🐶 “မိုးဘယ်လိုရွာရွာ အာဝုလေးတို့ ပျော်ရွှင်ကျန်းမာ” 🐶
စိုစွတ်တဲ့ မိုးရာသီမှာလည်း အာဝုလေးတွေ ကျန်းမာပျော်ရွှင်နေဖို့ အရေးကြီးတာမို့ အကြုံပြုချက်တစ်ချို့ကို ဝေမျှပေးလိုက်ပါတယ်နော်…
အာဝုလေးတွေအတွက်
✔️ ၁. ခြောက်သွေ့ နွေးထွေးတဲ့ နေရာပြင်ဆင်ပေးပါ။
✔️ ၂. ပုံမှန် အမွေးညှပ် သန့်ရှင်းဖြီးသပ်ပေးပါ။
✔️ ၃. ကိုယ်ခံအားကောင်းစေတဲ့ အစားအသောက်လေးတွေ ပြင်ဆင်ကျွေးမွေးပါ။
✔️ ၄. အမြဲတက်ကြွကျန်းမာနေစေဖို့ အိမ်တွင်း ပြေးလွှားဆော့ကစားနိုင်အောင် စီစဥ်ပေးပါ။
✔️ ၅. အပြင်ထွက်ရင် မိုးကာအကာအကွယ် ၀တ်ဆင်ပေးပါ။
✔️ ၆. အိမ်ပြန်ရောက်ရင် ခြေဖဝါး၊ လက်ဖဝါးလေးတွေကို သန့်ရှင်းပေးပါ။
✔️ ၇. နား၊ မျက်စိနှင့် private နေရာများ အမြဲသန့်ရှင်းအောင် အထူးဂရုစိုက်ပေးပါ။
✔️ ၈. ကူးစက်ရောဂါ ကာကွယ်ဆေး ပုံမှန်ထိုးပေးပါ။
✔️ ၉. မိုးချုန်းသံကြောင့် စိုးရိမ်ကြောက်လန့
🛑 Hair Loss 🛑
(ဂရုပြုစရာ အမွေးကျွတ်ရောဂါ/Alopecia)
တယုတယမွေးမြူထားတဲ့ ချစ်တုံးလေးတွေ အမွေးကျွတ်တဲ့အခါ အများအားဖြင့်တော့ စိတ်ပူစရာမလိုပါဘူးနော်။
သာမန်အမွေးကျွတ်တာဆိုရင်တော့ ဒါဟာ ပုံမှန်အခြေအနေတစ်ခုပါပဲ။
ဒါပေမဲ့ အရေပြားပေါ်က အမွေးလေးတွေ အကွက်လိုက် ကျွတ်လာရင်တော့ Alopecia လို့ခေါ်တဲ့ အမွေးကျွတ်ရောဂါဖြစ်နိုင်တာမို့ ဂရုစိုက်ပေးဖို့ လိုအပ်လာပါပြီ။
အာဝုလေးတွေရဲ့ အရေပြားပေါ်မှာ
- အမွေးကျွတ်ခြင်း
- အကွက်လိုက်အမွေးကျွတ်ခြင်း
- အရေပြားပေါ်တွင် အနီကွက်ထခြင်း
- အရေပြားနီရဲယောင်ရမ်းခြင်း
- ဂျွတ်တက်ခြင်း
စတဲ့ လက္ခဏာတွေကို တွေ့မြင်ရမှာဖြစ်ပါတယ်။
ဖီဖီမီမီတို့အနေနဲ့ ဒီအချက်လေးတွေ တွေ့တယ်ဆိုရင် အရမ်းစိတ်မပူဘဲ ဆရာဝန်နဲ့ တိုင်ပင်ပြီး သက်သာပျောက်ကင်းအောင် ကုသပေးလိုက်ပါနော်။
အာဝုလေးတွေအားလုံး Alopecia ရောဂါမှ ကင်းဝေးပြီး ကျန်းမာရွှင်လန်းန
☀️ ❤️ “ချစ်တုံးလေးတွေ အပူမလျှပ်အောင် ဂရုစိုက်နော်…” ☀️ ❤️
ရာသီဥတုပူလောင်လွန်းတာကြောင့် အိမ်က သားသား၊ မီးမီးလေးတွေလည်း အပူလျှပ်နိုင်တယ်နော် . . .
အာဝုလေးတွေအပူလျှပ်ရင် -
•ဦးနှောက် - လေဖြတ်ခြင်း၊ ရုတ်တရက် မူးေ၀လာခြင်း၊ သတိလစ်မေ့မျောခြင်း။
•နှလုံး - နှလုံးခုန်မြန်လာခြင်း၊ အသက်ရှူမြန်လာခြင်း၊ အသက်ရှူရခက်ခြင်း။
•ခန္ဓာကိုယ် - ခန္ဓာကိုယ်အပူချိန်သည် ၁၀၆ ဒီဂရီစင်တီဂရိတ်ကျော်အထိ မြင့်တက်လာခြင်း။
•မျက်လုံးများ - မျက်လုံးများ ခြောက်သွေ့လာခြင်း၊ ကြောက်ရွံ့သည့် အမူအရာပြခြင်း။
•ပါးစပ် - ဟောဟဲလိုက်မောနေခြင်း၊ တံတွေးများ အလွန်အမင်းကျခြင်း၊ သွားဖုံးနှင့် လျှာများ အလွန်အမင်း နီရဲလာခြင်း၊ အန်ခြင်း။
•ခြေထောက်များ - ဒယီးဒယိုင်ဖြစ်ခြင်း၊ အားအင်ယုတ်လျော့ လဲကျခြင်း။
စတဲ့ လက္ခဏာတွေ တွေ့ရတတ်ပါတယ်။
#YourPetOurCare #seventailspetwellnesscenter