Htoo Arowana Farm

Htoo Arowana Farm We provides supplies and services for Arowana Fish aquariums.
(2)

29/06/2024

🥰🥰🥰

22/06/2024
ဒီနှစ်တော့ ၁ကောင်စပါပြီ 🥰🥰🥰🥰
18/06/2024

ဒီနှစ်တော့ ၁ကောင်စပါပြီ 🥰🥰🥰🥰

Arowana နဲ့ တူတူမထားသင့်တဲ့ အလှမွေးငါးတွေက ဘာငါးတွေဖြစ်မလဲ။ 🤗🤗မင်္ဂလာပါ ညီကိုတို့ဗျ။ ကျနော်တို့ Aroမွေးတဲ့အခါမှာ သူနဲ့အတ...
29/04/2024

Arowana နဲ့ တူတူမထားသင့်တဲ့ အလှမွေးငါးတွေက ဘာငါးတွေဖြစ်မလဲ။ 🤗🤗

မင်္ဂလာပါ ညီကိုတို့ဗျ။ ကျနော်တို့ Aroမွေးတဲ့အခါမှာ သူနဲ့အတူရှိမယ့် Tank Mate ကိုရွေးချယ်တာကလည်း အရေးကြီးပါတယ်ဗျ။ဒါ့ကြောင့် ဒီနေ့မှာတော့ Aroတွေနဲ့ တူတူမထားသင့်တဲ့ အလှမွေးငါးတွေကို ဖော်ပြပေးပါ့မယ်ဗျ။

✨🌊Arowanaတွေက အမဲလိုက်ငါးဖြစ်တဲ့အတွက် ပင်ကိုယ်သဘာ၀ကိုက ကြမ်းတမ်းတဲ့သဘောရှိပါတယ်။ ဒါကြောင့် Tank Mates ရွေးချယ်တဲ့အခါ Aroတွေစားပစ်နိုင်တဲ့ ငါးလည်းမဖြစ်ရသလို Aroတွေကို ပြန်ကိုက်နိုင်ပြီး aggressiveဖြစ်တဲ့ကောင်တွေလည်းမဖြစ်ရပါဘူးဗျ။

✨🌊အကောင်သေးမျိူးစိတ်ဖြစ်တဲ့ Neon Tetra၊ Guppies တွေနဲ့ Cichlidတွေက Aroတွေနဲ့ တူတူထားဖို့မသင့်ပါဘူးဗျ။ Aroတွေကအမဲလိုက်ငါးတွေဖြစ်တာမို့လို့ ဒီသေးငယ်ပြီးအရောင်စုံဖြစ်တဲ့ငါးတွေကို အစာအနေနဲ့ စားလိုက်နိုင်ပါတယ်ဗျ။

✨🌊Oscarsတွေလို ရန်လိုတတ်တဲ့ငါးမျိုးစိတ်တွေနဲ့လည်း တူတူထားလို့မရပါဘူး။ Aro တွေနဲ့ နယ်မြေလုတာ ၊အ စာလုတာစတာတွေကနေ အချင်းချင်းကိုက်နိုင်တာကြောင့် နှစ်ကောင်လုံးကို ဒဏ်ရာဖြစ်နိုင်ပါတယ်။

✨🌊ရှည်လျားတဲ့အမြီးနဲ့ဆူးတောင်တွေပါတဲ့ ငါးတွေဆိုလည်း Aroတွေအတွက်အဆင်မပြေပါဘူးဗျ။
Bettas ဒါမှမဟုတ် Angelfish စတဲ့ငါးတွေက အမြီးနဲ့ဆူးတောင်တွေ ရှည်တဲ့ငါးမျိုးစိတ်တွေပဲဖြစ်ပါတယ်။ Arowana တွေ ဆူးတောင်နဲ့အမြီးတွေကို အဓိကထားပြီးကိုက်နိုင်တာကြောင့် အမြီး၊အတောင်ပျက်စီးတာကနေ သေတဲ့အထိကိုဖြစ်နိုင်တာကြောင့် တူတူထားလို့မသင့်ပါဘူးဗျ။🤗🤗
--------------------------------
Htoo Arowana Farm
Phone Number - 09777500186, 09962833036, 420030086

ကိုယ်မွေးထားတဲ့ငါးက ပုံစံမမှန်ဘဲ ရေကူးနေရင် ဒီအချက်လေးတွေ ဖြစ်နိုင်ပါတယ်။🤗🤗မင်္ဂလာပါ ညီကိုတို့ခင်ဗျ။ ဒီနေ့လေးမှာတော့ ကျန...
04/04/2024

ကိုယ်မွေးထားတဲ့ငါးက ပုံစံမမှန်ဘဲ ရေကူးနေရင် ဒီအချက်လေးတွေ ဖြစ်နိုင်ပါတယ်။🤗🤗

မင်္ဂလာပါ ညီကိုတို့ခင်ဗျ။ ဒီနေ့လေးမှာတော့ ကျနော်က ကိုယ်မွေးထားတဲ့ငါးကပုံစံမမှန်ဘဲ ရေကူးနေတာက ဘာကြောင့်ဆိုတာလေးကိုမျှဝေပေးချင်ပါတယ်ဗျ။ 🤗🤗

🌊🌟ပထမဆုံးပုံမှန်မမှန်ပဲရေကူးတာက ဘယ်လိုမျိုးလဲဆိုတာကိုအရင်ရှင်းပြပေးချင်ပါတယ်။ ထင်ရှားတဲ့မူမမှန်တဲ့ပုံစံတွေကတော့ အနောက်ကိုပြန်ကူးတာရယ်၊ ဇောက်ထိုးပုံစံကူးတာနဲ့ စက်ဝိုင်းကိုပတ်သလိုမျိုး ကူးနေတာပဲဖြစ်ပါတယ်ဗျ။ ဘာကြောင့် ဒီလိုပုံစံမမှန်ဘဲ ရေကူးနေတာလည်းဆိုတော့ ….

✅ကန်ရဲ့ရေအရည်အသွေးမကောင်းနေလို့ပါဗျ။ ကန်ရဲ့pH Level ရှိသင့်တဲ့Levelမဟုတ်ရင်လည်းဖြစ်နိုင်ပါတယ်ဗျ။ ဒါကြောင့် ကန်အရေအသွေးကို ပုံမှန်တိုင်းတာနေပြီး နှစ်ပတ်တစ်ခါလောက်ရေလဲလှယ်ပေးတာ၊ အစာကျွေးပြီးတိုင်း ကန်ကိုပြန်သန့်ရှင်းပေးတာမျိုးလုပ်သင့်ပါတယ်ဗျ။

✅အပူချိန်အတက်အကျနဲ့လည်းဆိုင်ပါတယ်ဗျ။ ရေအပူအချိန်ရုတ်တရက်ပြောင်းလဲသွားတာမျိုးက ငါးတွေကိုပိုစိတ်ဖိစီးစေတဲ့အတွက် ကျန်းမာရေးပြသနာတွေဖြစ်နိုင်ပါတယ်ဗျ။ ကန်ရေရဲ့အပူချိန်ကို ချက်ချင်းပူ ချက်ချင်းအေးမဖြစ်အောင် သေချာဂရုစိုက်ပေးဖို့နဲ့ ရေလဲတဲ့အခါ အပူချိန်မတူတဲ့ ရေနှစ်ခုလဲမိမှာကို သတိထားရပါမယ်ဗျ။

✅ကန်ကကျဥ်းနေပြီး Tank Mateများနေရင်လည်း အဆင်မပြေပါဘူးဗျ။ နေရာကျဥ်းတဲ့အတွက် စိတ်ဖိစီးမှုပိုဖြစ်နိုင်ပြီး ထိခိုက်ဒဏ်ရာရနိုင်ခြေနဲ့ ရောဂါကူးစက်နိုင်ချေပိုများပါတယ်ဗျ။ ဒါကြောင့် ကန်အကျယ်အဝန်းကိုလည်း ဂရုစိုက်ဖို့လိုပါမယ်ဗျ။

✅တစ်ခါတစ်လေကိုယ်ကကပ်ပါးကောင်တွေမရှိအောင် ကန်ကိုဆေးခတ်တဲ့အခါမှာ လက်လွန်သွားရင်လည်း ကန်ရေကိုအဆိပ်အတောက်ဖြစ်စေနိုင်ပြီး ငါးကိုအန္တရာယ်ရှိစေပါတယ်ဗျ။ ဒါကြောင့် တိရစ္ဆာန်ဆရာဝန် (သို့) ကိုယ်ဝယ်လာတဲ့ Farmကနေပြောတဲ့အညွှန်းအတိုင်းလုပ်ဆောင်ဖို့ လိုပါမယ်ဗျ။

🌟🌟နောက်ဆုံးကတော့ ထုံးစံအတိုင်းကိုယ့်ငါးရဲ့ အရိပ်အခြည်ကို အမြဲမပြတ်စောင့်ကြည့်ဖို့ပါပဲဗျ။ ဒါမှသာတစ်ခုခုမူမမှန်တာမျိုးဆိုရင် ချက်ချင်းသိနိုင်မှာဖြစ်ပြီး လိုအပ်တာကိုချက်ခြင်းလုပ်နိုင်မှာပါဗျ။
--------------------------------
Htoo Arowana Farm
Phone Number - 09777500186, 09962833036, 420030086

29/03/2024

မျိုးလေတွေ မြေကန်ထဲထပ်ထည့် အမှတ်တရ🥰🥰🥰

မှတ်ချက် အိမ်ပေါက်လေတွေပါ

10/03/2024

ငါးပေါက် ရာသီလေလဲတဖြေးဖြေးနဲ့နီးလာပါပြီး☺️☺️☺️

Arowana Diseases : Columnaris ဆိုတဲ့ အတောင်နဲ့အမြှီးပုပ်ဆွေးရောဂါ …🤗🤗မင်္ဂလာပါ ညီကိုတို့ခင်ဗျ။ ဒီနေ့လေးမှာတော့ ရေချိုငါး...
08/03/2024

Arowana Diseases : Columnaris ဆိုတဲ့ အတောင်နဲ့အမြှီးပုပ်ဆွေးရောဂါ …🤗🤗

မင်္ဂလာပါ ညီကိုတို့ခင်ဗျ။ ဒီနေ့လေးမှာတော့ ရေချိုငါးတွေဖြစ်တဲ့ Arowanaတွေမှာဖြစ်လေ့ရှိတဲ့ Columnaris Diseases လေးကိုမျှဝေပေးချင်ပါတယ်ဗျ။ Columnarisရောဂါက ဘတ်တီးရီးယားပိုးကူးစက်ရာကနေဖြစ်တတ်လေ့ရှိပြီး ရောဂါကလည်းပြင်းထန်နိုင်တာကြောင့် ချက်ခြင်းကုသဖို့လိုပါမယ်ဗျ။🤗🤗

🌊🌟Columnarisရောဂါကူးစက်ခံထားရပြီဆိုရင် ရောဂါလက္ခဏာအနေနဲ့ Arowanaတွေရဲ့အရေပြားပေါ်မှာ ဝါဂွမ်း (သို့) မှိုလိုမျိုးအဖြူရောင်အကွက်လေးတွေ၊မီးခိုရောင်အကွက်လေးတွေထိပေါ်လာပါတယ်ဗျ။ ထိခိုက်ထားတဲ့အရေပြားတစ်ဝိုက်မှာဆိုရင် ပုံမှန်အရေပြားလိုမဟုတ်ဘဲ ချွဲကျိကျိဖြစ်လာပါတယ်။ ရောဂါကူးစက်ခံထားရတဲ့ ငါးတွေက တက်တက်ကြွကြွမရှိတော့ဘဲ ထိုင်းမှိုင်းနေတာမျိုး၊ အစားမစားတာမျိုးနဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြဿနာတွေဖြစ်လာပါတယ်ဗျ။

🌊🌟Columnarisရောဂါက တစ်ကောင်စဖြစ်ပြီဆိုတာနဲ့ မြန်မြန်သိဖို့လိုအပ်ပါတယ်။ မဟုတ်ရင် တခြားကောင်တွေကိုပါ မြန်မြန်ကူးနိုင်တာမို့လို့ပါဗျ။ ဘယ်လိုကြောင့်ဖြစ်နိုင်လဲဆိုရင်တော့ ရေအရည်အသွေးမကောင်းတာမျိုး၊ ကန်ကသေးပြီး အကောင်အရေအတွက်များတာမျိုးနဲ့ အစာအာဟာရလုံလုံလောက်လောက်မရတာမျိုးဆိုရင် ငါးရဲ့ကိုယ်ခံအားစနစ် ကျဆင်းလာပြီး ရောဂါဖြစ်နိုင်ချေပိုများပါတယ်ဗျ။

🌊🌟ကုသမှုအနေနဲ့ကတော့ တခြားအကောင်တွေကိုပါထပ်မကူးအောင်လို့ ရောဂါပိုးရှိတဲ့ငါးကိုသီးသန့်ခွဲထားဖို့လိုပါမယ်ဗျ။ Quarantine Tanksမှာလည်း ရောဂါပြန်ကောင်းလာဖို့အတွက် ရေအရည်အသွေး၊သင့်တော်တဲ့အစာကျွေးတာမျိုး စတာတွေကို သေချာလုပ်ဖို့လိုပါမယ်။ ပုံမှန်ရေလဲလှယ်တာ၊ အစာကြွင်းကျန်တွေကို သေချာစစ်ထုတ်တာနဲ့ လိုအပ်တဲ့ pH Levelတွေရှိမှသာ Arowanaတွေအတွက်စိတ်ဖိစီးမှုမဖြစ်စေဘဲ ရောဂါဖြစ်နိုင်ချေကို လျော့ချပေးနိုင်ပါတယ်ဗျ။

🌊🌟လိုအပ်တဲ့ပဋိဇီဝဆေးများကဲ့သို့သော ပိုးသတ်ဆေးများတွေကိုလည်းသုံးလို့ရပါတယ်ဗျ။ ပိုးသတ်ဆေးသုံးမယ်ဆိုရင်တော့ အရည်အချင်းပြည့်မီသော တိရစ္ဆာန်ဆရာဝန် (သို့) ငါးကျန်းမာရေး ကျွမ်းကျင်သူတွေက ညွှန်ကြားတဲ့အတိုင်းသုံးတာပိုကောင်းပါတယ်ဗျ။

🌟🌟Columnarisရောဂါက မဖြစ်ပွားအောင်ကြိုတင်ကာကွယ်တာပိုကောင်းပါတယ်ဗျ။ အကောင်အသစ်တွေကို ကန်ထဲမထည့်ခင်ကို မဖြစ်မနေသီးသန့်အရင်ခွဲထားသင့်ပြီး သင့်တော်တဲ့ရေအရည်အသွေး၊ အစာအာဟာရလုံလောက်အောင်လည်း မဖြစ်မနေလုပ်ဆောင်ဖို့လိုပါမယ်ဗျ။ 🤗🤗

--------------------------------
Htoo Arowana Farm
Phone Number - 09777500186, 09962833036, 420030086

Arowana တွေကအစာမစားဘဲ ဘယ်လောက်နေနိုင်လဲ။ ဘယ်လောက်ကြာရင် စိုးရိမ်ရလဲ ???🤗🤗မင်္ဂလာပါ ညီကိုတို့ခင်ဗျ။ ဒီနေ့လေးမှာတော့ Aroတွ...
27/02/2024

Arowana တွေကအစာမစားဘဲ ဘယ်လောက်နေနိုင်လဲ။ ဘယ်လောက်ကြာရင် စိုးရိမ်ရလဲ ???🤗🤗

မင်္ဂလာပါ ညီကိုတို့ခင်ဗျ။ ဒီနေ့လေးမှာတော့ Aroတွေ အစားမစားဘဲနေတဲ့အခါမှာ ဘယ်လောက်ထိနေနိုင်လဲ ဘာတွေစိုးရိမ်ရလဲဆိုတာလေးတွေကို မျှဝေပေးချင်ပါတယ်ဗျ။

🌊🌟တခြားငါးမျိုးစိတ်တွေလိုပဲ Aroတွေကလည်းအစားမစားဘဲ အချိန်အတိုင်းအတာတစ်ခုထိ ရှင်သန်နိုင်ကြပါတယ်ဗျ။ ဒါပေမယ့် အစာမစားတာကြာလာတဲ့အခါမှာ တခြားအမျိုးမျိုးသော ကျန်းမာရေးပြဿနာတွေကနေတဆင့် သေဆုံးတဲ့အထိကိုဖြစ်စေနိုင်ပါတယ်ဗျ။

🌊🌟ပုံမှန်အားဖြင့် Arowanaတွေကအစာမစားဘဲ 2ပတ်ကနေ 3ပတ်ခန့်အထိ အသက်ရှင်နိုင်ကြပါတယ်ဗျ။
ကျနော်တို့အစာအသစ်ကျွေးလို့မစားတာမျိုးဆိုရင် အစာကို တစ်ပတ်လောက်ဖြတ်ကြည့်တာမျိုးလည်း လုပ်လေ့ရှိကြပါတယ်ဗျ။ ဒါပေမယ့် တစ်ပတ်ထက်ပိုပြီး အစာကိုမစားဘူးဆိုရင်တော့ စိုးရိမ်ရပါတယ်ဗျ။ ကန်ထဲမှာတော့ကူးခတ်သွားလာနေပေမယ့် ငါးရဲ့ကိုယ်တွင်းခုံခံအားစနစ်တွေက တဖြည်းဖြည်းအားနည်း လာပြီး ရောဂါဖြစ်ဖို့အတွက်ပိုပြီးလွယ်ကူသွားပါတယ်ဗျ။

🌊🌟အကယ်လို့ကိုယ့်ရဲ့Arowanaကအစာမစားဘူးဖြစ်နေတယ်ဆိုရင်တော့ အစာအမျိုးအစားကို တစ်သတ်မတ်တည်းမဟုတ်ဘဲ ပြောင်းကျွေးကြည့်ပါဗျ။ ငါး၊ပုစွန်၊ပုရစ်၊ဝါးပိုးနဲ့ ကြက်အသဲ၊အစာခြောက် စတာတွေကို အလှည့်ကျပြောင်းပြီးကျွေးကြည့်ပါဗျ။

🌊🌟ကျွေးချင်ဇောနဲ့ အလွန်အကျွံကျွေးတာမျိုးလည်း ဂရုစိုက်ရပါမယ်ဗျ။ ကန်ထဲမှာ အစာတွေမကုန်ဘဲ ကျန်ခဲ့တဲ့အခါ ဘတ်တီးရီးယားပိုးတွေပေါက်ပြီး ရောဂါဖြစ်နိုင်ပါတယ်ဗျ။

🌊🌟ရေအရည်အသွေးနဲ့ ကန်ပတ်ဝန်းကျင်ကောင်းဖို့လည်းလိုပါတယ်ဗျ။ ဘာကြောင့်လဲဆိုရင်တော့ စိတ်ဖိစီးမှုများတဲ့အခါမှာလည်း အစာမစားတာမျိုးလုပ်တတ်ကြပါတယ်။

🌊🌟ဒါကြောင့် ပုံမှန်ရှိသင့်တဲ့ရေအရည်အသွေးအပြင် ကန်ထဲမှာအလှဆင်ထားတာမျိုး၊ ပုန်းအောင်းလို့ရမယ့်ဂူ (သို့) အပင်လေးတွေထည့်ပေးထားတာမျိုးဆို ပိုကောင်းပါတယ်ဗျ။

🌊🌟ငါးရဲ့အခြေအနေကိုအမြဲစောင့်ကြည့်ဖိုလိုပြီး ကိုယ်ပုံမှန်မြင်နေကြ သူ့ရဲ့အမူအကျင့်တွေနဲ့မတူပဲ တစ်ခုမဟုတ်တစ်ခုပြောင်းနေတယ်ဆိုရင်တော့ ကျွမ်းကျင်တဲ့သူ (သို့) တိရစ္ဆာန်ဆရာဝန်နဲ့ တိုင်ပင်ဖို့လိုပါမယ်ဗျ။ 🤗🤗

--------------------------------
Htoo Arowana Farm
Phone Number - 09777500186, 09962833036, 420030086

Arowanaကို ဘယ်နေရာမှာမထားရဘူးလဲ ???မင်္ဂလာပါ ညီကိုတို့ခင်ဗျ။ ဒီနေ့လေးမှာတော့ Arowanaကန်ကို ထားတဲ့အခါသတိပြုရမယ့် အချက်လေး...
07/02/2024

Arowanaကို ဘယ်နေရာမှာမထားရဘူးလဲ ???

မင်္ဂလာပါ ညီကိုတို့ခင်ဗျ။ ဒီနေ့လေးမှာတော့ Arowanaကန်ကို ထားတဲ့အခါသတိပြုရမယ့် အချက်လေးတွေကို မျှဝေပေးချင်ပါတယ်ဗျ။ 🤗🤗

🌊🌟Arowanaကန်ကို နေရောင်ခြည်တိုက်ရိုက်ရတဲ့နေရာတွေမှာမထားသင့်ပါဘူးဗျ။ နေရောင်တိုက်ရိုက်ရတဲ့နေရာမှာကန်ကိုထားမယ်ဆိုရင် ရေအပူချိန်အတက်အကျမငြိမ်တာ၊ ကန်အတွင်း ရေညှိဖြစ်တာမျိုးကိုဖြစ်စေပါတယ်။ နှစ်မျိုးလုံးက Arowana ကျန်းမာရေးအတွက် ထိခိုက်စေနိုင်ပါတယ်ဗျ။

🌊🌟အသွားအလာများတဲ့နေရာ၊ ဆူညံ့သံများတဲ့နေရာတွေမှာလည်းမထားသင့်ပါဘူးဗျ။ ကန်နားမှာ အဆက်မပြတ်လှုပ်ရှားနေတာ ဒါမှမဟုတ် ဆူညံသံတွေကြောင့် စိတ်ဖိစီးမှုများလာနိုင်ပါတယ်ဗျ။ ဥပမာ အနှောင့်အယှက်ဖြစ်စေတဲ့ ကားသံ၊ဆူညံသံများတဲ့နေရာမှာ Tank ထားခြင်းကို ရှောင်သင့်ပါတယ်ဗျ။ Arowanaတွေက တိတ်ဆိတ်တဲ့ပတ်ဝန်းကျင်ကိုနှစ်သက်ကြတာမို့လို့ ဆူညံတဲ့ပတ်ဝန်းကျင်က ဖိအားများစေနိုင်ပါတယ်ဗျ။

🌊🌟လေအေးပေးစက် (Air Con)တိုက်ရိုက်ရနိုင်တဲ့နေရာတွေမှာလည်းမထားသင့်ပါဘူးဗျ။ Arowana တွေက အပူချိန်အတက်အကျများကို အာရုံခံစားနိုင်ကြပါတယ်ဗျ။ အပူချိန်ပြောင်းလဲမှုကြောင့် ရေအရည်အသွေးပေါ်သက်ရောက်မှုရှိပြီး ငါးရဲ့ကျန်းမာရေးကိုလည်းထိခိုက်နိုင်ပါတယ်ဗျ။

🌊🌟Arowanaတွေကို Lucky Fish လို့ခေါ်ကြတဲ့အလျောက် ဖုန်းရွေပညာရပ်အရလည်း ကောင်းမွန်တဲ့ဓာတ်တွေရအောင် အရပ်မျက်နှာပေါ်လိုက်ပြီးထားကြတာလည်းရှိပါတယ်ဗျ။ ဥပမာ အိမ်ရဲ့အရှေ့တောင်ဘက်မှာထားမယ်ဆိုရင်တော့ ငွေကြေးကံကောင်းစေပြီး အိမ်ရဲ့အရှေ့ဘက်မှာ
ထားမယ်ဆိုရင်တော့ ကျန်းမာရေးကံ ကောင်းစေတယ်လို့ ယူဆကြပါတယ်ဗျ။

--------------------------------
Htoo Arowana Farm
Phone Number - 09777500186, 09962833036, 420030086

အစာတစ်မျိုးတည်းဘဲ ကျွေးတာနဲ့ အစာမျိုးစုံကျွေးတာ ဘာကွာလဲ … မင်္ဂလာပါ ညီကိုတို့ ခင်ဗျ။ Arowana တွေအတွက် အစားတစ်မျိုးတည်းရွ...
22/01/2024

အစာတစ်မျိုးတည်းဘဲ ကျွေးတာနဲ့ အစာမျိုးစုံကျွေးတာ ဘာကွာလဲ …

မင်္ဂလာပါ ညီကိုတို့ ခင်ဗျ။ Arowana တွေအတွက် အစားတစ်မျိုးတည်းရွေးတာနဲ့ အစာမျိုးစုံကျွေးတာက ငါးရဲ့ ကြီးထွားမှုအပြင် ကျန်းမာရေးအပေါ်လည်း သက်ရောက်မှုရှိပါတယ်ဗျ။ Arowanaတွေက အသားစားငါးဖြစ်တာကြောင့် အစာမျိုးမျိုးကို အမဲလိုက်ပြီး ရှင်သန်နေထိုင်တဲ့ ဗီဇကလည်းရှိပါသေးတယ်ဗျ။ 🤗🤗

ဒီနေ့လေးမှာတော့ Aroတွေကို အစာတစ်မျိုးတည်းကျွေးတာနဲ့ မျိုးစုံကျွေးတာမှာ ဘယ်လိုကွာခြားချက်လေးတွေရှိတယ်ဆိုတာလေးကိုမျှဝေပေးချင်ပါတယ်ဗျ။ 🤗🤗

🌊အာဟာမျှတမှု🌊

အစာတစ်မျိုးတည်းကိုပဲ ရေရှည်ကျွေးမယ်ဆိုရင် Arowanaတွေအတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေကို မပေးနိုင်တာကြောင့် အာဟာရချို့တဲ့ခြင်းကို ဖြစ်စေနိုင်ပါတယ်ဗျ။ အစားမျိုးစုံကျွေးမှသာ မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်၊ ဗီတာမင်နဲ့သတ္တုဓာတ်တွေရရှိပြီး အရောင်ထွက်အားကောင်းတာမျိုး၊ ကိုယ်ခံအားစနစ်ကိုပိုကောင်းမွန်စေပါတယ်ဗျ။

🌊အရောင်အသွေး🌊

အေးခဲထားတဲ့အစာ (သို့) အစာခြောက်တစ်မျိုးတည်းးပဲကျွေးမယ်ဆိုရင်တော့ အာဟာရချို့တဲ့နိုင်တာကြောင့် ငါးရဲ့အရောင်အသွေးကို ထိခိုက်စေနိုင်ပါတယ်ဗျ။ အင်းဆက်ပိုးမွှား၊ ကြက်သား၊ပုစွန်၊ ငါးသေးသေးလေး စတာတွေကို မျှတစွာကျွေးမှ အစာထဲမှာပါတဲ့ သဘာဝအရောင်ခြယ်ပစ္စည်းတွေက ငါးရဲ့အရောင်ကို အထောက်အပံ့ပေးနိုင်မှာပါဗျ။

🌊စိတ်ပိုင်းဆိုင်ရာလှုံ့ဆော်မှု🌊

ကျနော်တို့ ဟင်းတစ်မျိုးတည်းကို နေ့တိုင်းစားနေရရင် ငြီးငွေ့လာသလိုပါပဲ … Aroတွေမှာလည်း ဒီအစာတစ်မျိုးတည်းကို နေ့တိုင်းစားနေရမယ်ဆိုရင် တက်ကြွမှုမရှိတော့ဘဲ ပျင်းလာနိုင်ပါတယ်။ ဗီဇအရ အမဲလိုက်ပြီး တက်ကြွတဲ့ငါးမျိုးစိတ်ဖြစ်တာကြောင့် သဘာဝအတိုင်းကျက်စားနေရသလို အစားမျိုးစုံကျွေးမှသာ စိတ်ပိုင်းဆိုင်ရာတက်ကြွပြီး ကျန်းမာရေးကောင်းမှာပါဗျ။

🌊အစာခြေစနစ်🌊

အစာတစ်မျိုးတည်းကျွေးတာက အစာခြေစနစ်ကို ပြဿနာဖြစ်စေပါတယ်ဗျ။ အစာတစ်မျိုးတည်းကျွေးတာက လိုအပ်တဲ့အမျှင်ဓာတ်နဲ့အစိုဓာတ်ကို လုံလောက်စွာမရနိုင်တာကြောင့် အစာခြေဖို့ခက်လာတာ (သို့) ဝမ်းချုပ်တာမျိုးဖြစ်စေပါတယ်။ ဒါကြောင့် လိုအပ်တဲ့ အာဟာရဓာတ်အစုံ ရအောင်လို့ အစာမျိုးစုံကျွေးတာက ပိုကောင်းပါတယ်ဗျ။

--------------------------------
Htoo Arowana Farm
Phone Number - 09777500186, 09962833036, 420030086

07/01/2024

Camera Testing📷

Arowana သက်တမ်းရှည်ရှည်နေနိုင်အောင် … 🤗🤗မင်္ဂလာပါ ညီကိုတို့ ခင်ဗျ။ Wild Arowana တွေကတော့ သဘာဝအလျှောက်ကျက်စားနေထိုင်တာဖြစ...
27/12/2023

Arowana သက်တမ်းရှည်ရှည်နေနိုင်အောင် … 🤗🤗

မင်္ဂလာပါ ညီကိုတို့ ခင်ဗျ။ Wild Arowana တွေကတော့ သဘာဝအလျှောက်ကျက်စားနေထိုင်တာဖြစ်လို့ သက်တမ်းပိုကြာပေမယ့် အိမ်မွေး Arowanaတွေကိုလည်း သက်တမ်းရှည်အောင် ထိန်းသိမ်းရမယ့် အချက်လေးတွေရှိပါတယ်ဗျ။ ဒီနေ့လေးမှာတော့ ကျနော်တို့ရဲ့ Aroတွေကို သက်တမ်းရှည်ရှည်နေနိုင်အောင် သိထားသင့်တဲ့ အချက်လေးတွေကိုမျှဝေပေးချင်ပါတယ်ဗျ။ 🤗🤗

🌊Tank🌊
သက်တမ်းကြာဖို့အတွက် အရေးကြီးဆုံးက ကန်ပါပဲဗျ။ Aroတွေက ကြီးလာတာနဲ့အမျှ အရွယ်အစားကလည်းထွားတဲ့ထဲပါတာကြောင့် ကန်ကို သေချာရွေးချယ်ဖို့လိုပါမယ်။ မြစ်ချောင်း၊အင်းအိုင်မှာကျက်စားတဲ့ငါးမျိုးစိတ်ဖြစ်တာကြောင့် ရေကန်ကျယ်ကျယ်ဖြစ်ဖို့လိုပါတယ်ဗျ။

🌊ရေအရည်အသွေး🌊
Arowanaတွေအတွက် အကောင်းဆုံးရေအနေအထားကတော့ pH Level 6.3ဝန်းကျင်နဲ့ gH Level 8.0 နဲ့ 9.0 ကြားကို ထားပေးတာက အကောင်းဆုံးပါပဲခင်ဗျ။ ရေရဲ့pH Levelများနေတဲ့အချိန်ဆို Blackwaterထည့်မယ်ဆိုရင် pH Levelကိုလျော့ပေးနိုင်ပါတယ်။ pH Level အရမ်းလျော့တာမျိုး မဖြစ်ရအောင် ရေပုံမှန်လဲလှယ်ပေးဖို့လည်း မမေ့ပါနဲ့ဗျ။ ဒါ့အပြင် ပူပိုင်းဇုန်မှာကျက်စားတဲ့ငါးတွေ ဖြစ်တဲ့အလျောက် ရေအပူချိန် 75°F မှ 82°F (24°C မှ 28°C) အတွင်းထားပေးဖို့လည်းလိုပါတယ်ဗျ။

🌊အစာ🌊
Aroတွေက အသားစားငါးတွေဖြစ်တာကြောင့် ပရိုတင်းဓာတ်များတဲ့ အစာကိုလိုအပ်ပါတယ်ဗျ။ ဝါးပိုး၊ပုရစ်၊ပိုးဟပ်စတဲ့ အင်းဆက်ကောင်တွေအပြင် ပုစွန်၊ကြက်သားတွေကိုလည်းကျွေးလို့ရပါတယ်။ အားဖြည့်အစာနဲ့ pelletစတာတွေကိုလည်း မျှပြီးကျွေးလို့ရနိုင်ပါတယ်။ ကျွေးမယ့်အသား၊ငါးတွေကို ဘတ်တီးရီးယားပိုးတွေမဖြစ်အောင် သေချာသန့်ထားဖို့တော့လိုပါမယ်နော်။

🌊Tankmates🌊
Aroတွေက Wild Animalတွေဖြစ်တဲ့အလျောက်နယ်မြေလုပြီးရန်လိုတတ်တာကိုသိပြီးဖြစ်မှာပါ။ ဒါကြောင့် သူတို့နဲ့အတူမွေးရမယ့်အကောင်တွေမှာလည်း သတ်မှတ်ချက်ရှိပါတယ်ခင်ဗျ။ tank mates အဖြစ်ရွေးမဲ့အကောင်ဟာ arowana ကစားပစ်နိုင်တဲ့ပမာဏလောက်မသေးရပါဘူး။ Arowanaကိုပြန်တိုက်နိုင်တဲ့၊ အမြီးအတောင်တွေကိုဆိတ်နိုင်တဲ့ အရွယ်အစားလည်းမဖြစ်ရပါဘူးဗျ။

🌊ကန်အလှဆင်ခြင်း🌊
Arowana တွေက ပုန်းအောင်းလို့ရတဲ့နေရာတွေကိုနှစ်သက်ကြပါတယ်။ ဒါကြောင့် ကန်ထဲမှာ အပင်တွေ၊ Cave၊ LED တွေအပြင် ကျောက်ခတ်လေးတွေစတာတွေနဲ့အလှဆင်နိုင်ပါတယ်ဗျ။ Wild Animals ဖြစ်တာကြောင့် သဘာဝဆန်တဲ့ပတ်ဝန်းကျင်ကိုဖန်တီးပေးနိုင်မယ်ဆိုရင် စိတ်ဖိစီးမှုကိုလည်း လျော့ချပေးနိုင်ပါတယ်ဗျ။

အိမ်မွေးငါးဖြစ်ပေမယ့် မျိုးစိတ်အရ Wild Animals ဖြစ်တာကြောင့် အစာ၊ကန်သန့်ရှင်းရေး အကုန်အစအဆုံးကို ဂရုစိုက်ဖို့လိုပါမယ်ဗျ။ ကန်အရလည်း ကြီးတယ်ဆိုအုန်းတော့ သဘာဝလောက်တော့မကျယ်နိုင်တာကြောင့် နေပျော်တဲ့ဝန်းကျင်လေးဖြစ်အောင် ဖန်တီးပေးဖို့လည်းလိုပါမယ်ဗျ။ 🤗🤗

--------------------------------
Htoo Arowana Farm
Phone Number - 09777500186, 09962833036, 420030086

ရာသီဥတုအအေးဒဏ်နဲ့ Arowana 🤗🤗မင်္ဂလာပါ ညီကိုတို့ခင်ဗျ။ ဒီနေ့မှာတော့ အေးတဲ့အရပ်ဒေသတွေမှာ Arowanaကိုမွေးမယ်ဆိုရင် သိထားသင့်...
23/11/2023

ရာသီဥတုအအေးဒဏ်နဲ့ Arowana 🤗🤗

မင်္ဂလာပါ ညီကိုတို့ခင်ဗျ။ ဒီနေ့မှာတော့ အေးတဲ့အရပ်ဒေသတွေမှာ Arowanaကိုမွေးမယ်ဆိုရင် သိထားသင့်တဲ့အချက်လေးတွေကို မျှဝေပေးချင်ပါတယ်ဗျ။ Arowanaတွေက တောင်အမေရိကနဲ့ အရှေ့တောင်အာရှတစ်ဝိုက်နဲ့ အမေဇုန်မြစ်စတဲ့ အပူပိုင်းဇုန်တွေမှာ ကျက်စားတဲ့ငါးမျိုးစိတ်ပဲဖြစ်ပါတယ်။ မြစ်ချောင်း၊အင်းအိုင်မှာကျက်စားတဲ့အလျောက် တည်ငြိမ်တဲ့ရေအနေအထားနဲ့အတူ အပူချိန်ကိုလည်း 75°F မှ 86°F (24°C မှ 30°C) အတွင်း နှစ်သက်ကြပါတယ်ဗျ။ 🤗🤗

🌊🌟Arowanaတွေကို အေးတဲ့အရပ်ဒေသတွေမှာ (သို့) ရေအပူချိန်ကို လိုထက်ပိုအေးတဲ့ Tankထဲ မွေးမယ်ဆိုရင် အဆင်မပြေပါဘူးဗျ။ အေးတဲ့ရေက Aroတွေရဲ့ ဇီဝကမ္မဖြစ်စဉ်ကို နှေးစေပြီး ခုခံအားစနစ်ကို အားနည်းစေပါ တယ်ဗျ။ ဒါ့ပြင် အစာခြေစနစ်ကစလို့ တခြားအမျိုးမျိုးသော ကျန်းမာရေးပြဿနာတွေကို လည်း ဖြစ်စေပါတယ်ဗျ။

အေးတဲ့အရပ်ဒေသမှာ Arowana ကို မွေးမယ်ဆိုရင်တော့ တည်ငြိမ်ပြီးနွေးထွေးတဲ့ဝန်းကျင်တစ်ခု ဖန်တီးပေးဖို့လိုပါတယ်။ 🤗🤗

🌊🌟အေးတဲ့အရပ်ဖြစ်တဲ့အလျောက် Heaterကလိုမှာဖြစ်ပါတယ်ဗျ။ Arowanaတွေအတွက် လိုအပ်တဲ့ ရေအပူချိန်ကို ထိန်းသိမ်းနိုင်ဖို့အတွက် Qualityကောင်းတဲ့အပူပေးစက်ကိုသုံးပါဗျ။ ဆင်ထားတဲ့ Tank Size ကလည်းကျယ်တယ်။ ရေ flow ရှိအောင်လည်းထည့်ထားတယ်ဆိုရင်တော့ အဲ့အနီးအနားမှာ Heaterကို ထားမယ်ဆိုရင် တစ်ကန်လုံးရဲ့ ရေအပူချိန်ကို ထိန်းနိုင်ပါတယ်ဗျ။

🌊🌟Heaterထည့်ထားပြီဆိုတာနဲ့ ရေအပူချိန်ကို အမြဲစစ်ဆေးနေဖို့လိုပါတယ်။ ရေအနေအထားက အရမ်းပူလွန်းရင်လည်း အဆင်မပြေတာကြောင့် Aquqrium Thermometerကိုသုံးပြီး ရေအပူချိန်ကို ပုံမှန်စစ်ဆေးပါဗျ။

🌊🌟ရေအပူချိန်လျော့တာမျိုးမဖြစ်ရအောင် ဂရုစိုက်ရပါမယ်ဗျ။ တစ်ချို့ Tank Background တွေက အလှဆင်တဲ့နေရာတင်မကဘဲ လျှပ်ကာလိုမျိုး အပူချိန်ကိုထိန်းသိမ်းပေးနိုင်အောင် ထုတ်လုပ်ထားတာကြောင့် အဲ့လိုလေးတွေသုံးပေးလည်းရပါတယ်ဗျ။

🌊🌟ရေလဲလှယ်တဲ့အခါမှာလည်း ရေအပူချိန်ရုတ်တရက်ပြောင်းတာမျိုးကိုသတိထားရပါမယ်ဗျ။ Arowanaတွေက အပူချိန်အတက်အကျတွေကို ခံစားနိုင်တာကြောင့် ရုတ်တရတ်ပြောင်းတာထက်စာရင် ဖြည်းဖြည်းချင်းလဲလှယ်ပေးတာကပိုကောင်းပါတယ်ဗျ။

🌊🌟အရေးကြီးဆုံးကတော့ အရန်Heaterထားဖို့မမေ့ပါနဲ့ဗျ။ နဂိုတပ်ဆင်ထားတဲ့စက်က တစ်ခုခုကြောင့် ချွတ်ယွင်းတာမျိုးရှိခဲ့ရင် ကြိုတင်ပြင်ဆင်ပြီးသားဖြစ်အောင် ဝယ်ထားသင့်ပါတယ်ဗျ။

🌊🌟Arowanaတွေက ရေအရည်အသွေး၊Tank Size စတာတွေအပြင် ရေအပူချိန်ကလည်း သူတို့ရဲ့ ကျန်းမာရေးပေါ်အများကြီး သက်ရောက်တာကြောင့် နွေးထွေးတဲ့ဝန်းကျင်ဖြစ်အောင် ဖန်တီးပေးနိုင်ဖို့က ပိုအရေးကြီးပါတယ်ဗျ။

--------------------------------

Htoo Arowana Farm

Phone Number - 09777500186, 09962833036, 420030086

11/11/2023

ဘာကောင်လေးလဲ 😁 အမြှီးလေးဖြောင့်ရင် မိုက်ပီ

09/11/2023

ရေတော့ကူးနေပါပြီး😊

Arowanaကန်ထဲကိုအလှဆင်မယ်ဆိုရင် ဘယ်လိုပစ္စည်းတွေထည့်နိုင်လဲ။ 😊🤗မင်္ဂလာပါ ညီကိုတို့ခင်ဗျ။ ဒီနေ့မှာတော့ Arowanaတွေအတွက် ကန်...
06/11/2023

Arowanaကန်ထဲကိုအလှဆင်မယ်ဆိုရင် ဘယ်လိုပစ္စည်းတွေထည့်နိုင်လဲ။ 😊🤗

မင်္ဂလာပါ ညီကိုတို့ခင်ဗျ။ ဒီနေ့မှာတော့ Arowanaတွေအတွက် ကန်အလှဆင်တဲ့အကြောင်းလေးကို မျှဝေ ပေးချင်ပါတယ်ဗျ။ Arowanaကန်ကို အလှဆင်တယ်ဆိုပေမယ့် ကြုံရာပစ္စည်းတွေထည့်လို့မရပြန်ပါဘူးဗျ။ ထည့်လိုက်တဲ့ပစ္စည်းပေါ်မူတည်ပြီး pH Level အတက်အကျအပြင် တစ်ချို့ပစ္စည်းတွေဆိုပိုးမသက်ပဲထည့် လိုက်မိမယ်ဆိုရင် အန္တရာယ်ဖြစ်စေမယ့်ဘတ်တီးရီယားပိုးတွေပါလာနိုင်ပါတယ်။ ဒါကြောင့် Arowanaကန် ကိုအလှဆင်တဲ့အခါ ဘယ်လိုပစ္စည်းတွေထည့်လို့ရနိုင်တယ်၊ ဘယ်လိုအချက်လေးတွေသတိထားရမယ် ဆိုတာကို မျှဝေပေးချင်ပါတယ်ဗျ။ 😊🤗

🌊သဲ🌊
ကန်အောက်ခြေကနေစလိုက်ရအောင်ဗျ။ ကန်အောက်ခြေကိုတော့ သေချာသန့်ပြီးသားသဲကိုထည့်လို့ရ ပါတယ်ဗျ။ အောက်ခြေကိုပြောင်ထားမယ်ဆိုလည်းအဆင်ပြေပါတယ်။ တစ်ခုရှိတာက ကျောက်စရစ်ကို အောက်ခြေခင်းတဲ့အခါမှာထည့်ရင် ကိုက်ကြတဲ့အခါ ပိုပြီးထိခိုက်ဒဏ်ရာကြီးနိုင်ပါတယ်။ အဲ့ဒါအပြင် အစာကျန်ရှိလို့စားတဲ့အခါမှာလည်း ကျောက်စရစ်ခဲကသေးတာမျိုးဆို ဝင်သွားနိုင်တဲ့အတွက် ကျောက်စရစ်ခဲကိုတော့ မထည့်တာပိုကောင်းပါမယ်ဗျ။

🌊အပင်🌊
Anubias၊Java Fern၊Java Mossစတဲ့ Live Plants လေးတွေထည့်လို့ရပါတယ်ဗျ။ Live Plants တွေက သဘာဝဆန်တဲ့ဝန်းကျင်ကိုဖန်တီးပေးနိုင်တာကြောင့် Arowanaတွေအတွက် စိတ်ဖိစီးမှုမဖြစ်စေဘဲ သက်တောင့်သက်တာရှိစေပါတယ်ဗျ။

🌊Caves (ဂူ) နဲ့ PVC ပိုက်🌊
Arowanaတွေက ပုန်းအောင်းရတာကိုကြိုက်ကြပါတယ်ဗျ။ ဒါကြောင့် ရန်ဖြစ်ပြီးထိခိုက်တဲ့အခါ၊ စိတ်ဖိစီးတဲ့အခါ အနားယူလို့ရအောင် ဂူလေးတွေထည့်ပေးလို့ရပါတယ်ဗျ။ ဂူအပြင် PVCပိုက်တွေ လည်းထည့်လို့ရပါတယ်။ ဟိုဘက်ဒီဘက်အပွင့်ဖြစ်တာကြောင့် ရေကူးတဲ့အခါမှာ ဖြတ်သွားလို့ရအောင် လုပ်ပေးလို့ရပါတယ်ဗျ။

🌊ကျောက်ခတ်🌊
ကျောက်တုံး၊ကျောက်ခတ်လေးတွေလည်းထည့်လို့ရပါတယ်။ ဒါပေမယ့် အရမ်းချွန်ထက်နေတာမျိုးမဖြစ်ဖို့ တော့လို့ပါတယ်ဗျ။ ကျောက်ခတ်ကျောက်တန်းတွေကချွန်လေလှလေဆိုပေမယ့် ရန်လိုတတ်တဲ့ Aroတွေဖို့ ထိခိုက်တဲ့အခါ ဒဏ်ရာပိုကြီးနိုင်ပါတယ်ဗျ။

🌊LED🌊
အလှဆင်တဲ့အနေနဲ့ရော၊ Aroတွေရဲ့ အရောင်လှဖို့အတွက်ရော LED လည်းဆင်ပေးလို့ရပါတယ်ဗျ။
ကန်အလှအတွက်ရော Live Plantsတွေအတွက်လည်းအဆင်ပြေတာမို့လို့ သုံးမယ်ဆိုရင်တော့ သေချာ Qualityကောင်းတဲ့ Brandကိုရွေးဖို့အကြံပြုပါတယ်ဗျ။

🌟🌟ရေရဲ့ အရည်အသွေးကိုလည်းသတိထားပေးရပါမယ်ဗျ။ ပစ္စည်းအသစ်တွေထည့်မယ်ဆိုရင်လည်း pH Levelပြောင်းမပြောင်းကိုစစ်ကြည့်သင့်ပါတယ်။ သေချာအောင်စစ်ချင်တယ်ဆိုရင်တော့ ကန်ထဲက ရေအနည်းငယ်ကို ယူပြီး pHတိုင်းထားလိုက်ပါ။ ပြီးရင် ထည့်ချင်တဲ့ပစ္စည်းကို ထည့်ထားပြီး ၂နာရီလောက်ကြာတဲ့အခါ pHပြန်တိုင်းကြည့်လိုက်ပါ။ ပြီးရင် ချမှတ်ထားပါမယ်။ ပြီးရင် ဒီတိုင်းထားလိုက်ပြီး နောက် ၂ရက် ၃ရက်လောက်နေရင် ထပ်တိုင်းကြည့်ပါမယ်။ တိုင်းတာမှူကို မှတ်ထားပြီးတော့ ယှဥ်ကြည့်ပါ။ ပြောင်းလဲမှူသိပ်မရှိရင်တော့ ကန်ထဲထည့်ဖို့ အဆင်ပြေပါတယ်ဗျ။😊🤗

--------------------------------
Htoo Arowana Farm
Phone Number - 09777500186, 09962833036, 420030086

05/11/2023

လှလှလေးတွေဖြစ်လာပီ 😍
ထပ်ကြိုးစားရပါအုံးမယ်။

04/11/2023

Blue Belly လေး😁

02/11/2023

💉💉💉💉

27/10/2023

11 ရက်သားလေးတွေပါ😊😊😊

ကျွန်တော်တို့ Htoo arowana Farm ရဲ့ပထမဦးဆုံးAlbino တောင်ရှည်ငါးလေးကို ယနေ့ညနေ 5 နာရီခွဲမှာငါးသားဥထုတ်ပါမယ်ခင်ဗျ အားပေးက...
25/10/2023

ကျွန်တော်တို့ Htoo arowana Farm ရဲ့ပထမဦးဆုံး
Albino တောင်ရှည်ငါးလေးကို ယနေ့ညနေ 5 နာရီခွဲမှာ
ငါးသားဥထုတ်ပါမယ်ခင်ဗျ အားပေးကြပါအုံး🥰🥰🥰

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Htoo Arowana Farm posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share


Other Aquatic Pet Stores in Yangon

Show All