19/09/2022
ွေကိုခုမှစမွေးမယ့်beginnerတွေအနေနဲ့
ဘာတွေလိုအပ်လဲ
1. သူတို့နေဖို့နေရာပါ
-----------------------------------
တချို့က မှန်ကန်နဲ့မွေးကြတယ်...
တချို့ကတော့ အသင့်လုပ်ထားပီးသားလှောင်အိမ်လေးတွေဝယ်ကြတယ်...
ဘယ်လိုမွေးမွေး အဓိကက မိမိ ကလေးလုံခြုံဖို့ပါပဲ...
မှန်ကန်နဲ့မွေးမယ့်သူဟာလဲ မှန်ကန်ကိုအပေါ်ကနေအုပ်ဖို့ သံဇကာအကွက်သေးလေးတွေပါတခါထဲတွဲလုပ်သင့်ပါတယ်...
Hamsterတို့ polarတို့က အရမ်းဆော့တဲ့အကောင်လေးတွေဖြစ်တဲ့အတွက် ရေဘူးကနေတဆင့်တွယ်ကပ်ပီးထွက်သွားတတ်ပါတယ်...
ကြောင်အန္တရာယ်ကလဲ ကာကွယ်ပီးသားဖြစ်အောင်...သူတို့လဲ အပြင်ရုတ်တရက်ထွက်မသွားနိုင်အောင် တခါထဲလုပ်ထားသင့်ပါတယ်...
2. Bedding
-----------------------
Hamster/polar တွေက တွင်းထူးပီးဆော့တတ်တဲ့ ကလေးတွေပါ...
သူတို့အိမ်ထဲမှာ bedding လွှစာမှုန့်ကို ၅လက်မထုလောက်ထည့်ပေးထားရပါမယ်....
ဒါမှ တွင်းတူးဆော့လို့ရမှာပါ...
လွှစာမှုန့်ကိုလဲ သူတို့အတွက်ထုတ်ထားတဲ့ အထုပ်လေးတွေပဲ သုံးရပါမယ်...
(စပါးခွံနဲ့ ရေပေါ်ထိုးထားတဲ့အစအနများ လုံးအသုံးမပြုရ/မထည့်ရပါ...)
3. အစာ
---------------
အစာအနေနဲ့ ကလေးတွေအတွက်ထုတ်ထားတဲ့ ready made အစာထုပ်နဲ့ သရေစာsnack အထုပ်လေးတွေရှိပါတယ်...
ဈေးအရလဲ ၁၀၀၀ကနေစလို့ အစားစားရှိပါတယ်...
အစာခြောက်တွေအပြင် ကျန်းမာရေးနဲ့ညီညွတ်အောင် အသီးအရွက်တွေကိုလဲမျှတစွာကျွေးသင့်ပါတယ်...လုံလောက်တဲ့အစာပမာဏ လှောင်အိမ်ထဲ ကန်ထဲ ထည့်ပေးထားရင်ရပါတယ်...
4. ရေဘူး
------------------
ကလေးတွေကို ရေတိုက်တဲ့အခါ ခွက်နဲ့ချတိုက်လို့မရပါဘူး...
သူတို့အတွက် ထုတ်ထားတဲ့ရေဘူးလေးတွေ ၁၀၀၀ ၀နျးကငြျကစပီး အစားစားရှိပါတယ်...
အဲ့ထဲကိုမှ လိုအပ်တဲ့အားဆေးကို တစက်လောင်ထည့်ပီးချိတ်ပေးထားရင်ရပါပြီ....
5. ပြေးဘီး
---------------------
ဒါကတော့ မဖြစ်မနေလိုအပ်ပါတယ်...
အမြဲဆော့နေမှ ဖြစ်တဲ့ အကောင်လေးတွေမို့ Exercise မှမလုပ်ရရင် stress ပိပီး D၀ငျနပေါလိမျ့မယျ....
6. ကိုက်တုံး
----------------------
ကလေးတွေက သွားယားတဲ့အချိန်ရောက်ရင် တခုခုကိုက်နေရမှ အဆင်ပြေမှာပါ...
သွားလေးတွေကလဲ ရှည်လာမှာမို့တုံးအောင် ကိုက်စရာ ကိုက်တုံးလေးပေးထားသင့်ပါတယ်....
မပေးမိရင် ပြေးဘီးနဲ့ရေဘူးကို တစစီဖြစ်အောင် ကိုက်ပါလိမ့်မယ်...
အပေါ်မှာရေးပေးထားတဲ့ (6)ချက်ကတော့မဖြစ်မနေလိုအပ်တာတွေပါရှင့်...
အဲ့ဒါကိုမှ အိမ်လေးကိုလှအောင်ဖြစ်ဖြစ် အလှထပ်ဆင်လို့ရပါသေးတယ်...
Credit