Taste of the Wild Myanmar

Taste of the Wild Myanmar World Premium Pet Food . All Grain-Free Formula .

မြန်မာနိုင်ငံတွင် အမေများနေ့ ဖြစ်လာခြင်းအကြောင်း************************************************မြန်မာပြည်တွင် အမေနေ့အဖြ...
15/01/2022

မြန်မာနိုင်ငံတွင် အမေများနေ့ ဖြစ်လာခြင်းအကြောင်း
************************************************

မြန်မာပြည်တွင် အမေနေ့အဖြစ် သတ်မှတ်ရာ၌ အမျိုးသား စာဆို စာရေးဆရာကြီး ဦးသော်ဇင်၊ စာရေးဆရာကြီး ဒဂုန်ဦးစန်းငွေ၊ စာရေးဆရာကြီး ဦးရန်အောင်၊ စာရေးဆရာကြီး တက်တိုး၊ စာရေးဆရာမကြီး လူထုဒေါ်အမာ၊ စာရေးဆရာမကြီး ဒေါ်စောမုံညင်း၊ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်စသည့် စာပေ ပညာရှင်များက ဆရာကြီးဦးသုခနှင့် တစ်စိတ် တစ်ဝမ်းတည်းပါဝင်ဆောင်ရွက်၍ ပြာသိုလပြည့်နေ့ တိုင်း ကို အမေနေ့အဖြစ် သတ်မှတ်ခဲ့ကြသည်။

ဆရာကြီး ဦးသုခသည် မိခင်ဖြစ်သူကို ကျိုက်လတ်တွင် ထားခဲ့ပြီး သားဖြစ်သူကို လွမ်းနေရသော မိခင်၏ ကြေကွဲ ခံစားချက်များသည် မြန်မာပြည်တွင် အမေနေ့ ဖြစ်ပေါ်လာစေရန် ဆရာကြီးဦးသုခ ရင်ထဲ၌ ကိန်းဝပ် အစပျိုးခဲ့ကြောင်း၊ ဆရာကြီးဦးသုခသည် ရင်ထဲမှ ခံစားချက်များကို ပရိသတ်များထံ လိုက်လံဟောပြော ကာ အမေ့မေတ္တာ ပြန့်ပွားရေးကို စတင် လှုံ့ဆော်ခဲ့သူ ဖြစ်ကြောင်း၊ ဆရာကြီးဦးသုခ က အမေနေ့ အကြောင်း မိခင်မေတ္တာကို ဟောပြောစဉ် သီချင်းကိုလည်းဆို၊ ပြောလည်းပြော၊ ငိုလည်းငို၍ ဟောပြောစဉ် ပရိသတ် သည် မလှုပ်မယှက် ငြိမ်သက်နေခဲ့ကြောင်း မှတ်သား ခဲ့ဖူးသည်။

ပြာသိုလပြည့်နေ့တိုင်းကို အမေနေ့အဖြစ် ကျင်းပနိုင်ရန် စာပေပညာရှင်များက ကြိုးစားနေကြစဉ် (၁၉၉၅) ခုနှစ် တွင် မန္တလေးမှ အမေကိုမြတ်နိုးသူများက ဆရာကြီး ဦးသုခ အား အမေနေ့ သတ်မှတ်ပေးရန် ပူဆာ တိုက်တွန်း ခဲ့ခြင်းကြောင့် မန္တလေးမြို့တွင်ဆရာကြီး ဦးသုခ ကိုယ်တိုင် ဟောပြော၍ ပြာသိုလပြည့်နေ့ကို “အမေနေ့” အဖြစ် သတ်မှတ်ခဲ့သည်။

မူရင်းရေးသားသူ

ပျော်ရွှင်ဖွယ် ကရင်နှစ်သစ်ကူးနေ့လေးဖြစ်ပါစေရှင့်🙏
02/01/2022

ပျော်ရွှင်ဖွယ် ကရင်နှစ်သစ်ကူးနေ့လေးဖြစ်ပါစေရှင့်🙏

၂၀၂၂ ခုနှစ် နှစ်သစ်အချိန်အခါ သမယမှစပြီး .....ချစ်မိတ်ဆွေများအားလုံး စီးပွား ဥစ္စာများ ဒီရေအလားတိုးပွားပြီး၊ စိတ်​၏ချမ်းသ...
31/12/2021

၂၀၂၂ ခုနှစ် နှစ်သစ်အချိန်အခါ သမယမှစပြီး .....
ချစ်မိတ်ဆွေများအားလုံး စီးပွား ဥစ္စာများ ဒီရေအလားတိုးပွားပြီး၊ စိတ်​၏ချမ်းသာခြင်း ကိုယ်​၏ကျန်းမာခြင်းများနဲ့ ပြည့်စုံပါစေကြောင်း နှစ်သစ်ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ရှင်🙏🙏🙏


🎅🏻🎄 Merry Christmas to You All🎄🎅🏻✨ ✨ ✨ ✨ ✨ ✨ ✨ ✨ ✨ ✨ ✨ 🎄ခရစ်စမတ် အချိန်အခါသမယလေးမှာ 🎄ချစ်မိတ်ဆွေများအားလုံး အေးချမ်းမှု၊...
24/12/2021

🎅🏻🎄 Merry Christmas to You All🎄🎅🏻
✨ ✨ ✨ ✨ ✨ ✨ ✨ ✨ ✨ ✨ ✨

🎄ခရစ်စမတ် အချိန်အခါသမယလေးမှာ

🎄ချစ်မိတ်ဆွေများအားလုံး အေးချမ်းမှု၊ ပျော်ရွှင်မှုများ

ရရှိနိုင်စေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ရှင့်


ဗုဒ္ဓဘာသာဝင်တိုင်း သိထားသင့်သည့် တန်ဆောင်တိုင်ပွဲတော်-------------------------------------------------------------------...
18/11/2021

ဗုဒ္ဓဘာသာဝင်တိုင်း သိထားသင့်သည့် တန်ဆောင်တိုင်ပွဲတော်
-----------------------------------------------------------------------

တန်ဆောင်မုန်းလပြည့်နေ့ဟာ ဗုဒ္ဓဘာသာနွယ်ဝင်တို့ရဲ့ နေ့ထူးနေ့မြတ် တစ်နေ့ပင် ဖြစ်ပါတယ်။ တန်ဆောင်မုန်းလပြည့်နေ့မှာ ကျင်းပလေ့ရှိတဲ့ တန်ဆောင်တိုင်ပွဲတော်ဟာ ဘုရားရှင်ကို ဆီမီးထွန်းညှိပူဇော်တဲ့ပွဲတော်ဖြစ်သလို ကထိန်သင်္ကန်းကပ်လှူခွင့်ရတဲ့ နောက်ဆုံးနေ့ပါတယ်။

တန်ဆောင်မုန်းလပြည့်နေ့မှာ မြတ်စွာဘုရားရှင် အဇာတသတ်မင်းကြီးအမှူးပြုတဲ့ ပရိသတ်တို့ကို သာမညဖလသုတ်တော် ခေါ် ရဟန်းပြုရအကျိုးပြတရားတော်ကို ဟောကြားတော်မူတဲ့ နေ့ထူးနေ့မြတ်ဖြစ်တယ်လို့လည်း သိရပါတယ်။ ထို့နေ့မှာ သာမညဖလသုတ်တော်ကို ဟောကြားတော်မူခြင်းကို အကြောင်းပြုပြီး တန်ဆောင်မုန်းလပြည့်နေ့ကို သာမညဖလ အခါတော်နေ့ လို့ သတ်မှတ်ခေါ်ဝေါ်ကြခြင်းဖြစ်ပါတယ်။

ကထိန်သင်္ကန်းတွေဆက်ကပ်လှူဒါန်ခြင်းကလည်း တန်ဆောင်မုန်းလရဲ ကျင်းပမြဲဖြစ်တဲ့ ထင်ရှားတဲ့ပွဲတော်တစ်ခုဖြစ်ပါတယ်။ သီတင်းကျွတ်လပြည့်နေ့ကနေ တန်ဆောင်မုန်းလပြည့်နေ့အထိ တစ်လတာကာလဟာ ကထိန်သင်္ကန်းတွေ ကပ်လှူကြတဲ့ ကာလဖြစ်ပါတယ်။ 'ကထိန်' ဟူသည် 'ကထိန' ဟူသော ပါဠိဝေါဟာရမှ ဆင်းသက်လာခြင်း ဖြစ်သည် ဟူ၍ စာပေကျမ်းတွေထဲမှာ ရှင်းပြထားတာကိုတွေ့ရပါတယ်။ ကထိန်၏ အဓိပ္ပာယ်မှာ 'မြဲမြံခြင်း၊ ခိုင်ခံ့ခြင်း' ဖြစ်၍ ရဟန်းတော်များသည် မြဲမြံ ခိုင်ခံ့သည့် အကျိုးထူးငါးပါးကို ရရှိသောကြောင့် 'ကထိန်' ဟု ခေါ်ဆိုရခြင်း ဖြစ်သည်ဟု ဆိုကြပါတယ်။

ဒါအပြင် တန်ဆောင်မုန်းလမှာ ကထိန်ပွဲအပြင် မသိုးသင်္ကန်းရက်လုပ် လှူဒါန်းတဲ့ ပွဲတော်တွေကိုပါ ကျင်းပကြလေ့ရှိပါတယ်။ နေ့မကူး ၊ ရက်မကူးစေပဲ တစ်ရက်အတွင်း အပြီးရက်လုပ်လှူဒါန်းရတဲ့ သင်္ကန်းဖြစ်တဲ့အတွက် “မသိုးသင်္ကန်း” လို့ ခေါ်ဆိုကြတာဖြစ်ပါတယ်။ မသိုးသင်္ကန်းရက်လုပ်မှုကို လပြည့်နေ့ အာရုဏ်မတက်မီ အပြီးချုပ်လုပ်ကာ မြတ်စွာဘုရာရှင်အား ရည်စူး၍ ဆပ်ကပ်လှူကြလေ့ရှိပါတယ်။ မသိုးသင်္ကန်းကပ်လှူပွဲတွေကို နိုင်ငံတစ်ဝန်း ဘုရားစေတီတွေမှာ ကျင်းပပြုလုပ်ကြလေ့ရှိပါတယ်။

ဒါ့အပြင် တန်ဆောင်မုန်းလနဲ့ ဆက်စပ်နေတဲ့ နောက်ထပ်ပွဲတော်တစ်ခုကတော့ ကျီးမနိုးပွဲ ဖြစ်ပါတယ်။ တန်ဆောင်မုန်းလပြည့်ည လူအများအိပ်ချိန်ကနေ နံနက် အာရုဏ်မတက်မီ အထိ ပြုလုပ်ကြလေ့ရှိပါတယ်။ သူခိုးကြီးည လို့လည်း လူသိများကြပါတယ်။ ထိုနေ့မှာ ရပ်ကွက်အတွင်း ၊ ကျေးရွာအတွင်းမှာ အရာဝတ္ထုတွေကို ရွှေ့ထားတာ ၊ တစ်စုံတစ်ယောက်ကို နောက်ပြောင်တာ စတဲ့အပြုအမူတွေနဲ့ ရိုးသားစွာနောက်ပြောင်ကျီစယ်တဲ့ ချစ်စရာပွဲတစ်ခုဖြစ်စေခဲ့ပါတယ်။ တချို့ကလည်း မိမိတတ်နိုင်သော ပစ္စည်း ၊ ဆန် ၊ ဆီ ၊ ဆေး ၊ အစရှိသည် များကို ပေးကန်းစွန့်ကြဲခြင်း ဆိုတဲ့ ပင့်သကူ ချခြင်းပြုလုပ်ကြပါတယ်။

နောက်ဆုံးအချက်အနေနဲ့ကတော့ တန်ဆောင်မုန်းလပြည့်နေ့မှာ ဆေးပင်အပေါင်းကို စောင့်ကြတဲ့ နတ်တွေဟာ မဲဇလီပင်စောင့်နတ်ကို လာရောက်ခစားကြတဲ့အတွက် မဲဇလီပင်သည် ထိုညတွင် ဆေးပေါင်းခသည် ဆိုပြီးတော့ မြန်မာ့အစဉ်အလာအနေနဲ့ ယူဆကြတာဖြစ်ပါတယ်။ ဒီလိုအချိန်မှာ မဲဇလီဖူးကို စားသုံးခဲ့သော် အနာမျိုး (၉၆) ပါးကင်းပြီး ဘုန်းကြီး သက်ရှည် ကျန်းမာ စေနိုင်သည်ဟု ရိုးရာဆေးကျမ်းတို့တွင် လည်း ဖော်ပြထားသည်ကိုလည်း တွေ့ရပါတယ်။

Crd

🌟✨ Happy Diwali ✨🌟✨✨✨✨✨✨✨✨✨ဒေဝါလီနေ့ (Diwali) သို့မဟုတ် ဒီပါဝလီ (Deepavali) နေ့မှာ ဟိန္ဒူဘာသာဝင်ညီကိုမောင်နှမများ အပေါ်င...
04/11/2021

🌟✨ Happy Diwali ✨🌟
✨✨✨✨✨✨✨✨✨

ဒေဝါလီနေ့ (Diwali) သို့မဟုတ် ဒီပါဝလီ (Deepavali) နေ့မှာ ဟိန္ဒူဘာသာဝင်ညီကိုမောင်နှမများ အပေါ်ငြိမ်ချမ်း သာယာမှုများ ကျရောက်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင့်🙏🙏🙏

ခွေးလေတွေက အရိုးကိုပိုကြိုက်တယ်မထင်ပါနဲ့….--------------------------------------------------------------ဗိုက်စာနေလို့ ငတ...
26/10/2021

ခွေးလေတွေက အရိုးကိုပိုကြိုက်တယ်မထင်ပါနဲ့….
--------------------------------------------------------------
ဗိုက်စာနေလို့ ငတ်လို့စားတာပါ သူတို့လဲအသားစားချင်ရှာမှာပါ။ခွေးလေးတွေကို အရိုးကျွေးမယ်ဆို အစိမ်းကျွေးပါ။ပြူတ်ထား ကြော်ထား ချက်ထား ကင်ထားတဲ့ …

အရိုးတွေဟာ ခွေးလေးတွေရဲ့ အစာအိမ်ကို အများကြီးဒုက္ခပေးပါတယ် ။ အရိုးက ပြုတ်လိုက်ရင် နူးသွားမယ် ဒါကြောင့်ခွေးလေးတွေအတွက် ကြေလွယ်မယ် …

ထင်နေတာ မြန်မာပြည်မှာ လွဲနေတဲ့အယူအဆလေးတခုပါ ။အရိုးကျွေးချင်ရင် သိပ်ကြီးတဲ့ ပေါင်ရိုး ခြေသလုံးရိုး ကလွဲပီး … မချက် မပြုတ်မကြော်ရသေးတဲ့ …

ကြော်ထားကင်ထား အပူပေးထားတဲ့ အရိုးတွေကို ချေဖျက်ဖို့ ခက်ခဲတတ်လို့ပါ ဘဲ .. ငါးအရိုးအကြီးကြီးတွေဆူးနိုင်မဲ့ဟာမျိုးပိုလိုတောင်မကျွေးပါနဲ့…

19/10/2021

18/10/2021

တစ်ဦးမေတ္တာ တစ်ဦးမှာ


ခွေးလေးရဲ့ နှာခေါင်းဟာ ခြောက်သွေ့ပူနွေးနေပါသလား?🐕 🐕 🐕 🐕 🐕 🐕 🐕 🐕 🐕 🐕 🐕 🐕 ခွေးလေးတွေရဲ့ နှာခေါင်းဟာ ခြောက်သွေ့ပူနွေးနေပြီဆ...
13/10/2021

ခွေးလေးရဲ့ နှာခေါင်းဟာ ခြောက်သွေ့ပူနွေးနေပါသလား?

🐕 🐕 🐕 🐕 🐕 🐕 🐕 🐕 🐕 🐕 🐕 🐕

ခွေးလေးတွေရဲ့ နှာခေါင်းဟာ ခြောက်သွေ့ပူနွေးနေပြီဆိုရင် ဒီခွေးလေးဖျားနေပြီဆိုတဲ့ အယူအဆအလွဲ ရှိပါတယ်။ ခွေးတစ်ကောင်ရဲ့ အပူချိန်ဟာ တစ်နေ့တည်းမှာတင် အ‌တက်အကျရှိနိုင်ပါတယ်။

ဒါ့ကြောင့် ဒီအယူအဆအလွဲအစား ခွေးလေးရဲ့ အပြုအမူကိုသာကြည့်ပြီး ဆုံးဖြတ်သင့်ပါတယ်။ ခွေးလေးတစ်ကောင်ရဲ့ ပုံမှန်အပူချိန်ဟာ ၁၀၀ ကနေ ၁၀၂.၅ အတွင်းရှိပါတယ်။ ခွေးလေးနေမကောင်းဘူးဆိုရင်တော့ တိရစ္ဆာန်ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

Crd

06/10/2021

ခွေးလေးတွေကိုကြင်နာပါ

ခွေးကလေးရဲ့ အကောင်းဆုံးသူငယ်ချင်း ဖြစ်လာတဲ့ ကျားသစ်ပေါက်စလေး------------------------------------------------------------...
04/10/2021

ခွေးကလေးရဲ့ အကောင်းဆုံးသူငယ်ချင်း ဖြစ်လာတဲ့ ကျားသစ်ပေါက်စလေး
-------------------------------------------------------------------------------
ခွေးကလေးက လူသားတွေရဲ့ အကောင်းဆုံးသူငယ်ချင်း ဖြစ်သလို ကျားသစ်တွေအတွက်လည်း ကောင်းမွန်တဲ့ သူငယ်ချင်းတစ်ကောင်ဖြစ်စေခဲ့ပါတယ်။ ဥပမာအနေနဲ့ ပြောရရင် San Diego Zoo Safari ဥယျာဥ်တစ်ခုမှာ ကျားသစ်နဲ့ ခွေးလေးတို့ရဲ့ စိတ်လှုပ်ရှားစရာကောင်းတဲ့ အကြောင်းအရာတစ်ခု ရှိခဲ့ပါတယ်။ ကျားသစ်လေးတွေက ပင်ကိုအားဖြင့် ရှက်တက်တယ်၊ ရှိုးတိုးရှန့်တန့် ဖြစ်တယ်၊ အ‌နေခက်အောင် ဖော်ရွေတက်ကြတာပါ ။

တိရိစ္ဆာန်စောင့်ရှောက်ရေး ကြီးကြပ်သူတစ်ဦးဖြစ်တဲ့ Jante Rose-Hinostroza အမျိုးသမီးရဲ့ ရှင်းပြချက်အရ ” ခွေးလေးတစ်ကောင်က ကျားသစ်မှာ ရှက်တက်တဲ့ ပင်ကိုဗီဇကြောင့် ကူညီဖော်အဖြစ် လုပ်ပေးခဲ့ပါတယ်။ သူတို့နှစ်ကောင် တွဲလိုက်တဲ့အခါမှာ ကျားသစ်က ခွေးလေးတို့ရဲ့ အပြုအမူကို ကြည့်ပြီး လိုက်လံ သင်ယူနေဒါကြောင့် သူတို့တွေကလည်း ကြာလာတော့ ခွေးတစ်ကောင်နဲ့သာ ဆင်တူလာပါတယ်။”လို့ ရှင်းပြထားပါတယ်။

ကျားသစ်ပေါက်စတွေက ခွေးလေးတွေနဲ့ အတူ အနေကြာလာတော့ သူတို့အကျင့်တွေကလည်း ခွေးလေးလို ပြောင်းလဲသွားကြပါတယ်။ နောက်တော့လည်း ဒီတိရိစ္တာန်နှစ်ကောင်ဟာ တစ်ကောင်နဲ့တစ်ကောင်တည့်ကျပြီး သံယောဇဥ်တွေသွယ်ကာ မေတ္တာမျှသွားကြတဲ့ သူတို့နှစ်ကောင်ရဲ့ ဓာတ်ပုံကို ကြီးကြပ်ရေးမှုး Rose-Hinostroza က မျှဝေခဲ့ပါတယ်။



Written by KB Chimmy
Reference : elitereaders

ခွေးလေးတွေကို ဗလတောင့်စေမယ့် လေ့ကျင့်ခန်းများ-----------------------------------------------------------သင့်ခွေးကို ဗလတေ...
01/10/2021

ခွေးလေးတွေကို ဗလတောင့်စေမယ့် လေ့ကျင့်ခန်းများ
-----------------------------------------------------------
သင့်ခွေးကို ဗလတောင့်တောင့် လူတိုင်းငေးရမယ့် ခွေးတစ်ကောင်အဖြစ် အသွင်ပြောင်းစေချင်ပါသလား ? လူတွေလိုပဲ ခွေးတွေဟာလဲ လေ့ကျင့်ပေးရင် ဗလတောင့်တောင့်နဲ့ ကျန်းမာသန်စွမ်းတဲ့ ခွေးတွေကို ရရှိနိုင်ပါတယ်။ ဒီလို လေ့ကျင့်ခန်းမျိုးတွေနဲ့ လေ့ကျင့်ပေးနိုင်ပါတယ်။

ဝိတ် ဆွဲစေခြင်း

ခွေးတွေကို ဝိတ်ဆွဲစေတာဟာ ရင်ဘက်နဲ့ အရှေ့ပိုင်း ခန္ဓာကိုယ်က ကြွက်သားတွေကို သန်မာစေပါတယ်။ ဒါပေမယ့် ဒီလိုဆွဲရတာကို ခွေးက ပျော်ရွှင်ဖို့လိုပါတယ်။ အတင်းခိုင်းလို့ ဆွဲရတာမျိုးဆို ထူးခြားမှာ မဟုတ်ပါဘူး။

ကြိုး ဒါမှမဟုတ် အရုပ်ကို ပါးစပ်ဖြင့် ကိုက်ဆွဲစေခြင်း

ကြိုး ဒါမှမဟုတ် အရုပ်ကို သင်က တစ်ဖက်ကကိုင်ထားပြီး ခွေးက တစ်ဖက်ကနေ သူ့သွားနဲ့ အရုပ်ကို ကိုက်ဆွဲစေတာက ခွေးရဲ့ ရှေ့ခြေ နောက်ခြေ တည်ဆောက်ပုံကို ကြီးကြီးမားမား အကျိုးပြုပါတယ်။

လှေကားထစ်တွေပေါ် ပြေးတက်ခြင်း

ဘေ့စ်ဘော ဒါမှမဟုတ် ဘောလုံးလေးကို သုံးပြီး သင့်ခွေးကို လှေကားပေါ်ပြေးတက်ပြီး ယူစေတာပါ။ ဒီလေ့ကျင့်ခန်းက ခွေးရဲ့ ရင်ဘတ်ကြွက်သွားတွေကို ရှည်လျားသန်မာစေပါတယ်။

တခြားခွေးတွေနဲ့ ဆော့ကစားစေခြင်း

အရွယ်အစားတူတဲ့ တခြားခွေးတွေနဲ့ ဆော့ကစားစေခြင်းက ခွေးအတွက် စိတ်ပျော်ရွှင်မှုရစေသလို သူ့ရဲ့ခန္ဓာကိုယ် ကြွက်သား ဖွံ့ဖြိုးစေဖို့လည်း အထောက်အကူ ပြုပါတယ်။

သင့်စက်ဘီးနဲ့အတူ လိုက်ပြေးစေခြင်း

သင်ကစက်ဘီးလေးစီးပြီး ခွေးကိုဘေးကနေလိုက်စေတာပါ။ ဒါက ခွေးရဲ့နှလုံးကြွက်သားတွေအတွက် ထိရောက်တဲ့ လေ့ကျင့်ခန်းဖြစ်ပြီး ခွေးရဲ့ပခုံးကြွက်သားနဲ့ ခြေထောက်ကြွက်သားတွေ ဖွံ့ဖြိုးစေဖို့ လေ့ကျင့်ခန်းဖြစ်ပါတယ်။

ပြေးစက်နဲ့ ပြေးခိုင်းခြင်း

ခွေးကို ပြေးစက်ပေါ်မှာ ပြေးခိုင်းတာကလဲ ကြွက်သားတည်ဆောက်ရာမှာ အသုံးဝင်ပါတယ်။ ဖြည်းဖြည်းလေးသာ အရင်ပြေးစေပြီး ခွေးက ဒီလေ့ကျင့်ခန်းနဲ့ ရင်းနှီးလာမှသာ အရှိန်ကို နည်းနည်းချင်းစီတင်လိုက်ပါ။

ကြိုးကွင်းကို ကိုက်ပြီးတွဲခိုစီးစေခြင်း

ခွေးကို ကြိုးကွင်းကို ကိုက်ပြီး တွဲခိုစီးစေတာက ခွေးရဲ့ ကြွက်သွားတွေကို ဖွံ့ဖြိုးစေတဲ့ လေ့ကျင့်ခန်းတစ်ခုပါပဲ။ ဒီလေ့ကျင့်ခန်းကတော့ သင့်ကို သိပ်ပြီးပင်ပန်းစေမှာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ခွေးတွေက ဒီလိုဆော့ရတာကို အလွန်နှစ်ခြိုက်ကြလို့ ဖြစ်ပါတယ်။ သင်မပါဘဲတောင် သူ့ဘာသာတွဲလောင်းခိုပြီး ကစားချင် ကစားနေမှာပါ။ ခိုင်ခံတဲ့ သစ်ပင် သစ်ကိုင်းကောင်းကောင်းနဲ့ ကြိုးတော့ ရှိဖို့ လိုအပ်ပါတယ်။

Credit - Popolay

“ သခင့်နှုတ်ခမ်းနီကိုဖျက်ဆီးပြီး ‘သခင်မသိပါဘူး’ ဆိုတဲ့အထာနဲ့ ခပ်တည်တည် နေနေခဲ့တဲ့ ခွေးလေး ”ခွေးလေးတွေက ဘာဘဲ မြင်မြင် ရှု...
27/09/2021

“ သခင့်နှုတ်ခမ်းနီကိုဖျက်ဆီးပြီး ‘သခင်မသိပါဘူး’ ဆိုတဲ့အထာနဲ့ ခပ်တည်တည် နေနေခဲ့တဲ့ ခွေးလေး ”

ခွေးလေးတွေက ဘာဘဲ မြင်မြင် ရှုကြည့်ပြီး ကိုက်ချင်တိုင်း ကိုက်တတ်ကြပါတယ် ။ အခုလည်း ဒီခွေးလေးကတော့ သခင့်ရဲ့ ဈေးကြီးတဲ့ နှုတ်ခမ်းနီတွေကို ကိုက်ဖြတ်ပြီး သူမလုပ်ထားသလိုနဲ့ ချေမိုးပြီး ကုတင်ပေါ်တက်ထိုင်ရင်း pose လှလှလေးပါပေးနေခဲ့ပါသေးတယ် ။

သခင်ဖြစ်သူကလည်း သူမရဲ့အလှကုန်တွေကို အမှတ်မထင်ဘဲ လျှောက်ထားခဲ့ပုံပါဘဲ ။ ခွေးလေးက အမွေးဖြူဖြူလေးပေါ် အနီလေးတွေ ပေနေပြီး အရောင်စပ်ထားသလို ဖြစ်နေတော့ တစ်မျိုးလေး လှနေပြန်ပါတယ် ။သခင်က သူမလုပ်ထားသလိုနေနေတဲ့ခွေးလေးကို “ ကျွန်တော် အမေ့ရဲ့နှုတ်ခမ်းနီကို စားခဲ့တယ်”လို့ရေးထားတဲ့ စာရွက်နဲ့ တရားခံပေါ်အောင် ဓာတ်ပုံရိုက်ထားခဲ့ပါသေးတယ်။ အဲ့တာကို သခင်ဖြစ်သူက “ ငါ နာမည်တပ်ပြီး မပြောချင်ဘူး ၊ ဒီမနက် တစ်ယောက်ယောက်က ငါ့နှုတ်ခမ်းနီကို ဖျက်ဆီးခဲ့တယ် ” ဆိုတဲ့ caption နဲ့ social media မှာ ဝေမျှပေးခဲ့တာပါ ။

Mia (Mckzone Daily)
Source : Woof Woof

“ မေတ္တာအစစ်နဲ့ ကြောင်ပေါက်စလေးရဲ့ မေမေဖြစ်ပေးခဲ့တဲ့ ခွေးမကြီး “ဒီလိုမြင်ကွင်းမျိုး မြင်ရ၊ တွေ့ရတာက ထူးဆန်းလွန်းလှမှာပါ ...
22/09/2021

“ မေတ္တာအစစ်နဲ့ ကြောင်ပေါက်စလေးရဲ့ မေမေဖြစ်ပေးခဲ့တဲ့ ခွေးမကြီး “

ဒီလိုမြင်ကွင်းမျိုး မြင်ရ၊ တွေ့ရတာက ထူးဆန်းလွန်းလှမှာပါ ။ ဒီတစ်ခေါက်ဖော်ပြမဲ့ ကြောင်ပေါက်လေးကတော့ အိမ်ရှင်က ငယ်ငယ်ရွယ်ရွယ်နဲ့ ခေါ်ပြန်လာလို့ မိခင်နို့မဝသေးတဲ့ ကြောင်ပေါက်လေးဖြစ်နေခဲ့ပါတယ် ။

သို့ပေမဲ့လည်း အိမ်မှာရှိနေခဲ့တဲ့ ခွေးမကြီးက အားရင်အားသလို သူ့အနားရောက်လာခဲ့တဲ့ ကြောင်ပေါက်ငယ်လေးကို ရန်မမူဘဲ နို့တိုက်ကျွေးပေးခဲ့ပါတယ် ။ ခွေးမကြီးရဲ့ ကြောင်ငယ်လေးအပေါ် ဆက်ဆံတဲ့အပြုအမှုတွေက တစ်ကယ့်ကို စေတနာအစစ်အမှန်နဲ့ဖြစ်လို့ ပိုင်ရှင်ဖြစ်သူက ဓာတ်ပုံလေးရိုက်ပြီး social media ပေါ် ဝေမျှပေးခဲ့တာပဲ ဖြစ်ပါတယ် ။

Jasmine (Mckzone Daily)

အရေးပေါ် အခြေအနေဖြစ်လာခဲ့ရင် ကလေးတွေအတွက်လည်း စဉ်းစားရပါတော့မယ်။ စာအရှည်ကြီးတွေ မရေးတော့ပဲ ညီမအိမ်က ကလေးတွေအတွက် ညီမပြင်...
07/09/2021

အရေးပေါ် အခြေအနေဖြစ်လာခဲ့ရင် ကလေးတွေအတွက်လည်း စဉ်းစားရပါတော့မယ်။ စာအရှည်ကြီးတွေ မရေးတော့ပဲ ညီမအိမ်က ကလေးတွေအတွက် ညီမပြင်ထားမယ့်ပုံကိုပဲ တစ်ခါတည်း ရေးပြလိုက်ပါမယ်။

၁။ လည်သိုင်းကြိုး / Harness/ Crate ဆောင်ထားပါ။ တစ်ခုခုဆို သွက်သွက်လှုပ်ရှားရမှာမို့ သူတို့ကို အဲ့ပစ္စည်းတွေနဲ့ ရင်းနှီးအောင် ထားပေးပါ။ ဥပမာ - လည်သိုင်းကြိုးနဲ့ လမ်းလျှောက်ပေးခြင်း၊ crate ထဲနေတတ်အောင် ကျင့်ပေးခြင်း။

၂။ ကလေးကို ဘယ်သူက တာဝန်ယူခေါ်ဆောင်မလဲဆိုတာ ကြိုတင်စီစဉ်ဆုံးဖြတ်ပါ။

၃။ emergency kit လေး ပြင်ဆင်ပါ။ emergency kit ထဲမှာ
- ၂ပတ်စာ အစာရေစာ
- ၂ပတ်စာ ဆေးဝါး
- ဆေးမှတ်တမ်းစာအုပ်
- Betadineလို ထိခိုက်ဒဏ်ရာထည့်တဲ့ဆေး
- ပတ်တီးလိပ်
- Guardizenလို အူလမ်းကြောင်းအတွက်ဆေး
- Thermometer
- ဆေးထိုးအပ်ပြွန်အကြီး
- Hydrogen Peroxide
- ဂွမ်း
- တစ်ရှူးလိပ် နဲ့ တခြားကိုယ့်ကလေးဖြစ်နေကျ ရောဂါတွေနဲ့ သင့်တော်မယ့် ဆေးဝါးလေးတွေ ပါပါတယ်။

၄။ ကလေးတွေနဲ့ အစမ်းလေ့ကျင့်ပါ။ ရုတ်တရက် ထွက်ခွါရမယ်ဆို လေ့ကျင့်ထားမှ အဆင်ပြေမှာပါ။

ညီမကတော့ ဒီဟာတွေပဲ စီစဉ်ထားပါတယ်။
လိုအပ်တာလေးတွေကိုလည်း post အောက်မှာ ပြောပြခဲ့ပေးနော်။

အကြောက်မလွန်ပဲ တစ်ခုခုဆို ခေါင်းအေးအေးနဲ့ ဒီကာလကြီးကို ကလေးတွေရော ဖေဖေမေမေတွေပါ ကျော်ဖြတ်နိုင်ကြပါစေလို့ ဆုတောင်းပေးပါတယ်ရှင်။

Crd - The Wagging Tales

06/09/2021

ချစ်တတ်သူများ မကြည့်ရ

“ မျက်မမြင်ခွေးလေးအတွက် အကောင်းဆုံးလမ်းပြလေးဖြစ်နေပေးတဲ့ ခွေးပေါက်စလေး “ခွေးလေးတွေဟာ လူသားတွေအတွက် အရမ်းအထောက်အကူပြုပါတယ...
03/09/2021

“ မျက်မမြင်ခွေးလေးအတွက် အကောင်းဆုံးလမ်းပြလေးဖြစ်နေပေးတဲ့ ခွေးပေါက်စလေး “

ခွေးလေးတွေဟာ လူသားတွေအတွက် အရမ်းအထောက်အကူပြုပါတယ်၊သူတို့လေးတွေဟာ သစ္စာရှိပြီး ပိုင်ရှင်သာလျှင် တကမ္ဘာ လို့သာခံယူတတ်ကြပါတယ်၊၁၂နှစ်အရွယ် Taoခေါ်golden retriever ခွေးလေးဟာ glaucoma ရောဂါကြောင့် မျက်လုံးနှစ်ဖက်ကို ဆုံးရှုံးခဲ့ရတယ်၊သူ့မှာ Okoဆိုတဲ့ အားကိုးရတဲ့ အဖော်ကောင်းလေးလဲရှိနေပါတယ်၊လွန်ခဲ့တဲ့နှစ်,မနက်ခင်းတခုမှာ Taoဟာ အခြေအနေကောင်းနေခဲ့ပြီး ညခင်းရောက်လာတော့ သူ့ခေါင်းကို စပြီးလှုပ်ရမ်းလာကာ (ခွေးလေးတွေ နာကျင်ခံစားရရင် လုပ်တတ်သော အမူအရာ)နာရီပိုင်း အကြာမှာ သူ့ရဲ့ မျက်လုံးတစ်ဖက်ကို ဆုံးရှုံးခဲ့ရပြီး ဇန်နဝါရီလမှာတော့ ကျန်မျက်လုံးတစ်ဖက်ကို ဆုံးရှုံးလိုက်ရပြန်တယ်လို့ ပိုင်ရှင် ဖြစ်သူ Melanie Jackson ကဆိုပါတယ်။

ဒါပေမဲ့ ခွေးလေး ဟာ ကိုယ့်ကိုယ်ကို အမြန်ဆုံး အားပေးနှစ်သိမ့်နိုင်ခဲ့ပါတယ်၊ပိုင်ရှင်က Tao အတွက် ၈ပတ်သား အရွယ်သာရှိတဲ့ Okoလေးကို ဝယ်ယူခဲ့တယ်၊သူလေးဟာ Taoလေးအတွက် အမြဲအသင့်ရှိနေကာ မျက်လုံးတစုံသကဲ့သို့ စိတ်တူကိုယ်တူရှိပြီး လမ်းပြကောင်းလေးအဖြစ် ရှိနေပါတယ်၊၊

အခုဆိုရင် ၁၇ပတ်သားလေးOkoနှင့် Taoတို့ဟာ သူငယ်ချင်း၊ သားအဖသံယောဇဉ်တဖွယ်ရှိပြီး လူမှု့ကွန်ရက်ပေါ်မှာလဲ လူချစ်လူခင်ပေါများတဲ့ ခွေးကလေးတွေ ဖြစ်နေပါပြီ။

Jasmine (Mckzone Daily)
Source: boredpanda

ဖြူစင်ပြီးမပြောင်းလဲတဲ့ အချစ်တွေနဲ့ အရုပ်လေးတွေကို တန်ဖိုးထားတတ်ကြတဲ့ အိမ်မွေးတိရစ္ဆာန်လေးများ .... အိမ်က ဘေဘီလေးတို့နဲ့...
03/09/2021

ဖြူစင်ပြီးမပြောင်းလဲတဲ့ အချစ်တွေနဲ့ အရုပ်လေးတွေကို တန်ဖိုးထားတတ်ကြတဲ့ အိမ်မွေးတိရစ္ဆာန်လေးများ ....

အိမ်က ဘေဘီလေးတို့နဲ့ တူတယ်ဆိုရင်လည်း မျှဝေခဲ့ပါဦးနော် ...


03/09/2021

Fri : ကိုကိုနဲ့တွေ့တဲ့အခါ ဘယ်လိုချွဲလဲ ?

Me : ....


🇲🇲 ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ(၁၉) ရက်နေ့တွင် ကျရောက်သော (၇၄) နှစ်မြောက် အာဇာနည်နေ့အား မြန်မာနိုင်ငံသူ၊ နိုင်ငံသားများနှင့်အတူ...
19/07/2021

🇲🇲 ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ(၁၉) ရက်နေ့တွင် ကျရောက်သော (၇၄) နှစ်မြောက် အာဇာနည်နေ့အား မြန်မာနိုင်ငံသူ၊ နိုင်ငံသားများနှင့်အတူ ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများအား လေးစားစွာ ဦးညွှတ်အလေးပြုအပ်ပါတယ်… 🙏🙏🙏

မြန်မာပြည်သူ၊ ပြည်သားများအားလုံး ကိုဗစ်-၁၉ ရောဂါ ကပ်ဆိုးကြီးအန္တရာယ်မှ အမြန်ဆုံး ကျော်ဖြတ်နိုင်ကြပါစေ🙏🙏🙏

“ တစ်ဘဝလုံးအတူရှိနေခဲ့တဲ့ သူငယ်ချင်းကို အပြုံးမျက်နှာလေးတွေနဲ့ ပွေ့ဖက်ထားကြတဲ့ ခွေးလေးတွေ “-----------------------------...
09/07/2021

“ တစ်ဘဝလုံးအတူရှိနေခဲ့တဲ့ သူငယ်ချင်းကို အပြုံးမျက်နှာလေးတွေနဲ့ ပွေ့ဖက်ထားကြတဲ့ ခွေးလေးတွေ “
-----------------------------------------------------------
ကံဆိုးတဲ့နေ့တစ်နေ့မှာ သင့်အား တစ်စုံတစ်ယောက်ကပွေ့ဖက်ပေးခြင်းက သင့်ရဲ့ပြဿနာအားလုံးပျောက်ကွယ်သွားစေတယ်လို့ ခံစားရစေပါတယ်။ပွေ့ဖက်ခြင်းက သင့်အားနွေးထွေးစေပြီး ရှုပ်ထွေးနေတဲ့ သင့်ရဲ့အတွေးများကိုကုသပေးသလို ပျော်ရွှင်ခြင်းနှင့်ကျန်းမာခြင်းကို ခံစားနိုင်တဲ့အတွက်ကြောင့် ကျွန်တော်တို့ဟာ ပွေ့ဖက်ခြင်းကို ရှင်သန်ရပ်တည်ရန်အတွက် မရှိမဖြစ်လိုအပ်ကြပါတယ်။

ပွေ့ဖက်ခြင်းက ကျွန်တော်တို့နာကျင်မူကို ချက်ချင်းသက်သာစေရုံသာမက ကျွန်တော်တို့ရဲ့စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးအပေါ် အပြုသဘောဆောင်တဲ့ အကျိုးသက်ရောက်မှုများက ကျွန်တော်တို့နားလည်နိုင်တာထက် ပိုမိုလေးနက်နေတတ်ပါတယ်။

အလားတူ ခွေးတွေကလည်း အတူတူဖြစ်မယ် လို့ထင်ရပါတယ်။ယေဘုယျအားဖြင့် ပတ်ဝန်းကျင်နှင့်ပတ်သက်ပြီးငြင်းခုံမှုများစွာရှိပေမဲ့ ခွေးတိုင်းမှာ ထူးခြားတဲ့စရိုက်ကိုယ်စီရှိကြပါတယ်။လူသားလိုဘဲ အချို့ခွေးလေးတွေက အခြားခွေးကို ပွေ့ဖက်ပေးရတာကို ပိုကြိုက်နှစ်သက်ကြပါတယ်။

ဒီတော့ သင့်ရဲ့တစ်နေ့တာစိတ်ပင်ပန်းမှုတွေ ပြေပျောက်သွားစေသလို သင့်နှလုံးသားကိုလည်း အရည်ပျော်သွားစေမယ့် ချစ်စရာကောင်းတဲ့ soulmate ခွေးလေးတို့ရဲ့အချင်းချင်းဖက်ထားတဲ့ပုံအချို့ကို ဖော်ပြပေးခဲ့လိုက်ပါတယ်နော်။

Mia (Mckzone Daily)
Source : woofwoof

“ခွေးလေးတွေက ဘာကြောင့် သူတို့ရဲ့ခြေဖဝါးကိုလူတွေအပေါ် တင်ကြတာလဲ “-----------------------------------------------လူတိုင်းန...
05/07/2021

“ခွေးလေးတွေက ဘာကြောင့် သူတို့ရဲ့ခြေဖဝါးကိုလူတွေအပေါ် တင်ကြတာလဲ “
-----------------------------------------------
လူတိုင်းနီးပါး ခွေးလေးတွေကိုချစ်ကြပါတယ်။ သူတို့တွေက စကားမပြောတတ်ကြဘူးဆိုပေမယ့် တနည်းနည်းနဲ့ ကျွန်တော်တို့သိအောင် ဆက်သွယ်မှုပြုလုပ်တတ်ကြတယ်။ တစ်ခါတစ်လေမှာ သူတို့ရဲ့ခြေဖဝါးကို ကျွန်တော်တို့အပေါ်မှာ လာပြီးတင်ကြလေ့ရှိပါတယ်။ ဒီနေ့ kwee page ကခွေးလေးတွေဘာလို့ ဒီလိုလုပ်ကြတာလဲဆိုတာကို ပြောပြပေးသွားမှာပါ။

ကြောက်ခြင်း
သင်ကခွေးကိုဒေါသထွက်ပြီး အော်လိုက်တဲ့အချိန် (သို့) သူတို့တွေအတွက် ပတ်ဝန်းကျင်က အသစ်လိုဖြစ်နေတဲ့အချိန်မှာ ခွေးတွေက စိတ်ဖိစီးမှု ဝင်သွားတတ်ကြပါတယ်။ ပတ်ဝန်းကျင် အသစ်က သူတို့ကို စိုးရိမ်မှုတွေ ဖြစ်ပေါ်စေပါတာကြောင့် သူတို့ရဲ့ ခြေဖဝါးတွေကို ပိုင်ရှင်တွေအပေါ်မှာ လာပြီးတင်လေ့ရှိတာပါ။ ခွေးလေးတွေ ကြောက်စိတ်ဝင်နေပြီဆိုရင် သူတို့နားရွက်က ပြားသွားတတ်ကြပြီး နှုတ်ခမ်းတွေက တဆတ်ဆတ်တုန်တတ်ပါတယ်။

သခင်ကို ချစ်ကြောင်းပြချင်တာ
ခွေးတွေက သူတို့ရဲ့ပိုင်ရှင်တွေကို ကျေးဇူးတင်ကြောင်း ချစ်ကြောင်း ဂရုစိုက်ကြောင်း ပြသတဲ့အနေနဲ့လည်း ခြေဖဝါးတွေကို တင်လေ့ရှိကြတယ်။ ခွေးတွေကို ပွတ်သပ်ပေးနေတဲ့အချိန်မှာ oxytocin လို့ခေါ်တဲ့ ပျော်ရွှင်ခြင်းကိုခံစားရစေတဲ့ ဟော်မုန်းက ခွေးရောခွေးပိုင်ရှင်ဆီကနေပါ ထုတ်လွှတ်နေတာဖြစ်လို့ အခုလိုမျိုးတုန့်ပြန်ကြတာဖြစ်ပါတယ်။

ဂရုစိုက်မှုကိုလိုအပ်တာ
ခွေးတွေက ပိုင်ရှင်တွေနဲ့ နီးနီးကပ်ကပ်နေပြီး ကြီးပျင်းလာတာကြောင့် သူတို့ဟာ ပိုင်ရှင်တွေရဲ့ ဂရုစိုက်မှုကို အထူးနှစ်သက်ကြပါတယ်။ တောင်းလည်း တောင်းဆိုတတ်ကြပါတယ်။ သူတို့ကို ဂရုမစိုက်ဘဲ အကြာကြီး ပစ်ထားတာ (သို့) ခရီးဝေးကို ရက်အကြာကြီး သွားပြီး ပြန်လာတဲ့အချိန်မျိုးတွေမှာ ပိုင်ရှင်တွေရဲ့ ဂရုစိုက်မှုကို လိုလားတာကြောင့် သူတို့ရဲ့ခြေဖဝါးကို တင်ပြီးတောင်းဆိုလေ့ရှိတတ်ကြပါတယ်။

ဗိုက်ဆာတာ
အခုလို ခြေဖဝါးတင်တာဟာ ဗိုက်ဆာနေလို့လည်းဖြစ်နိုင်ပါတယ်။ ပိုသေချာစေဖို့အတွက်သူတို့အစာခွက်မှာ အစာရှိသေးလား (သို့) အစာကျွေးပြီးပြီလားဆိုတာ သေချာစစ်ဆေးပါ။ ဒါပေမယ့် ခွေးတွေ အဝလွန်သွားအောင် အများကြီးမကျွေးမိဖိုတော့ လိုအပ်ပါတယ်။

Source: Bright Side
Credit - thutadaily

ချစ်သူကောင်မလေးကို အံ့အားသင့်စေရန် ခွေး ၁၆ကောင်နဲ့အတူ လက်ထပ်ခွင့်တောင်းခဲ့တဲ့ အမျိုးသား---------------------------------...
01/07/2021

ချစ်သူကောင်မလေးကို အံ့အားသင့်စေရန် ခွေး ၁၆ကောင်နဲ့အတူ လက်ထပ်ခွင့်တောင်းခဲ့တဲ့ အမျိုးသား
---------------------------------------------------------
နယူးယောက်အ‌ခြေစိုက် အလွတ်တန်းစာရေးဆရာမ Laura Stampler ဟာ မကြာသေးခင်မှာဘဲ ကောင်းလေးဖြစ်သူ Maurice Goldstein က အံ့အားသင့်စေခဲ့ပါတယ်။သူမရဲ့ ချစ်သူကောင်လေးက ဟော်လီဝုတ် တောင်ကုန်းကို နှင်းဆီပွင့်ချပ်တွေနဲ့ ဖြန့်ကြဲလိုက်ပါတယ်။Goldstein က ဒူးထောက်ပြီး Stampler ကို လက်ထပ်ခွင့်တောင်းခဲ့လိုက်ပါတယ်။

လက်ထပ်ခွင့်တောင်းတဲ့ အတောတွင်းမှာ “Kiss The Girl” ကို သီဆိုတဲ့ အဆိုတော်တွေနဲ့လည်း ဖျောဖြေခဲ့ပါတယ်။နောက်ပြီး Stampler အတွက် အံ့အားသင့်စေရန် ခွေး၁၆ကောင်ကိုပါခေါ်ခဲ့ပါတယ်။သူတို့စုံတွဲနှစ်ဦးကို Stampler ရဲ့ သူငယ်ချင်းဖြစ်တဲ့ Rebecca Yale က လက်ဆောင်အနေနဲ့ ဓာတ်ပုံရိုက်ကူးပေးခဲ့လိုက်တာပါ။

Yale က သူတို့နှစ်ဦးကို ချစ်ဖို့ကောင်းတဲ့ သူငယ်ချင်း ၁၆ကောင်နဲ့ စုံတွဲနှစ်ဦးရဲ့ အံ့သြစရာဓာတ်ပုံဘဲဆိုပြီး ပြောဆိုခဲ့ပါတယ်။နယူးယောက်မြို့မှာ အဲ့ဒီခွေးတွေကို သူတို့ရဲ့ မွေးစား‌ခွေးအဖြစ် လက်မှတ်ထိုးခဲ့လိုက်ပါတယ်။

Goldstein နဲ့ Stampler တို့စုံတွဲနှစ်ဦး လက်ထပ်ထိမ်းမြားပြီးတဲ့နောက် ချစ်စရာခွေးလေးတွေနဲ့အတူ ပျော်စရာကောင်းတဲ့မိသားစုကို ဖန်တီးနိုင်ဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။


JRose (KB Chimmy)
Reference : elitereaders

ခွေးကလေးတွေကို မကိုက်တတ်အောင် ဘယ်လိုလေ့ကျင့်ပေးကြမလဲ--------------------------------------------------------------------...
31/05/2021

ခွေးကလေးတွေကို မကိုက်တတ်အောင် ဘယ်လိုလေ့ကျင့်ပေးကြမလဲ
--------------------------------------------------------------------

ခွေးကလေးတွေဟာ အရမ်းချစ်စရာကောင်းတဲ့တိရိစ္ဆာန်တစ်မျိုးဖြစ်ပြီး သခင်အပေါ်မှာသံယောဇဉ်ကြီးလွန်းကြပါတယ်။ သခင်ကိုကာကွယ်စောင့်ရှောက်လိုတဲ့စိတ်ကြီးမားကြပြီး သစ္စာတရားကြီးမားတဲ့တိရိစ္ဆာန်မျိုးလို့ဆိုလို့ရပါတယ်။ ဒီလိုချစ်စရာကောင်းတဲ့တိရိစ္ဆာန်လေးတွေမှာဘယ်လိုအမူအကျင့်ရှိပြီး သခင်တွေအနေနဲ့လိမ္မာတဲ့ခွေးလေးတွေဖြစ်အောင်ဘယ်လိုလေ့ကျင့်ပေးသင့်လဲသိရှိတာလေးကိုဖော်ပြပေးလိုပါတယ်။

တစ်ချို့ခွေကလေးသခင်တွေဟာ ခွေးကလေးတွေပါးစပ်ထဲလက်ကလေးထိုးထည့်ပြီး ကစားရတာကိုပျော်ကြတဲ့သူတွေရှိပါတယ်။ ခွေးကလေးတွေက လက်ချောင်းလေးတွေကိုလာဟပ်တာတွေ၊ အဝတ်စလေးတွေကိုကိုက်ဆွဲတာတွေကို နှစ်သက်သဘောကျနေတတ်တဲ့သခင်တွေလည်းရှိကြပြန်တယ်။ အမှန်တကယ်တော့ ခွေးပေါက်ကလေးတွေဟာ ငယ်သွားတွေကျိုးပြီး ကြီးသွားတွေထွက်တဲ့အချိန်မှာ ဒီလို ပါးစပ်လေးနဲ့ဟပ်လိုက် ကိုက်ဆွဲလိုက်လုပ်တတ်ကြဟာသူ့သဘာဝပါ။

ဒါပေမယ့် ခွေးကြီးတွေအနေနဲ့ခွေးပေါက်လေးတွေလို ဒီလို ပါးစပ်နဲ့လိုက်ဟပ်လိုက်၊ကိုက်ဆွဲလိုက်လုပ်တာကျတော့ မဟုတ်တော့ပြန်။ ဒီလိုမျိုးရှိတဲ့ ခွေးတွေကို လူတွေကလက်မခံကြသလို ခွေးတွေအချင်းချင်းကြားမှာလည်း ရန်စောင်စရာဖြစ်ကုန်ကြပါတယ်။ ဒါကြောင့်ခွေးလေးတွေဟာ ခွေးပေါက်အရွယ်လေးမှာ အခုလိုအပြုအမူမျိုးရှိတာသိပ်ပြသနာမရှိပေမယ့် အရွယ်ရောက်လာတဲ့အခါ ပြသနာဖြစ်စေတဲ့အတွက် သခင်တွေအနေနဲ့မိမိတို့ရဲ့ခွေးတွေကို ဒီလို အမူအကျင့်များ ကြီးတဲ့အထိ မပါသွားစေဖို့ ခွေးပေါက်ကလေးဘဝကတည်က လေ့ကျင့်ပေးသွားဖို့လိုပါတယ်။ အဓိကအားဖြင့် သခင်တွေအနေနဲ့ ကိုယ့်ခွေးလေးရဲ့ သဘာဝအချိန်အခါကိုနားလည်ပြီး မကိုက်တတ်အောင်လေ့ကျင့်ပေးတတ်ဖို့လိုပါတယ်။

ခွေးပေါက်လေးတွေငယ်သွားပေါက်ချိန်

ခွေးပေါက်လေးတွေဟာ ငယ်သွားပေါက်ချိန်မှာသွားဖုံးတွေနာတဲ့အတွက် တစ်ခုခုကိုကိုက်ဆွဲပစ်ချင်တဲ့သဘာဝဖြစ်ပေါ်တတ်ကြပါတယ်။ ကလေးငယ်တွေသွားပေါက်စအချိန်ရသမျလိုက်ကိုက်ဆွဲသလို ခွေးပေါက်လေးတွေမှာလည်း ဒီလိုသဘာဝမျိုးကိုဖြတ်သန်းကြရပါတယ်။ သခင်တွေအနေနဲ့ဒါကို နားလည်ထားပြီး ကိုယ့်ခွေးလေးရဲ့အခြေအနေကို သိနေဖို့လိုပါတယ်။ ဒါပေမယ့်ဒါတွေက ငယ်သွားတွေကျိုးပြီး ကြီးသွားတွေထွက်လာတဲ့အချိန်မှာ ဒီလိုအပြုအမူတွေပျောက်သွားပြီး ပုံမှန်လည်ပတ်သွားကြပါတယ်။

ခွေးပေါက်ကလေးတွေ မကိုက်တတ်အောင်ဘယ်လိုလေ့ကျင့်ပေးမလဲ

ခွေးကလေးတွေ ငယ်သွားပေါက်လို့ စပြီးကိုက်တတ်တဲ့အချိန်မှာ သွားဖုံးနာတာသက်သာအောင် တစ်ခုခုကို ကိုက်ဆွဲနေတတ်ပါတယ်။ ဒီအတွက် ကိုယ့်ခွေးလေးအတွက် ကိုက်လို့ရအောင် အရိုးဖြစ်ဖြစ်၊ ကစားစရာအရုပ်တစ်ခုခုဖြစ်ဖြစ် စီစဉ်ပေးထားခြင်းဖြင့် ကိုက်စရာတစ်ခုခုရကာ သူတို့ရဲ့ဖြစ်လာတဲ့သဘာဝကို သက်သာစေပါတယ်။
နောက်တစ်ခုက ခွေးပေါက်လေးကို မကိုက်တတ်အောင် အခြားတစ်ခုခုကို ကိုက်မယ်လုပ်တိုင်း “ မလုပ်ရ”ဆိုတဲ့သတိပေးသံကို သူတို့နားထဲကျွမ်းဝင်နေအောင် လေ့ကျင့်ပေးထားသင့်ပါတယ်။ ဒီအသံကို ကြားတဲ့အခါ ဒါတစ်ခုခုမကောင်းလုပ်တာကိုတားမြစ်တာလို့နားလည်သွားပြီး မလုပ်တော့ဘဲရပ်လိုက်တာမျိုးအလေ့အကျင့်ရသွားစေပါတယ်။

နောက်ပြီး တစ်ခုခုကို မကိုက်ဖို့ဟန့်တားလိုက်တဲ့အခါတိုင်း လိုက်နာရင် အသိအမှတ်ပြုပေးတာမျိုး၊တစ်ခုခုခိုင်းလိုက်လို့လုပ်ပေးရင်လိမ္မာကြောင်း၊ ဒီလိုအပြုအမူမျိုးမှာ ကောင်းမွန်တဲ့အရာဖြစ်ကြောင်း၊ဒါကတော့ မကောင်းတဲ့အပြုအမူဖြစ်လို့ဟန့်တားတာဖြစ်ကြောင်း နားလည်အောင် ထပ်ခါထပ်ခါလေ့ကျင့်ပေးထားသင့်ပါတယ်။ ဒီလိုလေ့ကျင့်ပေးထားခြင်းဖြင့် ကိုယ့်ရဲ့ခွေးပေါက်လေးမှာ လူတွေကိုလိုက်ကိုက်တာတွေ၊ရန်မူတာတွေကင်းဝေးပြီး ချစ်စရာခွေးလေးတစ်ကောင်ဖြစ်နေမှာဆိုတာအသေအချာပါ။

Author - Sagawah
References : Teaching Your Dog that Biting Isn't a Game
https://yangonlife.com.mm/mm/article/60177

🙏ကဆုန်လပြည့်နေ့ဆိုတာ..🎑(၁) ဘုရားအလောင်းတော် ဗျာဒိတ်ခံယူတဲ့နေ့🙏(၂) ဂေါတမဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားလေး မွေးဖွားလာခဲ့...
25/05/2021

🙏ကဆုန်လပြည့်နေ့ဆိုတာ..🎑

(၁) ဘုရားအလောင်းတော် ဗျာဒိတ်ခံယူတဲ့နေ့🙏

(၂) ဂေါတမဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားလေး မွေးဖွားလာခဲ့တဲ့နေ့🙏

(၃) ဂေါတမဘုရားအလောင်း ဗောဓိပင်အောက်မှာ ဘုရားဖြစ်တဲ့နေ့🙏

(၄) ဂေါတမဘုရား ပရိနိဗ္ဗာန်စံတဲ့ နေ့ 😢တွေ ဖြစ်တာကြောင့် ဗုဒ္ဓဘာသာဝင်တွေအတွက် အင်မတန် ထူးမြတ်တဲ့နေ့တစ်နေ့ပါ။ 💫

ဒါကြောင့် ကဆုန်လပြည့်နေ့မှာ ညောင်ရေသွန်းရင်း မြတ်ဗုဒ္ဓရဲ့ ဂုဏ်ကိုရည်မှန်းကာ ကုသိုလ်ယူလိုက်ရအောင်လားရှင် 🙏🏻

“ ခွေး ၊ကြောင်လေးများ နှင့် အသက်ရှုလမ်းကြောင်းရောဂါ ”---------------------------------------------------------ခွေးပိုင်ရ...
22/05/2021

“ ခွေး ၊ကြောင်လေးများ နှင့် အသက်ရှုလမ်းကြောင်းရောဂါ ”
---------------------------------------------------------
ခွေးပိုင်ရှင်တော်တော်များက ခွေးချစ်တတ်ကြပါတယ် ။ခွေးလေးတွေ ၊ကြောင်လေးတွေဆိုတာ ကျွန်တော်တို့ရဲ့ အကောင်းဆုံး မိတ်ဆွေတွေ ၊အနီးကပ်ဆုံး မိသားစုဝင်လေးတွေဆိုလဲ မမှားပါဘူး ။
ဒီနေ့မှာ ခွေးလေးတွေ ၊ကြောင်လေးတွေ နှာစီး ချောင်းဆိုးခြင်ူနှင့်ပက်သက်ပြီး ကျွန်တော့်အတွေကြုံနှင့် နိုင်ငံခြားဆောင်ပါးလေးတစ်ပုဒ်ကိုရောပြီးတင်ပြပေး သွားပါမယ် ။

အသက်ရှုလမ်းကြောင်း ပြသနာဆိုတာဘာလဲ ?

အသက်ရှုလမ်းကြောင်း ကိုအဓိကအားဖြင့် upper respiratory tract အသက်ရှုလမ်းကြောင်း အပေါ်ပိုင်း နှခေါင်းမှ Bronchi လို့ခေါ်တဲ့ လေပြွန် အထိ ၊ Lower respiratory tract လို့ခေါ်တဲ့ အဆုပ် ( contains surrounding aiways ) ဆိုပြီး နှစ်ပိုင်း ခွဲခြား သတ်မှတ်ကြပါတယ် ။
ပုံမှန်အားဖြင့် နှာစီးချောင်းဆိုးရင် အသက်ရှုလမ်းကြောင်းအပေါ်ပိုင်းပဲ ရောဂါပိုးဝင်လို့ ဖြစ်တာများပြီး ကုသရလွယ်ပါတယ် ၊သို့သော် အသက်ရှုလမ်းကြောင်း အောက်ပိုင်းကို ပိုးဝင်တယ်ဆိုရင် ကုသရခက်သလို အချိန်လည်းကြာနိုင်ပါတယ် ။ တနည်းအားဖြင့် lower respiratory tract မှာ ရောဂါဖြစ်ရင် pneumonia လို့ခေါ်ကြပါတယ် ၊ဒါပေမဲ့ တစ်ခါတစ်ရံ TBလည်း ဖြစ်နိုင်ပါသေးတယ် ။

တကယ်လို့ ခွေးလေးတစ်ကောင် နေမကောင်းဖြစ်နေရင် သု့်မဟုတ် ခုခံအားကျနေရင် အသက်ရှုလမ်းကြောင်း ပိုးဝင်ဖို့ အရမ်းလွယ်ကူပါတယ် ။
အသက်ရှုလမ်းကြောင်း ရောဂါဘာကြောင့်ဖြစ်ရသလဲ ?
ကျွန်တော်တို့ ပတ်ဝန်းကျင် မှာရောဂါပိုးတွေအများကြီးရှိပါတယ် ။အဲဒါကိုမှ ဘက်တီးရီးယား ၊ ဗိုင်းရစ် ၊ မှို (fungi) စတာတွေက အသက်ရှုလမ်းကြောင်း ရောဂါဖြစ်စေတဲ့ သို့မဟုတ် ပိုဆိုးရွားသွားစေတဲ့ တရားခံတွေပဲ ဖြစ်ပါတယ် ။
ကျွန်တော့်ရှေ့က ဆောင်းပါးတွေမှာ ရေးခဲ့သလိုပဲ Canine distemper, ဟာလည်း အသက်ရှုလမ်းကြောင်း ရောဂါဖြစ်လာပြီဆိုရင် မေ့ထားလို့မရပါဘူး ။( ခွေးကျောက်ရောဂါ ဆိုပြီး ဆောက်းပါး၌ ရောဂါလက္ခဏာများ တင်ပြပြီးဖြစ်ပါတယ် )

Canine Influenza

ဒီရောဂါကို အလွယ်ပြောရင်တော့ ခွေးတုပ်ကွေးလို့ခေါ်ကြပညတယ် ။ ဗိုင်းရစ်ကြောင့် ရောဂါဖြစ်ရတာဖြစ်ပြီး ကူးစမူနှုန်းလည်း အလွန်မြန်ပါတယ် ။ကာကွယ်ဆေး ထိုးပြီးကာကွယ်နိုင်ပါတယ် ။

Adenovirus type 2

ဒီရောဂါက ခွေးတုပ်ကွေးလောက်မပြင်းထန် ပေမဲ့ မပေါ့ဆသင့်ပါ ။အသက်ရှုလမ်းကြောင်း ကနေထွက်လာတဲ့ နှာရည်ကနေတစ်ဆင့် ကူးစက်နိုင်ပါတယ် ။ဒါကြောင့် ရောဂါဖြစ်နေတဲ့ ခွေးလေးကိုကိုင်ပြီူ လက်မဆေးပဲ တခြားခွေးတစ်ကောင်သွားမကိုင် သင့်သလို ရောဂါဖြစ်နေတဲ့ ကလေးနှင့် တခြားကလေးတွေကို ခွဲထားရပါမယ် ။

Canine Bodetella

ခွေးခြံချောင်းဆိုးရောဂါ ဆိုပြီး ဆောင်းပါးတင်ပြီးသားဖြစ်ပါတယ် ။ ဒီရောဂါကလည်း ကူးစက်မြန်တဲ့ ရောဂါတသ်ခမို့ ပုံမှန် ကာကွယ်ဆေးထိုးသင့်ပါတယ် ။

ရောဂါလက္ခာများ

အသက်ရှုလမ်းကြောင်း ရောဂါဟာ အန္တရာယ်များတယ် အသက်အန္တာရယ်တောင်ရှိပေမဲ့ ရောဂါဖြစ်ခါစမှာကုရင် ပြန်ကောင်းနိုင်ပါတယ် ။ရောဂါလက္ခာတွေကိုလည်း အလွယ်တကူမြင်နိုင်ပါတယ်။

နှာရည်ကျခြင်း

ပုံမှန် ရာသီဥတုအပြောင်းအလဲကြောင့် နှာရည်ကျတာဆိုရင် နှာရည်က အရည်ကြည် စီးကျပါလိမ့်မယ် ။ဒါကိုမှ အချိန်ကြာလာတာနှင့် အမျှ ကုသမူမပေးခဲ့ဘူးဆိုရင် အဝါပုပ် သို့မဟုတ် စိမါးဝါရောင် နှာရည်တွေဖက်ပြောင်းလာပြီး ဘက်တီးရီးယား ရောဂါပိုး ဝင်နေပြီဆိုတာကို ခန္ဓာကိုယ်ကပြပါလိမ့်မယ် ။ ဒီအချိန်မှာမကုရင် စိုးရိမ်ရပါတယ် ။
မျက်ရည် သို့မဟုတ် မျက်ချီး ထွက်ခြင်း
နှာစီး ချောင်းဆိုး ပြီဆိုရင် ခွေးလေးတွေမှာ မျက်ဝတ်ထွက်တာများတာ ၊မျက်းချီးပိတ်တာ စတာတွေပါ ကြုံရလေ့ရှိပါတယ် ။

ချောင်းဆိုးခြင်း

ခွေးလေးတွေချောင်းဆိုးခါစမှာ လူတွေက အနီးကပ်မနေဘူးဆိုရင် သတိမထားမိတတ်ကြပါဘူး ။တဖြည်းဖြည်းဆိုးလာပြီး အသံမြည်လာမှသာ ချောင်းဆိုးတာကို သတိထားမိတတ်ကြပါတယ် ။နောက်ဆက်တွဲ အန်တာပါကြုံရလေ့ရှိပါတယ် ။

အသက်ရှုရခက်ခဲခြင်း

နှာစီးနေတဲ့အတွက် ပုံမှန်လိုအသက်မရှုနိုင်ပဲ ၊ပါးစပ်ဟာပြီး အသက်ရှုတာ အသက်ရှုလိုက်တိုင်း ဝီစီမှုတာသလို အသံမြည်နေတာ ၊အသက်ရှုမြန်နေတာ ၊အသက်ရှုရခက်ခဲနေတာ စတာတွေကိုလည်း ရောဂါ အနုအရင့်ေပါ်မူတည်ပြီး တွေ့ကြုံတတာပါတယ် ။

ကိုယ်အပူတက်ခြင်း

ရောဂါပိုးဝင်လာတာ ခန္ဓာကိုယ် ကတိုက်ခိုက်နေရတာမို့ ကိုယ်ပူတာကို တွေ့ရပါလိမ့်မယ် ။ပုံမှန်ထက်ကိုယ်အပူချိန်များနေရင် ဆရာဝန်ဆီချက်ချင်းသွားပြ သင့်ပါတယ် ။
မှိုင်ခြင်း ၊အစားအသောက် ပျက်ခြင်း စတာတွေကိုလည်းကြုံရပါလိမ့်မယ် ။

ကာကွယ်ခြင်း ၊ကုသခြင်း ၊စစ်ဆေးခြင်း

"Prevention is better than cure " ကာကွယ်ခြင်းသည် ကုသခြင်းထက်ပိုထိရောက်တယ် ဆိုတဲ့အတိုင်း မဖြစ်ခင် ကြိုတင်ကာကွယ်နိုင်အောင် ကာကွယ်ဆေးပုံမှန်ထိုးပါ ။ ရောဂါဖြစ်လာရင် မိမိဘာသာမိမိကုပြီး ပျောက်လာမဲ့အချိန် စောင့်မနေနှင့် ပိုးသတ်ဆေး တလွဲသုံးတာ ၊ခွေးလေးတွေကို လူဆေးတွေ တလွဲလျှောက်တိုက်တာ စတာတွေက လူကြီးမင်းတိုရဲ့ ကလေးတွေကို သေမင်းဆီထိုးကျွေးသလိုဖြစ်စေတယ် ဆိုတာသတိထားစေချင်ပါတယ် ။
ရောဂါတစ်ခုဖြသ်လာပြီဆိုရင် ရောဂါလက္ခဏာအပေါ် လိုက်ပြီး ကုသလို့မရပါဘူး ု။ရောဂါဖြစ်စေတဲ့ ဇာတ်မြသ်ကို လိုက်ရှာပြီး နောင်မဖြစ်အောင် တားဆီးနိုင်ဖို့ ဆရာဝန်နှင့် သေချာဆွေးနွေးပြီး အဖြေရှာပါ ။
လိုအပ်ရင် လိုအပ်သလို သွေးစစ်တာ ၊ဓာတ်မှန်ရိုက်တာတွေလည်း လုပ်သင့်ပါတယ် ။

လေးစားစွာဖြင့်

https://www.facebook.com/929357853896905/posts/1275243499308337/

မန္တလေး မြို့အတွင်းအိမ်အရောက်ကျန်းမာရေး စစ်ဆေးခြငါး ကုသခြင်းများအတွက် ၀၉၉၅၀၄၄၅၃၄၃ သို့ဆက်သွယ်နိုင်ပါပြီခင်ဗျာ ။

is caring, so if u like this article
Plz like & share. Thz u

သင်ချစ်တဲ့ ခွေးလေးတွေကို မကျွေးသင့်တဲ့ အစားအစာ ( ၉ ) မျိုး-------------------------------------------------------------လ...
19/05/2021

သင်ချစ်တဲ့ ခွေးလေးတွေကို မကျွေးသင့်တဲ့ အစားအစာ ( ၉ ) မျိုး
-------------------------------------------------------------
လူသားတို့နဲ့ အရင်းနှီးဆုံး တိရိစ္ဆာန်ကို ပြပါဆိုရင် ခွေး လို့ဆိုရမှာပါ။ ခွေးချစ်သူတော်တော်များများက သူတို့ရဲ့ အိမ်မွေးတိရစ္ဆာန်လေးကို အရမ်းတန်ဖိုးထားကြပါတယ်။

တစ်ချို့ဆို ကိုယ်ကသာ Beauty Salon ကိုသွားချင်မှသွားမယ်။ ကိုယ့်အိမ်က အချစ်တော်လေးကိုတော့ ကေသဖို့ အမြဲလို လိုက်ပို့လေ့ရှိပါတယ်။
သင်အချစ်ဆုံးခွေးလေးကို မကျွေးသင့်တဲ့ အားအစာတွေ ရှိပါတယ်။ သင့်ခွေးလေးအတွက် အန္တရာယ်များပါတယ်။ အခန့်မသင့်ရင် အသက်ပါဆုံးရှုံးနိုင်ပါတယ်။

1. အရက်

အရက်ကို မတိုက်ရဘူးဆိုရင်တော့ သိပ်အံ့သြမယ်မထင်ပါဘူး။ လူတောင်မှအရက်ဆွဲ ရင်သေတတ်တာပဲ။ အရက်မှာပါဝင်တဲ့ Methylxanthines လို့ခေါ်တဲ့ ဓါတုဓါတ်ပစ္စည်းက အစာအိမ်ကိုထိခိုက်စေပြီး အတက်ရောဂါဖြစ်စေနိုင်ပါတယ်။ သင့်အချစ်တော်လေး အရက်သောက်မိရင် တိရိစ္ဆာန်ကုဆရာဝန်တွေနဲ့ ပြသင့်ပါတယ်။

2. ချောကလက်

ချောကလက်ကတော့ ခွေးလေးတွေအတွက် မကောင်းဘူးဆိုတာ သိပြီးတဲ့သူတွေလည်းသိပြီးလောက်မှာပါ။ သူ့မှာလည်း အရက်မှာပါဝင်တဲ့ ဓါတုပစ္စည်းပါဝင်နေတာပါ။ အထူးသဖြင့် အနက်ရောင်ချော့ကလက်စစ်စစ်က နို့ရောထားတဲ့ (သို့) အဖြူရောင်ချော့ကလက်ထက် အဲဒီဓါတ်ပါဝင်မှု မြင့်မားပါတယ်။ ချော့ကလက်ကို ကိုယ့်အချစ်တော်လေးနဲ့ ဝေးဝေးထားပါနော်။

3. အုန်းသီး

အုန်းသီးမှာ ပိုတက်ဆီယမ်ဓါတ်နဲ့ အဆီဓါတ်ပါဝင်ပါတယ်။ ဒါဟာ ခွေးလေးတွေအတွက် မကောင်းပါဘူး။ ခွေးလေးတွေကို အသက်ဆုံးရှုံးတဲ့ထိ မဖြစ်စေပေမဲ့ အန်တာ ဝမ်းလျှောတာမျိုးဖြစ်စေပါတယ်။ အုန်းသီးကိုလည်း သင့်အချစ်တော်လေးနဲ့ ဝေးဝေးမှာထားပါနော်။

4. စပျစ်သီး

စပျစ်သီးက ခွေးလေးတွေအတွက် ဘာလို့မကောင်းတာပါလိမ့်လို့ စဉ်းစားမိကောင်းစဉ်းစားမိပါလိမ့်မယ်။ သူတေသီတွေက စပျစ်သီးမှာ ခွေးလေးတွေရဲ့ ကျောက်ကပ်ကို ထိခိုက်စေတဲ့ ဓါတ်တွေ ပါဝင်တယ်လို့ ဆိုပါတယ်။ ကျောက်ကပ်ပျက်ဆီးပြီး သေတဲ့ထိဖြစ်စေနိုင်ပါတယ်။ တကယ်လို့ စပျစ်သီးစားမိရင် ဆရာဝန်ဆီ အပြေးသာသွားလိုက်ပါနော်။

5. ကော်ဖီ

အရက်နဲ့ ချော့ကလက်လိုပါပဲ။ ကော်ဖီမှာ Methylxanthines ဓါတ်တွေပါဝင်ပြီး ခွေးလေးတွေအတွက် အန္တရာယ်ရှိပါတယ်။ ကဖိန်းဓါတ်များများပါဝင်လို့ ခွေးလေးတွေကို အိပ်ရေးပျက်စေပါတယ်။ ကဖိန်းဓါတ်များတဲ့ ဘယ်အစားအစာမျိုးကိုမဆို ခွေးလေးတွေကို မတိုက်သင့်ပါဘူး။၊ ဥပမာ – ဆော်ဒါ၊ အားဖြည့်အချိုရည်များ။

6. ပန်းသီးရိုး

ပန်းသီးကို ကိုက်စားပြီးသွားရင် အလည်မှာ ကျန်ခဲ့တဲ့အရိုးတံကို ခွေးလေးတွေကို မကျွေးသင့်ပါဘူး။ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာဖြစ်စေပါတယ်။ Seizures လို့ခေါ်တဲ့ အတက်ရောဂါတစ်မျိုး ဖြစ်နိုင်ပါတယ်။

7. အသားစိမ်း

အသားစိမ်းကို ကျွေးတာဟာ ကောင်းတယ်လို့ တွေးကောင်းတွေးမိပါလိမ့်မယ်။ ဒါပေမဲ့ ရေရှည်အတွက်ဆိုရင်တော့ ခွေးကို အသားစိမ်းကျွေးတာမကောင်းပါဘူး။ ခွေးမွေးတဲ့ပုံတွေလည်းပြောင်းသွားပြီ မျိုးတွေစပ်မွေးလာကြတာမို့ အသားစိမ်းတွေကို အစာကြေဖို့ ခက်ခဲပါတယ်။

8. နို့ထွက်ပစ္စည်း

တစ်ချို့ခွေးလေးတွေက ပေါက်စအရွယ်လေးမှာ ချိစ်၊ ဒိန်ချဉ်နဲ့ တခြားနို့ထွက်ပစ္စည်းတွေကို ကြိုက်နှစ်သက်ကြပါတယ်။ အရွယ်ရောက်လာရင် အစာပြောင်းကျွေးတာကောင်းပါတယ်။

9. Macadamia

အခွံမာသီးတစ်မျိုးဖြစ်ပါတယ်။ မြန်မာတို့နဲ့ တော့ သိပ်မရင်းနှီးလှတဲ့ အသီးတစ်မျိးပါ။ အဲဒီအခွံမာသီးကလည်း သင့်ခွေးလေးတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေလို့ ရှောင်ပေးသင့်ပါတယ်။

Credit- My Food Myanmar

ကမ္ဘာ့မှတ်ဉာဏ်အကောင်းဆုံးခွေးများခွေးချစ်တဲ့သူတွေအတွက် လိမ္မာပြီး ပြောစကားနားထောင်တဲ့အပြင် သခင်အပေါ်သစ္စာအရမ်းရှိတဲ့ခွေး...
10/05/2021

ကမ္ဘာ့မှတ်ဉာဏ်အကောင်းဆုံးခွေးများ

ခွေးချစ်တဲ့သူတွေအတွက် လိမ္မာပြီး ပြောစကားနားထောင်တဲ့အပြင် သခင်အပေါ်သစ္စာအရမ်းရှိတဲ့ခွေးတွေကိုဖော်ပြသွားမှာဖြစ်ပါတယ်။ခွေးမွေးမြူရန်ဆုံးဖြတ်ထားပြီး ဘာခွေးမွေးရမှန်းမသိတဲ့သူတွေအတွက် ပိုပြီးအဆင်ပြေမှာပါ။

1. Border Collie

Border Collie ခွေးအမျိုးအစားပာာကမ္ဘာပေါ်မှာ ဉာဏ်အကောင်းဆုံးနဲ့ စွမ်းအင်ပြည့်ဝတဲ့နေရာမှာ နံပတ်၁ပါပဲ။ သူတို့ပာာ သူစိမ်းအပြင်လူကို မိုင်အဝေးကြီးကနေလှမ်းပြီးထောက်လှမ်းနိုင်စွမ်းရှိသလို ရန်သူမိတ်ဆွေခွဲခြားသိမြင်ပါတယ်။ မိသားစုတွေအပေါ်အရမ်းခင်တွယ်တတ်တာကြောင့်သင်အလုပ်ကပြန်လာရင်ပင်ပန်းမှုတွေကိုချက်ချင်းပြေလျော့သွားစေပါတယ်။ ဉာဏ်ရည်အလွန်ကောင်းတဲ့ခွေးဖြစ်တာကြောင့် ခဏလေးအတွင်းမှာ အလွယ်တကူတတ်မြောက်လွယ်ပြီး သခင်အရိပ်အကဲကိုကြည့်ပြီးအလိုက်တသိနေတတ်တဲ့ခွေးအမျိုးအစားပဲဖြစ်ပါတယ်။

2. Poodles

Poodles ခွေးလေတွေပာာ ရုတ်တရက်ကြည့်တဲ့အခါအရုပ်လေးနဲ့တူပါတယ်။ ဉာဏ်အလွန်ပင်ကောင်းမွန်တာကြောင့် ခဏလေးအတွင်းသင်ယူတတ်မြောက်လွယ်ပါတယ်။ ၎င်းခွေးလေးတွေပာာ ခြံဝန်းကဲသို့နေရာကျယ်တွေမှာ ပြေးလွှားဆော့ကစားခြင်းကိုနှစ်သက်တဲ့ခွေးတွေဖြစ်ပါတယ်။၎င်းတို့ရဲ့အရွယ်အစားပာာလည်း အစောင့်ခွေးအဖြစ်ထားနိုင်ငံတာကြောင့် ရန်သူလာရင်လည်း သတိပေးအချက်ပြပောာင်ပါတယ်။တစ်ခါတစ်လေ Poodels ခွေးလေးတွေလမ်းလျောက်ထွက်ပေးတဲ့အခါ တခြားဘေးပတ်ဝန်ကျင်ရှိတဲ့အရာတွေကို ရန်ရှာတတ်ပါတယ်။

3. ဂျာမန် သိုးထိန်းခွေး(German Shepherd Dog)

ဂျာမန်သိုးထိန်းခွေးဆိုတဲ့အတိုင်း ဂျာမန်မှာတော့အဲဒီခွေးတွေကို သိုးကျောင်းရာမှာအသုံးပြုပါတယ်။ဒီခွေးတွေပာာ သတ္တိရှိတယ်၊ဉာဏ်ရည်ထက်မြက်ပြီး ကာကွယ်လိုစိတ်အပြည့်ရှိတဲ့ခွေးအမျိုးအစားဖြစ်ပါတယ်။အနံ့ခံအလွန်ကောင်းလွန်းတာကြောင့် ဒီခွေးကို ဗုံးရှာဖွေရေးနဲ့ မူးယစ်ဆေးဝါးရှာဖွေရေးတို့မှာ အဓိကအသုံးပြုကြပါတယ်။ အပြေးလည်းမြန်တာကြောင့် သားကောင်ပာာ စက်ကွင်းထဲကဘယ်လိုမှလွတ်မြောက်မှာမဟုတ်ပါဘူး။ယခုအခါ သိုးထိန်းခွေးတွေကို အိမ်တွေမှာမွေးမြူကြပြီး ခြံစောင့်အဖြစ်ထားကြပါတယ်။

4. Golden Retriever

Golden Retriever ခွေးတွေကိုခြံစောင့်ခိုင်းဖို့တော့မမျှော်လင့်လိုက်ပါနဲ့။ အရမ်းခင်တွယ်တတ်တာကြောင့်သူခိုးကိုတောင် အိမ်ကိုပတ်ပြသွားနိုင်ပါတယ်။ ဉာဏ်ရည်အလွန်ကောင်းတာကြောင့် အမိန့်ပေါင်း ၂၀၀ကျော်ကို နားလည်လိုက်နာပါတယ်။ အဆိုပါခွေးပာာ မိသားစုတွေ ကလေးငယ်တွေအတွက်အသင့်တော်ဆုံးခွေးလေးတစ်ကောင်ဖြစ်ပါတယ်။

5. ဒိုဘာမင်( Doberman Pinscher)

ဒိုဘာမင်ခွေးတွေပာာအကြောက်တရားကင်းမဲ့တာကြောင့်စစ်တပ်ခွေးအဖြစ်အသုံးပြုကြပါတယ်။ အမိန့်ကိုနာခံပြီး သခင်က ကိုက်လို့ပြောတာနဲ့ ရှေ့နောက်မကြည့်ပဲ ကိုက်တဲ့ခွေးအမျိုးအစားဖြစ်ပါတယ်။ သူပာာကြမ်းတမ်းတယ်လို့ထင်ရပေမဲ့ သခင်အပေါ်အရမ်းချစ်ခင်သိတတ်တဲ့ ခွေးတွေဖြစ်ပါတယ်။

6. Shetland Sheepdog

အမွှေးထူထူ နှုတ်သီးချွန်ချွန်နဲ့ Shetland Sheep ခွေးတွေပာာအလွန်ချစ်စရာကောင်းပါတယ်။ အဆိုပါခွေးလေးတွေကိုတော့ နိုင်ငံခြားကစိုက်ပျိုးမွေးမြူရေးသမားအများစုမွေးမြူကြပါတယ်။သူ့ရဲ့ တိရိစ္ဆာန်တွေကို ထိန်းချုပ်ကိုင်တွယ်နိုင်တဲ့စွမ်းရည်တွေကြောင့်နာမည်ကြီးပါတယ်။ ဘယ်လောက်ပဲ တစ်ယောက်တည်းနေပါစေ ထိုခွေးရှိနေရင် အဖော်ပြုပေးရုံသာမက အိမ်လုံခြုံမှုကို ဖြစ်စေမှာပါ။ ဉာဏ်ရည်ထက်မြက်လွန်းတာကြောင့် အကောင်းအဆိုး ခွဲခြားသိကြပါတယ်။

7. Labrador Retriever

ဒီခွေးအမျိူးအစားပာာ Golden Retriever ခွေးနဲ့ခပ်ဆင်ဆင်ပါပဲ။အမွှေးရှည်တာနဲ့မရှည်တာလေးပဲအနည်းကွာတာသွားဖြစ်ပါတယ်။ မိသားစုအများစုကတော့ အဆိုပါခွေးလေးတွေကိုအမွေးများပါတယ်။ သူတို့ရဲ့စိတ်ရှည်မှု၊ညင်သာမှု၊ဂရုစိုက်မှု၊သင်ယူလွယ်မှု၊ဉာဏ်ကောင်းတာတွေကြောင့် အမွေးများကြပါတယ်။ ဒီခွေးလေးတွေပာာ ကလေးငယ်လေးတွေကိုချစ်တတ်တာကြောင့် ကလေးငယ်တွေနဲ့အတူ အဖော်ပြုလုပ် အနစ်နာခံပေးကြပါတယ်။ ကလေးတွေနဲ့လည်းအသင့်တော်ဆုံးခွေးလေးတစ်ကောင်ဖြစ်ပါတယ်။

8. Papillon

Papillonခွေးတွေပာာ ခွေးပုအမျိုးအစားဖြစ်ပြီး သူတို့ရဲ့ အမွှေးတွေနဲ့ဆွဲဆောင်နိုင်ပါတယ်။ သူတို့နားရွက်လေးတွေပာာ လိပ်ပြာပုံသဏ္ဌာန်ကားထွက်နေပါတယ်။ အရွယ်အစားကအနေတော်ဖြစ်တာကြောင့် ခရီးတိုထွက်တဲ့အခါတွေမှာအဆင်ပြေပါတယ်။ နည်းနည်းလေးလေ့ကျင့်ပေးတာနဲ့ တတ်လွယ်ပြီး သခင်အပေါ်ကာကွယ်လိုစိတ်အပြည့်ရှိတဲ့ခွေးလေးတွေဖြစ်ပါတယ်။

9. Rottweiler

နောက်ထပ်အလုပ်အတွက်သင့်တော်တဲ့ခွေးအမျိုးအစားကတော့ Rottweilerပဲဖြစ်ပါတယ်။ သူတို့ရဲ့ ပုံစံကဂျာမန်သိုးထိန်းခွေးအမျိုးအစားလိုမျိုးခြေထောက်ခွင်ပြီး အစောင့်ခွေး ရဲတပ်ဖွဲ့ခွေးအနေနဲ့ အသုံးပြုကြပါတယ်။ သူတို့ရဲ့ကြောက်ရွံ့ခြင်းမရှိတဲ့စိတ်တွေ အမိန်နာခံတတ်တာတွေကြောင့် ရဲတပ်ဖွဲ့တွေမှာအသုံးများတဲ့ခွေးအမျိုးအစားပဲဖြစ်ပါတယ်။မိသားစုအပေါ်ကိုလည်းအလွန်သစ္စာစောင့်သိတတ်တဲ့ခွေးလေးတွေဖြစ်ပါတယ်။

10. Beagle

Beagleခွေးအမျိုးအစားတွေပာာ သူတို့ရဲ့ကြီးမားရှည်လျားတဲ့နားရွက်တွေကြောင့် လူချစ်လူခင်များကြပါတယ်။ တခြားနိုင်ငံတွေမှာတော့ ယုန်လိုက်ဖို့အသုံးပြုကြပါတယ်။ အပြေးအလွန်သန်တာရယ် စူးစမ်းလိုစိတ်ပြင်းထန်တာတွေကြောင့် ခြံဝန်းကျယ်ထဲမှာထားသင့်ပါတယ်။ သခင့်စကားနားထောင်သလို တစ်ခါတလေသခင့်ကိုပါ ပြန်ခိုင်းတတ်ကြပါတယ်။

Credit - Buzzy Team

Address

Thingangyun
11091

Telephone

+959258586878

Website

Alerts

Be the first to know and let us send you an email when Taste of the Wild Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Taste of the Wild Myanmar:

Videos

Share

Category