Dr.72 - Animal Health

Dr.72 - Animal Health ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Dr.72 - Animal Health, สัตวแพทย์, 50, Ngamwongwam Road, Bangkok.

07/02/2025

ခွေးကြောင်လေးတွေဘာလို့နေပူဆာလှုံရတာကြိုက်တာလဲ?

07/02/2025
ခွေးရူးရောဂါနှင့်အိမ်မွေးတိရစ္ဆာန်(Rabies and pet animals)ခွေးရူးရောဂါဟာဆိုရင် အဏုဇီဝအုပ်စုဝင် ဗိုင်းရဲ့စ်(virus)ကြောင့်...
07/02/2025

ခွေးရူးရောဂါနှင့်အိမ်မွေးတိရစ္ဆာန်
(Rabies and pet animals)

ခွေးရူးရောဂါဟာဆိုရင် အဏုဇီဝအုပ်စုဝင် ဗိုင်းရဲ့စ်(virus)ကြောင့် ဖြစ်စေသောရောဂါဖြစ်
တယ်။ဒီရောဂါကိုဖြစ်စေတဲ့ဗိုင်းရဲ့စ်ပိုး နာမည်က
တော့Lyssavirusဖြစ်ပါတယ်။ဒီရောဂါကတော့လူအပါအဝင်နို့တိုက်သတ္တဝါအားလုံးကိုကူးစက်
ဖြစ်ပွားစေနိုင်သောရောဂါတစ်ခုဖြစ်ပါတယ်။ခွေးရူးရောဂါသည် ခွေးတစ်မျိုးတည်းမှကူးစက်စေနိုင်
တာမဟုတ်ပဲ ခွေးရူးရောဂါကူးစက်နေသောအ
ခြားတိရစ္ဆာန်များကနေလည်းကူးစက်နိုင်ပါတယ်။

ရောဂါကူးစက်ပျံ့နှံ့ခြင်း(Transmission)

ခွေးရူးရောဂါပိုးသည်သွေးနွေးသတ္တဝါတွေမှာသာ
မကသွေးအေးသတ္တဝါတွေမှာပါအသက်ရှင်နေနိုင်ပါတယ်။ခွေးရူးရောဂါသည်ရောဂါဖြစ်နေတဲ့တိရစ္ဆာန်ကုတ်ခြင်း၊ကိုက်ခြင်းကနေတဆင့်လူနဲ့အခြားတိရစ္ဆာန်တွေကိုကူးစက်စေနိုင်ပါတယ်။ရောဂါ
ဖြစ်နေတဲ့တိရစ္ဆာန်ရဲ့ တံတွေးနှင့်မျက်စိ၊ပါးစပ်၊
နှားခေါင်းတို့ထိတွေ့မိလျှင်လည်း ကူးစက်စေနိုင်
ပါတယ်။ထို့ပြင်ရောဂါဖြစ်နေတဲ့အကောင်ရဲ့
တံတွေးနှင့်အရေးပြားပေါ်ရှိအပေါက်အပြဲ၊ဒဏ်
ရာ၊အနာတွေနဲ့ထိတွေ့မိလျှင်လည်းကူးစက်စေ
နိုင်ပါတယ်။ဒီရောဂါပိုးကိုတော့လင်းနို့တွေကအဓိ
သယ်ဆောင်ပြီး လူနဲ့အခြားတိရစ္ဆာန်တွေကိုကူး
စက်ပျံ့နှံ့စေပါတယ်။

ရောဂါလက္ခဏာများ(Signs and Symptoms)

လူခန္ဓာကိုယ်အတွင်းမှာရောဂါပိုးပျိုးချိန်ဟာဆို
ရင်၁-၃လလောက်ထိကြာမြင့်နိုင်ပေမယ့်တစ်ခါတစ်ရံအတိုဆုံးအနေဖြင့်၄ရက်သာကြာမြင့်ပါတယ်။ရောဂါပြင်းထန်မှု၊အကိုက်ခံရတဲ့နေရာနဲ့ကူးစက်ဝင်ရောက်သွားသောရောဂါပိုးပမာဏပေါ်မူတည်ပြီးရောဂါလက္ခဏာမပြပဲပိုးပျိုးချိန်ဟာ၆နှစ်မကကြာနိုင်ပါတယ်။ရောဂါလက္ခဏာကိုသုံးမျိုးခွဲနိုင်ပါတယ်။

(၁)ကနဦးရောဂါလက္ခဏာ(Initial signs)

ဂနာမငြိမ်ဖြစ်ခြင်း၊ထိတ်လန့်ခြင်း၊မအီမသာဖြစ်ခြင်း၊အစာကိုငန်းခြင်း၊အန်ခြင်း၊အဖျားတက်ခြင်း၊သူငယ်အိမ်များကျယ်ခြင်း၊တခုခုဆိုလျှင်တုန်ပြန်မှုမြန်ခြင်းနှင့်၊တံတွေးနှင့်သွားရည်များအလွန်အမင်းကျခြင်းတို့စဖြစ်တတ်ပါတယ်။

(၂)အကြောသေခြင်းသို့မဟုတ်လေဖြတ်ခြင်း(Dump or Paralytic form)

အစာပြွန်နှင့်လည်ချောင်းတစ်ဝိုက်မှာရှိတဲ့ကြွက်သား၊အထက်မေးရိုးနှင့်အောက်မေးရိုးရှိကြွက်သားတွေလေဖြတ်ခြင်းသို့မဟုတ်အကြောသေခြင်းစတဲ့လက္ခဏာတွေပြပါမယ်။အစာနှင့်ရေမျိုချရခက်တာတွေတွေ့ရပြီးသွားရည်ကျကာအောက်မေးရိုးပိတ်မရတဲ့လက္ခဏာတွေလည်းတွေ့ရပါမယ်။မျက်နှာတစ်ခုလုံးဟာလည်းလေဖြတ်တာတွေဖြစ်မယ်။အကြောသေပြီးဒယိမ်းဒယိုင်လမ်းလျှောက်တာတွေလည်းတွေ့ရတတ်ပါတယ်။နောက်ဆုံးမှာအသက်ရှူရခက်ကာ၂-၆ရက်အတွင်းသေတာကိုတွေ့ရပါတယ်။

(၃)ပြင်းထန်အဆင့်(Furious form)

ရောဂါဖြစ်နေတဲ့အကောင်ဟာ ဂနာမငြိမ်ဖြစ်ပြီး
လျှောက်သွားနေတာတွေ့ရပါမယ်။ခဏခဏအူနေတာကိုလည်းတွေ့ရတတ်ပါတယ်။အသက်ရှူနှုန်းဟာဆိုရင်လည်းသာမန်ထက်ပိုမြန်နေတတ်ပါတယ်။သွားရည်တများများနဲ့လူ၊အခြားတိရစ္ဆာန်
နှင့်သက်မဲ့ပစ္စည်းတွေကို ရန်မူနေတတ်ပါတယ်။
ရောဂါကူးစက်ခံနေရတဲ့ အကောင်ဟာဆိုရင်သာ
မန်စားနေကျမဟုတ်တဲ့ ပစ္စည်းတွေကိုကောက်
စားတာမျိုးလည်းတွေ့ရပါတယ်။ကိုက်နေတာမျိုးလည်းတွေ့ရတတ်ပါတယ်။ခွေးကောင်းများသည်ခွေးရူးနောက်သို့ လိုက်ဟောင်ခြင်းလည်းတွေ့ရ
တတ်သည်။ရူးနေအကောင်ဟာဆိုရင် အမြှုပ်တ
စီစီနဲ့သွားရည်များကလည်း အလွန်အမင်းကျနေ
တာတွေ့ရပါမယ်။ဒီအဆင့်မှာတော့ ရောဂါ
လက္ခဏာပြပြီး ၄-၈ရက်အတွင်းသေနိုင်ပါတယ်။

ခွေးရူးရောဂါနှင့်ရေကြောက်ခြင်း(Rabies and hydrophobia)

ရေကြောက်ခြင်း(fear of water)ဟာ
ခွေးရူးရောဂါရဲ့ ရာဇဝင်တွင်နေတဲ့အမည်တစ်ခု
ဖြစ်ပါတယ်။ဘာကြောင့်ရေကြောက်သလဲဆိုတာကိုတော့သိတဲ့လူနည်းပါတယ်။ရူးနေတဲ့ခွေးဟာဆိုရင်သွားရည်တွေအလွန်အမင်းကျပါတယ်။သွားရည်တွေအလွန်အမင်းကျတဲ့အတွက်ကြောင့်မို့ရေဓာတ်ဆုံးရှုံးမှုတွေဖြစ်လာပါတယ်။အာခြောက်တာတွေဖြစ်လာပါတယ်။အဲ့လိုဖြစ်နေတဲ့ခွေးဟာ
ရေဆာတဲ့အတွက်ရေသောက်ချင်လာပါမယ်။ထိုအခါရေကိုသောက်ဖို့ကြိုးစားပါတယ်။ရေမျိုချဖို့ကြိုးစားတဲ့အခါအစာပြွန်နဲ့လည်ချောင်းတစ်
လျှောက်မှာရှိတဲ့ကြွက်သားတွေကအကြောသေနေပြီဖြစ်တဲ့အတွက်ကြောင့်ရေကိုမျိုချရင်အပြင်းအထန်နာကျင်မှုကိုဖြစ်စေပါတယ်။ဒါကြောင့်ခွေးရူးရောဂါဖြစ်နေတဲ့ခွေးဟာရေထိတာနဲ့နာကျင်မှုခံစားရစေတယ်ဆိုပြီးအသိစိတ်မှာမှတ်သားသွားပါတယ်။ဒါကြောင့်ခွေးရူးဟာရေထိတာ၊ရေမြင်တာနဲ့နာကျင်မှုဖြစ်စေပါလားဆိုပြီးရေကြောက်ခြင်းကိုဖြစ်ပေါ်လာစေတာပါ။ပြင်းထန်ခွေးရူးရောဂါ
(furiousform)ခံစားနေရတဲ့၈၀%သော လူနှင့်အခြားတိရစ္ဆာန်တွေမှာဒီလက္ခဏာတွေ့ရပါတယ်။လေဖြတ်နေတဲ့အဆင့်(paralytic form)ခံစားနေရသောလူနဲ့အခြားတိရစ္ဆာန်မှာတော့၂၀%မှာတော့ကြွက်သားအားနည်းခြင်း၊အာရုံခံစားမှုဆုံးရှုံးခြင်း၊လေဖြတ်ခြင်းသာတွေ့ရပြီးရေကြောက်ခြင်းကိုတော့မတွေ့ရပါဘူး။

ရောဂါအမည်သတ်မှတ်ခြင်း(Diagnosis)

ရောဂါလက္ခဏာကိုကြည့်ခြင်းဖြင့် အကြမ်းဖျင်း
ကောက်ချက်ချနိုင်သလို ခွေးရူးရောဂါဖြစ်ဖူး
သောနေရာ၊ဖြစ်နေကျ နေရာဟုတ်မဟုတ်ကိုစစ်
ဆေးခြင်း၊မေးမြန်းခြင်းဖြင့်သိနိုင်ပါတယ်။ဓာတ်ခွဲခန်းတွေမှာလည်းအသေကောင်ရဲ့ဦးနှောက်တစ်ရှူးကိုယူ၍(negri body)ရှိမရှိစစ်ဆေးသိရှိ
နိုင်ပါတယ်။

ရောဂါကုသခြင်းနှင့်ကြိုတင်ကာကွယ်ခြင်း(Treatment and prevention)

ခွေးရူးရောဂါဖြစ်လျှင်ကုသရန် ဆေးမရှိပါ။ခွေးရူး
ကိုက်ခံရလျှင် ကိုက်ခံရတဲ့နေရာကဦးနှောက်နဲ့
နီးမနီးအပေါ်မူတည်ပြီးရောဂါ အပြင်းအပျော့ကွာ
ခြားနိုင်ပါတယ်။ခွေးရူးရောဂါဖြစ်လျှင်အသက်ဆုံးရှုံးနိုင်ပါတယ်။

ခွေးရူးကိုက်ခံရပါက အကိုက်ခံရတဲ့နေရာကို
(၁၅မိနစ်)ခန့်ကြာကြာညစ်ပြီး ဆပ်ပြာသို့မဟုတ်
အရက်ပြန်နှင့်သေချာစွာ ဆေးကြောပါ။ထို့နောက်၂၄နာရီအတွင်းနီးစပ်ရာဆေးရုံ၊ကျန်းမာရေးဌာနများတွင် အရေးပေါ် ကာကွယ်ဆေး(ready made antibody or Emergency rabies immunoglobulin)
ကိုထိုးရပါမယ်။

ခွေးကောင်းကိုက်လျှင်လည်းခွေးရူးရောဂါဖြစ်မှာကြောက်လျှင် ပုံမှန်ကာကွယ်ဆေး(active immunization)ကိုထိုးသင့်ပါတယ်။

မိမိတို့ခွေး၊ကြောင်တွေကိုလည်း ခွေးရူးရော
ဂါကာကွယ်ဆေးကိုအသက်၃လသားအရွယ်မှာ
ပထမအကြိမ် စတင်ထိုးပေးသင့်ပါတယ်။
ဒုတိယအကြိမ်(booster)ကိုတော့ အနည်း
ဆုံး၂ပတ် အများဆုံး၄ပတ်ခြားပြီး ထိုးပေး
သင့်ပါတယ်။ပြီးလျှင်တော့ တစ်နှစ်လျှင်
တစ်ကြိမ်ထိုးပေးသင့်ပါတယ်။

မိမိအိမ်မှာမွေးမြူထားတဲ့ ခွေးကြောင်လေးတွေကို ခွေးရူးရောဂါကာကွယ်ဆေးထိုးပေးတာက သူတို့ကိုကာကွယ်ပေးဖို့အတွက်သာဖြစ်ပါတယ်။မိမိအိမ်မာခွေးကြောင်မွေးမြူထားလျှင် တအိမ်သားလုံးခွေးရူးကာကွယ်ဆေးမဖြစ်မနေထိုးထားသင့်ပါတယ်။

Ref; -wikipaedia(rabies)
-wikivet(rabies in dog)
-5th year veterinary
notebook(Rabies)
#ဒေါက်တာခွန်သူရ
#တိရစ္ဆာန်ဆေးကုဆရာဝန်
.V.Sc

04/02/2025

ခွေးလေးတွေကို လမ်းခေါ်လျှောက်နေတဲ့သူတွေသိသင့်သောအချက်များ

01/02/2025

ခွေးကြောင်လေးတွေကို ပလတ်စတစ်အစာခွက်နဲ့ အစာကျွေးရင်ဘာဖြစ်နိုင်လဲ

31/01/2025

အရေပြား ပြဿနာ ၃နှစ်တာခံစားရတဲ့ ကလေးလေးအခြေနေ။

28/01/2025

ခွေး ကြောင်လေးတွေကို ဝမ်းချူဘောလုံး ရမ်းသုံးသင့်သလား

25/01/2025

ကြောင်လေးတွေက ဘာကြောင့်သူစိမ်းတွေကို မကြိုက်တာလဲ

22/01/2025

ခွေးလေးတွေ အသက်ရှည်စေမယ့် အစားအစာ ၈မျိုး

19/01/2025

ခွေးလေးတွေ သူ့သခင်ကို မိဘလို့သတ်မှတ်တဲ့အခါ ဘယ်လိုပြုမူသလဲ?

16/01/2025

ခွေးလေးတွေလူ‌ တွေကို တောင်းပန်တဲ့အခါဘယ်လိုပြုမူသလဲ?

13/01/2025

ကြောင်လေးတွေက ဘာလို့စိတ်ညစ်ဒဏ်ပိုခံစားရတာလဲ?

10/01/2025

ကြောင် လေးတွေရဲ့ ထူးဆန်းတဲ့အပြုအမူများ

07/01/2025

ခွေးကြောင်လေးတွေကို ခဏခဏရေချိုးပေးသင့်သလား?

03/01/2025

ခွေးလေးများတွင်မွှား ကိုက်ခြင်း ကြောင့် ဖြစ်တတ်သောရောဂါများ

02/01/2025

ခွေးကြောင်လေးတွေပြောင်းပြန်နှာချေခြင်းအကြောင်း

31/12/2024

တိလေးတွေအတွက် လက်‌ ဆောင် စကား

30/12/2024

ခွေးကြောင်လေးတွေကိုယ်ဝန်ရှိမရှိဘယ်လိုသိနိုင်မလဲ?

ที่อยู่

50, Ngamwongwam Road
Bangkok
10900

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Dr.72 - Animal Healthผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Dr.72 - Animal Health:

วิดีโอทั้งหมด

แชร์

ประเภท