Gay & Khay

Gay & Khay Cute Cat

Ko Ko G ay ရဲ့ Spa Time
06/11/2023

Ko Ko G ay ရဲ့ Spa Time

သားရေ ...ဂေးလေးရေ ...ညီလေးကို လာကြည့်ပေးပါအုံး ညီလေးအော်နေတယ်လို့‌ပြောလို့ လာစောင့်ပေးနေတာတဲ့‌ဂေးလေးကလေ အရမ်းကြင်နာတတ်ပြ...
08/02/2023

သားရေ ...ဂေးလေးရေ ...
ညီလေးကို လာကြည့်ပေးပါအုံး ညီလေးအော်နေတယ်လို့‌ပြောလို့ လာစောင့်ပေးနေတာတဲ့
‌ဂေးလေးကလေ အရမ်းကြင်နာတတ်ပြီး စကားနားထောင်တဲ့ ကလေးလေး (ကမြင်းကျောထတာက လွဲလို့)သိပ်လိမ္မာတဲ့ဂေးလေး မို့ ပိုပိုချစ်နေရပြန်ရော

ခေးမလေးကတော့ ကလေးအနားမကပ်ဘူး
ကလေးကအော်နေတာ သူနားညီးလာရင် ရိုက်ချင်တယ် လက်တစ်မြှောက်မြှောက်နဲ့
သမီးရေ မောင်လေးကိုမလုပ်ရဘူးလေ မမကခေးကိုအချစ်ဆုံးနော်လို့ ချော့ပြောရတယ်
ချော့ပြောရင်တော့နားထောင်ရှာတယ်
ကလေးကိုချီပြီးမှ သူ့ဆီသွားပြီးကိုင်ရင် မကြိုက်ဘူး ပြန်ကိုက်ရော
မနာလိုစိတ်ကြီးတဲ့ခေးလေးကိုလဲ သနားပြီး အချစ်ပိုနေရပြန်ရော

အိမ်ပေါ်မှာနေပြီး မြေကြီးတောင်မနင်းဖူးတဲ့ ဂေးကောင်ခမျာ ယားနာတွေပေါက်နေပါတယ် သူ့လောက်လှချင်တာလဲသူ့အပြင်မရှိဘူး ဂျောင်ဂျို...
09/10/2022

အိမ်ပေါ်မှာနေပြီး မြေကြီးတောင်မနင်းဖူးတဲ့ ဂေးကောင်ခမျာ ယားနာတွေပေါက်နေပါတယ်
သူ့လောက်လှချင်တာလဲသူ့အပြင်မရှိဘူး
ဂျောင်ဂျိုဂျောင်ကြားလိုက်တိုးပြီးညစ်ပတ်အောင်လျှောက်လူးနေတာလဲသူ့အပြင်မရှိဘူး
အိမ်ပေါ်မှာသေချာဂရုစိုက်ထားပါလျက်နဲ့ ဝဲလာပေါက်နေတယ်
ကိုယ်ကလဲ ယားနာတွေပေါက်တော့ သက်သာပါစေဆိုပြီး ဆရာခို ထည့်ပေးလိုက်တယ်
အဲ့မှာယားနာတွေကတစ်မနက်ထဲတင် ပိုကြီးသွားရော
ပိုကြီးလာတော့ စိတ်ပူပြီးဆေးခန်းပြေးရတော့တာပေါ့
ဆေးခန်းရောက်မှ ဆရာဝန်က ဂေးတို့အသားအရည်ကအရမ်းနုတော့ ဆရာခိုနဲ့လုံးဝမတည့်ဘူးတဲ့
ကိုယ်ဆရာခိုဆေးထည့်ပေးလိုက်မိလို့ဆိုပြီး နောင်တရလို့မဆုံးဘူး ငါကိုက ဆေးခန်းအရင်မသွားပဲ ငါထင်တဲ့ဆေးထည့်ပေးမိလို့ဆိုပြီး စိတ်ထဲမကောင်းတော့ဘူး
⭐သတိပြုကြရန်
⭐(ဆရာခိုနဲ့ဂေးတို့လိုနုနယ်တဲ့ကြောင်လေးတွေအသားအရည်က လုံးဝမတည့်ပါဘူးနော်)

ဆေးခန်းပြတော့ ဆရာဝန်က ဆေးထိုးပေးပြီး သောက်ဆေး လိမ်းဆေးပေးတယ်
ဆေးတိုက်ဖို့ကိုအစာအရင်ကျွေးရတယ် ဂေးကောင်ဆိုတဲ့ဟာက မနက်ဆေးတိုက်မှာမှန်းသိလို့ ဆေးတိုက်ခါနီးအစာမစားဘူး မနက်အစောကြီးကြိုစားထားတယ်
ငလည်ကောင်
ဂေးကောင်ကိုဆေးတိုက်တာ အိမ်ရှိမိသားစု၃‌ယောက်
လုံးကချုပ်ပြီးတိုက်ရတယ်

သူ့ကိုဆူလိုက်ရင် အခုစိတ်မကောက်တော့ဘူးဝမ်းနည်းပြတာ အဲ့လိုရုပ်ကြီးနဲ့ဘုရားစင်အမိုးပေါ်ကနေ အောက်ကမှန်ခုံပေါ်ခုန်ချတယ် ပြီးရ...
29/09/2022

သူ့ကိုဆူလိုက်ရင် အခုစိတ်မကောက်တော့ဘူး
ဝမ်းနည်းပြတာ အဲ့လိုရုပ်ကြီးနဲ့
ဘုရားစင်အမိုးပေါ်ကနေ အောက်ကမှန်ခုံပေါ်ခုန်ချတယ် ပြီးရင် ဘုရားစင်အမိုးပေါ်ပြန်ခုန်တက်တယ်
ကမြင်းစရာမရှိရှာကျန်ကမြင်းတာ
မှန်ခုံပေါ်ခုန်ချလို့ မှန်ကွဲတာကိစ္စမရှိဘူး အိမ်မှာကိုယ်တွေမရှိတဲ့အချိန်မှာ သူ့ခန္ဓာကိုယ်အလေးချိန်နဲ့ခုန်ချတဲ့အခါမှန်ကွဲပြီးသူ့ကိုရှသွားရင်များဒုက္ခဆိုပြီးတွေးပူရတာ
မှန်ခုံကွဲသွားတာလောက်ကနှမျောမနေဘူး (laptop တွေTVတွေတောင်ဖျက်စီးထားသေးတာ)ကျန်တဲ့ပစ္စည်းတွေသူဖျက်စီးလိုက်လို့မ‌နှမျောဘူး
သူလေးအန္တရာယ်ဖြစ်မှာပဲစိတ်ပူတာ
အဲ့ဒါကြောင့်ဆူလိုက်တာကိုမျက်ရည်ဝဲပြီး drama တွေခင်းပြနေတာကြည့်ကြအုံး
#ဂေးကောင်

ခေးမလေးရဲ့ ပြောင်းလဲလာပုံလေး ပြောပြမလို့ခေးလေးက ပုံမှန် သူ့ဖာသာအေးဆေးနေတတ်ပြီးလူနာမကပ်ဘူး သူ့ကိုချီတာ ပွတ်ပေးတာမကြိုက်ဘူ...
11/06/2022

ခေးမလေးရဲ့ ပြောင်းလဲလာပုံလေး ပြောပြမလို့
ခေးလေးက ပုံမှန် သူ့ဖာသာအေးဆေးနေတတ်ပြီးလူနာမကပ်ဘူး သူ့ကိုချီတာ ပွတ်ပေးတာမကြိုက်ဘူး သူ့ကိုပွတ်လိုက်တဲ့နေရာကို ပြန်ယပ်ပစ်တတ်တဲ့ ကလေးမျိုး ဒါပေမယ့် အိမ်ကို ဧည့်သည်လာရင် သူပဲဧည့်ခံရတယ် သမီးလေးခဏအချီခံနော် ဧည့်ခံပေးနော်ဆိုရင်တော့ နားထောင်တယ် ဧည့်သည်ပြန်သွားရင်တော့ သူ့တကိုယ်လုံးကိုပြန်ယပ်ပစ်တာ
ခေးလေးမကြိုက်တာက ကလေးတွေ
ကလေးတွေ တွေ့ရင် မာန်ဖီတယ် လှမ်းကုပ်တယ် ပြောလို့မရဘူး အိမ်လာလည်တဲ့ကလေးတွေကိုအကုန်ကုပ်လွှတ်တာ အဲ့ဒါက သူပုံမှန်ပုံစံလေး
ကိုယ့်မှာ ကိုယ်ဝန်ရှိတာ သိတဲ့အချိန် ကိုယ်က ခေးလေးရေ မမဗိုက်ထဲမှာကလေးလေးရှိနေပြီလို့ ‌သူ့ကိုပြောမိတယ် အဲ့အချိန်မှာပြဿနာစတတ်တော့တာပဲ
ပြောလိုက်တဲ့အချိန်ထဲက ကိုယ့်အနားကမခွာတော့ဘူး
လစ်ရင် ဗိုက်ကိုတက်နင်းတယ် နှိပ်တယ် (ခေးကဘေးကနေတာနှိပ်ပေးတာ လူပေါ်တက်မနှိပ်ပေးဘူး) မနာလိုစိတ်တအားကြီးပြီး သူ့ကိုပဲချစ်ဆိုပြီး အရမ်းချွဲတော့တာပဲ ခေးလေးချွဲတတ်လိမ့်မယ်လို့လုံးဝမထင်ထားခဲ့ဘူး (ရုံးပတီသီး အဖြူကြီးလို့ပြောင်းခေါ်ရတယ်)😁
သူ့ကိုပြောပြပြီးတဲ့အချိန်ကစပြီး သူအနားမှာရှိရင် ပက်လက်မအိပ်ရဲတော့ဘူး လစ်တာနဲ့ဗိုက်ကိုနင်းတာ
နောက်ဆုံး ကိုယ်က သမီးအဲ့လိုလုပ်တော့ မမသေသွားရင် ဘယ်လိုလုပ်မလဲ သမီးဘယ်သူနဲ့နေမလဲပြောတော့မှ မလုပ်တော့တာ
ပုံမှန် ညဘက်အိပ်ရာထဲမှာအိပ်ရင် တစ်ညကို ၃/၄ခါ တံခါးထဖွင့်ပေးရတယ် ဝင်လိုက်ထွက်လိုက်လုပ်နေကျ ကိုယ်က ပုံမှန်အိပ်ရေးပျက်နေကျပေါ့
အခုဆို သမီးကညဘက်ခဏခဏနှိုးတော့ မမအိပ်ရေးပျက်ပြီးနေမကောင်းဖြစ်မှာလို့ ပြောပြပြီးကတည်းက ညဘက်တစ်ခါဝင်ပြီးရင် မနက် ၄နာရီတစ်ခါပဲနှိုးတော့တယ် တညလုံး လုံးဝမနှိုးဘူး
ကိုယ်က အပေါ့အပါးထသွားရင် အိမ်သာထဲလိုက်စောင့်တယ် ပြီးရင်တစ်ခါတည်းအိပ်ရာထဲပြန်ဝင်တယ်
(ခေးရဲ့ဂရုစိုက် သိတတ်မှုလေးတွေ)
ကိုယ်မွေးလာမယ့်ကလေးသာသူမလိုချင်တာ ကိုယ့်ကိုတော့အရမ်းဂရုစိုက်တတ်တဲ့ ခေးမလေး
အခုဆို အမြဲချီခိုင်းတယ် တချိန်လုံး ကိုယ့်ပေါင်ထဲမှာပဲနေတယ် ကိုယ်ကလှုပ်လိုက်ရင် သူ့မှာအိပ်နေရာကနေ ပြာပြာသလဲ ထပြီး တအွန်းအွန်း ဘာဖြစ်တာလဲပေါ့
ကိုယ်က သမီးလေးအိပ်အိပ် ဘာမှမဖြစ်ဘူးဆိုမှပြန်အိပ်တယ်
အိမ်က အမေက ခေးရေ နင့်အမက နင့်မချစ်ဘူး သူ့ကလေးပဲချစ်မှာဆိုပြီး စရင် ခေးကအော်ရော
ကိုယ်က ခေးရေ မမက ကလေးလေးနဲ့ ခေးလေး ဘယ်သူ့ကိုချစ်မလဲမေးရင် မြောင့်ဝို မြေင့်ဝိုနဲ့ပြန်ပြောတာ ဘယ်နှခါမေးမေး မြောင့်ဝို့ပဲ
မမက ခေးလေးကိုပဲချစ်တာနော် ဆိုရင် အွန်း အွန်းနဲ့ကျေနပ်တဲ့ရုပ်ကြီးလုပ်ပြီး ခေါင်းထိုးချွဲတော့တာပဲ
စာလဲရှည်သွားပြီ ခေးလေးကိုချစ်လွန်းလို့ သူ့အကြောင်းလေး ပြောပြမိတာ 🥰

ဂျီကျပြီးမှအိပ်တဲ့ ခေးနဲ့ပဲများကောင် ဂေး
20/05/2022

ဂျီကျပြီးမှအိပ်တဲ့ ခေးနဲ့
ပဲများကောင် ဂေး

ဘာတွေလွမ်းပြီးဆွေးနေလဲမသိဂေး ဆိုတဲ့ နာမည်ကလေ ကိုလွမ်းမောင် လို့ပြောင်းလိုက်ရမလား😁 #ဂေး
14/03/2022

ဘာတွေလွမ်းပြီးဆွေးနေလဲမသိ
ဂေး ဆိုတဲ့ နာမည်ကလေ ကိုလွမ်းမောင် လို့ပြောင်းလိုက်ရမလား😁
#ဂေး

ရေအိုးထဲအေးဆေးသာယာနေတာ
11/03/2022

ရေအိုးထဲအေးဆေးသာယာနေတာ

တွေးရင်းငေးရင်း #ဂေး
10/02/2022

တွေးရင်းငေးရင်း
#ဂေး

သူ့ဇကောလေးကို သူလစ်တုန်းခဏယူပြီး ငါးခြောက်လှမ်းလို့တဲ့ ငါးခြောက်တွေယက်ချလို့ ပြန်ဖယ်ပေးရတယ် ဥစ္စာခြောက်ဂေးကောင်
13/01/2022

သူ့ဇကောလေးကို သူလစ်တုန်းခဏယူပြီး ငါးခြောက်လှမ်းလို့တဲ့ ငါးခြောက်တွေယက်ချလို့ ပြန်ဖယ်ပေးရတယ်
ဥစ္စာခြောက်ဂေးကောင်

Merry Christmas 😻😻😻
25/12/2021

Merry Christmas 😻😻😻

11/12/2021
ညဘက်အိပ်ခါနီးဆို ခေးကနှိပ်ပေးတယ် နှိပ်ပေးပြီးရင်ကိုယ်ကသူ့ကိုစကားပြောပြီးကုပ်ပေးရတယ် ပြီးမှ ပုံထဲကအတိုင်းခြေထောက်လေးကိုခေ...
26/11/2021

ညဘက်အိပ်ခါနီးဆို ခေးကနှိပ်ပေးတယ် နှိပ်ပေးပြီးရင်ကိုယ်ကသူ့ကိုစကားပြောပြီးကုပ်ပေးရတယ် ပြီးမှ ပုံထဲကအတိုင်းခြေထောက်လေးကိုခေါင်းအုံးပြီးအိပ်တယ် ကိုယ်က မကုပ်ပေးစကားမပြောပေးရင် စိတ်ကောက်တယ် ပြီးရင် အိပ်မရအောင်ဂျီကျတော့တာပဲ
ကိုယ့်မှာသူအိပ်နေရင်နိုးမှာစိုးလို့ နိုးရင် ကလေးတွေဂျီကျသလိုအရမ်းဂျီကျတာ အပေါ့လဲထမသွားရ ခြေထောက်ကျင်လဲကျိတ်ခံပဲ
ခေးကို နာမည်ပြောင်းရတော့မလားဟင် ဂျီမလေးလို့

စိတ်ကောက်ဘင်ရီးဂေး နှင့် အအိပ်ဘင်မရီးခေး
15/11/2021

စိတ်ကောက်ဘင်ရီးဂေး နှင့် အအိပ်ဘင်မရီးခေး

ခေးက စာကလေးချောင်း‌ဂေးက မဆန့်တဲ့ဇကာထဲအတင်းခွေ ပုံရိုက်မယ်ဆိုတော့ ပဲများ
03/11/2021

ခေးက စာကလေးချောင်း‌
ဂေးက မဆန့်တဲ့ဇကာထဲအတင်းခွေ ပုံရိုက်မယ်ဆိုတော့ ပဲများ

ခေးမလေးကလေ အခုရက်ပိုင်းနေ့ရောညပါအရမ်းဂျီကျနေပါတယ်သူဂျီကျရင်အရမ်းချစ်ဖို့ကောင်းပဲ ကိုယ့်မှာ ညဘက်ဆိုရင်တော့အိပ်ရေးပျက် နေ့...
15/10/2021

ခေးမလေးကလေ အခုရက်ပိုင်းနေ့ရောညပါ
အရမ်းဂျီကျနေပါတယ်
သူဂျီကျရင်အရမ်းချစ်ဖို့ကောင်းပဲ
ကိုယ့်မှာ ညဘက်ဆိုရင်တော့အိပ်ရေးပျက်
နေ့ဘက်ဆိုရင်တော့ အလုပ်ပျက်ပေါ့
ဘာပဲဖြစ်ဖြစ် ဂျီကျပြီးအနားလာကပ်နေတာကိုက ကိုယ့်မှာပျော်နေတာ🥰🥰🥰

ဦးဦး တီတီ ကိုကို မမ တို့ရေ ဂေးကို ချောတယ်လို့ပြောကြသူတွေကြည့်ကြပါအုံး အိုးမဲတွေမျက်နှာသွားလူးလာတာ တော်တော်လှ😂😂😂အမလုပ်သူမ...
26/09/2021

ဦးဦး တီတီ ကိုကို မမ တို့ရေ
ဂေးကို ချောတယ်လို့ပြောကြသူတွေကြည့်ကြပါအုံး အိုးမဲတွေမျက်နှာသွားလူးလာတာ တော်တော်လှ
😂😂😂
အမလုပ်သူမွေးနေ့မိုလို အမှတ်တရအတူတူပုံလေးရိုက်ပါတယ် ဖြစ်နေကြတဲ့ရုပ်တွေကိုကြည့်ကြပါအုံး😏😏😏

ကျွန်မသားလေး ဂေးကညဘက်ဆိုအရမ်းမွှေပါတယ်အမြင့်ပေါ်တင်ထားတဲ့ ပစ္စည်းမှန်သမျှတွန်းချတယ် ညဘက်အိပ်နေတုန်း ဝုန်း...ဘုတ်...ဘက်.....
04/09/2021

ကျွန်မသားလေး ဂေးကညဘက်ဆိုအရမ်းမွှေပါတယ်
အမြင့်ပေါ်တင်ထားတဲ့ ပစ္စည်းမှန်သမျှတွန်းချတယ်
ညဘက်အိပ်နေတုန်း ဝုန်း...ဘုတ်...ဘက်...ဆိုတဲ့အသံတွေကြားရင် ထမကြည့်တော့ဘူး ဂေးလက်ချက်ဆိုတာမှန်းလို့ရတယ် (ခွမ်း...ဆိုတဲ့အသံကြားရင်တော့ထကြည့်ရပါတယ် သိမ်းရပါတယ် ဂေးလက်တွေပြန်ရှကုန်မှာစိုးလို့ပါ) ညကတော့ ဘုန်း...ဆိုတဲ့အသံကြားပြီး ဂေးအော်သံပါကြားလို့ ထကြည့်တော့ ချိတ်ထားတဲ့အိတ်ကိုသူဆွဲချတာနေမှာ(အိတ်ပေါ်မှာသူအိပ်မလို့လေ) ပြက္ခဒိန်ပါသူ့ပေါ်ကျလို့ လန့်ပြီးအော်တာနေမယ် ကိုယ်က သားလေးဘာဖြစ်သွားလဲဆိုတော့ နားရွက်လေးကိုလက်နဲ့ပွတ်တယ် သူ့ခေါင်းနာသွားလို့နဲ့တူတယ် ဥုံဖွဆိုပြီး ပွတ်ပေးလိုက်တော့ သူဆွဲချတဲ့အိတ်ပေါ်တက်အိပ်လေရဲ့
#ဂေးကောင်အမွှေစိန်လေး
ခေးမလေးကတော့ ပဲမများစဖူး ပဲများပြနေတာ
#ခေးမပဲစိန်လေး
#ဂေးနဲ့ခေး

ဂေး လာကုပ်ခိုင်းတဲ့ရုပ်ကိုကြည့်ကြပါအုံး😁😁😁
31/08/2021

ဂေး လာကုပ်ခိုင်းတဲ့ရုပ်ကိုကြည့်ကြပါအုံး😁😁😁

ဂေးရဲ့ စိတ်ကောက်ပုံသူအစာတောင်းနေတာကို(ခွက်ထဲအစာရှိလျက်နဲ့ မစားဘူး သူတောင်းရင် ဘူးထဲကထည့်ပေးမှ အသစ်ပဲထည့်ခိုင်းတာ)မသိချင်...
24/08/2021

ဂေးရဲ့ စိတ်ကောက်ပုံ
သူအစာတောင်းနေတာကို(ခွက်ထဲအစာရှိလျက်နဲ့ မစားဘူး သူတောင်းရင် ဘူးထဲကထည့်ပေးမှ အသစ်ပဲထည့်ခိုင်းတာ)မသိချင်ယောင်ဆောင်နေလို့ ကိုယ့်ရှေ့နားလာပြီး ပလက်ကားယားကြီးလုပ်ပြီးကြည့်တယ် ကိုယ်ကတမင်ပုံရိုက်ပြီး မသိချင်ယောင်လဲဆောင်နေရော စိတ်ကောက်ပြီး ခုံပေါ်မှာသွားအိပ်ရော ခေါ်ပြီးအစာကျွေးတာမစားတော့ဘူး😁😁😁
#ဂေး

17/08/2021

ကျွန်မရဲ့ ခေးမလေး ဘယ်လောက်လိမ္မာလဲ
ကြည့်ကြပါအုံးရှင်
မအိပ်ခင်နှိပ်ပေးတာတဲ့
မမရဲ့သမီး‌ခေးလေး ရောဂါဘယကင်းရှင်းကာ စိတ်ချမ်းသာရပြီးအသက်ရှည်ပါစေကွယ်
ချစ်လိုက်ရတာ တုန်တုန်တတ်နေတာပဲ
#ခေး

နေရာလုပြီးအိပ်နေကြတာ
12/08/2021

နေရာလုပြီးအိပ်နေကြတာ

မနက်ကစာကလေးခုပ်လို့သူ့ကိုမခုပ်ရဘူးဆိုတာကို လေပြေလေးနဲ့အေးဆေးရှင်းပြတာကို စိတ်ကောက်တော်မူလေရဲ့ ကောက်စမ်းဟဲ့ဆိုပြီးမချော့ပ...
02/08/2021

မနက်ကစာကလေးခုပ်လို့သူ့ကိုမခုပ်ရဘူးဆိုတာကို လေပြေလေးနဲ့အေးဆေးရှင်းပြတာကို စိတ်ကောက်တော်မူလေရဲ့
ကောက်စမ်းဟဲ့ဆိုပြီးမချော့ပဲထားလိုက်တယ်
အခုညအိပ်မယ်ဆိုတော့ အမလုပ်သူခြင်ထောင်ဘေးနားလာကပ်အိပ်နေတယ် (အရင်ကဆို သူ့ဇကောထဲပဲအိပ်တာကိုယ့်အနားယောင်လို့တောင်လာမအိပ်ဘူး)
အိပ်နေတာလေးချစ်လို့
ကိုယ့်မှာအပေါ့သွားချင်တာတောင်အောင့်ထားလိုက်တယ် ဂေးလေးနိုးသွားမှာစိုးလို့ အိပ်နေတာလေးမနှိုးရက်ဘူး ချစ်လွန်းလို့🥰🥰🥰
#ဂေး

ဒီမနက်ဈေးကပြန်လာပြီး ရေချိုးနေတုန်း အမေက သမီးရေ ဂေးစာကလေးခုပ်လိုက်ပြီတဲ့ အဲဒါနဲ့တံခါးဖွင့်ကြည့်တော့ စာကလေးကိုရေချိုးခန်း...
02/08/2021

ဒီမနက်ဈေးကပြန်လာပြီး ရေချိုးနေတုန်း အမေက သမီးရေ ဂေးစာကလေးခုပ်လိုက်ပြီတဲ့ အဲဒါနဲ့တံခါးဖွင့်ကြည့်တော့ စာကလေးကိုရေချိုးခန်းရှေ့မှာချထားတယ် စာကလေးကငယ်ငယ်လေး အမေရေ ဇကာပေးဆိုပြီး စာကလေးကိုအုပ် ‌ဂေးကိုကြည့်ထားဆိုပြီးရေကမန်းကတန်းလောင်းပြီး စာကလေးကိုဇကာထဲကယူပြီး ဂေးကိုက်ထားလို့ အနာတွေဘာတွေဖြစ်သွားလားကြည့်တော့ ဒဏ်ရာမရှိဘူး စာကလေးအော်ရော (ဂေးနဲ့‌ ခေးက စာကလေးမ‌သေတော့အောက်ကနေပြန်တောင်းသေးတာ) စာက‌လေးကလန့်တာများတုန်နေတာပဲ ကိုယ့်မှာသေသွားမှာစိုးလို့ ရေစက်လေးပါးစပ်နားချပေးတော့ သောက်ရှာတယ် စာကလေးကိုပွတ်ပေးတော့ စာကလေးကငြိမ်သွားတယ် အဲ့ဒါနဲ့သူပျံနိုင်မလားဆိုပြီး နောက်ဖေးကပန်းအိုးပေါ်တင်ပေးတော့ပျံသွားရော သူ့အဖော်တွေကလဲ ပျံသွားတဲ့စာကလေးနောက်လိုက်ပြီးသွားကြတယ် အဲ့တော့မှစိတ်အေးရတယ်
စာကလေးကိုပြန်လွှတ်ပေးလိုက်လို့ ဂေးက စိတ်တွေကောက်ပါလေရော
ကိုယ့်မှာသူ့ကိုလေပြေလေးနဲ့
သားရေ သားကတော့ ခုပ်လိုက်တာပဲ သူ့မှာကသေရမှာလေ သူလဲကြောက်တာပေါ့ သားတောင်အိမ်ကိုလာလည်တဲ့ဧည့်သည်တွေကိုတောင်ကြောက်သေးတာလေ မဟုတ်ဘူးလားလို့ ပြောတော့ (အောင်းအူတဲ့)ပြန်ပြောသေးတယ် သားစားရတာလဲမဟုတ်ပဲနဲ့ သူများအသက်မသတ်ရဘူးနော်လို့ပြောတော့ နားထောင်နေတာ
ပြီးတော့ စိတ်ကဆက်ပြီးကောက်တာပါပဲ 😁😁😁
စက္ကူပုံးတွေဆွဲချကုပ်ဖြဲနဲ့ လုပ်တာပဲ (ဆော့တာဆော့တယ် အဲ့လိုစိတ်ဆိုးမာန်ဆိုးနဲ့ လုပ်တာမျိုးတစ်ခါမှ မတွေ့ဖူးဘူး )
(ကိုယ့်အထင် သူက စာကလေးခုပ်ပြီးကိုယ့်ကိုကျွေးတာကို ကိုယ်ကပြန်လွှတ်လိုက်တော့ သူစိတ်ဆိုးတယ်ပေါ့ အဲ့လိုလားမသိဘူး)
ခေးကလဲ စာကလေးလိုက်တောင်းတာမရလို့ စိတ်ပျက်လက်ပျက်ကိုဖြစ်လို့
ကိုယ့်ကလေးတွေရဲ့ မနက်ပိုင်းအမွှေပေါ့
ညပိုင်းနှစ်‌ကောင်ပေါင်းမွှေတာမပါသေးဘူး
#ဂေးနဲ့ခေး

30/07/2021

ခေးလေးကို လက်ကမြင်းထားတာ😂
#ခေး

ဦးဦးတို့ တီတီတို့ ကျန်းမာရေးကိုအထူးဂရုစိုက်ကြပါနော်😷😷😷ဂေးနဲ့ခေးရဲ့ မမက နေမကောင်းလို့ ဂေးနဲ့ခေးကအနား မကပ်ရဘူး မမကို အဝေးက...
15/07/2021

ဦးဦးတို့ တီတီတို့ ကျန်းမာရေးကိုအထူးဂရုစိုက်ကြပါနော်😷😷😷
ဂေးနဲ့ခေးရဲ့ မမက နေမကောင်းလို့
ဂေးနဲ့ခေးကအနား မကပ်ရဘူး မမကို အဝေးကနေပဲကြည့်နေရတယ် သားတို့အစာတောင်းလဲအနားမလာဘူး ကုပ်ခိုင်းလဲမကုပ်ပေးဘူး 🥺🥺🥺
မေမေနဲ့ကိုကိုကပဲအစာကျွေးတယ် ကုပ်ပေးတယ်
ဂေးနဲ့ခေးက မမလက်နဲ့ကုပ်ပေးတာပဲကြိုက်တာ 👋🤚✋
မမနေမြန်မြန်ပြန်ကောင်းမှ ဂေးနဲ့ခေးအနားကပ်ရမှာ
မမအနားကပ်ချင်တယ် မမနဲ့တူတူ‌စောင်ပေါ်မှာအိပ်ချင်တယ်🥰🥰🥰

05/07/2021

ဂေးဆိုတာ တကယ့်ငမွှေပါ အခန်းထဲဝင်ချင်လို့အော်တယ် ဖွင့်ပေးလိုက်တော့ဝင်လာပြီး ကုတင်ကိုကုပ်တယ် သားရေမကုပ်နဲ့လို့ပြောတော့ ပြတင်းပေါက်ကိုတက်သွားပြီး သံပန်းအပြင်ကိုခေါင်းထွက်ပြီး စာကလေးငန်းတယ် သားရေပြုတ်ကျမယ်ဆင်းခဲ့ဆိုတော့ ဆင်းလာပြီး မှန်တင်ခုံပေါ်တက်တယ် မှန်တင်ခုံပေါ်ကဟာတွေလက်နဲ့ကလော်ချတယ် သားရေမလုပ်ရဘူးလေဆိုတော့ အောက်ဆင်းပြီး အားသွင်းကြိုးကိုကိုက်ပါလေရော ပလက်ခေါင်းတွေအမြန်ဖြုတ်ရတယ်
ကိုယ့်မှာထပ်မပြောရဲတော့ဘူး ပြောရင်စိတ်ကကောက်တော့မယ် သားရေဖြေးဖြေးကိုက်လို့ပဲပြောရတော့တယ် သူ့ရဲ့ ကုတ်ဘုတ်၊စကော၊စက္ကူဖာတွေဆိုလုံးဝမကုပ်ဘူး အမလုပ်သူရဲ့ပစ္စည်းတွေကို ပဲဖျက်စီးတာဆော့တာ
ဂေးအခန်းထဲဝင်လာတဲ့ခဏလေး၅မိနစ်မကြာဘူးပြောရတာပါးစပ်မစိရဘူး ခလေးဆိုးလေး ပြောရင်းဆိုရင်းနဲ့ဖျက်စီးတာတွေကြည့်ပြီး ချစ်နေရတာ ငမွှေသီးလေးဂေး
#ဂေး

08/06/2021

မနက်စောစော လာနှိပ်ပေးနေတာတဲ့
ဘယ်လိုတွေတောင်လိမ္မာနေတာလဲခေးရယ်
🥰🥰🥰
#ခေး

ကျွန်မသား ငမွှေသီးလေးပါတစ်မနက်လုံး ဝုန်းဒိုင်းကျဲဆော့ပါတယ် ခုတော့ အခန်းထဲကို မွှေရန်ရောက်ရှိလာပါတယ် အဓိက ကုတင်ကိုကုပ်ချင...
08/06/2021

ကျွန်မသား ငမွှေသီးလေးပါ
တစ်မနက်လုံး ဝုန်းဒိုင်းကျဲဆော့ပါတယ် ခုတော့ အခန်းထဲကို မွှေရန်ရောက်ရှိလာပါတယ် အဓိက ကုတင်ကိုကုပ်ချင်တာပါ
သူ့ကုပ်ဘုတ်ကျတော့မကုပ်ရက်ဘူး ဖက်အိပ်လိုက်တက်အိပ်လိုက်နဲ့
ငမွှေးသီးဂေးကောင်
#ဂေး

ကလေးတွေအတွက် အစာရယ်၊‌ ကြောင်သဲရယ် သွားဝယ်ရင်း ကုပ်ဘုတ်လေးတွေ့တော့ ဂေးကိုဝယ်ပေးချင်တာနဲ့ကြည့်လိုက်တော့ အသေးလေးတောင် 4500တ...
01/06/2021

ကလေးတွေအတွက် အစာရယ်၊‌ ကြောင်သဲရယ် သွားဝယ်ရင်း ကုပ်ဘုတ်လေးတွေ့တော့ ဂေးကိုဝယ်ပေးချင်တာနဲ့ကြည့်လိုက်တော့ အသေးလေးတောင် 4500တဲ့
ပြန်တွက်ကြည့်တော့ 4500ဆို သူတို့အစာ ၁ပတ်စာရတယ် ကုပ်ဘုတ်ဝယ်ရင်ကောင်းမလား အစာပဲထပ်ဝယ်ရင်ကောင်းမလားစဉ်းစားရင်း(ခုချိန်က ကျပ်တည်းနေတော့လဲ ချင့်ချိန်ရနေရတယ်) ကဲ... ငါမုန့်မစားတော့ဘူးဟယ် ငါ့သားလေးက ကုပ်ဘုတ်လေးကိုကြိုက်မှာဆိုပြီး ဇွတ်မှိတ်ပြီးဝယ်လာလိုက်တယ်
အိမ်ပေါ်ရောက်တော့ "သားလေးရေ သားတို့ဖို့အစာရယ် သဲရယ် ဝယ်လာတယ်(အဲ့လိုပြောတာကို ဂေးကလှမ်းပဲကြည့်နေတယ် အမဆီကိုထမလာဘူး) နောက်ပြီး သားအတွက် မမလက်ဆောင်ဝယ်လာတယ်လို့လဲ" ပြောရော အူးညောင်း အူးညောင်းလို့အော်ပြီးထလာတယ်
ရော့ ...သားလေးကုပ်ဖို့ ဆိုပြီးချပေးတော့ အိတ်ကိုလက်နဲ့ကုပ်ပြတယ် အိတ်ဖွင့်ပေးအုံးပေါ့
အိတ်လဲဖွင့်ပေးလိုက်ရော သူသဘောကျသွားတယ်
ခေးက လာကြည့်တာတောင် ဂေးကရိုက်လွှတ်တယ် သူ့ဟာပေါ့ မမက သူ့အတွက်ဝယ်ပေးတာ လာမယူနဲ့ဆိုတဲ့အထာနဲ့
သားရေ ခေးကိုလဲပေး ကုပ်လေဆိုတော့ တကိုယ်လုံးတက်အိပ်ပစ်လိုက်ရော
ကုပ်ဘုတ်ကသေးတော့ သူတက်အိပ်တာမဆန့်ချင်ဘူးရယ်
ဂေးလေးသဘောကျတော့ ကိုယ်လဲပျော်မိတယ်

Address

No 35, Anawmar 2 Street, 13 Block

Telephone

+959420183935

Website

Alerts

Be the first to know and let us send you an email when Gay & Khay posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Telephone
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Pet Store/pet Service?

Share