Yangon Pet Relocation Services

Yangon Pet Relocation Services သားသားမီးမီးတို့နဲ့ အတူနံနံခြားကိုဒိုးကြစို့

🐶 Pet lover တို့အတွက် ချစ်စရာတိအမျိုးမျိုးကို တစ်နေရာတည်းကြည့်ရှူနိုင်မယ့် Pet Show မှာ YPRS လည်းရှိနေပါမယ်နော်…လာမယ့် J...
24/01/2025

🐶 Pet lover တို့အတွက် ချစ်စရာတိအမျိုးမျိုးကို တစ်နေရာတည်းကြည့်ရှူနိုင်မယ့် Pet Show မှာ YPRS လည်းရှိနေပါမယ်နော်…

လာမယ့် January လ (25,26) ရက်နေ့ Yangon Convention Center (YCC) မှာ ကျင်းပပြုလုပ်မယ့် Pet Show ကို တိ lover တွေအနေနဲ့ တက်ရောက်သင့်ပါတယ်။

✅ ဘာလို့တက်ရောက်သင့်လဲဆိုရင် မြန်မာနိုင်ငံမှာမရှိသေးတဲ့ Breed လေးတွေကို ကြည့်ရှုနိုင်မှာဖြစ်ပြီး တိဖေဖေ‌၊ မေမေတို့အ‌တွက် တိလေးတွေအကြောင်း ဗဟုသုတရဖွယ်ရာများဝေမျှပေးသွားမယ့် အစီအစဉ်လေးတွေပါဝင်လို့ပါပဲ။

✅ ဒါ့အပြင် YPRS မှလည်း Pet Relocation နဲ့ပတ်သက်တဲ့ ဝန်ဆောင်မှုများအကြောင်း ဝေမျှပေးမှာဖြစ်ပြီး Discount Coupon Gift Voucher တွေလည်း ပေးသွားဦးမှာပါနော်။

တိလေးတွေလည်းကြည့်၊ ချစ်ရတဲ့ တိလေးတွေနဲ့အကြာကြီး ခွဲမနေရအောင် ဖြေရှင်းနည်းဖြစ်တဲ့ Pet Relocation Service အကြောင်းလည်း နားထောင်ရင်း Discount Coupon တွေရယူဖို့ ဖိတ်ခေါ်အပ်ပါတယ်ရှင်။🐶❤️

📆 Date - 2025, January 25,26
⏰ Time - 9:00 AM to 5:00 PM
🎈 Location - Yangon Convention Center (YCC), Inya Lake Hotel Compound






25 , 26 ရက်နေ့ နှစ်ရက်တာ ကျင်းပပြုလုပ်မယ့် Yangon Convention Centre - YCC မှာ ကျင်းပပြုလုပ်မယ့် Pet Show ပွဲလေးမှာ မင်မင...
22/01/2025

25 , 26 ရက်နေ့ နှစ်ရက်တာ ကျင်းပပြုလုပ်မယ့် Yangon Convention Centre - YCC မှာ ကျင်းပပြုလုပ်မယ့် Pet Show ပွဲလေးမှာ မင်မင်တို့ YPRS လည်း အတူရှိပါမယ်ရှင့် 🫶 ❤️

◾Pet Relocation နဲ့ပက်သက်တဲ့ service တွေ၊ ခရီးသွားမယ့်က‌လေးလေးတွေကို safeဖြစ်‌စေမယ့် service တွေကို promotion လေးတွေလည်း အများကြီး ပေးသွားမယ် 🐶🎉

◾တိချစ်သူတို့အတွက် Discount Coupon လေးတွေ, Gift လေးတွေလည်း ပေးသွားမယ့်အပြင် 😍

◾ကြွရောက်လာကြတဲ့ ဧည့်သည်များကိုလည်း မင်မင်တို့က refreshing ဖြစ်စေမယ့် အအေးနဲ့မုန့်မျိုးစုံကိုလည်း တည်ခင်းပေးသွားမှာဖြစ်လို့ ဟူးမန်းတို့အနေနဲ့လည်း လမ်းကြုံရင် အလည်လာပေးကြပါဦးနော်🙇💓

🗓️ - 25,26 Jan 2025
⏰ - 9AM to 5PM
🏢 - Yangon Convention Center - YCC
(Inya Lake Hotel Compound)

၂၀၂၅ ခုနှစ်အတွက် Yangon Pet Expo ပြပွဲကြီးကို
🚩MVA အသင်းကြီး နှစ်(၅၀) ပြည့် ရွှေရတု အထိမ်းအမှတ် အခမ်းအနားကြီးနှင့်အတူ
🚩ဇန်နဝါရီလ ၂၅-၂၆ ရက်နေ့မျာတွင်
🕑နံနက် ၉ နာရီမှ ညနေ ၅ နာရီ အထိ
ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် အင်းလျားကန်ဟိုတယ်ဝင်းအတွင်းရှိ
🏛YCC ခန်းမ မှာ ကျင်းပမှာ ဖြစ်ပါတယ်။
🐱🐶🐱🐶
Petလေးတွေနဲ့ဆိုင်ရာ ဆေးဝါး၊ အစာနှင့် အခြားအသုံးအဆောင်ပစ္စည်းများကိုပါပြသရောင်းချသွားမှာဖြစ်ပါတယ်။
🐱🐶🐱🐶
Petလေးတွေရဲ့မိဘများနှင့် အခြားစိတ်ပါဝင်စားသူများ မည်သူမဆို အခမဲ့ လာရောက်လေ့လာ ဝယ်ယူအားပေးနိုင်ပါကြောင်း ဖိတ်ကြားလိုက်ရပါတယ်။📢📢










မလေးရှား KL မှာ ဖြူမဲ ညီနောင် နဲ့ ခွေးကျောင်းခြင်း အမှတ်တရ 😄မလေးက ခလေး အတော်များများက ခွေး မမြင်ဖူးကြတော့ ဘေးကနေလိုက်ကြည...
19/01/2025

မလေးရှား KL မှာ ဖြူမဲ ညီနောင် နဲ့ ခွေးကျောင်းခြင်း အမှတ်တရ 😄

မလေးက ခလေး အတော်များများက ခွေး မမြင်ဖူးကြတော့ ဘေးကနေလိုက်ကြည့်ပီး

ခွေးလို ဝုတ်ဝုတ် ဟောင်လိုက် အုအု နဲ့ အူပြလိုက်နဲ့ ခလေးတသိုက်နဲ့ ရီတော့ ရီရသား 🥲

မျက်စိနောက်လို့ တိုင်ခံရရင် ရှင်းလို့ရအောင် အိတ်ထဲ ဝုပါတ်စပို့ကြီးနဲ့ လိုင်စင်တွေက ယူသွားရသေး 😁

မလေးမှာ ဝုကျောင်းရတာ လွယ်မနေဘူးရှင် 😄

18/01/2025

𝐇𝐞𝐥𝐥𝐨... ချစ်စရာတိလေးတို့ရဲ့ ဖေဖေ ၊ မေမေ ၊ ကိုကို ၊ မမ ၊ pet lover ဟူးမန်း လေးတွေရှိလားဗျို့ 😻

◾25 , 26 ရက်နေ့ နှစ်ရက်တာ ကျင်းပပြုလုပ်မယ့် Yangon Convention Centre - YCC မှာ ကျင်းပပြုလုပ်မယ့် Pet Show ပွဲလေးမှာ မင်မင်တို့ YPRS လည်း အတူရှိပါမယ်ရှင့် 🫶

◾မင်မင်တို့ဆီက ကလေးလေးတွေအနေနဲ့ မြန်မာနိုင်ငံမှာလုံး၀မရှိသေးတဲ့ breedလေးတွေဖြစ်တဲ့ Sphynx Cat , Ragdoll Siamese Catလေးတွေလည်း ပါလာမှာဖြစ်လို့ မြောင်လဗ်ဗာ ကိုကိုမမလေးတွေလည်း ကလေးတွေကို လာကြည့်ကြပါဦးနော် 🥰

◾Pet Relocation နဲ့ပက်သက်တဲ့ service တွေ၊ ခရီးသွားမယ့်က‌လေးလေးတွေကို safeဖြစ်‌စေမယ့် service တွေကို promotion လေးတွေလည်း အများကြီး ပေးသွားမယ် 🐶🎉

◾တိချစ်သူတို့အတွက် Discount Coupon လေးတွေ, Gift လေးတွေလည်း ပေးသွားမယ့်အပြင် 😍

◾ကြွရောက်လာကြတဲ့ ဧည့်သည်များကိုလည်း မင်မင်တို့က refreshing ဖြစ်စေမယ့် အအေးနဲ့မုန့်မျိုးစုံကိုလည်း တည်ခင်းပေးသွားမှာဖြစ်လို့ ဟူးမန်းတို့အနေနဲ့လည်း လမ်းကြုံရင် အလည်လာပေးကြပါဦးနော်🙇💓

🗓️ - 25,26 Jan 2025
⏰ - 9AM to 5PM
🏢 - Yangon Convention Center - YCC
(Inya Lake Hotel Compound)

𝗣𝗲𝘁 𝗥𝗲𝗹𝗼𝗰𝗮𝘁𝗶𝗼𝗻 𝗦𝗲𝗿𝘃𝗶𝗰𝗲 မှတ်တမ်း ( 73 )ဖနွမ်းပင် to ရန်ကုန် ( Jan 10, 2025 )👉 မေး။      ။လူတစ်ယောက်က Cambodia ကနေ Thailan...
17/01/2025

𝗣𝗲𝘁 𝗥𝗲𝗹𝗼𝗰𝗮𝘁𝗶𝗼𝗻 𝗦𝗲𝗿𝘃𝗶𝗰𝗲 မှတ်တမ်း ( 73 )
ဖနွမ်းပင် to ရန်ကုန် ( Jan 10, 2025 )

👉 မေး။ ။လူတစ်ယောက်က Cambodia ကနေ Thailand ကိုဖြတ် ၊ Myanmar ကို အရောက် -
၃ နိုင်ငံကို လေယာဉ်ခရီးစဉ်မသုံးဘဲ ကုန်းလမ်းကနေ 72 နာရီ အတွင်း အခုအချိန်သွားလို့ရလား ?

👉 ဖြေ။ ။ ရရင်လဲ ရမှာပေါ့ ၊ ဒါပေမယ့် မသေချာပါဘူး 🥲

▫️လူတောင် သွားဖို့မသေချာတဲ့ ခရီးကို 72 နာရီအတွင်း ကုန်းလမ်းခရီးနဲ့ Maltese အမျိုးအစား အသက် ၁၃ နှစ်ရှိပီဖြစ်တဲ့ ခွေးလေးကို ရန်ကုန်မှာနေတဲ့ International School က Foreigner ကျောင်းအုပ်ဆရာကြီးအိမ်ကို 𝗬𝗣𝗥𝗦 က အရောက် ပို့ပေးနိုင်ခဲ့ပါတယ်။

▫️အပေါ်မှာ စာပျိုးထားသလိုပါပဲ ၊ ဖနွမ်းပင်ကနေ ရန်ကုန်ကို YPRS က ကုန်းလမ်းဖြင့် အရောက် ပို့ပေးခဲ့တာပါ✓

▫️သိပ်ကို ငွေကြေးတတ်နိုင်ပြေလည်တဲ့ သခင်တွေက ဘာလို့ကုန်းလမ်းဘဲ သုံးခိုင်းလဲဆိုရင် အဓိက အချက်ကတော့ ကလေးမှာ နှလုံးရောဂါရှိတာကြောင့် လူအများကြီးနဲ့ ထိတွေ့တာ လေယာဉ်အတက်အဆင်းတွေကို စိတ်ပူလို့ပါတဲ့။

✓လုံးဝကို Stress Free _ Happy Condition နဲ့ အရောက်ပို့ပေးဖို့ Admin တို့ အဖွဲ့ကို စာချုပ်နဲ့ အပ်ခဲ့တာပါရှင်💕

ခွေးလေးရဲ့ ထူးခြားချက်က အသက် ၁၃ နှစ်ဖြစ်ပေမယ့် အသက်ကြီးတဲ့ပုံ လုံးဝမပေါက်နေတာပဲ ဖြစ်ပါတယ်🥰

သူ့သခင်က လူကလေးလေး တယောက်လို ထားခဲ့တဲ့အတွက် ကလေးက သူ့ကိုယ်သူလူလို့ဘဲ ထင်နေတာပါ 🙃 Cage ထဲ ထည့်ရင်အင်မတန် စိတ်ဆိုးပါတယ် ။ လမ်းခရီးတစ်လျှောက်မှာလဲ လိမ္မာလွန်းတဲ့အပြင် လူပေါ်မှာပဲ အမြဲကပ်နေတတ်တဲ့ ခွေးလေးတစ်််််ကောင် ဖြစ်ပါတယ်😍

သခင်က Aussie နိုင်ငံသားဖြစ်ပေမယ့် မြန်မာအထိန်းနဲ့ နေခဲ့ရတော့ ကလေးလေးက မြန်မာစကား လဲ နားလည်နေပါသေးတယ်။
အောက်မှာ ကလေးပုံတွေလဲ ထည့်ပေးထားပါတယ်နော်🥰 👇

🙋‍♂ Pet In Cabin, On Boarding, Air Cargo, Export/Import Permit နဲ့ Air ticket အပါအဝင် အခြားဝန်ဆောင်မှုများ အားလုံးအတွက် ဆောင်ရွက်ပေးပါတယ် 💵 Payment ကိုလဲ တဆင့်ချင်းစီ တွက်ပြီး ယူပေးတာမို့ ဝန်မပိစေပါဘူးနော်၊ Customer တို့ လိုအပ်ချက်နဲ့ ကိုက်ညီအောင် ခလေးတွေကို သခင်နဲ့အတူ မခွဲမခွာခေါ်သွားနိုင်စေလို့ အလုံးစုံကူညီဆောင်ရွက်ပေးပါတယ်ရှင့် 💁‍♀

Yangon Pet Relocation Services
Hotline : +95 9968 871 411
Viber: +959958023404
Line: +66 626 253 860
Email : [email protected]



Nike ဆိုလို့ကြည့်လိုက်တာ မြောင့်လောက်တောင်မချောတာကို ဘာတွေကြိုက်??…🙄
17/01/2025

Nike ဆိုလို့ကြည့်လိုက်တာ မြောင့်လောက်တောင်မချောတာကို ဘာတွေကြိုက်??…🙄

Malaysia Pet PassportPet တောင် ပါတ်စပို့ရပီနော် 😄🥲
15/01/2025

Malaysia Pet Passport

Pet တောင် ပါတ်စပို့ရပီနော် 😄🥲

Pet Relocation Service မှတ်တမ်း (72)တာချီလိတ် - ရန်ကုန် & ဘန်ကောက် - မန်းလေး ( Jan 2, 2025 )ဒီတခါ YPRS က ပြည်တွင်းကိုမှ ...
14/01/2025

Pet Relocation Service မှတ်တမ်း (72)
တာချီလိတ် - ရန်ကုန် & ဘန်ကောက် - မန်းလေး ( Jan 2, 2025 )

ဒီတခါ YPRS က ပြည်တွင်းကိုမှ ကီလိုမီတာ ၆၁၆ ကျော်တဲ့ ခရီးစဉ် တစ်ခု ( Tachileik-Yangon) အပြင် Plus ဘန်ကောက်ကနေ မန္တလေးကို ကုန်းလမ်း ဖြင့် ပို့ဆောင်ပေးခဲ့တဲ့ ခရီးစဉ်တစ်ခုဖြစ်ပါတယ် 🚘❤️

Pom လေး ၃ ကောင် ၊ French Bulldog နဲ့ YPRS 🐶🐾

ဒီခရီးစဉ်လေးကတော့ YPRS က Bangkok ကနေ Mandalay နဲ့ Tachileik ကနေ ရန်ကုန်ကို ခွဲသယ်ခဲ့တဲ့ ကုန်းလမ်းခရီးစဉ်လေးတစ်ခုဖြစ်ခဲ့ပါတယ် ။ 💁
Pomeranian လေးတွေဖြစ်တဲ့ Snow , ဂွမ်းဂွမ်း နဲ့ , ဘောင်းဘောင်း လေး တို့ကို Tachileik ကနေ Yangon ပြန်ကြတာဖြစ်ပြီး ၊ နှာတိုခွေး Frenchie လေး လီလီ ကတော့ Bangkok ကနေ မန်းလေးကိုပြန်တာပါ 🌄

YPRS အဖွဲ့သားတွေ နှစ်သစ်မှာ Chill လုပ်ဖို့ Plan ထားတာအကုန်ဖျက်ပီး ဒီခရီးစဉ်လေးကို Dec 28 မှာ စတင်ခဲ့ရပါတယ် ။ ပီမိုင်ဆိုတော့ ထိုင်းဖက်က ဝန်ထမ်းတွေလဲ အကုန် နားနေကြတာမို့ Admin တို့ ချည်းဘဲ ကားကိုယ်တိုင်မောင်းကာ ပို့ဆောင်ခဲ့ရတာလေးပါ 🚗🐶

ခိုက်ခိုက်တုန်အောင်အေးတဲ့ ရာသီဥတုမှာ ခွေးလေး 4 ကောင်နဲ့ ပြေးရင်း လွှားရင်း ဖက်အိပ်ရင်း နဲ့ဘဲ မောပန်းဘို့အောင် သတိမရဘဲ ခလေးလေးတွေကို Stress Free _ Happy Condition နဲ့ သူတို့ မိဘတွေဆီ အသီးသီး အပ်နှံပေးခဲ့ပါတယ်ရှင့် 🎉🌞

အောက်မှာ လမ်းတလျောက်က ကလေးလေးတွေ ပုံလဲ ထည့်ပေးထားပါတယ်နော်😍

🙋‍♂ Pet In Cabin, On Boarding, Air Cargo, Export/Import Permit နဲ့ Air ticket အပါအဝင် အခြားဝန်ဆောင်မှုများ အားလုံးအတွက် ဆောင်ရွက်ပေးပါတယ် 💵 Payment ကိုလဲ တဆင့်ချင်းစီ တွက်ပီး ယူပေးတာမို့ ဝန်မပိစေပါဘူးနော်၊ ကာစတမ်မာတို့ လိုအပ်ချက်နဲ့ ကိုက်ညီအောင် ခလေးတွေကို သခင်နဲ့အတူ မခွဲမခွာခေါ်သွားနိုင်စေလို့ အလုံးစုံကူညီဆောင်ရွက်ပေးပါတယ်ရှင့် 💁‍♀

Yangon Pet Relocation Services
Hotline : +959 968 871 411
Viber: +959958023404
Line: +66 626 253 860
Email : [email protected]



14/01/2025

Admin တို့အဖွဲ့ မလေးရှား to ရန်ကုန် ခရီးစဉ်လေးအတွက် Kula Lumpur ကိုရောက်နေတာပါ 🥰

Malaysia ကို 2 months အလည်အပတ်ရောက်နေတဲ့ ခလေးလေးတွေ လာခေါ်ပေးတာပါ

🎇 မင်္ဂလာရှိတဲ့နှစ်သစ်အချိန်အခါသမယမှာ စီးပွားလာဘ်လာဘများ ဒီရေအလားတိုးပွားပါစေကြောင်း ဆုမွန်ကောင်းများပို့သလိုက်ပါတယ်ရှင်...
31/12/2024

🎇 မင်္ဂလာရှိတဲ့နှစ်သစ်အချိန်အခါသမယမှာ စီးပွားလာဘ်လာဘများ ဒီရေအလားတိုးပွားပါစေကြောင်း
ဆုမွန်ကောင်းများပို့သလိုက်ပါတယ်ရှင်။🎉






စပျစ်သီးရော ဘောင်းဘီ အနီရော ဝယ်ပီးခါမှ မိမိမှာ ရည်းစားကြီး ငုတ်တုတ်ရှိမှန်း သတိရသွားသော အခါ 🥲🥲😭😭
31/12/2024

စပျစ်သီးရော ဘောင်းဘီ အနီရော ဝယ်ပီးခါမှ

မိမိမှာ ရည်းစားကြီး ငုတ်တုတ်ရှိမှန်း သတိရသွားသော အခါ 🥲🥲😭😭

ဝက်ကလေးရေ လို့ ခေါ်မိလို့ လှည့်ကြည့်တာတဲ့ရှင် 🐷🐷🐷
30/12/2024

ဝက်ကလေးရေ လို့ ခေါ်မိလို့ လှည့်ကြည့်တာတဲ့ရှင် 🐷🐷🐷

Pet Relocation Service မှတ်တမ်း (71)ရန်ကုန် - ပြင်ဦးလွင် ( Dec 8, 2024 )YPRS မှာ ပြည်ပခရီးစဉ်တွေပဲ ပို့နေကြတော့ ပြည်တွင်...
30/12/2024

Pet Relocation Service မှတ်တမ်း (71)
ရန်ကုန် - ပြင်ဦးလွင် ( Dec 8, 2024 )

YPRS မှာ ပြည်ပခရီးစဉ်တွေပဲ ပို့နေကြတော့ ပြည်တွင်းခရီးစဉ်မရှိဘူးလို့ ထင်နေကြတဲ့သူက ထင်နေကြပြီ ၊ 💁 YPRS က ဒီတခါတော့ ကုန်းကြောင်းလဲဖြစ်၊ ပြည်တွင်းခရီးစဉ်လဲဖြစ်တဲ့ ရန်ကုန် ကနေပြင်ဦးလွင်ကို လတ်တလောပို့ဆောင်ပေးခဲ့တာလေးရေးပေးပါ့မယ် 🥰❤️

❤️ လုံးလုံး ၊ လက်လက်မ နှင့် ပြင်ဦးလွင် ❤️

Pug လေး လုံးလုံး နဲ့ ချင်းခွေးစပ်လေး လက်လက်မက အရှေ့ဒဂုံမှာနေကြပါတယ် ၊ ခလေးလေး 2 ကောင်ကို ညနေဖက်သွားခေါ်ပီး YPRS က ကိုယ်တိုင်ဘဲ မောင်းပို့ပေးခဲ့တာပါ 😻🐶

ဒီဇင်ဘာ ၈ ရက်နေ့ည ၇နာရီမှာ ရန်ကုန်ကထွက်ပြီး ဒီဇင်ဘာ ၉ ရက်နေ့ နေ့လည် ၂ နာရီမှာ ပြင်ဦးလွင်က ကလေးတွေအိမ်ကို ရောက်ခဲ့ပါတယ် ။ 😍

ညဘက်ပို့ဆောင်ပေးတဲ့အတွက် ရာသီဥတုကလဲ အေးအေးလေး နဲ့ ကလေးတွေလဲ မပင်ပန်းတဲ့ အပြင် လမ်းခရီးတစ်လျှောက်မှာလဲ အစာကျွေး ၊ ရေတိုက် သေချာပြုစုပေးခဲ့‌တော့ သူတို့ခြံထဲ ရောက်တာတောင် လက်လက်မက Admin ကို TLH ကိုဖက်တက်ပြီး ပြန်လိုက်မယ်လုပ်နေလို့ မနည်းထားခဲ့ရတယ် 😄🥰

🙋‍♂ Pet In Cabin, On Boarding, Air Cargo, Export/Import Permit နဲ့ Air ticket အပါအဝင် အခြားဝန်ဆောင်မှုများ အားလုံးအတွက် ဆောင်ရွက်ပေးပါတယ် 💵 Payment ကိုလဲ တဆင့်ချင်းစီ တွက်ပီး ယူပေးတာမို့ ဝန်မပိစေပါဘူးနော်၊ ကာစတမ်မာတို့ လိုအပ်ချက်နဲ့ ကိုက်ညီအောင် ခလေးတွေကို သခင်နဲ့အတူ မခွဲမခွာခေါ်သွားနိုင်စေလို့ အလုံးစုံကူညီဆောင်ရွက်ပေးပါတယ်ရှင့် 💁‍♀

Yangon Pet Relocation Services
Hotline : +959 968 871 411
Viber: +959958023404
Line: +66 626 253 860
Email : [email protected]




ကိုယ်လုံးတီး Sphynx Cat လေးများအကြောင်း တစေ့တစောင်း 🐈‍⬛ ရှုံ့တွနေတဲ့ အရေပြားတွေနဲ့ အမွှေးလုံးဝ မရှိတဲ့ ပြောင်ချောချော ကိ...
30/12/2024

ကိုယ်လုံးတီး Sphynx Cat လေးများအကြောင်း တစေ့တစောင်း

🐈‍⬛ ရှုံ့တွနေတဲ့ အရေပြားတွေနဲ့ အမွှေးလုံးဝ မရှိတဲ့ ပြောင်ချောချော ကိုယ်လုံး ပိုင်ရှင် Sphynx Cat တွေရဲ့ ပုံပန်းသွင်ပြင်ဟာ စိတ်ဝင်စားစရာကောင်းပြီး ဆွဲဆောင်မှုအပြည့်ရှိတဲ့အပြင် ကြွက်သားမရှိတာကြောင့် ကမ္ဘာကြောင်မျိုးစိတ်ထဲမှာ ထူးခြားသော ကြောင်မျိုးစိတ်အဖြစ် နေရာယူထားတာပဲ ဖြစ်ပါတယ်။ Sphynx ကြောင်မျိုးစိတ်ဟာ 1960 ခုနှစ်ဝန်းကျင်တွင် Canada နိုင်ငံမှာတွေ့ရှိခဲ့တဲ့ မျိုးရိုးဗီဇတစ်ခုဖြစ်ပြီး ယခုလက်ရှိမှာတော့ လူကြိုက်များတဲ့ ကြောင်မျိုးစိတ် တစ်ခုဖြစ်လာခဲ့ပါတယ်။

🔶 အမွှေးအမျှင်လုံးဝမရှိတဲ့ သူတို့ရဲ့ အရေပြားဟာ နူးညံ့နွေးထွေးပြီး ရှုံ့တွနေတဲ့ ပုံသဏ္ဍာန်မျိုးရှိကြပါတယ်။နားရွက်များမှာလည်း ကြီးမားပြီး တြိဂံပုံစံရှိတဲ့ ဦးခေါင်းရဲ့ အပေါ်ကို ထောင်မတ်နေတတ်ပါတယ်။ဒါ့အပြင် ကြီးမားပြီး အပေါ်ဘက်ကို အနည်းငယ်စောင်းနေတဲ့ မျက်လုံးကြီးကြီး တွေကိုလည်း ပိုင်ဆိုင်ထားပါတယ်။ ထင်ရှားတဲ့ ပါးရိုးတွေနဲ့ တြိဂံပုံဆန် ဦးခေါင်းရှိပြီး အရေပြားတွေရဲ့ မျက်နှာပြင်ကလည်း ခေါက်ထားတဲ့ အရေပြားတွေလို တွန့်လိမ်တဲ့ ပုံစံမျိုးရှိကြပါတယ်။ ရုတ်တရက်မှောင်ထဲမှာ မြင်လိုက်ရရင်တော့ ET ဂြိုဟ်သားတကောင် နေရာမှာလားသလားလို့ထင်မိစရာပါဘဲ ☺️

💁🏻‍♀️ ဒီလိုပုံပန်းသွင်ပြင်တွေကြောင့် ထူးဆန်းတဲ့ ကြောင်မျိုးစိတ်အဖြစ် လူအများ စိတ်ဝင်စားလာခဲ့တာပဲဖြစ်ပါတယ်။ Sphynx ကြောင်လေးတွေရဲ့ ပုံစံကိုကြည့်ပီး ကြောက်စရာကောင်းမယ်၊ လူတွေကို ရန်လုပ်နိုင်မယ်လို့ ထင်နေရင်တော့ မှားပါလိမ့်မယ်နော်။

😍😍 အမှန်တကယ်တော့ Sphynx ကြောင်လေးတွေဟာ လူတွေနဲ့ ရင်းရင်းနှီးနီး နေတတ်ပြီး လူအရမ်းကပ်တဲ့ ငချွဲ လေးတွေပါ တက်ကြွဖျတ်လတ်ပြီး ဉာဏ်ကောင်းတဲ့အပြင် အဆော့သန်တဲ့ မျောက်ရှုံးလေးတွေဘဲ ဖြစ်ပါတယ် လူနားကပ်နေရရင်ကို ပျော်နေတတ်တဲ့ ကလေးလေးတွေ ဖြစ်ပါတယ်

✨ ဒါ့အပြင် Sphynx ကြောင်လေးတွေက ပူတဲ့နေရာတွေကိုလည်း ကြိုက်ကြပါတယ်။ သဘာဝအားဖြင့် အခြားကြောင်တွေက ကြွက်သားနဲ့ အပူကိုထိန်းသိမ်းနိုင်ပေမယ့် Sphynx ကြောင်လေးတွေကတော့ ကြွက်သားမရှိတာကြောင့်၊ အပူမထိန်းသိမ်းနိုင်ဘဲ အပူ ဆုံးရှုံးမှု ပိုမိုလွယ်ကူစေပါတယ်။ဒါကြောင့် အပူဓါတ်ရှိတဲ့နေရာတွေနဲ့၊ နွေးထွေးတဲ့နေရာတွေကို ရှာဖွေပြီး နေထိုင်တတ်ကြပါတယ်။

🔴 ကျန်းမာရေးပြဿနာအနေနဲ့လည်း အခြားကြောင်များထက် Sphynx ကြောင်လေးတွေက ပိုပြီး ဂရုစိုက်ရပါတယ်။ အထူးသဖြင့် သူတို့တွေမှာ ကြွက်သားနဲ့ အမွှေးအမျှင် တွေမပါရှိတာကြောင့် အရေပြားဆိုင်ရာ ပြဿနာတွေကို မကြာခဏရင်ဆိုင်ရတတ်တာမို့ သတိပြုရန် လိုအပ်ပါတယ်။

အမွှေးမရှိတဲ့အတွက် ရေချိုးခြင်း ရေပတ်သုတ်ပေးခြင်း ကဲ့သို့သော အသားအရေထိန်းသိမ်းမှုကိုပုံမှန်လိုအပ်တဲ့ မျိုးစိတ်တခုဖြစ်ပါတယ်

🔴 Sphynx ကြောင်တွေရဲ့ သက်တမ်းဟာ ပုံမှန်ကြောင်လေးတွေ နည်းတူ (၁၂)နှစ် ကနေ (၁၄) လောက်ထိရှိတတ်ပါတယ်။ ဒါပေမယ့် ကျန်းမာရေး စောင့်ရှောက်မှု ကောင်းမွန်ပြီး တခြားကြီးမားတဲ့ ပြဿနာတွေ မရှိရင်တော့ သူတို့လေးတွေရဲ့ သက်တမ်းဟာ (၁၅) နှစ်အထက် အထိနေရလေ့ရှိပါတယ်

😍 တိချစ်သူလေးတွေအတွက် Sphynx ကြောင်လေးတွေဟာ လူတွေနဲ့ အဆင်ပြေပြေ လိုက်လျောညီထွေစွာ နေထိုင်တတ်ပြီး အိမ်ရဲ့ ဆည်းလည်းလေးတွေလည်း ဖြစ်တာကြောင့် သူတို့ လေးတွေကို မွေးမြူထားမယ်ဆိုရင်တော့ အပျင်းပြေစေမှာ အသေအချာပါပဲ။

Sphynx ကြောင်လေးတွေက အမွှေးအမျှင်တွေလည်း မရှိတာကြောင့် အမွှေးကျွတ်တဲ့ ပြဿနာလည်း မဖြစ်စေတာမို့ အိမ်ရဲ့ သန့်ရှင်းမှုကိုလည်း ထိန်းသိမ်းထားနိုင်ပါတယ်။ဒါ့အပြင် အမွှေးအမျှင် ဓာတ်မတည့်သူတချို့အတွက်လည်း မွေးမြူဖို့ သင့်တော်တဲ့ ကြောင်အမျိုးအစားလေးထဲမှာ ပါဝင်ပါတယ်နော်။🥰🥰

👇👇 အောက်ကပုံထဲက ခလေးလေးကတော့ Admin တို့ချင်းမိုင် ရုံးခွဲကနေ ရန်ကုန်ကိုသယ်လာတဲ့ ကလေးလေးပါ ။ မွေးစားမိဘ ရှာနေတာပါရှင့် ။ Bloodline အသန့်လေးပါနော် 😍

Yangon Pet Relocation Services
Hotline : +959 968 871 411
Viber: +959958023404
Line: +66 626 253 860
Email : [email protected]







Pet Relocation Service မှတ်တမ်း (70)Naypyidaw - Russia , Novosibirsk ( March 2, 2024 ) ချောင်းချောင်း - ကဲကဲ DSH ဗမာကြော...
29/12/2024

Pet Relocation Service မှတ်တမ်း (70)

Naypyidaw - Russia , Novosibirsk ( March 2, 2024 ) ချောင်းချောင်း - ကဲကဲ

DSH ဗမာကြောင်လေးတွေ ရဲ့ အရှေ့နဲ့ အနောက်ကျော်ဖြတ်တဲ့ ခရီးစဉ်လေးပါ 🥰

ကလေးလေးတွေရဲ့ သခင်အမက ‌သားသမီးလို မွေးထားတာမို့ မျက်စိအောက်က အပျောက်မခံပါဘူး ။ ဆေးစစ်တာတောင် နေပြည်တော်နဲ့ ရန်ကုန် နာရီပိုင်းအတွင်း ခေါ်ယူပီး သခင်အမဆီ ပြန်ပို့ပေးခဲ့ရတဲ့ ကလေးလေးတွေပါ ။ သေချာ ဂရုတစိုက်နဲ့ အစစ အရာရာ အဆင့်တိုင်း သတိကြီးစွာ ဆောင်ရွက်ခဲ့ရပါတယ် ❤️

ဆေးစစ်ရာတွင်ကူညီပေးခဲ့ပါသော နေပြည်တော် Energy Pet Care မှ ဆရာတို့ကိုလည်း ကျေးဇူးအထူးတင်ပါတယ်ရှင့် 😍

လေဆိပ်ရောက်‌တော့ ခလေးလေးတွေက ကြောက်ပီး ရှူးပေါက်ချလိုက်လို့ သူတို့အေးမှာစိုးလို့ ရှယ်သေချာ တိုင်းဝယ်ပေးထားတဲ့ အနွေးထည်လေးချွတ်လိုက်ရတာ အမှတ်တရပါဘဲ ။ လေယာဉ်ပေါ်မှာလဲ ရှိမှန်း မသိရလောက်အောင် ငြိမ်နေလွန်းလို့ လေယာဉ်မောင် မယ်တွေက မင်းသားတွေကို ခနခနလာကြည့်ရပါသတဲ့ရှင် 😘🥰

Russia နိုင်ငံရောက်‌တော့ အိမ်ထဲကနေ သူတို့မမြင်ဖူးတဲ့ နှင်းတွေကို ထိုင်စပ်စုနေလေရဲ့ ။ ခလေးပုံလေးတွေ သေချာပြန်ပို့ပေးတဲ့ ကြင်နာတတ်လွန်းသူ သခင်မမကိုလဲ အထူးကျေးဇူးတင်ပါတယ်ရှင့် ❤️

* သိပ်လေးစားစရာကောင်းတဲ့ သခင်မမရဲ့ စာလေးတွေ ကွန်းမန့်မှာ ပြထားပါတယ်ရှင် *

🙋‍♂ Pet In Cabin, On Boarding, Air Cargo, Export/Import Permit နဲ့ Air ticket အပါအဝင် အခြားဝန်ဆောင်မှုများ အားလုံးအတွက် ဆောင်ရွက်ပေးပါတယ် 💵 Payment ကိုလဲ တဆင့်ချင်းစီ တွက်ပီး ယူပေးတာမို့ ဝန်မပိစေပါဘူးနော်၊ ကာစတမ်မာတို့ လိုအပ်ချက်နဲ့ ကိုက်ညီအောင် ခလေးတွေကို သခင်နဲ့အတူ မခွဲမခွာခေါ်သွားနိုင်စေလို့ အလုံးစုံကူညီဆောင်ရွက်ပေးပါတယ်ရှင့် 💁‍♀

Yangon Pet Relocation Services
Hotline : +959 968 871 411
Viber: +959958023404
Line: +66 626 253 860
Email : [email protected]




Pet Relocation Service မှတ်တမ်း (69)Yangon - Bangkok ( Dec 18, 2024 )ဒီတခါတော့ နံနံခြားကို ကုန်းလမ်းကသွားတဲ့ Special Car...
29/12/2024

Pet Relocation Service မှတ်တမ်း (69)
Yangon - Bangkok ( Dec 18, 2024 )

ဒီတခါတော့ နံနံခြားကို ကုန်းလမ်းကသွားတဲ့ Special Care ygn - bkk ခရီးစဉ်လေးဖြစ်ပါတယ်။ 🚐😻

DSH ဗမာကြောင်လေး ဖိုးကဲလေးကို သိပ်ချစ်တတ်လွန်းတဲ့ သူ့သခင်တွေက သူ့မိဘတွေနဲ့အတူရှိနေသလိုမျိုး ခံစားရစေဖို့ အနံ့ရနေအောင် ခြင်းပတ်လည်မှာ သူ့အဝတ်တွေပါချည်ပြီးထည့်ပေးလိုက်တာလေးက ‌လေးစားစရာပါ ။ 🥰

မင်မင်တို့လည်း ခလေးခေါ်ပြီး ရုံးရောက်တာနဲ့ အစာကျွေး၊ ရေတိုက်၊ ညဖက်ခဏအိပ်ပြီး မနက် 3 နာရီ အစောကြီးထလို့ခရီးစတင်ကြရပါတယ် ။ ဖိုးကဲလေးက အရမ်းအဆော့သန်တဲ့ ကလေး ၊ အာဗြဲစိန်လေးဖြစ်ပြီး လှောင်အိမ်ထဲထည့်ထားရင် တစ်ချိန်လုံးထိုင်အော်နေတဲ့ ကောင်လေးပါ ။ ပြည်တွင်းခရီး တဝက်လောက်ထိတော့ မင်မင်တို့လဲ သူ့သခင်တွေ မှာလိုက်လို့ ခြင်းထဲကနေမထုတ်ရဲပါဘူး ။ 💁

တောင်ကျော်ခရီးကျတော့ ခလေးနဲ့ ယဉ်လာတာက တကြောင်း၊ ခလေးလေး လမ်းကြမ်းမှာ နာမှာစိုးလို့ ထုတ်ပြီးလူပေါ်မှာချီထားလိုက်တော့မှ ဆရာကြီးက အော်တာရပ်ပီး နှစ်နှစ်ခြိုက်ခြိုက် အိပ်တော့တာဘဲရှင်။ 😽

ညနေမှာ ထိုင်းနိုင်ငံမဲဆောက်ရောက်ပြီးသူ့သခင်တွေဆီ မနက်အစောကြီးရောက်ခဲ့တာမို့ တရက်ကျော်ကျော် 24 နာရီလောက်နဲ့ ရောက်ခဲ့တဲ့ကလေးလေးပါ ။ 🥳 ခလေးလေးက လူတအားချွဲ တတ်ပြီး အစာကိုလဲ ခွံ့ကျွေးမှ စားတဲ့ အချွဲစိန်လေးပါနော် 😍❤️

* Post ရဲ့ အဆုံးမှာ ဖိုးကဲလေးရဲ့ ချစ်စရာပုံလေးတွေကို ထည့်ပေးထားပါတယ် *

🙋‍♂ Pet In Cabin, On Boarding, Air Cargo, Export/Import Permit နဲ့ Air ticket အပါအဝင် အခြားဝန်ဆောင်မှုများ အားလုံးအတွက် ဆောင်ရွက်ပေးပါတယ် 💵 Payment ကိုလဲ တဆင့်ချင်းစီ တွက်ပီး ယူပေးတာမို့ ဝန်မပိစေပါဘူးနော်၊ ကာစတမ်မာတို့ လိုအပ်ချက်နဲ့ ကိုက်ညီအောင် ခလေးတွေကို သခင်နဲ့အတူ မခွဲမခွာခေါ်သွားနိုင်စေလို့ အလုံးစုံကူညီဆောင်ရွက်ပေးပါတယ်ရှင့် 💁‍♀

Yangon Pet Relocation Services
Hotline : +959 968 871 411
Viber: +959958023404
Line: +66 626 253 860
Email : [email protected]




28/12/2024

ကုန်းလမ်းခရီးနဲ့ Pet Relocation က လူကြီးမင်းတို့ရဲ့ တိကလေးလေးတွေအတွက် စိတ်ချရပါ့မလားဆိုပြီး စိတ်ပူနေပြီလား❓Over Weight M...
27/12/2024

ကုန်းလမ်းခရီးနဲ့ Pet Relocation က လူကြီးမင်းတို့ရဲ့ တိကလေးလေးတွေအတွက် စိတ်ချရပါ့မလားဆိုပြီး စိတ်ပူနေပြီလား❓

Over Weight Medium Breed, Large Breed နဲ့
Banned Breed ခလေးတွေအတွက် ကုန်းလမ်းခရီး က စရိတ်အကုန်အကျ သက်သာခြင်း Process time မြန်ခြင်းတို့ကြောင့် မိဘတွေရွေးချယ်ဘို့ စဉ်းစားစရာတခုပါ

လမ်းခရီးအခက်အခဲတွေကြောင့် ကလေးတွေခေါ်ယူဖို့ စိတ်မချတဲ့မိဘတွေအနေနဲ့ Yangon Pet Relocation Services Team က အခက်အခဲတွေကြားကနေ တိကလေးလေးတွေ ဘေးကင်းလုံခြုံစေမယ့်လမ်းကိုရွေးချယ်ပြီး ပို့ဆောင်ပေးနေပြီနော်

🐶 အကြောင်းအမျိုးမျိုးကြောင့် အိမ်မှာ ကျန်ခဲ့ရတဲ့ လူကြီးမင်းတို့ရဲ့ ခွေး၊ ကြောင်၊ ယုန် စတဲ့ မိသားစုဝင် အသဲကျော်လေးတွေကို Yangon Pet Relocation Services က ကုန်းလမ်းခရီးနဲ့ နာရီ 30 မှ 48 နာရီ အတွင်း မြန်မာ့အိမ်နီးချင်း နိုင်ငံများဆီ ဘေးကင်းလုံခြုံစွာ လိုရာခရီးရောက်စေဖို့ တာဝန်ယူဆောင်ရွက်ပေးနေပါတယ် 🚐

လမ်းခရီးတလျှောက်လုံး တိကလေးလေးတွေကို အစာကျွေးတာ ရေတိုက်တာတို့အပြင် ကိုယ်မွေးထားတဲ့ လူကလေးလေးတွေလိုမျိုး ကလေးတွေရဲ့ကျန်းမာရေးကအစ ဂရုတစိုက်စောင့်ရှောက်သယ်ယူပေးတာကြောင့် ယုံကြည်စွာ Service အပ်နှံနိုင်ပါတယ်ရှင် 🐰❤️

ခုလိုအချိန် ခရီးလမ်းအခြေအနေ အခက်အခဲ ရှိတာတောင် တိကလေးလေးတွေ ဘေးကင်းလုံခြုံစေဖို့အတတ်နိုင်ဆုံး စောင့်ရှောက်ပို့ဆောင်ပေးလျက်ရှိပါတယ်နော် 🥰

Pet In Cabin, On Boarding, Air Cargo, Export/Import Permit နဲ့ လေယာဥ် လက်မှတ်အပါအဝင် အခြားဝန်ဆောင်မှုများ အားလုံးအတွက် ဆောင်ရွက်ပေးပါတယ် Payment ကိုလဲ တဆင့်ချင်းစီ တွက်ပီး ယူပေးတာမို့ ကာစတမ်မာအတွက် ဝန်မပိစေပါဘူးနော်. ကာစတမ်မာတို့ လိုအပ်ချက်နဲ့ ကိုက်ညီအောင် ခလေးတွေကို သခင်နဲ့အတူ မခွဲမခွာခေါ်သွားနိုင်စေလို့ အလုံးစုံကူညီဆောင်ရွက်ပေးပါတယ်ရှင့်။

Yangon Pet Relocation Services
Hotline : +95 99688 71411
Viber:+95 99580 23404
Line: +66 6568 74418
Email : [email protected]





Address

130, 33rd Street Middle, Kyauktada Township
Yangon
11182

Telephone

+959968871411

Website

Alerts

Be the first to know and let us send you an email when Yangon Pet Relocation Services posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Yangon Pet Relocation Services:

Videos

Share

Category