27 Art Bully Club - 27ABC -

27 Art Bully Club  - 27ABC - Welcome to BULLY GAME !!!

Like & follow our PAGE , PLS 🙏🙏🙏
03/09/2020

Like & follow our PAGE , PLS 🙏🙏🙏

MR.GODOT

အိုင်ယာလန် နိုင်ငံသား ဆင်မြူရယ် ဘက်ကက်တ် ( Samuel Beckett ဟာ စာ​ရေးဆရာ ၊ ကဗျာဆရာ ၊ ပြဇာတ်​ရေးဆရာ ဖြစ်ပါတယ်။ ၁၃၊၄၊၁၉၀၆ မှာ ​မွေးပြီး ၂၂၊၁၂၊၁၉၈၉ မှာ ကွယ်လွန်ပါတယ်။ ၁၉၆၉ မှာ စာ​ပေဆိုင်ရာ နိုဘယ်ဆုရရှိခဲ့ပါတယ်။ သူရဲ့ နာမည်ကြီးတဲ့ စာအုပ်​တွေ ၊ ပြဇာတ်​တွေဟာ ပို့စ်​မော်ဒန်စာ​ပေ​လောကမှာ အ​ရေးကြီး တန်ဖိုးထား ဖတ်ရှုကြရပါတယ်။ သူရဲ့ အဓိပ္ပါယ်မဲ့ ပြဇာတ်​တွေ ( Theatre of Absurd ) ထဲကမှ နာမည်အကြီးဆုံး က​တော့ Waiting For Godot ( ဂို​ဒေါ့ကို ​စောင့်​မျှော်ခြင်း - ဆရာမြတ်သစ်ဘာသာပြန် ရှိ ) ဖြစ်ပါတယ်။ ဒီဘဲကြီးအ​ကြောင်း သိချင်ရင် Googleသာ ​ခေါက်ပါခင်ဗျာ ။

ကြီးကြီးကျယ်ကျယ်​တွေ ​လျှောက်​ပြော​နေတာ ​ပြောချင်လို့ပါ။ ဘာလို့ ​ပြောချင်တာလဲ ဆို​တော့ ​ပြောချင်လို့ပါပဲ။

ကျ​နော်တို့ ဂွတို ရဲ့ နာမည် Mr.Godot ဆိုတာ ဘက်ကက်တ် ရဲ့ ဂို​ဒေါ့ ကို ယူထားတာပါ။ ဂွတို လို့ ​ခေါ်ပါ ။ ကျ​နော်တို့ကို အားမနာရင်​တောင် နိုဘယ်ဆုရှင်ကြီး ဆင်မြူရယ် ဘက်ကက်တ် ကို အားနာသမှုနဲ့ တခါ​လောက်​တော့ ဂို​ဒေါ့လို့ ​ခေါ်​ပေးကြပါ။

မ​ခေါ်ချင်လည်း ကိစ္စမရှိပါဘူး။ ကျ​နော်တို့​တောင် ဂို​ဒေါ့လို့ တခါမှ မခေါ်ဖူးဘူးရယ်။ ဂွတို ပဲ ​ခေါ်တာမို့ ။

Thanks Bully Fam !!

LIVING LEGEND 🦍 BULLSACE'S GRANDSON . LILAC TRI 🎨🎨🎨 . JUST 20KG BOY 😮😮 . MR.LUFFY
30/08/2020

LIVING LEGEND 🦍 BULLSACE'S GRANDSON . LILAC TRI 🎨🎨🎨 . JUST 20KG BOY 😮😮 .

MR.LUFFY

Run Luffy ! Run !

Blur photo of my boy. 💪🏿💪🏿💪🏿
18/06/2020

Blur photo of my boy. 💪🏿💪🏿💪🏿

Update !!!!Mr.Luffy & Mr.Godot Hi-End Bully Art  (HBA)
30/04/2020

Update !!!!

Mr.Luffy & Mr.Godot

Hi-End Bully Art (HBA)

Hi-End Bully Art (HBA) ရဲ့  Home Breedingအ​နေနဲ့ ​​မျှော်လင့်ထားတဲ့ အတွဲ​လေးပါ ။ ခု​တော့ က​လေးမ​လေး ငယ်​သေးလို့ ​သေချာပြ...
09/02/2020

Hi-End Bully Art (HBA) ရဲ့ Home Breedingအ​နေနဲ့ ​​မျှော်လင့်ထားတဲ့ အတွဲ​လေးပါ ။ ခု​တော့ က​လေးမ​လေး ငယ်​သေးလို့ ​သေချာပြုစု​​ကျွေး​မွေး​နေပါတယ် ခင်ဗျ။

Mr.Luffy x Haniel

Bullsace meets Big LA 💪💪💪

Hey BULLY FAM !!!!မင်္ဂလာပါခင်ဗျာ ။ ကျ​နော်တို့ Hi-End Bully Art ရဲ့  Main men ​တွေဖြစ်တဲ့ Mr.Luffy@ဘူး နဲ့ Mr.Godot@ဂွတ...
07/02/2020

Hey BULLY FAM !!!!

မင်္ဂလာပါခင်ဗျာ ။ ကျ​နော်တို့ Hi-End Bully Art ရဲ့ Main men ​တွေဖြစ်တဲ့ Mr.Luffy@ဘူး နဲ့ Mr.Godot@ဂွတို တို့ရဲ့ သားစပ်ခ (Stud fees) ​စျေးတက်သွားတဲ့အ​ကြောင်း သတင်း​ကောင်း ပါးချင်လို့ပါ။ ​စျေးတက်တဲ့အပြင် ​သားစပ်ချင်တဲ့ ​ခွေးမရဲ့ မျိုးရိုး(Bloodline) ၊ ရုပ်ထွက် ကိုကြည့်ပြီး ​စျေးထပ်တင်ခြင်း ကဲ့သို့​သော လာဘ်တိတ်မယ့် လူ​သောက်မြင်ကပ်မယ့် ရွာပြင်ထွက်ရမယ့် ​အတင်းတုတ်ခံရမယ့် ကိစ္စများ ပါဝင်တဲ့ Hi-End Bully Art's Stud Terms & Policy ကို မကြာခင် အဆဲခံပြီး တင်ပြနိုင်ဖို့ ကြိုးစား​နေပါတယ်ခင်ဗျာ ။ အကြံ​ကောင်း​တွေ​ပေးတဲ့ ကို​နေဝင်း နဲ့ ကိုတင်ထူးနိုင် တို့ကိုလည်း ​ကျေးဇူးတင်စကား​ပြောသလိုလိုနဲ့ အဆဲခံ​ဖော်ရ​အောင် နာမည်ထုတ်​ဖော်လိုက်ရပါတယ်။

ချစ်ခင်စွာဖြင့်

Hi-End Bully Art (HBA)

HAPPY NEW YEAR ❤❤OUR LOVELY EXOTIC BULLY FAM !!!ကျ​နော်တို့လိုပဲ Exotic Bullyကို ရူးလှတဲ့ Bully Gamer များအတွက် ပရိုမိုး...
31/12/2019

HAPPY NEW YEAR ❤❤OUR LOVELY EXOTIC BULLY FAM !!!

ကျ​နော်တို့လိုပဲ Exotic Bullyကို ရူးလှတဲ့ Bully Gamer များအတွက် ပရိုမိုးရှင်း​လေးတခု ကမ်းလှမ်းပါရ​စေ။ ၁၊၁၊၂၀၂၀ မှ ၁၅၊၁၊၂၀၂၀ အတွင်းမှာ ကျ​နော်တို့ရဲ့ Stud Line-up ​တွေဖြစ်တဲ့ Mr.Luffy@ဘူး ၊ Mr.Godot@ဂွတို တို့နဲ့ သားစပ်မယ်ဆိုရင် လက်ရှိသားစပ်ခရဲ့ ၄၀%off (AI Service fees မပါဝင်ပါ)ရရှိမှာပါ။ လူကြီးမင်းတို့ရဲ့ ​ခွေးမ​လေး​တွေ သီးချိန်ပွင့်ချိန်မတန်​သေးလို့ ဒီ ပရိုမိုးရှင်းကို လွတ်သွားမှာ မပူရ​အောင် ကျ​နော်တို့ စီစဥ်ထားပါ​သေးတယ်။ ဘယ်လိုစီစဥ်ထားလဲ ဆိုတာသိချင်ရင် Message box ဒါမှမဟုတ် 09 454 5544 27သို့ ဆက်သွယ်လိုက်ပါခင်ဗျ ။

ကျ​နော်တို့ က​လေး​တွေရဲ့ အဘိုး၊အ​ဖေ မျိုးရိုးပုံ​တွေကိုလည်း အချိန်မ​ရွေး​တောင်းကြည့်ပါ။

••• အားမနာပါနဲ့ခင်ဗျ ••• 🙏🙏🙏

​အောင်မြင်​သော ၂၀၁၉ မှသည် ​အောင်မြင်​သော ၂၀၂၀ ဆီသို့ ဆက်လက် ချီတက်နိုင်ကြပါ​စေ ။

25/12/2019

ကျ​နော်​ရေးတာမဟုတ်ပါ ။ Best Choice Dog Food Collection ရဲ့ ကိုတင်​မောင်သန်း ​ရေးတာပါ ။ ​တော်​တော် ​စေတနာထား အားထုတ်ထားမှန်း သိသာပါတယ်။ ဖတ်ကြည့်ကြပါ ။

Exotic Bully ​လေး​​တွေရဲ့အ​ကြောင်း

Exotic Bully ဆိုတာ ၂၀၀၈ ခုနှစ်လောက်ကမှ အသစ်​ပေါ်ထွက်လာတဲ့ မျိုးစိတ်တစ်ခုပါ။ ဒီလို ကြွက်သားအပြည့်နဲ့ဗလ​တောင့်​တောင့် ​​အရပ်ပုပု​ခွေးမျိုး​လေး​တွေက ချက်ချင်းဆိုသလိုလူသိများထင်ရှားလာခဲ့တာပါ။ American Bully နှင့်အနီးစပ်ဆုံးတူညီ​နေတဲ့ ခန္ဓါကိုယ်ဖွဲ့စည်းပုံ​ကြောင့်လဲ လူများရဲ့အသိအမှတ်ပြုမှုကိုရရှိလာခဲ့ခြင်းပါ။ ဒီလိုဆယ်စုနှစ် တစ်ခုစာ​လောက်ပဲသက်တမ်းရှိ​သေးတဲ့ မျိုးစိတ်အ​ကြောင်းကိုကျွန်​တော်တို့ဆက်ပြီး​လေ့လာကြည့်ကြရ​အောင်လားဗျာ။
Exotic Bully ကို ' Clean Exotic ' လို့လဲလူသိများကြပါတယ်။ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့​ လူသိမများ​သေးဘူးဆို​ပေမယ့် breeder အသိုင်းအဝိုင်းမှာ​တော့ အ​တော်​လေး​ရေပန်းစား​နေပါပြီ။
ခပ်တိုတို​ပြောရမယ်ဆိုရင်​တော့ Exotic Bully ​တွေမှာ ​ခွေးဘီလူး(Bulldog)သွင်ပြင်လက္ခဏာ​တွေကို သူ့​နောင်​တော် American Bully ​တွေနဲ့မတူတဲ့ပုံစံမျိုးနဲ့​တွေ့ရပါတယ်။ Exotic Bully ​တွေရဲ့အ​ကြောင်းကို ယခုထိတိုင်​အောင်လဲ ​သေ​သေချာချာမသိကြရ​သေးပါဘူး။ မူလအစပျိုး​ထောင်လာတဲ့ မှတ်တမ်း​တွေလဲတိတိကျကျမသိရလို့ ပ​ဟေဠိဆန်တဲ့မျိုးစိတ်တစ်ခုအဖြစ် တည်ရှိ​နေတုန်းပါ။ ဒီလိုဆို Exotic Bully ကသင့်အတွက်​ရွေးချယ်​မွေးမြူစရာ ဟုတ်မဟုတ်ကို ကျွန်​တော်တို့ဆက်ပြီး​တော့​လေ့လာကြည့်ကြရ​အောင်ဗျာ။

Quick Facts :

Real name: Exotic Bully
Other names: Exotics
Origin: Unknown
Breed type: Crossbreed
Weight: 24-34 kg (55 to 75 lbs: some over 100lbs)
Height: 14-16 inches(some under 10 inches)
Lifespan: Unknown
Color: All colours are permissable
Coat: Short coat

သမိုင်း​ကြောင်း

အမှန်​တော့ Exotic Bully ဆိုတာ ၂၀၀၈ ခုနှစ်ပိုင်း​လောက်ကမှ ​ပေါ်ထွက်လာခဲ့တာပါ။ Breeder အများစုက​တော့ American Bully နှင့် Exotic Bully မျိုးစိတ်တို့ရဲ့ ကွာခြားမှုသိသိသာသာစတင်လာခဲ့တဲ့အချိန်လို့ ယူဆကြပါတယ်။ Exotic bully ရယ်လို့လဲ မတူကွဲပြားတဲ့ မျိုးစိတ်တစ်ခုအဖြစ်အသိအမှတ်ပြုလာပြီး ​ခွေးချစ်သူ​တွေရဲ့ စကားဝိုင်းမှာလဲ အငြင်းပွားစရာတစ်ခုဖြစ်လာခဲ့ရုံသာမက Breed Standard မှာလိုအပ်ချက်​တွေများ​နေတယ်ဆိုပြီး​တော့လဲ ယ​နေ့အချိန်အထိသ​​ဘောထားကွဲလွဲမှုတွေ ရှိ​နေဆဲဖြစ်တဲ့ Breed တစ်ခုပါ။
Exotic Bully ကိုပုံ​ဖော်ရာမှာ ဘယ်မျိုးစိတ်​တွေပါဝင်တယ် ဘယ်လိုမျိုး​ပေါင်းစပ်ထားတယ်ဆိုတာကို ​ဖော်ပြ​ပေးသင့်တယ်လို့​ပြောကြ​ပေမယ့် ဒီမကြာ​သေးခင်ကမှ​ပေါ်လာတဲ့မျိုးစိတ်က​တော့ develop လုပ်​နေဆဲကာလမှာပဲရှိ​နေ​သေးတယ်ဆိုပြီး အချက်အလက်​တွေအားလုံးကို မသိကျိုး​နွံပြုနေတာပါ။ သေချာတာက​တော့ Exotic Bully ​​တွေဟာ American Bully ကိုဗဟိုပြုပင်တိုင်ထားလို့ Olde English Bulldog , French Bulldog , Old English Bulldog နဲ့ Shorty Bull ​တွေကိုအဆင့်ဆင့်သားစပ်ယူထားတယ်ဆိုတာပါ။
Exotic Bully ​တွေမှာ သူ့နောင်​တော် American Bully ​တွေမှာထက် ​ခွေးဘီလူး(Bulldog) စရိုက်လက္ခဏာ​တွေကိုပို​မိုတွေ့မြင်ကြရမှာပါ။

ဒီလိုလက္ခဏာရပ်များ​ကြောင့်လဲ Exotic ( ထူးခြားဆန်းပြား​သောသတ္တဝါ ၊ တခြားအရပ်ကလာ​သော သတ္တဝါ ) ရယ်လို့ချစ်စနိုးမှည့်​ခေါ်ကြပြီး Breeder ​တွေရဲ့အာရုံစိုက်မှုကို
​နေ့ချင်းညချင်းရရှိခဲ့တာလဲ ဖြစ်ပါတယ်။ ကမ္ဘာနှင့်တဝှမ်း သန်းနှင့်ချီ​သော ချစ်ခင်သူများကို အချိန်တိုအတွင်းရရှိခဲ့လို့လဲ Exotic Bully မျိုးကို ပိုပြီး​ကောင်းမွန်​စွာ breeding လုပ်ဖို့ရန်တွန်းအားတစ်ရပ်ဖြစ်လာ​စေခဲ့တာပါ။ မှန်ကန်ပြီးအားထားရ​လောက်တဲ့ pedigree ရရှိ​အောင်​ပေးစွမ်းနိုင်ဖို့က​တော့ သက်တမ်းနုနယ်​သေးတဲ့ မျိုးစိတ်အတွက်​တော့ စိန်​ခေါ်မှုကြီးတစ်ခုဖြစ်​နေဦးမှာပါ။
ထိုကဲ့သို့အ​ကြောင်းအရာ​တွေ​ကြောင့်လဲ The Internional Bully Coalition ( IBC ) က Exotic Breed အတွက် စံသတ်မှတ်ချက်​တွေ သတ်မှတ်ဖို့ဖြစ်လာခဲ့တာပါ။ ယခုလို ဆုံးဖြတ်ရခြင်း​အ​ကြောင်းတွေက​တော့

ပထမဦးစွာ Exotic Bully နှင့် American Bully ကြားကွဲပြားခြားနားမှု​ပေါ်လွင်​စေရန်၊ Breeder များကိုယ်တိုင်လဲ အ​ကောင်းမွန်ဆုံး​သော မျိုးဆက်များကို​ရွေးချယ်၍ breed လုပ်နိုင်​စေရန်နှင့် မှန်ကန်တိကျ​သော pedigree ​ဖြစ်​စေရန်၊
​ခွေးဘီလူး( Bulldog ) မိသားစုဝင်ဖြစ်ခြင်း​​ကြောင့်လဲ ​ရောဂါဖြစ်ပွားမှုများဆင်တူ​နေ၍ တာဝန်ခံမှုရှိ​သော breeding ဖြစ်​စေရန်​ကိုအခြား characteristic များထက်ပိုအ​ရေးတကြီးတန်ဖိုးထားရန်၊ မျိုးရိုးလိုက်တတ်သည့်​ ရောဂါဘယကင်း​သော မျိုးရိုးနှင့်​ ကောင်းမွန်မှန်ကန်​သောစိတ်​နေသ​ဘောထားရှိ​သည့် ခွေးမျိုးများကိုသာ breed လုပ်ရန်၊ မှန်ကန်​သော type ရှိစေရန်နှင့် IBC ၏သတ်မှတ်ချက် ချမှတ်ရာတွင် မျိုးစိတ်၏ welfare ကိုတန်ဖိုးထားထည့်သွင်းရန်စသည်တို့​ဖြစ်ကြသည်။
ယခုကဲ့သို့ Standard တစ်ခုသတ်မှတ်ရာတွင်လဲ Exotic Bully တို့၏အဆင့်ဆင့်​ပြောင်းလဲလာမှုကို နှစ်ကာလအတန်ကြာ​အောင် စနစ်တကျ​​စောင့်ကြည့်လေ့လာပြီးမှသာ ပြင်ဆင်ဖြည့်စွက်ထားခြင်းပင်ဖြစ်သည်။

Desired Traits Of Exotic Bully

1. Height: 13” or Lower

2. Muzzle: 2” or Minus

3. Small & Compact

4. Height & length virtually complementary

5. Full body proportion

6. Acceptable underbite or clean bite

7. No elbow or minimal sticking out past shoulder width

8. Tight feet

9. Tight pasterns

10. Identical width between head width and top skull

11. Noticeable cheeks

ရုပ်ပိုင်းဆိုင်ရာသွင်ပြင်လက္ခဏာများ

​ခွေးဘီလူးမျိုး(Bulldogish)​ တို့၏သွင်ပြင် ကြီးမားလှသည့်ခေါင်းကြီး​ကြောင့်သာ မဟုတ်ရင် Exotic Bully ​တွေကို​အမွှေးတိုတိုနဲ့​ ခွေးပုမျိုးလို့ပဲ အထင်မှတ်မှားကြမှာပါ။
​သေ​သေချာချာ​လေးကြည့်လိုက်မိရင်​တော့ အရိုးအဆစ်ကြီးတို့နှင့်ဖွဲ့စည်းထားပြီး တုတ်တုတ်ခိုင်ခိုင်ကိုယ်လုံးတို့ကြောင့် ခြိမ်း​ခြောက်နိုင်စွမ်းအပြည့်နှင့် ခွန်အားကြီးမားမှုတို့ထင်ဟပ်​နေလို့ အထင်ကြီးဖွယ်မျိုးစိတ်ဖြစ်ပါတယ်။
Exotic Bully တို့၏အမှတ်သညာ ​ကြီးမားပြီး​ခုံးထ​နေ​သော ပခုံးသား​တွေအ​ပေါ်မှာ အချိုးအစားကျနစွာ တည်ရှိ​နေ​သော တုတ်ခိုင်အား​ကောင်းလှသည့် လည်ပင်းက မြင်သူတိုင်းလည်ပြန်လှည့်ကြည့်ရ​​လောက်​အောင်ကို စွဲ​ဆောင်မှုအပြည့်နဲ့ပါ။
ကြွက်သားထုထည်ကြီးများနှင့် တည်​ဆောက်ထားပြီး ကြီးမားလှပ​နေ​သော ရင်အုပ်ကျယ်ကြီးတွေကလဲ Exotic Bully တို့ကိုစွဲလမ်းကြရခြင်း​အ​ကြောင်းတွေထဲကတစ်ခုပါ။
Exotic ​တွေရဲ့ဦး​ခေါင်းက တခြားခန္ဓါကိုယ်အစိတ်အပိုင်း​တွေရဲ့ အချိုးအစားနှင့်နှိုင်းယှဥ်ကြည့်မယ်ဆိုရင် အနည်းကြီးမား​နေပြီး မျက်လုံးနှစ်လုံးကြား အကွာအ​ဝေးက​တော့သိသိသာသာရှိ​နေကြရမှာပါ။ နှာ​ခေါင်း​တွေကပုံမှန်အားဖြင့် ခပ်ပြားပြားရှိ​နေပြီး အချို့မှာ​တော့အ​နောက်ကိုအနည်းငယ်လန်​နေတတ်ပါတယ်။ ​ကြီးမားတဲ့အစွယ်​တွေနှင့် လေး​ထောင့်ကျကျကျယ်ပြန့်လှပတဲ့ ​​မေးရိုးကိုတန်ဆာဆင်ထားပါတယ်။ နားရွက်​တွေကတော့အလယ်အလတ်စားအရွယ်​ပါ။
အမြီး​တွေကအများအားဖြင့် တုတ်ခိုင်သန်မာကြပါတယ်။
ချော​မွေ့ပြီး ခပ်​ပျော့​ပျော့နိုင်တဲ့အ​ရေပြားကို နူးညံ့တဲ့အ​မွှေးတို​လေး​တွေနဲ့ဖုံးအုပ်ထားပြီး မျက်နှာနဲ့​ခေါင်းမှာ နူးညံ့တဲ့အ​ရေတွန့်​လေး​​တွေအနည်းငယ် ပါပါတယ်။

ပင်ကိုစရိုက်

​ အ​ကြောင်းမသိသူတွေရဲ့ အမြင်မှာ​တော့ Exotic ​တွေက​ကြောက်စရာ​ကောင်းပြီး စိတ်ကိုမသက်မသာဖြစ်​စေနိုင်ပါလိမ့်မယ်။ အမှန်အားဖြင့်​တော့ သူတို့ဟာ တခြား​ခွေး၊ လူ​တွေအပါအဝင် ဘယ်အရာမျိုးအ​ပေါ်ကိုမှ ရန်လိုသည့်စိတ်ထားမျိုးမရှိ​သောအမျိုးအနွယ်​တွေပါ။ သင့်နှင့် သင့် Exotic ကြားမှာအ​လေ့အကျင့်​ကောင်း​တွေ ​နှင့်ကောင်းမွန်တဲ့ဆက်ဆံ​ရေး​​တွေရှိဖို့အတွက်ဆိုရင်တော့ သူ့ရဲ့ပင်ကိုစရိုက်ကို သိရှိနားလည်ထားဖို့ အလွန်အ​ရေးကြီးလှပါတယ်။
မြင်​ရသူတိုင်း ကြက်သီးထသွားရ​လောက်တဲ့ ပုံသဏ္ဍန်ရှိ​သော်လည်း Exotic Bully ​​တွေဟာရန်လိုခြင်းကင်းပြီး ချစ်ခင်ယုယတာကိုခံချင်တဲ့ အမျိုးအစားပါ။
​ခွေးဘီလူးဗီဇ ( Bulldogish ) ​တွေပါရှိ​နေတယ် ဆို​ပေမယ့် တခြား​ခွေး​တွေအ​ပေါ်မှာ ရန်လိုစိတ်မရှိကြတာကိုလဲ အသိအမှတ်ပြုရပါလိမ့်မယ်။ ငယ်ရွယ်စဥ်ကတည်းက ​ပေါင်းသင်းတတ်​၊ ခင်မင်တတ်​အောင်​လေ့ကျင့်​ပေးထားမယ်ဆိုရင်​တော့ အ​ကောင်းဆုံးပါ။ အစာစားချိန် ၊ ကစားစရာလုတဲ့အချိန်နှင့် အိပ်ယာ​နေရာလုချိန်​တွေမှာ​တော့ ​သူတို့ရဲ့သဘာဝ ရန်လိုမှုအနည်းငယ်ကိုမြင်​တွေ့ရမှာပါ။
Exotic Bully များဟာ သခင်အ​ပေါ်မှာ အလွန်ခင်တွယ်တတ်ကြပြီး အသိအမှတ်ပြုခံရဖို့လဲ အမြဲအားထုတ်​နေတတ်လို့ သူတို့ကိုအချိန်​ပေးနိုင်ဖို့ ​မွေးမြူသူတိုင်းကို အကြံပြုလိုပါတယ်။ လူကြီး​တွေနှင့်သင့်တင့်​အောင် ဘယ်​လောက်ပဲ​နေထိုင်တတ်သည်ဆို​သော်ငြား Exotic Bully​ တွေရဲ့ဗီဇ​ကြောင့်နှင့် က​​လေး​တွေရဲ့စည်း​ကျော်တတ်တဲ့ အမူအကျင့်​တွေ​ကြောင့် လူကြီး​တွေရဲ့မျက်ကွယ်မှာ​တော့ က​လေး​တွေနှင့် လွှတ်ထားရန်မသင့်​တော်ပါဘူး။
​ခွေး​လေး​တွေအ​ပေါ်မှာ မည်သို့မည်ပုံဆက်ဆံရမယ်ဆိုတာသင့်က​လေး​တွေကို သင်ပြထားဖို့အလွန်အ​ရေးကြီးပါတယ်။

အ​မွှေးနှင့် အ​ရေပြားသန့်ရှင်းမှု

Exotic Bully ​လေး​တွေမှာ​ချော​​​မွေ့ တဲ့ (single layer coat) အ​မွှေးတို​လေးများ​ကြောင့် ဖီးသင်ရှင်းလင်း​ပေးဖို့အလွန်တရာလွယ်ကူပါတယ်။ အ​မွှေး​တွေကအလွယ်တကူကျွတ်တတ်တယ်ဆို​ပေမယ့် အခြား​သော Bully breed ​တွေထက်​တော့အ​မွှေးကျွတ်နှုန်းက သိသိသာသာကို​လျော့နည်းပါတယ်။ ၁ ပါတ်ကို ၁ခါ၊ ၂ခါ​လောက်အ​မွှေး​တွေကိုရှင်းလင်း​ပေးပြီး ၁လမှာ ၁ကြိမ်​လောက်ရေချိုး​ပေးရန်လိုအပ်ပါတယ်။ အနည်းဆုံး ၁ ပါတ် ၁ ခါခန့်အ​မွှေးရှင်း​ပေးခြင်းဖြင့် အ​ရေပြား​ပေါ်ရှိ dead cell ​တွေကိုဖယ်ရှား​ပေးလိုက်ပြီး အ​မွှေးကျွတ်တာသိသိသာသာ​လျော့ပါးသွားမှာအ​သေချာပါ။
အဟာရဓါတ်ပြည့်စုံ​အောင်​ဂရုတစိုက်​ကျွေး​မွေးမယ်ဆိုပါကလဲ အ​ရေပြားကျန်းမာ​ရေး​ကောင်းမွန်ပြီး အ​မွှေးသန်စွမ်းလှပ​နေမှာပါ။
ထို့အပြင် နားရွက်အတွင်းကို ဆရာဝန်ညွှန်ကြားသည့်​ နားသန့်စင်​ဆေးများဖြင့်သန့်ရှင်း​ပေးခြင်း၊ အရှည်မြန်တဲ့ လက်သည်း​တွေကို ​သေချာစွာလှီးဖြတ်​ပေးထားခြင်းတို့ကလဲ Exotic ​လေး​တွေရဲ့ အ​ထွေ​ထွေကျန်းမာ​ရေးအတွက် အ​ရေးကြီးလှပါတယ်။

​လေ့ကျင့်သင်ကြား​ပေးခြင်း

Exotic Bully ​လေး​တွေကို​မွေးမြူဖို့စဥ်းစား​နေရင် သင့်အ​နေနဲ့ ဒါ​လေး​တွေကို​တော့ ​လေ့လာထားဖို့လိုအပ်ပါလိမ့်မယ်။
Exotic ​လေး​တွေဟာမူလဘိုး​ဘေး​တွေက ​ခွေးတိုက်ပွဲ​တွေ၊ နွားရိုင်းသတ်ပွဲ​တွေ အတွက် breeding လုပ်ထားသည့်မျိုးရိုးက​နေ ဆင်းသက်လာခြင်း​ကြောင့် ​ခွေးနှင့် အခြားတိရိစ္ဆာန်များကို ရန်လိုသည့်ဗီဇ ရှိ​နေနိုင်ခြင်း​ကြောင့် ငယ်စဥ်ကတည်းက ​သေ​သေချာ​ချာလေ့ကျင့်​ပေးထားရန်လိုအပ်ပါတယ်။ အိမ်နားနီးချင်း​တွေနှင့်သူတို့ရဲ့​ခွေး​လေး​တွေအ​ပေါ် ရန်လိုတာ​​တွေ ကိုက်တာ​တွေ မဖြစ်​​အောင် Exotic Bully ​လေး​တွေအိမ်ကိုစတင်​ရောက်ရှိကတည်းက ရင်းနှီးကျွမ်းဝင်မှုရှိ​အောင် ထား​ပေးရပါလိမ့်မယ်။ တစ်ခုသတိထားရမှာက​တော့ ငယ်စဥ်ကတည်းက ​လေ့ကျင့်သင်ကြား​ပေးဖို့ဆိုတာ Exotic Bully ​တွေမှာသာမက တခြားဘယ်အမျိုးအစား( any breed ) မှာမဆိုလိုအပ်တယ်ဆိုတာပါ။
​လေ့ကျင့်သင်ကြား​ပေးခြင်းဟာ Exotic Bully လိုခွန်အားဗလ​ကောင်း​ကောင်းနှင့် လူ​​တွေမြင်​တွေ့​နေကြ မဟုတ်သည့်( breed) ​တွေမှာ​တော့ ပိုလို့အ​ရေးကြီးတဲ့အရာအဖြစ်တည်ရှိ​နေရခြင်းပါ။
သူတို့ဟာ အလွန်အင်မတန်မှ စွမ်းအားပြည့်​နေသည့် မျိုးရိုးမဟုတ်ခြင်း​ကြောင့် ​လေ့ကျင့်သင်ကြား​ပေးချိန်တိုင်းဟာ ထိထိ​ရောက်ရောက်နဲ့ တို​တောင်းဖို့လိုအပ်ပါတယ်။ နာခံမှုပြတဲ့အချိန်တိုင်းမှာလဲ ချီးကျူးစကား​ပြော​ပေးဖို့လိုပါတယ်။

သင်ကြား​ပေးသည့်အခါမှာလဲ

၁. တစိုက်မတ်မတ်နှင့် ဇွဲရှိရှိသင်ကြား​ပေးဖို့
၂. ထိထိ​ရောက်​ရောက် လွယ်လွယ်ကူကူ သင်ကြား​ပေးဖို့နှင့်
၃. သူတို့ကြိုက်တတ်သည့် အစာ၊ ကစားစရာ အစရှိသည်တို့
ဖြင့် နာခံချင်စိတ်ကို နှိုးဆွ​ပေးရန်တို့ပင်ဖြစ်သည်။

ကျန်းမာ​ရေး

အလွန်အ​ရေးပါပြီး ဂရုစိုက်ရမည့် အချက်ဖြစ်ပါတယ်။ Exotic Bully မျိုးရိုးဟာ ယခုအချိန်တိုင်​အောင် develop လုပ်​​နေဆဲ breed ဖြစ်ခြင်း​ကြောင့် ကျန်းမာ​ရေးအရ ​ကောင်းကွက်၊ ဆိုးကွက်​တွေဟာ ဒွန်တွဲ​နေသလို ​ရေရာ​သေချာမှုလဲမရှိ​သေးပါဘူး။ ​Breeding က​ကောင်းမွန်မှန်ကန်သွားမယ်ဆိုရင် functional ဖြစ်သည့် Exotic Bully ​လေးများကိုရရှိမှာဖြစ်သလို မ​တော်တဆအမှားအယွင်းဖြစ်သွားမယ်ဆိုရင်​တော့ ​ရောဂါဘယထူ​ပြောသည့် က​လေးများဖြစ်သွားမှာအ​သေအချာပါ။
Inbreeding လုပ်ထားသည့် မျိုးရိုးဖြစ်ခြင်း​ကြောင့် သူတို့ရဲ့သက်တမ်းကို တိုသွား​စေနိုင်ပါတယ်။
​သူတို့၏ခန္ဓါကိုယ်ဖွဲ့စည်းတည်​ဆောက်ပုံ​ကြောင့် ကျောရိုးမကြီးဝန်ပိခြင်း ပြသနာ၊ ကိုယ်အ​လေးချိန်များ​အောင်ရည်ရွယ် သား​ဖောက်ထားသည့်အတွက် အဆစ်​လေး​တွေမနိုင်ဝန်ထမ်း​နေရခြင်း​ကြောင့် အရိုးအဆစ်​ယောင်ယမ်းခြင်းပြသနာတို့အဖြစ်များပြီး အချိန်ကြာရှည်စွာကစားမိခြင်း၊စိတ်ဖိစီးမှုဒါဏ်ကိုမခံနိုင်ခြင်း၊အပူဒါဏ်မခံနိုင်ခြင်း တို့​ကြောင့် ပါးစပ်ဖွင့်အသက်ရှုကြရပါတယ်။ ထိုတို့အသက်ရှုရသည့်အတွက်အသက်ရှူသံကျယ်​လောင်ခြင်း၊ ​ချောင်းခဏခဏခပ်​နေရတတ်ခြင်း၊မကြာခဏအန်တတ်ခြင်း၊ အိပ်ချိန်တွင်​ဟောက်ခြင်း အစရှိသည်တို့ကိုခံစားကြရမှာပါ။
နိဂုံးချုပ်အားဖြင့် သူမတူသည့်အသွင်အပြင်သစ်တို့ဖြင့် တည်​ဆောက်ထားသည့် breedline အသစ်ကိုစိတ်ဝင်စားသည့် လူများအတွက် Exotic Bully ​လေး​တွေကဆွဲ​ဆောင်​မှုတစ်ခုအဖြစ်တည်ရှိ​​နေမှာပါ။ သူတို့ရဲ့ သက်တမ်းတိုမှုကိုတော့ ​မွေးမြူဖို့စဥ်းစားသည့်​နေရာတွင် ထည့်သွင်းကြရပါလိမ့်မယ်။ သို့​သော်လဲ မှန်ကန်သည့်သားစပ်မှတ်တမ်း​ပေးနိုင်သည့် စိတ်ချယုံကြည်ရသည့် breeder ​တွေမှတဆင့် ​ရွေးချယ်​မွေးမြူမည်ဆိုလျှင်ဖြင့် Exotic Bully ​လေး​တွေက သင့်ရဲ့အ​ဖော်​မွန်ကောင်းဖြစ်လာမယ်ဆိုတာ အ​သေအချာပါ။ Ref:

​ကျေးဇူးတင်ထိုက်သူအားလုံးကို​ကျေးဇူးအထူးတင်ရှိပါသည်။

ကျ​နော်တို့ရဲ့  Line up အသစ်​လေးပါ။  Ayeyarwady Kennel ရဲ့ နာမည်ကြီး Papa Smurf ရဲ့ သမီး​လေးပါ ။ Papa Smurf ( Big LA son...
20/12/2019

ကျ​နော်တို့ရဲ့ Line up အသစ်​လေးပါ။ Ayeyarwady Kennel ရဲ့ နာမည်ကြီး Papa Smurf ရဲ့ သမီး​လေးပါ ။

Papa Smurf ( Big LA son ) x Brindle ( Bape granddaughter )

Welcome baby ... God sends to us as X'mas present.

Feeding က အ​ရေးကြီး​ပေတဲ့ ကျ​နော့်အတွက်က​တော့ Bloodlineက အ​ရေးကြီးဆုံး အရာပါပဲ။  နဂိုတုန် ဆို မီးလှုံလည်း မ​ပျောက် တဲ့ ။...
16/12/2019

Feeding က အ​ရေးကြီး​ပေတဲ့ ကျ​နော့်အတွက်က​တော့ Bloodlineက အ​ရေးကြီးဆုံး အရာပါပဲ။ နဂိုတုန် ဆို မီးလှုံလည်း မ​ပျောက် တဲ့ ။

Bloodline never lies .


14/12/2019

ဒီ​ပေ့ချ်မှာ ဝင်ကြည့်ပါ။ Exotic Bully ရှယ်​တွေ ​တွေ့လိမ့်မယ်။ ခသ်ဗျားဘက်က Like & Share ​လေး လုပ်​ပေးပါလား။ နှုတ်၏​စောင်မခြင်း ​ပေါ့ဗျာ ။

မှတ်မိကြလား။ အရင်တ​ခေါက်က တင်ဖူးတယ်။ Pimpy x Bougie တို့အတွဲက ​ပေါက်တဲ့က​လေး​တွေ ။ အခု​လေးတင် Rose Gold ​လေး update ပုံ ...
13/12/2019

မှတ်မိကြလား။ အရင်တ​ခေါက်က တင်ဖူးတယ်။ Pimpy x Bougie တို့အတွဲက ​ပေါက်တဲ့က​လေး​တွေ ။ အခု​လေးတင် Rose Gold ​လေး update ပုံ တင်ထားတယ်ဗျ ။ ကျ​နော်တ​ယောက်တည်းကြည့်ရတာ အားမရလို့ ခင်ဗျားတို့ကိုပါ ကြည့်​စေချင်လို့။ ပထမပုံက ခု။ ဒုတိယပုံက နားမဖြတ်ခင်က။ Thz fam .

ခွေးတ​ကောင်​ကြောင့် လူ​တွေ ဘဝတိုးတက်သွားတယ် ။ အိပ်မက်အသစ်​တွေ ရှာ​ဖွေမိလာကြတယ် ။ ​ဘူလီဆေးထိုးတယ် ​ဘူလီဆေးမိတယ် လို့ ကျ​န...
13/12/2019

ခွေးတ​ကောင်​ကြောင့် လူ​တွေ ဘဝတိုးတက်သွားတယ် ။ အိပ်မက်အသစ်​တွေ ရှာ​ဖွေမိလာကြတယ် ။ ​ဘူလီဆေးထိုးတယ် ​ဘူလီဆေးမိတယ် လို့ ကျ​နော်တို့ ခပ်​ပေါ့​ပေါ့ ​နောက်​ပြောင်​ ​ပြောဆို​နေကြ​ပေတဲ့ အဲဒါကို ​​ပြောဆို​နေတဲ့ တချိန်တည်းမှာ နှလုံးသားက တဆတ်ဆတ် ခုန် ​နေကြတယ်မဟုတ်လား။ မနက်လင်းလို့ မျက်နှာမှ မသစ်ရ​သေးခင် ဘယ်ဘူလီပုံ​တွေ အသစ်တင်ထားလဲလို့ ရှာကြည့်ရတယ် အ​မောပဲ မဟုတ်လား။ သက်ရှိတဦးက​နေ သက်ရှိတ​ကောင်​ပေါ် ထားတဲ့ ချစ်ခြင်း​ ၊သံ​ယောဇဥ်ကို ဘယ်ဘုရားကမှ ငြိုငြင်မှာ မဟုတ်ဘူးဆိုတာ သိ​နေမင့် မဟုတ်လား။ ကျ​နော်တို့ဟာ သူတို့​လေး​တွေရဲ့ သူရဲ​ကောင်းဖြစ်ချင်တာမျိုး မဟုတ်ဘဲ သူတို့​လေး​တွေကို သူရဲ​ကောင်းဖြစ်​စေချင်တဲ့ စိတ်နဲ့ ချစ်ကြတယ်မဟုတ်လား။ ဘူလီ​လေး​တွေဟာ ချစ်ဖို့​ကောင်းပါတယ်။ ခင်ဗျားသူတို့ကို တကယ်မချစ်ရင်​တောင် သူတို့က ခင်ဗျားကိုတကယ်ချစ်​နေမှာပါ။ ဒါ​တွေက စကားမစပ်ပါဗျာ ။

ဒီ​နေ့မှာ Exotic Bully ​လောကရဲ့ Living Legendကြီး Mr.Miagi ဆယ်နှစ်ပြည့်ပြီတဲ့​လေ ။ အသက်ရှည် အနာမဲ့​စေဖို့ ဝိုင်းဆု​တောင်း​ပေးလိုက်ကြပါဦးဗျာ ။ Happy Birthday the great living legend, Mr.Miagi .

08/12/2019

S***m test perfectly succeed of Mr. Godot. 🙏💪

English below . . .မင်္ဂလာပါ ၊ ကျနော်တို့ တွင် ဂရိတ် မျိုးရိုး နှစ်ကောင်ရှိပါသည် ။ သူတို့ ၏ အမည်မှာ ဘူး.Luffy နှင့် ဂွတို....
30/11/2019

English below . . .

မင်္ဂလာပါ ၊ ကျနော်တို့ တွင် ဂရိတ် မျိုးရိုး နှစ်ကောင်ရှိပါသည် ။ သူတို့ ၏ အမည်မှာ ဘူး.Luffy နှင့် ဂွတို.Godot တို့  ဖြစ်ပါသည်။ ယခုအချိန်မှ စ၍ ကျနော်တို့ ၏ သားစပ်ခြင်း ဝန်ဆောင်မှုစတင်လိုက်ပါသည်။ ကျနော်တို့ ဆိုသည်မှာ ကျနော်တို့ ကို ဆိုလိုသည်မဟုတ်ဘဲ ကျနော်တို့ ၏ ခွေးနှစ်ကောင်ကို ဆိုလိုပါသည်။ သားစပ်ခြင်းကိစ္စနဲ့  စပ်လျှဉ်း၍ ကျနော်တို့  မက်ဆင်ဂျာ သို့ မဟုတ် ဖုန်းဖြင့် တိုးတိုးတိတ်တိတ် ဆက်သွယ်မေးမြန်းစပ်စုတိုင်ပင်နိုင်ပါသည် သမီးရှင်များ ခင်ဗျားးး . . . လို့  ကြော်ငြာလိုက်ရင် အရမ်းယဉ်ကျေးသွားမလားဗျ ။ ပြောချင်တာကတော့ ကျနော်တို့ ဆီမှာ ခွေးသိုးဇီးတင်လို့ ရပါပြီ ။ S***m Test အောင်ပြီးကြပါပြီ။ Breeding အတွက် ကျနော်တို့  တတ်နိုင်သလောက်ကူညီပါ့မယ်။ Come on GUYS !!!

Attention Pls Pls Pls !!! Now STUD open . We have two GUYS for your bully game. Our two guys are ready to rock. You can choose The Great BULLSACE line or The Great CHAMUCO line. Stud fees are reasonable. Pls hit our PM or 09 454 5544 27 . 🇲🇲🇲🇲🇲🇲

15/10/2019

Coming up next in Stun Magazine 🖤
Go Wild
Model. Phyo Thiha
Photographer. Han Min Latt
Makeup Artist. Jessica Han
Stylist. Thu Ya
Clothing. Fashion Palace
Puppy. Mr.Godot @ Ayeyarwady Kennel

11/10/2019

Ayeyarwady Kennel ဟာ ခွေးမျိုးစုံလင်ရုံတင်မကဘူး ။ မျိုးကောင်းရိုးကောင်းတွေချည်းပဲ ။ ခင်ဗျားတို့  ကျနော်တို့ ပြောနေကျစကားအရ ဆိုရင်တော့ Branded တွေပေါ့လေ ။ အဲဒီထဲက ကျနော် နေ့ တိုင်း တခါမက ကြည့်မိတဲ့သူလေးရှိတယ် ။ Ketamine ပေါ့ ။ သူ့ အဖေ Mr.President ဟာ သိန်းသုံးရာကျော်တယ် ။ ဒီကလေးမဆိုရင် ဒီကလေးမလောက် ရုပ်ထွက်ဆိုရင် ဒီကလေးမလောက် Bloodline ဆိုရင် အနောက်တိုင်းကနေ သွင်းရင် သူ့ အဖေထက်တောင် ဈေးများမလားပဲ ။ ပိုတယ်ထင်ရင် Ketamine ရုပ်ထွက်လောက် အမ တကောင်ပြ ။ ကျနော် ရင်ခုန်နေတာက Ketamine ကို ဘယ်သူနဲ့  Breed မလဲ ဆိုတာပဲ ။ ကျနော်ကတော့ Giagi ၊ Dodger ၊ Genocide တကောင်ကောင်နဲ့  ဖြစ်သွားစေချင်တာပါပဲ Ayeyarwady က အစ်ကိုကြီးရေ ။

11/10/2019

Mating News !!!

Maximus ( Hitman's son) x Gucci ( Bob Marley's daughter )

Maximus ကတော့ ကိုနေဝင်းထွန်း (ဆေးပေါင်းစုံထိုးသူ) ရဲ့  Best Stud ပါ ။ Gucci ကတော့ Ayeyarwady Kennel ရဲ့  မင်းသားကြီးဖြစ်ခဲ့တဲ့ Bob Marley သမီးလေးပါတဲ့ (Bob Marley က အခု မန္တလေးက အစ်ကိုတယောက်ဆီမှာပါ) ။ Gucci က ကိုသူရဦး ပိုင်တဲ့ ကလေးပါ ။

အခု mating ထားပြီဆိုတော့ နောက် သိပ်မကြာခင်မှာ ကလေးလှလှလေးတွေ မြင်ရပါလိမ့်မယ် ။ ခင်ဗျားတို့  စောင့်နေစရာမလိုလောက်အောင်ကို ရင်ခုန်စရာလေးတွေဟာ ခင်ဗျားတို့ ဆီ ရောက်လာတော့မှာပါ ။

အောက်မှာ ပုံတွေ ရှိုးဗျာ ။

P.S. ကျနော့်ဖုန်းက စုတ်နေတော့ Comment တွေ Reply ပြန်မရဘူး ဖြစ်နေတယ်ဗျာ ။ ချေတယ် ထင်လည်း ချေ ချေ ပဲ ။

25/09/2019

ဟိုင်း . . . . မတွေ့ တာကြာပေါ့ဗျာ ။ အလုပ်မအားလို့  ဘာမှမတင်ဖြစ်တာ ခွင့်လွှတ်ဗျာ ။ အလုပ်မအားဘူး ဆိုတဲ့ စကားကလည်း ကျနော့်လို ငပျင်းတွေအတွက်တော့ လက်သုံးစကားမို့ လား ။

Ayeyarwady Kennel က Pretty Boy ဟာ ဒီနိုင်ငံမှာ ဘော်ဒီ ခေါင်း အလှဆုံးဆို ယုံမလား ။ ကြွားတာမဟုတ်ပါဘူး ။ ကြွယ်တာလားဆိုရင်တော့ ကြွယ်တာပါ ။ အဲ . . . ဒီကောင်ကြီး လှပေတဲ့ သူ့ ရဲ့  ကလေးတွေဟာ Mr.President နဲ့  PaPa Smurf ကလေးတွေလောက် မလှဘူးလို့  ထင်ခဲ့မိတယ် ။ အဲဒါဟာ မှားတယ်ဆိုတာကို ဒီကလေးက သက်သေပြလိုက်တာပါပဲ ။ ကလေးပုံလေးလည်း ပြထားပါတယ် ။ ကျနော် လျှောက်ပြောနေတာတွေ ဟုတ်လား မဟုတ်လား ကိုယ့်ဟာကိုယ်သာ ကြည့်ပါတော့ဗျာ ။ Pretty Boy ကလေးတွေ Ayeyarwady Kennel မှာ ကျန်ဦးမယ် ထင်တယ်ဗျ ။ Kennel ပိုင်ရှင် ဆရာကြီး မွေးနေ့  လည်း ရှိတာဆိုတော့ ဈေးတွေလျော့ပေးနေလေရဲ့  ။ ဈေးသက်သာမှာပါ ။

18/09/2019

MLB Pimpy x TBC Bougie တို့ ကနေပေါက်တဲ့ ကလေးတွေဟာ သိပ်ရင်ခုန်ဖို့ ကောင်းတယ် ။ ခင်ဗျားတို့ ကိုလည်း ကြည့်စေချင်လို့  ကျနော် ဆေးထိုးလိုက်ပါတယ် ။ Pimpy ကတော့ စိတ်ချရတယ် ။

Edited # Bad Barbie နဲ့  Rose Gold တို့  နားသထားတဲ့ ပုံလေးတွေပါ comment မှာ ထပ်ထည့်ပေးထားပါတယ် ။ အကြည့်အလေ့အကျင့်ရအောင်ပါ ။

15/09/2019

ဆောရီးဗျာ မနေ့ က ဘောလုံးပွဲထိုင်ကြည့်လိုက်တာ မနက်သုံးနာရီကျော်သွားတယ် ။ မနက်ကျတော့လည်း အလုပ်သွားရသေးတော့ မရေးဖြစ်ဘူးရယ် ။ ခုတောင် လစ်နေတာ ။ ခင်ဗျားတို့  သိချင်တာက ဘူလီအကြောင်းပေတဲ့ ကျနော်ရေးတာဆိုတော့ ကျနော့်အကြောင်းတော့ သည်းခံဖတ်ကြပေါ့လေ ။

ခွေးစမွေးတဲ့ အချိန်တွေကို ပြန်သတိရမိတယ်ဗျ ။ အဲဒီအချိန်ကဆို ကိုယ်လိုချင်တဲ့ Breedဖြစ်ရင် ပြီးရော ။ ဘာ Bloodlineမှ မသိဘူး။ ခုလို မွေးသက်လေးလည်း ရလာရော ဖင်လေးက ယားတတ်လာပြီ ။ ဘယ်လိုင်းမှ ကြိုက်တာတို့  ဟိုလိုင်းဆိုမကြိုက်ဘူး တို့  ။ ကျနော်ဖြစ်နေတာ ပြောပါတယ် ။

ခွေးမွေးတာဟာ ကားဝယ်တာဆိုရင် ကိုယ်မွေးမယ့်Breedကို သေချာရွေးချယ်တာဟာ ကိုယ်စီးမယ့်ကား ရွေးတာပဲပေါ့ ။ Hatchback လား Sedan လား SUV လား ။ Crown လား Alphard လား ။ Alphard ဆိုရင်တောင် 2.4 2AZ အင်ဂျင်လား 3.0 1MZ အင်ဂျင်လား ။ Alphard 2.4 2AZ ဆိုရင်တောင် 2008ပုံပြောင်းလား ။ 2002 ပဲလား ။ ကိုယ်ဝယ်တဲ့ကားဟာ ဆီစားသက်သာဖို့ လား အတွင်းခန်းကျယ်ဖို့ လား အင်ဂျင်ပါဝါကောင်းဖို့ လား ။

ကျနော်သတိပေးမယ်နော် ။ Exotic Bully က ဟိုပွဲတက် ဒီပွဲတက်သွားဖို့  သိပ်ခန့် တဲ့ကားပါ ။ ဒါပေမယ့် ဝယ်တဲ့အခါ တခြားအောက်ကားတွေထက် ဈေးများမယ် ။ ပြင်ဆင်စရိတ်များမယ် ။ ဆီစားမယ် ။ ဆီစားတာတောင် ခင်ဗျား 95 RON ပဲ ထည့်ရမှာနော် ။

ဒီည ပြမယ့်ကောင်က Mr.Miagi Bloodline ။ Miagi ရဲ့  နာမည်ကြီးသား Hummer ရဲ့  မျိုးစပ် ။ ဒီနိုင်ငံမှာပဲရှိနေတဲ့ ကောင်လေး ။ ရန်ကုန်မှာနေတယ် ။ နာမည်က Mr.Sniper တဲ့ ။ ခင်ဗျားheart ကို တည့်တည့်ပစ်မယ့် လက်ဖြောင့်တပ်သား ။ ဒီကောင်လေးကို မြင်လို့  Like မလုပ်မိရင်တောင် သူ့ သခင် ကိုနေဝင်း ကို မြင်ရင် Likeလုပ်မိမှာ ။သူ့ သခင်ကလည်း အကိတ်ကိုး ။ Mr.Sniper နဲ့ သားစပ်ချင်ရင်လည်း Stud fees သက်သက်သာသာနဲ့  ကူညီပေးပါလိမ့်မယ် ။ (ကြော်ငြာခ ရတယ်မထင်ကြနဲ့ နော် just sharing ပဲ)။

ဆိုတော့ကာ Mr.Miagiရဲ့ သား နာမည်ကြီး Hummer ကိုရော Sniper ရဲ့  အဖေ Viper အမေ Lumos ကိုရော ပြပေးထားပါတယ် ။Mr Miagiကတော့ ခင်ဗျားတို့ သိပြီးသားမို့  မပြတော့ဘူး။ တကယ်တော့ Viper က Hummer x Lumos ကနေပေါက်တာ ။ အဲဒါ Viper ကို သူ့  အမေ Lumos နဲ့  ပြန် Inbreed လိုက်တော့ Sniper ဖြစ်လာရောပေါ့ ။(Inbreeding ဟာ Exotic Bully မှာ သိပ်အရေးကြီးကြောင်း နောက်မှ ထပ်ရေးပါဦးမယ် ) ။ Viper ရဲ့  Pedigreeပါ ပြထားပေးတယ် ။ ဘူလီမွေးမယ် စဉ်းစားရင် ဒါလေးတော့ နားလည်အောင် ကြည့်စေချင်တယ် ။

American Bully ဆိုဒ်အကြီးကြီးတွေကနေ Pocket Size ၊ အဲဒီကနေမှ Exotic Bully ဖြစ်လာတယ် ။

ကဗျာလောကမှာ ကာရန်ကို စွန့် လွှတ်ပြီး မော်ဒန်ကဗျာတွေ ရေးလာတဲ့အချိန်မှာ ကဗျာဆရာကြီး ဒဂုန်တာရာ က ပြောဖူးတယ် ။ ကာရန်မဲ့ချင်မဲ့ အဘိဓမ္မာ မမဲ့စေနဲ့ တဲ့ ။ ဟုတ်ကဲ့ . . . ကျနော့်အတွက်ကတော့ Exotic Bully ဟာ ဘယ်တော့မှ အဘိဓမ္မာ မမဲ့တဲ့ ကဗျာပါပဲ ဆရာကြီးခင်ဗျား ။

27 Art Bully Club - 27ABC -

14/09/2019

ဒီည ရန်ကုန်က ကလေးတကောင်ပြမယ် ။ မပြဖြစ်ရင် ဘောလုံးပွဲတွေကြောင့်ပဲလို့  မှတ်ပါ ။

13/09/2019

ခင်ဗျားခွေးမွေးတာ ဘာကြောင့်လဲ ။ လုံခြုံရေးအတွက်လား ။ တိုက်ခိုက်ရေးအတွက်လား ။ တောလိုက်ဖို့ လား ။ တီတီတာတာပြောဖို့  အဖော်လိုချင်လို့ လား ။ ဂေါ်ချင်လို့ လား ။ နောက်ဆုံးဗျာ Stressတွေ ချဖို့  ဆရာဝန်က မွေးခိုင်းလို့ လား ။

ဘာပဲဖြစ်ဖြစ်ဗျာ တကယ်ခွေးမွေးရင် ခွေးဖြစ်မှာပဲ။ ပြောတာရိုင်းရင်ရိုင်းမယ် ဒီထပ် ထိရောက်တဲ့ စကား တခြားရှာမတွေ့ ဘူး။ တခြားBreedတော့ မသိဘူး ။ Exotic Bully မွေးရင်တော့ သေချာတယ် ခွေးဖြစ်မှာပဲ ။ (မယုံရင် Ayeyarwady Kennel ပိုင်ရှင် အစ်ကိုကြီးသာမေးကြည့်) ။

Exotic Bully က ဈေးမနည်းဘူး ။ ဒါပေမယ့် ကိုယ်နဲ့  နှစ်အကြာကြီးနေရမှာလေ ။ စဉ်းစားပါ ။ ထပ်ပြောပါမယ် စဉ်းစားပါ ။ တခြား Breedမကောင်းဘူး မပြောပါဘူး ။ ခွေးတိုင်းမိုက်တယ် ။ ဒါပေမယ့် ကျနော့်အတွက်ကတော့ Exotic Bully အမိုက်ဆုံးပဲ ။

စကားမစပ် မနေ့ က ခွေးမချစ်တဲ့ ကျနော့် ယောက္ခမ ဂွတိုအီးကြုံးပေးသွားတယ် ။ သောက်ကလေး စည်းကမ်းမရှိဘူး တဲ့ ။ စကားမစပ်ပါ ။

Mr.President ရဲ့ အဖေက Chamuco ပါ ။ အမေက Selena ။ Chamuco x Selena အတွဲကနေပေါက်တဲ့ ကလေးတွေထဲမှာ လက်ရှိကမ္ဘာကျော်နေတာက Blue Dragon ။ Mr.President ရဲ့  Littermateပေါ့ ။ Mr.President လည်း အထင်မသေးနဲ့ ခင်ဗျ ။ လက်ရှိ Ayeyarwady ကနေ Keeperအနေနဲ့  အုထားတဲ့ Ketamineဆိုတဲ့ အမလေးဟာ လက်ရှိ မြန်မာပြည်ရဲ့  Best Bitch ဖြစ်လာမယ့်ကလေး ။ Mr.President x Brindle ကနေ သုံးကောင်ပေါက်တယ် ။ Ketamine ရယ် ကျနော့်ကောင် Mr.Godot @ ဂွတို ရယ် မန္တလေးရောက်နေတဲ့ အမလေးရယ် ။ (ညီမလေးရေ ဒီစာကိုတွေ့ ရင် ကိုကိုဂွကို ဆက်သွယ်ပါ ။ ) ။ သုံးကောင်လုံးမိုက်တယ် ။ ကြွားတာ ဟုတ်မဟုတ် ပုံတွေသာကြည့်ဗျာ ။ ခုလည်း Ayeyarwady Kennel မှာ Mr.President x KiKi ပေါက်နေပြီ ။ တော်တော်မိုက်ကြတယ် ။ ကျနော်တောင် ယားနေပြီ ။

Luxury ဆိုတာကို ဇိမ် လို့ ဘာသာပြန်မယ်ဗျာ ။ Exotic Bully ကို Luxury pet တဲ့ ။ ခင်ဗျားတို့ ရဲ့  စိတ်ပိုင်းဆိုင်ရာ ဇိမ် အတွက်ပေါ့လေ ။ တခုပဲ ခင်ဗျား ဇိမ်ခံနေတဲ့ အချိန် ဘူလီလေးတွေကလည်း ဇိမ်ခံနေမှာနော် ။

27 Art Bully Club - 27ABC -

12/09/2019

မနက်ဖြန်ကျရင် ကျနော့်ကောင် Mr.Godot @ ဂွတို ရဲ့  အဖေ Mr.President အကြောင်း ပြောပြမယ် ။ တနေ့  တကောင် ပုဂံ ဘယ်ပြေးမလဲ (ဆိုင်ဆိုင်မဆိုင်ဆိုင်ဗျာ) ။

12/09/2019

ခင်ဗျားတို့  စိတ်ညစ်လို့  အရက်သောက်ဖူးလား ။ စိတ်ညစ်လို့  Night Clubတွေ KTVတွေ လျှောက်သွားဖူးလား ။ စိတ်ညစ်လို့  ဆေးလိပ်ကို အငွေ့ တထောင်းထောင်းထအောင် ရှိုက်ဖွာဖူးလား ။ စိတ်ညစ်လို့  ညစ်တွန်းတွန်းရင်း ရန်ဖြစ်ဖူးလား ။ စိတ်ညစ်လို့  နံရံကို လက်သီးနဲ့ ထိုးဖူးလား ။ စိတ်ညစ်လို့  တယောက်တည်း ကြိတ်ငိုဖူးလား ။ ထပ်မေးမယ် ခင်ဗျားတို့  စိတ်ညစ်လို့  Exotic Bully လေး တကောင်နဲ့  ဆော့ကစားဖူးလား ။

Exotic Bully တကောင်ရဲ့ ဈေးဟာ ဘယ်လောက်ထိရှိနိုင်လဲ ဈေးကြားလိုက်ရင် ခင်ဗျား ကျွတ်ကျဲသွားမယ် လို့  ကျနော်မပြောတော့ဘူး ။ ခင်ဗျားတို့  သိပြီးသားပဲဟာ ။ တခါတုန်းက ဘော်ဒါတယောက်ကို Exotic Bullyဈေးအကြောင်းပြောမိတော့ ခွေးတကောင်ဟာ ဒီလောက် တန်စရာလား စောက်ပေါတွေပဲ ဝယ်မှာ တဲ့ ။ မင်းကရော ဘယ်လောက်တန်လို့ လဲ ပဲ ပြန်မေးလိုက်တာ အခင်အမင်တွေ ပျက်ကုန်ရော ။ တန်ဖိုးဆိုတာ စိတ်ပါပဲ ။ အခုထွက်နေတဲ့ iPhoneအသစ်ဆိုလား ကျနော့်ကို လာပေးရင် ပြန်ပေးလိုက်မှာ ။ ကျနော် ဖုန်းကို တန်ဖိုးမထားတတ်ဘူးလေ ။ အဲ . . .ဘူလီ အမ လှလှလေး လာပေးရင်တော့ ဂျွမ်းပါ ချောချောလေး ဖြစ်အောင် ထိုးပြလိုက်မယ် ။ ဒီကမ္ဘာကို ခင်ဗျားတို့  ကျနော်တို့  ဟိုဘဘကြီးတို့ ပိုင်တယ် ဆိုရင် ဘူလီလေးတွေလည်း ဒီကမ္ဘာကို ပိုင်တာပဲ ။ ပိုမိုတာက သူတို့ က ကျနော်တို့  အသည်းနှလုံး ကိုပါ ပိုင်နေတာလေ ။

ကဲ . . . သောက်ပိုတွေ လျှော့ပြီး ကျနော် ပြချင်လို့  ယားနေတဲ့ ဟာလေးအကြောင်း ပြောတော့မယ်။ PaPa Smurf တဲ့ ။ Ayeyarwady Kennel ရဲ့  Best Stud ထဲက တကောင် ၊ သွင်းလာတုန်းက သုံးရာကျော်တယ်ဗျ (သူ့ ကလေးတွေကို Ayeyarwady Kennel မှာ ဈေးသက်သက်သာသာနဲ့  ဝယ်လို့ ရတယ် ။ ဒါက ကြော်ငြာ) ။ အဖေ က THE BULLY CAMPLINE ( TBC ) ရဲ့  နာမည်ကျော် Big LA ။ အမေကလည်း TBC ကပဲ ။ Smurfette တဲ့ ။ TBC ဆိုတာက Mr.Miagi ရဲ့  တပ်ရင်း ။ ခင်ဗျားတို့ သိပြီးသားပါ ။ ဘောလုံးမှာ ဘရာဇီးလ် ဆိုရင် Exotic Bully မှာ TBC ပဲ ။ ဒါဆို Mr.Miagi က ပီလီ ပေါ့ ။ သောက်ပိုပြောတယ် ထင်လည်း အဲဒါ ကျနော့်အကျင့်လို့ မှတ်ကြဗျာ ။ Exotic Bully နဲ့  ပတ်သက်ရင်တော့ လေမလျော့နိုင်ဘူးရယ် ။

ဘူလီတွေ ချွဲပြီဆို သောက်ကျောတင်းတဲ့ ခွေးမချစ်တတ်တဲ့ ခင်ဗျားယောက္ခမကြီးတောင် ပျော့ဆင်းသွားစေရမယ် ။ မယုံမရှိနဲ့  ကိုယ်တွေ့  ။

ဘူလီလေးတကောင် ဆွဲပြီး ထွက်လာတဲ့ ကောင်မလေးတယောက် လောက် ကို စိတ်ထဲမြင်ကြည့်ဗျာ ။ ဒါမှမဟုတ် ခင်ဗျား ဘူလီလေးတကောင် ဆွဲပြီး လမ်းလျှောက်လာတာကို လူတွေ ဝိုင်းကြည့်နေမယ် မြင်ကြည့်ဗျာ ။ ကျနော် ဘူလီဆွဲပြီး ထွက်လာရင်တော့ ကလေးတွေက ဟာ . . .ခွေးကြီး ခွေးကြီး တဲ့ ။ ။

27 Art Bully Club - 27ABC -

PaPa Smurf ရယ် သူ့  ပါပါး မာမားတို့  ပုံတွေ အပြင် PaPa Smurf ကလေး တချို့ ပါ ပြထားပါတယ် ။ ရှိုးကြည့်ဗျာ ။

11/09/2019

မနက်ဖြန် Ayeyarwady Kennel ရဲ့  နာမည်ကြီး ကျနော့်အချစ်တော် PaPa Smurf နဲ့  စမယ်ဗျာ ။ တော်တော်ကိတ်တဲ့ကောင်ကြီး ။

11/09/2019

ဒီ Page ရဲ့  (လက်ရှိ)ရည်ရွယ်ချက်ကတော့ မြန်မာတနိုင်ငံလုံးက American Exotic Bully တွေကို စုစည်းတင်ပြလိုခြင်း ၊ နိုင်ငံတကာမှာ စီးဆင်းနေတဲ့ နာမည်ကြီး Exotic Bully ရေစီးကြောင်းကို ဘူလီချစ်သူတွေအတွက် မျှဝေလိုခြင်း ၊ Exotic Bully နဲ့  ပတ်သက်တဲ့ ဗဟုသုတများ မျှဝေလိုခြင်း စသည် စသည် တို့ ပါပဲ ။ ဒီနိုင်ငံမှာလည်း တကယ်မိုက်တဲ့ Exotic Bully တွေရှိတာမို့  ကျနော်တို့  Admin Group ထံသို့  ပုံလေးတွေ ပို့ ပေးကြစေလိုပါတယ် ။ အနည်းဆုံးတော့ နိုင်ငံတကာက Exotic Bullyတွေကို ခြေဖျားထောက်ကြည့်ရင်း ဘူလီသမားချင်း ပခုံးဖက်ထားကြရအောင်ပါ ။

11/09/2019

27 Art Bully Club - 27ABC -'s cover photo

11/09/2019

Profile pictures

11/09/2019

27 Art Bully Club - 27ABC -

Address

Yangon

Telephone

+959454554427

Website

Alerts

Be the first to know and let us send you an email when 27 Art Bully Club - 27ABC - posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to 27 Art Bully Club - 27ABC -:

Share

Category


Other Dog Breeder in Yangon

Show All