Yangon Zoo

Yangon Zoo Zoological Gardens ( Yangon ), in its 100 years over of existence, has always been an attractive plac

🌲🧑‍🎄“အတူနွှဲပျော်မည် CHRISTMAS PARTY” 🎄🎅ဒီဇင်ဘာလ ရဲ့ Special Day တွေဖြစ်တဲ့ (၂၃) ရက် မှ (၂၅) ရက်နေ့အထိ Christmas Party ပ...
20/12/2023

🌲🧑‍🎄“အတူနွှဲပျော်မည် CHRISTMAS PARTY” 🎄🎅

ဒီဇင်ဘာလ ရဲ့ Special Day တွေဖြစ်တဲ့ (၂၃) ရက် မှ (၂၅) ရက်နေ့အထိ Christmas Party ပွဲကို တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) အတွင်းမှာ ဖျော်ဖြေရေးအစီအစဉ်များနဲ့ စည်ကားသိုက်မြိုက်စွာ ခမ်းခမ်းနားနားကျင်းပသွားမှာပဲ ဖြစ်ပါတယ်။

တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်) ကနေ ကျင်းပပေးသွားမယ့် “CHRISTMAS PARTY” ပွဲမှာတော့

• Magic Show 🪄✨ 🎩
• Kids Talent Show 🎤🎸👪
• Photo Session With Birds 🦜🦅
• Carol Singing 🧑‍🎄🧑‍🎄
• ခေတ်ပေါ် အကများဖြင့်ဖျော်ဖြေခြင်း 🪩💃🕺
• တေးဂီတအဖွဲ့များ၏ ဖျော်ဖြေခြင်းများအပြင် 🎶🎤🎸

လာရောက်လည်ပတ်သူများအတွက် လူသုံးကုန်ပစ္စည်းများ နှင့် စားသောက်ဖွယ်ရာများ ရောင်းချပေးမယ့် ဈေးဆိုင်ခန်းများစွာလည်းပါဝင်တာမို့လို့ Christmas Party ပွဲကို မိသားစု၊ သူငယ်ချင်းအပေါင်းအသင်းများနှင့်အတူ တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) ဆီသို့ အရောက်လှမ်းလာခဲ့ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်






အပြည်ပြည်ဆိုင်ရာ မျောက်များနေ့(International Monkey Day) ၊🐒🐒🐒ဒီဇင်ဘာလ(၁၄)ရက်နေ့၊ မျောက်များနေ့(Monkey Day)မှာ တိရစ္ဆာန်ဥ...
14/12/2023

အပြည်ပြည်ဆိုင်ရာ မျောက်များနေ့
(International Monkey Day) ၊🐒🐒🐒

ဒီဇင်ဘာလ(၁၄)ရက်နေ့၊ မျောက်များနေ့(Monkey Day)မှာ တိရစ္ဆာန်ဥယျာဉ်ထဲက မျောက်လေးတွေအကြောင်းကို ဗဟုသုတအနည်းငယ်မျှဝေချင်ပါတယ်။

မျောက်တွေကို အမြီးပါမျောက်နှင့် အမြီးမပါမျောက်ဟူ၍ နှစ်မျိုးခွဲခြားထားပါတယ်။ ဒါ့အပြင် အမြီးပါ မျောက်တွေကိုလည်း(၂)မျိုးပြန်ပြီး ထပ်မံခွဲခြားထားပါတယ်။

ဒီနေ့ကျရောက်တဲ့ မျောက်များနေ့(Monkey Day) မှာ အမြီးပါမျောက်ကလေးတွေအကြောင်းကို ဗဟုသုတအနည်းငယ် မျှဝေပါရစေ…

ပထမဦးဆုံးအနေနဲ့…အမြီးပါမျောက်တွေကို…အင်္ဂလိပ်လို(Monkeys) လို့ခေါ်ပြီး၊ အမြီးမပါတဲ့ မျောက်တွေကိုတော့ (Ape) လို့ခေါ်ပါတယ်။

အမြီးပါမျောက်နှင့် အမြီးမပါ မျောက်တွေကို သတ္တဗေဒဘာသာရပ်အခေါ်ဝေါ်အနေနဲ့ မျိုးစဉ်(Order) လိုခေါ်တဲ့ ၊ ပရိုင်းမိတ် (Primates) အတွင်းမှာ ပါရှိတဲ့အတွက် ကျွနှ်ပ်တို့လူသားတွေနဲ့ မျိုးစဉ်တစ်ခုတည်းမှာ အတူတည်ရှိနေတာကြောင့် မျောက်တွေဟာ လူတွေနဲ့ပိုမိုနီးစပ်ပြီး အခြားသောတိရစ္ဆာန်များထက် အသိဉာဏ်ကိုမိုမြင့်မားကြပါတယ်။

အမြီးပါတဲ့မျောက်တွေကို ထပ်မံပြီးခွဲခြားပြရရင် ကမ္ဘာဟောင်းမျောက်(Old World Monkeys) နှင့် ကမ္ဘာသစ်မျောက်(New World Monkeys) ဆိုပြီး (၂)မျိုးထပ်မံခွဲခြားကြပြန်ပါတယ်။

ကမ္ဘာသစ်မျောက်တွေဟာ တောင်အမေရိကတိုက်ထဲမှာနေထိုင်ပြီး ကမ္ဘာဟောင်းမျောက်တွေကတော့ အာရှတိုက်နှင့် အာဖရိကတိုက်တွေမှာ နေထိုင်ကြပါတယ်။

ကမ္ဘာသစ်မျောက်နဲ့ ကမ္ဘာဟောင်းမျောက်တွေကို ယခုလို ခွဲခြားလေ့လာနိုင်ပါတယ်။

ကမ္ဘာဟောင်းမျောက် :

▫️အစာသိုလှောင်နိုင်သည့် ပါးစောင်အိတ်ပါရှိသည်။
▫️အမြီးပါရှိသော်လည်း ထိုအမြီးဖြင့် သစ်ပင်/သစ်ကိုင်းများကို မတွယ်ချိတ်နိုင်ပါ။
▫️နှာခေါင်းပေါက်တစ်ခုနှင့် တစ်ခုနီးကပ်သည်။
▫️တင်ပါးချပ်ပါရှိသည်။
▫️မြေပင်နှင့် သစ်ပင်များပေါ်တွင် နေထိုင်သည်။
▫️အရောင်မျိုးစုံကို မြင်နိုင်စွမ်းရှိသည်။
▫️ကမ္ဘာသစ်မျောက်ထက် များစွာအရွယ်အစား ကြီးမားပါသည်။

ကမ္ဘာသစ်မျောက် :

▫️အစာသိုလှောင်နိုင်သည့် ပါးစောင်အိတ်မပါရှိပါ။
▫️သစ်ပင်ကိုချိတ်လို့ရသည့်အမြီးပါရှိသည်။
▫️နှာခေါင်းပေါက်တစ်ခုနှင့်တစ်ခု ကွာဝေးသည်။
▫️တင်ပါးချပ်မပါရှိပါ။
▫️သစ်ပင်များပေါ်တွင် အနေများပါသည်။
▫️အရောင်မျိုးစုံကို မြင်နိုင်စွမ်းမရှိပါ။
▫️ကမ္ဘာဟောင်းမျောက်များထက် အရွယ် အစားသေးငယ်ပါသည်။

ဒီလိုကွဲပြားခြားနားချက်တွေကို သိပြီးပြီးဆိုရင်တော့ တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) ကို အလည်ရောက်ခဲ့ရင် ကမ္ဘာဟောင်းမျောက်တွေနဲ့ အမြီးမပါတဲ့(Ape) လို့ခေါ်တဲ့ မျောက်မျိုးစိတ်တွေအကြောင်း ခွဲခြားလေ့လာမှတ်သားကြည့်ကြဖို့ မမေ့နဲ့ဦးနော် 🤗🤗🤗

🇲🇲 အမျိုးသားနေ့ ဒို့မမေ့ 🇲🇲🎉 𝐇𝐚𝐩𝐩𝐲 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐍𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐃𝐚𝐲 🎉၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ ၇ရက်၊ ကြာသပတေးနေ့တွင် ကျရောက်သော(၁၀၃)ကြိမ်...
07/12/2023

🇲🇲 အမျိုးသားနေ့ ဒို့မမေ့ 🇲🇲
🎉 𝐇𝐚𝐩𝐩𝐲 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐍𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐃𝐚𝐲 🎉
၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ ၇ရက်၊ ကြာသပတေးနေ့တွင် ကျရောက်သော
(၁၀၃)ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့အား ဂုဏ်ပြုကြိုဆိုရင်း
မြန်မာပြည်သူပြည်သားများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ကြည်သာကြစေကြောင်း တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်) မိသားစုမှ တောင်းဆုမေတ္တာပို့သအပ်ပါသည်။




ရန်ကုန်မြို့တွင် ပထမဆုံး Activity အဖြစ် တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) သို့ လာရောက်လည်ပတ်ခဲ့ကြသော 2024 Miss Grand Myanmar အလှ...
02/12/2023

ရန်ကုန်မြို့တွင် ပထမဆုံး Activity အဖြစ် တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) သို့ လာရောက်လည်ပတ်ခဲ့ကြသော 2024 Miss Grand Myanmar အလှမယ်‌များ၏ အမှတ်တရပုံရိပ်များကို မျှဝေလိုက်ပါတယ် 🤗🤗🤗





အပြည်ပြည်ဆိုင်ရာ အမေရိကန်ကျားသစ်များနေ့ (International Jaguar Day)မြန်မာအမည်-အမေရိကန်ကျားသစ်အင်္ဂလိပ်အမည်-Jaguarသိပ္ပံအမ...
29/11/2023

အပြည်ပြည်ဆိုင်ရာ အမေရိကန်ကျားသစ်များနေ့ (International Jaguar Day)

မြန်မာအမည်-အမေရိကန်ကျားသစ်
အင်္ဂလိပ်အမည်-Jaguar
သိပ္ပံအမည်-Panthera Onca

ရေကူးအရမ်းကျွမ်းကျင်ပြီး အစာကွင်းဆက်၏ ထိပ်ဆုံးတွင်ရှိသော အသားစားသတ္တဝါ ဖြစ်သည့်အပြင် ၎င်းမျိုးစိတ်ကို ထိန်းသိမ်းခြင်းအားဖြင့် အခြားသောမျိုးစိတ် အမြောက်အမြား ကိုပါ ထိန်းသိမ်းပြီးဖြစ်သည့် ထီးနှင့်တူသော (Umbrella Species) မျိုးစိတ်ဖြစ်ပါတယ်။ ထို့အပြင် အမေရိကတိုက်၏ ထူးခြားထင်ရှားပြီး အကြီးဆုံးကြောင်မျိုးရင်းဝင် အမေရိကန်ကျားသစ်များ ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲများအား သိရှိစေရန်၊ ထိန်းသိမ်းရေးအသိအမြင်များ တိုးပွားလာစေရန်နှင့် နှစ်စဉ် အကောင်ဦးရေ လျော့နည်းလာသည့်အတွက် ထိန်းသိမ်းရေးလုပ်ငန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ နှစ်စဉ် နိုဝင်ဘာလ(၂၉) ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ အမေရိကန်ကျားသစ်များနေ့ (International Jaguar Day) အဖြစ်သတ်မှတ်ပြီး တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေး အဖွဲ့အစည်းများမှ ကျင်းပပြုလုပ်ကြခြင်း ဖြစ်ပါတယ်။

အမေရိကန်ကျားသစ်များနှင့်ပတ်သက်၍ သိကောင်းစရာအချက်များမှာ
၁။ အမေရိကန်ကျားသစ်များသည် ကြောင်ကြီးမျိုးရင်းဝင်သတ္တဝါများထဲတွင် မေးရိုးသန်မာပြီး ကိုက်အားအသန်ဆုံးသတ္တဝါဖြစ်ပါတယ်။
၂။ ရေဘုရင်ဟုတင်စားခေါ်ဝေါ်ခြင်းခံရသည့် မိကျောင်းများကို ရေထဲမှာပင် အမဲလိုက်နိုင်စွမ်းရှိပါတယ်။
၃။ အမေရိကန်ကျားသစ်သည် ကြောင်ကြီးမျိုးရင်းဝင် ကျား၊ ခြင်္သေ့ပြီးလျှင် တတိယအကြီးဆုံး အသားစားနို့တိုက်သတ္တဝါဖြစ်ပါတယ်။
၄။ ထိန်းသိမ်းရေးပညာရှင်များ၏ ခန့်မှန်းတွက်ချက်မှုအရ သဘာဝတောထဲတွင် အမေရိကန်ကျားသစ်ကောင်ရေ (၁၅၀၀၀) ခန့်သာကျန်ရှိပါတော့တယ်။
၅။ သဘာဝတောထဲတွင် သက်တမ်း (၁၁−၁၂) နှစ်ခန့် နေထိုင်နိုင်ပြီး ထိန်းသိမ်းမွေးမြူထားသည့်နေရာများတွင် နှစ်ပေါင်း(၂၀−၂၈) နှစ်ခန့်အထိနေထိုင်နိုင်ပါတယ်။

တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) တွင် နို့တိုက်သတ္တဝါ၊ တွားသွားသတ္တဝါ၊ ရေနေသတ္တဝါများနှင့် ကျေးငှက်မျိုးစိတ်များစွာ ထိန်းသိမ်းစောင့်ရှောက်ပြသထားတာမို့ ဗဟုသုတရချင်လို့ပဲဖြစ်ဖြစ်၊ မိသားစု သူငယ်ချင်းအပေါင်းအသင်းများနဲ့ အတူ အပန်းဖြေချင်လို့ပဲဖြစ်ဖြစ် လာရောက်လေ့လာလည်ပတ်ဖို့ လှိုက်လှဲပျူငှာစွာ ဖိတ်ခေါ်လိုက်ပါတယ်။



တန်ဆောင်မုန်းလပြည့်နေ့ (သာမညဖလအခါတော်နေ့)သာမညဖလသုတ်ခေါ် (ရဟန်းပြုခြင်း၏ အကျိုးတရားကို) မြတ်စွာဘုရားသည် အဇာတသတ်မင်းအား တန...
27/11/2023

တန်ဆောင်မုန်းလပြည့်နေ့ (သာမညဖလအခါတော်နေ့)

သာမညဖလသုတ်ခေါ် (ရဟန်းပြုခြင်း၏ အကျိုးတရားကို) မြတ်စွာဘုရားသည် အဇာတသတ်မင်းအား တန်ဆောင်မုန်းလပြည့်နေ့တွင် ဟောပြောတော်မူသည်ကို အကြောင်းပြု၍ တန်ဆောင်မုန်းလပြည့်နေ့ကို သံဃာတော်များနေ့ (သာမညဖလအခါတော်နေ့) ဟု သတ်မှတ်ကျင်းပကြခြင်း ဖြစ်ပါတယ်။
မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ တန်ဆောင်မုန်းလပြည့်(သမညဖလအခါတော်)နေ့မှာ မြန်မာပြည်သူပြည်သားများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ကြည်သာပြီး မိမိတို့လိုရာဆန္ဒများပြည့်ဝကြစေကြောင်း တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) မိသားစုမှ တောင်းဆုမေတ္တာပို့သအပ်ပါသည်။



မလေးရှားနိုင်ငံ၊ Penang၊ Taiping၊  Grand Baron Hotel တွင် (၅−၁၁−၂၀၂၃)ရက်နေ့မှ (၈−၁၁−၂၀၂၃)ရက်နေ့အထိ ကျင်းပပြုလုပ်သည့် အာရ...
16/11/2023

မလေးရှားနိုင်ငံ၊ Penang၊ Taiping၊ Grand Baron Hotel တွင် (၅−၁၁−၂၀၂၃)ရက်နေ့မှ (၈−၁၁−၂၀၂၃)ရက်နေ့အထိ ကျင်းပပြုလုပ်သည့် အာရှနှင့် အာဆီယံဒေသတွင်း တိရစ္ဆာန်ဥယျာဉ်များနှင့် ငါးပြတိုက်များအစည်းအရုံး (Southeast Asia Zoos and Aquariums Association-SEAZA) ၏ အကြိမ် (၃၁) ကြိမ်မြောက်ညီလာခံကို အစည်းအရုံးအဖွဲ့ဝင်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံမှ နိုင်ငံကိုယ်စားပြု Htoo Zoos and Gardens Business Unit မှ အမှုဆောင်အရာရှိချုပ် (CEO) နှင့် ဝန်ထမ်းများ၊ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်မှ ပါမောက္ခ (ဌာနမှူး)နှင့် သစ်တောဦးစီးဌာန (ရန်ကုန်တိုင်း)မှ ဒုတိယညွန်ကြားရေးမှူး၊ စုစုပေါင်း (၁၅) ဦး တက်ရောက်ခဲ့ကြပါတယ်။ အဆိုပါညီလာခံတွင် နိုင်ငံပေါင်း (၂၅) နိုင်ငံမှ တက်ရောက်သူ (၂၅၉) ဦးရှိခဲ့ပြီး သုတေသနစာတမ်းပေါင်း (၅၉) စောင် ဖတ်ကြားခဲ့ပါတယ်။ မြန်မာနိုင်ငံကိုယ်စားပြု Htoo Zoos and Gardens Business Unit မှ သုတေသနစာတမ်း (၄) စောင် ဖတ်ကြားတင်သွင်းခဲ့ပါတယ်။





ငှက်ကုလားအုတ်အကြောင်းသိကောင်းစရာ အချက် (၁၀) ချက်မြန်မာအမည်- ရိုးရိုးငှက်ကုလားအုတ်အင်္ဂလိပ်အမည်- Common Ostrichသိပ္ပံအမည်...
10/11/2023

ငှက်ကုလားအုတ်အကြောင်းသိကောင်းစရာ အချက် (၁၀) ချက်

မြန်မာအမည်- ရိုးရိုးငှက်ကုလားအုတ်
အင်္ဂလိပ်အမည်- Common Ostrich
သိပ္ပံအမည်- Struthio Camelus

၁။ငှက်ကုလားအုတ်များသည် မပျံသန်းနိုင်သော ငှက်မျိုးစိတ်ဖြစ်ပြီး ကမ္ဘာ့အကြီးဆုံးငှက်များဖြစ်ကြပါတယ်။

၂။ငှက်ကုလားအုတ်များသည် ရှည်လျားသန်မာသော ခြေထောက်များရှိသည့်အတွက် တစ်ခါခုန်လျှင် (၁၀) ပေကျော်ခန့်အထိ ခုန်နိုင်ကြပါတယ်။

၃။ငှက်ကုလားအုတ်များဟာ ကမ္ဘာပေါ်တွင် အပြေးမြန်ဆုံးသောငှက်များဖြစ်ကြပြီး သူတို့ရဲ့ ရှည်လျားတဲ့ ခြေတံတွေနဲ့ ပေါ့ပါးတဲ့အရိုးတည် ဆောက်ပုံတွေကြောင့် သားရဲတွေဆီကနေ တစ်နာရီကို ကီလိုမီတာ (၈၀)နှုန်း အထိ ပြေးလွှားနိုင်ပါတယ်။

၄။ငှက်ကုလားအုတ်များရဲ့အစွမ်းထက်၊ ရှည်လျားသော ခြေတံများသည် လူသား (သို့မဟုတ်) ခြင်္သေ့ကဲ့သို့သော သားရဲများကိုပင် သေစေနိုင်သော လက်နက်တစ်ခုလည်း ဖြစ်ပါတယ်။ ခြေချောင်းနှစ်ချောင်းစီတွင် ရှည်လျားချွန်ထက်သော ခြေသည်းများ ပါရှိပါတယ်။

၅။ငှက်ကုလားအုတ်များသည် ကုန်းနေသတ္တဝါများထဲတွင် အကြီးဆုံးသောမျက်လုံးကို ပိုင်ဆိုင်ထားကြပြီး မျက်လုံးအလျားမှာ (၅) စင်တီမီတာခန့် နီးပါးရှိသဖြင့် ခြင်္သေ့ကဲ့သို့သော သားရဲမုဆိုးများကိုပင် အဝေးမှလှမ်း၍ မြင်နိုင်ပါတယ်။

၆။ငှက်ကုလားအုတ်အထီးများဟာ အမများကိုဆွဲဆောင်ရန် ကပြဖျော်ဖြေလေ့ရှိကြပါတယ်။

၇။ငှက်ကုလားအုတ်ဥများသည် ကမ္ဘာ့အကြီးဆုံး‌ဥများဖြစ်ပါတယ်။

၈။ငှက်ကုလားအုတ်များသည် အစုံစားသတ္တဝါများဖြစ်ကြသော်လည်း အသီးအရွက်ကိုသာ အဓိကထားစားသုံးကြပြီး ရံဖန်ရံခါ အသားစားသတ္တဝါများ၏ စားကြွင်းစားကျန် အသားများကိုလည်း စားကြပါတယ်။

၉။ငှက်ကုလားအုတ်များဟာ ရေမရှိဘဲ အချိန်အကြာကြီး အသက်ရှင်နေနိုင်ပါတယ်။

၁၀။ငှက်ကုလားအုတ်များတွင် အစာအိမ်(၃) လုံးပါရှိပြီး အစာချေရန် ကျောက်စရစ်ခဲများကို မျိုချကြပါတယ်။ အခြားသက်ရှိငှက်များနှင့်မတူ ငှက်ကုလားအုတ်သည် ဆီးကိုမစင်နှင့် သီးခြားစီခွဲခြားပြီး စွန့်ထုတ်နိုင်သည့်အတွက် ဆီးစွန့်ထုတ်တတ်သော ထူးခြားဆန်းပြားသည့် ငှက်ဖြစ်ပါသည်။



“သတ္တဗေဒကျောင်းသားကျောင်းသူများ၏လေ့လာရေးခရီး”ရန်ကုန်တက္ကသိုလ်၊ သတ္တဗေဒဌာနမှ ကျောင်းသားကျောင်းသူများနှင့် ဆရာမများက တိရစ္...
01/11/2023

“သတ္တဗေဒကျောင်းသားကျောင်းသူများ၏လေ့လာရေးခရီး”

ရန်ကုန်တက္ကသိုလ်၊ သတ္တဗေဒဌာနမှ ကျောင်းသားကျောင်းသူများနှင့် ဆရာမများက တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) တွင် မွေးမြူပြသထားသော နို့တိုက်သတ္တဝါ၊ တွားသွားသတ္တဝါများနှင့် ကျေးငှက်တိရစ္ဆာန်တို့အား လာရောက်လေ့လာ လည်ပတ်ခဲ့သော ပုံရိပ်များကို မျှဝေလိုက်ပါတယ်။🧑‍🏫🧑‍🏫🧑‍🏫

မိသားစု၊ သူငယ်ချင်းအပေါင်းအသင်းများနှင့်အတူ ဗဟုသုတရချင်လို့ပဲဖြစ်ဖြစ်၊ အပန်းဖြေချင်လို့ပဲဖြစ်ဖြစ် လာရောက်လည်ပတ်ချင်သူတွေကို တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) မိသားစုမှ နွေးထွေးပျူငှာစွာ ဖိတ်ခေါ်လိုက်ပါတယ်။ 🤗🤗🤗



30/10/2023

“ပျော်ရွှင်အတူနွှဲ မိုမို့မွေးနေ့ပွဲ”

🐘🐘မိုမို့မွေးနေ့ပွဲရဲ့ ဒုတိယနေ့ဖြစ်သော အောက်တိုဘာလ ၂၉ရက်နေ့တွင် တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) မှာ ဖျော်ဖြေရေးအစီအစဉ်ပေါင်းများစွာနဲ့ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။
🎂ဆင်မကြီးမိုမိုက ဆင်အပေါင်းအပါများနဲ့အတူ မွေးနေ့ကိတ်ခွဲခြင်း
🪘ရိုးရာအငွေ့အသက်များ ပြည့်နှက်နေတဲ့ ရှမ်းအိုးစည်နဲ့ တိုးနယားအက
💃🕺အနုပညာအရည်အသွေးများကို တောက်ပစွာ ဖော်ပြဖျော်ဖြေခဲ့သော
Soe San Talents & Model Training Center မှ ကလေးများ
🕴️🕴️မြိုင်မြိုင်ဆိုင်ဆိုင် တီးလုံးများနဲ့ ကပြဖျော်ဖြေခဲ့သော Black Diamond Dancer Group
🎤🎤အားမာန်အပြည့်နဲ့ဖျော်ဖြေတင်ဆက်ခဲ့တဲ့ Upstroke Music Band နှင့် နာမည်ကျော်တေးသံရှင် ကျော်ကျော်နန္ဒ
🍜🍜 Nom Nom ရဲ့ ခေါက်ဆွဲစားပြိုင်ပွဲ
....စသော အစီအစဉ်များနဲ့ အားပါးတရ တင်ဆက်ပေးခဲ့ပါတယ်။

🎪🎪ဈေးပွဲတော်နဲ့ ဂိမ်းအစီအစဉ်များစွာကိုလည်း ထည့်သွင်းပေးထားပါတယ်။
🐘🐘မိုမို့မွေးနေ့ရဲ့ နောက်ဆုံးရက်ဖြစ်သော အောက်တိုဘာလ ၃၀ ရက်နေ့မှာလည်း အစီအစဉ်ကောင်းလေးတွေ စောင့်ကြိုနေမှာမို့ တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) သို့ လာရောက်လည်ပတ်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ 🤗🤗🤗










“ပျော်ရွှင်ဆင်နွှဲ   မိုမို့မွေးနေ့ပွဲ”ပြည်သူ့အချစ်တော် ဆင်မကြီး မိုမိုရဲ့ ၇၀ နှစ်ပြည့် အထိမ်းအမှတ်မွေးနေ့ပွဲမှာ လာရောက်...
29/10/2023

“ပျော်ရွှင်ဆင်နွှဲ မိုမို့မွေးနေ့ပွဲ”

ပြည်သူ့အချစ်တော် ဆင်မကြီး မိုမိုရဲ့ ၇၀ နှစ်ပြည့် အထိမ်းအမှတ်မွေးနေ့ပွဲမှာ လာရောက်ပူးပေါင်းဆင်နွှဲကြတဲ့ ပြည်သူများနဲ့အတူ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသော ပုံရိပ်များကို မျှဝေပေးလိုက်ရပါတယ်။

ယနေ့မှာတော့ ဆင်မကြီးမိုမိုအတွက် တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်) ရှိ ဆင်အပေါင်းအပါများနဲ့အတူ သစ်သီးကိတ်ခွဲခြင်း၊ ရှမ်းရိုးရာတိုးနယားအက၊ မြန်မာရိုးရာအကအလှ၊ Soe San Entertainment မှ ဖျော်ဖြေတင်ဆက်မှုများ၊ Black Diamond Dancer Groupရဲ့ မြူးမြူးကြွကြွကပြတင်ဆက်မှုများအပြင် နာမည်ကျော် ဆယ်လီများနှင့် Upstroke Music Bandရဲ့သီဆိုဖျော်ဖြေမှုများဖြင့် ဧည့်ခံဖျော်ဖြေဆင်နွှဲလျက်ရှိပါတယ်။

ဆင်မကြီးမိုမိုရဲ့ ၇၀ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်ပွဲရဲ့နောက်ဆုံးနေ့ဖြစ်တဲ့ မနက်ဖြန်မှာတော့ Nom Nom Noodles မှ Games Program များပါဝင်မှာမို့ မိုမိုကြီးကို လာရောက်တွေ့ဆုံလည်ပတ်ရင်း အတူတူပူးပေါင်းဆင်နွှဲကြဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။





“ဝါလကင်းလွတ် သီတင်းကျွတ်"မြန်မာသက္ကရာဇ် (၁၃၈၅)ခုနှစ်၊ တနင်္ဂနွေနေ့တွင်ကျရောက်‌သော" သီတင်းကျွတ်လပြည့် ( အဘိဓမ္မာအခါတော်နေ...
29/10/2023

“ဝါလကင်းလွတ် သီတင်းကျွတ်"

မြန်မာသက္ကရာဇ် (၁၃၈၅)ခုနှစ်၊ တနင်္ဂနွေနေ့တွင်ကျရောက်‌သော" သီတင်းကျွတ်လပြည့် ( အဘိဓမ္မာအခါတော်နေ့) နေ့ထူးရက်မြတ်အခါသမယ တွင် မြန်မာပြည်သူပြည်သားအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာစေကြောင်း တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) မိသားစုမှ ဆုတောင်းမေတ္တာပို့သအပ်ပါသည်။ 🙏🙏🙏




ယနေ့စတင်ကျင်းပမယ့် ပြည်သူ့အချစ်တော် ဆင်မကြီးမိုမိုရဲ့ (၇၀) နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်ပွဲကို ဆင်နွှဲဖို့ စိတ်လှုပ်ရှားန...
28/10/2023

ယနေ့စတင်ကျင်းပမယ့် ပြည်သူ့အချစ်တော် ဆင်မကြီးမိုမိုရဲ့ (၇၀) နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်ပွဲကို ဆင်နွှဲဖို့ စိတ်လှုပ်ရှားနေပြီလား 🤩🥳🤗

အောက်တိုဘာလ (၂၈) မှ (၃၀) ရက်ထိ (၃) ရက်တာ ကျင်းပမယ့် Mo Mo’s 70th Birthday Party မှာ
🎂Mo Mo အတွက် Birthday Cake ခွဲခြင်း
🐘Mo Mo Photo Exhibition
🐻Animal Presentation
🎵Music & Dance Performance
🪄Magic Show
📷Photo Booth
🦜ချစ်စရာတိရစ္ဆာန်လေးများနှင့်
📸အမှတ်တရဓါတ်ပုံရိုက်ကူးခြင်းများအပြင် သားသားမီးမီးတို့အကြိုက် ပျော်ရွှင်စရာ Games အစီအစဉ်တွေအများကြီးပါဝင်တဲ့ ပွဲအစီအစဉ်လေးပဲဖြစ်ပါတယ်။

အချစ်တော် မိုမိုကြီးရဲ့ မွေးနေ့ပွဲမှာ မိသားစု၊ သူငယ်ချင်းအပေါင်းအသင်းများနဲ့အတူ တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) ဆီသို့ လာရောက်ဆင်နွှဲကြပါစို့ 🐘🥳🤗






ပြည်သူ့အချစ်တော်ဆင်မကြီးမိုမိုရဲ့ အသက် (၇၀) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် အမေးအဖြေကဏ္ဍပို့စ်‌အောက်မှာ ဖြေကြားခဲ့သော အစောဆ...
26/10/2023

ပြည်သူ့အချစ်တော်ဆင်မကြီးမိုမိုရဲ့ အသက် (၇၀) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် အမေးအဖြေကဏ္ဍပို့စ်‌အောက်မှာ ဖြေကြားခဲ့သော အစောဆုံးအဖြေမှန်သူ ကံထူးရှင် (၇၀) ဦးအား‌ ကြေညာပေးတော့မှာပဲဖြစ်ပါတယ်။ 🎉🥳👏

အဖြေမှန်လေးတွေကတော့ ✅

၁။ (က) ၁၉၆၁
၂။ (က) ဦးခွန်စန္ဒ
၃။ (ဂ) လွိုင်ကော် ဖြစ်ပြီး

အစောဆုံးအဖြေမှန်သူ (၇၀) ဦးမှာ 📝

1) Yoon Nadi
2) ZwelPhone Myint Zan
3) Theint Theint Thu
4) Yamin Tun
5) Ever Lucky
6) Sandy Kyaw
7) Valen Zaw Min Oo
8) Ma Di
9) Hsu Pyae Ko KO
10) Emma
11) Hsu Myint Myat
12) Thomas Addison
13) Hnin Nu Han
14) Yin May Thu Sie
15) Hnin Wai Wai
16) Thandar Aung
17) Yin Wai Aung
18) Hay Mann Oo
19) U Oakker Ingyinmyae
20) Ya Min
21) Kyaw Tun
22) Zar Chi
23) Thua Ra Paing
24) Mon Mon
25) Shine Aung
26) Khine Wut Yee
27) Aung Myat Soe
28) Asmah Arkani
29) Amyat
30) Min Khant Kyaw
31) Hnin Moh Moh Khin
32) Md Sohill
33) Su Myat Thazin Oo
34) Tha Milay
35) Tin Tin Htar
36) Rose Rose
37) Kyaw Lwin Oo
38) Emerald Grace Din
39) Shwe Sin Win Pyae
40) May Hnin The
41) Swe Swe
42) Phyo Phyo Aung
43) Flora Alena
44) Ye Tint Htut
45) Chit Tone Lay
46) Doh Doh
47) Jasmin Bella
48) Shu May
49) Andrew
50) Hnin Hnin Aye
51) Khin Myat Myat Mon
52) Aung Thi Ha
53) Sat Paing Aung
54) Ohnmar Khine
55) May Lay
56) Ei Thinzar Phyo
57) Eaindra Chan Myae
58) Sian Te Nu
59) Htet Htet Phyo Oo
60) Terry Lin
61) Jacob Frye
62) ထိန် လင်း ဦး မေမေ
63) Suu Myat
64) Hnin Nwe Some
65) Linn Yadana
66) KhinKhin Kyaw
67) Chaw SU
68) Pyae Pyae
69) Kyawt Zin Zin Thwal
70) Shoon Love

အဖြေမှန်သူများက Page Messenger (Chatbox) သို့လာရောက်ပြီး အမည်၊ ဖုန်းနံပါတ်ပေးရမှာဖြစ်ပြီး အောက်တိုဘာလ (၂၈)ရက် မှ (၃၀) ရက်ထိ Birthday Party ပွဲကာလ (၃) ရက်အတွင်း စိတ်ကြိုက် တစ်ရက်မှာ Mo Mo’s Birthday Party ပွဲသို့ အခြားအဖော်တစ်ဦးပါ ခေါ်ဆောင်နိုင်ပြီး အခမဲ့ဝင်ရောက်ဆင်နွှဲနိုင်မှာပဲဖြစ်ပါတယ်။ 🥳🎉🎊





&A

🐘🐘🐘ပြည်သူ့အချစ်တော် ဆင်မကြီး မိုမိုနဲ့ပတ်သက်တဲ့ စိတ်ဝင်စားဖွယ်‌ မေးခွန်းလေးတွေကို ဖြေဆိုပြီး အခမဲ့ဝင်ရောက်ခွင့်လေးတွေရယူ...
24/10/2023

🐘🐘🐘ပြည်သူ့အချစ်တော် ဆင်မကြီး မိုမိုနဲ့ပတ်သက်တဲ့ စိတ်ဝင်စားဖွယ်‌ မေးခွန်းလေးတွေကို ဖြေဆိုပြီး အခမဲ့ဝင်ရောက်ခွင့်လေးတွေရယူကြရအောင်🥳🥳🥳

ပုံထဲမှာ ပါဝင်သော မေးခွန်းလေးတွေကို Comment ထဲမှာ အမြန်ဖြေဆိုကြရမှာ ဖြစ်ပါတယ်။ ဖြေဆိုထားသူများထဲမှ အဦးဆုံး အဖြေမှန်သူ (၇၀) ဦးမှာ အခြားအဖော်တစ်ဦးပါ ခေါ်ဆောင်နိုင်ပြီး Mo Mo's Birthday Party ပွဲတော်ကာလအတွင်း ဥယျာဉ်ဝင်ခွင့် အခမဲ့ရရှိမယ့်အပြင် ဆင်ပြတိုက်ကိုပါ အခမဲ့ဝင်ရောက်လေ့လာနိုင်ခွင့်ရရှိမှာ ဖြစ်ပါတယ်။ 🤩🤩🤩

ဒါကြောင့်မို့ ဆင်မကြီးမိုမိုရဲ့ စိတ်ဝင်စားစရာအကြောင်းအရာလေးတွေကို ဖြေဆိုရင်း ဆင်မကြီးမိုမိုရဲ့ မွေးနေ့မှာ ပါဝင်ဆင်နွှဲလိုက်ကြရအောင်နော် 🤗✅





&A

တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) အတွင်းမှာ သီတင်းကျွတ်မီးပုံးလေးတွေနဲ့ အလှဆင်ချိတ်ဆွဲထားတာကို သိပြီးပြီလား 🏮🏮🏮သီတင်းကျွတ်ကျောင်...
23/10/2023

တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) အတွင်းမှာ သီတင်းကျွတ်မီးပုံးလေးတွေနဲ့ အလှဆင်ချိတ်ဆွဲထားတာကို သိပြီးပြီလား 🏮🏮🏮

သီတင်းကျွတ်ကျောင်းပိတ်ရက်မှာ သားသားမီးမီးတို့အတွက် ဗဟုသုတလည်းရ၊ အပန်းလည်းဖြေလို့ရမယ့် နေရာလေးဖြစ်တဲ့ တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) အတွင်းမှာ မီးပုံးများအလှဆင်ချိတ်ဆွဲထားတာမို့ ဓာတ်ဖမ်း 📸 ရင်း ချစ်သူ၊ သူငယ်ချင်းအပေါင်းအသင်း၊ မိသားစုများနှင့်အတူ လာရောက်လည်ပတ်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်🤗🤗🤗




“လာပါတူတူဆင်နွှဲဖို့ မိုမို့မွေးနေ့မှာဆုံကြစို့” 🐘🐘🐘ပြည်သူ့အချစ်တော် ဆင်မကြီး မိုမိုရဲ့ မွေးနေ့ပွဲ ကျင်းပချိန် ရောက်ရှိလ...
23/10/2023

“လာပါတူတူဆင်နွှဲဖို့ မိုမို့မွေးနေ့မှာဆုံကြစို့”

🐘🐘🐘ပြည်သူ့အချစ်တော် ဆင်မကြီး မိုမိုရဲ့ မွေးနေ့ပွဲ ကျင်းပချိန် ရောက်ရှိလို့လာပါပြီ။ 🎂🥳🎉

အောက်တိုဘာလ (၂၈) ရက် မှ (၃၀) ရက်နေ့အထိ Mo Mo's Birthday Party ကို တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) အတွင်းမှာ ဖျော်ဖြေရေးအစီအစဉ်များနဲ့ စည်ကားသိုက်မြိုက်စွာ ခမ်းခမ်းနားနားကျင်းပသွားမှာပဲ ဖြစ်ပါတယ်။

Mo Mo's Birthday Party ပွဲအတွက် Nom Nom မှ Partner အနေနဲ့ ပါဝင်အားဖြည့်ပြီး Vidya , M Channel , YTV နှင့် Yangon Thar Vlog တို့မှ Media အနေနဲ့ ပါဝင်ကူညီထားပါတယ်။

🎂မိုမို့အတွက် မွေးနေ့ကိတ်ခွဲခြင်း
🐘မိုမိုနဲ့အတူ ဓာတ်ပုံရိုက်ကူးခြင်း
🐻Animal Presentation
🎤Music & Performance
🤹‍♀️ Magic Show
📸 ချစ်စရာတိရစ္ဆာန်လိမ္မာလေးများနှင့်အတူ အမှတ်တရဓါတ်ပုံရိုက်ကူးခြင်းအပြင်
🎪 သားသားမီးမီးတို့အကြိုက် ပျော်ရွှင်စရာဂိမ်းများနှင့် ဖျော်ဖြေရေးအစီအစဉ်တွေ အများကြီးပါဝင်မှာမို့ ဆင်မကြီးမိုမိုရဲ့ အသက် (၇၀) နှစ်ပြည့် မွေးနေ့မှာ မိုမို့အတွက် အမှတ်တရတွေ ဖန်တီးပေးကြရင်း မိသားစု၊ သူငယ်ချင်းအပေါင်းအသင်းများနှင့်အတူ တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) ဆီသို့ အရောက်လှမ်းလာခဲ့ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော် 🐘🥳🤗







“တွားသွားသတ္တဝါ ထိန်းသိမ်းရေးအသိပညာမြှင့်တင်သည့်နေ့”(Reptile Awareness Day)နှစ်စဉ် အောက်တိုဘာလ (၂၁) ရက်ကို တွားသွားသတ္တဝ...
21/10/2023

“တွားသွားသတ္တဝါ ထိန်းသိမ်းရေးအသိပညာမြှင့်တင်သည့်နေ့”

(Reptile Awareness Day)

နှစ်စဉ် အောက်တိုဘာလ (၂၁) ရက်ကို တွားသွားသတ္တဝါများထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် တန်ဖိုးထားလေးစားမှုမြှင့်တင်သည့်နေ့ဖြစ်ပြီး တွားသွားသတ္တဝါများ၏အကြောင်းကို အသိပညာပေးသည့်နေ့ ဖြစ်ပါတယ်။ ပညာပေးဟောပြောရေး ကြိုးပမ်းမှုများမှတစ်ဆင့် ဤစိတ်ဝင်စားဖွယ်ကောင်းသော တွားသွားသတ္တဝါများအကြောင်း၊ အမှန်တရားနှင့် နားလည်မှုကို ပြန့်ပွားစေနိုင်ပါတယ်။

တွားသွားသတ္တဝါများ “Reptiles” ဟူသောဝေါဟာရသည် လက်တင်ဘာသာစကား “Repton”မှ ဆင်းသက်လာပြီး အဓိပ္ပါယ်မှာ “Creep” တွားသွားခြင်းဟူသော ရွေ့လျားမှုပုံသဏ္ဍာန်ကိုကြည့်၍ အမည်ပေးထားခြင်းဖြစ်ပါတယ်။ ထို့ကြောင့် မျိုးပေါင်း (Class-Reptilia) တွင်ပါဝင်သော သတ္တဝါများကို တွားသွားသတ္တဝါများ “Reptiles” ဟုခေါ်ပါတယ်။ တွားသွားသတ္တဝါများသည် ကမ္ဘာ့ကုန်းမြေပေါ်တွင် လုံးလုံးလျားလျား အောင်မြင်စွာ နေထိုင်ကျက်စားနိုင်သော ပထမဦးဆုံး ကျောရိုးရှိသတ္တဝါများ ဖြစ်ကြပါတယ်။

တွားသွားသတ္တဝါမျိုးပေါင်းတွင် မိကျောင်း (Crocodile and Alligator) ၊ လိပ် (Turtle and Tortoise)၊ ပုတ်သင်မျိုးနွယ်များနှင့် မြွေ (Lizard and Snake) ၊ ပုတ်သင်နှင့်တူသောတွားသွားသတ္တဝါ (Tuatara) ဟူ၍ မျိုးစဉ် (၄) မျိုးရှိပါတယ်။

တွားသွားသတ္တဝါများကို ဒဏ္ဍာရီ၊ ပုံဝတ္တုများနှင့် ရုပ်ရှင်ဇာတ်လမ်းများတွင် ကြောက်စရာကောင်းစေရန်နှင့် သဘာဝလွန်စွမ်းအင်များကို ပိုင်ဆိုင်ထားကြသည်ဟု ပုံဖော်ရေးသား ရိုက်ကူးကြသဖြင့် လူအများသည် တွားသွားသတ္တဝါများကို ရွံ့ရှာမုန်းတီးကြောက်ရွံ့နေကြပါတယ်။

တွားသွားသတ္တဝါများသည် သဘာဝဂေဟဗေဒစနစ်တွင် ကျရာအခန်းကဏ္ဍမှ လူသားတို့အသက်ရှင်နေထိုင်နိုင်ရေးအတွက် အထောက်အကူပြုနေကြသူများ (Life Support System) ဖြစ်သဖြင့် တွားသွားသတ္တဝါ ထိန်းသိမ်းရေးအသိပညာမြှင့်တင်ရေးနေ့တွင် ထိန်းသိမ်းရေးအသိအမြင်များ တိုးပွားစေရန် ရည်ရွယ်၍ တိုက်တွန်းရေးသားနှိုးဆော်လိုက်ပါတယ်။



ရွှေဝါရောင်ကြက်တူရွေး (Sun Conure)မြန်မာအမည်-ရွှေဝါရောင်ကြက်တူရွေးအင်္ဂလိပ်အမည်-Sun Conureသိပ္ပံအမည်-Aratinga solstitial...
18/10/2023

ရွှေဝါရောင်ကြက်တူရွေး (Sun Conure)

မြန်မာအမည်-ရွှေဝါရောင်ကြက်တူရွေး
အင်္ဂလိပ်အမည်-Sun Conure
သိပ္ပံအမည်-Aratinga solstitialis

သက်ရှိပေါင်းများစွာသည် ကမ္ဘာမြေကြီး၏ ရေ ၊ လေ နှင့် မြေတို့တွင် အသီးသီး ရှင်သန်ကျက်စားနေလျက် ရှိကြပါတယ်။ ကမ္ဘာမြေကြီးအထက် ကောင်းကင်ယံတွင် ပျံဝဲ ရှင်သန်လျက်ရှိသည့် ငှက်မျိုးစိတ်ပေါင်း ၁၁,၀၀၀ ခန့်ထဲမှ ချစ်စဖွယ်ကောင်းသည့် ငှက်မျိုးစိတ်တစ်မျိုးမှာ ရွှေဝါရောင်ကြက်တူရွေးများ ဖြစ်ကြပါတယ်။
ရွှေဝါရောင်ကြက်တူရွေးများသည် ကြက်တူရွေးမျိုးစိတ်ဝင် တစ်မျိုးဖြစ်ပြီး တောင်အမေရိကတိုက်တွင် အဓိကရှင်သန်ကျက်စားကြပါတယ်။၎င်းတို့၏ ခန္ဓာကိုယ်အတိုင်းအတာသည် နှုတ်သီးဖျားမှ အမြီးထိပ်ဖျားပိုင်းအထိ အရှည် ၁၂လက်မခန့်ရှိပါတယ်။ ရွှေဝါရောင်ကြက်တူရွေးများတွင် အထီးနှင့် အမတို့မှာ အရွယ်အစား တူတူပင်ဖြစ်ကြပါတယ်။ သို့သော် တစ်ခါတစ်ရံတွင် ရွှေဝါရောင်ကြက်တူရွေးအထီးများမှာ အမများထက် အရောင်အသွေး ပိုမိုတောက်ပနေသည်ကို တွေ့ရှိရပါတယ်။ ၁၀၀ ဂရမ် မှ ၁၅၀ ဂရမ် အထိသာ လေးလံကြပြီး အရွယ်အစား သေးငယ်ပါတယ်။
ခန္ဓာကိုယ်အရောင်အသွေးစုံလင်သော ငှက်မျိုးစိတ်ဖြစ်သည့် ရွှေဝါရောင်ကြက်တူရွေးများ၏ ထူးခြားချက်တစ်ခုမှာ ၎င်းတို့၏ နိုင်ငံခြားအမည်နှင့် ခန္ဓာကိုယ်အရောင်အဆင်းတို့ကို ပနံသင့်စွာ အမည်ပေးထားခြင်းကြောင့် ဖြစ်ပါတယ်။ ၎င်းတို့၏ နိုင်ငံခြားအမည်မှာ “Sun Conure" ဖြစ်ပြီး ဤကဲ့သို့ ခေါ်ဆိုရခြင်းမှာ ၎င်းတို့ခန္ဓာကိုယ်၏ အရောင်အသွေးမှာ အဝါရောင်နှင့် လိမ္မော်ရောင် တောက်တောက်အမွေးများရှိပြီး နေထွက်ချိန်ရှုခင်းနှင့် အလားတူစွာ မြင်တွေ့ရခြင်းကြောင့် ဖြစ်ပါတယ်။
ရွှေဝါရောင်ကြက်တူရွေးများသည် ထိန်းသိမ်းစောင့်ရှောက်ထားသည့် နေရာများတွင် သက်တမ်း ၁၅ နှစ်မှ နှစ် ၃၀ အထိသာ နေထိုင်နိုင်ကြပါတယ်။ သဘာဝတောတွင်းထဲတွင် နေထိုင်ရှင်သန်နိုင်သည့် သက်တမ်းကာလကို မှတ်တမ်းတင်နိုင်ခြင်းမရှိသေးပါ။ ၎င်းတို့သည် အသီးများ၊နေကြာစေ့ နှင့် မြေပဲတို့ကို စားသုံးရသည်ကို နှစ်သက်ကြပါတယ်။
အသက် (၂) နှစ်ခန့်တွင် စတင်မိတ်လိုက်မျိုးပွားနိုင်သည့် အရွယ်သို့ ရောက်ကြပြီး တစ်သက်မှာ တစ်ယောက်သာလျှင် လက်တွဲဖော်အဖြစ်ထားသည့် တစ်လင်တစ်မယားစနစ်ကို ကျင့်သုံးကြသည့် ငှက်မျိုးစိတ်များလည်းဖြစ်ကြပါတယ်။
လိုက်လျောညီထွေစွာနှင့် ဖော်ရွေစွာနေထိုင်တတ်သည့် သဘာဝကြောင့် ရွှေဝါရောင် ကြက်တူရွေးများကို လူသားများက အိမ်မွေးငှက်များအနေဖြင့် မွေးမြူကြပြီး ၎င်းတို့၏ သွက်လက်သည့် စရိုက်လက္ခဏာနှင့် စူးစမ်းတတ်သည့် သဘာဝကြောင့် ကျွန်ုပ်တို့လူသားများက တွယ်တာယုယစွာ မွေးမြူချင်သည့် စိတ်ကို ပိုမိုတိုးပွားလာစေပါတယ်။
ထိုကဲ့သို့ ချစ်စဖွယ်အတိဖြစ်သည့် ငှက်ကလေးများသည် ငှက်ရောင်းဝယ်ရေးတွင် နာမည်ကြီးထင်ရှားသည့် မျိုးစိတ်တစ်မျိုး ဖြစ်သည့်အလျောက် ၎င်းတို့ကို နိုင်ငံရပ်ခြားသို့ တင်ပို့ရောင်းချခြင်းများ မြင့်တက်လျက်ရှိကြပါတယ်။
အရောင်အသွေးစုံလင်စွာ လှပပြီး ချစ်စဖွယ်ကောင်းသည့် ငှက်မျိုးစိတ်တစ်မျိုးပျောက်ကွယ်မသွား‌ရေး ထိန်းသိမ်းစောင့်ရှောက်ရမည်မှာ ကျွန်ုပ်တို့လူသားများ၏ တာဝန်တစ်ရပ်လည်း ဖြစ်ပါတယ်။
အရောင်အသွေးစုံလင်စွာလှပပြီး ချစ်စဖွယ်ကောင်းတဲ့ ရွှေဝါရောင်ကြက်တူရွေးလေးတွေရှိသလို အခြားလှပဆန်းပြားတဲ့ ငှက်မျိုးစိတ်များနှင့် ရှားပါးထူးဆန်းတဲ့ တောရိုင်းတိရစ္ဆာန်များကို ထိန်းသိမ်းစောင့်ရှောက်ထားတာမို့ တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) ကို လာရောက်လေ့လာ အပန်းဖြေလည်ပတ်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။


“ပြည်သူ့အချစ်တော် မိုမိုရဲ့ Weekly Medical Care”အသက် ၇ နှစ် ဆင်ကလေးအရွယ် ကတည်းက တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) သို့ ရောက်လာခဲ...
10/10/2023

“ပြည်သူ့အချစ်တော် မိုမိုရဲ့ Weekly Medical Care”

အသက် ၇ နှစ် ဆင်ကလေးအရွယ် ကတည်းက တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) သို့ ရောက်လာခဲ့တဲ့ ဆင်မကြီးမိုမိုဟာ ယခုနှစ်တွင် အသက် ၇၀ ပြည့်တော့မှာပဲ ဖြစ်ပါတယ်။ အသက်အရွယ်အိုမင်းလာတဲ့ ဆင်မကြီးမိုမိုအတွက် လိုအပ်သော ဆေးဝါးများ တိုက်ကျွေးထိုးနှံခြင်း၊ ခြေသည်းများ ညှပ်ပေးခြင်းနှင့် အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ကျန်းမာရေးစောင့်ရှောက်ပေးမှုများကို ပြုလုပ်ပေးလျက် ရှိပါတယ်။



04/10/2023

အပြည်ပြည်ဆိုင်ရာတိရစ္ဆာန်ထိန်းများနေ့ (International Zookeeper Day )

🦁 တိရစ္ဆာန်များ၏ ကောင်းကျိုးချမ်းသာကို ဖော်ဆောင်ပေးနေသူများကို တိရစ္ဆာန်ထိန်းများ ဟုခေါ်ဆိုပါတယ်။

🐻 တိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်သူများသည် တိရစ္ဆာန်များကို အဓိကတာဝန်ယူစောင့်ရှောက်ပေးနေသူများဖြစ်ပြီး တိရစ္ဆာန်များ၏ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာစေရန်အတွက်သာမက တိရစ္ဆာန်ဥယျာဉ်များ၏ ရည်ရွယ်ချက်များဖြစ်သည့် တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေးလုပ်ငန်း၊ ပညာပေးလုပ်ငန်းများနှင့် သုတေသနလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်စေရန် အဓိက အထောက်အကူပြုပေးနေသူများလည်း ဖြစ်ကြပါတယ်

🐯 တိရစ္ဆာန်ထိန်းများ၏ ဝါသနာ၊ အနစ်နာ၊ လုပ်ငန်းကျွမ်းကျင်မှုတို့ဟာတိရစ္ဆာန်ဥယျာဉ်များ၏ရည်ရွယ်ချက်များကို အကောင်အထည်ဖော်ရေးနှင့် ဇီဝမျိုးစုံ မျိုးကွဲ ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်‌ရေးတွင် ရှေ့တန်းမှ တာဝန်ယူဆောင်ရွက်ပေးနေရသောသူများ ဖြစ်ကြပါတယ်၊

🐘ကမ္ဘာပေါ်ရှိ တိရစ္ဆာန်ဥယျာဉ်များတွင် တိရစ္ဆာန်များ၏ ကောင်းကျိုးချမ်းသာကို အကောင်အထည်ဖော် ဆောင်ရွက်ပေးနေသော တိရစ္ဆာန်ထိန်း (Zoo Keepers) များကို ဂုဏ်ပြုသောအားဖြင့် နှစ်စဉ် အောက်တိုဘာလ (၄) ရက်နေ့ကို အပြည်ပြည်ဆိုင်ရာတိရစ္ဆာန်ထိန်းများ နေ့အဖြစ် သတ်မှတ်ထားပြီး တိရစ္ဆာန်ထိန်းများ၏ ကြိုးစားအားထုတ်မှုအားလုံးကို အသိအမှတ်ပြုတဲ့ နေ့တစ်နေ့လည်း ဖြစ်ပါတယ်။


🪶 ကမ္ဘာ့ကက်ဆိုဝါရီငှက်များနေ့ (World Cassowary Day) 🪶🪶 ကက်ဆိုဝါရီ (Cassowary) ဆိုတာအရွယ်အစားကြီးမားပြီး အရောင်အသွေးတောက်...
26/09/2023

🪶 ကမ္ဘာ့ကက်ဆိုဝါရီငှက်များနေ့ (World Cassowary Day) 🪶

🪶 ကက်ဆိုဝါရီ (Cassowary) ဆိုတာအရွယ်အစားကြီးမားပြီး အရောင်အသွေးတောက်ပကာ ဒိုင်နိုဆောခြေထောက်ကဲ့သို့ သန်မာလှသည့် ခြေထောက်များရှိပြီး မပျံသန်းနိုင်တဲ့ ငှက်ကြီးမျိုးဖြစ်ပါတယ်၊

🪶 ခန္ဓာကိုယ်မှာ တောက်ပသော အနက်ရောင်အမွေးများရှိပြီး ဦးခေါင်းတွင် ကြီးမားသည့် အမောက်ပါရှိပါတယ်၊ လည်ပင်းသည် ခရမ်းရောင် (သို့) အပြာရောင်ရှိပြီး ရှည်လျား၍ တွဲလောင်းကျနေသော အနီရောင်အရေပြားချပ် (Red wattles) ပါရှိပါတယ်၊ ခြေထောက်တွင် ခြေချောင်း (၃) ချောင်းသာပါရှိပြီး ခြေချောင်းများတွင် ရှည်လျားသော ခြေသည်းချွန်များပါရှိပါတယ်၊

🪶 အမများက ဥ ဥ၊ အထီးတွေကဥဝပ်ပြီး ၊ ဥဝပ်ချိန်မှစ၍ သားပေါက်များအရွယ်ရောက်ပြီး အစာရှာဖွေနိုင်သည်အထိ အထီးများကသာ ကျွေးမွေးပြုစုစောင့်ရှောက်လေ့ ရှိကြပါတယ်၊

🪶 ကက်ဆိုဝါရီငှက်များဟာ အကြောင်းအရင်းမရှိဘဲ အန္တရာယ်ပြုတိုက်ခိုက်လေ့မရှိသော်လည်း ယင်းတို့၏ ကလေးငယ်များနှင့် အစာစားနေချိန်တွင် တစ်စုံတစ်ယောက်မှ အန္တရာယ်ပြုနိုင်သည်ဟု ထင်မြင် ယူဆလျှင် ကလေးများကို ကာကွယ်ရန် ယင်းတို့၏ သန်မာသည့်ခြေထောက်ကို အသုံးပြု၍ လူကို သေစေနိုင်သည့်အထိ တိုက်ခိုက်တတ်ပါတယ်၊

🪶 ကက်ဆိုဝါရီငှက်များဟာ မိုးသစ်တောများတွင် ပေါက်ရောက်သည့် အပင်မျိုးစိတ်ပေါင်း (၂၄၀) ကျော်အား စားသုံးပြီး‌ ဝေးလံသည့် နေရာများတွင် အစေ့များ စွန့်ထုတ်ခြင်းဖြင့် အပင်သစ်များကို ပေါက်ရောက်စေသဖြင့် ကက်ဆိုဝါရီငှက်များသည် မိုးသစ်တောများအတွက် သဘာဝဥယျာဉ်မှူးအဖြစ် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ပါသည်။

🪶 ကက်ဆိုဝါရီငှက်များကို ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ IUCN Red List တွင် VU-Vulnerable “မျိုးသုဉ်းရန် အန္တရာယ်ကျရောက်နိုင်သောမျိုးစိတ်” အဖြစ် သတ်မှတ်ထားပါတယ်။


22/09/2023

🦏 ကမ္ဘာ့ကြံ့ထိန်းသိမ်းရေးနေ့ 🦏 (World Rhino Day)

🦏 ကြံ့များဟာ ကမ္ဘာပေါ်ရှိ ကုန်းနေနို့တိုက်သတ္တဝါများအနက် ဆင်ပြီးလျှင် ဒုတိယခန္ဓာကိုယ်အကြီးမားဆုံးသတ္တဝါများဖြစ်ကြပြီး ကမ္ဘာပေါ်တွင် ကြံ့မျိုးစိတ်ပေါင်း (၅) မျိုး ရှင်သန်ကျက်စား နေထိုင်ကြပါတယ်၊

🦏 ကြီးမားသောနို့တိုက်သတ္တဝါများဖြစ်ကြသည့်အတွက် ကြံ့များကို အန္တရာယ်ပြု ခြိမ်းခြောက်နိုင်သည့် လူသားများမှလွဲ၍ သဘာဝတွင် ကြံ့များကို သတ်ဖြတ်နိုင်သည့် သားရဲများမရှိကြပါ၊

🦏 နေ့စဉ် ကြံ့ကောင်ရေ (၃) ကောင်ခန့်သည် ဦးချိုအတွက် အမဲလိုက်ခြင်းကို ခံနေရပြီး မုဆိုးအများစုသည် သတ္တဝါများ၏ နာကျင်ကိုက်ခဲမှုကို မြင်နိုင်ရန် လောဘမျက်လုံးကွယ်နေသောကြောင့် ခေတ်မီဆန်းသစ်သော လက်နက်များကို ကိုင်ဆောင်၍ မေ့ဆေးသေနတ်များကို အသုံးပြုကာ ကြံ့များကို လူမဆန်စွာ သတ်ဖြတ်ပြီး ၎င်းတို့၏ဦးချိုများကို ဖြတ်ယူနေကြပါတယ်၊

🦏 ကြံ့ချိုကို အရိုးလို့ ယူဆကြသော်လည်း အရိုးမဟုတ်ပါ၊ လက်သည်း၊ ခြေသည်းများနှင့် ဆံပင် ကဲ့သို့သော အမွေးအမျှင်များတွင်ပါဝင်သည့် ပရိုတိန်းတစ်မျိုး (keratin) ဖြစ်ပြီး အာရှတိုင်းရင်းဆေးပညာတွင် ကြံ့ချိုကို သိပ္ပံနည်းကျပံ့ပိုးကူညီမှု ရယူခြင်းမရှိဘဲ ဆေးဘက်ဆိုင်ရာ အစွမ်းသတ္တိရှိသည်ဟု ထင်မြင်ယူဆကြသည့်အတွက် ကြံ့ဦးချို(ဂျို)နှင့် သွေးကို ရလိုမှုကြောင့် တရားမဝင် အလွန်အကျွံ့အမဲလိုက်ခြင်းကို ခံနေကြရပါတယ်၊

🦏 တောင်အာဖရိကတွင် (၂၀၀၈) ခုနှစ်မှ (၂၀၁၇) ခုနှစ်အတွင်း ကြံ့ကောင်ရေ (၇,၀၀၀) ကျော် သတ်ဖြတ်ခံခဲ့ရပြီး ကမ္ဘာ့ကြံ့ကောင်ရေ၏ (၇၀) ရာခိုင်နှုန်း ကျော် တရားမဝင် အမဲလိုက်သတ်ဖြတ်ခြင်းကို ခံခဲ့ရပါတယ်၊(၂၀၁၁) ခုနှစ်တွင် အလွန်အကျွံ့ အမဲလိုက်သတ်ဖြတ်မှုများကြောင့် အာဖရိက ကြံ့နက် (African black rhino) မျိုးစိတ်များ မျိုးသုဉ်းပျောက်ကွယ်သွားခဲ့ပြီဖြစ်ကြောင်း ကြေညာခဲ့ရပါတယ်၊

🦏 ယခုအခါ ကမ္ဘာတစ်ဝှမ်းလုံးရှိ ကြံ့မျိုးစိတ်များမှာ ခြိမ်းခြောက်ခံနေရပြီး မျိုးသုဉ်းလုနီးပါးအန္တရာယ်နှင့် ရင်ဆိုင်ကြုံတွေ့နေကြရပါတယ်။ ကြံ့ဖြူများကို တောင်အာဖရိကမှ ဘော့ဆွာနာသို့ အောင်မြင်စွာ ပြောင်းရွှေ့နိုင်ခဲ့သည့် (၁၉၉၇) ခုနှစ် စက်တင်ဘာလ (၂၂) ရက်နေ့ကို ဂုဏ်ပြု၍ ၎င်းနေ့အား ကမ္ဘာ့ကြံ့များနေ့ (World Rhind Day) အဖြစ် သတ်မှတ်ပြီး ကြံ့ထိန်းသိမ်းရေးအသိပညာများ တိုးပွားလာစေရန်ရည်ရွယ်၍ ကမ္ဘာနှင့်အဝှမ်း ကျင်းပပြုလုပ်ကြပါတယ်။


🌎 ကမ္ဘာ့သန့်ရှင်းရေးနေ့ “World Cleanup Day” 🫧🌎 နှစ်စဉ် စက်တင်ဘာလရဲ့ တတိယမြောက် 🗓️ စနေနေ့ဟာ ကမ္ဘာ့သန့်ရှင်းရေးနေ့ “World ...
16/09/2023

🌎 ကမ္ဘာ့သန့်ရှင်းရေးနေ့ “World Cleanup Day” 🫧

🌎 နှစ်စဉ် စက်တင်ဘာလရဲ့ တတိယမြောက် 🗓️ စနေနေ့ဟာ ကမ္ဘာ့သန့်ရှင်းရေးနေ့ “World Cleanup Day” ဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းလုံးတွင် 🧹 စုပေါင်းအမှိုက်ကောက်ခြင်း၊ အမှိုက်အမျိုးအစားများ ခွဲခြားစွန့်ပစ်ခြင်း စတဲ့ သန့်ရှင်းရေးလှုပ်ရှားမှုတွေကို စည်စည်ကားကား ပြုလုပ်ကြပါတယ်၊

🌎 ရပ်ကွက်၊ မြို့ရွာများတင်မကပင်လယ်ကမ်းခြေ၊ မြစ်ချောင်း၊ တောတောင်များအထိ အမှိုက်များရှင်းလင်းပြီး သန့်ရှင်းစေရန်နှင့် ကမ္ဘာမြေသန့်ရှင်းရေးဟာ လူသားများအတွက်အလွန်အရေးကြီးကြောင်း အချင်းချင်းအသိပညာမျှ‌ဝေကြဖို့လိုအပ်ပါတယ်၊

🌎 ကမ္ဘာမြေကြီး သန့်ရှင်းကျန်းမာစေဖို့ ကမ္ဘာ့သန့်ရှင်းရေးနေ့မှာ မိမိကိုယ်တိုင်ကစပြီး ပတ်ဝန်းကျင်သန့်ရှင်းရေးကို အလေးထား ပါဝင်ဆောင်ရွက်ကြဖို့ တိုက်တွန်းလိုက်ပါတယ်၊🤗


🦅 ဌက်ကလေးတွေနဲ့ဓါတ်ဖမ်းမယ် 📸🦁🐯တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) ကိုရောက်ရင်🦅🕊️ဌက်ကလေးတွေနဲ့ 📸 ဓါတ်ပုံလှလှလေး တွေရိုက်လို့ရပါတယ်၊...
14/09/2023

🦅 ဌက်ကလေးတွေနဲ့ဓါတ်ဖမ်းမယ် 📸

🦁🐯တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) ကိုရောက်ရင်🦅🕊️ဌက်ကလေးတွေနဲ့ 📸 ဓါတ်ပုံလှလှလေး တွေရိုက်လို့ရပါတယ်၊🤗

အရမ်းလိမ္မာပြီး ချစ်စရာကောင်းတဲ့ ဌက်ကလေးများနဲ့ အတူတူဓါတ်ဖမ်းနိုင်တဲ့အပြင် ထူးခြားပြီးရှားပါးတဲ့ 🦜🐦 ကျေးဌက်များ 🐯🦓🐻 တိရစ္ဆာန်များကို အများပြည်သူကြည့်ရှုလေ့လာနိုင်စေရန် ပြသထားရှိတာမို့ လာရောက် လေ့လာ အပန်းဖြေ အနားယူကြဖို့အတွက် ဖိတ်ခေါ်လိုက်ပါတယ်။ 🤗


08/09/2023

🐯ကျားတွေရဲ့သဘာဝ 🐅

🐯တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)က ကျားမလေး ဂျူလီယာပြောပြတဲ့ 🐅 ကျားတွေရဲ့သဘာဝကို အတူတူ လေ့လာကြည့်ရအောင်။



🪶 အပြည်ပြည်ဆိုင်ရာ လင်းတထိန်းသိမ်းရေး အသိပညာမြှင့်တင်ရေးနေ့ 🪶(International Vulture Awareness Day)🪶 ကမ္ဘာပေါ်တွင် ကမ္ဘာဟ...
02/09/2023

🪶 အပြည်ပြည်ဆိုင်ရာ လင်းတထိန်းသိမ်းရေး အသိပညာမြှင့်တင်ရေးနေ့ 🪶
(International Vulture Awareness Day)

🪶 ကမ္ဘာပေါ်တွင် ကမ္ဘာဟောင်းလင်းတနှင့် ကမ္ဘာသစ်လင်းတဟူ၍ နှစ်မျိုးခွဲခြားထားပြီး စုစုပေါင်း လင်းတမျိုးစိတ် (၂၃) မျိုးရှင်သန်ပေါက်ဖွားနေထိုင်ပါတယ်၊မြန်မာနိုင်ငံမှာတွေ့ရသော လင်းတ(၆)မျိုးမှာ လင်းတနှုတ်သီးရှည်၊ လင်းတကျောဖြူ၊ လင်းတခေါင်းနီ၊ ဟိမဝန္တာလင်းတ၊ လင်းတဖြူနှင့် လင်းတမဲတို့ဖြစ်ပါတယ်၊

🪶 မြန်မာနိုင်ငံမှာ လင်းတများကို ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်၊ ရှမ်း ပြည်နယ်တို့တွင် တွေ့ရှိရသော်လည်း အကောင်ရေ တဖြည်းဖြည်းလျော့နည်းကျဆင်းလာပြီး ၊ယခုအခါ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းတို့တွင်သာ တွေ့ရှိရပါတော့တယ်၊

🪶 လင်းတများဟာ ပတ်ဝန်းကျင်ရှိ အသေကောင်များနှင့် အခြားသော အော်ဂဲနစ်စွန့်ပစ်ပစ္စည်းများကို ရှင်းလင်းခြင်းဖြင့် အရေးကြီးသော ဂေဟစနစ်ဝန်ဆောင်မှုများကို ပေးနေသည့် ငှက်များလည်းဖြစ်ကြပါတယ်၊ သဘာဝတရားကြီးကိုလည်း အခမဲ့သန့်ရှင်းရေးပြုလုပ်ပေးနေသူများ 'Nature's Clean-Up Crew' ဟု တင်စားခေါ်ဝေါ်လေ့ရှိကြပါတယ်၊

🪶 လူသားတို့အတွက် ရောဂါဖြစ်လာနိုင်သော အသေကောင်ပုပ်များကို စားသုံးပေးခြင်းဖြင့် ခွေးရူးရောဂါနှင့် တီဘီရောဂါကဲ့သို့သောရောဂါများပျံ့ပွားမှုကို ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် လူသားများကို များစွာကူညီပေးနေသောငှက်များ ဖြစ်ကြပါတယ်၊

🪶 လင်းတများဟာ နေထိုင်ရာနေရင်းဒေသ သဘာဝပတ်ဝန်းကျင်ပြောင်းလဲလာခြင်း၊ လူအများ အခြေချနေထိုင်လာခြင်းနှင့် နေရင်း ဒေသများ ပျက်စီးဆုံးရှုံးလာခြင်း၊ ဓာတုဆေးဝါးများအသုံးပြုသည့်အတွက် အဆိပ်သင့်သေဆုံး နေသော အသေကောင်များကို စားသုံးမိခြင်း၊ အစားအစာရရှိရန် ခက်ခဲလာခြင်းတို့ကြောင့် လင်းတမျိုးစိတ် (၂၃) မျိုးအနက် ထက်ဝက်ကျော်သည် ခြိမ်းခြောက်မှုအမျိုးမျိုးနှင့် ရင်ဆိုင်နေကြရပြီး အချို့သောမျိုးစိတ်များမှာ မျိုးသုဉ်းလုနီးပါးအန္တရာယ်နှင့် ရင်ဆိုင်ကြုံတွေ့နေရသော အခြေအနေသို့ ရောက်ရှိနေပါတယ်၊

🪶 သဘာဝဂေဟစနစ် ထိန်းသိမ်းရေးတွင် အရေးပါသောအခန်းကဏ္ဍမှပါဝင်ပြီး သဘာဝပတ်ဝန်းကျင်ကို အခမဲ့သန့်ရှင်းရေးပြုလုပ်ပေးနေသည့်အပြင် ကူးစက်ရောဂါများကို မပြန့်ပွားစေရန် ထိန်းချုပ်ပေးနေသည့် လင်းတငှက်များ မျိုးသုဉ်းပျောက်ကွယ်မသွားစေရေး ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ရန်လိုအပ်ပါတယ်။


🐢 လိပ်မောင်း (ရခိုင်) 🐢 Asian Giant Tortoise 🐢 အာရှတိုက်ရဲ့အကြီးဆုံး ကုန်းလိပ်အမျိုးအစားဖြစ်ပြီး ကျောခွံမှာ ဘဲဥပုံရှိပြီ...
25/08/2023

🐢 လိပ်မောင်း (ရခိုင်) 🐢
Asian Giant Tortoise

🐢 အာရှတိုက်ရဲ့အကြီးဆုံး ကုန်းလိပ်အမျိုးအစားဖြစ်ပြီး ကျောခွံမှာ ဘဲဥပုံရှိပြီး ခုံး‌နေပါတယ်၊ အညိုရောင် ဒါမှမဟုတ် အနက်ရောင် ကျောခွံရှိပြီး အရှေ့ဆုံးအပိုင်းနဲ့ နောက်ပိုင်းအနားများဟာ ချွန်ပြီးကော့နေပါတယ်၊

🐢 ရင်ဘတ်အပိုင်းမှာတော့ အဝါ‌ရောင် ဒါမှမဟုတ် အညိုရောင်ရှိတတ်ပြီး ဘေးနားပတ်လည်မှာအနက်စင်းကွက်များ ပါရှိပါတယ်၊
ခြေထောက်ပေါ်မှာ ကြီးမားချွန်ထက်တဲ့ ဆူးချွန်ရှည်တစ်ချောင်းစီပါရှိတာကြောင့် ခြေခြောက်ချောင်းလိပ်လို့လည်း ခေါ်ကြပါတယ်၊

🐢 အပူပိုင်းအမြဲစိမ်းတောဝါးတောများမှာ နေထိုင်ကြပြီး အသီးအရွက်ကို စားသောက်ကာ သက်တမ်း နှစ် ၁၅၀ လောက်အထိ အသက်ရှည်ကြပါတယ်၊

တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) မှာလည်းထူးခြားပြီးရှားပါးတဲ့ 🦜🐦 ကျေးဌက်များ 🐯🦓🐻 တိရစ္ဆာန်များကို အများပြည်သူကြည့်ရှုလေ့လာနိုင်စေရန် ပြသထားရှိတာမို့ လာရောက် လေ့လာ အပန်းဖြေ အနားယူကြဖို့အတွက် ဖိတ်ခေါ်လိုက်ပါတယ်။ 🤗


🦁🐯🐻 Feeding Program 🥩🍉🍌တိချစ်သူများအ‌နေနဲ့ မိမိတို့ရဲ့ 🎂မွေးနေ့မှာဖြစ်ဖြစ် ၊ 🥳အထိမ်းအမှတ်နေ့တွေမှာပဲဖြစ်ဖြစ်၊🐵 တိလေးတွေက...
18/08/2023

🦁🐯🐻 Feeding Program 🥩🍉🍌

တိချစ်သူများအ‌နေနဲ့ မိမိတို့ရဲ့ 🎂မွေးနေ့မှာဖြစ်ဖြစ် ၊ 🥳အထိမ်းအမှတ်နေ့တွေမှာပဲဖြစ်ဖြစ်၊🐵 တိလေးတွေကို 🥩🥬 အစာအာဟာရ ကျွေးမွေးလှူဒါန်းချင်တယ်ဆိုရင် တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)မှ စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါတယ်။🤗

🥩 အသားစား၊ 🍉 🥬အသီးအရွက်စား၊ တိရစ္ဆာန်လေးများအတွက် လှူဒါန်းနိုင်သလို၊မိမိနှစ်သက်ရာပမာဏကို လှူဒါန်းနိုင်အောင်လည်း စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါတယ်။🤗

👪ကိုယ်တိုင်လာရောက်မလှူဒါန်းနိုင်သူများအတွက်လည်း၊တိရစ္ဆာန်ဥယျာဉ်ဝန်ထမ်းများမှကိုယ်စားကျွေးမွေးပေးနေပါတယ်၊

မိမိတို့ရဲ့ ကုမ္ပဏီ၊ အသင်းအဖွဲ့၊ မွေးနေ့🥳အထိမ်းအမှတ်၊ နေ့ထူးနေ့မြတ်များမှာ 🐘🐯🦁🫎တိရစ္ဆာန်လေးများအတွက် အာဟာရဒါနပြုချင်သူများအနေဖြင့် ဖုန်းမှဖြစ်စေ၊ Page Chat Box မှဖြစ်စေ မေးမြန်းစုံစမ်း လှူဒါန်းနိုင်ပါတယ်၊🤗

For more information:
📞 09262499324, 09682011170
📩 Chat Box


Address

Yangon Zoological Garden Road
Yangon
11222

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 18:00
Saturday 08:00 - 18:00
Sunday 08:00 - 18:00

Telephone

+959262499324

Alerts

Be the first to know and let us send you an email when Yangon Zoo posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Yangon Zoo:

Videos

Share

Category

Yangon Zoo

In 1901, Yangon Zoological Gardens was founded by the funded money of 240,000Kyats of public and was developed at the present location after clearing 61 acres of virgin soil. In 25th January 1906, it was formally opened and named as Victoria Memorial Park and Zoological Gardens in honor of Queen Victoria. Aside from the zoo, there is two remarkable museums was located inside the zoo. Natural Museum, was opened on 1st May 1966 and Elephant Museum, was opened in 3rd March 2019.

Fauna

-(45) species of Mammals

-(72) species of Aves


Other Zoos in Yangon

Show All