
03/10/2024
ဝက်ခြေထောက်စွပ်ပြုတ်
-----------------------
BoMa Pork Shop မှ သန့်ရှင်းလတ်ဆတ်သော
ဝက်ခြေထောက် ၅၀သားခန့်
ဆား အနည်းငယ်
သကြား ၁ဇွန်း(သေး)
နာနတ်ပွင့် ၁ပွင့်
ခရုဆီ ၁ဇွန်း(သေး)
ပဲငံပြာရည်အပျစ် အနည်းငယ်
ပဲငံပြာရည်အကျဲ အနည်းငယ်
ငရုတ်ကောင်း အနည်းငယ်
နှမ်းဆီမွှေး အနည်းငယ်
ကြက်သွန်မိတ် ၃ပင်
ကြက်သွန်ဖြူ ၅မွှာ
ဂျင်း ၂ပြား
👩🍳အနေတော်အရွယ်ဝက်ခြေထောက်ကို
အမွှေးအမျှင်များသေချာသန့်စင်
ရေဆေး၍ ရေစစ်ထားပြီး
ဂျင်း၊ ငရုတ်ကောင်း၊အချိုမှုန့်၊ဆား၊
ပဲငံပြာရည်အကျဲ၊ပဲငံပြာရည်အပျစ်
တို့ဖြင့်နယ်ထားပါ
👩🍳အိုးထဲဆီအနဲငယ်ထည့်ပြီး
သကြားထည့်မွှေကာ နယ်ထားသော
ဝက်ခြေထောက်ထည့်၍လှော်ပါ
အသားတင်းလာလျှင် ရေထည့်ပါ
ခဏတည်ထားပြီး ထွက်လာတဲ့
အမြုပ်တွေကုန်အောင်ခပ်ထုတ်ပစ်ပါ
အမြုပ်ထွက်တာလကုန်သလောက်
ရှိပြီဆို ကြက်သွန်ဖြူ ၅မွှာခန့်
မညက်တညက်ထောင်းထည့်ပါ
ဂျင်းဓားပြားရိုက်၊ခရုဆီ၊နာနတ်ပွင့်၊
ပဲငံပြာရည်အကျဲ ဇွန်းဝက်
နှမ်းဆီမွှေး လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ငရုတ်ကောင်းစေ့ ၃စေ့ခန့်ထည့်၍
မီးအေးအေးနဲ့ ကိုယ်လိုချင်တဲ့
အနေအထားထိနူးအောင်တည်ပါ
အသားနူးပြီဆို ဟင်းရည်ထဲ
အရသာလိုသလိုထပ်ထည့်ပါ
အချိန်အနည်းငယ်ထပ်တည်ပါ
ပဲကြာဆံနှစ်သက်လျှင်
ထည့်နိုင်ပါတယ်
👩🍳အိုးချခါနီး ပန်းကန်ထဲခပ်ထားတဲ့
ဝက်ခြေထောက်စွပ်ပြုတ်ပူပူထဲကို
ကြက်သွန်မြိတ်အနည်းငယ်နဲ့
ငရုတ်ကောင်းမှုန့်လိုသလောက်
ထည့်လိုက်ပါက
မွှေးပျံအရသာရှိလှတဲ့
ဝက်ခြေထောက်စွပ်ပြုတ်ကို
သုံးဆောင်နိုင်ပါပြီရှင်