05/06/2019
JumBo ရဲ့ ယားနာတွေ ဘယ်လိုပျောက်သွားသလဲဆို !
သူ့ကိုဆေးကုနေတာ လ နဲ့ ချီနေပြီ
ပိုးသတ်ဆေးတွေလည်းတိုက်
လိမ်းဆေးတွေလည်းလိမ်း နဲ့ ပျောက်လိုက်ပြန်ဖြစ်လိုက် သံသရာလည်နေတာ တော်တော်ကြာခဲ့ပြီ
အခုတစ်ခါ လုံးဝသိသိသာသာ ပျောက်သွားတဲ့ ဆေးက အလွယ်လေးပါ ကိုယ်ကအစက မယုံလို့ မလုပ်ရဲဘူး
လက်တွေ့ပျောက်သွားတာမို့ ပြောပြမယ်
ဆေးရွက်ကြီးအခြောက် ( အဝါရောင် ) - ကွမ်းယာ ပစ္စည်းရောင်းတဲ့ဆိုင်တွေမှာ ရှိပါတယ်
အဲ့ဒါကို ၆ လက်မ ပတ်ပတ်လည် လောက် ဖဲ့ပီး မျက်နှာသစ်ရေဖလားထဲ ရေနွေးဆူဆူ တစ်ဝက်ထဲ့ပီး စိမ်
၁၅ မိနစ်လောက်ကြာရင် အရွက်ကို လက်နဲ့ညှစ်ပေး
ရေထဲစိမ်လိုက် ညှစ်လိုက် လုပ်ရင်း အရွက် အရောင် လုံးဝဖျော့သွားတဲ့ထိ ညှစ်ရမယ်
ပြီးရင် ဖလားထဲက ရေကို ရေအေး နဲနဲလေးရောပြီး ကြက်သီးနွေးရေ အနေအထားမှာ အမွှေးရိတ်ထားတဲ့ တစ်ကိုယ်လုံးကို ဝါဂွမ်းနဲ့ ဆွတ်ဆွတ်ပြီး လိုက်တို့ပေးရမယ် တို့ပီး ကျန်တဲ့ရေနဲ့တစ်ကိုယ်လုံးကို လောင်းချလိုက် သူတို့နဲနဲတော့ မူးဝေသွားလိမ့်မယ် နေ့တစ်ဝက်လောက် မှိန်းနေတတ်တယ် မစိုးရိမ်နဲ့
တစ်ကိုယ်လုံး ယားနာ ပွစိတက်နေတဲ့ကလေးဆိုရင် ၅ ရက်ဆက်တိုက် အဲလိုလုပ်ပေး
လုံးဝသိသိသာသာ သက်သာတယ်
သက်သာလာပြီဆိုရင် တစ်ရက်ခြားတစ်ခါကို တစ်ပတ်လောက်ဆက်လုပ်
လုံးဝ အရှင်းပျောက်သွားတယ်
အရေးကြီးတာက အမွှေးရိတ်ပစ်ဖို့ပါ
ပြန်မပေါက်မှာစိတ်မပူနဲ့ ပြန်ပေါက်တယ် သန်တောင်သန်လာသေး
အမဲသား ဆိတ် ပင်လယ်ငါး ဆား လုံးဝ မကျွေးရ
ဂျိုင်း ပေါင်ကြား အသားနုတဲ့နေရာတွေကိုတော့
👉Codextin👈 ဆိုတဲ့ လိမ်းဆေးလိမ်းပေးတယ် ဆေးရွက်ကြီးက လောင်တတ်တယ်လေ
Codextin ကတော့ ရန်ကုန်မှာဘဲရောင်းတယ်
အဲဆေးလည်း အရမ်းကောင်းတဲ့ ယားနာလိမ်းဆေးပါ
တိ တွေအတွက်သီးသန့်ထုတ်ထားတာ