Movies & Review

Movies & Review Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Movies & Review, Yangon.

ကွန်ဖူး စတန့်သမား ဘ၀ကနေ ဂျက်ကီချန်းရယ်လို့ဖြစ်လာတဲ့အထိ သူဖြတ်သန်းခဲ့ရတဲ့ ဘ၀တွေCGI Effect တွေမပေါ်ခင်က စတန့်သမားတွေခံစားခ...
09/06/2023

ကွန်ဖူး စတန့်သမား ဘ၀ကနေ ဂျက်ကီချန်းရယ်လို့
ဖြစ်လာတဲ့အထိ သူဖြတ်သန်းခဲ့ရတဲ့ ဘ၀တွေ
CGI Effect တွေမပေါ်ခင်က စတန့်သမားတွေခံစားခဲ့ရတဲ့ ဒုက္ခတွေကို ကွက်ကွက်ကွင်းကွင်း
ရိုက်ပြထားတဲ့ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ပါ

ဇာတ်အိမ်အနေနဲ့ကတော့ ဂျက်ကီရဲ့ နဂို ပုံစံကနေ
ကွဲထွက်ပြီး ဒရာမာ ဆန်ဆန်လေးတည်ထားတာမလို့ မျက်ရည်မခိုင်သူတွေအဖို့ ငိုမိမှာတော့အသေအချာပါပဲ

ဇာတ်လမ်းအကျဉ်းကိုပြောပြရမယ်ဆိုရင်
ဂျက်ကီချန်း လော့ကျိလုံဆိုတဲ့ ဇာတ်ကောင်အဖြစ်နဲ့ပါ၀င်ထားပြီး
ငယ်စဉ်က ကွန်ဖူးစတန့်သမားအနေနဲ့ အသက်မွေး၀မ်းကျောင်းပြုခဲ့ပါတယ်
သူ့လုပ်ငန်းက အန္တရာယ်များတာရော
မိသားစုကို အချိန်မပေးနိုင်တာရောကြောင့်ပါ
အမျိုးသမီးက ဒီအလုပ်တွေဆက်မလုပ်ဖို့တားပါတော့တယ်
လော့ကျိလုံနဲ့ သဘောထားချင်းမတိုက်ဆိုင်တော့တဲ့အခါ နှစ်ဦးနှစ်ဖက်လမ်းခွဲခဲ့ကြပါတော့တယ်
သမီးလေးတစ်ယောက်ထွန်းကာားခဲ့ပြီး ငယ်စဉ်ကတည်းကအဖေဖြစ်သူနဲ့ ခွဲခွာခဲ့ရလို့ စိတ်ဒဏ်ရာတစ်ခုရခဲ့ပါတော့တယ်
လော့ကျိလုံလဲ အသက်ကြီးလို့ အကျချိန်ရောက်တဲ့အခါ အကြွေးပတ်လည်ဝိုင်းပြီး မှီခိုရာကင်းမဲ့လာ
သမီးလေးဟာလဲ အရွယ်ရောက်တဲ့အချိန်မှာ
အဖေဆိုတဲ့အရာကိုလိုအပ်လာတဲ့အချိန်မှာတော့........

ဇာတ်ကားအပြည့်အစုံကိုတော့ ဒီမှာဆက်လက်ကြည့်ရှုနိုင်ပါတယ်
https://t.me/moviestitlemm/9

မူရင်း Uploader ဖြစ်တဲ့ channel Myanmar
Website မှာလဲသွားရောက်အားပေးကြပါ
WebLink တွေကနေ Download ဆွဲရတာအခက်ခဲဖြသ်နေသူတွေအတွက်
ဒီမှာအလွယ်တကူ ကြည့်ရှုနိုင်ပါတယ်ဗျ

Movie&Caption
.org

Hello Fish Lover တို့ရေအားလုံးပဲမင်္ဂလာပါခင်ဗျာ Admin လဲ ကြောင်းအမျိုးမျိုးကြောင့် Page ဖက်ကိုမလှည့်ဖြစ်တာအတော်ကြာပါပြီအ...
04/03/2022

Hello Fish Lover တို့ရေ
အားလုံးပဲမင်္ဂလာပါခင်ဗျာ
Admin လဲ ကြောင်းအမျိုးမျိုးကြောင့်
Page ဖက်ကိုမလှည့်ဖြစ်တာအတော်ကြာပါပြီ
အခု ကျနော့်မိတ်ဆွေ ညီအစ်ကိုမောင်နှမတွေကို
အသိပေးချင်တာလေးတစ်ခုနဲ့အတူ
My aquarium ပြန်လာပါပြီခင်ဗျ
အခုကျနော်တို့ page မှာ ရွှေငါးတင်မဟုတ်ပဲ
Hamster (Syrian, Drift)တို့ကို ရရှိနိုင်ပြီဖြစ်ကြောင်းအသိပေးအပ်ပါတယ်ဗျ
အားလုံးပဲ ဂရုစိုက်ကြပါ
၀ယ်ချင်တာလေးတွေရှိရင်လဲ
Messenger မှာဆက်သွယ်မှာယူနိုင်ပါပြီဗျ ✌️

Page ဒီနေ့ကစပြီးပြန်  Runပြီနော်သိချင်တာတွေရှိရင် comments မှာရေးမှာခဲ့အားမနာဘဲ messegerကလည်း လာမေးလို့ရပါတယ်🐠🐠
11/08/2021

Page ဒီနေ့ကစပြီးပြန် Runပြီနော်
သိချင်တာတွေရှိရင် comments မှာရေးမှာခဲ့
အားမနာဘဲ messegerကလည်း လာမေးလို့ရပါတယ်🐠🐠

ဒီရက်ပိုင်းအလုပ်တွေများနေလို့Post မတင်ဖြစ်တာကို ခွင့်လွှတ်ပေးကြပါသိချင်တာရှိရင်တော့ messenger မှာလာမေးလို့ရတယ်နော်ဒီညတော့...
22/12/2020

ဒီရက်ပိုင်းအလုပ်တွေများနေလို့
Post မတင်ဖြစ်တာကို ခွင့်လွှတ်ပေးကြပါ
သိချင်တာရှိရင်တော့
messenger မှာလာမေးလို့ရတယ်နော်
ဒီညတော့ ကိုယ့်ကောင်လေးတွေနဲ့ Feel လိုက်အုံးမယ် 😇

Fin Rot Disease(အတောင်တွေရိခြင်း)သင့်ငါးတွင် ရေယပ်နဲ့ အမြီးတို့တွင် စုပ်ပြဲပြီးအရောင်ပြောင်းနေလျှင် ၎င်းသည် fin rot လို့ခေါ်...
10/12/2020

Fin Rot Disease
(အတောင်တွေရိခြင်း)

သင့်ငါးတွင် ရေယပ်နဲ့ အမြီးတို့တွင် စုပ်ပြဲပြီးအရောင်ပြောင်းနေလျှင် ၎င်းသည် fin rot လို့ခေါ်သည့် အတောင်တွေကိုပုပ်စေတဲ့ ဘက်တီးရီးယားတစ်မျိုးကြောင့်ဖြစ်သည်။
သည်ရောဂါသည် ကုသရန် အလွယ်ဆုံးရောဂါဖြစ်သော်လဲ ဂရုမစိုက်ပဲထားလျှင် ဆိုးရွားတဲ့အခြေအနေထိဖြစ်နိုင်ပါတယ်။

❗ငါးမှာသည် ရောဂါဖြစ်နေတာ ဘယ်လိုသိနိုင်လဲ

Fin rot က betta နဲ့ ရွှေငါးတို့လို အလှမွေးငါးတွေမှာတွေ့ရတတ်ပါတယ်။

ရောဂါလက္ခဏာတွေက ကူးစက်မှုကြာမြင့်ချိန်အလိုက်ပြောင်းလဲတတ်ပါတယ်။

▪️ပထမအဆင့်

အတောင်နဲ့ အမြီးတို့ရဲ့အရောင်ပြောင်းခြင်း အထူးသဖြင့် အနားသားတွေမှာ မူလအရောင်ပေါ်မူတည်ပြီး အဖြူ ။ အနီ နဲ့ အနက်ရောင်သို့ပြောင်းသွားခြင်း။

▪️ဒုတိယအဆင့်

ရောဂါကူးစက်ခံရသည့်အပိုင်းသည် ပုပ်လာပြီး မညီမညာ အပိုင်းအစများဖြစ်လာခြင်း။

▪️တတိယအဆင့်

အတောင်နှင့်အမြီးများ တခုလုံးနီးပါး ပုပ်၍ပျက်ကျသွားပြီး ခန္ဓာကိုယ်သို့ စတင်ကူးစက်လာပြီး ငါးသေဆုံးသည်အထိဖြစ်တတ်ပါတယ်။
ငါးသည်အစာစားချင်စိတ်မရှိပဲ ရောဂါကူးစက်မှု့ဒဏ်ကို အပြင်းအထန်ခံနေရတာကို တွေ့ရမှာပါ။

❗ဘယ်လိုကုသမလဲ

▪️ငါးရဲ့ပတ်ဝန်းကျင်ကို စစ်ဆေးပါ။

သင့်ငါးနေမကောင်းဖြစ်နေပြီဆိုတာနဲ့ သင်ပထမဆုံးလုပ်သင့်တာက ဘာတွေက သင့်ငါးကို ထိခိုက်စေတာလဲ လေ့လာပါ။
ရေသန့်ရှင်းမှုအခြေအနေ။ သူ့ကိုစိတ်ဖိဆီးမှုဖြစ်စေနိုင်သည့်အရာများ ဥပမာ အရှိန်ပြင်းသောရေသန့်စင်စက်။ ချွန်ထက်သော အလှဆင်ပစည်းများ။ ရေအပူချိန် စသည်ဖြင့် စစ်ဆေးပါ။

▪️မှန်ကန်သော အစီအမံလုပ်ပါ

ငါးကို စိတ်ဖိဆီး‌စေသောအရာများရှိပါက ဖယ်ရှားပေးပြီး ငါးကို နာလန်ပြန်ထူလာအောင်လုပ်ပေးပါ။

▪️ငါးကန်ကိုဆေးပါ။

ဆေးများဖြင့်ကုသခြင်းမပြုမီ ကန်ထဲရှိ ငါးရဲ့အညစ်အကြေးနဲ့ အမှိုက်များကိုတတ်နိုင်သလောက်ရှင်းပြီး‌ရေလဲပါ။

▪️ဆေးဝါးများဖြင့်ကြပါ။

သည်ရောဂါအတွက် erythromycin လိုဆေးမျိုးတွေနဲ့ အညွှန်းတိုင်းကုပါ။
မှိုရောဂါပါစွဲကပ်လာပါက methylene blue ကဲ့သို့ဆေးကိုသုံးပါ။

▪️သင့်ငါးကိုသက်တောင့်သက်သာထားပါ။

ပြန်လည်ကုသနေ‌စဉ်အတွင်း ကန်သန့်ရှင်းနေအောင် ဂရုစိုက်ပါ။ ဆေးတွေကြောင့်တခါတရံ အသက်ရှုဖို့ခက်သောကြောင့် oxygen ပေးဖို့လိုအပ်ပါတယ်။

အကယ်၍ erythromycin အရပါက aquarium salt နဲ့ကုလို့ရပါတယ်။

❗ရောဂါပျောက်ကင်းကြောင်း ဘယ်လိုသိနိုင်လဲ

▪️အတောင်တွေ ထပ်မပုပ်တော့ခြင်း။
▪️တခြားရောဂါလက္ခဏာအသစ် ထပ်မဖြစ်တော့ခြင်း။
▪️ငါးရဲ့အစာစားချင်စိတ်ပြန်ဖြစ်လာခြင်း။
▪️အတောင်အသစ်တွေပြန်ထွက်လာခြင်း တခါတရံ မူလအရောင်နဲ့ခြားနားပြီး ပြန်ထွက်လာတတ်ပါတယ်။

သည်အတောအတွင်း ရောဂါပြန်မဖြစ်အောင်ဂရုစိုက်ရပါမယ်။
ရေညစ်ပတ်ခြင်းကရောဂါဖြစ်ပွားစေတဲ့အရင်းမြစ်တခုဖြစ်လို့ ပုံမှန်ကန်သန့်ရှင်းရေးလုပ်သင့်ပါတယ် ။
ကန်တခုထဲ ငါးအများကြီးထည့်မမွေးသင့်ပါ။
အစာအလွန်အကျွံမကျွေးသင့်ပါ။
ကန်ထဲတွင် ‌အပင်တွေထည့်ပေးပါ။

အရှေ့မှာပြောခဲ့သလိုပဲ စိတ်ဖိဆီးစေမယ့်အရာတွေကို မလုပ်ပါနှင့် ။
သင့်ငါးကို အမြဲ ဂရုတစိုက်စောင့်ကြည့်နေခြင်းကလဲ ရောဂါဖြစ်ပွားခြင်းကို ကြိုတင်ကာကွယ်ပေးနိုင်ပါတယ်။

Credit to www.aquariumcoop.com
Photos from pinterest

ကဲ မင်မင်တို့ My Aquarium Page ကနေပြီးတော့ဖြစ်လေ့ဖြစ်ထရှိတဲ့ ငါးရောဂါတွေအကြောင်းတင်သင့်သလောက်လဲတင်ပြီးပြီဆိုတော့ဒီတစ်ခါမ...
01/12/2020

ကဲ မင်မင်တို့
My Aquarium Page ကနေပြီးတော့
ဖြစ်လေ့ဖြစ်ထရှိတဲ့
ငါးရောဂါတွေအကြောင်း
တင်သင့်သလောက်လဲတင်ပြီးပြီဆိုတော့
ဒီတစ်ခါမှတော့ Beginner တွေစပြီးမွေးမြူးသင့်တဲ့
ရေချိုငါး Molly Fish တွေအကြောင်းဆေးထိုးပေးမယ်
အဲလေမှားလို့(​ပြောပြပေးမယ်)😁
Molly ဆိုတာနဲ့ အပင်ကန်တွေထဲမှာ တွေ့နေကျ
အကြမ်းပတမ်းခံတဲ့ အမဲရောင် အဖြူရောင်
Fancyငါးလေးတွေကိုပြေးမြင်မိကြမှာပါ
သူ့ရဲ့ သိပ္ပံနာမည်လေးကတော့ Poecilia Sphenops ပါ
သူကိုထားသင့်တဲ့အကောင်းဆုံးအပူချိန်ကတော့
21°C ကနေ28°C အတွင်းပါ
သို့သော် အဲ့လောက်အပူချိန်ကတော့
တောင်ပေါ်ဒေသတွေကလွဲလို့
မြန်မာနိုင်ငံမှာသိပ်ပြီးစိတ်ပူစရာမရှိပါဘူး 😁
သူ့တို့ရဲ့သက်တမ်းလေးကတော့3နှစ်အထိ
ရှင်သန်နိုင်ပါတယ်
အကောင်းဆုံးတွဲမွေးသင့်တဲ့ ငါးကတော့ Guppy(ဒေါင်း)ငါး
ပဲ ဖြစ်ပါတယ်
(Mosco Blue or black လေးတွေဆိုရှယ်မိုက်)😁
တစ်ကမ္ဘာလုံးမှာ အများဆုံးတွေ့မြင်နိုင်တဲ့ Molly အမျိုးစား
၁၆ မျိုးရှိပြီး
မြန်မာနိုင်ငံအလှမွေးငါးဈေးကွက်မှာ
လေးငါးခြောက်မျိုးလာက်တွေ့ရပါတယ်
(Eg. မော်လီတောင်ရှည်,Black မော်လီ (Lyre tail),
Black ballon molly (မော်လီပု),Black Molly,
Red sunset နဲ့ Platinum molly)
Molly အမျိုးအစား ၁၆ မျိုးရဲ့ နာမည်တွေကတော့
1. Common black molly
2.Dalmation Molly
3.Dalmation Lyre tail Molly
4.Black sailfin Molly
5. White,silver,platinum Molly
6.Black Lyretail Molly
7.Gold Dust Molly
8.Ballon Belly Molly
9.Marble Lyre tail Molly
10.GoldDoubaoon Molly
11.Harlequin Sailfim
12.Platinum Lyre tail
13.Golden sailfin
14.Creamsicle sailfin Lyre tail Molly
15.Red Sunset Molly
16.Wild Molly
စတာတွေဖြစ်ပါတယ်
ကန်အကျယ်အဝန်း နေရာလဲသိပ်မယူ
သိပ်လဲဂရုစိုက်စရာမလိုတော့ Beginner တွေအတွက်တော့ အထူးသင့်တော်ပါတယ်
ကဲ မင်မင်က ပုံနဲ့တကွဆေးထိုးပြီးပြီဆိုတော့
ပူဆာစရာရှိတဲ့လူကိုပူဆာပြီးသွားဝယ်လိုက်ကြပေတော့😁
ခြွင်းချက်:မော်လီငါးအားလုံးက အပင်ကန်မှာမွေးလို့သင့်တော်ပေမယ့် Black Molly တွေကတော့ အပင်နဲ့ ရေညှိတွေကိုစားတတ်တော့ကြောင့် အပင်ကန်မှာမထားဖို့အကြုံပြုချင်ပါတယ်
မသိသေးတဲ့သူတွေလဲ သိရအောင် Like and share လေး
လုပ်ပေးသွားကြအုံးနော်အမျိုးတို့

Aquarium Salt /Yellow Powder အသုံးပြုနည်း  Lay Lay Soe Htut Tinအကြောင်းမသိပါဘဲရေသန်း လဲမရွိဘဲ Goldfish စငြိမ်နေပြီးအစာမစ...
27/11/2020

Aquarium Salt /Yellow Powder အသုံးပြုနည်း
Lay Lay Soe Htut Tin

အကြောင်းမသိပါဘဲ
ရေသန်း လဲမရွိဘဲ
Goldfish စငြိမ်နေပြီး
အစာမစားတော့ရင်
ရောဂါစဝင်ပြီပေါ့
သေခြာတယ်
အစာပိုကျန်မယ်
ရေညစ် Filter ညစ်မယ်
Ammonia,Nitrates,
Nitrites,Carbondioxide
တွေ ရေထဲများနေပြီ
ဒီတော့

2%Salt Bath အရင်လုပ်ပါ
Aquarium Salt (ငါးဆိုင်တွေမှာမေးပါ)
ရေ တစ္လီတာမွာ ၂၀ gram
(4 teaspoon) နှုံးဇလုံကြီးကြီးမှာထဲ့
Airpump ပြင်းပြင်းရိုက်ပါ
3 to 5 minutes ထားပါ။
၃ ရက္တခါ ၃ကြိမ်လုပ်ပါ။

0.5%Salt treatment.
အပေါ်ကလိုလုပ်ပြီးတာနဲ့
Aquarium Salt ရေတစ်
လီတာ ၅ gram နှုံး (one teaspoon)
ထဲ့ထားတဲ့ကန်ထဲမှာ Yellow Powder
ကိုဖေါ်ပြပါ Color အရင့်/အနု ရအောင်
စပ်ပြီးone week စိမ်ပါ။

နေကောင်းသွားလဲ
one week ပြည့်အောင်စိမ်ပါ။

ရေ နေ့စဉ်တဝက်လဲပါ
ဆားအချိုးကျထဲ့ပါ။
Yellow Powder လဲ
အရောင်လေးနဲ့နီးနီးစပ်စပ်ထဲ့ပါ
Yellow Powder/ Liter Chart
လဲပြထားပါသည်။
Dip လုပ်တဲ့dosage လဲပါပါသည်
၎ နာရီစိမ်ပါair pump
ပါဘို့မမေ့ပါနဲ့။
Malachite Green လိုမပြင်းပါ။
လေးလေးimport ငါး
၃ ရက်မှာအစာပြန်စားပါတယ်။
Singapore က Top View Ranchu
Expert Mr.Wee Yap ပေးတဲ့နည်းပါ။
နေကောင်းနေတဲ့ငါးရေလဲတိုင်းဆားမထဲ့ရပါ

Yellow Powder သည် ငါးကိုယ်တွင်းနှင့်ပြင်ပ
Bacteria မ်ား,အစာအိမ် Bacteria,
Fin Rot,Gill Rot,
အနုစား Drospy များပါကုသနိုင်ပါသည်။

White Spot Disease သို့မဟုတ် Fish IchWhite Spotရောဂါဟာ အလှမွေးငါးဝါသနာရှင်တွေကြားမကြာခဏတွေ့ကြုံရတဲ့ ရောဂါတစ်ခုပါဗျအခုဆို...
27/11/2020

White Spot Disease သို့မဟုတ် Fish Ich

White Spotရောဂါဟာ အလှမွေးငါးဝါသနာရှင်တွေ
ကြားမကြာခဏတွေ့ကြုံရတဲ့ ရောဂါတစ်ခုပါဗျ
အခုဆိုဆောင်းဝင်နေပြီဖြစ်တဲ့အတွက်ပိုဂရုစိုက်
သင့်ပါတယ်ဗျ ဒီရောဂါဟာ ရေချိုငါးမျိုးစိတ်
အားလုံးနီးပါးကိုကူးစက်နိုင်စွမ်းရှိပါတယ်

သူကတကယ်တော့ကပ်ပါးကောင်(Protozoans)
တွေကြောင့်ဖြစ်တဲ့ရောဂါပါဗျ
ကပ်ပါးကောင် ကအရင်ဆုံး ပါးဟပ် အကြေးခွံ နဲ့
ရေယက်တွေ အမြှီးတွေနဲ့ အပေါ်ယံလွှာကိုထိုးဖောက်ဝင်ရောက်ပြီး ငါးပေါ်မှာအခြေချကာ
ငါးဆီကအဟာရတွေကို စုပ်ယူပါတယ်ဗျ
ဒီကောင်တွေရဲ့မျိုးပွားနိုင်စွမ်းကအရမ်းမြန်တာမို့
ကန်ကြီးတွေထဲကိုကျရောက်ပြီဆိုရင်
ကူးစက်နေတာကိုသတိမထားမိရင် တစ်ကန်လုံးကို
အလျှင်အမြန်ပျံ့ပြီး တစ်ကန်လုံးကို သေစေနိုင်တဲ့
ထိဖြစ်နိုင်ပါတယ်ဗျ

သူတို့ကငါးရဲ့ ခန္ဓာကိုယ်နဲ့ ပါးဟပ်တွေကို
နည်းလမ်း၂မျိုးနဲ့တိုက်ခိုက်နိုင်ကြပါတယ်ဗျ

ပထမကသူတို့က ငါးရဲ့အရေပြားတွေကိုထိုးဖောက်မယ် ထိုးဖောက်ပြီး သူတို့အရေအတွက်က ငါးရဲ့
ခံနိုင်အားထက်ကျော်လာတဲ့အခါ ငါးကိုချက်ချင်း
သေတဲ့ထိလုပ်နိုင်ပါတယ်ဗျ

ဒုတိယကငါးခန္ဓာကိုယ်ပေါ်မှာကုတ်တွယ်မယ်
ကုတ်တွယ်ပြီးတာနဲ့ ချက်ချင်းမျိုးပွားပြီး ငါးအပေါ်မှာနေရာယူတယ် နေရာယူပြီးငါးရဲ့ခန္ဓာကိုယ်
အတွင်းပိုင်းထိထိုးဖောက်သွားပါတယ်ဗျ
ဒီအခါမှာနောက်ဆက်တွဲဆိုးကျိုးကကြီးသထက်ကြီးလာပါတယ်ဗျ သူတို့တွေကအပေါ်ယံအရေပြားကနေအတွင်းပိုင်းထိထိုးဖောက်သွားတဲ့အတွက်
သူတို့ရှိနေရာတစ်လျှောက်ဟာ အကာအကွယ်မဲ့နေပြီးအခြားBacteriaတွေအနေနဲ့ ဝင်ရောက်ဖို့လွယ်ကူ
သွားစေပါတယ် ပါးဟပ်တွေထိကူးစက်ပြီး ငါးရဲ့
အသက်ရှုစနစ်ကိုအနှောက်အယှက်ပေးကာ
ငါးရဲ့Oxygenစုပ်ယူမှုကိုလျှော့ချလိုက်ပါတယ်ဗျ

သူတို့ရဲ့Life Cycleက ငါးအပေါ်မှာကပ်နေမယ်
ကပ်နေအချိန် တောက်လျှောက် ပွားများပြီး
ကပ်ပါးကောင်အသစ်တွေအလျင်အမြန်မွေးထုတ်
မယ် မွေးထုတ်ပြီးအရွယ်ရောက်လာတာနဲ့
ပြီးတော့ မိနစ်ပိုင်းကနေ နာရီပိုင်းလောက်အချိန်မှာရေထဲကူးပြီး ငါးကန်ထဲကမှန်နံရံဖြစ်ဖြစ် အလှဆင်ပစ္စည်းတစ်ခုခုမှာ ဖြစ်ဖြစ်ကပ်ပြီးတော့ ဥအိမ်တွေဆောက်မယ် ဒီအချိန်မှာ ရေအပူချိန်ပေါ်မူတည်
ပြီးကပ်ပါးကောင်ဟာ Cellပေါင်း ၁၀၀၀လောက်ထိကိုပွားများနိုင်တယ် ပွားမယ်ပြန်ကပ်မယ် ကွာမယ်
ဥအိမ်ဆောက်မယ် ပြန်ကပ်မယ် ဒီလိုနဲ့ သံသရာလည်နေတယ်

ရောဂါလက္ခဏာတွေကဘာတွေလဲ ?
ငါးကအစာမစားတော့ဘူး
အသက်ရှုနှုန်းကပုံမှန်နဲ့မတူပဲ မြန်နေမယ်
အရောင်ဖျော့လာမယ် အရင်လောက်လှုပ်လှုပ်ရှားရှားမရှိတော့ဘူး ကန်ထဲမှာတစ်ကောင်ထဲခွဲထွက်နေမယ် ကန်အောက်ခြေမှာငြိမ်ပြီးနားနေမယ် ကန်နံရံတွေ ကန်ထဲကကျောက်တူံးတွေနဲ့သူတို့ခန္ဓာကိုယ်ကို
လိုက်ပွတ်တိုက်နေမယ် ရေကူးပုံစည်းချက်မညီတော့ဘူး စတဲ့လက္ခဏာတွေပြလာပါလိမ့်မယ်ဗျ

ဘယ်လိုကာကွယ်ကုသမလဲ ?
ငါးကန်တစ်ကန်မှာ ကန်ရေက ငါးတွေအားလုံးရဲ့
အသက်ပါပဲ ကန်ရေကိုအရည်အသွေးပြည့်မှီနေအောင်ထားရပါမယ် ရေညစ်ပတ်မခံပါနဲ့
ကန်အရွယ်အစားရယ် မိမိသုံးထားတဲ့
filter systemရယ်ပေါ်မူတည်ပြီး
၃ရက်ကို ၃၀% ၅ရက်ကို ၄၀% ၇ရက်ကို၅၀%
စသဖြင့်လဲပေးပါ ငါးကန်ကိုovercrowdedမဖြစ်စေဖို့ကလဲ အဓိကအချက်ပါပဲဗျ
မလွှဲသာလို့ကြုံလာပြီး ကုရတော့မယ်ဆိုရင်တော့
ရေအပူချိန်ကိုမြှင့်ပါ အပူပိုင်းငါးတွေဆို 30°C
အထိမြှင့်ပြီး Koi goldfishတွေဆိုရင်တော့
26°C to 28°Cမှာထားပါ ရေအပူချိန်မြှင့်တာဟာ
ကပ်ပါးကိုလုံးဝအနှောင့်အယှက်ပေးပြီးလက်ခံကောင်အပေါ်ဆက်မနေနိုင်အောငါလုပ်ပေးတဲ့အပြင် ဆေးလဲပိုတိုးပါတယ်ဗျ ရေအပူချိန်မြှင့်ပြီးရေထဲ Dissolved Oxygenပျော်ဝင်အောက်စီဂျင်
ပမာဏပိုများအောင် air pumpပြင်းပြင်းပေးပါ

Melachite Green, Tetra Cycline , Methylene Blue
စတဲ့ဆေးတွေနဲ့ ကုသနိုင်ပါတယ်ဗျ

Tetra Cyclineနဲ့ကုမယ်ဆို ရေ၂၅လီတာကိုဆေး250mgထည့်ပေးပါဗျ ၂၄နာရီကြာတဲ့အခါရေ၂၅%ပြန်လဲပြီး ဆေး250mgထပ်ထည့်ပါ ဒီလိုမျိုး၎ရက်ဆက်တိုက်လောက်လုပ်ပေးနိုင်ပါတယ်

Methylene Blueသုံးမယ်ဆိုရင်တော့ရေတစ်လီတာ
ကိုဆေးခြောက်စက်ထည့်သုံးပေးပါ 3ရက်စိမ်နိုင်ပါတယ်ဗျ

Melachite Greenကတော့ရေ 68လီတာကို 1mlသာသူံးပေးပါဗျ လူကိုပါCancerဖြစ်စေနိုင်တဲ့အတွက်
ဒီဆေးကတော့ recommendမပေးပါဘူးဗျ



အလှမွေးငါးကန်နဲ့ ပက်သက်လို့သိချင်တဲ့အကြောင်းအရာလေးတွေရှိရင်Commemt မှာပြောခဲ့​ပေးပါ Post တွေတင်ပေးပါ့မယ်💙Page messenger ...
24/11/2020

အလှမွေးငါးကန်နဲ့ ပက်သက်လို့
သိချင်တဲ့အကြောင်းအရာလေးတွေရှိရင်
Commemt မှာပြောခဲ့​ပေးပါ
Post တွေတင်ပေးပါ့မယ်💙
Page messenger မှာလဲလာရောက်မေးမြန်းနိုင်ပါတယ်

Bio Sponge Filter တွေဟာဘာကြောင့် ရေကိုကြည်စေသလဲ?ဘာကြောင့်သုံးသင့်သလဲ?BSF တွေဟာ Mechanical Filter တွေက မစစ်ထုတ်ပေးနိုင်သေ...
23/11/2020

Bio Sponge Filter တွေဟာ
ဘာကြောင့် ရေကိုကြည်စေသလဲ?
ဘာကြောင့်သုံးသင့်သလဲ?

BSF တွေဟာ Mechanical Filter တွေက မစစ်ထုတ်ပေးနိုင်သော အမှုန်အမွှားတွေကိုစစ်ထုတ်ပေးပါတယ်
လုပ်ဆောင်ချက်က ဒါတစ်ခုထဲလာဆိုတော့မဟုတ်ပါဘူး
BSF တွေဟာ Oxygen ကို Filter အတွင်းသို့ ဖြတ်သန်းစီးဆင်းစေသောနည်းဖြင့် အလုပ်လုပ်သောကြောင့်
Filter ရဲ့ ဖော့မှာ အကျိုးပြု Bacteria လေးတွေပေါက်ဖွားပေးနိုင်ပါတယ်
ရေကိုတည်ငြိမ်စေသောကြောင့်
Fancy ငါးကန် သို့မဟုတ် အပင်ကန်တွေမှာ
ကောင်းမွန်စွာအသုံးပြုနိုင်ပါတယ်
ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပြန်ပါဘူး
Bacteria တွေကိုပေါက်ဖွားပေးတဲ့အတွက်ကြောင့်
ရေကိုကြည်လင်စေရုံသာမက ငါးများအတွက်
သဟဇာတဖြစ်တဲ့ပတ်ဝန်းကျင်တစ်ခုကိုပါဖန်တီးပေးပါတယ်
အားနည်းချက်ကတော့
အမှုန်အမွှားကိုပဲစစ်ထုတ်ပေးနိုင်ပါတယ်
ရွှေငါးကန်တွေမှာဆိုရင်တော့ စွန့်ပစ်မစင်များတဲ့အတွက်
BSF တစ်ခုနဲ့တင်မလုံလောက်နိုင်ပါ
Mechanical filter system တစ်ခုပါထပ်သုံးသင့်ပါတယ်
အချိန်ပေးပြီးဖတ်ပေးလို့် ကျေးဇူးတင်ပါတယ်
😊

What is Lava Rock?မီးတောင်ကျောက်ဆိုတာဘာလဲ?ဘယ်လိုအကျိုးပြုသလဲ?1...Lava rock ဆိုတာ မီးတောင် ကျောက်လို့ပဲ အလွယ်ခေါ်ကြရအောင်ဗ...
23/11/2020

What is Lava Rock?
မီးတောင်ကျောက်ဆိုတာဘာလဲ?
ဘယ်လိုအကျိုးပြုသလဲ?

1...Lava rock ဆိုတာ မီးတောင် ကျောက်လို့ပဲ အလွယ်ခေါ်ကြရအောင်ဗျာ။ Lava rock ကို အပင်ကန်ငါးကန်တွေမှာသုံးခြင်းအားဖြင့် အပင်တွေ ငါးတွေရဲ့ အကောင်းဆုံးသော နေထိုင်နိုင်တဲ့ ပတ်ဝန်းကျင်ကို ဖန်တီး / ဖြစ်ပေါ်စေပါတယ်။ဘာလို့လဲဆိုတော့ဗျာ denitrifying လို့ခေါ်တဲ့ ဘက်တီးရီးယားတွေ ခိုအောင်း ရှင်သန်နိုင်လို့ပါပဲ။ denitrifying တွေက နိုက်ထရိတ်ကိုပြန်လည်ထုတ်ယူ ဖယ်ရှားပေးပြီး ငါးကန်/ အပင်ကန်ရဲ့ရေကိုအရည်အသွေးကိုတိုးတက်စေလိမ့်မည် ။

2...Lava Rock ဆိုတာ Inert ဖြစ်တဲ့အတွက်
အပင်ကန် / ငါးကန်ရဲ့ PH ကိုမထိခိုက်စေပါဘူး။
ငါးကန် အပင်ကန်ထဲ ထဲ့တဲ့ ကျောက်တော်တော်များများကတော့ PH ကို အနည်းနဲ့ အများတော့ ပြုပြင်ကြပါတယ်။အဲ့အထဲမှာ lava rock ရဲ့ PH ပြုပြင် မှူ့က အလွန်ကိုနည်းပါတယ် ။ ဒါကြောင့် aquascaping tank များအတွက်အလွန်အသုံးဝင်သည်။

3...denitrifying ဘတ်တီးရီးယား ပေါက်ဖွားရှင်သန်ဖို့အတွက် ရေစစ်ကန်တွေ မသုံးနိုင်သေးရင် Lava rock
နဲ့တင် အဆင်ပြေပါတယ်။ လူတိုင်းပြောနေတဲ့ အကျိုးပြု
ဘက်တီးရီးယားဆိုတာ denitrifying ကိုပြောတာပါ။denitrifying လို့ခေါ်တဲ့ အကျိုးရှိသောဘက်တီးရီးယားများသည်နိုက်ထရိတ်များကိုဖယ်ရှားပေးပြီးရေ၏အရည်အသွေးကိုများစွာတိုးတက်စေလိမ့်မည်။

4...Black Lava rock ဆိုရင် လေနဲ့ ရေ ဖြတ်သန်းနိုင်တဲ့ အပေါက်ငယ်လေးများပါတဲ့အတွက် aquascaping stone အဖြစ် အသုံးများကြပါတယ်။ အာဖရိက Cichlid
မွေးသောသူများအတွက် ရေအောက်ကျောက်ဆောင် အဖြစ်သင့်တော်လွန်းလှ ပါတယ်။ သေးငယ်သော အပေါက်များပါတဲ့ အကျိုးဆက်က ဘက်တီးရီးယားများ
ပေါက်ဖွား ရှင်သန် တိုးပွားဖို့အတွက် provides လုပ်ပေးတဲ့နေရာမှာ သူ့လောက်ကောင်းတဲ့ကျောက် မရှိပါဘူး။

5...Lava rock ကို သေချာသန့်စင်ပြီးမှသာ သုံးသင့်ပါတယ်။ quitepoisonous ဖြစ်မှာစိုးလို့ပါ (ကန့် အပါအဝင် တခြားသော အဆိပ်) မည်သည့်ကျောက်ကို
သုံးသည်ဖြစ်စေ သေချာစွာဆေးကျော suitable ဖြစ်မှသာ သုံးသင့်ပါတယ်။ကျောက်တုံးကိုမိနစ် 20 မှ 30ခန့်ကြာအောင်ပြုတ်ပြီးနောက်အိုးထဲမှဖယ်ထုပ်လိုက်ပါ။ ရေစစ်သွားအောင် သတင်းစာ အဟောင်းပေါ်မှာနည်းဆုံးတစ်နာရီလောက် အအေးခံရန်လိုပါတယ် ။ ကြွက်ကြွက်ဆူထားတဲ့ ရေနွေးတွေကသည်ကျောက်တုံးမှဘက်တီးရီးယားနှင့်အခြားသက်ရှိအားလုံးနဲ့ အချို့သောအဆိပ်တွေကို ဖယ်ရှားပစ်လိမ့်မည်။

6...PH မြှင့်တင်ဖို့ / PH နှိမ့်ဖို့အတွက်တော့ Lava rock ကို သုံးလို့ရမှာ မဟုတ်ပါဘူး။

7...မီးတောင်ပေါက်ကွဲခြင်းမှ ထွက်ပေါ်လာတဲ့
Lava rock ကျောက်ဟာ မာကျောသလို ငါးကန် အပင်ကန်ရဲ့ ရေကို အေးစေပါတယ်။ အထူးသဖြင့် ရေသန့်စင်တဲ့စနစ်မှာ ရှိတဲ့ အကျိုးပြု ဘက်တီးရီးယာများကို ပေါက်ဖွား ရှင်သန် တိုးပွားဖို့အတွက် surfaceရိယာ
များစွာကိုပေးပါတယ်။ အဲ့တော့ အလွန်ကောင်းမွန်သော filter media တစ်ခုဖြစ်စေပါတယ်။

8...အပင် အနီလေးများစိုက်ထားတဲ့ သူများကိုတော့
Lava rock အနီရောင်ကို ရွေးစေချင်ပါတယ်။ အပင် အနီလေးတွေရဲ့ အသွင်အပြင်, ဒါမှမဟုတ်ရှေ့နောက်ညီညွတ်မှု (textures) ဆိုရင်တော့ Lava rock အနီသာလျှင် အကောင်းဆုံးပါ။ မီးတောင် ပေါက်ကွဲတဲ့အခါ
သံဓာတ်နဲ့ အောက်ဆီဂျင်ကြောင့် အနီရောင် ပြောင်းသွားတာပါ။

9...Lava rock ကျောက်သည်အချိန်ကုန်လွန်လာသည်နှင့်အမျှဆွဲဆောင်မှု ရှိ၍ ကြာရှည်တည်မြဲသောအော်ဂဲနစ် mulch ကိုပြုလုပ်ပေးနိုင်ပါတယ်။
Lava rockများသည်ပေါင်းပင်များ(weeds)ကိုဖိနှိပ်မှုအချို့ပေးနိုင်သော်လည်းကျောက်တုံးတစ်မျိုးတည်းကိုသာအသုံးပြုသည့်အခါအချို့သောပေါင်းပင်များသည်အောက်ရှိမြေဆီလွှာထဲတွင်အပင်ပေါက်နိုင်သည်။ ချော်ရည်ကျောက်၌ပေါက်သောပေါင်းပင်များကိုအကောင်းဆုံးကာကွယ်မှုမှာ landscape fabric လုပ်ခြင်းဖြစ်ပါတယ်။

အဲ့သလို စတဲ့ စတဲ့ အချက်တွေကြောင့် လူတိုင်းပါးစပ်ဖျားမှာ black Lava rock နဲ့ red Lava rock က ရေပန်းစားပြီး သုံးနေကြတာဖြစ်ကြောင်းပါဗျို့။
ဆက်ရေးရင် အရှည်ကြီးဖြစ်မှာစိုးလို့ လိုရင်း အချက်တွေပဲ ဖော်ပြပေးလိုက်ပါတယ်ဗျာ။

Copy from U Than Htut

Bio Ring, Bio Ball(Filter Media)တွေဘယ်လိုအလုပ်လုပ်သလဲ?ဘာ့ကြောင့်သုံးသင့်သလဲ?Bio Ring, Bio Ball(Filter Media) တွေကို ရေစစ...
22/11/2020

Bio Ring, Bio Ball(Filter Media)တွေ
ဘယ်လိုအလုပ်လုပ်သလဲ?
ဘာ့ကြောင့်သုံးသင့်သလဲ?

Bio Ring, Bio Ball(Filter Media) တွေကို
ရေစစ်ခွက်(Filter Box)ထဲမှာ ထည့်၍သုံးတတ်ကြပြီး
အကျိုးပြုBacteria များပေါက်ပွားစေပါတယ်
ပေါက်ဖွားလာတဲ့ Bacteria တွေဟာ မိမိရဲ့ ငါးကန်အတွင်းမှာရှိတဲ့ စွန့်ပစ်မစင်များ အရွက်အပုပ်အဆွေးများ ammonia များ ငါးများကို ဒုက္ခပေးတတ်သောဓာတ်များကိုစားသုံးပစ်ပြီး Nitrite အဖြစ်သို့ပြောင်းလဲပစ်ပါတယ်
Nitrogen cycle ကောင်းမွန်စွာလည်ပတ်ဖို့အတွက်
အထောက်အကူပြုပေးပါတယ်
Bio ring သို့မဟုတ် Bio ball သုံးထားတဲ့
Filter box မှာ မီးပျက်ချိန်တစ်နာရီကျော်ကြာခဲ့လျှင်
သို့မဟုတ် အညစ်အကြေးများ၍ဆေးကြောမှုမရှိလျှင်
Oxygen မရှိတဲ့ အခြေအနေမှာ ပေါက်ပွားနိုင်သော
အကျိုးမပြုတဲ့ Bacteria တွေပေါက်ပွားလာနိုင်တာကိုတော့သတိချပ်စေချင်ပါတယ်
Media များကိုဆေးကြောတဲ့အခါ မှာ
ရေအသစ်ဖြင့်ဆေးခြင်း ဆပ်ပြာဖြင့်ဆေးခြင်းများကို
ရှောင်သင့်ပါတယ် အကျိုးပြု bacteria တွေကိုသေစေနိုင်တဲ့အတွက်ကြောင့်ပါ

Bio ring,Bio ball တွေဟာ ငါးကန်ရဲ့အညစ်အကြေးနဲ့
အကျိုးမပြုတဲ့ bacteria တွေ စားသုံးပစ်တဲ့အပြင် Niteogen cycle ကိုပါ ကောင်းမွန်စွာလည်စေပြီး
ငါးကန်ရဲ့ရေ အရည်အသွေးကိုထိန်းပေးတာကြောင့်
ရေကိုကြည်လင်စေပါတယ်
ငါးများအတွက် ကောင်းမွန်တဲ့ ပတ်ဝန်းကျင်ကို
ဖန်တီးပေးပါတယ်

Bio Ring,Bio Ball များအား ရေဖြတ်သန်းစီးဆင်းမှုမရှိတဲ့
ငါးကန်ရဲ့အောက်ခြေမှာ နှစ်မြုပ်ထားလျှင် bacteria များမပေါက်ပွားနိုင်ပါ

Good bacteria ပေါက်ပွားရန်ကြာချိန်မှာ 7ရက်ခန့်ရှိပါတယ်
Filter Mediaများအား
မှန်ကန်စွာအသုံးပြုပြီး ငါးများအတွက် ကောင်းမွန်တဲ့
ပတ်ဝန်းကျင်ကို ဖန်တီးပေးနိုင်ကြပါစေ

22/11/2020

ကျွန်တော်တို့ My Aqarium Page ကနေပြီးတော့
အလှမွေးငါးဝါသနာရှင်များ
စီးပွားဖြစ်မွေးမြူလိုသူများ
သားဖောက်လိုသူများအတွက်
အသိပညာပေး post တွေကို
တတ်သိနားလည်သော
ကျွန်တော်တို့ထက်စီနီယာကျသော
အစ်ကို ဦးလေး ဆရာများရဲ့
လမ်းညွန်ချက်များနဲ့အညီတင်ပေးသွားမှာဖြစ်လို့
Post များကို Like and share လုပ်ပေးဖို့
မေတ္တာရပ်ခံချင်ပါတယ်ခင်ဗျာ
ကျွန်တော်တို့ရဲ့ post တစ်ခုကြောင့်
ဝါသနာရှင်မိတ်ဆွေများရဲ့
ငါးလေးများ ကျန်းမာ အဆင်ပြေကြတယ်ဆိုရင်
အဆင်ပြေကြတယ်ဆိုရင်
ဒါဟာ ကျွန်တော်တို့ရဲ့ အောင်မြင်မှုပါ
အာလုံးကိုလေးစားလျှက်
(Gold Fish)

ဆောင်းဝင်လာပြီ ဖြစ်တဲ့အတွက်ကြောင့် ဝါသနာရှင်များအမေးများတဲ့ gold fish အတွက် heater လို/မလို ဆိုတာကိုလေးလေး Soe Htut Tin ...
21/11/2020

ဆောင်းဝင်လာပြီ ဖြစ်တဲ့အတွက်ကြောင့်
ဝါသနာရှင်များအမေးများတဲ့
gold fish အတွက် heater လို/မလို ဆိုတာကို
လေးလေး Soe Htut Tin ရှင်းပြထားတဲ့အတိုင်းတင်ပေးလိုက်ပါတယ်

အကြမ်းအားဖြင့် အပူချိန် 18C ကနေ 25 C အတွင်း Goldfish နဲ့ KOI တွေကျန်းမာစွာနေနိုင်ပါသည်။
စွန့်ပစ်မစင်များလို့ ကန်ကျပ်ခြင်းမရှိစေရပါ
၁၀မိနစ်အတွင်းစားကုန်မည့်အစာသာကျွေးပါ။
ပိုလျင်ရေကိုညစ်စေပါသည်။
#အရေးကြီးဆုံးကရေအပူချိန်ရုတ်တရက်2Cအထက်ပြောင်းရင်stressဝင်ပါသည်
နေပူနေစဉ်ရုတ်တရက်
မိုးရွာချလျင်မကောင်းပါ။
မိုးရေမဝင်အောင်ထားပေးပါ။
ငါးတွေကန်ထဲထဲ့ရင် ငါးပါတဲ့plastic အိပ် ကန်ရေထဲ
မိနစ်၂၀ မြောထားပြီးမှလွှတ်ပါ
ရေအပူချိန်တူရန်ဖြစ်ပါသည်။
Goldfish ဟာ cold water fishဖြစ်၍
"Temperature 15C" အောက်ကျမှ Heater လိုပါမည်
Credit လေးလေး Soe Htut Tin
Copy from Gugu & Gigi pet fish and accesssories
Online shop

Goldfish ရေလဲနည်း။၁။အငွေ့ပျံသွားသောရေကို   ထပ်ဖြည့်ခြင်း -လုံးဝမလုပ်ရပါ ရေသာအငွေ့ပျံပြီးမသန့်စင်သောအညစ်ကျေး ဓါတ်ပစ္စည်းမျ...
21/11/2020

Goldfish ရေလဲနည်း။

၁။အငွေ့ပျံသွားသောရေကို
ထပ်ဖြည့်ခြင်း -
လုံးဝမလုပ်ရပါ ရေသာအငွေ့ပျံပြီး
မသန့်စင်သောအညစ်ကျေး ဓါတ်
ပစ္စည်းများကန်ထဲတွင်ထပ်မံတိုးပွားလာပါမည်။

၂။ကန်ရေ၏ ၂၀% မှ ၇၅%လဲခြင်း
မနက်စောစော
ငါးများကိုလေမှုတ်ထားသည့်
ပုံးကျယ်ကျယ်သို့ပြောင်းပါ
ကန်ကိုပွတ်သပ်သန့်စင်ပါ
ရေစစ်ပစ္စည်းများကိုပုံးတခုတွင်
ကန်ရေဖြင့်ဆေးပါ,အကျိုးပြု
Bacteria များမပျောက်ပျက်
စေရန်ဖြစ်ပါသည်။ကန်ရေကို
စက်ဝိုင်းပုံလက်နှင့်လှည့်ပါ
၁၅မိနစ်ခန့်အကြာရေညိမ်သွား
လျင်အညစ်ကျေးများအလယ်တွင်
လာစုသည့်အခါ ရေကိုပိုက်ဖြင့်
စုပ်ထုတ်ပါ(၂၀% မှ ၇၅%)
ပြီးလျင် ၂၄ နာရီ သိပ်ထားသော
မူလကန်ထဲကရေနှင့်Origin
တူသောအပူချိန်တူရေဖြည့်ပါ Filter
ပစ္စည်းများပြန်တပ်ပြီးငါးထဲ့ပါ။

၃။ရေ ၁၀၀% လဲခြင်း
အပေါ်ကအတိုင်းလုပ်ပါ
ရေ ၁၀၀% လဲပါ။
လေးလေးမကြိုက်ပါ။
နေ့တိုင်းလဲလျင်တော့
No problem ပါ
အကြာကြီးနေမှတခါထဲ ၁၀၀%
လဲလျင်ရေ Shock ရနိုင်ပါသည်။
Singapore Discus မွေးသော
နံမည်ကြီ Gan's Aquarium
တွင်တော့ခေါတ်မီစံနစ်များနှင့်
၁၀၀%နေ့စဉ်ရေလဲတာဖတ်ဘူးပါသည်။

မှတ်ချက်။
ရေကိုမနက်စောစောလဲပါ
လဲမည့်ရေနှင့်အပူချိန်တူပါစေ။
၂၀ မှ ၅၀% နေ့တိုင်းလဲနိုင်
လျင်အကောင်းဆုံးပါ။

လေးလေးကြားနေရတဲ့
ရေ SHOCK
အရမ်းသဘောကျတဲ့စကားလုံးပါ
ငါးများကန်ထဲစထဲ့ပြီး အစာကျွေး
အညစ်ကျေးစွန့်ကြလို့ကန်ထဲရှိ
Water Chemical Makeup
ပြောင်းလာပါသည်။
(ရေပျော်ဓါတ်ဆားများတုးလာပါသည်)
အလားတူရေထဲစိမ်
နေရတဲ့ငါး body ထဲလဲ Chemical
makeup ပြောင်းပါသည်
ဗျုံးဆို ရေသစ်ရေသန့် အများကြီး
လဲချလိုက်ရင်ငါး Body ထဲကဓါတ်
ဆားတွေ ရေသန့်ထဲ Reverse
Osomosis ပြောင်ပြန်စိမ့်ထွက်ပြီး
မျော့သွားပါတော့သည် ရေ Shockပါ
ဒါ့ကြောင့် ရေကိုမကြာခဏ ၂၀ မှ ၅၀% လောက်လဲပါကစိတ်အချရဆုံး
ဖြစ်ပါသည်။လေးလေး တနေ့၅၀%
ရေလဲပါသည်။
Credit to Uncle Soe Htut Tin
Copy from GuGu & GiGi pet fish and accessories online shop

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Movies & Review posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share