Hlawga Park

Hlawga Park Hlawga Park is an open zoo in Myanmar's Yangon, that was established in 1989. The safari area of ​​Hl
(21)

မန်ဒရင်းဘဲငှက် (Mandarin Duck) သည် ရေဘဲအမျိုးအစား ဖြစ်ပြီး မြန်မာနိုင်ငံအတွင်း တွေ့ရခက်ခဲသော ဆောင်းခိုငှက်တစ်မျိုး လည်းဖ...
19/12/2023

မန်ဒရင်းဘဲငှက် (Mandarin Duck) သည် ရေဘဲအမျိုးအစား ဖြစ်ပြီး မြန်မာနိုင်ငံအတွင်း တွေ့ရခက်ခဲသော ဆောင်းခိုငှက်တစ်မျိုး လည်းဖြစ်ပါတယ်။ ရေဘဲအမျိုးအစားများထဲတွင် အမွေးအတောင် အရောင်စုံလင်လှပြီး ကျောကုန်းအပေါ်တွင် ကွေးတက်သွားတဲ့ ရွက်အတောင် (Sail Fins) ပါသဖြင့် တခြား‌သော ငှက်အမျိုးအစားများထက် သာလွန်ထူးခြား လှပပါတယ်။

လှော်ကားဥယျာဉ်ရှိ ရေကန်တွင် မနှစ်က လာရောက်ဆောင်းခိုခဲ့သော မန်ဒရင်းဘဲငှက်တစ်ကောင်သည် ယခုနှစ် ဒီဇင်ဘာ ၁၇ ရက်နေ့တွင် ရောက်ရှိဆောင်းခိုနေပြီဖြစ်သဖြင့် ငှက်ချစ်သူများနှင့် ငှက်ကြည့်ဝါသနာရှင်အပေါင်းတို့ လာရောက်လေ့လာနိုင်ပါကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။

ဒီလိုရှားပါးလှပသော ဆောင်းခိုငှက်မျိုးစိတ်ဖြစ်တဲ့ မန်ဒရင်းဘဲငှက်များအပြင် တခြားထူးခြားရှားပါးလှပသော ဆောင်းခိုငှက်များကို လှော်ကားဥယျာဉ်ကြီးမှာ လာရောက်ကြည့်ရှုလေ့လာနိုင်ပါတယ်နော်။

ငှက်ကြည့်ဝါသနာရှင်များ သက်တောင့်သက်သာနဲ့ လေ့လာနိုင်ပြီး Guide နှင့် နေ့လည်စာပါဝင်သော Birdwatching Package လည်းရှိတာမို့ လှော်ကားဥယျာဉ်ကိုသာ လှမ်းလာခဲ့ပါလို့ ဖိတ်ခေါ်လိုက်ပါရစေ။

Booking နှင့် အသေးစိတ်အချက်အလက်များကို စုံစမ်းလိုပါက
Hlawga Park Page Messenger (သို့)
ဖုန်း- 09429998624, 09423104231




🌳Back to Nature🌳မွမ်းကြပ်မှုတွေ စိတ်ဖိစီးမှုတွေဖြေဖျောက်ဖို့ မြို့ပြရဲ့ဆူညံရှုပ်ထွေးမှုအဝေးမှာ စိတ်ပြေလက်ပျောက် ‌အနားယူအ...
15/12/2023

🌳Back to Nature🌳

မွမ်းကြပ်မှုတွေ စိတ်ဖိစီးမှုတွေဖြေဖျောက်ဖို့ မြို့ပြရဲ့ဆူညံရှုပ်ထွေးမှုအဝေးမှာ စိတ်ပြေလက်ပျောက် ‌အနားယူအပန်းဖြေနိုင်ဖို့အတွက်
သဘာဝအငွေ့အသက်တွေပြည့်နှက်နေတဲ့ ရန်ကုန်မြို့အနီးရှိ လှော်ကားဥယျာဉ်မှာ ပြုလုပ်နိုင်တဲ့ Activity လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

Camping🏕️
မိသားစုနဲ့ပဲဖြစ်ဖြစ်၊ သူငယ်ချင်းအပေါင်းအသင်းများနဲ့ပဲဖြစ်ဖြစ် အနားယူအပန်းဖြေရင်း ဂိမ်းလေးတွေကစားကြမယ်၊ ကြက်တောင်ရိုက်၊ စက်ဘီးစီးကြမယ် ဆိုရင်တော့ Hlawga Camping ကတော့ အကောင်းဆုံးရွေးချယ်မှုတစ်ခုဖြစ်ပါတယ်။ နေ့လည်စာပါ စီစဉ်ပေးထားမှာဖြစ်တဲ့အတွက် ပျော်ပျော်ပါးပါး ထမင်းလက်စုံစားလို့ရတာပေါ့ ☺️

Birdwatching🐦🦤
ငှက်ကြည့်ဝါသနာအရပဲဖြစ်ဖြစ်၊ ဗဟုသုတရချင်လို့ပဲဖြစ်ဖြစ် လေ့လာချင်တယ်ဆိုရင်တော့ Hlawga Birdwatching ကို ရွေးချယ်နိုင်ပါတယ်။ သဘောကောင်းတဲ့ ငှက်ကြည့်လမ်းပြလည်းရှိပြီး နေ့လည်စာအတွက်လည်း စီစဉ်ပေးထားတာမို့ ပေါ့ပေါ့ပါးပါး အပန်းဖြေရင်း ငှက်ကြည့်နိုင်ပါတယ်။

Trekking🚶
အားကစားဝါသနာပါသူများအတွက်ကတော့ တောခရီးကြမ်းလမ်းလျှောက်ခြင်း (Trekking) ကို ရွေးချယ်နိုင်ပါတယ်။

Water activities (SUP & ADV Boat)🏄🚣
Adventure Boatနဲ့ SUP စီးရတာ နှစ်သက်သူတွေအတွက် မိသားစု၊ သူငယ်ချင်းများနဲ့ ပျော်ပျော်ပါးပါး စီးလို့ရပါတယ်။ မစီးတတ်သေးတဲ့သူတွေအတွက်လည်း သေချာဂရုစိုက်ပြီး သင်ပြပေးမယ့် နည်းပြလည်း ရှိတာမို့ စမ်းသပ်စီးချင်သူတွေအတွက်လည်း စိတ်ပူစရာမလိုတော့ဘူးပေါ့။

Activity လေးတွေရဲ့ ဈေးနှုန်းလေးတွေ သိချင်တယ်၊ လာရောက်လည်ပတ်ချင်တယ်ဆိုရင်တော့
Hlawga Park Page Messenger (သို့)
ဖုန်း-09 429998624, 09 423104231 သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ် 🤗🤗🤗








အပြည်ပြည်ဆိုင်ရာ မျောက်များနေ့(International Monkey Day) ၊🐒🐒🐒ဒီဇင်ဘာလ(၁၄)ရက်နေ့၊ မျောက်များနေ့(Monkey Day)မှာ လှော်ကားဥယ...
14/12/2023

အပြည်ပြည်ဆိုင်ရာ မျောက်များနေ့
(International Monkey Day) ၊🐒🐒🐒

ဒီဇင်ဘာလ(၁၄)ရက်နေ့၊ မျောက်များနေ့(Monkey Day)မှာ လှော်ကားဥယျာဉ်ထဲက မျောက်လေးတွေအကြောင်းကို ဗဟုသုတအနည်းငယ်မျှဝေချင်ပါတယ်။

မျောက်တွေကို အမြီးပါမျောက်နှင့် အမြီးမပါမျောက်ဟူ၍ နှစ်မျိုးခွဲခြားထားပါတယ်။ ဒါ့အပြင် အမြီးပါ မျောက်တွေကိုလည်း(၂)မျိုးပြန်ပြီး ထပ်မံခွဲခြားထားပါတယ်။

ဒီနေ့ကျရောက်တဲ့ မျောက်များနေ့(Monkey Day) မှာ အမြီးပါမျောက်ကလေးတွေအကြောင်းကို ဗဟုသုတအနည်းငယ် မျှဝေပါရစေ…

ပထမဦးဆုံးအနေနဲ့…အမြီးပါမျောက်တွေကို…အင်္ဂလိပ်လို(Monkeys) လို့ခေါ်ပြီး၊ အမြီးမပါတဲ့ မျောက်တွေကိုတော့ (Ape) လို့ခေါ်ပါတယ်။

အမြီးပါမျောက်နှင့် အမြီးမပါ မျောက်တွေကို သတ္တဗေဒဘာသာရပ်အခေါ်ဝေါ်အနေနဲ့ မျိုးစဉ်(Order) လိုခေါ်တဲ့ ၊ ပရိုင်းမိတ် (Primates) အတွင်းမှာ ပါရှိတဲ့အတွက် ကျွနှ်ပ်တို့လူသားတွေနဲ့ မျိုးစဉ်တစ်ခုတည်းမှာ အတူတည်ရှိနေတာကြောင့် မျောက်တွေဟာ လူတွေနဲ့ပိုမိုနီးစပ်ပြီး အခြားသောတိရစ္ဆာန်များထက် အသိဉာဏ်ကိုမိုမြင့်မားကြပါတယ်။

အမြီးပါတဲ့မျောက်တွေကို ထပ်မံပြီးခွဲခြားပြရရင် ကမ္ဘာဟောင်းမျောက်(Old World Monkeys) နှင့် ကမ္ဘာသစ်မျောက်(New World Monkeys) ဆိုပြီး (၂)မျိုးထပ်မံခွဲခြားကြပြန်ပါတယ်။

ကမ္ဘာသစ်မျောက်တွေဟာ တောင်အမေရိကတိုက်ထဲမှာနေထိုင်ပြီး ကမ္ဘာဟောင်းမျောက်တွေကတော့ အာရှတိုက်နှင့် အာဖရိကတိုက်တွေမှာ နေထိုင်ကြပါတယ်။

ကမ္ဘာသစ်မျောက်နဲ့ ကမ္ဘာဟောင်းမျောက်တွေကို ယခုလို ခွဲခြားလေ့လာနိုင်ပါတယ်။

ကမ္ဘာဟောင်းမျောက် :

▫️အစာသိုလှောင်နိုင်သည့် ပါးစောင်အိတ်ပါရှိသည်။
▫️အမြီးပါရှိသော်လည်း ထိုအမြီးဖြင့် သစ်ပင်/သစ်ကိုင်းများကို မတွယ်ချိတ်နိုင်ပါ။
▫️နှာခေါင်းပေါက်တစ်ခုနှင့် တစ်ခုနီးကပ်သည်။
▫️တင်ပါးချပ်ပါရှိသည်။
▫️မြေပင်နှင့် သစ်ပင်များပေါ်တွင် နေထိုင်သည်။
▫️အရောင်မျိုးစုံကို မြင်နိုင်စွမ်းရှိသည်။
▫️ကမ္ဘာသစ်မျောက်ထက် များစွာအရွယ်အစား ကြီးမားပါသည်။

ကမ္ဘာသစ်မျောက် :

▫️အစာသိုလှောင်နိုင်သည့် ပါးစောင်အိတ်မပါရှိပါ။
▫️သစ်ပင်ကိုချိတ်လို့ရသည့်အမြီးပါရှိသည်။
▫️နှာခေါင်းပေါက်တစ်ခုနှင့်တစ်ခု ကွာဝေးသည်။
▫️တင်ပါးချပ်မပါရှိပါ။
▫️သစ်ပင်များပေါ်တွင် အနေများပါသည်။
▫️အရောင်မျိုးစုံကို မြင်နိုင်စွမ်းမရှိပါ။
▫️ကမ္ဘာဟောင်းမျောက်များထက် အရွယ် အစားသေးငယ်ပါသည်။

ဒီလိုကွဲပြားခြားနားချက်တွေကို သိပြီးပြီးဆိုရင်တော့ လှော်ကားဥယျာဉ်ကို အလည်ရောက်ခဲ့ရင် ကမ္ဘာဟောင်းမျောက်တွေနဲ့ အမြီးမပါတဲ့(Ape) လို့ခေါ်တဲ့ မျောက်မျိုးစိတ်တွေအကြောင်း ခွဲခြားလေ့လာမှတ်သားကြည့်ကြဖို့ မမေ့နဲ့ဦးနော် 🤗🤗🤗


🇲🇲 အမျိုးသားနေ့ ဒို့မမေ့ 🇲🇲🎉 𝐇𝐚𝐩𝐩𝐲 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐍𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐃𝐚𝐲 🎉၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ ၇ရက်၊ ကြာသပတေးနေ့တွင် ကျရောက်သော(၁၀၃)ကြိမ်...
07/12/2023

🇲🇲 အမျိုးသားနေ့ ဒို့မမေ့ 🇲🇲
🎉 𝐇𝐚𝐩𝐩𝐲 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐍𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐃𝐚𝐲 🎉
၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ ၇ရက်၊ ကြာသပတေးနေ့တွင် ကျရောက်သော
(၁၀၃)ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့အား ဂုဏ်ပြုကြိုဆိုရင်း
မြန်မာပြည်သူပြည်သားများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ကြည်သာကြစေကြောင်း လှော်ကားဥယျာဉ်မိသားစုမှ တောင်းဆုမေတ္တာပို့သအပ်ပါသည်။




ရန်ကုန်မြို့တွင် Activity အဖြစ်‌ လှော်ကားဥယျာဉ်သို့  လာရောက်လည်ပတ်ခဲ့ကြသော 2024 Miss Grand Myanmar အလှမယ်များ၏ အမှတ်တရပု...
02/12/2023

ရန်ကုန်မြို့တွင် Activity အဖြစ်‌ လှော်ကားဥယျာဉ်သို့ လာရောက်လည်ပတ်ခဲ့ကြသော 2024 Miss Grand Myanmar အလှမယ်များ၏ အမှတ်တရပုံရိပ်များကို မျှဝေပေးလိုက်ပါတယ် 🤗🤗🤗







တန်ဆောင်မုန်းလပြည့်နေ့ (သာမညဖလအခါတော်နေ့)သာမညဖလသုတ်ခေါ် (ရဟန်းပြုခြင်း၏ အကျိုးတရားကို) မြတ်စွာဘုရားသည် အဇာတသတ်မင်းအား တန...
27/11/2023

တန်ဆောင်မုန်းလပြည့်နေ့ (သာမညဖလအခါတော်နေ့)

သာမညဖလသုတ်ခေါ် (ရဟန်းပြုခြင်း၏ အကျိုးတရားကို) မြတ်စွာဘုရားသည် အဇာတသတ်မင်းအား တန်ဆောင်မုန်းလပြည့်နေ့တွင် ဟောပြောတော်မူသည်ကို အကြောင်းပြု၍ တန်ဆောင်မုန်းလပြည့်နေ့ကို သံဃာတော်များနေ့ (သာမညဖလအခါတော်နေ့) ဟု သတ်မှတ်ကျင်းပကြခြင်း ဖြစ်ပါတယ်။
မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ တန်ဆောင်မုန်းလပြည့်(သမညဖလအခါတော်)နေ့မှာ မြန်မာပြည်သူပြည်သားများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ကြည်သာပြီး မိမိတို့လိုရာဆန္ဒများပြည့်ဝကြစေကြောင်း လှော်ကားဥယျာဉ်မိသားစုမှ တောင်းဆုမေတ္တာပို့သအပ်ပါသည်။



🦤📷 Exploring the Nature: Bird Watching 📹🦩     ဒီတစ်ပတ်ပိတ်ရက်လေးမှာ ရန်ကုန်မြို့နဲ့ အနီးဆုံးဖြစ်တဲ့ အေးချမ်းပြီး သဘာဝတော...
24/11/2023

🦤📷 Exploring the Nature: Bird Watching 📹🦩

ဒီတစ်ပတ်ပိတ်ရက်လေးမှာ ရန်ကုန်မြို့နဲ့ အနီးဆုံးဖြစ်တဲ့ အေးချမ်းပြီး သဘာဝတောအုပ်လေးတွေ ဖုံးလွှမ်းနေတဲ့ လှော်ကားဥယျာဉ်မှာ လူကြိုက်များတဲ့ Bird Watching Tour Program လေးနဲ့ ထိတွေ့ ခံစားကြည့်နိုင်ဖို့ရာ ဖိတ်ခေါ်ပါရစေ 🤗

Bird Watching Tour ဆိုတာ ဘာလဲ?

📹 🦤 🦩တစတစ ဝင်လာတဲ့ ဆောင်းဥတု မနက်ခင်းမှာ သဘာဝတောအုပ်ကလေးဖြစ်တဲ့ လှော်ကားဥယျာဉ်အတွင်းရှိ သဘာဝအတိုင်းပျံသန်း ကျက်စားနေကြတဲ့ ငှက်များ၊ ခေတ္တမျှ လာရောက်ဆောင်းခိုကြတဲ့ ငှက်များ၊ သားပေါက်ရန် ဥယျာဉ်သို့ လာရောက်နားခိုကြတဲ့ ငှက်မျိုးစုံကို Binoculars တွေထဲမှတစ်ဆင့် ငှက်နာမည်၊ မျိုးစိတ်နဲ့ ကွဲပြားခြားနားတဲ့အရောင်အသွေး အသွင်အပြင်တွေကို ဥယျာဉ်မှ Guide မှ တစ်ဆင့် လေ့လာခွဲခြားရှင်းပြပြီး နားထောင်မှတ်သားရင်း စိတ်လှုပ်ရှားစရာ အတွေ့အကြုံအသစ်တွေနဲ့အတူ အပန်းဖြေလေ့လာဖန်တီးနိုင်ကြမယ်။

🏕 ငှက်ကြည့်လေ့လာအပန်းဖြေပြီးတဲ့အခါ ဥယျာဉ်အလှ၊ ရေကန်အလှ၊ သဘာဝအလှတွေကို ခံစားကြည့်ရှုပြီး Camping Ground မှာ မိသားစု၊ သူငယ်ချင်းအပေါင်းအသင်းများနဲ့အတူ ပျော်ပျော်ပါးပါး နေ့လည်စာ သုံးဆောင်ရင်း ရွေးချယ်စရာများတဲ့ ဂိမ်းလေးတွေ ကစားကြမယ်၊ ဂစ်တာတီးပြီး သီချင်းလေးတွေ ဆိုကြမယ်၊ စက်ဘီးစီးနိုင်ကြမယ်။

⏰ ညနေ (၄) နာရီထိ ဥယျာဉ်အတွင်း လွတ်လွတ်လပ်လပ် စိတ်ကြိုက် အပန်းဖြေလည်ပတ်ခွင့်ရမယ်။

🍱 ပင်တိုင် Food Menu တွေဖြစ်ကြတဲ့
🔸လှော်ကားဥယျာဉ်ရဲ့ တမူထူးခြားတဲ့ လယ်တော Menu
🔸ဖက်ထမင်း များကို
👨‍👩‍👧‍👦 (၅) ယောက်
👨‍👩‍👧‍👦 (၁၀) ယောက်
👨‍👩‍👧‍👦 (၁၅) ယောက် ဆိုပြီး နှစ်သက်ရာ ရွေးချယ်အပန်းဖြေစားသောက်နိုင်ကြမယ်။

📣 ဒီလို စိတ်လှုပ်ရှားစရာ Activities တွေနဲ့ တစ်နေ့တာ ကုန်ဆုံးရင်း မြို့ပြရဲ့ မွန်းကြပ်မှုတွေကို ခေတ္တဖြေဖျောက်ချင်တယ်ဆိုရင်တော့ အခုပဲ booking တင်လိုက််တော့နော်🤗🤗🤗

For more information and Booking :
📞09 429998624, 09 423104231
📩 Chat Box






လှော်ကားဥယျာဉ်မှာ Camping လာရောက်ခဲ့သော International School တစ်ခုမှ ကျောင်းသား/သူများရဲ့ လှုပ်ရှားမှုပုံရိပ်များပဲ ဖြစ်...
22/11/2023

လှော်ကားဥယျာဉ်မှာ Camping လာရောက်ခဲ့သော International School တစ်ခုမှ ကျောင်းသား/သူများရဲ့ လှုပ်ရှားမှုပုံရိပ်များပဲ ဖြစ်ပါတယ်။

ကျောင်းသား/သူများဟာ လှော်ကားဥယျာဉ်အတွင်းရှိ Mini Zoo သို့လည်ပတ်ခြင်း🐅🦌 Trekking လမ်းလျှောက်ခြင်း👣 Camping Site ရှိ Tent များတွင် အနားယူခြင်း 🏕️ သဘာဝတောတွင်းလမ်းလျှောက်ခြင်း၊🚶စက်ဘီးစီးခြင်း🚴 ကြက်တောင်ရိုက်ခြင်း🏸 နေ့လည်စာလက်ဆုံစားခြင်းများ 🍱 ပြုလုပ်ခဲ့ကြပြီး ညနေပိုင်းမှာတော့ လှော်ကားဥယျာဉ်မှ ပျော်ရွှင်စွာထွက်ခွာခဲ့ကြပါတယ် 🚌

မိမိတို့ရဲ့ မိသားစု၊ သူငယ်ချင်းတွေနဲ့ Camping ထွက်မယ်၊ Trekking ‌လျှောက်မယ်ဆိုရင်တော့ သဘာဝနဲ့အနီးစပ်ဆုံးထိတွေ့နိုင်ပြီး ကျယ်ဝန်းလှပတဲ့၊ သဘောကောင်းတဲ့ Trekking Guide တွေရှိတဲ့ လှော်ကားဥယျာဉ်ကို ကြွလှမ်းခဲ့ပါလို့ ဖိတ်ခေါ်လိုက်ပါတယ်၊🤗🤗🤗







မလေးရှားနိုင်ငံ၊ Penang၊ Taiping၊  Grand Baron Hotel တွင် (၅−၁၁−၂၀၂၃)ရက်နေ့မှ (၈−၁၁−၂၀၂၃)ရက်နေ့အထိ ကျင်းပပြုလုပ်သည့် အာရ...
16/11/2023

မလေးရှားနိုင်ငံ၊ Penang၊ Taiping၊ Grand Baron Hotel တွင် (၅−၁၁−၂၀၂၃)ရက်နေ့မှ (၈−၁၁−၂၀၂၃)ရက်နေ့အထိ ကျင်းပပြုလုပ်သည့် အာရှနှင့် အာဆီယံဒေသတွင်း တိရစ္ဆာန်ဥယျာဉ်များနှင့် ငါးပြတိုက်များအစည်းအရုံး (Southeast Asia Zoos and Aquariums Association-SEAZA) ၏ အကြိမ် (၃၁) ကြိမ်မြောက်ညီလာခံကို အစည်းအရုံးအဖွဲ့ဝင်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံမှ နိုင်ငံကိုယ်စားပြု Htoo Zoos and Gardens Business Unit မှ အမှုဆောင်အရာရှိချုပ် (CEO) နှင့် ဝန်ထမ်းများ၊ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်မှ ပါမောက္ခ (ဌာနမှူး)နှင့် သစ်တောဦးစီးဌာန (ရန်ကုန်တိုင်း)မှ ဒုတိယညွန်ကြားရေးမှူး၊ စုစုပေါင်း (၁၅) ဦး တက်ရောက်ခဲ့ကြပါတယ်။ အဆိုပါညီလာခံတွင် နိုင်ငံပေါင်း (၂၅) နိုင်ငံမှ တက်ရောက်သူ (၂၅၉) ဦးရှိခဲ့ပြီး သုတေသနစာတမ်းပေါင်း (၅၉) စောင် ဖတ်ကြားခဲ့ပါတယ်။ မြန်မာနိုင်ငံကိုယ်စားပြု Htoo Zoos and Gardens Business Unit မှ သုတေသနစာတမ်း (၄) စောင် ဖတ်ကြားတင်သွင်းခဲ့ပါတယ်။





🏕️ Camping Season is Here!!! 🤗❄️အေးမြတဲ့ ဆောင်းအငွေ့အသက်၊ လတ်ဆတ်တဲ့လေထုနဲ့ စိမ်းစိမ်းစိုစို‌ သစ်ပင်များအကြားမှာ ချစ်ရတဲ့...
13/11/2023

🏕️ Camping Season is Here!!! 🤗

❄️အေးမြတဲ့ ဆောင်းအငွေ့အသက်၊ လတ်ဆတ်တဲ့လေထုနဲ့ စိမ်းစိမ်းစိုစို‌ သစ်ပင်များအကြားမှာ ချစ်ရတဲ့ မိသားစု၊ သူငယ်ချင်းအပေါင်းအသင်းများနဲ့အတူ လာရောက်အပန်းဖြေ အနားယူချင်သူတို့အတွက် အားလုံးမျှော်လင့်နေကြတဲ့ လှော်ကားဥယျာဉ်ရဲ့ Camping ရာသီပြန်လည်ရောက်ရှိလို့ လာပါပြီ 🥳🥳🥳

⛺️တောအုပ်လေးထဲမှာ ရွက်ဖျင်တဲလေးထိုးပြီး သဘာဝရဲ့အရသာကို အပြည့်အဝခံစားရင်း အနားယူအပန်းဖြေကြမလား၊
⛹️မိသားစု၊ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါး ဂိမ်းလေးတွေ ကစားမလား၊
🎸ဂစ်တာတီးပြီး သီချင်းလေးတွေ ဆိုကြမလား၊
♟️Chessထိုးမလား၊ Scrabble ကစားမလား၊ ဒိုးဆက် (Domino) ဆက်ကြမလား၊
🏸ကြက်တောင်ရိုက်မလား၊ ခြင်းခတ်မလား ....စတဲ့ကစားနည်းမျိုးစုံထားရှိပေးထားမှာ ဖြစ်ပါတယ်။

🚶ကျန်းမာရေးအတွက်လည်း တောလမ်းကလေးတွေမှာ လမ်းလျှောက်လို့လည်းရမယ်၊

🚴‍♂️ စက်ဘီးစီးဝါသနာပါတဲ့ သူတွေအတွက်လည်း တောလမ်းကလေးမှာ စက်ဘီးစီးခွင့်ရမယ်၊

⏰ မနက် (၈) နာရီမှ ညနေ (၄) နာရီထိ ဥယျာဉ်အတွင်း စိတ်ကြိုက်အပန်းဖြေလည်ပတ်ခွင့်ရမယ့်အပြင်

🦌🐒 သဘာဝအတိုင်းကျက်စားနေတဲ့ တိရစ္ဆာန်လေးတွေကိုလည်း နီးနီးကပ်ကပ်အစာကျွေးနိုင်မှာ ဖြစ်ပါတယ်။

🍱 နေ့လည်စာအတွက်လည်း စိတ်ပူစရာမလိုပါဘူး။ အရသာကောင်းမွန်ပြီး တမူထူးခြားတဲ့ နေ့လည်စာများကို စီစဉ်ပေးထားတာမို့ မိသားစု၊ သူငယ်ချင်းတွေနဲ့အတူ ထမင်းလက်စုံစားနိုင်ပါတယ်။

📣 ဒီလို စိတ်လှုပ်ရှားစရာ Activity တွေနဲ့ တစ်နေ့တာ ကုန်ဆုံးချင်တယ်ဆိုရင်တော့ အခုပဲ Booking တင်လိုက််တော့နော်🥳🥳🥳

📞09 429998624, 09 423104231
📩 Chat Box မှာ စိတ်ကြိုက်ရက်လေးကို (၂) ရက်ကြိုတင် Booking ယူနိုင်ပါပြီနော် 🤗🤗🤗



“ကျန်းမာခြင်းသည် လာဘ်တစ်ပါး Trekking တူတူလုပ်စို့လား"နေ့စဉ်လှုပ်ရှားသွားလာရင်း ဖြစ်ပေါ်လာတဲ့ စိတ်ဖိစီးမွန်းကြပ်မှုတွေ ပြ...
10/11/2023

“ကျန်းမာခြင်းသည် လာဘ်တစ်ပါး Trekking တူတူလုပ်စို့လား"

နေ့စဉ်လှုပ်ရှားသွားလာရင်း ဖြစ်ပေါ်လာတဲ့ စိတ်ဖိစီးမွန်းကြပ်မှုတွေ ပြေလျော့သွားစေဖို့နဲ့ မြို့ပြရဲ့ ဆူညံရှုပ်ထွေးမှုတွေ ဝေးစေဖို့ လတ်ဆတ်သော လေထု၊ စိမ်းစိမ်းစိုစို သစ်ပင်များနဲ့ လွတ်လွတ်လပ်လပ် လှုပ်ရှားသွားလာ ကျက်စားနေတဲ့ ချစ်စရာ တိရစ္ဆာန်ငယ်လေးများကို ကြည့်ရင်း သဘာဝအလှတရားကိုအပြည့်အဝခံစားချင်သူများအတွက် မြို့နဲ့လည်း မဝေး၊ တောတွင်းစွန့်စားခရီး ခံစားချက်လည်း ရနိုင်မယ့် တစ်ခုတည်းသော နေရာလေးဖြစ်တဲ့ လှော်ကားဥယျာဉ်ရဲ့ Safari Adventure တစ်ခုဖြစ်တဲ့ Trekking Activity လေးကို မိတ်ဆက်ပေးချင်ပါတယ် 🤗🤗🤗

Trekking Activity လေးမှာတော့

🚏၃.၉ ကီလိုမီတာ အကွာအဝေးရှိတဲ့ လမ်းတိုနဲ့ ၇.၉ ကီလိုမီတာ အကွာအဝေးရှိတဲ့ လမ်းရှည်ဆိုပြီး နှစ်မျိုး ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။

⌚️လမ်းတိုမှာ (၁:၃၀) နာရီခန့် ကြာမြင့်မှာဖြစ်ပြီး လမ်းကြောင်းအရှည်ကို ရွေးချယ်ရင်တော့ (၄:၀၀) နာရီခန့် အချိန်ပေးရမှာဖြစ်ပါတယ်။ ⏳⏳⏳

ခရီးစဉ်တစ်လျှောက် အဆင်ပြေစေရန်အတွက် trekking guide, insect repellent, water bottles, soft drinks နဲ့ first aid kits လေးတွေ ပါ complimentary စီစဉ်ပေးထားတဲ့ အပြင် lunch package ပါ အပိုထပ်ယူလို့ရတာမို့ စိတ်လက်ပေါ့ပါးစွာ Trekking လုပ်နိုင်မှာဖြစ်ပါတယ်။ 🚶🚶🚶

သူငယ်ချင်းအပေါင်းအသင်းများနဲ့ အုပ်စုလိုက်ဖြစ်ဖြစ်၊ မိသားစုလေးနဲ့ ဖြစ်ဖြစ်၊ ချစ်ရသူလေးကို အနားမှာထား၍ ဖေးမပြီး ယှဉ်တွဲကာ လျှောက်ရင်း သဘာဝသစ်ပင်လျှိုတွေကြားထဲက ဖြတ်သန်းပြီး Trekking @ Hlawga Park အစီအစဉ်လေး ကို လာရောက် ခံစားကြဖို့ ဖိတ်ခေါ်ပါတယ်။ 🤗🤗🤗

For more information and Booking :

📞09 429998624, 09 423104231

📩 Chat Box



“လူနှင့်ဆင် သင့်မြတ်ရေး သို့မဟုတ် ဆင်တွေနဲ့ငြိမ်းချမ်းအောင်ဘယ်လိုနေမလဲ”မြန်မာနိုင်ငံ ကျေးလက်ဒေသအများအပြားတွင် တောရိုင်းဆ...
02/11/2023

“လူနှင့်ဆင် သင့်မြတ်ရေး သို့မဟုတ် ဆင်တွေနဲ့ငြိမ်းချမ်းအောင်ဘယ်လိုနေမလဲ”

မြန်မာနိုင်ငံ ကျေးလက်ဒေသအများအပြားတွင် တောရိုင်းဆင်များနှင့် လူတို့သည် အိမ်နီးချင်းများပမာ နီးနီးကပ်ကပ် နေထိုင်ကြရပါတယ်။ ဆင်တို့နေထိုင်ကျက်စားရာဒေသများတွင် လူအများကတောင်ယာများချဲ့ထွင်ခြင်း၊ အခြေချနေထိုင်လာခြင်းများကြောင့် လူနှင့်ဆင် မကြာခဏပဋိပက္ခဖြစ်ပွားကြပြီး နှစ်ဖက်စလုံးတွင် သေကျေထိခိုက်မှုများရှိလာကြပါတယ်။ ဆင်များ၏တိုက်ခိုက်မှုကြောင့် နှစ်စဉ် ဒါဇင်နှင့်ချီသောလူအများသေကျေရသကဲ့သို့ လူတို့၏ လက်တုံ့ပြန်မှုကြောင့် ဆင်ကောင်ရေများစွာ အသက်ဆုံးရှုံးကြရပါတယ်။

ဆင်များ၏မူလနေထိုင်ရာဒေသများတွင် လာရောက်အခြေချနေထိုင်ကြသော လယ်သမားအများစုမှာ တောဆင်ရိုင်းများနှင့် နီးကပ်စွာ နေထိုင်ဖူးသော အတွေ့အကြုံမရှိကြပါ။ သူတို့၏စိတ်ထဲတွင် ဆင်များကို ကျူးကျော်ဝင်ရောက်သူ လူသတ်သမားများအဖြစ် စွဲထင်နေတတ်ပါတယ်။ ဆင်တို့၏ အမူအကျင့်များကို နားလည်ထားခြင်းဖြင့် မိမိတို့၏သီးနှံနှင့်အိမ်များဆုံးရှုံးရခြင်း၊ အသက်ဘေးကြုံတွေ့ရခြင်းမှ ရှောင်ရှားနိုင်ပါတယ်။

ဆင်တို့သည် အသံမျိုးစုံအသုံးပြုပြီး ဆက်သွယ်နိုင်စွမ်းရှိကြပါတယ်။ ဆင်များသည် အလွန်နိမ့်သော အသံလှိုင်းဖြင့် အလွန်ဝေးကွာသော အရပ်ရှိ အခြားဆင်တစ်ကောင်ကို အဆက်အသွယ်လုပ်နိုင်ပါတယ်။ လူတို့မကြားနိုင်သော အသံလှိုင်းအား မြေပြင်ကို ခြေဖြင့်ယက်ပြီး အဝေးမှ ဆင်အုပ်ကို အဆက်အသွယ်ပြုလေ့ရှိပါတယ်။

ဆင်လိုက်ခံရပါက လုံလောက်သောကြံ့ခိုင်မှုရှိသည့် သစ်ပင် သို့မဟုတ် တောင်ကုန်းပေါ်သို့ တက်ပြေးပါ။ တောင်ကုန်းလျှောစောက်သည် ဆင်၏ပြေးအားကို နှေးကွေးသွားစေပါတယ်။ မြေပြန့်တွင် ‌ဆင်လိုက်ခံရပါက မြွေလိမ်မြွေကောက်ပြေးခြင်းဖြင့် ဆင်၏စိတ်ကို ရှုပ်ထွေးသွားအောင်လုပ်ပါ။ ဆင်များသည် အမြင်အာရုံသိပ်မကောင်း၍ ဆင်လိုက်ခံရပြီး မိမိအနားသို့ရောက်လာလျှင် အပေါ်အင်္ကျီ၊ ဦးထုပ်၊ အိတ် သို့မဟုတ် သစ်ကိုင်းတခုခုကို အဝေးသို့ လွှင့်ပစ်လိုက်ပါက ဆင်သည် ထိုအရာကို သွားတိုက်ခိိိုက်လိမ့်မည်။ ထိုအခါ အဝေးသို့ရောက်အောင်ပြေးပါ။

ဆင်တို့၏အနံ့ခံစွမ်းရည်ကောင်းသဖြင့် ဆင်၏လေညာအရပ်တွင် မည်သည့်အခါမှ မနေသင့်ပါ။ လေညာ/‌လေအောက်သိစေရန် ဖုန်မှုန့် သစ်ရွက်ခြောက်တို့ကို လေ‌ထဲမြှောက်ပစ်လိုက်ပါက လေအောက်ဘက်သို့ ဖုန်မှုန့်၊ သစ်ရွက်ခြောက်များ လွင့်သွားသည်ကို မြင်နိုင်ပါတယ်။ ဆင်တို့၏အကြားအာရုံအလွန်ကောင်းသဖြင့် တနေရာရာတွင် ပုန်းနေမည်ဆိုလျှင် အသံလုံးဝမထွက်အောင်နေပါ။

ညနေစောင်း၊ ညပိုင်းနှင့် မနက်ဝေလီဝေလင်းအချိန်များတွင် သွားလာခြင်းကို တတ်နိုင်သလောက် ရှောင်ကြဉ်ပါ။ မလွှဲမရှောင်သာ သွားရပါက သတိကြီးစွာထား၍ သွားလာပါ။ စကားမပြောဘဲ မကြာခဏရပ်၍ ထူးခြားသော အသံဗလံများကို နားစွင့်ပါ။ တောတိုးသံ၊ ကဆုန်ပေါက်သံများနှင့် မြေကြီးတုန်ခါသံများကြားရပါက ထိုအသံများနှင့် ဆန့်ကျင်ဘက်သို့ သွားပါ။ စပါးရှင်သန်ချိန်တွင် အိမ်အနားမှာ လုံလောက်သော အမြင့်၊ အလုံးအထည်နှင့် ကြံခိုင်မှုရှိသော သစ်ပင် သို့မဟုတ် ဝါးရုံမှာ လင့်စင်ထိုး၍ အိပ်ပါ။

စပါးစိုက်ရာသီရောက်လျှင် အသက်အန္တရာယ်ထိခိုက်ခြင်း မကြုံတွေ့စေရန် ကျွမ်းကျင်သူများ၏အကူအညီဖြင့် ယာယီလျှပ်စစ်ခြံစည်းရိုးတပ်ဆင်ပါ။အသေတပ်ဆင်ထားလျှင် ထိန်းသိမ်းစောင့်ရှောက်စရိတ် ကုန်ကျနိုင်ပြီး ဆင်များက လူမရှိတဲ့အချိန်မှာ ဖျက်ဆီးနိုင်ပါတယ်။ စပါးရိတ်သိမ်းပြီးပါက ခြံစည်းရိုးများကိုဖြုတ်၍ အိမ်တွင်သိမ်းဆည်းထားပါ။ သို့မှသာ ရိတ်သိမ်းပြီးလယ်ကွင်းများတွင် ဆင်များ လွတ်လပ်စွာ လှုပ်ရှားခွင့်ရပြီး သီးနှံဖြစ်ထွန်းရာသီချိန်တွင် ကာကွယ်ရာရောက်ပါမယ်။

ဆင်နှင့်ပတ်သက်သောသတင်းများကို
(၁)ဖုန်းဖြင့်ဆက်သွယ်အကြောင်းကြားခြင်း
(၂)အသံချဲ့စက်ဖွင့်၍အသိပေးခြင်း
(၃)အသိပေးဆိုင်းဘုတ်ထောင်ခြင်း
(၄)စာတိုပို့၍သတင်းပေးခြင်း
စသည့်နည်းလမ်းများအသုံးပြုပြီး အချင်းချင်းမျှဝေသင့်ပါတယ်။

ဆင်တို့သည် မြက်စားသတ္တဝါများဖြစ်သည့်အတွက် အစားအစာကိုအလွယ်တကူရှာဖွေနိုင်ပြီး အပင်မှန်သမျှ အရွယ်မရွေး မြက်ပင်မှ အစပြု၍ အပင်ကြီးများအထိ စားသောက်ကြပါတယ်။ အရွယ်ရောက်ပြီး အာရှဆင်တစ်ကောင်ဟာ တစ်နေ့အတွက် အစာပိဿာ (၁၀၀) နဲ့ ရေ ၅ ဂါလံ ပုံး (၃၀) ခန့်လိုအပ်ပါတယ်။ ဆင်တို့၏အနံခံစွမ်းရည် အလွန်ကောင်းသဖြင့် ရိတ်သိမ်းပြီးစပါးများကို ဆန်စက်များတွင်ထားပြီး လိုသလောက်ကိုသာ ဆင်တို့အလှမ်းမမီနိုင်သည့် လင့်စင်ထက်တွင်ထားပါ။ ဆင်တို့သည် နနွင်းမှုန့်၊ နှမ်း၊ ချင်း၊ ငရုတ်၊ သံပုရာသီး၊ ဂုံလျှော်ပင်တို့ကို မကြိုက်သဖြင့် မိမိစိုက်ခင်းပတ်လည်တွင် ငရုတ်စိုက်ခင်းကျယ်ကျယ် စိုက်ပျိုးသည့်နည်းလမ်းမှာ ဆင်မလာစေရန် ရိုးရှင်းသောနည်းလမ်းပင်ဖြစ်ပါတယ်။

ဆင်ထီးတစ်ကောင်သည် ၁၅ နှစ်နှင့် နှစ်၂၀ ကြားတွင် မုန်ယိုခြင်းအစပြုပြီး မုန်ယိုနေသည့်အချိန်တွင် စိတ်ရိုင်းဝင်နေတတ်သဖြင့် အလွန်အန္တရာယ်များပါတယ်။ တကိုယ်ရေ ဆင်ထီးများသည် မြင်မြင်ရာကို ကျူးကျော်တိုက်ခိုက်ပြီး ဆင်အမကို ခြေဦးတည့်ရာ ပြေးလွှားရှာဖွေနေတတ်ပါတယ်။

ဆင်များသည် ကမ္ဘာပေါ်တွင် ထိုးထွင်းဉာဏ်ရှိပြီး အသိဉာဏ်မြင့်မားသည့်အပြင် စဉ်းစားတွေးခေါ်တတ်သော သတ္တဝါများထဲတွင်ပါဝင်ပါတယ်။ ဆင်များကို ယဉ်ကျေးမှုအထိမ်းအမှတ်တစ်ခုအနေနှင့် နေရာပေးဆက်ဆံလေ့ရှိပါတယ်။ အာရှနိုင်ငံအချို့တွင်လည်း ကမ္ဘာလှည့်ခရီးသည်များကို ဆွဲဆောင်ခြင်းဖြင့် တောရိုင်းသတ္တဝါထိန်းသိမ်းရေးအတွက် ရန်ပုံငွေများရရှိစေပါတယ်။

သက်ရှိသတ္တဝါများဖွဲ့စည်းတည်ဆောက်မှုနှင့် ရှင်သန်ရေးအတွက် အဓိကကျသော ဆင်များသည် သူတို့ရောက်ရာအရပ်တွင် အပင်များကို ရှင်သန်စေသည့် ဥယျာဉ်မှူးနှင့်‌ မြေယာပြုပြင်ရေးသမားများ ဖြစ်ကြပါတယ်။
အရေးတကြီး ထိန်းသိမ်းမှုမရှိပါက မျိုးဆက်တစ်ခုအတွင်း၌ ဆင်များ မျိုးတုံးသွားနိုင်ပါသဖြင့် ကျေးလက်နေ ပြည်သူလယ်သမား၊ တောင်ယာသမားများ သိထားသင့်ပါတယ်။ မြန်မာနိုင်ငံတွင် ဆင်များကို “အပြည့်အဝကာကွယ်စောင့်ရှောက်ထားသည့်တိရစ္ဆာန်” အဖြစ် သတ်မှတ်ထားပြီး မည်သူမဆို ဆင်တစ်ကောင်သတ်လျှင် ထောင်ဒဏ် (၁၀)နှစ် အပြစ်ပေးခံရမှာ ဖြစ်ပါတယ်။ လူသားများတို့နေထိုင်ရာ ကမ္ဘာမြေတည်တံ့စေဖို့ ဆင်များကို မေတ္တာထားထိန်းသိမ်းကြရန် အထူးလိုအပ်ပါတယ်။

ဆင်များကို ဥပဒေမဲ့သတ်ဖြတ်ခြင်းမှ ကာကွယ်ရန် သစ်တောရေးရာဝန်ကြီးဌာနမှ ဝန်ထမ်းများက ကင်းလှည့်ပေးနေကြပါတယ်။ သီးနှံများကို ဖျက်ဆီးတတ်ပြီး အန္တရာယ်ရှိသော ဆင်ရိုင်းများကို တောတွင်းသို့ ပြန်လည်မောင်းထုတ်ခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိပါတယ်။ အစိုးရမဟုတ်သော လူမှုအဖွဲ့အစည်းများမှလည်း ဆင်နှင့်လူအကြား ပဋိပက္ခများလျော့ပါးလာစေရန် နည်းလမ်းများကို ရှာဖွေအကူအညီပေးလျက်ရှိပါတယ်။





“ဝါလကင်းလွတ် သီတင်းကျွတ်”မြန်မာသက္ကရာဇ် (၁၃၈၅)ခုနှစ်၊ တနင်္ဂနွေနေ့တွင်ကျရောက်‌သော" သီတင်းကျွတ်လပြည့် ( အဘိဓမ္မာအခါတော်နေ...
29/10/2023

“ဝါလကင်းလွတ် သီတင်းကျွတ်”

မြန်မာသက္ကရာဇ် (၁၃၈၅)ခုနှစ်၊ တနင်္ဂနွေနေ့တွင်ကျရောက်‌သော" သီတင်းကျွတ်လပြည့် ( အဘိဓမ္မာအခါတော်နေ့) နေ့ထူးရက်မြတ်အခါသမယ တွင် မြန်မာပြည်သူပြည်သားအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာစေကြောင်း လှော်ကားဥယျာဉ် မိသားစုမှ ဆုတောင်းမေတ္တာပို့သအပ်ပါသည်။ 🙏🙏🙏




🎵🎶🎼သံစဉ်တွေနဲ့ရွက်လွှင့်ဖို့ လှော်ကားဥယျာဉ်မှာဆုံကြစို့ 🤗🤗🤗
26/10/2023

🎵🎶🎼သံစဉ်တွေနဲ့ရွက်လွှင့်ဖို့ လှော်ကားဥယျာဉ်မှာဆုံကြစို့ 🤗🤗🤗

ဓါတ်ပုံရိုက်ရင်း လက်​ဆောင်ယူရင်း သံစဉ်တွေနဲ့အတူ အပန်းဖြေရွက်လွှင့်နိုင်မယ့် စစ်မြင်းရဲ့ အစီအစဉ် ‼️🤩

အခုလာမယ့် သီတင်းကျွတ်အားလပ်ရက်မှာ...😊
လှော်ကားဥယျာဉ်ကို လာရောက်အပန်းဖြေမယ့်သူတွေအတွက်...🤗
သတင်းကောင်းလေး လက်တို့ချင်လို့ပါ !!🤝

စစ်မြင်းက လှော်ကားဥယျာဉ်ရဲ့ စခန်း (၃) Monkey Bar မှာအတူတူရှိနေမှာဖြစ်ပြီး...☺️

သံစဉ်တွေနဲ့ စီးမျောခံစားနိုင်ဖို့ NOISE GATE Band ကိုလည်း စီစဉ်ပေးထားမှာဖြစ်ပါတယ်...🎶🤯

‼️🥳ဒါတွေအပြင် War Horse Free ရနိုင်မယ့် အစီအစဉ်လေးလည်း ရှိပါသေးတယ်နော်🥳‼️

ဘယ်လိုပါဝင်ရမလဲဆိုတော့🤔
👉စစ်မြင်းရဲ့ Photobooth လေးမှာ အမှတ်တရ ဓါတ်ပုံလေးဝင်ရိုက်
👉ရိုက်ထားတဲ့ ဓါတ်ပုံကို Facebook မှာ “သင်းပျံ့ညက်​ညော ချိုမြိန်တဲ့ခံစားမှုအတွက် မြန်မာ့သဘာဝ စစ်မြင်းရှိပါတယ်...” ဆိုတဲ့ စာသားလေးနဲ့အတူ ပိုစ့်တင်လိုက်ပြီဆိုတာနဲ့
👉War Horse Free လက်ဆောင်ရရှိမှာပဲ ဖြစ်ပါတယ် !!😋

‼️ဒီ​နေရာမှာ တစ်ခု​တော့ သတ်မှတ်ထားပါရ​စေ​နော်...
အသက် ၁၈ - ၃၀ အတွင်းကိုသာ ​လက်​ဆောင်စီစဥ်​ပေးမှာပဲ ဖြစ်ပါတယ်‼️

🗓War Horse Free အစီအစဉ်လေးကတော့ ၂၈ ရက်နေ့တစ်ရက်တည်းရှိနေမှာဖြစ်ပြီး...
🗓NOISE GATE Band ကတော့ ၂၈ ရက်နေ့နဲ့ ၂၉ ရက်နေ့ (၂) ရက်တူတူရှိနေမှာ ဖြစ်ပါတယ် !!

ဆိုတော့ သံစဉ်လေးတွေနားထောင်ရင်း War Horse Free သောက်ရင်း အပန်းဖြေဖို့ Save The Date နော် ကိုယ့်လူတို့ !!😁


#စစ်မြင်း

#လှော်ကား

“တွားသွားသတ္တဝါ ထိန်းသိမ်းရေးအသိပညာမြှင့်တင်သည့်နေ့”(Reptile Awareness Day)နှစ်စဉ် အောက်တိုဘာလ (၂၁) ရက်ကို တွားသွားသတ္တဝ...
21/10/2023

“တွားသွားသတ္တဝါ ထိန်းသိမ်းရေးအသိပညာမြှင့်တင်သည့်နေ့”
(Reptile Awareness Day)

နှစ်စဉ် အောက်တိုဘာလ (၂၁) ရက်ကို တွားသွားသတ္တဝါများထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် တန်ဖိုးထားလေးစားမှုမြှင့်တင်သည့်နေ့ဖြစ်ပြီး တွားသွားသတ္တဝါများ၏အကြောင်းကို အသိပညာပေးသည့်နေ့ ဖြစ်ပါတယ်။ ပညာပေးဟောပြောရေး ကြိုးပမ်းမှုများမှတစ်ဆင့် ဤစိတ်ဝင်စားဖွယ်ကောင်းသော တွားသွားသတ္တဝါများအကြောင်း၊ အမှန်တရားနှင့် နားလည်မှုကို ပြန့်ပွားစေနိုင်ပါတယ်။
တွားသွားသတ္တဝါများ “Reptiles” ဟူသောဝေါဟာရသည် လက်တင်ဘာသာစကား “Repton”မှ ဆင်းသက်လာပြီး အဓိပ္ပါယ်မှာ “Creep” တွားသွားခြင်းဟူသော ရွေ့လျားမှုပုံသဏ္ဍာန်ကိုကြည့်၍ အမည်ပေးထားခြင်းဖြစ်ပါတယ်။ ထို့ကြောင့် မျိုးပေါင်း (Class-Reptilia) တွင်ပါဝင်သော သတ္တဝါများကို တွားသွားသတ္တဝါများ “Reptiles” ဟုခေါ်ပါတယ်။ တွားသွားသတ္တဝါများသည် ကမ္ဘာ့ကုန်းမြေပေါ်တွင် လုံးလုံးလျားလျား အောင်မြင်စွာ နေထိုင်ကျက်စားနိုင်သော ပထမဦးဆုံး ကျောရိုးရှိသတ္တဝါများ ဖြစ်ကြပါတယ်။
တွားသွားသတ္တဝါမျိုးပေါင်းတွင် မိကျောင်း (Crocodile and Alligator) ၊ လိပ် (Turtle and Tortoise)၊ ပုတ်သင်မျိုးနွယ်များနှင့် မြွေ (Lizard and Snake) ၊ ပုတ်သင်နှင့်တူသောတွားသွားသတ္တဝါ (Tuatara) ဟူ၍ မျိုးစဉ် (၄) မျိုးရှိပါတယ်။
တွားသွားသတ္တဝါများကို ဒဏ္ဍာရီ၊ ပုံဝတ္တုများနှင့် ရုပ်ရှင်ဇာတ်လမ်းများတွင် ကြောက်စရာကောင်းစေရန်နှင့် သဘာဝလွန်စွမ်းအင်များကို ပိုင်ဆိုင်ထားကြသည်ဟု ပုံဖော်ရေးသား ရိုက်ကူးကြသဖြင့် လူအများသည် တွားသွားသတ္တဝါများကို ရွံ့ရှာမုန်းတီးကြောက်ရွံ့နေကြပါတယ်။
တွားသွားသတ္တဝါများသည် သဘာဝဂေဟဗေဒစနစ်တွင် ကျရာအခန်းကဏ္ဍမှ လူသားတို့အသက်ရှင်နေထိုင်နိုင်ရေးအတွက် အထောက်အကူပြုနေကြသူများ (Life Support System) ဖြစ်သဖြင့် တွားသွားသတ္တဝါ ထိန်းသိမ်းရေးအသိပညာမြှင့်တင်ရေးနေ့တွင် ထိန်းသိမ်းရေးအသိအမြင်များ တိုးပွားစေရန် ရည်ရွယ်၍ တိုက်တွန်းရေးသားနှိုးဆော်လိုက်ပါတယ်။



“တိရစ္ဆာန်လေးတွေကို အစာကျွေးမယ်    လှော်ကားဥယျာဉ်မှာ အတူလျှောက်လည်”🌳🌳🌳 သစ်ပင်များနှင့်  စိမ်းစိုသာယာလှပပြီး မြို့ပြရဲ့ မ...
13/10/2023

“တိရစ္ဆာန်လေးတွေကို အစာကျွေးမယ် လှော်ကားဥယျာဉ်မှာ အတူလျှောက်လည်”

🌳🌳🌳 သစ်ပင်များနှင့် စိမ်းစိုသာယာလှပပြီး မြို့ပြရဲ့ မွန်းကြပ်ဆူညံမှုနဲ့ဝေးရာမှာရှိတဲ့ လှော်ကားဥယျာဉ်ဟာ သဘာဝကို ချစ်မြတ်နိုးသူတိုင်းအတွက် လည်ပတ်အပန်းဖြေ အနားယူစရာ နေရာတစ်ခုပါ။ 😌😌😌

🐒🐂🦌တိရစ္ဆာန်လေးတွေကို အစာကျွေးချင်တဲ့ တိချစ်သူတွေ သဘောကျနှစ်ခြိုက်တဲ့ နေရာတစ်ခုလည်းဖြစ်ပါတယ်။ ☺️☺️☺️

🦌🦌🦌သဘာဝအတိုင်းလွှတ်ထားပြီး လူနဲ့ယဉ်ပါးနေတဲ့ ဆတ်လေးတွေ၊ဒရယ်လေးတွေ၊
🐂🐂🐂လူလာရင် အမြဲကြိုနေတတ်တဲ့ နွားနောက်ကြီးတွေနဲ့
🐒🐒🐒အဆော့သန်တဲ့ မျောက်ကလေးတွေကို အစာကျွေးရင်း ချစ်ရတဲ့ မိသားစု ၊ အပေါင်းအသင်းများနှင့်အတူတူ လှော်ကားဥယျာဉ်ကြီးဆီသို့ လာရောက်အပန်းဖြေ အနားယူလည်ပတ်ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်။ 🤗🤗🤗


အပြည်ပြည်ဆိုင်ရာတိရစ္ဆာန်ထိန်းများနေ့ (International Zookeeper Day )🦁 တိရစ္ဆာန်များ၏ ကောင်းကျိုးချမ်းသာကို ဖော်ဆောင်ပေးန...
04/10/2023

အပြည်ပြည်ဆိုင်ရာတိရစ္ဆာန်ထိန်းများနေ့ (International Zookeeper Day )

🦁 တိရစ္ဆာန်များ၏ ကောင်းကျိုးချမ်းသာကို ဖော်ဆောင်ပေးနေသူများကို တိရစ္ဆာန်ထိန်းများ ဟုခေါ်ဆိုပါတယ်။

🐻 တိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်သူများသည် တိရစ္ဆာန်များကို အဓိကတာဝန်ယူစောင့်ရှောက်ပေးနေသူများဖြစ်ပြီး တိရစ္ဆာန်များ၏ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာစေရန်အတွက်သာမက တိရစ္ဆာန်ဥယျာဉ်များ၏ ရည်ရွယ်ချက်များဖြစ်သည့် တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေးလုပ်ငန်း၊ ပညာပေးလုပ်ငန်းများနှင့် သုတေသနလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်စေရန် အဓိက အထောက်အကူပြုပေးနေသူများလည်း ဖြစ်ကြပါတယ်

🐯 တိရစ္ဆာန်ထိန်းများ၏ ဝါသနာ၊ အနစ်နာ၊ လုပ်ငန်းကျွမ်းကျင်မှုတို့ဟာတိရစ္ဆာန်ဥယျာဉ်များ၏ရည်ရွယ်ချက်များကို အကောင်အထည်ဖော်ရေးနှင့် ဇီဝမျိုးစုံ မျိုးကွဲ ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်‌ရေးတွင် ရှေ့တန်းမှ တာဝန်ယူဆောင်ရွက်ပေးနေရသောသူများ ဖြစ်ကြပါတယ်၊

🐘ကမ္ဘာပေါ်ရှိ တိရစ္ဆာန်ဥယျာဉ်များတွင် တိရစ္ဆာန်များ၏ ကောင်းကျိုးချမ်းသာကို အကောင်အထည်ဖော် ဆောင်ရွက်ပေးနေသော တိရစ္ဆာန်ထိန်း (Zoo Keepers) များကို ဂုဏ်ပြုသောအားဖြင့် နှစ်စဉ် အောက်တိုဘာလ (၄) ရက်နေ့ကို အပြည်ပြည်ဆိုင်ရာတိရစ္ဆာန်ထိန်းများ နေ့အဖြစ် သတ်မှတ်ထားပြီး တိရစ္ဆာန်ထိန်းများ၏ ကြိုးစားအားထုတ်မှုအားလုံးကို အသိအမှတ်ပြုတဲ့ နေ့တစ်နေ့လည်း ဖြစ်ပါတယ်။



🌳 လှော်ကားဥယျာဉ်ကို 🗓️ ၁၉၈၉ ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက်နေ့တွင် 👪 အများပြည်သူ 🧑‍🤝‍🧑 အပန်းဖြေအနားယူနိုင်စေရန်နှင့် 🐮🐒🦜 သဘာဝ...
29/09/2023

🌳 လှော်ကားဥယျာဉ်ကို 🗓️ ၁၉၈၉ ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက်နေ့တွင် 👪 အများပြည်သူ 🧑‍🤝‍🧑 အပန်းဖြေအနားယူနိုင်စေရန်နှင့် 🐮🐒🦜 သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာဗဟုသုတများရရှိစေရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သည်မှာ ယနေ့ဆိုလျှင် (၃၄) နှစ် 🎉 တိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။

👪 အများပြည်သူ အနားယူနိုင်စေရန် ☘️ စိမ်းလန်းသာယာသောဥယျာဉ်တစ်ခုအဖြစ်လည်းကောင်း၊

🍀 သဘာဝဥယျာဉ်ထဲတွင် ပိုမိုကောင်းမွန်သော 🚣 အပန်းဖြေအနားယူနိုင်မည့် ဝန်ဆောင်မှုများ၊ အစီအစဉ်များဖြင့်လည်းကောင်း၊

🌳 သဘာဝပတ်ဝန်းကျင်နှင့် 🐒🐮🐘 တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေးအသိအမြင်များ တိုးပွားလာစေရန် ပိုမိုကောင်းမွန်သော အသိပညာပေးလုပ်ငန်းများဖြင့် ဝန်ဆောင်မှုများပေးနိုင်ရန်လည်းကောင်း၊

👪 အများပြည်သူ စိတ်အေးချမ်းသာစွာ အနားယူအပန်းဖြေ လည်ပတ်နိုင်ဖို့အတွက် 🌳 လှော်ကားဥယျာဉ်မှ အစဉ်အမြဲ ကြိုးစားဆောင်ရွက်လျက်ရှိပြီး ၊🍀🦜🧘သဘာဝရဲ့အရသာကို လာရောက်ခံစားကြည့်ဖို့လည်း ဖိတ်ခေါ်လိုက်ပါတယ်။🤗



🌎 ကမ္ဘာ့သန့်ရှင်းရေးနေ့ “World Cleanup Day” 🫧🌎 နှစ်စဉ် စက်တင်ဘာလရဲ့ တတိယမြောက် 🗓️ စနေနေ့ဟာ ကမ္ဘာ့သန့်ရှင်းရေးနေ့ “World ...
16/09/2023

🌎 ကမ္ဘာ့သန့်ရှင်းရေးနေ့ “World Cleanup Day” 🫧

🌎 နှစ်စဉ် စက်တင်ဘာလရဲ့ တတိယမြောက် 🗓️ စနေနေ့ဟာ ကမ္ဘာ့သန့်ရှင်းရေးနေ့ “World Cleanup Day” ဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းလုံးတွင် 🧹 စုပေါင်းအမှိုက်ကောက်ခြင်း၊ အမှိုက်အမျိုးအစားများ ခွဲခြားစွန့်ပစ်ခြင်း စတဲ့ သန့်ရှင်းရေးလှုပ်ရှားမှုတွေကို စည်စည်ကားကား ပြုလုပ်ကြပါတယ်၊

🌎 ရပ်ကွက်၊ မြို့ရွာများတင်မကပင်လယ်ကမ်းခြေ၊ မြစ်ချောင်း၊ တောတောင်များအထိ အမှိုက်များရှင်းလင်းပြီး သန့်ရှင်းစေရန်နှင့် ကမ္ဘာမြေသန့်ရှင်းရေးဟာ လူသားများအတွက်အလွန်အရေးကြီးကြောင်း အချင်းချင်းအသိပညာမျှ‌ဝေကြဖို့လိုအပ်ပါတယ်၊

🌎 ကမ္ဘာမြေကြီး သန့်ရှင်းကျန်းမာစေဖို့ ကမ္ဘာ့သန့်ရှင်းရေးနေ့မှာ မိမိကိုယ်တိုင်ကစပြီး ပတ်ဝန်းကျင်သန့်ရှင်းရေးကို အလေးထား ပါဝင်ဆောင်ရွက်ကြဖို့ တိုက်တွန်းလိုက်ပါတယ်၊🤗



🐮အလည်လာသူတွေကိုကြိုနေတတ်တဲ့ နွားနောက်ကြီးတွေ🐮🌳 လှော်ကားဥယျာဉ်မှာ သဘာဝအတိုင်း စိမ်းစိုနေတဲ့ 🌲 သစ်ပင် ⛰️ တောတန်းနဲ့ ရေကန်က...
14/09/2023

🐮အလည်လာသူတွေကိုကြိုနေတတ်တဲ့ နွားနောက်ကြီးတွေ🐮

🌳 လှော်ကားဥယျာဉ်မှာ သဘာဝအတိုင်း စိမ်းစိုနေတဲ့ 🌲 သစ်ပင် ⛰️ တောတန်းနဲ့ ရေကန်ကြီးရဲ့အလှကိုခံစားရင်းနဲ့ သဘာဝအတိုင်း လွှတ်ထားတဲ့ 🐒🦌🐮တိရစ္ဆာန်လေးတွေကိုလည်း 🍌🍉🥕🌽အစာကျွေးလို့ရပါတယ်၊

🐒 မျောက်ကလေးတွေ၊🦌သမင်လေးတွေအပြင် 🐮အရမ်းကိုယဉ်ပြီး ချစ်စရာ‌ကောင်းတဲ့နွားနောက်ကြီးတွေကိုပါ နီးနီးကပ်ကပ် တွေ့မြင်နိုင်တာမို့ 🌿 သဘာဝကိုခံစားရင်း တိရစ္ဆာန်လေး တွေနဲ့ တွေ့ဆုံနိုင်ဖို့ လှော်ကားဥယျာဉ်ကို လာရောက်လေ့လာ အနားယူ အပန်းဖြေ လည်ပတ်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။🤗



🌧️💦 မိုးရာသီရဲ့အရသာ SUPစီးရင်းရှာဖွေပါ 🚣🤗နွေရာသီလို🥵နေတွေပူလွန်းလို့ 🚣 SUPစီးဖို့ ညနေထိ စောင့်စရာမလိုတော့ဘူးနော်၊☺️☁️ အု...
08/09/2023

🌧️💦 မိုးရာသီရဲ့အရသာ SUPစီးရင်းရှာဖွေပါ 🚣🤗

နွေရာသီလို🥵နေတွေပူလွန်းလို့ 🚣 SUPစီးဖို့ ညနေထိ စောင့်စရာမလိုတော့ဘူးနော်၊☺️

☁️ အုံ့မှိုင်းနေတဲ့ ကောင်းကင်ကြီးရဲ့အောက်မှာပဲဖြစ်ဖြစ်၊🌧️တဖွဲဖွဲကျနေတဲ့ မိုးစက်လေးတွေရဲ့အောက်မှာပဲဖြစ်ဖြစ်၊

🌳စိမ်းစိုလှပတဲ့သစ်ပင် 🌲တောတန်းနဲ့သဘာဝတရားကိုခံစားရင်း၊ 🪷 စိတ်ဖိစီးမှုတွေ ဖြေဖျောက်ဖို့ ... အတွေးသစ် အမြင်သစ် ခွန်အားအသစ်တွေရရှိဖို့ ...😎

🚣 ရေပြင်အကျယ်ကြီးမှာ SUP စီးရင်း မိုးရာသီရဲ့အရသာကို ခံစားကြပါစို့။😎🤗🤗

For more information and Booking :
📞 09 429998624, 09 423104231






🪶 အပြည်ပြည်ဆိုင်ရာ လင်းတထိန်းသိမ်းရေး အသိပညာမြှင့်တင်ရေးနေ့ 🪶(International Vulture Awareness Day)🪶 ကမ္ဘာပေါ်တွင် ကမ္ဘာဟ...
02/09/2023

🪶 အပြည်ပြည်ဆိုင်ရာ လင်းတထိန်းသိမ်းရေး အသိပညာမြှင့်တင်ရေးနေ့ 🪶
(International Vulture Awareness Day)

🪶 ကမ္ဘာပေါ်တွင် ကမ္ဘာဟောင်းလင်းတနှင့် ကမ္ဘာသစ်လင်းတဟူ၍ နှစ်မျိုးခွဲခြားထားပြီး စုစုပေါင်း လင်းတမျိုးစိတ် (၂၃) မျိုးရှင်သန်ပေါက်ဖွားနေထိုင်ပါတယ်၊မြန်မာနိုင်ငံမှာတွေ့ရသော လင်းတ(၆)မျိုးမှာ လင်းတနှုတ်သီးရှည်၊ လင်းတကျောဖြူ၊ လင်းတခေါင်းနီ၊ ဟိမဝန္တာလင်းတ၊ လင်းတဖြူနှင့် လင်းတမဲတို့ဖြစ်ပါတယ်၊

🪶 မြန်မာနိုင်ငံမှာ လင်းတများကို ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်၊ ရှမ်း ပြည်နယ်တို့တွင် တွေ့ရှိရသော်လည်း အကောင်ရေ တဖြည်းဖြည်းလျော့နည်းကျဆင်းလာပြီး ၊ယခုအခါ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းတို့တွင်သာ တွေ့ရှိရပါတော့တယ်၊

🪶 လင်းတများဟာ ပတ်ဝန်းကျင်ရှိ အသေကောင်များနှင့် အခြားသော အော်ဂဲနစ်စွန့်ပစ်ပစ္စည်းများကို ရှင်းလင်းခြင်းဖြင့် အရေးကြီးသော ဂေဟစနစ်ဝန်ဆောင်မှုများကို ပေးနေသည့် ငှက်များလည်းဖြစ်ကြပါတယ်၊ သဘာဝတရားကြီးကိုလည်း အခမဲ့သန့်ရှင်းရေးပြုလုပ်ပေးနေသူများ 'Nature's Clean-Up Crew' ဟု တင်စားခေါ်ဝေါ်လေ့ရှိကြပါတယ်၊

🪶 လူသားတို့အတွက် ရောဂါဖြစ်လာနိုင်သော အသေကောင်ပုပ်များကို စားသုံးပေးခြင်းဖြင့် ခွေးရူးရောဂါနှင့် တီဘီရောဂါကဲ့သို့သောရောဂါများပျံ့ပွားမှုကို ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် လူသားများကို များစွာကူညီပေးနေသောငှက်များ ဖြစ်ကြပါတယ်၊

🪶 လင်းတများဟာ နေထိုင်ရာနေရင်းဒေသ သဘာဝပတ်ဝန်းကျင်ပြောင်းလဲလာခြင်း၊ လူအများ အခြေချနေထိုင်လာခြင်းနှင့် နေရင်း ဒေသများ ပျက်စီးဆုံးရှုံးလာခြင်း၊ ဓာတုဆေးဝါးများအသုံးပြုသည့်အတွက် အဆိပ်သင့်သေဆုံး နေသော အသေကောင်များကို စားသုံးမိခြင်း၊ အစားအစာရရှိရန် ခက်ခဲလာခြင်းတို့ကြောင့် လင်းတမျိုးစိတ် (၂၃) မျိုးအနက် ထက်ဝက်ကျော်သည် ခြိမ်းခြောက်မှုအမျိုးမျိုးနှင့် ရင်ဆိုင်နေကြရပြီး အချို့သောမျိုးစိတ်များမှာ မျိုးသုဉ်းလုနီးပါးအန္တရာယ်နှင့် ရင်ဆိုင်ကြုံတွေ့နေရသော အခြေအနေသို့ ရောက်ရှိနေပါတယ်၊

🪶 သဘာဝဂေဟစနစ် ထိန်းသိမ်းရေးတွင် အရေးပါသောအခန်းကဏ္ဍမှပါဝင်ပြီး သဘာဝပတ်ဝန်းကျင်ကို အခမဲ့သန့်ရှင်းရေးပြုလုပ်ပေးနေသည့်အပြင် ကူးစက်ရောဂါများကို မပြန့်ပွားစေရန် ထိန်းချုပ်ပေးနေသည့် လင်းတငှက်များ မျိုးသုဉ်းပျောက်ကွယ်မသွားစေရေး ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ရန်လိုအပ်ပါတယ်။



⛺ ဘန်ဂလိုမှာ အနားယူပြီး 🚣 SUP အခမဲ့စီးကြမယ် 🤗🤗🤗(Monsoon  Bungalow Promotion)🎉🎉🎉🌧️ မိုးလေးတဖွဲဖွဲရွာနေချိန်မှာ 🌳 သဘာဝအလှက...
25/08/2023

⛺ ဘန်ဂလိုမှာ အနားယူပြီး 🚣 SUP အခမဲ့စီးကြမယ် 🤗🤗🤗(Monsoon Bungalow Promotion)
🎉🎉🎉

🌧️ မိုးလေးတဖွဲဖွဲရွာနေချိန်မှာ 🌳 သဘာဝအလှကို ခံစားမလား🏞️

🌳 ကန်ရေပြင်ထက် ဖြတ်သန်းတိုက်ခတ်လာတဲ့ သန့်ရှင်းလတ်ဆတ်တဲ့ လေကောင်းလေသန့်ကို တဝကြီး ရှူရှိုက်ပြီး 👪 မိသားစု၊ 🧑‍🤝‍🧑👭သူငယ်ချင်းများနဲ့အတူ အပန်းဖြေအနားယူကြမလား၊

🌳 လှော်ကားဥယျာဉ်ထဲမှာရှိတဲ့ ကျယ်ဝန်းပြီး အေးချမ်းစွာအနားယူအပန်းဖြေနိုင်မယ့် 🛖‌ ဘန်ဂလိုလေးတွေကနေ ကြိုဆိုနေပါတယ်၊

❤️❤️❤️ အထူးအစီအစဉ်အနေနဲ့ ဩဂုတ်လကုန်အထိ မည်သည့် 🛖 ဘန်ဂလို အမျိုးအစားအတွက်မဆို လာရောက်တည်းခိုသူတိုင်းကို SUP (Stand Up Paddling) 🚣🚣🚣 မိနစ် ၃၀ အခမဲ့စီးနင်းခွင့် တစ်ကြိမ် ပေးအပ်သွားမှာဖြစ်ပါတယ်၊ 🤩

🛖 ဘန်ဂလိုလေးတွေမှာ 👪 မိသားစုနဲ့ပဲ ဖြစ်ဖြစ်၊🧑‍🤝‍🧑 သူငယ်ချင်းတွေနဲ့ပဲ ဖြစ်ဖြစ် အတူတူ လာရောက် အနားယူရင်း 🚣 SUPလေး စီးနင်းကာ ပျော်ပျော်ပါးပါး အပန်းဖြေကြရအောင် လှော်ကားဥယျာဉ်ဆီ လာရောက်လည်ပတ်ဖို့ ဖိတ်ခေါ်ပါတယ်၊ 🤗

အသေးစိတ်အချက်အလက်များကို သိရှိလိုပါက လှော်ကားဥယျာဉ် Page Chat Box
သို့မဟုတ် Hotline ဖုန်းနံပါတ်
📞 09-429998624
📞 09-423104231
ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။🤗








17/08/2023

🌳 လှော်ကားဥယျာဉ်သို့ လာရောက် အပန်းဖြေလည်ပတ်ကြတဲ့👪 ဧည့်သည်များအနေနဲ့ မိမိကိုယ်တိုင်လည်းဘဝအ‌မောများ ပြေပျောက်ပြီး 🫎🌲သဘာဝပတ်ဝန်းကျင်ကိုလည်း မထိခိုက်စေဖို့၊
🌳လှော်ကားဥယျာဉ်သို့ လာရောက်လည်ပတ်အခါ ✅ဆောင်ရန်၊🚫 ရှောင်ရန်လေးတွေကိုဖော်ပြလိုက်ပါတယ်၊🤗


&Don't

🐘ကမ္ဘာ့ဆင်များနေ့ 🐘(World Elephant Day, 12 August) 🐘 ဆင်များဟာ ကမ္ဘာပေါ်တွင် အကြီးဆုံးကုန်းနေနို့တိုက်သတ္တဝါဖြစ်ပြီး ကြီ...
12/08/2023

🐘ကမ္ဘာ့ဆင်များနေ့ 🐘
(World Elephant Day, 12 August)

🐘 ဆင်များဟာ ကမ္ဘာပေါ်တွင် အကြီးဆုံးကုန်းနေနို့တိုက်သတ္တဝါဖြစ်ပြီး ကြီးမားလှသည့် ခန္ဓာကိုယ်၊ ကြီးမားကျယ်ပြန့်သည့် နားရွက်များနှင့် ရှည်လျားသွယ်တန်းသော နှာမောင်းရှိကာ သူမတူကွဲပြားနေသည့် သတ္တဝါများဖြစ်ကြပါတယ်၊

🐘 ကြီးမားလှသည့် နှာမောင်းများဟာ အစာများကို ဆွဲယူစားသောက်နိုင်ခြင်း၊ ရေကိုစုပ်ယူ၍သောက်နိုင်ခြင်းနှင့် ပက်ဖြန်းနိုင်ခြင်းတို့တွင် အသုံးပြုပြီး ၊အစွယ်များသည် အပေါ်ရှေ့အံသွားများမှ ရှည်ထွက်လာခြင်းဖြစ်ကာ အရာဝတ္ထုများကို ရွှေ့ရန်နှင့် တူးဆွရန်အတွက် အသုံးပြုလေ့ရှိကြပါတယ်၊

🐘 ဆင်များနှင့် လူသားများဟာ လူ့ယဉ်ကျေးမှုသမိုင်းတစ်လျောက်မှာ ရှည်လျားစွာ အတူတကွ ဒွန်တွဲနေထိုင်လာခဲ့ပြီး မျက်မှောက်ခေတ်တွင်လည်း ဆက်လက်၍ အတူတကွ အကျိုးပြုနေထိုင်လျက်ရှိပါတယ်၊

🐘 ဆင်များဟာ ဥာဏ်ရည်မြင့်မားပြီး အသိဉာဏ်ရှိကာအမိန့်နာခံတတ်သည့် သတ္တဝါလည်း ဖြစ်ကြပါတယ်၊

🐘 အသီးအရွက်စားသတ္တဝါများဖြစ်ကြပြီး တစ်နေ့လျှင် (၁၈) နာရီကြာ အစာစားခြင်းဖြင့် အချိန်ကုန်လေ့ရှိကြကာ ၊မြက်များ၊ အမြစ်၊ အသီး၊ အရွက်၊ အခေါက်များကိုသာ အဓိကစားသုံးလေ့ရှိကြပါတယ်၊

🐘 လူသားများဟာ ဆင်စွယ်များကိုရယူလိုတဲ့အတွက် တရားမဝင် အလွန်အကျွံအမဲလိုက် သတ်ဖြတ်ခံနေရခြင်း၊ ဆင်များကျက်စားရာ နေရာများအား လူတို့မှ ကျူးကျော်အခြေချနေထိုင်လာခြင်းနှင့် စိုက်ပျိုးမြေများ ချဲ့ထွင်လာခြင်းတို့ကြောင့် နေရင်းဒေသများဆုံးရှုံးလာရသည့် အခြေအနေများကို ရင်ဆိုင် ကြုံတွေ့နေရပါတယ်၊

🐘 သဘာဝပတ်ဝန်းကျင်၊ ဂေဟစနစ်နှင့် လူသားတို့အတွက် အရေးပါလှသည့် ဆင်များအား ထိန်းသိမ်းကာကွယ်စောင့်ကြရန်၊

🐘 ဆင်များ၏ နေရင်းဒေသများအား ထိန်းသိမ်းရန်၊ အလွန်အကျွံအမဲလိုက်သတ်ဖြတ်ဖမ်းဆီးနေခြင်း၊ တရားမဝင် အရိုး၊ အသား၊ အရေခွံတို့နှင့် ဆင်စွယ်တို့အားရောင်းဝယ်ခြင်းမပြုကြစေရန်ရည်ရွယ်၍ နှစ်စဉ် ဩဂုတ်လ (၁၂) ရက်နေ့ကို ကမ္ဘာ့ဆင်များနေ့အဖြစ် သတ်မှတ်ကာ

🐘 "ဆင်များကိုကူညီရန် ကမ္ဘာကြီးကိုပေါင်းစည်းပါ" “Bringing the world together to help elephants” ဟူသည့် ဆောင်ပုဒ်ဖြင့် ကမ္ဘာနှင့်အဝှမ်း ကျင်းပပြုလုပ်ကြခြင်းဖြစ်ပါသည်။



Address

Mingalardon Township, Northern Part Of Htauk Kyant Quarter, Beside Of Yangon Pyay Highway Road
Yangon
11021

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00
Saturday 08:00 - 17:00
Sunday 08:00 - 17:00

Telephone

+959423104231

Alerts

Be the first to know and let us send you an email when Hlawga Park posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Hlawga Park:

Videos

Share

Category


Other Zoos in Yangon

Show All