31/03/2024
🍌ဝုတို့နဲ့ သင့်လျော်တဲ့ ငှက်ပျောသီးကို ဘယ်လိုရွေးရမလဲ
🥰ငှက်ပျောသီးက ဝမ်းသွားတဲ့အခါကျွေးရင် ဝမ်းကျစ်စေပြီး အမျှင်ဓာတ်လည်းများတာကြောင့် ဝမ်းကိုလည်း မှန်စေပါတယ်
ဒါ့အပြင် Potassium, Magnesium, Vitamin B6, Vitamin C စတာတွေ ပါဝင်လို့ ငှက်ပျောသီးက ဝုတို့နဲ့လည်း တည့်ပြီးတော့ အာဟာရဖြစ်တဲ့ ဈေးသက်သာတဲ့ အစာဆိုလည်း မမှားပါဘူးနော်
❗ဒါပေမယ့် ငှက်ပျောသီးကိုကျွေးတဲ့အခါ
အမှည့်ထပ် အစိမ်းက ဝုတို့အတွက်ပိုကောင်းပါတယ်တဲ့
⚠️ ပထမအချက်က ငှက်ပျောသီးအမှည့်က ချိုပါတယ်
လူတွေလောက် သကြားဓာတ်မလိုအပ်တဲ့ ဝုတွေဟာ ငှက်ပျောသီးအမှည့်လို ချိုတဲ့အရာတွေကို ကျွေးတဲ့အခါ ပိုလျှံနေတဲ့ သကြားဓာတ်ကြောင့် ဆီးချိုတက် တတ်ပါတယ်
⚠️ နောက်ပြီး အူလမ်းကြောင်းထဲက ကောင်းမွန်တဲ့ ပိုးကောင် Probiotics လေးတွေရဲ့ အစာဖြစ်တဲ့
Prebiotic Rich ဟာ ငှက်ပျောသီးအစိမ်းဖြစ်နေတဲ့ အချိန်မှာပိုပြီး များပါတယ်
🐾 ငှက်ပျောသီးအစိမ်းဟာ အချိုဓာတ်အနည်းဆုံး၊ အမျှင်ဓာတ်အများဆုံး၊ Prebiotic Rich အဖြစ်ဆုံးနဲ့ Cancer ရောဂါကို 60% ကျော်ကာကွယ်နိုင်ပါတယ်
အစာအိမ်နဲ့ အူလမ်းကြောင်းမှာ Ulcer လို့ခေါ်တဲ့ အနာလေးတွေ မဖြစ်အောင် အူမကြီး ကင်ဆာမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်
ဝမ်းလျောနေလို့ ဝမ်းသွားနေလို့ ဆီးချိုကျနေလို့ဆိုရင်တော့ တခါတရံ အမှည့်ကျွေးလို့ ကောင်းပါတယ်
လုံးဝကျွေးလို့မရတာ တခါတလေလေးကျွေးပြီးတာနဲ့ ဆီးချိုဖြစ်တော့မယ်လို့ မဆိုလိုပါဘူးနော် 😅
အမှည့်လွန်ပြီး ချိုလွန်းတဲ့ဟာကိုတော့ မကျွေးပါနဲ့လို့
😍 ပုံမှန် Meal Time မှာ ဗိုက်ပြည့်နေလို့မစားတာ အစာချေးများချင်လို့ မစားတာတွေကို ကာကွယ်နိုင်ဖို့ ငှက်ပျောသီးကို
🐾ခွေးသေးဆိုရင် ငှက်ပျောသီးတလုံးရဲ့ ၄ ပုံတပုံ
🐾ခွေးကြီးဆိုရင် ငှက်ပျောသီး တလုံး
ထပ်ပိုမကျွေးနဲ့နော်
Rotation is the Key ဆိုတဲ့အတိုင်း ငှက်ပျောသီးချည်းမကျွေးဘဲ တခြား အရမ်းမချိုတဲ့ အသီးလေးတွေကိုလည်း လှည့်ပတ်ကျွေးပါ
❗ဒီမှာပေါများတဲ့အသီးတွေထဲ မတည့်တာ စပျစ်သီး၊ စောင်းလျားသီးလောက်ပဲရှိပါတယ် ❗
စာများကူးယူဖော်ပြခြင်း မပြုရ
မေတ္တာဖြင့် BuKuJu
Photo Credit to the rightful owner.