Lucky Pups

Lucky Pups Pet foods, Supplies and Pet care

10/04/2022

မြန်မာ့မျိုးရင်းလိပ်မျိုးစိတ်များအား ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် မျိုးမတုံးစေဖို့ကာကွယ်တားဆီးပေးရန်ရည်ရွယ်ပြီး၊ ကျွန်တော်တို့မှ မျိုးရင်းလိပ်မျိုးစိတ်ခွဲခြားပေးတဲ့ Groupတစ်ခုကို WOMရဲ့ Groupခွဲတစ်ခုအဖြစ် ဖွင့်လှစ်ထားပြီးပြီဖြစ်ပါတယ်။ သဘာဝထဲမှာရှိတဲ့ မြန်မာ့မျိုးရင်းလိပ်များဟာ ဒေသအတော်များများမှာ ဒေသခံတွေရဲ့ ဖမ်းဆီးစားသောက်မှုဒဏ်၊ အမဲလိုက်မှုဒဏ်နှင့် နယ်စပ်ဒေသမှတစ်ဆင့် တရားမဝင်ကုန်သွယ်မှုဒဏ်တွေကို ခံနေရပြီး မျိုးတုံးတော့မယ့် အန္တရာယ်ကိုကြုံတွေ့နေရပါတယ်။ ဒါ့အပြင် မျိုးရင်းလိပ်များအား တွေ့ရှိပြီဆိုရင် ဖမ်းပြီး ဘုရားကန်တွေမှာလွှတ်ပေးကာ သဘာဝနဲ့မကိုက်ညီအောင်ထားတာမို့ မျိုးဆက်ပြတ်ကာ ပေါပေါလောလောတွေ့ရတဲ့ လိပ်လေးတွေတောင် အခုလိုအချိန်မှာ ရှားပါးနေပါပြီ။ ဒီလိုဖြစ်ရပ်တွေကို နည်းပါးသွားအောင်ရည်ရွယ်ပြီး လိပ်နဲ့ပတ်သက်တဲ့ ဗဟုသုတတွေဝေမျှဖို့၊ IDခွဲခြားပေးဖို့နဲတစ်တပ်တစ်အားထိန်းသိမ်းစောင့်ရှောက်ပေးဖို့ရန် ရည်ရွယ်ပြီး Turtles & Tortoises of Myanmarကို ဖွဲ့ထားပါတယ်ခင်ဗျ။ Joinထားပြီး ကိုယ့်ပတ်ဝန်းကျင်မှာ လိပ်လေးတွေတွေ့ရင် ပို့စ်တင်ပြီး IDခွဲခိုင်းနိုင်ပါပြီခင်ဗျ။

Joinရန်Link 👇🏻👇🏻

https://www.facebook.com/groups/1068174120446036/

Ostech can 400g, Nekko 70g, Toro creamy, Feline Pro တွေအသစ်ရောက်ပါပြီရှင် တိအသုံးအဆောင် အစာနှင့်ဆေးဝါးများကို စျေးနှုန်း...
14/03/2022

Ostech can 400g, Nekko 70g, Toro creamy, Feline Pro တွေ
အသစ်ရောက်ပါပြီရှင်

တိအသုံးအဆောင် အစာနှင့်ဆေးဝါးများကို စျေးနှုန်းချိုသာစွာဖြင့်ရောင်းချနေပါသည်

ရန်ကုန်မြို့တွင်းအိမ်ရောက်ငွေချေစနစ်ဖြင့်ပို့ဆောင်ပေးပါသည် K Pay, Wave pay ကို % ပေးရန်မလိုပါ
နယ်မြို့များမှ မှာယူပါက ငွေလွှဲဝင်ပြီး 3ရက်အတွင်းပို့ဆောင်ပေးပါသည်

မှာယူလိုပါက cb (or) 09 799277100 09 787296800 သို့ ဆက်သွယ်မှာယူနိုင်ပါသည်

Jerhigh 70g, Jerhigh Pouch, Sleeky Meaty Rings နှင့် Bingo Star တွေရောက်ပါပြီရှင့်မှာယူလိုပါက cb (or) 09 799277100      ...
23/01/2022

Jerhigh 70g, Jerhigh Pouch, Sleeky Meaty Rings နှင့် Bingo Star တွေရောက်ပါပြီရှင့်

မှာယူလိုပါက cb (or) 09 799277100
09 787296800

ရန်ကုန်မြို့တွင်း အိမ်ရောက်ငွေချေစနစ်ဖြင့်ပို့ဆောင်ပေးနေပါတယ်ရှင် Wave pay K Payတို့ဖြင့် %ပေးစရာမလိုပဲ ငွေပေးချေနိုင်ပါပြီရှင့်

နယ်မှ customerများကိုလဲ ငွေလွှဲပြီး ၃ရက်အတွင်းပို့ပေးပါတယ်ရှင့်

08/01/2022
ချည်သား ဂွမ်းသားနဲ့ ဂါဝန်လေး​တွေ​​ရောက်ပါပြီSizeစုံရှိပြီး sizeအလိုက်​စျေးကွာတာ​ကြောင့်Cbမှာ​စျေးလာ​မေး​ပေးပါ​နော်To ord...
07/01/2022

ချည်သား ဂွမ်းသားနဲ့ ဂါဝန်လေး​တွေ​​ရောက်ပါပြီ
Sizeစုံရှိပြီး sizeအလိုက်​စျေးကွာတာ​ကြောင့်
Cbမှာ​စျေးလာ​မေး​ပေးပါ​နော်

To order - cb or 09799277100
09775510579
ရန်ကုန်မြို့တွင်း cash on deliပါရှင့်
K pay,wave pay နဲ့လဲ % ​ပေးရန်မလိုပါ

အိမ်ထိလာရောက်အားပေးသွားတဲ့ ကာကာကလေးလေးနဲ့ သူ့မမ လာရောက်အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင့် 😘
01/01/2022

အိမ်ထိလာရောက်အားပေးသွားတဲ့ ကာကာကလေးလေးနဲ့ သူ့မမ
လာရောက်အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင့် 😘

ကာကာလေး ဂျူဂျူတို့မောင်နှမတွေဝတ်ထားတဲ့အင်္ကျီလေး​တွေ ဆိုင်မှာရှိသေးတယ်နော်  sizeစုံရှိပြီး စျေးလေးတွေသိချင်ရင် cbမှာလာရေ...
01/01/2022

ကာကာလေး ဂျူဂျူတို့မောင်နှမတွေဝတ်ထားတဲ့အင်္ကျီလေး​တွေ ဆိုင်မှာရှိသေးတယ်နော် sizeစုံရှိပြီး စျေးလေးတွေသိချင်ရင် cbမှာလာရောက်မေးမြန်းနိုင်ပါတယ်ရှင်

01/01/2022

အင်္ကျီအနွေးသား ဆွယ်တာ ချည်သား အစုံရောက်ပါတယ်ရှင့်

30/12/2021
Purina friskies dry food မှာကြောင်လေးတွေအတွက် လိုအပ်သော Protein, Fatty acid, Omega 3, Omega 6, Calcium, Antioxidants နှင...
22/12/2021

Purina friskies dry food မှာကြောင်လေးတွေအတွက် လိုအပ်သော Protein, Fatty acid, Omega 3, Omega 6, Calcium, Antioxidants နှင့် Taurine ပါဝင်သောကြောင့် သင့်တင့်မျှတသောအဟာရကိုပေးစွမ်းနိုင်ပါသည်

အစားရွေးတဲ့ကြောင်လေးတွေလဲကြိုက်စေမယ့် Purina friskiesမှာရွေးချယ်စရာအမျိုးအစားအများကြီးရှိပါတယ်

1.2kg-7200 ks


ဝုလေးတွေအတွက်ရွေးချယ်သင့်တဲ့ ostech shampoo ပါ🐶🐕💖ဆပ်ပြာအပြင်းစားတွေကြောင့် ဝုလေးတွေအရေပြားခြောက်ပြီးကြမ်းတမ်းတာမျိုးမဖြစ...
03/12/2021

ဝုလေးတွေအတွက်ရွေးချယ်သင့်တဲ့ ostech shampoo ပါ🐶🐕💖
ဆပ်ပြာအပြင်းစားတွေကြောင့် ဝုလေးတွေအရေပြားခြောက်ပြီးကြမ်းတမ်းတာမျိုးမဖြစ်စေဖို့ Ostech conditioning shampoo ရှိတယ်နော် conditioner ပါဝင်သောကြောင့် အမွေးများနူးညံ့ပျော့ပြောင်းစေပါတယ် အသီးနံ့လေးတွေကြောင့် စိတ်ကြည်လင်စေပါတယ်

Ygn cash on deli

Pet Food and Accessories များကို စျေးနှုန်းချိုသာစွာဝယ်ယူနိုင်ပါပြီ Ygn Cash on deli
30/11/2021

Pet Food and Accessories များကို စျေးနှုန်းချိုသာစွာဝယ်ယူနိုင်ပါပြီ
Ygn Cash on deli

29/11/2021

သန်ချကြမယ်ဗျိုး

သဘာဝအတိုင်းသန်ချနည်းတွေက အလုပ်ဖြစ်ရဲ့လားဆို ၅၀/၅၀ ပါပဲ။ ဖြစ်ချင်လည်းဖြစ်မယ်။ မဖြစ်ချင်လဲ မဖြစ်ပါဘူး။ အရင်ဆုံးနားလည်ဖို့လိုတာက အာဝုတွေရဲ့ ကိုယ်ထဲမှာရှိနေတဲ့ သန်ကောင်တွေအကြောင်းပါ။

၁။ သန်ပြားကောင် (Tapeworm)
သန်းကနေပြီးတော့ ကလေးတွေခန္ဒာကိုယ်ထဲရောက်လာတတ်သလို မိခင်ကနေလဲ ကလေးဆီရောက်တတ်ပါတယ်။ သန်းကနေပြီးတော့မှ အရေပြားပေါ်က သန်ကောင်ရဲ့ဥကိုစားမိပြီးတော့ ကိုယ်ထဲရောက်လာတတ်တာမျိုးဖြစ်တာပါ။ အရှည်အားဖြင့် ၆လက်မထိ ရှည်နိုင်ပြီးတော့ သူကအဆစ်ဆစ် အပိုင်းပိုင်းနဲ့ ရှိနေတတ်တာပါ။ တစ်ပိုင်းပြတ်ရင် တစ်ကောင်ပွားပါတယ်။ သူကတော့ ဝမ်းထဲမှာလဲ မြင်ဖို့ကနည်းနည်းခက်ပါတယ်။ ပုံစံအနေအထားကတော့ ဆန်စေ့လောက်အရွယ်အစားမျိုးတွေရှိပါတယ်။

၂။ သန်လုံးကောင် (Round worm)
မိခင်ဆီကနေ ကလေးဆီကို ပါလာတတ်ပါတယ်။ မိခင်မှာ ဒီသန်ကောင်ရှိပြီဆိုတာနဲ့ တစ်နည်းမဟုတ် တစ်နည်းနဲ့ ကလေးဆီကို ကူးတတ်ပါတယ်။ ဒီသန်ကတော့ မြင်သာလွယ်ပါတယ်။ အန်ရင်ဖြစ်ဖြစ်၊ ဝမ်းထဲမှာဖြစ်ဖြစ် ပါလာတတ်ပါတယ်။

၃။ သန်ချိတ်ကောင် (Hook Worm)
ဒီသန်ကောင်အမျိုးအစားကတော့ သူ့မှာရှိတဲ့ချိတ်နဲ့ အူနံရံကိုတွယ်ထားပြီး သွေးစုပ်တာပါ။ ဒီသန်အမျိုးအစားကတော့ အာဝုပေါက်စတွေမှာဖြစ်ရင် အသက်အန္တရာယ်အထိ ဖြစ်နိုင်ပါတယ်။ အရွယ်ရောက်ပြီးသား အာဝုတွေမှာတော့ မြေကြီးကနေတစ်ဆင့် သန်ဥကိုစားမိတာကနေ ကူးပါတယ်။ ဒီသန်ကောင်ကတော့ မျက်စိနဲ့မမြင်နိုင်ပါဘူး။

၄။ Whip Worm
ဒီသန်ကောင်အမျိုးအစားကတော့ ဒိုင်လျှိုလေးရှိနေတတ်တာပါ။ သူရှိနေမှန်းက ဥဥတာလဲနည်းတဲ့အတွက် သိပ်မြင်သာမှာမဟုတ်သလို သူနေတဲ့နေရာကလဲ အူမကြီးအစပိုင်းမှာမို့လို့ ဝမ်းထဲမှာတွေ့ဖို့လဲ ခက်ပါတယ်။ အစာစားနေရဲ့သားနဲ့ ဝိတ်ကျတာ၊ ဝမ်းကအချွဲပါလာတာတို့ကတော့ သူရှိနေကြောင်း သိသာစေတဲ့အချက်ပါပဲ။ အသက်အန္တရာယ်မထိခိုက်ပေမယ့် ကုသရခက်တဲ့အတွက် ဒီသန်ကောင်ကိုလဲ မပေါ့သင့်ပါဘူး။

အခုပြောသွားတဲ့ သန်ကောင်တွေက အာဝုတွေမှာရော၊ မြောင်တွေမှာရော ရှိတတ်ပါတယ်။
သန်ရှိရင် ဘာတွေဖြစ်နိုင်မလဲဆိုရင် အန်တယ်၊ ဝမ်းပျက်တယ်၊ ဝိတ်ကျတယ်၊ ဘယ်လောက်တောင်းစားစား ဝိတ်ကတက်မလာဘူး၊ တင်ပါးကို ကော်ဇောတွေ မြက်တွေနဲ့ပွတ်ဆွဲမယ်၊ ချောင်းဆိုးမယ်၊ အမြီးအရင်းကို ခဏခဏကုတ်နေမယ်။ ဒီလက္ခဏာတွေကို တွေ့ရပါလိမ့်မယ်။

အဲ့တော့ သန်မရှိအောင်ဆို သန်ချပေးကြပါတယ်။ သန်ချပေးတဲ့နေရာမှာ နည်းက ၂ မျိုးလောက်ကွဲပါတယ်။ ဆေးတိုက်တဲ့နည်းနဲ့ သဘာဝနည်းနဲ့သုံးပြီးချကြလေ့ရှိပါတယ်။ ဆေးတိုက်တာကိုတော့ ဓာတုပစ္စည်းကြွင်းကျန်တွေကနေ အဆိပ်အတောက်ဖြစ်မှာစိုးတဲ့ အာဝုမိဘတွေကတော့ သိပ်မလုပ်ချင်ကြပါဘူး။ သဘာဝနည်းနဲ့သန်ချမယ်ဆိုလဲ သန်တွေက စင်ချင်မှစင်ပါလိမ့်မယ်။ သဘာဝနည်းနဲ့ သန်ချတဲ့ ကလေးမိဘတွေကို တိုက်တွန်းချင်တာက ဝမ်းကိုစစ်ပါ။ ဆေးခန်းတွေမှာ စစ်လို့ရပါတယ်။ ဝမ်းထဲမှာ သန်ရှိမရှိကို စစ်ပါ။ သဘာဝနည်းနဲ့ သန်ချလို့ကျတယ်။ မကျဘူးဆိုတာ ကျွန်တော်တို့မျက်စိမှာ Microscope မပါတဲ့အတွက် မသိနိုင်ပါဘူး။

သဘာဝနည်းနဲ့ အလုပ်ဖြစ်ရင် သဘာဝနည်းနဲ့ သန်ချပါ။ သဘာဝနည်းနဲ့သန်ချတာတောင်မှ ဝမ်းထဲမှာ သန်ရှိနေသေးတယ်ဆိုရင်တော့ ရွေးချယ်စရာမရှိပါ။ ဆေးပဲတိုက်ရပါမယ်။ သန်ကောင်ဆိုတဲ့ပြသနာက ပေါ့သင့်တဲ့အရာမဟုတ်ပါဘူး။ ကျန်းမာရေးဆိုးကျိုးတွေ အများကြီးပေးနိုင်ပါတယ်။

သဘာဝနည်းနဲ့ သန်ချတဲ့လူတွေကတော့ ဒီနည်းတွေအသုံးများပါတယ်။
၁) ကြက်သွန်ဖြူကျွေးတာ
၂) Pumpkin seed ထည့်ပေးတာ၊ ဆယ်ပေါင်ကို လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံနှုန်းနဲ့ ထည့်ရပါတယ်။
၃) အုန်းသီးအသားအခြောက်၊ အုန်းသီးအသားအခြောက်ကို အမှုန့်လုပ်ပြီးတော့ အကောင်အသေးကို လက်ဖက်ရည်ဇွန်းတစ်ဇွန်း၊ အလတ်ဆိုရင် နှစ်ဇွန်းနဲ့၊ အကောင်ကြီးမျိုးဆိုရင်တော့ ထမင်းစားဇွန်းတစ်ဇွန်းစာ အစာထဲဖြူးပေးလို့ရပါတယ်။
၄) ဆနွင်းကိုလဲ သုံးကြပါတယ်။ သူကတော့သန်ချတာထက်စာရင် သန်ကြောင့် အူနဲ့အစာအိမ်ကထိခိုက်တာတွေကို ပြန်ကောင်းစေဖို့ပါ။
၅) သဘာဝကထုတ်တဲ့ဆေးနည်းတွေနဲ့လုပ်ထားတဲ့ သန်ချဆေးတိုက်တာမျိုးလဲ သုံးကြပါတယ်။
၆) ချဥ်ဖတ်ကျွေးတာ၊ ပေါင်နှစ်ဆယ်ကလေးကို တနေ့ကို ၁ဇွန်းကနေ ၃ဇွန်းထိ ကျွေးလို့ရပါတယ်။
၇) ACV ထည့်ပေးတာ။ သူကတော့ ဝမ်းထဲမှာ သန်မနေနိုင်အောင် သန်ကောင်တွေမကြိုက်တဲ့ ပတ်ဝန်းကျင်ဖြစ်အောင် သုံးတာပါ။ တနေ့ကို လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံကနေ တစ်ဇွန်းထိတိုက်လို့ရပါတယ်။
၈) နံနံပင်၊ (နံနံပင်မုန်းတဲ့လူတွေတော့ တိုင်ပတ်ပြီ) နံနံပင်ကို ပြုတ်ပြီးတော့ အခဲလေးတွေခဲထားပြီး တစ်နေ့ကို တစ်တုံးကျွေးလို့ရပါတယ်။
၉) Bone Broth ကိုတော့ အူလမ်းကြောင်းကျန်းမာပြီးတော့ သန်ကောင်တွေကို ကိုယ်ခံအားစနစ်ကတိုက်ထုတ်နိုင်ဖို့ အကူညီပေးအောင် တိုက်ကြပါတယ်။

ဆေးနဲ့သန်ချတဲ့နည်းကတော့ မြင်သလောက် နှစ်မျိုးတွေ့ပါတယ်။ ဆရာဝန် ညွှန်ကြားတဲ့အတိုင်း လိုက်နာဖို့လိုပါတယ်။
၁) လစဥ်သန်ချဆေးတိုက်ပြီး ၆လတစ်ကြိမ် နှလုံးသန်ချဆေးထိုးတာ
၂) နှလုံးသန်ချဆေး လတိုင်းတိုက်ပြီးတော့ သန်ချဆေးကို ၃ လတစ်ခါတိုက်တာ (သန်ချဆေးကလဲ Rotation နဲ့ အမျိုးအစားမတူတာတွေကို ပြောင်းပြောင်းပေးဖို့လိုပါတယ်)

သန်ကောင်တွေကနေကာကွယ်ဖို့ကိုတော့ သူတို့ရဲ့ကိုယ်ခံအားစနစ်ကောင်းနေဖို့က အဓိကကျပါတယ်။ ကိုယ်ခံအားကောင်းဖို့က အစာအိမ်နဲ့ အူလမ်းကြောင်းကျန်းမာဖို့လိုပါတယ်။ အဲ့တော့မှသာ ခန္ဓာကိုယ်က သန်ကောင်တွေကို အလိုလိုတိုက်ထုတ်နိုင်ပါလိမ့်မယ်။

ထပ်ပြီးသတိပေးပါရစေ။ သန်ကောင်ပြသနာကို လုံးဝမပေါ့ပါနဲ့။ သန်ချဆေးတိုက်ရမယ့်ရက်တွေကို သေသေချာချာမှတ်ထားပြီးတိုက်ပါ။ သဘာဝဆေးနည်းတွေသုံးမယ်ဆိုလဲ သန်ရှိမရှိကို ဆရာဝန်နဲ့ စစ်ဖို့ကိုလဲ သတိထားပေးဖို့လိုပါတယ်။

ကိုယ်ဝန်လက္ခဏာတွေ အကြောင်း မပြောမီ သိထားရမယ့် အချက်ကတော့ ခွေးမလေးတွေရဲ့  သန္ဓေဆောင်သည့်ကာလဟာ  ၂လ ဖြစ်ပြီး ခွေးမ အများစုဟာ ...
28/11/2021

ကိုယ်ဝန်လက္ခဏာတွေ အကြောင်း မပြောမီ သိထားရမယ့် အချက်ကတော့ ခွေးမလေးတွေရဲ့  သန္ဓေဆောင်သည့်ကာလဟာ ၂လ ဖြစ်ပြီး ခွေးမ အများစုဟာ ရက်ပေါင်း ၅၈ရက် ကနေ ၆၆ ရက် ထိကိုယ်ဝန်ဆောင်ကြပါတယ် ကိုယ်ဝန်ဆောင်ကာလ ဟာ တိုတောင်းတဲ့အတွက် ပိုင်ရှင်တွေ အဖို့  အစောပိုင်းမှာ သတိမမူတတ်ကြပါဘူး ဒါကြောင့် ခွေးလေးရဲ့  ကိုယ်ခန္ဓာပိုင်းဆိုင်ရာ နဲ့ အမူကျင့်ပိုင်းဆိုင်ရာ ပြောင်းလဲပုံတွေကို စောင့်ကြည့်ပေးနေဖို့ လိုအပ်ပါတယ်

ကိုယ်ဝန်ဆောင်ခြင်းရဲ့  အစောပိုင်းလက္ခဏာများ

အစားနည်းခြင်း - ဒီအချက်ဟာ ခွေးမလေးတွေမှာ ကိုယ်ဝန်ရှိနေကြောင်း ပြတတ်လေ့ရှိတဲ့ အချက်တခုဖြစ်ပါတယ် တချို့ ခွေးမလေးတွေဟာ သန္ဓေဆောင်ပြီး ပထမ ၂ပတ် အတွင်းမှာ အစားနည်းကြပါတယ်

အစားပိုစားခြင်း - တချို့ ခွေးမလေးတွေ ကျတော့လည်း လူတွေလိုပဲကိုယ်ဝန်ရှိတာနဲ့ တပြိုင်နက် အစားပိုစားလာကြပါတယ်

အားလျော့နေခြင်း - ကိုယ်ဝန်ရှိတဲ့ ခွေးမလေးတွေအဖို့  လေးလံထိုင်းမှိုင်းနေခြင်းဟာ ပုံမှန်ဖြစ်ပါတယ် လူတွေလိုပါပဲ ကိုယ်ဝန်ဆောင်ခွေးမလေးတွေဟာ ပင်ပန်းလွယ်ပြီး ဟော်မုန်း အပြောင်းအလဲရှိကြပါတယ်

နို့ သီးခေါင်းများ ရောင်ရမ်းခြင်း - ဒီလက္ခဏာ ကတော့ တွေ့ရအလွယ်ကူဆုံး လက္ခဏာဖြစ်ပါတယ် သားမဖောက်ဖူးတဲ့ ခွေးမလေးရဲ့  နို့ သီးခေါင်းဟာ သေးငယ်ပြီး နိုးသီးခေါင်းတွေနားတဝိုက်ဟာ ပြားချပ်နေပါတယ် ကိုယ်ဝန်ရှိပြီဆိုတာနဲ့ နို့ ရည်ထုတ်လုပ်နိုင်ရန်အတွက် နို့ သီးခေါင်းဝန်းကျင်ဟာ ဆူဖြိုးလာပြီး နို့သီးခေါင်းတွေ ဖောင်းပြီးရောင်ရမ်းလာပါတယ်

နို့သီးခေါင်း အရောင်ပြောင်းလဲခြင်း - ခွေးမလေးဟာ ကိုယ်ဝန်ရှိနေပြီဆိုရင် နို့ သီးခေါင်းတွေ အရောင်ပြောင်းလာတာကိုလည်း တွေ့ မြင်ရမှာဖြစ်ပါတယ် အထူးသဖြင့် ခွေးမလေးရဲ့  နောက်ခြေတွေနားမှာ ရှိတဲ့ နို့ သီးခေါင်းလေးတွေ ကို ပိုသိသာပါတယ် ထိုနို့ သီးခေါင်းလေးတွေဟာ ပုံမှန်ထက် ပန်းရောင် ပိုသမ်းပြီး ပိုဖောင်းနေမှာဖြစ်ပါတယ်

အမုအကျင့်ပြောင်းလဲလာခြင်း - ကိုယ်ဝန်ဆောင် ခွေးမ အများစုဟာ အမူအကျင့်တွေ ပြောင်းလဲ လာတတ်ကြပါတယ် သခင်ကို ပုံမှန်ထက် ပို တွယ်ကပ်ခြင်း ပုံမှန်ထက် ပိုပြီး ချစ်တတ်လာခြင်း စတဲ့ အမူကျင့်တွေကို မြင်တွေ့ရမှာဖြစ်ပါတ် တချို့ ခွေးမလေးတွေကျတော့လည်း တကောင်တည်းနေရတာ ပို သဘောကျလာပြီး ရန်လိုချင်တတ်ကြပါတယ်

သခင်တယောက် အနေနဲ့ သင်ဘာလုပ်ပေးသင့်သလဲ?

ခွေးလေး ကိုယ်ဝန်ရှိပြီ ဆိုတာ သံသယရှိတာနဲ့ ကိုယ်ဝန်ဆောင် ကာလအတွင်း ခွေးမလေး ရဲ့  လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့  တာဝန်ရှိပါတယ်

ဆရာဝန် နဲ့ ပြသတိုင်ပင်ပြီး ကိုယ်ဝန်ရှိ မရှိ သေချာစေဖို့  စစ်ဆေးပေးပါ လိုအပ်တဲ့ အားဆေး အာဟာရ တွေ ထောက်ပံ့ပေးနိုင်စေဖို့ ဆရာဝန် နဲ့ တိုင်ပင်ဆွေးနွှေးပါ

လေ့ကျင့်ခန်း အသင့်တင့် သာလုပ်စေပြီး အလွန်အကျွံ မလုပ်ခိုင်းပါနဲ့

ခွေးမလေး နားနိုင်ဖို့  သက်တောင့်သက်သာရှိစေမယ့် နေရာလေးတခု ဖန်တီးထားပါ

တတ်နိုင်သမျှ စိတ်ဖိစီးမှု မရှိအောင် ထားပါ

သားဖွားတဲ့ အခါ သုံးပြုနိုင်စေဖို့  သတ္တာ တလုံးရှာထားပါ

အရေးပေါ် ဆက်သွယ်နိုင်မယ့် ဆေးခန်းဖုန်းနံပါတ် ဆောင်ထားပါ
Crd

ခွေးလေးတွေ သင့်ကို ချစ်တဲ့အခါ ဒီလိုလေးတွေလုပ်လေ့ရှိပါတယ်နော် 🐕Crd
24/11/2021

ခွေးလေးတွေ သင့်ကို ချစ်တဲ့အခါ
ဒီလိုလေးတွေလုပ်လေ့ရှိပါတယ်နော် 🐕
Crd

Address

Yangon

Telephone

+959799277100

Website

Alerts

Be the first to know and let us send you an email when Lucky Pups posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category


Other Pet Services in Yangon

Show All