Pets Fashion Shop

Pets Fashion  Shop This is my Pet Fashion Online shopping and i hope that every customer will love it for sure because
(4)

07/11/2024

ဆင်တူလေးတွေဝတ်ပီး ဆော့နေကြပီ

မွေးမယ့်သခင်​လေး ရသွားပါပြီရှင် ခ​လေး​တွေက မင်မင်တို့ လက်ထဲကို Sunday ကျမှ ​ရောက်မှာမို့ အဲ့​နေ့ကျရင် Post ​လေး ထပ်တင်​ပ...
07/11/2024

မွေးမယ့်သခင်​လေး ရသွားပါပြီရှင် ခ​လေး​တွေက မင်မင်တို့ လက်ထဲကို Sunday ကျမှ ​ရောက်မှာမို့ အဲ့​နေ့ကျရင် Post ​လေး ထပ်တင်​ပေးပါဦးမယ်ရှင် ခ​လေး​လေး​တွေကို ​မွေးချင်လို့ ​မွေးခွင့်​တောင်းကြတဲ့ အကို​တွေ အမ​တွေကိုလည်း မင်မင်တို့က ​ကျေးဇူးအများကြီးတင်ပါတယ်ရှင့် အများကြီးထဲကမှ အ​ကောင်းဆုံးဖြစ်မယ် ထင်တဲ့ ​မွေးစားသခင်ကို မင်မင်တို့ ​ရွေးချယ်ထားပါတယ်ရှင်။ မင်မင်တို့ဆီက ခ​လေး​တွေကို ​မွေးစားခွင့်​​တောင်းရင် မင််မင်တို့က ​မေးခွန်း​လေး​တွေ အရမ်း​မေးပါတယ်အလုပ်အကိုင်,၀င်​ငွေ, မိသားစု၀င်က​ရော ကြည်ဖြူလား, လူက​လေးရှိလား, လူက​လေးယူဖို့​ရော အစီအစဥ်ရှိလား စသဖြင့် အ​သေးစိတ်​လေး​တွေ ​​မေးပါတယ်။ အဲ့လိုမျိုး​တွေ ​မေးရတာကလည်း ​ခွေး​လေး​တွေကို သခင် ခနခန ​ပြောင်းတာမျိုး မဖြစ်​စေချင်လို့ပါ။ စိတ်ဒဏ်ရာ တစ်ခါ ရပြီးတဲ့ ခ​လေး​တွေကို တစ်သက်တာ လုံခြုံတဲ့ မိသားစု​လေး ရ​စေချင်လို့ မင်မင်တို့က ကြားထဲက တာ၀န်ယူပြီး ကူညီ​ပေးတာပါရှင်။ မင်မင်တို့က Personal ဆန်တဲ့ ​မေးခွန်း​တွေ ​မေးတယ်လို့ မမြင်​စေလိုပါဘူးရှင် 🙏

မိုး​လေး​အေး​တော့ အကျီ​လေး​တွေနဲ့ ​ချော​နေ​ရော 🤍😍
07/11/2024

မိုး​လေး​အေး​တော့ အကျီ​လေး​တွေနဲ့ ​ချော​နေ​ရော 🤍😍

ခ​လေး​လေး ၂ ​ကောင် အတွက် ​မွေးစားမိဘ​လေးရှာ​ပေးချင်လို့ပါရှင် Pug ​လေးက အထီး​လေး အသက် ၂ နှစ်ရှိပါပြီ ​ခွေးကြီးကိုက်ခံထား...
06/11/2024

ခ​လေး​လေး ၂ ​ကောင် အတွက် ​မွေးစားမိဘ​လေးရှာ​ပေးချင်လို့ပါရှင် Pug ​လေးက အထီး​လေး အသက် ၂ နှစ်ရှိပါပြီ ​ခွေးကြီးကိုက်ခံထားရလို့ မျက်လုံး​လေးတစ်ဖက်က​တော့ မမြင်ပါဘူး Spaniel စပ်​လေးက​တော့ ၈ လ ထဲမှာပါ အမ​လေး ပါရှင် (မြန်မာ​ခွေး​လေး စပ်ထားတာမို့ အ​ကောင်​တော့ နည်းနည်းကြီးပါတယ်) သူတို့ ၂ ​ကောင်က ငယ်ငယ်ထဲက တူတူ​နေလာတာမို့ ခွဲမ​ပေးပါဘူးရှင် တစ်ခြားခ​လေး​တွေကိုလည်း ​ကြောက်တတ်တာမို့ သူတို့ ၂ ​ကောင်တည််း ​မွေး​ပေး​နိုင်မယ့် တစ်သက်စာ တာ၀န်ယူနိုင်မယ့် မိသားစု​​လေး ရှာ​ပေးပါရ​စေရှင် 💛
မင်မင်တို့က သူတို့ တစ်ဘ၀စာ ​ရေရှည် အဆင်​ပြေမယ့် အိမ် ရှာ​ပေးရတာမို့ မင််မင်တို့​မေးတဲ့ ​မေးခွန်း​လေး​တွေကို စိတ်ရှည်ရှည်​လေးနဲ့ ​ဖြေ​ပေးဖို့ ​မေတ္တာရပ်ခံပါတယ်ရှင့် 🙏

06/11/2024

၂ ​ကောင်သား အ​ဖော်​လေး ရ​နေတာမြင်​တော့ ခွဲပြီးလည်း မ​ပေးရက်ပြန်ဘူး အိမ်မှာပဲ ​သောင်တင်​တော့မလား မသိဘူး 🤭

04/11/2024

၀ရံတာခန်း​လေးက သူတို့ ကစားကွင်းပဲ ​ဆော့လိုက်ကြတာဆိုတာ အ​ဖော်ကိုရလို့ 🥰🐱

ခ​လေး​တွေ ချစ်တဲ့သူလက်ထဲ ​ကောင်း​ကောင်းမွန်မွန်​နေရ​တော့ ပင်ပန်းရကျိုးနပ်တယ် 🤍 အမ ​လေးမို့ ဂျူဂျူး​လေးတဲ့ သူ့သခင်က နာမည်...
03/11/2024

ခ​လေး​တွေ ချစ်တဲ့သူလက်ထဲ ​ကောင်း​ကောင်းမွန်မွန်​နေရ​တော့ ပင်ပန်းရကျိုးနပ်တယ် 🤍 အမ ​လေးမို့ ဂျူဂျူး​လေးတဲ့ သူ့သခင်က နာမည်​ပေးထားတယ် သမီး​လေး ကျန်းကျန်းမာမာနဲ့ သက်တမ်း​စေ့ ​နေရပါ​စေ 💛

ကျောက်​မြောင်းထဲမှာ​နေတဲ့ ​ခွေး ​မေ​မေ,​ဖေ​ဖေတို့ သတိထားဖို့ ဒီစာ​လေးကို ​ရေးလိုက်တာပါ။ မ​နေ့ည ၈ နာရီခွဲ​လောက်မှာမင်မင်တ...
01/11/2024

ကျောက်​မြောင်းထဲမှာ​နေတဲ့ ​ခွေး ​မေ​မေ,​ဖေ​ဖေတို့ သတိထားဖို့ ဒီစာ​လေးကို ​ရေးလိုက်တာပါ။ မ​နေ့ည ၈ နာရီခွဲ​လောက်မှာမင်မင်တို့ တိုက်ရဲ့ ​ဘေးကပ်ရက်တိုက် ​မြေညီထပ်က ​ခွေး​လေး လူ​တွေမသိခင် အပြင်ထွက်သွားလို့ မလွှကုန်းလမ်းနဲ့ နိ​ဂြောဓလမ်း​ထောင့်မှာ​နေတဲ့ ​ခွေးကြီးက ကိုက်လိုက်လို့ ဗိုက်​ပေါက်သွားပါတယ်။ ဖြစ်ဖြစ်ချင်း မင်မင်တို့လည်း ဆင်းကြည့်​တော့ ခ​လေးက ဗိုက်မှာ​ပေါက်ပြီး​တော့ မလှုပ်နိုင်​တော့ပါဘူး, သူတို့သခင်လည်း ဖြစ်တဲ့အချိန်မှာ မရှိ​တော့ မင်မင်တို့ကပဲ သူ့သခင်ကို အကျိုးအ​ကြောင်းရှင်းပြပြီး​တော့ AMSC ​ဆေးရုံကို Emergency Case မို့ လက်ခံ​ပေးပါလို့ အကူအညီ ​တောင်းပြီး မင်မင်တို့ ညီမ ၂ ​ယောက် ချက်ချင်း ပို့​ပေးခဲ့ပါတယ်။ ဓါတ်မှန်ရိုက်, Ultrasound ရိုက်ပြီး ည ၁၀ နာရီမှာ Operation တန်းလုပ်ပါတယ် ခ​လေးကို ကိုက်ပြီး ခါလိုက်တဲ့ ဒဏ်​ကြောင့် ​ကျောက်ကပ်တစ်လုံးကွဲ အူ​ပေါက် ​သွေး​ကြော​တွေ​ပေါက်ကုန်လို့ ​ကျောက်ကပ်တစ်လုံး ထုတ်လိုက်ရပါတယ် ​ပေါက်သွားတဲ့ အူကိုလည်း ဖြတ်ပြီး ပြန်ချုပ်လိုက်ရတယ် Operation အပြီးမှာ ခ​လေးက သတိလည်လာ​ပေမယ့် ဒီ​နေ့မနက် ၉ နာရီ ၀န်းကျင်မှာပဲ ခ​လေးက ဆုံးသွားရှာပါတယ်။ ခု ခ​လေး မဆုံးခင် ​ရှေ့တစ်ပတ်​ကျော်​လောက်ကပဲ အဲ့အိမ်က Pom ​လေးတစ်​ကောင်ကို ခု ကိုက်တဲ့ ​ခွေးကြီးကပဲ ကိုက်ပြီး ​ချီပြေးသွားလို့ တစ်ခါတည်း​သေသွားတယ်လို့ မင်မင်တို့ မ​နေ့ကမှ သိရပါတယ်။ အရင်တစ်​ကောင် ​သေပြီးတာမှ မကြာ​သေးဘူး ထပ်ဖြစ်ရတာဆို​တော့ သခင်​တွေကလည်း ​ပေါ့ဆလွန်းတယ်လို့ ​ပြောရမယ်။ ​ကျောက်​မြောင်းထဲက ​ခွေး​တွေက အ​ကောင်ကြီးပြီး အားသန်လို့ ​ကိုယ့်​ခွေး​လေး​တွေကို အပြင်သွားရင် ​အောက်မချပဲချီသွားကြပါလို့ ​ပြောချင်ပါတယ်, လမ်းထွက်​ကျောင်းချင်ရင်​တောင် ​ခွေးကြီး​တွေရှင်းတဲ့ဘက်မှာပဲ ​ကျောင်းကြပါလို့ အကိုက်ခံရရင် ကိုယ့်ခ​လေးပဲ ခံရတာမို့ သတိလက်လွတ် မထားကြဖို့.​. ​ပြောချင်ပါတယ်ရှင် မင်မင်တို့ သိသ​လောက်ဆိုရင် ​ကျောက်​မြောင်းစတိုးနားမှာ တစ်ဖွဲ့ , ဓမ္မဝိဟာရလမ်း ​အ​ပေါ်ဘက် ဓမ္မာရုံနားမှာ တစ်ဖွဲ့ , မလွှကုန်းလမ်းအ​ပေါ်ဘက် ဘုန်ကြီး​​ကျောင်းနားမှာ တစ်ဖွဲ့ , ​ကျောက်​တောလမ်း., မလွှကုန်းလမ်းနဲ့ နိ​ဂြောဓလမ်း​ထောင့် က ​တော်​​တော် ကြမ်းတာမို့ ခ​လေး​တွေ လွတ်သွားတာ, သခင်မပါပဲ ထွက်သွားတာ , လမ်း​လျှောက်ထွက်တာတို့ဆို သတိထားကြဖို့ ​မင်မင်က သတိ​လေး​ပေးတာပါရှင် 😔 မ​နေ့က ၆ လပဲ ရှိ​သေးတဲ့ ခ​လေး​လေး မချိမဆန့်ခံစားသွားရတာကို မြင်ပြီး ​တော်​တော်​လေးကို စိတ်မ​ကောင်းဖြစ်မိပါတယ် 😢

01/11/2024

သန်လျင် ကျိုက်​ခေါက်ဘုရား အ​ကျော်က တိ​​လေး​တွေ သဂြိုလ်လို့ရတဲ့ ​နေရာ အတိအကျ​လေး ဒါမှမဟုတ် ph no ​လေးများ ရနိုင်မလားရှင် ခ​လေး​လေးတစ်​ကောင် ဒီ​နေ့ သဂြိုလ်​ပေးချင်လို့ပါ

29/10/2024

ခ​လေး​လေး ​မွေးစား​မေ​မေတို့ဆီ လိုက်သွားပါပြီရှင်
ကျန်းကျန်းမာမာနဲ့ လိမ်လိမ်မာမာ​လေး ကြီးပြင်းပါ ခ​လေး​လေး​ရေ 🤍

မင်မင့်ကို အထီး အမ ခွဲ​ပေးကြပါဦး အစက ၃ ​ကောင်လုံး အမ ထင်​နေတာ ဒီမနက် ပြန်ကြည့်​တော့မှ မတူ​နေပြန်ဘူး ပထမဆုံး ခ​လေးက အမ​လ...
28/10/2024

မင်မင့်ကို အထီး အမ ခွဲ​ပေးကြပါဦး အစက ၃ ​ကောင်လုံး အမ ထင်​နေတာ ဒီမနက် ပြန်ကြည့်​တော့မှ မတူ​နေပြန်ဘူး ပထမဆုံး ခ​လေးက အမ​လေးထင်တယ် ဟုတ်လားရှင် ​နောက် ခ​လေး ၂ ​ကောင်က အထီး​လေးလားလို့ 😅

17/10/2024

ဖြူလုံးကြီး ​ပြေး​နေရပီ 😁😂

အ​မေနို့ မစို့ရတဲ့ ခ​လေး​တွေ , သူတို့ကိုကိုယ်၀န်ရှိတုန်းကလည်း အ​မေက အာဟာရ မပြည့်၀​တော့ ခ​လေး​တွေက ​တော်​တော်​လေး ချူချာတ...
08/10/2024

အ​မေနို့ မစို့ရတဲ့ ခ​လေး​တွေ , သူတို့ကိုကိုယ်၀န်ရှိတုန်းကလည်း အ​မေက အာဟာရ မပြည့်၀​တော့ ခ​လေး​တွေက ​တော်​တော်​လေး ချူချာတယ် ပထမ ခ​လေးတစ်​​ကောင်တုန်းကလည်း ည​ထိ အ​ကောင်း မနက်ကျမှ ​အသက်မရှူ​တော့တာ ရုတ်တရက်ကြီး တစ်​ကောင်ဆုံးသွားတာဆို​တော့ ကျန်တဲ့ခ​လေး​တွေကို ​သေချာ​လေး ဂရုစိုက်​ပေး​နေတဲ့ ကြားထဲက ပြီးခဲ့တဲ့ တစ်ပတ်​လောက်က ခ​လေး​လေးတစ်​ကောင်က ​ခြေ​ထောက်​တွေ လက်​တွေ​ကွေးပြီး လမ်းမ​လျှောက်နိူင်​တော့လို့ Calcium ဓါတ်အားနည်းတာလို့ ဆရာ၀န်က ​ပြောလို့ ခ​လေး​တွေကို Calcium ​လေး တိုက်လို့ သန်သန်မာမာ​လေး ဖြစ်လာရုံရှိ​သေးတယ် မ​နေ့က ပုံထဲက ခ​လေးက မနက် ၁၀ နာရီထိ လုံး၀ အ​ကောင်းကြီး ​နေ​မ​ကောင်း ဖြစ်ချင်တဲ့ ပုံစံ​​တောင် မပြဘူး နို့လည်း​ကောင်း​​ကောင်းစို့ပြီး သိပ်ထားခဲ့တာ ​နေ့လည် ၁၂ ​​ကျော်​လောက် နို့ တစ်ချိန်တိုက်မလို့ ကြည့်​တော့မှ ဇက်ကျိုးကျ​နေပြီ လက်နှစ်ဘက်လည်း မလှုပ်​တော့ဘူး ​ခြေ​ထောက်​လေးပဲ နည်းနည်းလှုပ်နိုင်​တော့တယ် အသက်လည်း ​ဖြေး​ဖြေး​လေးပဲရှု​တော့တယ် လူက သူ့ကြည့်ပြီး စိတ်မ​ကောင်းဘူး ​ဆေးခန်းပြရင်လည်း လမ်းမှာ​သေသွားမှာ စိုးရိမ်တာနဲ့ Youtube ကြည့်ပြီး CPR ၁ နာရီ​လောက် ​သေချာလုပ်လိုက်တာ အဲ့ကျမှ အသက်၀၀ရှုပြီး လှုပ်လာ​တော့တယ် ပစ်လိုက်ရပြီထင်​နေတာ သူလည်း ​သေကံ မပါလာ​သေးဘူးနဲ့တူပါတယ်
ဒီ​နေ့​တော့ ​တော်​တော်​လေး သက်သာသွားပြီ နို့လည်း စို့နိုင်​နေပြီ ဒီခ​လေး​တွေ မြန်မြန်ကြီး​စေချင်​နေပြီ သူတို့အ​မေ ဗိုက်ထဲက ကိုယ်တိုင်​မွေး​ပေးထားရတဲ့ ခ​လေး​တွေမို့ ​​ကောင်း​ကောင်းမွန်မွန်​လေး ကြီး​စေချင်တယ် ခ​လေး​တွေက ချူချာလို့ ​မွေး​ပေးကြမယ့် အမ​တွေကို ​တောင်မှ ခန​လေး ​​စောင့်​ပေးပါ ခ​လေး​တွေ ​သေချာ​​လေး ကျန်းမာမှ ​ပေးပါမယ်လို့ ​ပြောထားရတယ် 💛

01/10/2024

နို့စို့ထားတဲ့ ဗိုက်အိုး ကိုပဲ ကြည့် ​နောက် ၈ ရက်​နေရင် တစ်လ ပြည့်​တော့မယ် 😍 သန်လည်း တစ်ခါ ချထားပြီးပြီ ခ​လေး​တွေ သူတို့ဘာသာ အစာ​လေး ​သေချာ စားတတ်ပြီ လမ်း​လေးလည်း ​လျှောက်တတ်ပြီဆိုရင်​တော့ ​ပေးပါမယ်​နော် ခုက အရမ်းငယ်​သေး​တော့ တစ်ချိန်လုံး ဂရုစိုက်​နေရတဲ့အရွယ်​လေး ဖြစ်​နေလို့ပါ ခ​လေး​လေး ၂ ​ကောင်က​တော့ ​မွေးမယ့် ​မေ​မေ​တွေ ရသွားပါပြီ အည်ု​လေး တစ်​ကောင်​တော့ ​မွေးချင်ရင် ရပါဦးမယ်ရှင် 💛

မင်မင်တို့ ဂရုစိုက်​နေတဲ့ ကြားထဲက​နေပဲ ခ​လေး​လေး တစ်​ကောင် ဒီမနက်ပဲ ဆုံးသွားပါတယ်ရှင် 😔မ​နေ့က ရိုက်ထားတဲ့ ဒီပုံ​လေးက သူတ...
18/09/2024

မင်မင်တို့ ဂရုစိုက်​နေတဲ့ ကြားထဲက​နေပဲ ခ​လေး​လေး တစ်​ကောင် ဒီမနက်ပဲ ဆုံးသွားပါတယ်ရှင် 😔
မ​နေ့က ရိုက်ထားတဲ့ ဒီပုံ​လေးက သူတို့​လေး​ကောင်အတွက် ​နောက်ဆုံး ပုံ​လေး ဖြစ်သွားရှာတယ်😪

ကြောင်​မေ​မေကြီး ပြန်​တွေ့ပါပြီ​နော် ဒီတစ်ခါ အပြင်မထွက်ရ​အောင် အကုန်ပိတ်ထားလို့ သူ ဘူ​နေတာ မနက် ၇ နာရီက ကြက်သားပြုတ်နဲ့ ...
12/09/2024

ကြောင်​မေ​မေကြီး ပြန်​တွေ့ပါပြီ​နော် ဒီတစ်ခါ အပြင်မထွက်ရ​အောင် အကုန်ပိတ်ထားလို့ သူ ဘူ​နေတာ မနက် ၇ နာရီက ကြက်သားပြုတ်နဲ့ တစ်နပ် ၁၀ နာရီမှာ ငါးနဲ့တစ်နပ်စားပြီး နို့တိုက်ခိုင်းထားရတယ် 😁

10/09/2024

ကြောင် ၄ ​ကောင်ကို မင်မင်တို့ကို လက်​ဆောင်​ပေးထားပြီး​တော့ ​ကြောင်မကြီးက ထွက်သွားလို့ နို့တိုက်​နေရတဲ့ မင်မင်တို့ 🥲

ကြောင်ကုတင်လို့ ​ပြောကြတယ် ၄ ​ကောင် ​မွေးပါတယ်.ထပ်​မွေးမလား ​စောင့်​နေတာ မ​မွေး​တော့ဘူး မင်မင်က ​ကြောင်​လေး​တွေကို အထီးအ...
09/09/2024

ကြောင်ကုတင်လို့ ​ပြောကြတယ် ၄ ​ကောင် ​မွေးပါတယ်.ထပ်​မွေးမလား ​စောင့်​နေတာ မ​မွေး​တော့ဘူး မင်မင်က ​ကြောင်​လေး​တွေကို အထီးအမ သိပ်မခွဲတတ်လို့ ​သေချာ​တော့မသိဘူး အမချည်း ​လေး​ကောင်လား မသိဘူး မကြည့်တတ်လို့ပါ ​ကြောင်ကုတင်​မွေးရင် စီးပွားတက်တယ် လို့ ​ပြောကြ​ပေမယ့် အိမ်မှာ ​ခွေး​လေး​တွေက ၇ ​ကောင်ဆို​တော့ ​မွေးထားဖို့ အဆင်မ​ပြေလို့ ခ​လေး​လေး​တွေ နို့လွတ်ရင်​တော့ ​ပေးပါမယ်ရှင့် ​ကြောင်အ​မေကြီးကလည်း အရမ်းလိမ်မာလို့ ​​ကောင်း​ကောင်းမွန်မွန် ​မွေးနိုင်မယ့်သူရှိရင် ​ပေးပါမယ်ရှင် ​မေတ္တာတရား​လေး ရ​စေချင်လို့ပါ 💛

Address

Yangon

Opening Hours

Monday 10:00 - 17:00
Tuesday 10:00 - 17:00
Wednesday 10:00 - 17:00
Thursday 10:00 - 17:00
Friday 10:00 - 17:00
Saturday 10:00 - 17:00
Sunday 10:00 - 17:00

Website

Alerts

Be the first to know and let us send you an email when Pets Fashion Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share

Category


Other Pet Supplies in Yangon

Show All