25/04/2024
ဒီနေ့ Sleeky powder အကြောင်းပြောပြမယ် 🐶❤️
Sleeky တံဆိပ်က ဝုဝုတို့အတွက် Tick & Flea (သန်းမွှားပေါင်ဒါ) နဲ့ Dry Shampoo (အခြောက်လျှော်ပေါင်ဒါ) ဆိုပြီး နှစ်မျိုးထုတ်လုပ်ထားပါတယ်။
အရင်ဆုံး Tick & Flea powder လေးကိုရှင်းပြမယ်။
သူက သန်းမွှားထခြင်းကို သက်သာစေတယ်။ သန်းတွေရှိလို့ရှင်းချင်တယ်၊ ရေချိုးရတာကျခက်တယ်ဆိုရင် Tick & Flea သုံးဖို့သင့်တော်ပါတယ်နော် ✨
ဘူးမှာပြထားတဲ့အညွှန်းအတိုင်း သေချာသုံးပေးတဲ့အခါ သန်းမွှားကင်းရုံမက Sleeky ရနံ့သင်းသင်းလေးနဲ့ ကလေးတစ်ကိုယ်လုံးမွှေးကြိုင်နေမှာပါ။
နောက်တစ်ခုက Dry Shampoo ဖြစ်ပါတယ်။
ဒီအနီရောင်ဘူးလေးကတော့ ရေချိုးမခံတဲ့ကလေးတွေ၊ အကြောင်းအမျိုးမျိုးကြောင့် ရေချိုးလို့မရသေးတဲ့ကလေးတွေအတွက် အခြောက်လျှော်နိုင်တဲ့ပေါင်ဒါလေးပါ။ သူလေးက အရေပြားယားယံတာ၊ ဓာတ်မတည့်တာတွေကိုလည်း သက်သာစေပါတယ် ❇️
ဖျားနေတဲ့ကလေးတွေ၊ ကာကွယ်ဆေးမစုံသေးလို့ ရေချိုးလို့မရတဲ့ကလေးတွေနဲ့ ခွဲစိတ်ထားတဲ့ကလေးတွေအတွက် အထူးသင့်တော်ပါတယ် ☺️
Dry Shampoo ကိုလည်း ဘူးမှာပြထားတဲ့အညွှန်းအတိုင်းသုံးပေးပါ။ ပေါင်ဒါနှစ်မျိုးလုံးမှာ ဆေးဝါးတွေပါတဲ့အတွက် နား၊ မျက်လုံး၊ ပါးစပ်ထဲမဝင်အောင်တော့ သေချာဂရုစိုက်ပေးပါနော် ❤️