Hoya Barkery

Hoya Barkery Hoya Barkery offers nutrition-rich minimally processed dg treats.

17/03/2022
11/02/2020

Happy Dog do not BITE!

ခွေးလေးတွေ ပျော်ရွင်စွာ ဆော့ကစားနိုင်ဖို့ အတွက် ပေ ၁၀၀ × ၁၅၀ ကျယ်ဝန်းတဲ့ NEUTRAL GROUND ရှိနေမှာမို့ ခွေးအချင်းချင်း မိတ်ဆက်ပေးရာတွင် သူ့ space ကို့ space ရှိနေမှာကြောင့်ရယ်၊ ရာသီဥတု အေးနေခြင်းဟာလဲ ခွေးလေးတွေရဲ့ aggression လျော့ချပေးတာကြောင့် ကိုက်ဖို့ အလားလာ လျော့နည်းလာစေပါတယ်။

လေကောင်း လေသန့်ရရှိခြင်း
နေရာ ကျယ်ဝန်းခြင်း
ရာသီဥတု အေးမြခြင်း တို့ကြောင့် ခွေးလေးတွေ စတွေ့ပြီး မိတ်ဆက်ကြတဲ့အခါ ကိုက်တာ ခဲတာတွေ ရှိမှာမဟုတ်တော့ဘူးပေါ့နော်

10/02/2020

Doggy Cafe & Doggy Hotel ကိုလာလည်ကြမဲ့ buddies လေးတွေကို အထူးမေတ္တာရပ်ခံ ချင်တာကတော့ ခေးလေးတွေကို အတူ ပျော်ပျော်ပါးပါး သန့်သန်ရှင်းရှင်းနဲ့ ဆော့ကြရမယ့် အချိန်မှာ ကုပ်ကိုက်နေမယ်ဆို ဘယ်ပျော်ဖို့ကောင်းတော့မလဲနော့်

ဒါကြောင့် ခေးတွေ အများကြီးရှိတဲ့နေရာ လာလည်တော့မယ်ဆိုရင် ticks & flees protection ဖြစ်တဲ့ ဂုတ်အစက်ချတာ သို့မဟုတ် oral medication လေးဖြစ်တဲ့ simparica or nexguard လေးကိုတော့ Doggy Cafe လေးကိုမလာခင်၁လအတွင်း ရက်၃၀ အတွင်းလေးတော့ ဆေးထိုးဆေးတိုက်ထားဖို့လိုအပ်ပါတယ်နော်။နောက်ပီး တခြားနေရာအသီးသီးကလာလည်ကြမယ့် buddies လေးတွေလဲရှိနေမှာဖြစ်တဲ့အတွက် ကိုယ့်ခေးလေးတွေကိုလဲကာကွယ်ပြီးသားလဲဖြစ်အောင် ဆေးထိုးဆေးတိုက်ထားကြဖို့လိုအပ်ပါတယ်နော်။

ကျွန်မတို့ရဲ့ 13 Little Pawsies လေးတွေကလဲ annual vaccination ကိုနှစ်စဉ်ပုံမှန်ထိုးပေးတဲ့အပြင် ၃ လ ၁ကြိမ်သံချပြီးတော့ ၁ လ ၁ ကြိမ် simparica ကိုမွှားနဲ့သန်းတွေအတွက်ပုံမှန်တိုက်ပါတယ်နော်။

Happy Dog Happy Life 🖤🐾

09/02/2020

13 Little Pawsies လေးများ ရောက်လာခြင်း အမှတ်တရ

3 Little Paws Doggy Hotel & Cafe Pyin Oo Lwin ဆောက်လုပ်ရေး အခြေအနေများ လိုက်လံ စစ်ဆေးခဲ့ခြင်းများ

09/02/2020

Beagles လေးတွေကို မချစ်ပဲနေနိုင်တဲ့သူတွေရှိကြလား?

Doggy Cafe မှာလဲ အရမ်းချစ်ဖို့ကောင်းတဲ့ Mandy, Mabel နဲ့ Dede တို့ရှိနေမယ်နော် ❤

07/02/2020

3 Little Paws Doggy Hotel တွက် ၂၀၂၀ အတွင်း လက်ခံလို့ မရသေးသော Breed များကတော့
1. Pitbull
2. Bulldogs
3. GSD
4. Rottweiler
5. Doberman
6. Dogo Argentino
7. Bullies
8. Boxers
9. Chao Chao
နှင့်အခြား ကိုက်နိုင်ခြေများသော Fur Buddies များကို လက်ခံဖို့ အဆင်သင့်မဖြစ်သေးတာကြောင့် ဖြစ်ပါတယ်။

ဘာကြောင့်လဲဆိုတော့ ကျွန်မတို့ Doggy Hotel မှာ Cage style လုံးဝမလုပ်ပဲ Nuteral Energy environment အဖြစ်နဲ့ ရပ်တည်ချင်တာကြောင့်ရယ်၊ အခြား Fur Buddies လေးများကိုလဲ အနာတရ မဖြစ်စေချင်တာကြောင့်ရယ်၊ နဲ့ အထက်ပါ ဖော်ပြထားသော Breed များသည် လူနဲ့သာ အဆင်ပြေပြီး fur buddies အချင်းချင်းဆို ရန်မူတက်တာကြောင့်ဖြစ်ပါတယ်ရှင်။

07/02/2020

ပြင်ဦးလွင်က First Biggest Doggy Cafe & Hotel အတွက် No.2 မှ Graffiti Artwork များလာရောက် လုပ်ဆောင်ဖို့ရှိတာကြောင့် Doggy Cafe ဘယ်လောက် လန်းမလဲ စောင့်ကြည့်ပေးကြပါနော် 😎

06/02/2020

What is a cage free doggy hotel?

Cage-Free ဆိုတာကို လူတော်တော်များများ နားလည်မှုလွဲနေကြပါတယ်။

ကျွန်မတို့ရဲ့ Cage-Free Doggy Hotel မှာဆိုရင် ခွေးလေးတွေလွတ်လပ်စွာ ပြေးလွှားဆော့ကစားနိုင်မဲ့ ပေ ၁၀၀ x ၁၅၀ အကျယ်အ၀န်းရှိသော playground ရှိတာကြောင့် တစ်နေကုန် လှောင်အိမ်ထဲမှာနေရချင်းတွေ မရှိတော့ပါနော်။

အိပ်တဲ့အခါမှာလဲ cage မဟုတ်ပဲ ၇ပေ×၈ပေ နဲ့ တံခါးအမြင့် ၅ပေသာရှိသောအခန်းလေးများ လုပ်ပေးထားတာဖြစ်လို့ လွတ်လပ်စွာ နေရမှာနော်။

ည ၉နာရီ ကနေ မနက် ၇ အထိ အိပ်ချိန် သတ်မှတ် ပေးထားပြီ နေ့လည် ၁၂ နာရီ ထမင်းချိန်အပြီး အိပ်ဆက် အနားယူနိုင်စေဖို့ အပင်အရိပ်များထားရှိပါတယ်နော်။

အခန်းများ သံပန်းနဲ့ ခြားထားခြင်းသည် Guest Dogs လေးတွေအတွက် သီးသန့် လွတ်လပ်စွာ အိပ်လို့ရအောင် ရည်ရွယ်တာဖြစ်ပါသည်။

Guest Dogs လေးတွေ အတွက် ပျော်ရွှင် လွတ်လပ်ပြီး အခိုက်အတန့် ခိုက်ရန်ဖြစ်တာလေးတွေ မရှိရအောင် ခြံထဲထားတဲ့အခါလဲ မျက်ခြေမပျက်ကြည့်ရှုပေးနေမဲ့ care takers 4ယောက်ထားရှိပေးမှာဖြစ်ပါတယ်။

05/02/2020

Huskies အဖွဲ့ကလဲ စောင့်နေမှာပါနော် 🐕🐕

October အေးချမ်းတဲ့ရာသီမှာ huskies တွေနဲ့ဆော့ပြီး photo တွေရိုက်ကြမယ်နော် 📸🐕🐾

04/02/2020

မြန်မာနိုင်ငံတွင် pet ownersများဟာ ခွေးလေးတွေအတွက် အကောင်းတကာ့ အကောင်းဆုံး ဆိုတာလေးတွေကို ရွေးချယ်လာကြပါပြီ။

ပထမဦးဆုံးသော ကျယ်ဝန်းပြီး ရေကူးကန်ပါ ပါရှိတဲ့ Dog Hotel ကို 3 little paws မှ ပြင်ဦးလွင်တွင် ဖွင့်လှစ်တော့မှာဖြစ်ပါတယ်ရှင်။

ပြင်ဦးလွင်ကို အလည်လာတဲ့အခါ ခွေးလေးတွေကို ခေါ်လာပြီး ထားစရာနေရာမရှိမှာ မပူရတော့ဘူးနော်။

ခွေးလေးတွေကို ထားခဲ့တဲ့အခါမှာလဲ

🐾၁နေကုန် လှောင်အိမ်ထဲမှာပဲနေရတာမျိုး၊
🐾 လှုပ်ရှားစရာ နေရာကျင်း နေတာမျိုး၊
🐾exercise အပြည့်အ၀မရမှာမျိုး၊
🐾socialize မဖြစ်ရင် depression ၀င်တာမျိုး

မဖြစ်ရအောင် pet owners တွေ တွေးပူနေရတဲ့ အတွေးတွေကို ဖယ်ရှားပေးမှာဖြစ်ပါတယ်။

ရေအရမ်းဆော့ချင်တဲ့ ခွေးလေးတွေအတွက် သတင်းကောင်းပါနော်။

3 little paws doggy hotel & cafe မှာဆိုရင်

🐾၈ပေ ၁၂ပေရှိတဲ့ ရေကူးကန်ကြီးရယ်🏊‍♂️ 🐾နေ့စဉ်နေရာင်ခြည် အပြည့်အ၀ရစေပြီး လွတ်လပ်စွာ ပြေးလွှား ဆော့ကစားနိုင်မဲ့ ပေ၁၀၀ ပေ၁၅၀ အကျယ်ရှိတဲ့ doggy playground 🎡
အပြင်
🐾သခင်နဲ့အတူ adventure သွားနိုင်မဲ့ ၅ဧကသော ခါတော်မှီနဲ့ ထောပတ်ခြံကြီး 🐕🐩🌲🌳

လဲရှိနေတယ်ဆိုတော့ ဘာလိုသေးလဲနော်

03/02/2020

Our Doggy Cafe' ဘယ်နားမှာရှိလဲမေးနေကြသူများအတွက်ပါ။

ကန်တော်ကြီးဥယျာဉ် ကနေဆိုရင် ၁၀မိနစ်ပဲ ကားမောင်းလာရုံပဲနော် 😊

Doggy Cafe' မှာ ခွေးလေးတွေနဲ့ ဆော့ကစားပြီး photos ရိုက်ပြီးရင် အနားယူဖို့ Star gazing Cafe' လေးလဲဖွင့်လှစ်ဖို့ အစီစဉ်လေးရှိနေပါကြောင်း သတင်းကောင်းပါအပ်ပါတယ်ရှင် ။

ဘယ်လို စိတ်ဝင်စားစရာ ကောင်းတဲ့ အရာလေးတွေ ရှိမလဲဆိုတာ အမြဲ up to date ဖြစ်နေဖို့ page လေးကို like & follow လုပ်ပြီး see first လုပ်ထားဖို့ မမေ့နဲ့နော် 😊

02/02/2020

Doggy Cafe အတွက် ဧည့်သည်များကို ဖော်ရွေစွာ အရင်ဆုံးကြိုဆိုမယ့် အဖွဲ့ကတော့ Golden Retriever များဖြစ်ကြတဲ့ 13 Little Pawsies မှ Milo, Sky & Mary တို့ပဲဖြစ်ပါတယ်။

အားလုံးနဲ့ October မှာတွေ့ကြမယ်နော် 🐾❤🐾

02/02/2020

Myanmar First Cage-Free Doggy and Cafe'.

🐾Cage-free Doggy Hotel ဆိုတာ ဘာလဲ?

🐾လည်ပတ်ကြိုး မပါပဲ ထားလို့ရပါ့မလား?

🐾၁ကောင်နဲ့ ၁ကောင် ကိုက်ရင် ဘယ်လိုလုပ်မလဲ?

🐾ဘယ်လို ၀န်ဆောင်မှု တွေပေးမှာလဲ?

🐾ခွေးတိုင်း လက်ခံမှာလား?

🐾လာလည်မယ်ဆိုရင် ဘာတွေ လိုအပ်မလဲ?

ဒီမေးခွန်းလေးတွေနဲ့ပတ်သတ်တဲ့အကြောင်းအရာလေးတွေကို Post လေးတွေ Share ပေးသွားမှာဖြစ်ပါတယ်

ဒီမေးခွန်းတွေမဟုတ်ပဲ တခြားသိချင်တာရှိတဲ့ မေးခွန်းလေးတွေရှိရင်လဲ comment or chat boxမှာ မေးမြန်းပေးဖို့ဖိတ်ခေါ်ပါတယ်ရှင့်

မေးမြန်းထားတဲ့မေးခွန်းလေးတွေနဲ့ပတ်သတ်တဲ့အကြောင်းအရာလေးများကိုလဲ Post လေးတွေတင်ပြီးဖြေကြားပေးသွားမှာဖြစ်ပါတယ်ရှင့်🐾🥰🐶❤

02/02/2020

မန္တလေး လားရှိုး မြို့ရှောင်လမ်း, ရွှေမြင့်သာ ကျေးရွာ, ပြင်ဦးလွင် မှာ အောင်တိုဘာလတွင်စတင်ဖွင့်မည့် Dog Cafe' ဟာဆိုရင် ပေ ၁၅၀ ပတ်လည်ကျယ်ဝန်းသည့်အပြင် ကလေးတွေ စူးစမ်း လေ့လာရန် ခြံမခတ်ထားသော ၅ဧက ရှိတာကြောင့်, လေကောင်းလေသန့်လဲရ, exercise လဲရ, နေရာကျဉ်းလွန်းတာကြောင့် ကလေးများ စိတ်ရှုပ်ပြီး ၁ကောင်နှင့် ၁ကောင် ကိုက်ကြချင်းများကို နည်းပါးစေပါတယ်။

အချို့သောbreed များအား ခေါ်လာခွင့်မပြုပါ။ Doggy Cafe ဖြစ်တဲ့အတွက် 13 Little Pawsies လေးတွေရှိနေမှာဖြစ်ပါတယ်။

ပြင်ဦးလွင်ရောက်လို့ လည်ပတ်စရာ နေရာ၁နေရာလေး ထပ်တိုးလာပါတယ်ရှင်။

Doggy Cafe ရဲ့ အသေးစိတ် information များကို လာမဲ့အပါတ်တွေမှာ ဆက်လက် အသေးစိတ် sharing လုပ်ပေးသွားမှာဖြစ်ပါတယ်ရှင်။

02/02/2020

November ကနေစပြီး February လောက်အထိကို ပြင်ဦးလွင်မှာ ရမ်းအေးတာမို့ နွေးနွေးထွေးထွေးလေး နေနေတဲ့ 13 Little Pawsies မမ Mary နဲ့ ခေးလေး Mashmello ပဲဖြစ်ပါတယ်။

Fur Babies လေးတွေလာလည်မယ်ဆိုရင် အနွေးထည်လေးတွေ ၀တ်ပေးရမယ်နော် 🐾❤🐾

01/02/2020

Its not only a swimming pool but also with a view of stunning pine trees 🐾❤🌲🌲

01/02/2020

With a big swimming pool for the Fur Babies to swim around under the sun. ❤🐾

01/02/2020

The Very First Doggy Resort & Cafe to open in Myanmar with a swimming pool and an acre for a play ground.

Soon to Be Open in October 2020!

မြန်မာနိုင်ငံတွင် ပထမဦးဆုံး သင်ချစ်ရသော ခွေးလေးများအတွက် ရေကူးကန်ပါဝင်ပြီး ၁ဧကကျယ်ဝန်းသော ကစားကွင်းရှိသော Doggy Resort။

October 2020 တွင်ဖွင့်လှစ် သွားမှာဖြစ်ပါတယ်။

01/02/2020

3 Little Paws Doggy Hotel & Cafe Pyin Oo Lwin

01/02/2020

3 Little Paws Doggy Hotel & Cafe Pyin Oo Lwin's cover photo

Address

Yangon
Yangon

Website

Alerts

Be the first to know and let us send you an email when Hoya Barkery posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share