De De Pet Shop

De De Pet Shop The best place for your pet's food and accessories.
(4)

13/11/2024

Bok Dok အရသာ2မျိုးလုံးရပါတယ်နော်

12/11/2024

အမယ် ဟုတ်သား ဟ 🤣🥰

Send a message to learn more

အိမ်က ယုန်လေး "တစ်ကောင်တည်း ပျင်းနေမှာ စိုးလို့" နောက်တစ်ကောင် မွေး ရမလား???အဲ့အမေးကို တိုတိုဖြေရရင် အချိန်ပေးနိုင်လား??...
08/11/2024

အိမ်က ယုန်လေး "တစ်ကောင်တည်း ပျင်းနေမှာ စိုးလို့" နောက်တစ်ကောင် မွေး ရမလား???

အဲ့အမေးကို တိုတိုဖြေရရင် အချိန်ပေးနိုင်လား??၊ ပေးနိုင်ရင် 𝕐𝕖𝕤 မပေးနိုင်ရင် ℕ𝕠ပါ။

အချိန်ပေးနိုင်တယ် ဆိုရင် "အောက်က အချက်လေးတွေ ဖတ်ပေးပါအုံးနော်" 🙏

ယုန်ဆိုတာ social စုဖွဲ့နေတတ်တဲ့ ကလေးတွေ ဖြစ်လို့ တစ်ကောင်နဲ့ တစ်ကောင် ပူးကပ် တိုးဝှေ့နေရတာကို ကြိုက်သော်လည်း J များ၊ဗိုလ်လု သော အကျင့်လည်း ရှိကြပါတယ်။
သူတို့ အချင်းချင်း မတဲ့ရင်လည်း သွေးထွက် သံယို ကြီးကြီး မားမား ဖြစ်တဲ့ အထိ ကြမ်းတမ်း ရက်စက် တတ်တာကိုလည်း ထည့်စဉ်းစားရပါမယ်။

လိင်စိတ်လည်း ပြင်းတဲ့ ကလေးတွေ ဖြစ်လို့ အထီးခြင်း အမလုရင် မင်းကွတ်သီး ပြတ်တဲ့ အထိ တစ်ကောင်နဲ့ တစ်ကောင် ကိုက်တတ်ပါတယ်။ သဘာဝမှာတော့ ရှုံးတဲ့ ကလေးက ပြေးခွင့်၊ပုန်းခွင့် ရှိပေမဲ့ ကိုယ်တွေဆီမှာက ရှုံးတဲ့ ကလေးက သနားစရာ ကောင်းလောက်အောင် တောက်လျှောက် အနိုင်ကျင့်ခံရပါတယ်။

အစာကောက် အရွယ်လောက်ကတည်းက တူတူ ကြီးပြင်းလာတဲ့ ကလေးတွေဆိုရင် ပြသနာ မရှိတာ များပေးမဲ့ အရွယ်ရောက်ပြီးမှ ထပ်ရောက်လာတဲ့ ကလေးတွေကတော့ အနည်းနဲ့ အများ ပြသနာ ရှိကြပါတယ်။

အကြောင်းတစ်ခုခုကြောင့် ထပ်မွေးမယ်ဆိုရင်လည်း အိမ်မှာ ရှိပြီးသား အကောင်နဲ့ သေချာ အချိန်ပေးပြီး မိတ်ဆက်တာ (Bounding) လုပ်ပေးရပါမယ်။

လှောင်အိမ်တစ်လုံးဆီထည့်ပြီး လှောင်အိမ်ခြင်း ကပ်ထားပေးတာ၊
အသစ်ရောက်ကလေးကို လှောင်အိမ်ထဲထည့်ပြီး အိမ်ရှင်ကလေးကို အပြင်ကနေ ပေးစပ်စုစေတာ၊ အိမ်ရှင်ကလေးကို အထဲထားပြီး အသစ်ကလေးကို အပြင်ထားတာ တွေကို အချိန်အတိုင်းအတာ တစ်ခုအထိ စိတ်ရှည်စွာ အရင် လုပ်ပေးပါ။
စိတ်ချရပြီဆိုတဲ့ အချိန်ရောက်မှပြေးနိုင် ရှောင်နိုင်တဲ့ နေရာကျယ်ကျယ် မှာ တူတူ လွှတ်ပေးပြီး စောင့်ကြည့်ပါ။ ကိုယ့်မျက်စေ့အောက်မှာ တူတူလွှတ်တာ ၄၊ ၅ခါ လုပ်ပြီးမှ၊ တူတူထားဖို့စိတ်ချရပြီလို့ ယုံကြည်တော့မှ ကိုယ့်မျက်ကွယ်မှာ တူတူထားပါလို့ အကြံပေးပါရစေ။

ဆက်ရန်

Hello မင်္ဂလာပါ။
De De Pet Shop ရဲ့ မင်မင်ပါ။
မသိသေးသူတွေအတွက် သိသလောက်ရေးတာ ဖြစ်လို့ မင်မင်တို့ထက် ပိုသိသူတွေ မန့်မှာ ဖြည့်ရေးပေးပါနော် 🙏

ယုန်လေးတွေ အတွက် အကျိုးရှိမယ် ထင်လို့ အချိန်ပေးရေးထားပါတယ်
မည်သူမဆို ကောင်းမွန်သော စိတ်ဖြင့် credit (မပေး)လည်း Share နိုင်ပါတယ်။

03/11/2024

အသက် ၆လ ကျော်လာတဲ့ ကလေးတွေကို Alfalfa မြက် လုံးဝ၊ လုံးဝ မကျွေးရတာ မဟုတ်ပါဘူးနော်။

ကလေးတွေ အသက် ၆လ ကျော်လာရင် Timothy ပြောင်းကျွေးရမယ် ဆိုတာ Alfalfa လုံးဝ၊ လုံးဝ မကျွေး ရတော့ဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူးနော်။

နို့တိုက်မိခင်တွေ၊
မျိုးရိုးကြောင့် မဟုတ်ပဲ ပိန်လာတဲ့ ကလေးတွေ၊
ရောဂါတစ်ခုခုကြောင့် Timothy မစားနိုင်တဲ့ ကလေးတွေနဲ့ တခြားအကြောင်းအရာ‌ေတွကြောင့်လည်း Alfalfa မြက်ကို အချိန်အတိုင်းအတာ တစ်ခုထိ ကျွေးလို့ရပါတယ်။

Timothy ကို Alfalfa နဲ့ရောကျွေးတာလည်း မှန်ကန်တဲ့ နည်းစနစ်လို့ ထင်မိပါတယ်။

ယုန်လေးတွေရဲ့ မီမီ၊ ဖီဖီ ‌တွေလည်း ထင်မြင်ချက် ရေးခဲ့ပါနော်။

အိမ်က မှန်ကို ကြည့်လိုက်ရုံနဲ့ ဒီနှစ်ရဲ့ 𝐇𝐚𝐥𝐥𝐨𝐰𝐞𝐞𝐧 𝐍𝐢𝐠𝐡𝐭 ကို သင်ကိုယ်တိုင် ပါဝင် ဆင်နွှဲနိုင်ပါပြီနော် ... 🎃😁
31/10/2024

အိမ်က မှန်ကို ကြည့်လိုက်ရုံနဲ့ ဒီနှစ်ရဲ့

𝐇𝐚𝐥𝐥𝐨𝐰𝐞𝐞𝐧 𝐍𝐢𝐠𝐡𝐭 ကို သင်ကိုယ်တိုင်

ပါဝင် ဆင်နွှဲနိုင်ပါပြီနော် ... 🎃😁

လိုအပ်လာရင် cb ကိုလာပါ
20/10/2024

လိုအပ်လာရင် cb ကိုလာပါ

17/10/2024

သီတင်းကျွတ် မုန့်ဖိုး ဝင်ယူကြပါအုံး။

မီး​ညောင် ဓာတ်ပုံ ပြိုင်ပွဲဆုကြေးငွေကို တစ်ချက် ရှိုးhttps://www.facebook.com/share/p/QQ6UnKkxCVCrXVtZ/
11/10/2024

မီး​ညောင် ဓာတ်ပုံ ပြိုင်ပွဲ
ဆုကြေးငွေကို တစ်ချက် ရှိုး

https://www.facebook.com/share/p/QQ6UnKkxCVCrXVtZ/

😽😽 မြောင် ဓာတ်ပုံအလှပြိုင်ပွဲ 🐱🐱

ဆုကြေး

💰🔖ပထမဆု - ငွေကျပ် ၃ သိန်းတိတိ နှင့် အသုံးဆောင်ပစ္စည်းများ
💰🔖ဒုတိယဆု - ငွေကျပ် ၁ သိန်းတိတိ နှင့် အသုံးဆောင်ပစ္စည်းများ

👉စည်းကမ်းချက်များ

ပြိုင်ပွဲဝင် မြောင် လေးများသည် မိမိကိုယ်ပိုင် မြောင် လေးများဖြစ်ရပါမည်။

မိမိတို့ဓာတ်ပုံကို ယခု ပို့စ်အောက်တွင် comment လာမန့်ရမည်ဖြစ်ပြီး
ယခုပို့စ်ကို Like & Public Share ပြုလုပ်ပေးရပါမည်။

ပို့စ့်ကိုshareတဲ့အချိန်နဲ့ comment မှာ မဖြစ်မနေထည့်ပေးဖို့လိုအပ်ပါတယ်ဗျ။

မိမိတို့ဓာတ်ပုံကို 29 October 2024 ည ၉ နာရီတိတိတွင် Like အများဆုံး ရသူကို ဆုပေးအပ်သွားမည်ဖြစ်ပါသည်။

ဆုရရှိသူသည် ရန်ကုန်မှ ဖြစ်ပါက 3 Nov တွင် မိမိ မြောင် လေးနှင့်အတူ ကိုယ်တိုင်လာရောက်ထုတ်ယူရပါမည် ။ နယ်မြို့များမှ ပြိုင်ပွဲဝင်များသည် ဆုရရှိပါက Admin Team မှ video call ခေါ်မည်ဖြစ်ပြီး ဆုများကို ပေးအပ်သွားပါမည်။

ဆုရရှိသူသည် မသမာသော နည်းလမ်းတစ်ခုခုဖြင့်သော်လည်းကောင်း၊ အထက်ပါစည်းကမ်းချက်များကိုမလိုက်နာနိုင်ပါက ဒုတိယရရှိသော သူကို ပထမဆု ပြောင်းလဲပေးအပ်ပါမည် ။အငြင်းပွားဖွယ်ရာများ ဖြစ်ပေါ်လာပါက Admin Team ၏ဆုံးဖြတ်ချက်သာ အတည်ဖြစ်သည်။

ပြိုင်ပွဲစပါပီ ခင်ဗျာ

အဝု ဓာတ်ပုံ ​ပြိုင်ပွဲဆုကြေးငွေကိုဘတစ်ချက် ရှိုးttps://www.facebook.com/share/p/JoLWbQk5zMAXamK4/
11/10/2024

အဝု ဓာတ်ပုံ ​ပြိုင်ပွဲ
ဆုကြေးငွေကိုဘတစ်ချက် ရှိုး

ttps://www.facebook.com/share/p/JoLWbQk5zMAXamK4/

❤️❤️❤️အာဝု ဓာတ်ပုံအလှပြိုင်ပွဲ 🐕🐕🐕

ဆုကြေး

💰🔖ပထမဆု - ငွေကျပ် ၃ သိန်းတိတိ နှင့် အသုံးဆောင်ပစ္စည်းများ
💰🔖ဒုတိယဆု - ငွေကျပ် ၁ သိန်းတိတိ နှင့် အသုံးဆောင်ပစ္စည်းများ

👉စည်းကမ်းချက်များ

ပြိုင်ပွဲဝင် အာဝုလေးများသည် မိမိကိုယ်ပိုင် အာဝုလေးများဖြစ်ရပါမည်။

မိမိတို့ဓာတ်ပုံကို ယခု ပို့စ်အောက်တွင် comment လာမန့်ရမည်ဖြစ်ပြီး
ယခုပို့စ်ကို Like & Public Share ပြုလုပ်ပေးရပါမည်။

ပို့စ့်ကိုshareတဲ့အချိန်နဲ့ comment မှာ မဖြစ်မနေထည့်ပေးဖို့လိုအပ်ပါတယ်ဗျ။

မိမိတို့ဓာတ်ပုံကို 30 October 2024 ည ၉ နာရီတိတိတွင် Like အများဆုံး ရသူကို ဆုပေးအပ်သွားမည်ဖြစ်ပါသည်။

ဆုရရှိသူသည် ရန်ကုန်မှ ဖြစ်ပါက 3 Nov တွင် မိမိ အာဝုလေးနှင့်အတူ ကိုယ်တိုင်လာရောက်ထုတ်ယူရပါမည် ။ နယ်မြို့များမှ ပြိုင်ပွဲဝင်များသည် ဆုရရှိပါက Admin Team မှ video call ခေါ်မည်ဖြစ်ပြီး ဆုများကို ပေးအပ်သွားပါမည်။

ဆုရရှိသူသည် မသမာသော နည်းလမ်းတစ်ခုခုဖြင့်သော်လည်းကောင်း၊ အထက်ပါစည်းကမ်းချက်များကိုမလိုက်နာနိုင်ပါက ဒုတိယရရှိသော သူကို ပထမဆု ပြောင်းလဲပေးအပ်ပါမည် ။အငြင်းပွားဖွယ်ရာများ ဖြစ်ပေါ်လာပါက Admin Team ၏ဆုံးဖြတ်ချက်သာ အတည်ဖြစ်သည်။

အာ၀ု ဓာတ်ပုံအလှပြိုင်ပွဲစပါပီခင်ဗျာ

Alflafa steam cut ရပါပီအစာစကောက်တဲ့ ယုန်ငယ်လေးတွေအတွက်သင့်တော်ပါတယ်
30/09/2024

Alflafa steam cut ရပါပီ
အစာစကောက်တဲ့ ယုန်ငယ်လေးတွေအတွက်သင့်တော်ပါတယ်

ဒီတခါတော့ "သိဒ္ဓိဝင် ငှက်ပျောသီး"လို စွမ်းတဲ့ ဆေးလေး ရောင်းပါရစေ 🙏လူအများ နားလည်အောင် ရေးမှာ ဖြစ်လို့ အဆင့်မြင့် ဆရာ၊ ဆရ...
29/09/2024

ဒီတခါတော့ "သိဒ္ဓိဝင် ငှက်ပျောသီး"လို စွမ်းတဲ့ ဆေးလေး ရောင်းပါရစေ 🙏

လူအများ နားလည်အောင် ရေးမှာ ဖြစ်လို့ အဆင့်မြင့် ဆရာ၊ ဆရာမတွေ ကျော်သွားပေးပါနော် 🙏

ʀᴀʙʙɪᴛ ᴄᴀʀᴇ ပါ။
အများထင်သလို ဒါလေးက ပုံမှန် တိုက်ရတဲ့ "အားဆေး" မဟုတ်ပါဘူးနော်။ "ဖြည့်စွက်စာ"လို့ ခေါ်ရင် ပိုမှန်မယ် ထင်ပါတယ်။
လူတွေသောက်တဲ့ ကြက်ပေါင်းရည်၊ ငှက်သိုက် တို့လိုမျိုးပါ။
မကျန်းမာသော၊ နလန်ထစ၊Operation မဝင်ခင် ကလေးတွေနဲ့ Operation ပြီးထားချိန် အားပြန်ဖြည့်တဲ့ ခလေးတွေ အပြင် အကြောင်းတစ်ခုခုကြောင့် အစာ မစားနိုင်တဲ့ ကလေးတွေ အတွက် အဆင်ပြေပါတယ်။

ဘာမှမဖြစ်လဲနေ့တိုင်းတိုက်လို့မရဘူးလား??
ကြက်ပေါင်းရည်၊ ငှက်သိုက် လိုမျိုးပါဆို
ယူတို့ သဘောပါ။

ဘယ်လောက် တိုက်ရမလည်း??
ကြက်ပေါင်းရည်၊ ငှက်သိုက် လိုမျိုးပါဆို
ယူတို့သဘောပါ။

ဘယ်လို တိုက်ရမလည်း??
အမှုန့် ဖြစ်လို့ ကိုယ့်ကလေးနဲ့ အဆင်ပြေတဲ့ နည်းလမ်း၊ အလေအလွင့် နည်းမဲ့ နည်းလမ်းနဲ့ တိုက်ပါနော်။
Recommend ကတော့ "ဆရာမိုး" ၂လုံး၊ ၃လုံး ပမာဏလေးကို လုံးလို့ရတဲ့ အနေအထား ရေသန့် နည်းနည်း ထည့်၊ လုံးပြီး ပါးဆောင်ထဲ ထည့်တဲ့ နည်းပါ။

သိသလောက်လေးကို အများအကူအညီ ရပါစေ ဆိုသော စေတနာဖြင့် ရေးပါသည်။

𝔻𝕖 𝔻𝕖 ℙ𝕖𝕥 𝕊𝕙𝕠𝕡 မှာ ပိုကောင်းသော ʀᴀʙʙɪᴛ ᴄᴀʀᴇ ᴘʟᴜꜱ ရပါပြီ။

27/09/2024

ရပြီ၊ ရပြီ 😍

ယုန်ယုန်/ ပူးပူး ကိုက်ဖြတ် သူတို့အတွက်နှစ်တစ်ထောင် အားဆေးနဲ့ရေခဲတောင် ကြာပွင့်တွေ 𝔻𝔼 𝔻𝔼 ℙ𝔼𝕋 𝕊ℍ𝕆ℙ မှာပြန်ရောက်ပြီနော်။ 🥰ရ...
27/09/2024

ယုန်ယုန်/ ပူးပူး ကိုက်ဖြတ် သူတို့အတွက်
နှစ်တစ်ထောင် အားဆေးနဲ့
ရေခဲတောင် ကြာပွင့်တွေ
𝔻𝔼 𝔻𝔼 ℙ𝔼𝕋 𝕊ℍ𝕆ℙ မှာပြန်ရောက်ပြီနော်။ 🥰

ရောဂါဖြစ်မှ ကုသ ခြင်းထက် ကြိုတင်ကာကွယ်ခြင်းက အလုပ်သင့်ဆုံးပါ။

အူတိုတဲ့ ယုန်ယုန်/ ပူးပူး အစားကြူးသူတို့အတွက် အူလမ်းကြောင်း သန့်ရှင်းနေဖို့က အရမ်း၊ အရမ်းကို အရေးကြီးပါတယ်။ အသက်အန္တရာယ် ထိခိုက်သည် အထိ ဖြစ်နိုင်လို့ပါ။

ဒါကြောင့် ကလေးတွေကို သေချာချစ်ပြီး လေ့လာ မှတ်သားထား သူတွေက "မြက်ကျွေးပါ" "မြက်ကျွေးပါ" တဖွဖွ ရေးနေကြတာပါ။ အမျှင် ဓါတ်အများကြီးပါတဲ့ မြက်က ယုန်/မြင်း etc. လို အူတိုတဲ့ သတ္တဝါတွေ အတွက် အကောင်းဆုံး ဆေးလည်း အစာ၊ အစာလည်း ဆေးဖြစ်နေလို့ပါ။

ပေါက်တတ်ကရ (သရေပင်၊ ဖယောင်းပုဆိုး လိုမျိုး) ကောက်စားတတ်တဲ့ သားဆိုး သမီးမိုက်တွေနဲ့ ဖေချစ်ဆုံး၊ မေချစ်ဆုံး သားသားမီးမီးတွေ အတွက်ကတော့ အကောင်းဆုံး results ပေးတဲ့
​🇩​​🇷 .​ ​🇧​​🇺​​🇳​​🇳​​🇾​
က ထုတ်တဲ့ 𝗛𝗮𝗶𝗿 𝗕𝗮𝗹𝗹 𝗥𝗲𝗹𝗶𝗲𝗳 𝗣𝗮𝘀𝘁e ရောက်ပါပြီ။

ဘယ်လောက် ပမာဏ တိုက်ရမလည်း ??
တစ်ကောင်ကို အရေးပေါ်အခြေအနေ အရ မှ အပ တစ်ပတ်ကို သွားတိုက်ဆေး တစ်ခါထည့်စာရဲ့ တဝက် မပြည့်တပြည့် တစ်ခါ တိုက်ရင် လုံလောက်ပါတယ်။ တွက်ကြည့်ရင် တစ်ကယ် တန်ပါတယ်။ (ဘူးမှာတော့ ‌Daily တိုက်ဖို့ ညွှန်ထားပါတယ်)

ဘယ်လို တိုက်ရမလည်း ??
ဘူးထဲမှာ စတီးဇွန်းလေး တစ်ဇွန်းပါ ပါတယ်။ ဇွန်းလေးပေါ် ဆေးလေးကို လိုသလောက် ညှစ်ထည့်လိုက်တာနဲ့ မွှေးလွန်းလို့ သားတွေ၊ သမီးတွေ ရောက်ရာ အရပ်က ပြေးလာပြီး လုစားကြပါလိမ့်မယ်။
(ဖြစ်တောင့် ဖြစ်ခဲ) ဆေးဆိုပြီး မကြိုက်တဲ့ ယုန်ယုန်နဲ့ အမူလွန် ယုန်ယုန်တို့ကတော့ အဆင်ပြေသလို ကျွေးလို့ရပါတယ်။ ( အစာနဲ့ ရောကျွေးတာ၊ မြက်မှာ သုပ်ကျွေးတာ၊ ပါးစပ်ထဲ တိုက်ရိုက်ခွံတာ)

*ယုန်မွေးလာတဲ့ နှစ်ပေါင်း ၂၅နှစ် တောက်လျှောက် အတွေ့အကြုံပေါ် မူတည်ပြီး အထောက်အကူ ဖြစ်ပါ‌ေစဆို‌ေသာ စေတနာဖြင့် ရေးထားပါသည်။ ပိုသိ ပိုနားလည်သော ဆရာ၊ ဆရာမတွေရဲ့ စကားကို ပိုနားထောင်ပေးပါ။

သား၊ သမီး အသက်ကို ကယ်တင်ပေးမဲ့ ရေခဲတောင် ကြာပွင့်တွေ 𝔻𝔼 𝔻𝔼 ℙ𝔼𝕋 𝕊ℍ𝕆ℙမှာ ရပါပြီ။

နှစ်တစ်ထောင် အားဆေး အကြောင်း ဆက်ရန် ⏭️

Bok Dok အရသာနှစ်မျိုး ယုန်ယုန်တို့ဘာစားကြမလဲ??? ဖေဖေ မေမေတို့ စမ်းကျွေးကြည့်မလား???
27/09/2024

Bok Dok အရသာနှစ်မျိုး ယုန်ယုန်တို့ဘာစားကြမလဲ??? ဖေဖေ မေမေတို့ စမ်းကျွေးကြည့်မလား???

Bok Dok( in stock ) ပြန်လာပါပီလက်ကားမရသေးပါ
24/09/2024

Bok Dok( in stock ) ပြန်လာပါပီ
လက်ကားမရသေးပါ

Apro ရိုးရိုးအဝါApro 3 mixရှိပါတယ်နော်
24/09/2024

Apro ရိုးရိုးအဝါ
Apro 3 mix
ရှိပါတယ်နော်

ယုန်လေးတွေ မရှိမဖြစ်ဆောင်ထားပါ
24/09/2024

ယုန်လေးတွေ မရှိမဖြစ်ဆောင်ထားပါ

Address

၇၈ အင်းစိန်လမ်း ကြည့်မြင်တိုင် ညဈေးနား
Yangon

Opening Hours

Monday 08:00 - 20:00
Tuesday 08:00 - 20:00
Wednesday 08:00 - 20:00
Thursday 08:00 - 20:00
Friday 08:00 - 20:00
Saturday 08:00 - 20:00
Sunday 08:00 - 20:00

Telephone

+959966511751

Website

Alerts

Be the first to know and let us send you an email when De De Pet Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share

Category

Nearby pet stores & pet services


Other Pet Supplies in Yangon

Show All