Happy Paws Vet Clinic

Happy Paws Vet Clinic အိမ်မွေးအချစ်တော်လေးများကျန်းမာရေ?
(3)

သန်း ကင်းစင်ဖို့အကောင်းဆုံး သန်းအစက်ချဆေး Detick နဲ့ Alprocide မြောင်တို့ ဝုတို့မှာ သန်းရှိတတ်တာသဘာဝပါ။ ဒါပေမဲ့ သန်းအရမ်...
07/06/2024

သန်း ကင်းစင်ဖို့အကောင်းဆုံး သန်းအစက်ချဆေး Detick နဲ့ Alprocide

မြောင်တို့ ဝုတို့မှာ သန်းရှိတတ်တာသဘာဝပါ။ ဒါပေမဲ့ သန်းအရမ်းများရင် သန်းကြောင်ဖြစ်တဲ့အနာ၊ အရေပြားပြဿနာဖြစ်နိုင်ပြီး လူတွေကိုပါကူးစက်ပြီး သန်းကိုက်ခံရတတ်ပါတယ်။

ဒါကြောင့် 🐾Happy Paws🐾 မှာရှိတဲ့ သန်းအစက်ချဆေး (၂) မျိုးကို မိတ်ဆက်ပေးလိုက်ပါတယ်။

ခဲရောင်ပုလင်းလေးက Detick ၊ အစိမ်းရောင်ပုလင်းလေးက Alprocide လို့ခေါ်ပါတယ်။ နှစ်ခုလုံး ထိုင်းနိုင်ငံထုတ်ကုန်ဖြစ်ပြီး အရွယ်ရောက်ပြီးသား မြောင်တို့ ဝုတို့ သန်းကင်းစင်ဖို့ရည်ရွယ်ပါတယ် 🐶🐱

အရွယ်ရောက်ပြီး ကိုယ်အလေးချိန် 10 kg အောက်ရှိရင် သန်းအစက်ချလို့ရပါပြီ။ စစချင်းမှာ သန်းအရမ်းများရင် ၂ ပတ်ကို 1cc တစ်ကြိမ် ဂုတ်အရေပြားပေါ်ချပေးရမှာဖြစ်ပြီး သန်းနည်းနည်းပါးသွားရင် တစ်လတကြိမ် 1cc ပုံမှန်ချလို့ရပါတယ်။

ရေချိုးထားတဲ့အခါ ၃ ရက်ကြာမှ အစက်ချပေးပါ 🧼

ရာသီဥတုအရမ်းပူတဲ့အခါ ညဘက်မှအစက်ချပေးပါ 💁‍♂️🌙

ကလေး နေမကောင်းဖြစ်တဲ့အခါ သန်းအစက်ချခြင်းကိုရှောင်ပေးပါ ❌

သန်းအစက်ချဆေးက သန်းအကောင်ကိုသာမက သန်းဥကိုပါရှင်းပေးပါတယ်။ ဆရာဝန်တိုင်း ညွှန်းကြတဲ့ဆေးမို့ အာနိသင်အလွန်ကောင်းပြီးစိတ်ချရပါတယ် ✅

သန်းကင်းစင်မှသာ ကလေးလည်းသက်သာ၊ အရေပြားယားနာလည်းကာကွယ်ပြီးသားမို့ သန်းအစက်ချဆေးကို ဆောင်ထားသင့်ပါတယ် 😽🐶

အိမ်က ကလေးမှာ သန်းရှိနေပြီ၊ ကိုယ်လည်း သန်းကိုက်ခံနေရပြီဆိုရင် Detick နဲ့ Alprocide ကိုသတိရလိုက်ပါ 😉👍

Happy paws ( Tharkayta )

နဝရတ်လမ်းကျယ်၊ ၈ ရပ်ကွက်၊နဝရတ် ၁၀လမ်းထိပ်၊ သာကေတမြို့နယ်။
☎️ 09-446092463

Happy paws ( Thanlyin )

No.27(E)၊ ပိတောက်လမ်း၊ အမှုထမ်းရပ်ကွက်၊ သန်လျင်။
‌☎️ 09-448996569

ခွဲစိတ်မှုနှင့်ဆေးခန်းကိစ္စများ booking တင်လိုပါက 09-448996569 ကိုဆက်ပြီးမေးမြန်းနိုင်ပါတယ်။

🐾Happy Paws🐾 မှာ ကြောင်သဲအသစ်ထပ်ရောက်တယ်နော်။ နာမည်က MAX Cat Litter လို့ခေါ်ပါတယ် 🐱MAX ကြောင်သဲက ရနံ့သင်းသင်းလေးနဲ့ သန့်...
07/06/2024

🐾Happy Paws🐾 မှာ ကြောင်သဲအသစ်ထပ်ရောက်တယ်နော်။ နာမည်က MAX Cat Litter လို့ခေါ်ပါတယ် 🐱

MAX ကြောင်သဲက ရနံ့သင်းသင်းလေးနဲ့ သန့်ရှင်းသပ်ရပ်မှုကိုပေးစွမ်းပါတယ်။ Antibacterial ထုတ်ကုန်ဖြစ်လို့ ပိုးမွှားကင်းစင်ပြုံးပျော်ရွှင်ပဲပေါ့ 🤩 စုပ်ယူမှုအားကောင်းတယ်၊ ကျန်းမာရေးနဲ့ညီညွတ်တယ်၊ မြောင်မြောင်တို့အတွက် safe ဖြစ်ပါတယ်။

အခုလက်ရှိ 🐾Happy Paws🐾 မှာရနိုင်တဲ့ရနံ့တွေက
☕ Coffee
🍋 Lemon
💜 Lavender ဖြစ်ပါတယ်။

ဂျပန်ထုတ်ကုန် ကြောင်သဲအမျိုးအစားကို inspire ယူထားတာမို့ အရည်အသွေးက premium level ပါ 💖 Lavender ရနံ့ဆိုရင် ဂျပန်နိုင်ငံ 🇯🇵 Hokkaido မှာပွင့်တဲ့ Lavender ပန်းရနံ့နဲ့ဆင်တူပါတယ်တဲ့။

အိမ်က မြောင်မြောင်တို့အတွက် ကြောင်သဲလေးဝယ်ရင်း ဖေဖေ မေမေတို့လည်း Hokkaido ကို ပန်းရနံ့လေးနဲ့အလည်သွားလို့ရပါပြီနော် 🎇

Happy paws ( Tharkayta )

နဝရတ်လမ်းကျယ်၊ ၈ ရပ်ကွက်၊နဝရတ် ၁၀လမ်းထိပ်၊ သာကေတမြို့နယ်။
☎️ 09-446092463

Happy paws ( Thanlyin )

No.27(E)၊ ပိတောက်လမ်း၊ အမှုထမ်းရပ်ကွက်၊ သန်လျင်။
‌☎️ 09-448996569

ခွဲစိတ်မှုနှင့်ဆေးခန်းကိစ္စများ booking တင်လိုပါက 09-448996569 ကိုဆက်ပြီးမေးမြန်းနိုင်ပါတယ်။

Promotion in Meow area 🐈💚❇️ Buy 4 pouch Get 1 pouch free promotion ❇️Ostech ဟာ cat/dog ၂မျိုးလုံးအတွက် ထုတ်ကုန်အစုံရှိတဲ...
06/06/2024

Promotion in Meow area 🐈💚

❇️ Buy 4 pouch Get 1 pouch free promotion ❇️

Ostech ဟာ cat/dog ၂မျိုးလုံးအတွက် ထုတ်ကုန်အစုံရှိတဲ့နာမည်ကြီးတံဆိပ်ပါ။ အခုပြောပြပေးမှာက Ostech မှထုတ်တဲ့ Cat အစာစိုထုပ်လေးတွေရဲ့ promotion အစီအစဉ်ဖြစ်ပါတယ် 🐱

အရင်ဆုံး promotion ချတဲ့ပစ္စည်းလေးအကြောင်း သေချာပြောပြပေးမယ်။

Ostech cat pouch ကို Tuna ငါးနဲ့အခြေခံထုတ်လုပ်ပြီး ငါးကြီးဆီ၊ ပင်လယ်ဂုံး၊ Amino Acid ဓာတ်နဲ့ရောစပ်ထားပါတယ် 🐟 protein ဓာတ် နဲ့ Vitamin E ပါဝင်လို့ အရေပြားကျန်းမာပြီး အမွှေးအမျှင်လှစေတဲ့အားဖြည့်စာလေးပါ။

ဂျယ်လီအလွှာလေးလည်းပါလို့ ကလေးတို့စားရတာသဘောခွေ့မှာပါ ✨ Tuna ကိုမှထပ်ရောထားတဲ့အရသာကွဲတွေကတော့ ချိစ်၊ ပုစွန်၊ ကြက်ဥနဲ့ဟင်းသီးဟင်းရွက်၊ ငါးကလေးပြုတ်၊ ပင်လယ်ဂုံး၊ ပင်လယ်စာအစုံ၊ ဂဏန်းတို့ဖြစ်ပါတယ်။

ဒီလိုနှစ်သက်ဖွယ်ကောင်းတဲ့ Ostech cat pouch ကို ၄ ထုပ်ဝယ်ရင် တစ်ထုပ်လက်ဆောင်ပေးနေပြီနော် 🤩

🛑 ပစ္စည်းရှိစဉ်ကာလ (While in Stock) 🛑 မှာပဲ promotion ပေးတာမို့လို့ လက်မနှေးဘဲ အမြန်လေးဝယ်လိုက်ကြရအောင်။

Happy paws ( Tharkayta )

နဝရတ်လမ်းကျယ်၊ ၈ ရပ်ကွက်၊နဝရတ် ၁၀လမ်းထိပ်၊ သာကေတမြို့နယ်။
☎️ 09-446092463

Happy paws ( Thanlyin )

No.27(E)၊ ပိတောက်လမ်း၊ အမှုထမ်းရပ်ကွက်၊ သန်လျင်။
‌☎️ 09-448996569

ခွဲစိတ်မှုနှင့်ဆေးခန်းကိစ္စများ booking တင်လိုပါက 09-448996569 ကိုဆက်ပြီးမေးမြန်းနိုင်ပါတယ်။

ပင်လယ်စာမှာ နာမည်ကြီးတဲ့ Friskies အစာခြောက် Purina တံဆိပ်ကထုတ်လုပ်တဲ့ Friskies ကြောင်စာခြောက်ဟာ ထုတ်ပိုးမှုသပ်ရပ်ပြီး စာ...
06/06/2024

ပင်လယ်စာမှာ နာမည်ကြီးတဲ့ Friskies အစာခြောက်

Purina တံဆိပ်ကထုတ်လုပ်တဲ့ Friskies ကြောင်စာခြောက်ဟာ ထုတ်ပိုးမှုသပ်ရပ်ပြီး စားသုံးတဲ့မြောင်မြောင်ကို အာဟာရဓာတ်လည်းကြွယ်ဝစေပါတယ်။

ဆာလမွန် 🍣 တူနာ 🐟 ပုစွန် 🦐 ရေညှိ 🍙 ရောစပ်ထားတဲ့ပင်လယ်စာအရသာစုံဖြစ်ပါတယ်။ ငါးကြိုက်တဲ့မြောင်မြောင်တို့အတွက် စားကြည့်အားရှိပေါ့နော်။

✅ ကောင်းမွန်တဲ့ကိုယ်ခံအားအတွက် Antioxidant

✅ အားအင်ပြည့်ဖြိုးသန်မာဖို့အတွက် Protein

✅ ကျန်းမာတဲ့အရေပြားနဲ့ အမွှေးအမျှင်အတွက် Fatty Acid

✅ ၁၀၀% ပြီးပြည့်စုံတဲ့ မျှတသောအာဟာရဓာတ်

စတဲ့အာနိသင်တွေကြောင့် မြောင်ဖေဖေ မေမေတို့က Friskies မှ Friskies ဖြစ်နေကြတာပါ။

🐾Happy Paws🐾 မှာအခုရနိုင်တဲ့အမျိုးအစားတွေကတော့
💜 Surfin' Favorites
💙 Seafood Sensation
💝 Kitten Discoveries ဖြစ်ပါတယ်။

ခရမ်းရောင်နဲ့အပြာရောင်က အရွယ်ရောက်ပြီးတဲ့မြောင်အတွက်ဖြစ်ပြီး ပန်းရောင်လေးကတော့ မိခင်နို့ရည်ပြတ်ပြီး စားချင်ဝါးချင်စိတ်ဖြစ်နေတဲ့ မြောင်ပေါက်လေးတွေအတွက်ပါ 🐱

ထိုင်းနိုင်ငံထုတ် Purina တံဆိပ်မို့လို့ စိတ်ချလက်ချဝယ်ထားလိုက်ပါတော့နော်။

Happy paws ( Tharkayta )

နဝရတ်လမ်းကျယ်၊ ၈ ရပ်ကွက်၊နဝရတ် ၁၀လမ်းထိပ်၊ သာကေတမြို့နယ်။
☎️ 09-446092463

Happy paws ( Thanlyin )

No.27(E)၊ ပိတောက်လမ်း၊ အမှုထမ်းရပ်ကွက်၊ သန်လျင်။
‌☎️ 09-448996569

ခွဲစိတ်မှုနှင့်ဆေးခန်းကိစ္စများ booking တင်လိုပါက 09-448996569 ကိုဆက်ပြီးမေးမြန်းနိုင်ပါတယ်။

မိုးရာသီမှာ ၀ု၀ုတို့ကျန်းမာရေးနဲ့ တစ်ကိုယ်ရေအတွက် ဘယ်လိုဂရုစိုက်ရမလဲ 🐶☔️ဒီတစ်ခါ topic ကတော့ အတော်များများသိပြီးသားဖြစ်နိ...
05/06/2024

မိုးရာသီမှာ ၀ု၀ုတို့ကျန်းမာရေးနဲ့ တစ်ကိုယ်ရေအတွက် ဘယ်လိုဂရုစိုက်ရမလဲ 🐶☔️

ဒီတစ်ခါ topic ကတော့ အတော်များများသိပြီးသားဖြစ်နိုင်ပေမဲ့ မသိသေးတဲ့ဖေဖေ မေမေတို့အတွက် Happy Paws မှ ဗဟုသုတမျှဝေပေးချင်ပါတယ်။

🍀 သန်ချခြင်းနဲ့ တစ်ကိုယ်ရေသန့်ရှင်းရေးကို ပုံမှန်လုပ်ပေးပါ။

မိုးရာသီက ရောဂါထူပြားတဲ့ဥတုဖြစ်တဲ့အလျောက် ရောဂါဆိုးတွေဖြစ်စေနိုင်တဲ့ သန်ကောင်ကင်းရှင်းရေးကိုအဓိကဆောင်ရွက်ရပါမယ်။ သန်ချတဲ့ကိစ္စကို အရင်တစ်ခါ အသေးစိတ်ပြောပြီးပါပြီ။ မဖတ်ရသေးတဲ့ဖေဖေ မေမေတို့အတွက် comment မှာ link ချပေးထားပါမယ်။ တစ်ကိုယ်ရေသန့်ရှင်းရေးဆိုတာက ရေချိုး၊ အမွှေးညှပ်ဖို့ပါ။ စိုစွတ်ထိုင်းမှိုင်းတဲ့လေထုကြောင့် ၀ုတို့ရဲ့အမွှေးအမျှင်တွေက ဘက်တီးရီးယားမျိုးပွားတဲ့နေရာဖြစ်လာပါတယ် 🦠😣 အဲ့ဒီအခါ အရေပြားပြဿနာဖြစ်နိုင်တဲ့ရာခိုင်နှုန်းများသွားပါတယ်။ ဒါကြောင့် ကိုယ်တွင်းရောဂါကင်းဖို့ သန်ချရမှာဖြစ်ပြီး အရေပြားပြဿနာကာကွယ်ဖို့ သန့်ရှင်းရေးပုံမှန်လုပ်ပေးရပါမယ်။

🍀 ၀ု၀ုကို တတ်နိုင်သမျှ ခြောက်သွေ့အောင်ထားပါ။

အပေါ်မှာပြောခဲ့သလိုပဲ လေထုကအမြဲစိုစွတ်နေတဲ့အတွက် မိုးမရွာနေရင်တောင်မှ အစိုဓာတ်ကြောင့် ၀ု၀ုတို့ရဲ့အမွှေးထုံးနိုင်ပါတယ်။ အမွှေးထုံးတာကိုသတိမထားမိလို့ အရမ်းထုံးသွားရင် ရှင်းလို့မရဘဲအကုန်ရိတ်ပစ်ရမှာပါ 😞 မရိတ်ရင်လည်း အရေပြားပြဿနာက နောက်ဆက်တွဲလိုက်လာမှာပါ။ ဒါကြောင့် လမ်းလျှောက်ထွက်ပြီးတိုင်း အမွှေးတွေကိုခြောက်သွေ့အောင်သေချာသုတ်ပေးပါ။ ၀ု၀ုအိပ်တဲ့မွေ့ယာ သို့မဟုတ် နေရာတိုင်းကိုခြောက်သွေ့သန့်ရှင်းအောင်လုပ်ပြီး ဖြစ်နိုင်ရင် ပြင်ပအစိုဓာတ်ဝင်နိုင်တဲ့ပြတင်းပေါက်နဲ့ဝေးရာမှာထားပေးရပါမယ် ✅

🍀 လမ်းလျှောက်ထွက်ပြီးတိုင်း ခြေဖဝါးလေးတွေကိုသန့်ရှင်းပေးပါ။

ဖိနပ်စီးလေ့ရှိတဲ့ကလေးတွေရော၊ ဖိနပ်မစီးတဲ့ကလေးတွေရော လမ်းလျှောက်ထွက်ပြီးပြန်ရောက်ရင် ခြေဖဝါးသန့်ရှင်းရေးလုပ်ကိုလုပ်ရပါမယ်။ ဒါမှသာ ပိုးမွှားကူးစက်ခြင်း၊ ဘက်တီးရီးယားပေါက်ဖွားခြင်းကိုရှင်းလင်းနိုင်မှာပါ။ ဒါတင်မဟုတ်ဘဲ ခြေဖဝါးကြားထဲက အမွှေးလေးတွေကိုလည်းညှပ်ပေးပြီး antiseptic ပါတဲ့ဆပ်ပြာရည်နဲ့ ခြေဖဝါးကိုပွတ်သပ်သန့်ရှင်းပေးရပါမယ် ☔️

🍀 မျက်လုံး၊ နားရွက်နဲ့ လိင်အင်္ဂါတစ်ဝိုက် အထူးဂရုပြုပေးပါ။

၀ု၀ုတို့ရဲ့မျက်လုံး၊ နားရွက်နဲ့ လိင်အင်္ဂါတစ်ဝိုက်ကိုသန့်ရှင်းပေးတာက ပုံမှန်လုပ်ရမယ့်အလုပ်တစ်ခုပါ။ သန့်ရှင်းတဲ့ရေစိုအဝတ်နွေးနွေးလေးနဲ့ဖြစ်စေ၊ ဂွမ်းလုံးအသန့်လေးနဲ့ဖြစ်စေ ညင်ညင်သာသာပွတ်သပ်ပေးပြီး ခြောက်အောင်ပြန်သုတ်ခြင်းဖြင့် တစ်ကိုယ်ရေသန့်ရှင်းပြီးရောဂါကာကွယ်စေပါတယ် 🌟

🍀 သန့်ရှင်းသောရေကိုတိုက်ပါ။

ကိုယ်စောင့်ရှောက်နေတဲ့၀ု၀ုကို ပိုင်ရှင်တိုင်းက အကောင်းဆုံး၊ အသန့်ဆုံးအစားအစာ သောက်ရေတိုက်ကျွေးပါတယ်။ ဒါပေမဲ့ လူတွေက ရေထဲမှာပါတဲ့ပိုးမွှားကြောင့်ဝမ်းရောဂါဖြစ်ကြသလို ၀ု၀ုတို့လည်းဖြစ်နိုင်ချေများပါတယ် 💁🏻‍♀️ ဒါကြောင့် ဝမ်းသွားခြင်းနဲ့ တခြားအစာအိမ်ပြဿနာများကင်းဝေးစေဖို့ သန့်ရှင်းတဲ့သောက်ရေကိုပဲတိုက်သင့်ပါတယ်။ သုံးရေတိုက်တာမျိုးလုံး၀မလုပ်ပါဘူး။ အချိန်ပေးနိုင်တယ်ဆိုရင် ရေကိုကျိုချက်တိုက်တာမျိုးလည်းလုပ်ပေးလို့ရပါတယ်။

🍀 အိမ်ထဲမှာပျော်အောင်ထားပေးပါ။

မိုးကြောင့် အပြင်သိပ်မထွက်ရတဲ့အခါ အိမ်ထဲမှာ ကိုယ်လက်လှုပ်ရှားလုပ်ခိုင်းတာကောင်းပါတယ်။ တိုက်ခန်းမှာနေတယ်ဆိုရင် လှေကားပေါ်တက်လိုက်ဆင်းလိုက်လုပ်ပြီး အတူတူလေ့ကျင့်ခန်းလုပ်ပါ 🏃🏻‍♂️ လုံးချင်းအိမ်မှာနေတယ်ဆိုရင် ကျယ်တဲ့တစ်နေရာမှာ ၀ု၀ုကျော်လွှားကစားဖို့ ရှိတဲ့ပစ္စည်းတွေနဲ့ကစားကွင်းလေးလုပ်ပေးကြည့်ပါ။ ရိုးရိုးရှင်းရှင်းကြိုက်ရင်တော့ အရုပ်လေးတွေနဲ့ကစားတာတို့၊ ဟိုပြေးဒီပြေးကစားတာတို့လည်းလုပ်ပေးနိုင်ပါတယ်။

🍀 အစာခွက်ကို အမြဲသန့်ရှင်းအောင်ထားပါ။

၀ု၀ုစားနိုင်သလောက်ပဲကျွေးပြီး ပိုကျန်နေတဲ့အစာတွေကို အကြာကြီးမထားပါနဲ့။ အစာခွက်ထဲကြာနေတဲ့အစာတွေကိုလည်းမစားပါစေနဲ့ 🍗🥩 ၀ု၀ုရဲ့အရိပ်အခြည်ကို တတ်နိုင်သလောက်စောင့်ကြည့်နေပြီး အစားပျက်တယ်၊ ယားနာဖြစ်တယ်၊ တစ်ခုခုကူးစက်တယ်လို့သံသယရှိရင် ကိုယ့်စိတ်ကူးနဲ့ကိုယ်မလုပ်ဘဲ တိကုဆေးခန်းကိုအမြန်ဆုံးဆက်သွယ်ရပါမယ်။

အထက်ပါအကြောင်းအရာတွေက ၀ု၀ုတို့နဲ့ ဖေဖေ မေမေတို့ကို ကူညီရာရောက်မယ်လို့မျှော်လင့်ပါတယ်။ နောက်လည်း Happy Paws မှ ကျန်းမာရေးအတွက်သိသင့်တာတွေတင်ပေးဦးမှာမို့လို့ အချိန်ယူပြီးဖတ်ရှုပေးကြပါဦးနော်။

Happy paws ( Tharkayta )

နဝရတ်လမ်းကျယ်၊ ၈ ရပ်ကွက်၊နဝရတ် ၁၀လမ်းထိပ်၊ သာကေတမြို့နယ်။
☎️ 09-446092463

Happy paws ( Thanlyin )

No.27(E)၊ ပိတောက်လမ်း၊ အမှုထမ်းရပ်ကွက်၊ သန်လျင်။
‌☎️ 09-448996569

ခွဲစိတ်မှုနှင့်ဆေးခန်းကိစ္စများ booking တင်လိုပါက 09-448996569 ကိုဆက်ပြီးမေးမြန်းနိုင်ပါတယ်။

ဆေးခန်းနှင့်ပတ်သက်၍ အသိပေးကြေငြာချက်Dr. Hsu Mon Than သည် 10.6.2024 (Monday) ရက်နေ့မှစရ်ျ ပုံမှန်ဆေးခန်းချိန်အတိုင်း ပြန်...
03/06/2024

ဆေးခန်းနှင့်ပတ်သက်၍ အသိပေးကြေငြာချက်

Dr. Hsu Mon Than သည် 10.6.2024 (Monday) ရက်နေ့မှစရ်ျ ပုံမှန်ဆေးခန်းချိန်အတိုင်း ပြန်လည်ထိုင်မည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Consultation Time
9:00Am - 12:00Pm (Thanlyin)
4:00Pm - 6:00Pm (Thaketa)

Happy paws ( Tharkayta )
နဝရတ်လမ်းကျယ်၊ ၈ ရပ်ကွက်၊နဝရတ် ၁၀လမ်းထိပ်၊ သာကေတမြို့နယ်။
☎️ Ph no 09 -446092463
🏥 Happy Paws 🐾 ( Tharkayta )
🧑‍⚕️ Consultation hours - 10:00 am to 1:00 pm
03:00 pm to 6:00 pm
* Opening times - Sunday to Friday.
________😸😸😸😸_______

Happy paws ( Thanlyin )
No.27(E)၊ ပိတောက်လမ်း၊ အမှုထမ်းရပ်ကွက်၊ သန်လျင်။
☎️ Ph no 09-448996569

🏥 Happy Paws 🐾 ( Thanlyin )

🧑‍⚕️ Consultation hours- 9:00 am to 12:00 pm
3:00 pm to 6: 00 pm
* Opening times - Sunday to Friday.

🚨🚨🚨 အပတ်စဉ် စနေနေ့တိုင်း ဆေးခန်းအားလုံး ပိတ်ပါသည် 🚨🚨🚨

🚑🚑 ခွဲစိတ်မှုနှင့်ဆေးခန်းကိစ္စများ booking တင်လိုပါက # #09 -448996569 # # ကိုဆက်ပြီးမေးမြန်းနိူင်ကြောင်းအသိပေးလိုက်ရပါတယ်ရှင်။

တမူထူးခြားတဲ့အသည်းအရသာနဲ့ Rena BowJerky 🐶🍗အိမ်က၀ု၀ုကို အာဟာရဓာတ်ကြွယ်ပြီးအရသာရှိတဲ့ Rena အသည်း (Liver) BowJerky လေး စမ်း...
03/06/2024

တမူထူးခြားတဲ့အသည်းအရသာနဲ့ Rena BowJerky 🐶🍗

အိမ်က၀ု၀ုကို အာဟာရဓာတ်ကြွယ်ပြီးအရသာရှိတဲ့ Rena အသည်း (Liver) BowJerky လေး စမ်းကျွေးကြည့်ပါ။ အသည်းကြိုက်တဲ့၀ု၀ုဆိုရင် သရေတများများကျသွားစေရပါမယ် 😋

အသားချောင်းထဲမှာသုံးထားတဲ့အသည်းက ကြက်အသည်း ၁၀၀% အပြည့်ပါ။ အသည်းနဲ့ပြုလုပ်ထားတဲ့အတွက် သွေးအားကောင်းစေဖို့လည်းထောက်ပံ့ပေးပါတယ် 🩸 ဒါတင်မဟုတ်သေးပါဘူး။ သန့်ရှင်းတယ်၊ လတ်ဆတ်တယ်၊ ကျန်းမာရေးနဲ့ညီညွတ်ပြီး အစာကြေလွယ်ကူတယ်။ ပါးစပ်ထဲရောက်တာနဲ့ နူးအိသွားမယ့်အထိအတွေ့ဖြစ်လို့ သွားမကောင်းတဲ့၀ု၀ုတို့လည်းစားနိုင်ပါတယ် 🤗

အဓိကပါဝင်ပစ္စည်းတွေကတော့
ကစီဓာတ် 🔆
ကြက်အသည်း 🐓
ပဲ နဲ့ ပရိုတင်း ❇️
ဂျုံမှုန့် 🍞
နေကြာဆီ 🌻 တို့ဖြစ်ပါတယ်။

သတိပြုရမယ့်အချက်လေးတွေက ပါဝင်ပစ္စည်းမှာ ကလေးနဲ့ဓာတ်မတည့်တာတွေပါနိုင်လား စစ်ဆေးရပါမယ် ✅ အဆာပြေမုန့်ဖြစ်လို့ ထမင်းစားချိန်မှာမကျွေးသင့်ပါ။ လွန်လွန်ကြူးကြူးမကျွေးရပါ 🙅🏻‍♀️ တစ်ခါကျွေးပြီးတိုင်း သန့်ရှင်းတဲ့သောက်ရေတိုက်ပေးရပါမယ် 💦 တခြားသိချင်တာရှိရင်တော့ အောက်ဖော်ပြပါဖုန်းနံပါတ်တွေနဲ့ Page chatbox ကိုဆက်သွယ်နိုင်ပါတယ်။

Happy paws ( Tharkayta )

နဝရတ်လမ်းကျယ်၊ ၈ ရပ်ကွက်၊နဝရတ် ၁၀လမ်းထိပ်၊ သာကေတမြို့နယ်။
☎️ 09-446092463

Happy paws ( Thanlyin )

No.27(E)၊ ပိတောက်လမ်း၊ အမှုထမ်းရပ်ကွက်၊ သန်လျင်။
‌☎️ 09-448996569

ခွဲစိတ်မှုနှင့်ဆေးခန်းကိစ္စများ booking တင်လိုပါက 09-448996569 ကိုဆက်ပြီးမေးမြန်းနိုင်ပါတယ်။

မိုးရာသီနှင့် သန်ကောင်ပြဿနာ 🐶🐱🪱မိုးတွင်းရောက်တာနဲ့ ကလေးတွေအတွက် အရင်ဆုံးလုပ်ပေးရမှာက သန်ချတာပါ။ မြောင်တို့ ၀ုတို့မှာ ယေဘ...
03/06/2024

မိုးရာသီနှင့် သန်ကောင်ပြဿနာ 🐶🐱🪱

မိုးတွင်းရောက်တာနဲ့ ကလေးတွေအတွက် အရင်ဆုံးလုပ်ပေးရမှာက သန်ချတာပါ။ မြောင်တို့ ၀ုတို့မှာ ယေဘုယျအားဖြင့်တွယ်တတ်တဲ့ကပ်ပါးကောင်ထဲမှာ သန်ကောင်က နံပါတ်တစ်မှာနေရာယူပြီး ဘာမဟုတ်သလိုလိုနဲ့ အန္တရာယ်ပေးနိုင်တာကြောင့်ပါပဲ ✋

ဒီတစ်ခါတော့ သန်ကောင်နဲ့ပတ်သက်သော သိသင့်သိထိုက်သမျှကို 🐾Happy Paws🐾 မှပြောပြပေးသွားမှာဖြစ်ပါတယ်။

သန်ချခြင်းကို ၂ပတ်သားအရွယ်ကစပြီး လုပ်ပေးရပါမယ်။ သန်ကောင်များနေရင် စားသမျှအာဟာရက ကလေးဆီမရောက်ဘဲ အာဟာရပိုင်းဆိုင်ရာထိခိုက်နိုင်ပါတယ်။ နောက်ပြီး သန်ထိုးတဲ့အခါ အော့အန်ခြင်း၊ ဝမ်းသွားခြင်းလက္ခဏာတွေအပြင် နောက်ဆုံး အသက်အန္တရာယ်အထိဒုက္ခပေးနိုင်ပါတယ် 😞

ဒါဆို ဘယ်လိုသန်ချပေးရမလဲ။

ပထမဆုံးသန်ချတဲ့အခါ နှစ်ပတ်တစ်ခါကို အနည်းဆုံး ၃ ကြိမ်ကနေ ၅ ကြိမ်အထိ ဒေါက်တာက စနစ်တကျသန်ချပေးပါတယ် 👩‍⚕️👨‍⚕️ အကြောင်းအရင်းကတော့ သန်စစချချင်းမှာ သန်ချဆေးက အကောင်ကိုပဲသေစေပြီးသန်ဥကကျန်ခဲ့တာမို့လို့ပါ။

နှစ်ပတ်ကြာတဲ့အခါ အဲ့ဒီသန်ဥ က အကောင်ဖြစ်လာပြီးသန်ကောင်ထပ်ပွားပါတယ်။ အဲဒါကြောင့် နှစ်ပတ်တစ်ခါသန်ချပေးမှ သန်ကောင်အားလုံးကို အပြတ်ရှင်းနိုင်မှာပါ။ သန်ကောင်ရှင်းသွားပြီဆိုရင်တော့ သုံးလတစ်ကြိမ် ပုံမှန်လေးသန်ချပေးရပါမယ် 💁‍♀️

အကောင်းဆုံးက အမေကိုယ်ဝန်ဆောင်စဉ်တည်းက စနစ်တကျသန်ချထားခြင်းပါ။ အဲဒီလိုမှ ကလေးတွေ သန်ကောင်ကြောင့်အသက်ဆုံးရှုံးခြင်းကိုကာကွယ်နိုင်မှာပါ ✅

သန်ကောင်တွယ်တယ်ဆိုတာ နှုတ်ဖျားမှာတော့အသေးအမွှားလေးပါ။ ဒါပေမဲ့ လူတွေကမသိတာတစ်ခုက သန်ကောင်ကြောင့်လဲ သွေးဝမ်းဖြစ်ပြီးအသက်သေနိုင်တယ်ဆိုတဲ့အချက်ဖြစ်ပါတယ်။ ဒါကြောင့် သန်ကောင်ပြဿနာကို လုံး၀ပေါ့ဆလို့မဖြစ်ပါဘူးနော်။ အိမ်က ကလေးတွေသန်မချရသေးဘူးဆိုရင် အခုပဲအမြန်လှုပ်ရှားလိုက်ကြပါ ♻️

Happy paws ( Tharkayta )

နဝရတ်လမ်းကျယ်၊ ၈ ရပ်ကွက်၊နဝရတ် ၁၀လမ်းထိပ်၊ သာကေတမြို့နယ်။
☎️ 09-446092463

Happy paws ( Thanlyin )

No.27(E)၊ ပိတောက်လမ်း၊ အမှုထမ်းရပ်ကွက်၊ သန်လျင်။
‌☎️ 09-448996569

ခွဲစိတ်မှုနှင့်ဆေးခန်းကိစ္စများ booking တင်လိုပါက 09-448996569 ကိုဆက်ပြီးမေးမြန်းနိုင်ပါတယ်။

Jerky ကြိုက်တဲ့ဝုတို့အတွက် Takumi chicken jerky 🐶🐾ထိုင်းနိုင်ငံကထုတ်လုပ်ပြီး သရေစာအနေနဲ့ရော အာဟာရဖြည့်စာအနေနဲ့ရော ကျွေးလ...
02/06/2024

Jerky ကြိုက်တဲ့ဝုတို့အတွက် Takumi chicken jerky 🐶🐾

ထိုင်းနိုင်ငံကထုတ်လုပ်ပြီး သရေစာအနေနဲ့ရော အာဟာရဖြည့်စာအနေနဲ့ရော ကျွေးလို့ရတဲ့ jerky ဖြစ်ပါတယ်။

ပါဝင်ပစ္စည်းတွေကတော့

1. ဂျုံမှုန့် 🍚
2. ကြက်သား 🍗
3. နို့ 🥛
4. Vitamin E ❇️
5. Glycerin 🔷 တို့ဖြစ်ပါတယ်။

အလယ်မှာ နို့ချောင်း၊ နို့မျှင်နဲ့ အပြင်က ကြက်သားအပျော့ပတ်ထားတဲ့ Takumi jerky က အရသာထူးခြားတယ်လို့ဆိုရမှာပါ။ နို့အရသာကဲကဲနဲ့ ကြက်သားအိအိလေးနဲ့ ဝါးလို့ကောင်း၊ စားလို့ကောင်း၊ အားလုံးကောင်းပါတယ် 😋

ဝုပိစိလေးတွေ သေချာဝါးစားမယ်ဆိုရင် နို့ထဲမှာပါတဲ့သံဓာတ်၊ ကော့ပါးဓာတ်နဲ့ lecithin တို့က ဦးနှောက်ဖွံ့ဖြိုးမှုကိုတိုးတက်စေမှာပါ ✨

✅ အားအင်ပြည့်ပြီး ကြွက်သားသန်မာစေခြင်း

✅ ဆဲလ်ထိခိုက်မှု၊ ဆဲလ်အားနည်းမှုကို ထိန်းညှိပေးခြင်း

✅ သဘာဝအရသာနဲ့ ဓာတုဆေးဝါးကင်းစင်ခြင်း

✅ အူလမ်းကြောင်းကောင်းမွန်စေခြင်း

စတဲ့အာနိသင်တွေနဲ့ပြည့်စုံတဲ့ Takumi jerky ကို ဝုဝုတို့သဘောတွေ့မှာအသေအချာပါ။ Dogaholic တံဆိပ်ကထုတ်တာမို့ စိတ်ချလက်ချဝယ်လိုက်ပါတော့နော် 😁

Happy paws ( Tharkayta )

နဝရတ်လမ်းကျယ်၊ ၈ ရပ်ကွက်၊နဝရတ် ၁၀လမ်းထိပ်၊ သာကေတမြို့နယ်။
☎️ 09-446092463

Happy paws ( Thanlyin )

No.27(E)၊ ပိတောက်လမ်း၊ အမှုထမ်းရပ်ကွက်၊ သန်လျင်။
‌☎️ 09-448996569

ခွဲစိတ်မှုနှင့်ဆေးခန်းကိစ္စများ booking တင်လိုပါက 09-448996569 ကိုဆက်ပြီးမေးမြန်းနိုင်ပါတယ်။

ကြက်သားကြိုက်တဲ့၀ု၀ုတို့အတွက် Chicky Chicken Jerky 🐶ထိုင်းနိုင်ငံကထုတ်လုပ်ပြီး ပရိုတင်းဓာတ်ကြွယ်၀တဲ့ Chicky Chicken Jerk...
01/06/2024

ကြက်သားကြိုက်တဲ့၀ု၀ုတို့အတွက် Chicky Chicken Jerky 🐶

ထိုင်းနိုင်ငံကထုတ်လုပ်ပြီး ပရိုတင်းဓာတ်ကြွယ်၀တဲ့ Chicky Chicken Jerky ဟာ ကြက်ရင်အုံစစ်စစ်နဲ့ပြုလုပ်ထားတာပါ 🐓 ဆိုးဆေးမပါ၊ ဓာတုရနံ့မပါဘဲ သဘာ၀အတိုင်းထုတ်လုပ်ထားလို့ ကလေးတွေအတွက် ဘေးထွက်ဆိုးကျိုးမရှိပါဘူးနော်။ ဖောက်ပြီးရင်ပြန်ပိတ်လို့ရတဲ့ဇစ်လိုင်းပါတာကြောင့် expire မဖြစ်ခင်အထိ လွယ်လွယ်ကူကူသိမ်းထားပြီးကျွေးလို့ရပါတယ် ✅

ကြက်သားအရသာအပြင် တခြားအရသာအရောလည်းထုတ်လုပ်ပြီး ပုံစံလေးတွေကလည်းမျိုးစုံပါ။ အခုဆိုရင် နို့ခဲလေးတွေပါထုတ်လုပ်လာပါပြီ။ Happy Paws မှာ ယခုလက်ရှိဝယ်ယူနိုင်တဲ့အရသာက (၄) မျိုးက
ကြက်ပေါင်ပုံစံ ကြက်သားချောင်း 🍗 ကြက်သားအရော ဂဏန်းအသားမျှင် 🦀 ကြက်သားပတ်ထားတဲ့ ငါးအသားမျှင် 🐟 အရိုးပုံစံ နို့ခဲချောင်း 🦴 ဖြစ်ပါတယ်။

ကြီးကြီးဝါးရမှကျေနပ်တဲ့ကလေးတွေအတွက် ကြက်ပေါင်အသားချောင်းနဲ့ဆို အိုကေစိုပြေပါပဲ 😋 နည်းနည်းချင်းစားတတ်တဲ့ကလေးတွေအတွက် ကြက်ဂဏန်းအသားမျှင်လေးက စားရအဆင်ပြေမှာပါ 🥰 ငါးကြိုက်တဲ့ကလေးတွေအတွက်က ကြက်သားပတ်ထားတဲ့ငါးအသားမျှင်ကျွေးလို့ရပြီး နို့ခဲလေးတွေစားချင်တဲ့ကလေးတို့ကိုတော့ နို့ခဲချောင်းအထုပ်လေးကျွေးကြည့်လိုက်ပါနော် 🤗

Happy paws ( Tharkayta )

နဝရတ်လမ်းကျယ်၊ ၈ ရပ်ကွက်၊နဝရတ် ၁၀လမ်းထိပ်၊ သာကေတမြို့နယ်။
☎️ 09-446092463

Happy paws ( Thanlyin )

No.27(E)၊ ပိတောက်လမ်း၊ အမှုထမ်းရပ်ကွက်၊ သန်လျင်။
‌☎️ 09-448996569

ခွဲစိတ်မှုနှင့်ဆေးခန်းကိစ္စများ booking တင်လိုပါက 09-448996569 ကိုဆက်ပြီးမေးမြန်းနိုင်ပါတယ်။

Sleeky တံဆိပ်ကထုတ်လုပ်တဲ့အသားချောင်း snack နဲ့မိတ်ဆက်ပေးပါမယ် 🐶Sleeky Snack လို့အသိများတဲ့သရေစာမုန့်လေးက အသားစစ်စစ်နဲ့လု...
01/06/2024

Sleeky တံဆိပ်ကထုတ်လုပ်တဲ့အသားချောင်း snack နဲ့မိတ်ဆက်ပေးပါမယ် 🐶

Sleeky Snack လို့အသိများတဲ့သရေစာမုန့်လေးက အသားစစ်စစ်နဲ့လုပ်ထားတာပါ။ အနံ့အရသာ၊ အာဟာရနဲ့ပြည့်စုံပြီး အဆာပြေစားလို့ရတဲ့မုန့်မို့ snack ကြိုက်တဲ့ကလေးတွေနဲ့ကွက်တိပဲနော် ✨

ပရိုတင်း၊ ကစီဓာတ်၊ အမျှင်ဓာတ်ပါဝင်ပြီး ကြက်သား၊ ပဲ၊ နို့ထောပတ်၊ Glycerine တို့ပေါင်းစပ်ထားပါတယ်။ အရသာအမျိုးမျိုးထွက်ရှိထားပြီး Happy Paws မှာ လက်ရှိဝယ်ယူနိုင်တဲ့အရသာတွေက Beef 🍖 (အမဲသား) Chicken 🍗 (ကြက်သား) Lamb 🥩 (သိုးသား) ဖြစ်ပါတယ်။

အသားချောင်းကိုအိအိလေးလုပ်ထားတာမို့ ဝါးရလွယ်ပြီး အစာကြေလည်းလွယ်ပါတယ်။ ဖောက်သည်တွေက ဆိုင်ထဲဝင်တာနဲ့ "Sleeky Snack ရှိလား" လို့တန်းမေးတဲ့အထိ အရမ်းရောင်းကောင်းတာမို့ အမြန်လက်ဦးထားမှအဆင်ပြေမယ်နော် 😉

Happy paws ( Tharkayta )

နဝရတ်လမ်းကျယ်၊ ၈ ရပ်ကွက်၊နဝရတ် ၁၀လမ်းထိပ်၊ သာကေတမြို့နယ်။
☎️ 09-446092463

Happy paws ( Thanlyin )

No.27(E)၊ ပိတောက်လမ်း၊ အမှုထမ်းရပ်ကွက်၊ သန်လျင်။
‌☎️ 09-448996569

ခွဲစိတ်မှုနှင့်ဆေးခန်းကိစ္စများ booking တင်လိုပါက 09-448996569 ကိုဆက်ပြီးမေးမြန်းနိုင်ပါတယ်။

အိမ်မှာ ဝုပိစိ မြောင်ပိစိလေးတွေပေါက်ထားပါသလား။ မိခင်နို့ရည်မလုံလောက်လို့ နို့တိုက်ဖို့လိုအပ်နေပါသလား။ စိတ်မပူပါနဲ့။ AG -...
30/05/2024

အိမ်မှာ ဝုပိစိ မြောင်ပိစိလေးတွေပေါက်ထားပါသလား။ မိခင်နို့ရည်မလုံလောက်လို့ နို့တိုက်ဖို့လိုအပ်နေပါသလား။

စိတ်မပူပါနဲ့။ AG - Science milk replacer နို့မှုန့်ရှိပါတယ် 🥛

AG-milk ကို ၂၀ ဂရမ်အထုပ်လေးတွေနဲ့ ၂၅၀ ဂရမ် ဘူးကြီးဆိုပြီး ၂မျိုးထုတ်ပါတယ်။ အသက် ၃ ရက်နဲ့အထက် ဝုကလေးနဲ့ မြောင်ကလေးတွေကို တိုက်လို့ရပါတယ်။

Prebiotic နဲ့ Taurine ပါဝင်လို့ လိုအပ်တဲ့အာဟာရဓာတ်ဖြည့်ပေးပြီး ကျန်းမာရေးကောင်းမွန်စေပါတယ် 🐶😺

နို့ဖျော်တဲ့အခါ ရေနွေး ၅ ဆ၊ နို့မှုန့် ၁ ဆ ရောစပ်ပြီး ကလေးတွေသောက်နိုင်တဲ့ပမာဏလောက်ပဲ ဖျော်တိုက်တာကောင်းပါတယ်။ ဖျော်ပြီးသားကို အကြာကြီးသိမ်းထားပြီးပြန်တိုက်ရင် ကလေးတွေအတွက်စိုးရိမ်ရလို့ပါ။

ကလေးတွေကိုနို့တိုက်ရလွယ်တဲ့ နို့ဘူးလေးတွေလည်း 🐾 Happy Paws 🐾 မှာရှိပါတယ်။

ဝုနဲ့မြောင်တို့ရဲ့အစာအိမ်က နွားနို့မှာပါတဲ့ Lactose ကိုမခြေဖျက်နိုင်လို့ နွားနို့၊ ပဲနို့ လုံးဝတိုက်လို့မဖြစ်ပါဘူး 🙅 အဲ့ဒီအစား နို့ဓာတ်ပါဝင်တဲ့ AG-Science ကိုပဲတိုက်ပေးပါနော် 💁‍♀️

Happy paws ( Tharkayta )

နဝရတ်လမ်းကျယ်၊ ၈ ရပ်ကွက်၊နဝရတ် ၁၀လမ်းထိပ်၊ သာကေတမြို့နယ်။
☎️ 09-446092463

Happy paws ( Thanlyin )

No.27(E)၊ ပိတောက်လမ်း၊ အမှုထမ်းရပ်ကွက်၊ သန်လျင်။
‌☎️ 09-448996569

ခွဲစိတ်မှုနှင့်ဆေးခန်းကိစ္စများ booking တင်လိုပါက 09-448996569 ကိုဆက်ပြီးမေးမြန်းနိုင်ပါတယ်။

သန်း၊ မွှားကြောင့် ဝုဝုတို့ယားနာနေပါသလား။ Fronil spot ကို သတိရလိုက်ပါ 🐶ဆရာဝန်များအသိအမှတ်ပြုတဲ့ Fronil Spot သန်းဆေးဟာ သန...
30/05/2024

သန်း၊ မွှားကြောင့် ဝုဝုတို့ယားနာနေပါသလား။ Fronil spot ကို သတိရလိုက်ပါ 🐶

ဆရာဝန်များအသိအမှတ်ပြုတဲ့ Fronil Spot သန်းဆေးဟာ သန်းများတဲ့ကလေးတွေ၊ မွှားကိုက်ဝေဒနာခံစားနေရတဲ့ကလေးတွေအတွက် အကောင်းဆုံးလိမ်းဆေးဖြစ်ပါတယ် ✨

အရင်ဆုံး ကလေးရဲ့အလေးချိန်ကိုတိုင်းပါ။ ကလေးက ၁၄ ကီလိုမှ ၂၈ ကီလိုအတွင်းရှိရင်သုံးလို့ရပါပြီ။

ဂုတ်ပိုးနားကအမွေးကို အရေပြားပေါ်တဲ့အထိဖော်ပြီး လိမ်းဆေးကို ၁ ချက်၊ ၂ ချက်လိမ်းပေးပါ။ စလိမ်းကာစမှာ အမွေးနဲ့ရောပြီးကပ်စေးစေးဖြစ်နိုင်ပေမဲ့ ၂၄ နာရီအတွင်းပျောက်သွားမှာပါ 🐕❤️

ရေမချိုးရသေးရင် နှစ်သက်ရာအချိန်လိမ်းနိုင်ပြီး ရေချိုးထားရင်တော့ ၃ ရက်အကြာမှလိမ်းရပါမယ်။

တစ်ကြိမ်လိမ်းပြီးတာနဲ့ ကလေးတို့ တစ်လလုံးအေးဆေးနေလို့ရပါပြီ။ မသက်သာသေးရင် နောက်တစ်ခါထပ်လိမ်းပေးပါ။ သန်းဖြစ်ဖြစ် မွှားဖြစ်ဖြစ် ဘာကောင်ကြီးဖြစ်ဖြစ် ပြားပြားဝပ်သွားစေရပါမယ် ✌️

Happy paws ( Tharkayta )

နဝရတ်လမ်းကျယ်၊ ၈ ရပ်ကွက်၊နဝရတ် ၁၀လမ်းထိပ်၊ သာကေတမြို့နယ်။
☎️ 09-446092463

Happy paws ( Thanlyin )

No.27(E)၊ ပိတောက်လမ်း၊ အမှုထမ်းရပ်ကွက်၊ သန်လျင်။
‌☎️ 09-448996569

ခွဲစိတ်မှုနှင့်ဆေးခန်းကိစ္စများ booking တင်လိုပါက 09-448996569 ကိုဆက်ပြီးမေးမြန်းနိုင်ပါတယ်။

🐶 ဝုတို့အတွက် အရိုးအဆစ်အားဆေး Nutrical Calcium Calcium က အရိုးအဆစ်အတွက်၊ Phosphorus က ဖွံဖြိုးမှုအတွက်၊ Vitamin A, C, D3...
27/05/2024

🐶 ဝုတို့အတွက် အရိုးအဆစ်အားဆေး Nutrical Calcium

Calcium က အရိုးအဆစ်အတွက်၊ Phosphorus က ဖွံဖြိုးမှုအတွက်၊ Vitamin A, C, D3 က ကိုယ်ခံအားတိုးဖို့နဲ့ သွေးအားကောင်းဖို့အတွက်၊ ဒါတွေအကုန်လုံး Nutrical Calcium ကဖြည့်ဆည်းပေးပါတယ် 💁‍♀️

ကလေးငယ်တွေကိုဖွံဖြိုးစေ၊ ကလေးကြီးတွေကို အရိုးအဆစ်သန်မာစေပြီး ကိုယ်ဝန်ဆောင်သည် ဝုမေမေများနဲ့ အရိုးခွဲစိတ်ထားတဲ့ဝုတို့ကိုလည်း တိုက်လို့ရပါတယ် ✅

ဘူးအသေး (အလုံး ၃၀)၊ ဘူးအကြီး (အလုံး ၆၀) ဆိုပြီး ၂မျိုးထုတ်ပါတယ်။

ဆေးဝယ်တဲ့အခါ ကလေးကိုဒီဆေးတိုက်လို့ရကြောင်းမရကြောင်းကို ဆရာဝန်နဲ့အရင်တိုင်ပင်ပြီးမှ ဆရာဝန်ညွှန်ကြားချက်အတိုင်း စနစ်တကျတိုက်ပေးရပါမယ် 👨‍⚕️

သားသားမီးမီးတို့ရဲ့ အရိုးအဆစ်ကျန်းမာရေးကို Nutrical Calcium နဲ့စိတ်ချလိုက်ပါ 🐕❤️

Happy paws ( Tharkayta )

နဝရတ်လမ်းကျယ်၊ ၈ ရပ်ကွက်၊နဝရတ် ၁၀လမ်းထိပ်၊ သာကေတမြို့နယ်။
☎️ 09-446092463

Happy paws ( Thanlyin )

No.27(E)၊ ပိတောက်လမ်း၊ အမှုထမ်းရပ်ကွက်၊ သန်လျင်။
‌☎️ 09-448996569

ခွဲစိတ်မှုနှင့်ဆေးခန်းကိစ္စများ booking တင်လိုပါက 09-448996569 ကိုဆက်ပြီးမေးမြန်းနိုင်ပါတယ်။

ဝုတို့ကျန်းမာရေးအတွက်ဆို Zootamin ကို အားကိုးလိုက်ပါ 🐕❤️ထိုင်းနိုင်ငံထုတ်အားဆေးဖြစ်ပြီး calcium, Vitamin E, B1, B2, B6, ...
27/05/2024

ဝုတို့ကျန်းမာရေးအတွက်ဆို Zootamin ကို အားကိုးလိုက်ပါ 🐕❤️

ထိုင်းနိုင်ငံထုတ်အားဆေးဖြစ်ပြီး calcium, Vitamin E, B1, B2, B6, B12 အပြည့်အဝပါဝင်တယ်။ ဝုအကြီးတွေရော ဝုကလေးတွေရော သင့်တင့်စွာကျွေးလို့ရပါတယ်။

🐾 Happy Paws မှာ အလုံး ၃၈၀ ပါဘူးအကြီးနဲ့ အလုံး ၁၀၀ ပါအထုပ်ငယ်ဆိုပြီး ၂ မျိုးခွဲရောင်းပါတယ်ရှင့် 😊

အာနိသင်တွေက ကျန်းမာရေးသွက်လက်ချက်ချာမယ် 🐶 အရေပြားကောင်းမွန်ပြီး အမွှေးအမျှင်လှစေမယ် ✨ အစားစားချင်စိတ်လည်းဖြစ်စေပြီး ဖွံဖြိုးထွားကြိုင်းစေပါတယ် 💪

ဆေးဝယ်မယ်ဆိုရင် ဆရာဝန်နဲ့အရင်တိုင်ပင်ရပါမယ်နော် 👨‍⚕️ ကျွေးလို့ရတယ်ဆိုမှ ဆရာဝန်ညွှန်ချက်အတိုင်းဖြစ်စေ ဆေးညွှန်းအတိုင်းဖြစ်စေ အဆင်ပြေသလိုကျွေးပေးရပါမယ်ရှင့် 💁‍♀️

Happy paws ( Tharkayta )

နဝရတ်လမ်းကျယ်၊ ၈ ရပ်ကွက်၊နဝရတ် ၁၀လမ်းထိပ်၊ သာကေတမြို့နယ်။
☎️ 09-446092463

Happy paws ( Thanlyin )

No.27(E)၊ ပိတောက်လမ်း၊ အမှုထမ်းရပ်ကွက်၊ သန်လျင်။
‌☎️ 09-448996569

ခွဲစိတ်မှုနှင့်ဆေးခန်းကိစ္စများ booking တင်လိုပါက 09-448996569 ကိုဆက်ပြီးမေးမြန်းနိုင်ပါတယ်။

ကလေးတို့အားရှိဖို့ Hapetize ကိုဆောင်ထားစို့ 🐱🐶🐾Hapetize အားဆေးကို သဘာ၀ဆေးဖက်၀င်အပင် (၆) မျိုးမှထုတ်လုပ်ပြီး အစားစားခြင်း...
26/05/2024

ကလေးတို့အားရှိဖို့ Hapetize ကိုဆောင်ထားစို့ 🐱🐶🐾

Hapetize အားဆေးကို သဘာ၀ဆေးဖက်၀င်အပင် (၆) မျိုးမှထုတ်လုပ်ပြီး အစားစားခြင်း၊ ကိုယ်ခန္ဓာဖွံ့ဖြိုးခြင်းနဲ့ အသည်းအားကောင်းခြင်း အာနိသင်များနဲ့ပြည့်စုံပါတယ်။

✅အစာစားချင်စိတ်ကိုမြှင့်တင်ပေးပြီး အူလမ်းကြောင်းတစ်လျှောက် အစာအာဟာရများကိုစုပ်ယူမှုအားကောင်းစေတဲ့အစွမ်းသတ္တိတွေလည်း ပါ၀င်ပါသေးတယ်။

✅အစာချေလမ်းကြောင်းအတွင်း အက်စစ်ဓာတ်များခြင်းကြောင့် အနာဖြစ်တဲ့အခါ၊ အစာခြေလမ်းကြောင်းရောင်ယမ်းတဲ့အခါမှာလည်း မှီဝဲနိုင်ပါတယ်။

ဒါကြောင့် အစားမစားတဲ့ကလေးတွေ၊ ပိန်ချုံးတဲ့ကလေးတွေနဲ့ အသည်းမကောင်းတဲ့တိလေးတွေကို ပုံမှန်တိုက်ကျွေးပေးမယ်ဆိုရင် အသည်းအားကောင်းတဲ့အပြင် ကျန်းမာတဲ့အစာအိမ်အူလမ်းကြောင်းစနစ်ကိုရရှိစေမှာဖြစ်ပါတယ် 🥰

ဆေးညွှန်းလေးကတော့ -
အာဝုငယ်လေးများအတွက် 5 ml
အရွယ်ရောက်ပြီးအာဝုတို့အတွက် 10 ml
ကိုယ်၀န်ဆောင်အာဝုမိခင်တွေအတွက် 15 ml
မြောင်လေးတွေအတွက် 2.5 ml

စတဲ့အချိုးအစားများနဲ့ တစ်နေ့ကို 2 ကြိမ်တိုက်ကျွေးနိုင်ပါတယ် ✨

ကလေးကိုအားဆေးတိုက်ချင်တယ် ဘာတိုက်ရမလဲစဉ်းစားနေတဲ့ ဖေဖေ မေမေတို့ Hapetize ကို အမြန်ဆောင်ထားလိုက်တော့နော် 🤗

Happy paws ( Tharkayta )

နဝရတ်လမ်းကျယ်၊ ၈ ရပ်ကွက်၊နဝရတ် ၁၀လမ်းထိပ်၊ သာကေတမြို့နယ်။
☎️ 09-446092463

Happy paws ( Thanlyin )

No.27(E)၊ ပိတောက်လမ်း၊ အမှုထမ်းရပ်ကွက်၊ သန်လျင်။
‌☎️ 09-448996569

ခွဲစိတ်မှုနှင့်ဆေးခန်းကိစ္စများ booking တင်လိုပါက 09-448996569 ကိုဆက်ပြီးမေးမြန်းနိုင်ပါတယ်။

အစာအဆိပ်သင့်မှုအတွက် Charcoal Vet အဆိပ်ဖြေ၊ ဝမ်းပျက်သက်သာ၊ လေထိုးလေအောင့်ကင်းစေမယ့် Charcoal Vet ဆေးရည်ဟာ ထိုင်းနိုင်ငံထ...
26/05/2024

အစာအဆိပ်သင့်မှုအတွက် Charcoal Vet

အဆိပ်ဖြေ၊ ဝမ်းပျက်သက်သာ၊ လေထိုးလေအောင့်ကင်းစေမယ့် Charcoal Vet ဆေးရည်ဟာ ထိုင်းနိုင်ငံထုတ်နာမည်ကြီး တိရစ္ဆာန်အဆိပ်ဖြေဆေးပါ ✨

ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေနဲ့ မလိုအပ်တဲ့သတ္တုဓာတ်ကိုဖယ်ရှားပေးတဲ့နေရာမှာ အလွန်အသုံးဝင်ပါတယ် 💯

အစားမှားလို့အဆိပ်သင့်သည်ဖြစ်စေ၊ အကောင်တွေစားမိလို့ အဆိပ်သင့်သည်ဖြစ်စေ Charcoal Vet က အမြန်ဆုံးအဆိပ်ဖြေပေးပါလိမ့်မယ်။ ဒါပေမဲ့ ချက်ချင်းသိမှ အသက်ကယ်နိုင်မှာပါ။

တိရစ္ဆာန်လေးတွေအတွက် သီးသန့်ဖြစ်လို့ ကလေးများနဲ့ဝေးရာမှာထားရပါမယ်။ နေရောင်နဲ့ထိလို့မရပါဘူး။ ပူတဲ့နေရာမှာထားလို့မရပါဘူး 🙅‍♀️

ဆေးတိုက်ပြီးတဲ့အခါ အမည်းတွေအန်ပါလိမ့်မယ်။ မစိုးရိမ်ပါနဲ့ ✋ ဆေးအရောင်နဲ့အတူ အဆိပ်တွေပါတစ်ခါတည်းအန်လိုက်တာမို့လို့ပါ။

ဝုလေး မြောင်လေးတွေကို အဆိပ်မသင့်စေဖို့အထူးဂရုစိုက်ရပါမယ်။ အကယ်၍ ရုတ်တရက်ဖြစ်သွားခဲ့ရင်လည်း Charcoal Vet ရှိတယ်ဆိုတာ သတိရလိုက်ပါ။

Happy paws ( Tharkayta )

နဝရတ်လမ်းကျယ်၊ ၈ ရပ်ကွက်၊နဝရတ် ၁၀လမ်းထိပ်၊ သာကေတမြို့နယ်။
☎️ 09-446092463

Happy paws ( Thanlyin )

No.27(E)၊ ပိတောက်လမ်း၊ အမှုထမ်းရပ်ကွက်၊ သန်လျင်။
‌☎️ 09-448996569

ခွဲစိတ်မှုနှင့်ဆေးခန်းကိစ္စများ booking တင်လိုပါက 09-448996569 ကိုဆက်ပြီးမေးမြန်းနိုင်ပါတယ်။

🐾Happy Paws🐾 မှာရနိုင်တဲ့ Pet Easy Pad တွေအကြောင်းသိပြီးပြီလားEasy Pad ဆိုတာ ဝုဝု မြောင်မြောင်တို့နေမကောင်းလို့ အပေါ့အလေ...
23/05/2024

🐾Happy Paws🐾 မှာရနိုင်တဲ့ Pet Easy Pad တွေအကြောင်းသိပြီးပြီလား

Easy Pad ဆိုတာ ဝုဝု မြောင်မြောင်တို့နေမကောင်းလို့ အပေါ့အလေးမနိုင်တဲ့အခါ၊ ဝမ်းပျက်ဝမ်းလျှောဖြစ်နေတဲ့အခါနဲ့ ဝုပိစိ မြောင်ပိစိလေးတွေ အလေးသွားတတ်အောင်လေ့ကျင့်ပေးတဲ့အခါမျိုးမှာ အများဆုံးသုံးတဲ့ diaper အခင်းပါ 🐶🐱

ကိုယ်မှာပတ်ရတာမဟုတ်ဘဲ သူတို့အိပ်တဲ့နေရာလေးမှာခင်းပေးရတာပါ။ ညစ်ပေသွားရင်လွှင့်ပစ်လိုက်ရုံပဲမို့ သုံးရလွယ် စွန့်ရလွယ်တဲ့တစ်ကိုယ်ရေသုံးပစ္စည်းဖြစ်ပါတယ် 🤗

✅ အလွှာသုံးလွှာပါဝင်ပြီး ပထမအလွှာက diaper လိုနူးနူးညံ့ညံ့လေးမို့ နေရအဆင်ပြေတယ်။

✅ ဒုတိယအလွှာက စုပ်ယူမှုအားကောင်းပြီး စိုစွတ်ညစ်ညမ်းခြင်းကိုလျှော့ချပေးတယ်။

✅ အောက်ဆုံးအလွှာက ယိုစိမ့်မှုကိုထိန်းသိမ်းပေးလို့ သန့်ရှင်းသပ်ရပ်မှုရှိတယ်။

🐾 Happy Paws 🐾 မှာဝယ်နိုင်တဲ့တံဆိပ်တွေက Ostech နဲ့ Lucky ဖြစ်ပါတယ်။ Training Pad လည်းရှိတာမို့ စမ်းသုံးကြည့်ချင်လို့ဖြစ်ဖြစ် လိုအပ်တာကြောင့်ဖြစ်ဖြစ် အမြန်လေးလှမ်းလာခဲ့လိုက်ပါ။

Happy paws ( Tharkayta )

နဝရတ်လမ်းကျယ်၊ ၈ ရပ်ကွက်၊နဝရတ် ၁၀လမ်းထိပ်၊ သာကေတမြို့နယ်။
☎️ 09-446092463

Happy paws ( Thanlyin )

No.27(E)၊ ပိတောက်လမ်း၊ အမှုထမ်းရပ်ကွက်၊ သန်လျင်။
‌☎️ 09-448996569

ခွဲစိတ်မှုနှင့်ဆေးခန်းကိစ္စများ booking တင်လိုပါက 09-448996569 ကိုဆက်ပြီးမေးမြန်းနိုင်ပါတယ်။

မိုးရာသီအမှီ သန်ချဖို့ Praferan ကိုအားကိုးစို့  ✌️သန်ကောင်၊ တုတ်ကောင်၊ တုတ်ပြားကောင်တို့သောင်းကျန်းတဲ့မိုးဥတုမရောက်ခင် က...
22/05/2024

မိုးရာသီအမှီ သန်ချဖို့ Praferan ကိုအားကိုးစို့ ✌️

သန်ကောင်၊ တုတ်ကောင်၊ တုတ်ပြားကောင်တို့သောင်းကျန်းတဲ့မိုးဥတုမရောက်ခင် ကလေးတွေကိုသန်ချထားဖို့လိုအပ်ပါတယ် 💁🏻‍♀️ အများစုက ဆေးခန်းမှာရက်ချိန်းနဲ့သန်ချပေမဲ့ တချို့တလေက အိမ်မှာပဲ သောက်ဆေးစနစ်တကျတိုက်ချင်တာမျိုးရှိပါတယ်။ ဒါကြောင့် Praferan သန်ချဆေးနဲ့မိတ်ဆက်ပေးလိုက်ပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့က General Drug House ကုမ္ပဏီကထုတ်လုပ်ပြီး မြောင်မြောင်တို့ ၀ု၀ုတို့မှာဖြစ်တတ်တဲ့သန်ကောင်ပြဿနာကို ဖြေရှင်းတဲ့နေရာမှာအကောင်းဆုံးပါ ✨ တစ်ဘူးမှာ ၅ ကဒ်ပါပြီး တစ်ကဒ် ၁၀ လုံးနဲ့ စုစုပေါင်း အလုံး ၅၀ ပါ။ အလေးချိန်နဲ့တိုက်ရတာဖြစ်လို့ 10 kg (22 lb) အလေးချိန်ရှိမှတစ်လုံးတိုက်ရပါမယ်။ 10 kg အောက် ကလေးတွေကိုတော့ ဒေါက်တာတွေက ဘယ်လောက်တိုက်ရမလဲညွှန်ကြားပေးပါတယ် 👩🏻‍⚕️

သုံးလခြားတစ်ခါပုံမှန်တိုက်ပေးမယ်ဆိုရင် သန်ကောင်ပြဿနာလုံး၀ကင်းပါတယ်။ ဆေးသီးသန့်တိုက်လို့ရသလို အစာထဲမှာလည်းရောကြိတ်တိုက်လို့ရပါတယ်။ ဒါပေမဲ့ ရာသီဥတုအရမ်းပူတဲ့အချိန်၊ နေမကောင်းတဲ့အချိန်တွေမှာတော့ သန်ချလို့မရပါဘူးနော် 🙅🏻‍♂️

ဒီလောက်ဆိုရင် ဖေဖေ မေမေတို့လည်း Praferan ကိုသဘောကျလောက်ပါပြီ။ 🐾 Happy Paws 🐾 မှာ တစ်လုံးချင်း၊ တစ်ကဒ်ချင်းရောင်းတာမို့ သတိရရင်လာဝယ်လှည့်နော် 😉

Happy paws ( Tharkayta )

နဝရတ်လမ်းကျယ်၊ ၈ ရပ်ကွက်၊နဝရတ် ၁၀လမ်းထိပ်၊ သာကေတမြို့နယ်။
☎️ 09-446092463

Happy paws ( Thanlyin )

No.27(E)၊ ပိတောက်လမ်း၊ အမှုထမ်းရပ်ကွက်၊ သန်လျင်။
‌☎️ 09-448996569

ခွဲစိတ်မှုနှင့်ဆေးခန်းကိစ္စများ booking တင်လိုပါက 09-448996569 ကိုဆက်ပြီးမေးမြန်းနိုင်ပါတယ်။

တိဖေဖေ မေမေတို့သိထားသင့်တဲ့ Wormisil Powder နဲ့မိတ်ဆက်ပေးပါမယ် 🐶🐱၀ု၀ုတို့ မြောင်မြောင်တို့ထိခိုက်ရှနာဖြစ်တဲ့အခါ လျှာနဲ့လ...
22/05/2024

တိဖေဖေ မေမေတို့သိထားသင့်တဲ့ Wormisil Powder နဲ့မိတ်ဆက်ပေးပါမယ် 🐶🐱

၀ု၀ုတို့ မြောင်မြောင်တို့ထိခိုက်ရှနာဖြစ်တဲ့အခါ လျှာနဲ့လျက်တတ်ပါတယ်။ လျှာနဲ့လျက်တာကြောင့် ယင်ကောင်နားပြီးယင်ဥဥပါတယ်။ အဲ့အခါ အနာမှာ "လောက်" တွယ်တာမျိုးဖြစ်တတ်ပါတယ် 😱

လောက်တွယ်ခြင်းက ရှိပြီးသားအနာကိုပိုဆိုးစေပြီး အနာသက်သာနှုန်းကိုလည်းအများကြီးထိခိုက်ပါတယ်။ အချိန်မှီမသိလိုက်ရင် အတွင်းထဲအထိလှိုက်စားပြီး ခြေထောက်၊ လက်ဖြတ်ရတဲ့အထိ အခြေအနေဆိုးသွားနိုင်ပါတယ်။ အပြင်ကိုဆွဲထုတ်ရခက်သလို အတင်းဆွဲထုတ်ရင်လည်း ကလေးတွေပိုနာရပါတယ် 😫

ဒီလိုအချိန်မျိုးမှာ အကောင်းဆုံးနည်းလမ်းက Wormisil ပေါင်ဒါကို အနာအတွင်းထဲဖြူးပြီး လောက်တွေကိုနှိမ်နင်းရပါမယ် 💁🏻‍♀️ ဆရာဝန်ညွှန်ကြားတဲ့အတိုင်းလုပ်မှသာ အကောင်တွေသေပြီးဆွဲထုတ်ရလွယ်ကူတယ်။ ကလေးတွေလည်းအရမ်းမနာတော့ဘဲ အနာကိုအရှင်းပျောက်အောင်ကုနိုင်သွားပါတယ် 👍

ဘယ်ရာသီဖြစ်ဖြစ် အနာမှာလောက်တွယ်ခြင်းက ကြောက်ဖို့ကောင်းပါတယ်။ ဒါကြောင့် ကိုယ့်ကလေးအနာဖြစ်နေတာသိရင် လျှာနဲ့မလျက်ပါစေနဲ့။ လျက်ထားမိလို့ အကောင်တွယ်နေပြီ၊ ဆေးခန်းသွားဖို့လည်းခက်နေပြီဆိုရင် Wormisil ပေါင်ဒါကိုအရင်ဖြူးထားလိုက်ပါ။ နောက်မှ နီးစပ်ရာဆေးခန်းကိုအမြန်ဆုံးသွားပါ။ အနာလောက်တွယ်ဖူးတဲ့ကလေးပိုင်ရှင်တွေဆိုရင် Wormsil ကို အိမ်မှာဆောင်ထားကြပါတယ်။ မဆောင်ရသေးတဲ့ဖေဖေ မေမေတို့လည်း အလှမ်းသင့်ရင်ဝယ်ထားလိုက်ကြပါနော် 😊💯

Happy paws ( Tharkayta )

နဝရတ်လမ်းကျယ်၊ ၈ ရပ်ကွက်၊နဝရတ် ၁၀လမ်းထိပ်၊ သာကေတမြို့နယ်။
☎️ 09-446092463

Happy paws ( Thanlyin )

No.27(E)၊ ပိတောက်လမ်း၊ အမှုထမ်းရပ်ကွက်၊ သန်လျင်။
‌☎️ 09-448996569

ခွဲစိတ်မှုနှင့်ဆေးခန်းကိစ္စများ booking တင်လိုပါက 09-448996569 ကိုဆက်ပြီးမေးမြန်းနိုင်ပါတယ်။

ကိုယ်ခံအားကောင်းပြီး အမွှေးကျွတ်သက်သာစေတဲ့ Omega 3 ငါးကြီးဆီကိုအခြေခံပြီး Vitamin ဓာတ်တွေဖြည့်ထားတဲ့ဆေးဘူးလေးက တစ်ဘူးကို...
22/05/2024

ကိုယ်ခံအားကောင်းပြီး အမွှေးကျွတ်သက်သာစေတဲ့ Omega 3

ငါးကြီးဆီကိုအခြေခံပြီး Vitamin ဓာတ်တွေဖြည့်ထားတဲ့ဆေးဘူးလေးက တစ်ဘူးကို ၁၀ ကဒ်၊ တစ်ကဒ်ကို ၁၀ လုံးနဲ့ စုစုပေါင်းအလုံး ၁၀၀ ပါဝင်ပါတယ်။ ထိုင်းနိုင်ငံထုတ်ပစ္စည်းဖြစ်ပြီး အမွှေးကျွတ်ခြင်း၊ အရေပြားရောဂါကာကွယ်ခြင်း၊ ကိုယ်ခံအားကောင်းခြင်း အာနိသင်တို့နဲ့ပြည့်စုံပါသတဲ့။

ငါးကြီးဆီထဲမှာ Fatty Acid နဲ့ EPA, DHA အက်စစ်ဓာတ်တို့ပါဝင်တယ်။ အဲ့ဒီဓာတ်တွေက ကိုယ်လက်ကိုက်ခဲခြင်းကိုသက်သာစေရုံမက ဆဲလ်အတွင်းရောင်ရမ်းခြင်းကိုပါ ကာကွယ်လျှော့ချပေးပါတယ်။ အလှအပပိုင်းမှာ အမွှေးအမျှင်နူးညံ့မယ်။ ကျန်းမာရေးပိုင်းမှာ ကိုယ်ခံအားပြည့်စေမယ်။ ဒီလိုကောင်းမွန်တဲ့အာနိသင်ရှိတဲ့ Omega 3 ကို နေ့စဉ်ပုံမှန်တိုက်ကျွေးပေးမယ်ဆိုရင် ၀ု၀ု၊ မြောင်မြောင်တို့ဟာ ကျန်းမာသွက်လက်တဲ့ကလေးတွေဖြစ်လာကြမှာပါ။

ဖေဖေ မေမေတို့လည်း အားရှိအောင်ငါးကြီးဆီသောက်သင့်တယ်နော်။ တစ်လက်စတည်း ၀ု၀ုတို့ မြောင်မြောင်တို့ကိုပါ ငါးကြီးဆီဝယ်တိုက်လိုက်ပါတော့ ဖေဖေ မေမေတို့ရေ။

Happy paws ( Tharkayta )

နဝရတ်လမ်းကျယ်၊ ၈ ရပ်ကွက်၊နဝရတ် ၁၀လမ်းထိပ်၊ သာကေတမြို့နယ်။
☎️ 09-446092463

Happy paws ( Thanlyin )

No.27(E)၊ ပိတောက်လမ်း၊ အမှုထမ်းရပ်ကွက်၊ သန်လျင်။
‌☎️ 09-448996569

ခွဲစိတ်မှုနှင့်ဆေးခန်းကိစ္စများ booking တင်လိုပါက 09-448996569 ကိုဆက်ပြီးမေးမြန်းနိုင်ပါတယ်။

ကြောင်ကလေးတို့အားရှိဖို့ Ovit တိုက်ကြစို့ 😺ထိုင်းနိုင်ငံကထုတ်တဲ့အားဆေးဖြစ်ပြီး omega 3 နဲ့ vitamin များရောစပ်ထုတ်လုပ်ထား...
21/05/2024

ကြောင်ကလေးတို့အားရှိဖို့ Ovit တိုက်ကြစို့ 😺

ထိုင်းနိုင်ငံကထုတ်တဲ့အားဆေးဖြစ်ပြီး omega 3 နဲ့ vitamin များရောစပ်ထုတ်လုပ်ထားပါတယ်။ calcium နဲ့ lecithin လည်းပါလို့ အရိုးအဆစ်သန်မာတယ်။ သွေးလည်ပတ်မှုကောင်းပြီး အာရုံကြောစနစ်သွက်လက်စေပါတယ် ✨

အစားစားချင်စိတ်မရှိတဲ့ကလေးတွေ၊ ကိုယ်ခံအားနည်းတဲ့ကလေးတွေအတွက် အသင့်တော်ဆုံးအားဆေးပါ 😽❤️

ဆရာဝန်ညွှန်ကြားချက်အတိုင်း အစာနဲ့ရောပြီးဖြစ်စေ ဆေးပြွန်လေးနဲ့ဖြစ်စေ တိုက်ကျွေးနိုင်ပါတယ်။ ငြိမ်မှိုင်းနေတဲ့မြောင်လေးတို့ ဖလန်းဖလန်းဖြစ်သွားတဲ့အထိ အာနိသင်ရှိတာကြောင့် အိမ်မှာဆောင်ထားရင်မမှားဘူးနော် 😁

Happy paws ( Tharkayta )

နဝရတ်လမ်းကျယ်၊ ၈ ရပ်ကွက်၊နဝရတ် ၁၀လမ်းထိပ်၊ သာကေတမြို့နယ်။
☎️ 09-446092463

Happy paws ( Thanlyin )

No.27(E)၊ ပိတောက်လမ်း၊ အမှုထမ်းရပ်ကွက်၊ သန်လျင်။
‌☎️ 09-448996569

ခွဲစိတ်မှုနှင့်ဆေးခန်းကိစ္စများ booking တင်လိုပါက 09-448996569 ကိုဆက်ပြီးမေးမြန်းနိုင်ပါတယ်။

အရေပြားပြဿနာအတွက် Charmil Spray 🐶🐱Charmil spray ဆိုတာ ပွေး၊ ဝဲ၊ ယားနာ၊ မှိုရောဂါ၊ အရေပြားပြဿနာနဲ့ အနာအမျိုးမျိုးကိုသက်သာ...
20/05/2024

အရေပြားပြဿနာအတွက် Charmil Spray 🐶🐱

Charmil spray ဆိုတာ ပွေး၊ ဝဲ၊ ယားနာ၊ မှိုရောဂါ၊ အရေပြားပြဿနာနဲ့ အနာအမျိုးမျိုးကိုသက်သာစေတဲ့ဖြန်းဆေးဖြစ်ပါတယ်။

ဆရာဝန်ညွှန်ကြားတဲ့အတိုင်း ဒဏ်ရာတစ်ဝိုက်ကို ဖြည်းဖြည်းချင်းဖြန်းပေးခြင်းဖြင့် အနာရင်းတာ၊ ပွေးဝဲပြဿနာတွေကိုရှင်းလို့ရပါတယ် ✨

မျက်လုံးနဲ့ပါးစပ်ထဲမဝင်အောင်တော့ ဂရုစိုက်ရပါမယ်။ လူဖြစ်စေ ဝုတို့ မြောင်တို့ဖြစ်စေ ဆေးငွေ့ကိုတိုက်ရိုက်မရှူမိစေပါနဲ့နော် ✋

ဆေးဘူးကို နေရောင်မထိတဲ့နေရာ၊ အပူရှိန်ကင်းတဲ့နေရာမှာထားရပါမယ်။ ကုန်သွားရင်မဖောက်ပါနဲ့။ မီးလည်းမရှို့ပါနဲ့။ သေချာအိတ်နဲ့ထုတ်ပြီး ဘူးအတိုင်းလွှင့်ပစ်ရပါမယ် 👍

ဆေးလိမ်းရခက်တဲ့ကလေးတွေအတွက် Charmil spray ကိုဆောင်ထားခြင်းက အသင့်တော်ဆုံးပါ 😉

Happy paws ( Tharkayta )

နဝရတ်လမ်းကျယ်၊ ၈ ရပ်ကွက်၊နဝရတ် ၁၀လမ်းထိပ်၊ သာကေတမြို့နယ်။
☎️ 09-446092463

Happy paws ( Thanlyin )

No.27(E)၊ ပိတောက်လမ်း၊ အမှုထမ်းရပ်ကွက်၊ သန်လျင်။
‌☎️ 09-448996569

ခွဲစိတ်မှုနှင့်ဆေးခန်းကိစ္စများ booking တင်လိုပါက 09-448996569 ကိုဆက်ပြီးမေးမြန်းနိုင်ပါတယ်။

Address

No(90), Nawarat 10 Street, (8)Ward, Tharkata Township
Yangon
11231

Opening Hours

Monday 10:00 - 19:00
Tuesday 10:00 - 19:00
Wednesday 10:00 - 19:00
Thursday 10:00 - 19:00
Friday 10:00 - 19:00
Sunday 10:00 - 19:00

Telephone

+959446092463

Website

Alerts

Be the first to know and let us send you an email when Happy Paws Vet Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Happy Paws Vet Clinic:

Share

Category