက်ကို သိဖို့ပါပဲ။
👉 ခွေးချွဲဂင်
ကိုယ်ဝန်ဆောင်ခွေးသည်သားအိမ်ခေါင်းအတွင်းမှ ဘက်တီးရီးယားပိုးမွှားများကို ကာကွယ်ပေးပြီး သားအိမ်အတွင်းမှ ဘက်တီးရီးယားပိုးမွှားများကို အကာအကွယ်ပေးသည့်ချွဲအပေါက် တစ်ခု
ချွဲပလပ်သည် အစိမ်းရောင်၊ သွေးထွက်သံယို သို့မဟုတ် နံစော်နေပါက၊ ၎င်းသည် အနီရောင်သတိပေးချက်ဖြစ်သည်။ခွေးသည် သားအိမ်ပိုးဝင်ခြင်းကို တိုက်ထုတ်နေခြင်း သို့မဟုတ် သူ့အတွင်း၌ သန္ဓသေားသေနေပြီဟု ညွှန်ပြနိုင်သည်။
👉 သွေးထွက်သံယို
-------------------------
------------------------------------
👉 အညိုရောင်
---------------------
အကယ်၍ သင်သည် အညိုရောင်အဆင်းအရည်ကိုတွေ့ပါက၊ သင့် ​ခွေး တွင် အသိုက်လုပ်သည့်အပြုအမူများကဲ့သို့သော အခြားသောလက္ခဏာများဖြစ်သည့် သင့်အိမ်မွေး တိရိစ္ဆာန်တွင် မကြာမီမွေးဖွားလာမည်ကို သတိပြုမိရပါမည်။
သင့်ခွေးကို မွေးရက်ပြည့်သည့်အချိန်တွင် အပူချိန် ခဏခဏ တိုင်းပေးရန်လိုအပ်ပါသည် ။
သာမန်အပူချိန်သည် 100.5 ကနေ 102.5ကြားရှိပီး မွေးခါနီးအချိန်တွင် 99 ဒီဂရီအောက်သို့ ကျဆင်းသွားမည်ဖြစ်သည်။
Writing by Htoo Min Myat
 #ပိုင်ရှင်ရသွားပါပြီ တအုပ်လုံးခေါ်သွားပေးလို့ကျေးဇူးတင်ပါတယ်ဗျာEDIT -အမျိုးအစားမေးခြင်းသည်းခံပါ သေချာမွေးဖို့တကယ်လိုချင...
15/08/2022
#ပိုင်ရှင်ရသွားပါပြီ တအုပ်လုံးခေါ်သွားပေးလို့ကျေးဇူးတင်ပါတယ်ဗျာ
EDIT -အမျိုးအစားမေးခြင်းသည်းခံပါ သေချာမွေးဖို့တကယ်လိုချင်ရင်လာယူပါ။
ခွေးပေါက်လေးများလိုချင်ရင် ဆက်သွယ်ပေးပါ ။
ပြန်မရောင်းပဲသေချာမွေးမယ်ဆို အလကားပေးပါမယ် ။
နယ်ဝေးမပို့ပါ ။လာခေါ်ပေးရပါမယ် 🐕
ဆေးဖိုးတော့အကုန်ကျခံရပါမယ် အလကားပေးရင်တန်ဖိုးမထားကြတာနဲ့ သူများကိုပေးပစ်တာ ရောင်းပစ်တာတွေရှိလို့ပါ။
မမဗိုက်😁ဇိမ်ခံချက်က တရေးရသွားတယ်
10/08/2022
မမဗိုက်😁
ဇိမ်ခံချက်က တရေးရသွားတယ်
06/08/2022
ဒီ့ထက်ပိုမွှေတယ်ဆိုတာ မသိလို့မွေးမိတာထက်
သိသိရက်နဲ့မွေးမိတာ ပိုခံရခက်နေတယ်🤣
Home servicesSpaပို့ချင်ပေမဲ့ ကလေးတွေကို စိတ်မချသူများ ။Spaပို့ချင်ပေမဲ့ အချိနိမပေးနိုင်သူများ အတွက် ရည်ရွယ်၍အိမ်တိုင်ရာ...
06/08/2022
Home services
Spaပို့ချင်ပေမဲ့ ကလေးတွေကို စိတ်မချသူများ ။
Spaပို့ချင်ပေမဲ့ အချိနိမပေးနိုင်သူများ အတွက် ရည်ရွယ်၍
အိမ်တိုင်ရာရောက် စိတ်တိုင်းကျဝန်ဆောင်မှုပေးပါသည်။
04/08/2022
သမီးမိန်းခလေးဆိုတော့ သိပ်မဆော့ရှာဘူး
အေးသာယာသူလေး
သခင်ကိုယ်စီဖြစ်သွားကြပြီ🥰
04/08/2022
သခင်ကိုယ်စီဖြစ်သွားကြပြီ🥰
ကဲ ..သခင်သစ်လက်ထဲ ကျန်းမာပျော်ရွှင်ပါစေသမီးရေ ...ဝယ်ယူသွားတဲ့ အစ်မ အထူးကျေးဇူးပါ ဈေးမဆစ်လို့😁သွားလမ်းသာလို့လာလမ်းဖြောင့်...
03/08/2022
ကဲ ..သခင်သစ်လက်ထဲ ကျန်းမာပျော်ရွှင်ပါစေသမီးရေ ...
ဝယ်ယူသွားတဲ့ အစ်မ အထူးကျေးဇူးပါ ဈေးမဆစ်လို့😁
သွားလမ်းသာလို့လာလမ်းဖြောင့်ပြီး အလုပ်အကိုင်များလဲ ဒီ့ထက်မကအဆင်ပြေပြီး အသက်ရှူတိုင်းငွေဝင်ပါစေဗျာ 😁
03/08/2022
For sale
၂၇ရက်သားလေး အသံကြားရာနောက်ပြေးလိုက်တတ်နေပီ
😍😍😍
ကလေးပိုင်ရှင်များ လာခေါ်လို့ရပါပြီခင်ဗျာ 🐕💗လာခေါ်မယ်ဆိုဖုန်းကြိုဆက်ပေးပါ☎️09-42142750009-699125500
03/08/2022
ကလေးပိုင်ရှင်များ လာခေါ်လို့ရပါပြီခင်ဗျာ 🐕💗
လာခေါ်မယ်ဆိုဖုန်းကြိုဆက်ပေးပါ☎️
09-421427500
09-699125500
26/07/2022
ထွီး အေးဆေးပဲ ဟျောင့်🤣
အစာကောက်ပြီး သကာလ😋နောက်တပတ်ဆို သခင်အသစ်ဆီရောက်တော့မှာပါလား 💗🐕💗
24/07/2022
အစာကောက်ပြီး သကာလ😋
နောက်တပတ်ဆို သခင်အသစ်ဆီရောက်တော့မှာပါလား 💗🐕💗
 #သွေးဝမ်းရောဂါ အတွက် အထူးသတိထားစရာ လေးတွေပါ ရောဂါတွေများစွာထဲ ကျမ အကြောက်ဆုံးရောဂါဟာသွေးဝမ်းရောဂါပါ ပဉ္စလက် သိပ်ဆန်ပီး ...
22/07/2022
#သွေးဝမ်းရောဂါ အတွက်
အထူးသတိထားစရာ လေးတွေပါ
ရောဂါတွေများစွာထဲ ကျမ အကြောက်ဆုံးရောဂါဟာ
သွေးဝမ်းရောဂါပါ
ပဉ္စလက် သိပ်ဆန်ပီး မာယာများတဲ့ရောဂါဖြစ်ပါတယ်
Do or Die
5 ရက်အတွင်း
တန်း နေ့မြင်ညပျောက်ရောဂါဆိုလဲမမှားပါပူးး
အရင်ကတော့ ဆောင်းတွင်းမှာ သွေးဝမ်းရောဂါ
အဖြစ်များတတ်လို့
ဆောင်းကိုကျမတို့ ကြောက်ခဲ့ရပေမဲ့
အခု နွေမိုးဆောင်းရာသီမရွေး ဖြစ်နေပါပီ
နောက်တခု
ကိုယ့်ကလေးမှာ ရောဂါ စဖြစ်ပီဆိုရင်
ကလေးကလဲ အသက်၄လ မကျော်သေး
ကာကွယ်ဆေးမစုံသေးရင်
စိတ်သာလျှော့ထားကြပါတော့ ..
ကာကွယ်ဆေးရယ်
ကာကွယ်ဖို့ရယ်ပဲ ရှိပီး
ကုသဆေးလုံးဝမရှိပါပူး
ကာကွယ်ဆေး ၂ကြိမ်ထိုးပီး
အပြည့်အဝ အာနိသင်ရပီးမှသာ ကယ်နိုင်ချေ
မျှော်လင့်လို့ရပါတယ်
ဒါတောင် ၁၀၀ မှာ ၉၀ လောက်
အသက်ဆုံးရှံုးတာများပါတယ်
ကာကွယ်ဆေး တကြိမ်ပီးရုံနဲ့တော့ စိတ်မချရပါ
ဒီရောဂါ မိမိကလေးမှာ
ဝင်လာပီဆိုရင် မိမိစိတ်ကို ပြင်ဆင်ထားကြပါ
ကလေးက ဝေဒနာကိုအလူးအလဲခံစားရပီး
အစာ ရေ ဖြတ်ရတာမို့ မြင်တွေ့ရတာ
သခင်ပါ စိတ်ဓာတ်ကျ ဗုန်းဗုန်း လဲနိုင်ပါတယ်
အရင်ကတော့ သွေးဝမ်းကို ၃ရက် ကာလလို့
သတ်မှတ်ပေမဲ့ အခု တပတ်ထိ ကြာတတ်ပါတယ်
တချို့ကလေးတွေက လုံးဝ ဝမ်းမသွားဘဲ
အန်ရုံသာ အန်တာပါဆိုပီး သခင်တွေဟာ
သိပ်အခြေအနေမဆိုးပါပူးလို့
သတ်မှတ်တတ်ကြပါတယ်
တချို့ကလေးတွေကျ
ဖြစ်နေစဉ် ၂-၃ ရက်မှာ အန်ပဲအန်တယ်
ဝမ်းမသွားတာတွေ ရှိတတ်ပါတယ်
သေဆုံးခါနီးမှ သွေးဝမ်းတွေ
အများကြီးသွားပီး သေတာလဲ ရှိပါတယ်
သွေးဝမ်းသွားမှ သွေးဝမ်းရောဂါမဟုတ်ပါ
အန်နေရင်လဲ အထူးသတိထားရပါမယ်
ရောဂါက ကောင်းသယောင်ဟန်ပြလာပီး
နောက်ရက် တန်းသေတာလဲ ရှိပါတယ်
ပရိယာယ် သိပ်ကြွယ်ပါတယ်
ညတွေနဲ့ မနက် အစောတွေမှာ
ရောဂါပြင်းထန်တတ်ပါတယ်
ဝမ်းသွားရင်လဲ မခံနိုင်အောင်နံပါတယ်
အန်ပါများပီး အူနံရံတွေ အနာဖြစ်ပေါက်ထွက်ပီး
ဝမ်းထဲ သွေးပါလာတာမျိုးပါ
စဖြစ်ပီဆိုတာနဲ့ အစာဖြတ် ရေဖြတ် ကုရတာမို့
အန်တဲ့အကြိမ်ရေ ဝမ်းသွားတဲ့ အကြိမ်ရေ
များလာတာနဲ့အမျှ
ရေဓာတ်အရမ်းဆုံးရှုံးရပါတယ်
ကုသနည်းက
ရေဓာတ်ဖြည့်ဖို့ပဲ ရှိပါတယ်
အကြောဆေးသွင်းခြင်း
ပုလင်းကြီးချိတ်ခြင်း
အကြောရှာမရတော့ရင်
အရေပြားအောက်ထိုးသွင်းခြင်း
သွေးတိတ်ဆေးပေးခြင်း
အအန်သက်သာဆေး
ပိုးသတ်ဆေးပေးခြင်း
ဒီလောက်ပဲ ကုလို့ရတာပါ
ပျောက်အောင်က မိမိကလေးရဲ့ ကိုယ်ခံအားနဲ့
ရေဓာတ်ကိုအချိန်မီ ဖြည့်နိုင်ခြင်းသာ ဖြစ်ပါတယ်
ကိုယ်ခံအားဆိုတာကလဲ
ကာကွယ်ဆေး ၂ကြိမ် အပြည့်အဝရရှိထားပီး
အသက်ရပီးသား ကလေးတွေမှာသာ
မျှော်လင့်လို့ရပါတယ်
ဒါ့ကြောင့် သွေးဝမ်းမဝင်အောင်
မဖြစ်ခင်ထဲက အထူးဂရုစိုက်ရပါမယ်
ကျမ တို့အနေနဲ့
ကလေးတွေကို ဘယ်လို ဂရုစိုက်မလဲမေးရင်
၁-ကာကွယ်ဆေးရက်အတိအကျ စုံအောင်ထိုးပါ
၂- သန်ချချိန်မှာ သန်မှန်မှန်ချပါ
၃- မအန်ပါစေနဲ့
၄- အအေးမမိပါစေနဲ့ လို့ပဲ
ပြောပါမယ်
#မအန်စေနဲ့ဆိုတာမှာ
အန်အောင် အစာလွန် ပြည့်သိပ်
အစာမကြေအောင် လူစားသမျှအကုန် မကျွေးပါနဲ့
အစာမကြေရင် အူတွေကနာပီး အန်ရင်း
သွေးဝမ်းဝင်လာတတ်ပါတယ်
နောက်တချက် ကလေးတွေ အိပ်ဖို့ နေထိုင်ဖို့
သန့်ရှင်းသော နေရာတွေမှာ
ထားရပါမယ်
ပေါက်ကရတွေ
လျှောက်မစားမိအောင်ပါ
ရေသန့်ပဲတိုက်ပါ ရေသန့်ရှင်းမှုကလဲ
အထူးလိုအပ်ပါတယ်
အစာကျွေးမှုကို အထူးသတိထားရပါမယ်
အစာကို လတ်လတ်ဆတ်ဆတ် ပူပူနွေးနွေး
ပျော့အိတာပဲ ကျွေးရပါမယ်
တကယ့် အာဟာရဖြစ်မဲ့ သူ့အစာသူပဲကျွေးပါ
လူစားသမျှ အရာတွေ မကျွေးသင့်ပါပူးး
အရိုးတုတွေ ကျွေးတာ အားမပေးပါပူးး
အရိုးတုအစတွေ ကိုက်ရင်း ဗိုက်ထဲရောက်ရင်
အူနံရံတွေကို ဒုက္ခပေးနိုင်ပါတယ်
နောက် အသက် ၆လ မပြည့်ခင်ထိ
သူ့ အိမ်လေးထဲထားဖို့ မသနားပါနဲ့
ဒါ ငယ်စဉ်မှာ ကလေးအသက်ကိုစောင့်ရှောက်တာပါ
လျှောက်လွှတ်ထားပီး သခင်ကမရှိ မကြည့်ရင်
သူက စားချင်ရာ ရှိတာ ကောက်စား ရင်
ရောဂါ မလွဲမသွေဖြစ်မှာပါပဲ
အချိန်လေးနဲ့ လွှတ်
စောင့်ကြည့် သခင်နဲ့ဆော့ ပြန်သိမ်းပါ
အခြား ခွေးအသစ်တွေနဲ့ ထိတွေ့မှုနဲပါစေ
မလိုအပ်ပဲ အပြင်တွေ မခေါ်သင့်ပါ
#အအေးမမိအောင်ထားပါ
ရေတွေစိုတဲ့နေရာတွေ ရေချိုးခန်းတွေ
ရေစိုဝတ်တွေပေါ် မအိပ်မိအောင် အထူးသတိထားပါ
ရေချိုးရင်လဲ ရေနွေးစပ်ချိုး
ခြောက်အောင်သုတ် နွေးအောင်ထားပါ
မလိုအပ်ပဲ ရေခနခနမချိုးပါနဲ့
လူမဟုတ်ပါ
ရာသီအေးရင် မီးလုံးပေးထားပါ
အအေးပတ်ပီး အဆုတ်ပွ နှပ်ကျရင်း
သွေးဝမ်းဆက်ဝင်တတ်ပါတယ်
သန်ချတာကိုလဲ အဓိကလို့ မြင်ပါတယ်
ရက်မှန် လမှန် သန်မှန်မှန်ချပေးပါ
သန်ဝမ်းကလဲ ကလေးတွေ သေစေနိုင်ပါတယ်
သန်ဝမ်းကလဲ သွေးပါတတ်လို့
တချို့က သွေးဝမ်းလို့ထင်တတ်ပါတယ်
မတူပါ
သွေးဝမ်းက အနံ့မခံနိုင်အောင် ပြင်းထန်ပါတယ်
မသင်္ကာပါက တန်းစစ်ဆေးပါ
သွေးဝမ်းကလေးတွေရဲ့ အစာခွက်ရေခွက်
အသုံးအဆောင်များ သီးသန့်ထားရပါမယ်
သွေးဝမ်းဝင်ပီးသားနေရာတွေ ကိုလဲ
နေ့စဉ် ပိုးသတ်ဆေးဖြန်းရပါမယ်
သွေးဝမ်းကလေးကိုကိုင်ရင် လက်အိတ်စွပ်ပါ
ကိုင်ပီးတိုင်းလက်အိတ်ကိုသေချာစွန့်ပစ်ပါ
ကိုင်ထားသူရဲ့လက်ကို သေချာဆေးကြောပါ
ကလေးရဲ့အညစ်အကြေးများကိုလဲ
ဆေးဖြန်းပီး မှစွန့်ပစ်ပါ
လေဝင်လေထွက်ကောင်းသော နေရာမှာ သီးသန့်ထားပါ
ကူးစက်မှုအရမ်းမြန်တာမို့
အခြား မဖြစ်သေးတဲ့ ကလေးတွေနဲ့
လုံးဝလုံးဝ မထိတွေ့ရပါ
ကလေးတွေရောဂါမဝင်ဖို့ အစာကျွေးမှုပုံစံ
အနေအထိုင် အသွားအလာ ကအစ
၆လမတိုင်ခင်ထိ
အထူးစောင့်ရှောက်ပေးရပါမယ်
သခင်တွေ အပေါ်မှာ အများကြီးမူတည်ပါတယ်
သခင်ကစောင့်ရှောက် ပေးမှ သာ ကလေးတွေ
အသက်ရှည်အနာကင်းမှာပါ
ဒါ့ကြောင့် ကျမတို့ကြောက်တဲ့ ရောဂါဆိုးကြီးကို
ကျမတို့ချစ်သော တိလေးတွေ အတွက်
ကာကွယ်စောင့်ရှောက် ကြရအောင်ပါ။
Crd -Exotic bully TGI
""သတိထားကြပါ""ရာသီဥတု အခြေအနေ ပြောင်းလဲနေမှု အရ မိမိတို့အချစ်တော် ကလေးများ၊ "အိမ်မွေးတိရစ္ဆာန်လေး" များကို ဂရုတစိုက် ကြည်...
20/07/2022
""သတိထားကြပါ""
ရာသီဥတု အခြေအနေ ပြောင်းလဲနေမှု အရ မိမိတို့အချစ်တော် ကလေးများ၊ "အိမ်မွေးတိရစ္ဆာန်လေး" များကို ဂရုတစိုက် ကြည့်ရှု စောင့်ရှောက် ပြုစုထားကြပါရန် မေတ္တာဖြင့် သတိပေးအပ်ပါတယ် ခင်ဗျာ...
လက်ရှိဖောက်ပြန်နေသော ရာသီဥတုအရ ယခု နှစ်ပတ်အတွင်း မလိုလားအပ်သော၊ မထင်မှတ်ထားသော ကျန်းမာရေး ချို့ယွင်းမှုများကို ကလေးပိုင်ရှင်များထံမှ ကြားရှိရပြီး၊ အကြံပေးဆွေးနွေးမှုများ၊ ကုသထိုးနှံမှုများ ကို များစွာကြုံတွေ့လုပ်ကိုင်နေရသဖြင့် ကလေးများနှင့် ကလေးချစ်သော မိတ်ဆွေများအတွက် များစွာ စိုးရိမ်မိပါသည်။
အဓိက အချက်အားဖြင့် မိမိအချစ်တော် အိမ်မွေးတိရစ္ဆာန်လေးများအား.....
@ မလိုအပ်ပဲ ပြင်ပသို့ အလည်အပတ်သွားခြင်း၊ ထိန်းကျောင်းခြင်း မပြုလုပ်ကြပါနှင့်...
@ နွေးထွေးသော ပတ်ဝန်းကျင်၊ နွေးထွေးသော ဝတ်စားပြုစုခြင်းများ လိုအပ်သလို ပြုပြင်ထားပေးပါ...
@ စားနေကျမဟုတ်သည့် ပြင်ပစာများကို ချစ်သောစိတ်တစ်ခုတည်းဖြင့် အလွန်အကျွံ ကျွေးမွေးခြင်းကို ရှောင်ကျဉ်ပါ...
@ ပြင်ပမှ ရောဂါရှိနေသော ကလေးများကို ကိုင်တွယ်ပြီးပါက လိုအပ်သော သန့်ရှင်းမှုများပြုလုပ်ပြီးမှ မိမိအိမ်တွင်းရှိ ကလေးများကို ထိတွေ့ကိုင်တွယ်ပါ...
@ ယခုရက်ပိုင်းအတွင်း မိမိကလေးငယ်များ၏ Behaviour Symptom အမူအကျင့် လက္ခဏာများ၊ ပုံမှန်ရှိမရှိ ဂရုစိုက်ကြည့်ရှုထားရန်လည်း လိုအပ်ပါသည်...
@ Abnormal Behaviour ဖြစ်တတ်သော ရုတ်တရက် ငြိမ်သက်သွားခြင်း၊ မှိုင်တွေခြင်း၊ အော့အန်ခြင်း၊ အစာမစားခြင်း၊ ဝမ်းပျက်၍ ရေဓာတ်ခန်းခြောက်ခြင်းများတွေ့ရှိရပါက မိမိတို့ကလေးများ၏ သက်ဆိုင်ရာ ဆေးရုံ ဆေးခန်း၊ မိသားစုဆရာဝန်များဆီသို့ တိုင်ပင်ဆွေးနွေးကာ လိုအပ်သော ကာကွယ်ပြုစုကုသမှုများ လုပ်ဆောင်သင့်ပါသည်...
@ ရုတ်တရက် အသက်ရှုရကျပ်ခြင်း၊ အော့အန်ခြင်းများဖြစ်ပေါ်ပါက ချက်ခြင်း လေဝင်လေထွက်ကောင်းသောနေရာ၊ နွေးထွေးသောနေရာတွင်၊ ရင်ဘတ်နှင့် ဝမ်းဗိုက်တို့အား ရေနွေးအိတ် ရေနွေးပုလင်း ကပ်ပေးခြင်း၊ ပါးစပ်တွင်းသို့ Glucose OR သကြားရည်လေး အနည်းငယ် အစက်ချတိုက်ကျွေးခြင်းကို ရှေးဦးပြုစုသင့်ပါသည်။
ထိုသို့အားဖြင့် ပြောင်းလဲသောရာသီဥတုရက်အတွင်း ဖြစ်တတ်သော မလိုလားအပ်သည့် ကျန်းမာရေး ဖောက်ပြန်မှုများကို အတိုင်းအတာတစ်ခုအနေဖြင့် ကာကွယ်ကျော်လွှားနိုင်မည်ဟု ယူဆမိပါသည်...
မိမိမိတ်ဆွေ အိမ်မွေးတိရစ္ဆာန်ချစ်သူအပေါင်း ပြည့်စုံစွာ ပျော်ရွှင် အေးချမ်းကြပါစေ...........Dr. Kyaw Zay Ya.......
လေးကောင်လုံး ပိုင်ရှင်ရသွားပါပြီ ။
17/07/2022
လေးကောင်လုံး ပိုင်ရှင်ရသွားပါပြီ ။
Edit -All sold out အထီးလေးတကောင်ကျန်ဦးမယ်ဗျာ 🐕အကောင်မှတ်ထားတဲ့ ပိုင်ရှင်များလဲ လာကြည့်လို့ရပါပြီဗျာ 😁ရက်မပြည့်သေးပေမဲ့ က...
15/07/2022
Edit -All sold out
အထီးလေးတကောင်ကျန်ဦးမယ်ဗျာ 🐕
အကောင်မှတ်ထားတဲ့ ပိုင်ရှင်များလဲ လာကြည့်လို့ရပါပြီဗျာ 😁
ရက်မပြည့်သေးပေမဲ့ ကာကွယ်ဆေးထိုးပြီးမှ ပိုင်ရှင်လက်ထဲ အပ်ပေးပါမယ်ဗျာ 🐕❤️
သကြားဈေးနဲ့ရမှာနော် 🤣
#09-421427500
#09-699125500
Edit -သခင်ရသွားပါပြီ ။အိမ်မွေးခွေး အမလေးတကောင်ပေးပါမယ် ၊သေချာမွေးပေးနိုင်မဲ့သခင်လက်ထဲ အပ်ချင်ပါတယ်၊ #အရင်တခါမရလိုက်တဲ့သူ...
13/07/2022
Edit -သခင်ရသွားပါပြီ ။
အိမ်မွေးခွေး အမလေးတကောင်ပေးပါမယ် ၊
သေချာမွေးပေးနိုင်မဲ့သခင်လက်ထဲ အပ်ချင်ပါတယ်၊
#အရင်တခါမရလိုက်တဲ့သူကိုဦးစားပေးပါမယ်ဗျ ၊
နယ်ဝေး(လုံးဝ)မပို့ပေးပါ တောင်ကြီး အနီးတဝိုက်သာ ပေးပါမယ်၊
ကိုယ်တိုင်လာယူပေးနိုင်ရင် ပိုအဆင်ပြေပါတယ် ခင်ဗျ။
09-421427500
09-699125500
12/07/2022
မရီပဲမနေနိုင်ဘူးမဟုတ်လား ဟူးမန်း🤣
ဝါဆိုလပြည့် ဓမ္မစကြာ အခါတော်နေ့အကြောင်း သိကောင်းစရာ…ဝါဆိုလပြည့်နေ့ နဲ့ ပတ်သက်လို့ ဗုဒ္ဓဝင်မှာ သန္ဓေ တောထွက် ဓမ္မစက် မိန့...
12/07/2022
ဝါဆိုလပြည့် ဓမ္မစကြာ အခါတော်နေ့အကြောင်း သိကောင်းစရာ…
ဝါဆိုလပြည့်နေ့ နဲ့ ပတ်သက်လို့ ဗုဒ္ဓဝင်မှာ သန္ဓေ တောထွက် ဓမ္မစက် မိန့်မြွက်သံချို လဝါဆို တဲ့ ဘုရားဖြစ်စဉ် ဗုဒ္ဓဝင်မှာ ထူးခြားသော ဝါဆိုလပြည့်နေ့
( ၁ ) ဘုရားလောင်းသိဒ္ဓတ္တမင်းသား ပဋိသန္ဓေ နေသောနေ့
( ၂ ) ဘုရားလောင်း တောထွက် တော်မူသောနေ့
( ၃ ) ဂေါတမမြတ်စွာဘုရား ဓမ္မစကြာ စတင်ဟောတော်မူသောနေ့
( ၄ ) ရေမီးအစုံစုံတို့ဖြင့် တန်ခိုးပြာဋိဟာကို ပြတော်မူသောနေ့
( ၅ ) ဘုရားအဖြစ်ကို ဝန်ခံတော်မူသောနေ့
( ၆ ) တရားရတနာ စတင်ပေါ်သောနေ့
( ၇ ) သံဃာရတနာ စတင်ပေါ်သောနေ့
( ၈ ) ပုထုဇဉ်ခရီးမှ အရိယာခရီးသို့ စတင် ကူးပြောင်းခွင့်ကြုံသောနေ့
( ၉ ) ဧဟိဘိက္ခု ဟူသောစကားကို စတင်ကြားရသောနေ့
ဝါဆိုလပြည့်နေ့ ဓမ္မစကြာအခါတော်~~~~~~~~~~~~
ဂေါတမဘုရားလောင်းတော်သည် ပဉ္စဝဂ္ဂိ ၅ ဦးတို့စွန့်ခွာထွက်သွားပြီးသည်နောက် တစ်ကိုယ်တည်းတရားကျင့်တော်မူခဲ့ရာ မဟာသက္ကရာဇ် ၁၀၃ ခုကဆုန်လပြည့်နေ့ သောကြာနေ့ တွင် သဗ္ဗညုတဥာဏ်တော်ကိုရရှိကာ ဘုရားအဖြစ်သို့ရောက်တော်မူလေသည်။ ထိုအခါ သဟမ္ပတိဗြဟ္မာမင်း၏လျှောက်ထားတောင်းပန် ချက်အရ အဘယ်သူ့ကိုတရားဦးဟောကြားအံ့နည်းဟု ဆင်ခြင်တော်မူ၏။ ဗုဒ္ဓမြတ်စွာ၏ အာသယာနုသယဥာဏ် ဣနြ္ဒိယပရောပရိယဥာဏ်တော်တို့ဖြင့် ဆင်ခြင်သည်။ပထမဦးစွာစျာန်လမ်းပြခဲ့ဖူးသော အာဠာရရသေ့ဆရာကိုမြင်၏ ထိုရသေ့ကား ကွယ်လွန်ခဲ့ပြီးဖြစ်သည် ထိုမှတစ်ဆင့် ဥဒကရသေ့ဆရာကိုမြင်တော်မူလေသည် ဥဒကရသေ့လည်း ကွယ်လွန်ခဲ့ပြီဖြစ်၏။
ထို့နောက် အခြားသော ကျေးဇူးရှိခဲ့ဖူးသူများအားတရားဦးဟောကြားရန် ကြည့်တော်မူပြန်သည်။ထိုအခါ ပဉ္စဝဂ္ဂီငါးဦးတို့ကိုမြင်တော်မူလေသည်သို့သော်လည်း ထိုရသေ့များထံ ချက်ချင်းမကြွပေ သုံးရက် သီတင်းသုံး စောင့်ဆိုင်းတော်မူ၏။ထို့နောက် ဗာရာဏသီအနီးရှိ မိဂဒါဝုန်တောသို့ခရီးဆက်တော်မူလေသည်။အစားနည်းသောအကျင့်မှ များသောအကျင့်သို့ပြောင်းခဲ့သောကြောင့် ဘုရားမဖြစ်နိုင်တော့ဟုပဉ္စဝဂ္ဂီတို့ ယူဆခဲ့ကြ၏။ ထိုကြောင့် ဘုရားလောင်းအား စွန့်ခွာပြီးဗာရာဏသီ မိဂဒါဝုန်တောသို့ ရောက်ခဲ့ ကြလေသည်။မြတ်စွာဘုရားကြွလာသည်ကိုပဉ္စဂ္ဂီတို့မြင်ကြ၏ခရီးဦးမကြို ဝတ်မပြုလိုကြတော့ပေ သို့ရာတွင်အရှင်မြတ်သည် ဖန်ရည်ဆိုးသင်္ကန်းဝတ်ရုံလျက်ပင်ဝင်လာတော်မူ၏။
ကိလေသာ ကင်းစင်သဖြင့် အေးချမ်းတင့်တယ်ကြည်ညိုဖွယ်ရှိ၏ သို့ဖြစ်ရာ ပဉ္စဂ္ဂီတို့သည် ခရီးဦးကြိုကြ၏ ရှိခိုးပူဇော်ကြ၏ နှုတ်ခွန်းဆက်ကြ၏။အချိန်ကား နေမင်းကြီးဝင်လုဝင်ဆဲအချိန်လမင်းကြီးမှာ ပြူလစ်စ အခါသမယဖြစ်၏ဆည်းဆာညချမ်း ဖြစ်သည်။သူတော်မြတ်ဓာတ်ကြောင့် သာယာဖွယ်ကောင်းပေ၏။မိဂဒါဝုန်တောကား ရွှင်ပျအေးမြနေ၏ ဆိတ်ငြိမ်မှုဖြင့်ပြီးလျက်ရှိ၏ ထိုအခိုက်တွင် မြတ်စွာဘုရားရှင်သည်ပဉ္စဂ္ဂီတို့၏ ရှေ့တွင်ထက်ဝယ်ဖွဲ့ခွေနေတော်မူသည်ထို့နောက် ရဟန်းတို့ ဟု ခေါ်ဝေါ်ကာနှုတ်ခွန်းဆက်တော်မူလိုက်၏။ ဤကား တရားဦးဟောရန်ဖိတ်ခေါ်သံ အစတည်း။ ပဉ္စဂ္ဂီတို့သည် သီလစင်ကြယ်ပြီးသူများဖြစ်ကြသည်ထို့ပြင် သဒ္ဓါ ဆန္ဒ ဝီရိယ စိတ်ထားပြည့်စုံနေပြီး သူများဖြစ်ကြလေရာ မြတ်စွာဘုရား၏ စကားအစသည် သူတို့၏နှလုံးသားဝယ် တရား တည်၍တည်၍ လာလေသည်။
ထိုအချိန်တွင် မြတ်စွာဘုရားက မိမိဘုရား ဖြစ်တော်မူကြောင်းမိန့်ကြား၏ တရားနာယူကြရန်လည်း တစ်ဆက်တည်းတိုက်တွန်း၏ သို့သော်မယုံကြည်နိုင်ကြသဖြင့်သုံးကြိမ်သုံးခါ ငြင်းဆန်ကာနေကြ၏။ မြတ်စွာဘုရားသည် ထိုငြင်းဆန်မှုကို ဘုရားဖြစ်ကြောင်း ထပ်မံသိစေပြန်၏။ပြီးမှ တရားဦး ခေါ်ဓမ္မစက္က ပဝတ္တန သုတ္တ ကိုဟောကြားတော်မူလေသည် ထိုတရားတော်၏အဆုံးဝယ် အရှင်ကောဏ္ဍညသည် လူသားများအနက် ပထမဦးဆုံး သောတာပတ္တိဖိုလ်၌တည်လေ၏။ ထိုနေ့သည် ဝါဆိုလပြည့်နေ့ ဖြစ်၏။
ထို့နောက်တဖန် ဒေသနာကိုဟောပြတော်မူရာဝါဆိုလပြည့်ကျော် ( ၁ ) ရက်နေ့၌ အရှင်ဝပ္ပ( ၂ ) ရက်နေ့၌ အရှင်ဘဒ္ဒိယ ( ၃ ) ရက်နေ၌အရှင်မဟာနာမ် ( ၄ ) ရက်နေ့၌ အရှင်အဿဇိ တို့သည် အသီးသီး သောတာပန်တည်ကြလေကုန်၏။ပဉ္စဝဂ္ဂီအားလုံးပင် ဧဟိဘိက္ခု ရဟန်း အဖြစ်ရောက်ကြလေသည်။ ဝါဆိုလပြည့်ကျော် ( ၅ ) ရက်နေ့တွင် မြတ်စွာဘုရားသည် အနတ္တလက္ခဏသုတ္တ ကိုဟောကြားတော်မူခဲ့သည်။ဤတွင် ငါးဦးလုံး ရဟန္တာ ဖြစ်တော်မူကြလေသည်ထိုနေ့ကို လည်း ” ရဟန္တာ ” ဟု ဗုဒ္ဓဘာသာဝင်တို့သတ်မှတ်ယူကြကုန်သည်။ဝါဆိုလပြည့်နေ့ကို တရားဦး ” ဓမ္မစကြာ ” ဟောကြားသောနေ့ဖြစ်၍ ” ဓမ္မစကြာနေ့ ” ဟု ယနေ့အထိ ဗုဒ္ဓဘာသာဝင်တို့ အလေးအမြတ်ပြုခဲ့ကြပေသည်။
10/07/2022
တော်လောက်ပီထင်တယ် တော်လောက်ပီထင်တယ်လို့
သမီးတော်လေး ဘယ်လိုတောင်ဖြစ်နေလဲမသိ 😁😁
Photo crd🤣
09/07/2022
Photo crd🤣
ယောကျာ်းယူခဲ့တဲ့ခြံမှာ ကလေးပြန်လာမွေးတဲ့ တောင်ကြီးသူ(MICHICO)
08/07/2022
ယောကျာ်းယူခဲ့တဲ့ခြံမှာ ကလေးပြန်လာမွေးတဲ့ တောင်ကြီးသူ(MICHICO)
OKနားစားDay 21 #
08/07/2022
OKနားစား
Day 21 #
Edit -ပိုင်ရှင်ရသွားပါပြီဗျဒီတခါတော့ ကြက်တူရွေး ပေးမှာပါကြက်တူရွေးလေးမွေးချင်တဲ့သူရှိရင်ပေးပါမယ် လှောင်အိမ်နဲ့ အစာထုတ်ကေ...
07/07/2022
Edit -ပိုင်ရှင်ရသွားပါပြီဗျ
ဒီတခါတော့ ကြက်တူရွေး ပေးမှာပါ
ကြက်တူရွေးလေးမွေးချင်တဲ့သူရှိရင်ပေးပါမယ် လှောင်အိမ်နဲ့ အစာထုတ်ကောပေးမှာပါ။
09-421427500.
Address
Taunggyi
Telephone
+959421427500
Website
Alerts
Be the first to know and let us send you an email when KK Pet House - TGI posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
Share