21/11/2024
ဖိုက်တင်းပါ…သားလေး ထွေးညိုရေ!
မနက်ဖြန်ဆို Operation လုပ်ရတော့မယ်🙏
ပထမအကြိမ် ဆီးပိုက်ထည့်ခြင်း
*******************************
10/11/2024 တည်းက ဆီးမသွားနိုင်လို့ ညချင်း အရေးပေါ်ဆေးခန်းပြေးခဲ့ရတာ ဒီနေ့ထိ ဆက်တိုက် ကုနေရဆဲပါပဲ။
ညဘက်ကြီးဆိုတော့ ပြနေကျဆေးခန်းက မဖွင့်တာနဲ့ ရရာ ဆေးခန်းမှာ ပြခဲ့ရတယ်။ အဲ့ဒီဆေးခန်းမှာပဲ ဆီးပိုက်ထည့်၊ ဆီးခြူ၊ ပိုးသတ်ဆေးသွင်းလုပ်ပေးတာ 15/11/2024 ထိပဲ။
ဆီးပိုက်ထည့်ထားတာ (6) ရက်တောင် ကြာပီဆိုတော့ အခြေနေကလည်း တိုးတက်လာတာနဲ့ 15/11/2024 နေ့ မှာ ဆီးပိုက် ဖြုတ်ပေးလိုက်တယ်။ ဒါပေမယ့် ဆီးပိုက်ဖြုတ်လိုက်တာနဲ့ ဆီးက မသွားနိုင်ပြန်တော့ 16/11/2024 မှာ သူတို့ ပြနေကျ ဆေးခန်းကို ပြောင်းပြခဲ့တယ်။
ဒုတိယအကြိမ် ဆီးပိုက်ထည့်ခြင်း
*******************************
ပြနေကျ ဆေးခန်းမှာ ဆရာဝန်ကြီးရဲ့ အကြံပြုချက်နဲ့ Ultrasound ရိုက်ပီး ပြသနာရှိတဲ့ နေရာကို အရင် ရှာကြည့်ခဲ့တယ်။ ကျောက်ကပ် (Kidneys)၊ ဆီးအိမ် (Bladder) ၊ ကျောက်ကပ်နဲ့ ဆီးအိမ်ကြားက ပြွန် (Ureter) တွေဟာ အကုန် ကောင်းတယ်။
ပြသနာက ဆီးအိမ်ကနေ ထွက်လာတဲ့ ဆီးလမ်းကြောင်း (Urethra) ဟာ အရမ်းကျဉ်းနေပီး အနည်လေးတွေနဲ့ ပိတ်နေလို့ ဆီးမသွားနိုင်ရခြင်း ဖြစ်တယ်တဲ့။
အတွင်းပိုင်းကျတဲ့ အင်္ဂါတွေမှာ မဖြစ်နေတာပဲ အဆိုးထဲက အကောင်းလို့ ဆိုရမယ်။ အဲ့ဒီနေရာတွေဆို ကုရ ပိုခက်တယ်လို့ ဆရာဝန်ကြီးက ပြောတယ်။
ပြနေကျဆေးခန်းမှာပဲ ထုံးစံအတိုင်း ဆီးပိုက်ပြန်ထည့်၊ ဆီးခြူ၊ ပိုးသတ်ဆေးထိုးနဲ့ လုပ်လာလိုက်တာ 16 ရက်ကနေ 20 ရက်နေ့ထိဆိုတော့ (5) ရက်ကြာတယ်။
အဲ့လိုတွေ လုပ်ပေးနေစဉ်အတွင်းတော့ သူ့ဟာသူ ဆီးမသွားနိုင်တာကလွဲရင် ကြည်ကြည်လင်လင်ရှိတယ်။ အစာ နဲ့ ရေ ပုံမှန်သောက်တယ်။
တတိယအကြိမ် ဆီးပိုက်ထည့်ခြင်း
*********************************
20/11/2024 မှာ ပုံမှန်အတိုင်း ဆေးခန်းသွားပြတော့ ဆီးပိုက်က သူ့ဟာသူ Grooming လုပ်ရင်း ပြုတ်နေတာနဲ့ ဆရာဝန်က ဖြုတ်ပေးလိုက်တယ်။ အခြေနေလည်း ကောင်းတာနဲ့ တရက်လောက် စောင့်ကြည့်ပါဦး ဆိုပီး။
သူ့ကံကလည်း ဆီးပိုက်ဖြုတ်လိုက်တာနဲ့ ဆီးက မသွားနိုင်တော့ပြန်ဘူး။ အဲ့လိုနဲ့ပဲ သံသရာလည်နေတော့ ဆရာဝန်က ခွဲစိတ်ကုသနည်း တနည်းပဲ ကျန်တော့တဲ့အကြောင်း၊ ပိုင်ရှင်တွေဘက်က သေချာ စဉ်းစားဆုံးဖြတ်ပီး အဖြေပေးဖို့ ပြောလာတယ်။ ဖြစ်ပေါ်လာနိုင်တဲ့ ကောင်းခြင်း ဆိုးခြင်းကိုလည်း သေချာ ရှင်းပြပေးပါတယ်။
ဒီတိုင်း ဆက်သွားနေရင်လည်း အဆင်မပြေနိုင်ဘူး။
တခြားရွေးချယ်စရာလည်း မရှိနဲ့….😓
ခွဲစိတ်လိုက်မှ ပြန်ကောင်းလာနိုင်ဖို့ မျှော်လင့်ချက် ရှိသေးတော့ သဘောတူခဲ့လိုက်ပါတယ်။
ဒီနေ့တော့ လောလောဆယ် နေရ သက်သာစေဖို့ ဆီးပိုက်ထည့် ဆီးခြူပီးပဲ ပြန်လာခဲ့ရတယ်။
မနက်ဖြန် Operation တွက် အားမွေးထားပါ သားလေးရေ။ ပြန်ကောင်းလာမယ်လို့ ယုံကြည်ပါတယ်။
သားအတွက် လုပ်လို့ရတာတွေ အစွမ်းကုန် လုပ်ပေးမယ်…သားရေ…ဖိုက်တင်း💪💪