Forever Veterinary Surgery-ထာဝရ တိရစ္ဆာန်အထူးကုဆေးခန်း-Since 2011

  • Home
  • Myanmar
  • Yangon
  • Forever Veterinary Surgery-ထာဝရ တိရစ္ဆာန်အထူးကုဆေးခန်း-Since 2011

Forever Veterinary Surgery-ထာဝရ တိရစ္ဆာန်အထူးကုဆေးခန်း-Since 2011 Pet Health Care

💞သံယောဇဉ်ဆိုတာ💞မလေးနက်တဲ့ သူတွေအတွက်💞အမှတ်တမဲ့ ဆိုပေမယ့်💞လေးနက်စွာ တန်ဖိုးထားတဲ့သူတွေအတွက်တော့💞အရာအားလုံးဟာ အမှတ်တရတွေကြ...
09/06/2024

💞သံယောဇဉ်ဆိုတာ
💞မလေးနက်တဲ့ သူတွေအတွက်
💞အမှတ်တမဲ့ ဆိုပေမယ့်
💞လေးနက်စွာ တန်ဖိုးထားတဲ့သူတွေအတွက်တော့
💞အရာအားလုံးဟာ အမှတ်တရတွေကြီးပါပဲ။

📸Crd:

အင်ဂျလီနာဂျိုလီ မဟုတ်တဲ့ ဂျိုလီမလေးပါရှင့်🤗🐕အသက်၅နှစ်အရွယ်ရှိတဲ့ ဂျိုလီလေးရောက်လာတဲ့ပုံကတော့….👧ကလေးမေမေက ချီပိုးလေးလွယ် ...
08/06/2024

အင်ဂျလီနာဂျိုလီ မဟုတ်တဲ့ ဂျိုလီမလေးပါရှင့်🤗
🐕အသက်၅နှစ်အရွယ်ရှိတဲ့ ဂျိုလီလေးရောက်လာတဲ့ပုံကတော့….

👧ကလေးမေမေက ချီပိုးလေးလွယ် ဒိုင်ဘာလေးဝတ်ပီး ဆေးခန်းသို့ရောက်လာတာပါ..

ဂျိုလီလေးရဲ့ ကျန်းမာရေးအခြေနေအကြောင်း ဆွေးနွေးတော့မှ ဒိုင်ဘာဝတ်ရတဲ့အကြောင်းသိရတော့တယ်...

🐕ခွေးအမလေးတွေမှာအဖြစ်များတဲ့ သားအိမ်ပြည်တည်နာ ဖြစ်နေပီး အမအင်္ဂါကနေ ပြည်တွေက အမြဲတမ်းစီးကျနေတဲ့အတွက်ကြောင့် ဝတ်ထားရခြင်းဖြစ်ပါတယ်

🦴အစားအသောက်လည်းမမှန်တဲ့အတွက် ဂျိုလီလေးက ပိန်နေပီး ရောဂါဝေဒနာကြောင့် 👀မျက်လုံးလေးတွေကအစ ‌ဖျော့တော့တော့လေးတွေဖြစ်နေပါတယ်..

ဂျိုလီရဲ့အခြေအနေက မဖြစ်မနေ ခွဲစိတ်ဖို့လိုအပ်နေတဲ့အတွက် သိသင့်သိရမယ့်အကြောင်းတွေ သေချာဆွေးနွေးပြပီး ခွဲစိတ်ပေးခဲ့ပါတယ်ရှင်..

ခွဲစိတ်မှုလည်းအောင်မြင်ခဲ့ပီး နောက်ရက်တွေအတွက်ကတော့ အနာကျက်ရန် ဆေးထိုးဆေးသောက်ဖို့တော့လိုအပ်သေးပါတယ်ရှင်...

=============================
ဆေးခန်းလိပ်စာကတော့…..
Forever Veterinary Surgery 7(စမ်းချောင်းမြို့နယ်)
🏥အမှတ်(၈၀-ဘီ)၊ဗဟိုလမ်းနှင့် ဆီဆုံလမ်းထောင့်၊ကိုးထပ်ကြီးဘုရားအနီး၊စမ်းချောင်းမြို့နယ်၊ရန်ကုန်

☎️09-7777 567 95
☎️09-946 946 996
☎️09-400 777 137

⏰Open daily -9 AM to 12 PM

-3 PM to 8 PM

🏠House call available...

🛣️လမ်းမပေါ်ကဘဝများ🐕ကျွန်တော် က လမ်းပေါ်မှာပဲနေရတဲ့ ကလေးတစ်ယောက်ဖြစ်ပြီးပိုင်ရှင်လည်းမရှိသလို နာမည်လည်းမရှိတဲ့ 🐕ခွေး‌ငယ်လ...
07/06/2024

🛣️လမ်းမပေါ်ကဘဝများ🐕
ကျွန်တော် က လမ်းပေါ်မှာပဲနေရတဲ့ ကလေးတစ်ယောက်
ဖြစ်ပြီးပိုင်ရှင်လည်းမရှိသလို နာမည်လည်းမရှိတဲ့
🐕ခွေး‌ငယ်လေးတစ်ကောင်ပါ..😥

🏡နေစရာ၊🍗စားစရာအတွက်က လမ်းပေါ်မှာပဲရှာဖွေရင်း ရှင်သန်နေရတဲ့အတွက် တခါတလေ ဗိုက်ပြည့်ပီး တခါတလေတော့လည်းဗိုက်ဟောင်းလောင်းနဲ့အိပ်ရတဲ့အချိန်တွလည်းရှိပါတယ်..

ဒီနေ့မနက်ဆိုရင် ကံမကောင်းစွာနဲ့ပဲ 🚙ကားတစ်စီးက တိုက်သွားတဲ့အတွက်..ဝေဒနာတွေက ပြင်းလွန်းလို့ တောက်လျှောက်အော်နေမိတဲ့အထိပါပဲဗျာ..

အဆိုးထဲကအကောင်းကတော့ ကယ်မဲ့သူနဲ့တွေ့လို့ 🏥ဆေးရုံရောက်ခဲ့ရပါတယ်..

👩‍⚕️ဆရာမက အနာကျင်သက်သာအောင် ဆေးအရင်ထိုးပီး အရိုးကျိုးတဲ့အခြေနေသေချာသိရအောင် ဓါတ်မှန်ရိုက်ခိုင်းပါတယ်..

အဖြေရတော့ ခွဲစိတ်ရမဲ့အခြေအနေကြောင့် ခွဲခန်းဝင်ခဲ့ပါတယ်ခင်‌ဗျာ..

👩‍⚕️ဆရာမတို့က ပေါင်ရိုးကျိုးသွားတဲ့အတွက် စတီးချောင်း(bone pin)နဲ့ ဝါယာ (bone wire)ထည့်ပေးပီး ORIFနည်းဖြင့် ခွဲစိတ်ပေးခဲ့ပါတယ်..

ခွဲပီး နောက်မနက်ကစပီး ကျွန်တော် ကြက်ပြုတ်ရည်နဲ့ အစာတော့နည်းနည်းစစားနိုင်လာပါပီခင်‌ဗျာ..
ခွဲစိတ်ထားတဲ့အတွက် ဆေးရုံမှာတော့ဆက်ပြီး ကုသမှုခံယူရအုံးမှာပါခင်ဗျာ..

ဒါနဲ့လေ ကျွန်တော့်မှာ နာမည်ရှိသွားပါပီ ဂျန်ဘို ပါတဲ့ခင်ဗျာ...

=====================================
ဆေးခန်းလိပ်စာကတော့….
Forever Veterinary Surgery 7(စမ်းချောင်း)
🏥အမှတ်(၈၀-ဘီ)၊ဗဟိုလမ်းနှင့် ဆီဆုံလမ်းထောင့်၊ကိုးထပ်ကြီးဘုရားအနီး၊စမ်းချောင်းမြို့နယ်၊ရန်ကုန်

☎️09-7777 567 95
☎️09-946 946 996
☎️09-400 777 137

⏰Open daily -9 AM to 12 PM

-3 PM to 8 PM

🏠House call available...

တိလေးတွေရဲ့ ကျန်းမာရေးကို စဉ်ဆက်မပျက် ဖြည့်ဆည်းပေးနိုင်ရန်အတွက် Forever Veterinary Surgery ဆေးခန်းခွဲအားလုံးကို သက်ြန်တွ...
11/04/2024

တိလေးတွေရဲ့ ကျန်းမာရေးကို စဉ်ဆက်မပျက် ဖြည့်ဆည်းပေးနိုင်ရန်အတွက် Forever Veterinary Surgery ဆေးခန်းခွဲအားလုံးကို သက်ြန်တွင်းမှာလည်း ပုံမှန်အတိုင်း နေ့စဉ် ပိတ်ရက်မရှိ ဖွင့်လှစ်ပေးသွားမည် ဖြစ်ပါကြောင်း သတင်းကောင်းပါးလိုက်ပါတယ်ခင်ဗျာ။,🙏🙏🙏

==========================

ဆေးခန်း(၁)=တိုက်၂၊အခန်း၅၊၃ရပ်ကွက်၊ဘုရင့်နောင်လမ်းမကြီး၊ဘူတာရုံလမ်းမှတ်တိုင်အနီး၊လှိုင်မြို့နယ်။၀၉၅၄၀၂၃၆၀၊၀၉၇၆၅၄၀၂၃၆၀၊၀၉၉၆၅၄၀၂၃၆၀

ဆေးခန်း(၂)= အမှတ် ၁၅၅၀ ( က )၊ ( ၁၉ ) ရပ်ကွက်
ကျန်စစ်သားလမ်းမကြီး၊ ( ၁၅ ) စျေးအနီး ရွှေသီးလေးမှတ်တိုင်၊ လှိုင်သာယာမြို့နယ်။
၀၉၇၈၉၁၀၅၅၅၄၊၀၉၉၄၄၀၈၀၇၀၆

ဆေးခန်း(၃)= အမှတ်(၅၃၃)၊(ABC)တိုက်၊(၇)အရှေ့ရပ်ကွက်၊အတွင်းရှုခင်းသာလမ်း၊ခိုင်ရွှေဝါမှတ်တိုင်အနီး၊သာကေတမြို့နယ်။
၀၉၇၅၂၄၆၃၃၈၉၊၀၉၇၅၂၄၇၃၃၈၉

ဆေးခန်း(၄)=အမှတ်၁၆၆/၄၊၂၄ရပ်ကွက်၊သံသုမာလမ်းမကြီး သုဝဏ္ဏ၊ရေစက်မှတ်တိုင်အနီး သင်္ဃန်းကျွန်းမြို့နယ်၊
၀၉၇၉၈၈၄၂၅၂၄၊၀၉၇၇၁၅၉၆၅၅၇

ဆေးခန်း(၅)= အမှတ်၅၃၄/က၊၄တောင်ရပ်ကွက် မြင်တော်သာလမ်းနှင့် ယမုံနာလမ်းထောင့် ဒေါပုံ၊၃ဂိတ်ဟောင်းမှတ်တိုင်အနီး
၀၉၇၆၆၈၀၀၅၁၄၊၀၉၉၇၂၀၂၀၈၆၅

ဆေးခန်း(၆)=အမှတ်၁၇၅၊ ဆရာစံလမ်း ရန်ကင်းစင်တာအနီး၊ ဗဟန်းမြို့နယ်
၀၉၇၈၈၇၀၄၉၀၄၊၀၉၇၇၄၄၂၀၆၆၅

ဆေးခန်း(၇)=အမှတ်၈၀ဘီ၊ စမ်းချောင်းတောင်ရပ်ကွက်၊ ဗဟိုလမ်းနှင့်ဆီဆုံလမ်းထောင့်၊ ကိုးထပ်ကြီးဘုရားအနီး၊ စမ်းချောင်းမြို့နယ်
၀၉၇၇၇၇၅၆၇၉၅၊၀၉၉၄၆၉၄၆၉၉၆

ဆေးခန်း(၈)=အမှတ်(၁)၊ပုလဲလမ်းနှင့် စက်မှုဒေသလမ်းထောင့်၊၁ရပ်ကွက်၊ရွှေပြည်သာမြို့နယ်။
၀၉၇၈၇၀၃၀၅၉၀၊၀၉၉၇၀၀၅၅၇၈၇

ဆေးခန်း(၉)= အမှတ်(၃၈)၊ မင်းနန္ဒာလမ်း၊ ရန်အောင်မှတ်တိုင်နှင့် ဝက်စုမှတ်တိုင်ကြား၊MAB ဘဏ်နှင့်ကပ်လျှက်၊ဒေါပုံမြို့နယ်၊ရန်ကုန်
097 666 850 85 ၊ 0989 80 777 04

ဒေါပုံမြို့နယ်အနီးတဝိုက်မှ တိလေးများရဲ့ ကျန်းမာရေးဝ‌န်ဆောင်မှုများ ပိုမိုပေးနိုင်ရန်အတွက်...🏥 Forever Veterinary Surgery...
17/03/2024

ဒေါပုံမြို့နယ်အနီးတဝိုက်မှ တိလေးများရဲ့ ကျန်းမာရေးဝ‌န်ဆောင်မှုများ ပိုမိုပေးနိုင်ရန်အတွက်...

🏥 Forever Veterinary Surgery-9 (ဒေါပုံမြို့နယ်)ဆေးခန်းခွဲ အသစ်ကို မနက်ဖြန် (18.3.2024)နေ့မှ စတင်၍ နေ့စဉ် ဖွင့်လှစ်ပေးသွားမည်ဆိုတဲ့အကြောင်း သတင်းကောင်းပါးလိုက်ပါတယ်ခင်ဗျာ။

လိပ်စာကတော့...

အမှတ်(၃၈)၊ မင်းနန္ဒာလမ်း၊ ရန်အောင်မှတ်တိုင်နှင့် ဝက်စုမှတ်တိုင်ကြား၊MAB ဘဏ်နှင့်ကပ်လျှက်၊ဒေါပုံမြို့နယ်၊ရန်ကုန်

⏰Open Daily-9AM to 8PM

☎️ 09_7 666 850 85
☎️ 09_89 80 777 04

15/02/2024

Edit-လူရသွားပါပြီခင်ဗျာ။
ထာဝရတိရစ္ဆာန်ဆေးကုခန်းတွင် အလုပ်လုပ်ကိုင်ရန် စာရင်းကိုင် (ကျား/မ)တစ်ဦး အလိုရှိပါသည်။
ဆယ်တန်းအောင်(သို့)ဘွဲ့ရ
09765402360 သို့ ဖုန်း/viber ဖြင့် မျှော်မှန်းလစာနှင့်အတူ ပေးပို့ လျှောက်ထားနိုင်ပါသည်။

Forever Veterinary Surgery 2 ဆေးခန်းခွဲအား လှိုင်သာယာမြို့နယ်သို့ ပြောင်းရွှေ့ဖွင့်လှစ်ခြင်း ။ ထာဝရ တိရစ္ဆာန်ဆေးကုခန်း ရ...
04/01/2024

Forever Veterinary Surgery 2 ဆေးခန်းခွဲအား
လှိုင်သာယာမြို့နယ်သို့ ပြောင်းရွှေ့ဖွင့်လှစ်ခြင်း ။

ထာဝရ တိရစ္ဆာန်ဆေးကုခန်း ရဲ့ အထွေထွေ ကျန်းမာရေးဝန်ဆောင်မှုများကို လှိုင်သာယာမြို့နယ်တွင် မကြာမီရက်ပိုင်းအတွင်း ရရှိနိုင်ပါပြီ 👈

ဆေးခန်းဖွင့်မည့်ရက် ..... 7 Jan 2024

Open Daily
ဆေးခန်းဖွင့်ချိန် ....... နံနက် ( ၉ ) နာရီ မှ ည ( ၈ ) နာရီထိ

Address - အမှတ် ၁၅၅၀ ( က )၊ ( ၁၉ ) ရပ်ကွက်
ကျန်စစ်သားလမ်းမကြီး၊ ( ၁၅ ) စျေးအနီး ရွှေသီးလေး
မှတ်တိုင်၊ လှိုင်သာယာမြို့နယ်။

ဆက်သွယ်ရန်
📞 09 78910 5554
📞 09 944 08 0706
📞 09 266 184 455

Opening Soon - 7 January 2024 🔑🕘

 #ဆေးခန်းနေရာပြောင်းရွှေ့ဖွင့်လှစ်ခြင်းကျွန်တော်တို့ ထာဝရတိရစ္ဆာန် ဆေးကုခန်း(၃)အား ပိုမိုကောင်းမွန်သောဝန်ဆောင်မှုများ ပေ...
07/12/2023

#ဆေးခန်းနေရာပြောင်းရွှေ့ဖွင့်လှစ်ခြင်း

ကျွန်တော်တို့ ထာဝရတိရစ္ဆာန် ဆေးကုခန်း(၃)အား

ပိုမိုကောင်းမွန်သောဝန်ဆောင်မှုများ ပေးနိုင်ရန်….

ယခင်……
အမှတ်(၉၆၉)၊(၁၀)တောင်ရပ်ကွက်၊အတွင်းရှုခင်းသာလမ်း၊ခိုင်ရွှေဝါနှင့် ဓမ္မာရုံမှတ်တိုင်ကြား၊သာကေတမြို့နယ် မှ

ယခု…….
အမှတ်(၅၃၃)၊(ABC)တိုက်၊(၇)အရှေ့ရပ်ကွက်၊အတွင်းရှုခင်းသာလမ်း၊ခိုင်ရွှေဝါမှတ်တိုင်အနီး၊သာကေတမြို့နယ်၊
၀၉၇၅၂၄၆၃၃၈၉၊၀၉၇၅၂၄၇၃၃၈၉

သို့ ပြောင်းရွှေ့ဖွင့်လှစ်ထားပါကြောင်း လေးစားစွာ အသိပေးအပ်ပါသည်ခင်ဗျ

ဆေးခန်းဖွင့်ချိန်- နံနက်(၉)နာရီမှ ည(၈)နာရီအထိ နေ့စဉ်
ပိတ်ရက်မရှိ ဖွင့်လှစ်ပေးသွားမည် ဖြစ်ပါသည်ခင်ဗျာ။

(1.12.2023)မှ စတင်၍ ဒေါက်တာ စောသက်ထွန်း ထိုင်မည့် ဆေးခန်း အချိန် ပြောင်းလဲမှုများကို အသိပေးကြေငြာအပ်ပါသည်ခင်ဗျာ……ဆေးခန်း...
30/11/2023

(1.12.2023)မှ စတင်၍ ဒေါက်တာ စောသက်ထွန်း ထိုင်မည့် ဆေးခန်း အချိန် ပြောင်းလဲမှုများကို အသိပေးကြေငြာအပ်ပါသည်ခင်ဗျာ……

ဆေးခန်း(၁)=တိုက်၂၊အခန်း၅၊၃ရပ်ကွက်၊ဘုရင့်နောင်လမ်းမကြီး၊ဘူတာရုံလမ်းမှတ်တိုင်အနီး၊လှိုင်မြို့နယ်။၀၉၅၄၀၂၃၆၀၊၀၉၇၆၅၄၀၂၃၆၀၊၀၉၉၆၅၄၀၂၃၆၀

ဆေးခန်း(၃)=အမှတ်(၉၆၉)၊(၁၀)တောင်ရပ်ကွက်၊အတွင်းရှုခင်းသာလမ်း၊ခိုင်ရွှေဝါနှင့် ဓမ္မာရုံမှတ်တိုင်ကြား၊သာကေတမြို့နယ်။
၀၉၇၅၂၄၆၃၃၈၉၊၀၉၇၅၂၄၇၃၃၈၉

⏰ဆေးခန်းပိတ်ချိန်တိုင်း အမြဲလုပ်မိတဲ့အရာကတော့ 💡UV lightနဲ့ 🦠ပိုးသတ်ပေးခြင်းပါပဲ..🏥ခွဲစိတ်ခန်းကို ပိုးသတ်နေတဲ့ပုံလေးပါ..‌...
21/07/2023

⏰ဆေးခန်းပိတ်ချိန်တိုင်း အမြဲလုပ်မိတဲ့အရာကတော့ 💡UV lightနဲ့ 🦠ပိုးသတ်ပေးခြင်းပါပဲ..

🏥ခွဲစိတ်ခန်းကို ပိုးသတ်နေတဲ့ပုံလေးပါ..

🗓️အခုကာလအတွင်းမှာ 🦠ကူးစက်ရောဂါတွေပြန့်ပွားနေတဲ့အတွက်ကြောင့် 🐈ကြောင်လေးတွေ🐕ခွေးလေးတွေမှာ

💉ကာကွယ်ဆေးတွေ ပုံမှန်ထိုးကျရန်အတွက် အသိပေးချင်ပါတယ်ရှင်…

===============================

Forever Veterinary Surgery 7(စမ်းချောင်း)
🏥အမှတ်(၈၀-ဘီ)၊ဗဟိုလမ်းနှင့် ဆီဆုံလမ်းထောင့်၊ကိုးထပ်ကြီးဘုရားအနီး၊စမ်းချောင်းမြို့နယ်၊ရန်ကုန်

☎️09-7777 567 95
☎️09-946 946 996
☎️09-400 777 137

⏰Open daily -9 AM to 12 PM

-3 PM to 8 PM

🏠House call available...

22/06/2023

😻 ကြည်ကြည်နူးနူး ရည်းစားနဲ့ကြူးပြီးမှ
😺 အနှိုင်းမဲ့ မေတ္တာပိုင်ရှင် ခေးမေမေ ဘဝသို့

🐕ခွေးမလေးတွေ သွေးဆင်းရင်...👱လူကိုကူးနိုင်လား..❓🐕 ခွေးမလေးတွေမှာ အရွယ်ရောက်ပီဆိုရင်6️⃣ လတစ်ကြိမ် 🩸သွေးဆင်း (heat)လာတတ်ပါတ...
21/06/2023

🐕ခွေးမလေးတွေ သွေးဆင်းရင်...
👱လူကိုကူးနိုင်လား..❓

🐕 ခွေးမလေးတွေမှာ အရွယ်ရောက်ပီဆိုရင်6️⃣ လတစ်ကြိမ် 🩸သွေးဆင်း (heat)လာတတ်ပါတယ်...

ပုံမှန်heat လာလို့ 🩸သွေးဆင်းတာကတော့ 🫧🫧သန့်ရှင်းပေးခြင်းတွေ ခွေးဒိုက်ဘာလို ဘောင်းဘီလေးတွေဝတ်ပေးလို့ရပါတယ်..

ပုံမှန်သွေးဆင်းတာကလည်း သန့်ရှင်းစွာ ကိုင်တွယ်နိုင်ရင် အန္တရယ် မရှိပေမဲ့
❗ပုံမှန်မဟုတ်တဲ့ သွေးဆင်းမှုတွေက သတိထားဖို့လိုအပ်လာပါပီ..

ဥပမာအားဖြင့် ပုံထဲက 🐕ခွေးမလေးလိုပေါ့..

သူမကို 🩸သွေးတွေဆင်းတာကြာပီဆိုပီး 💊ဆေးတိုက် 💉ဆေးထိုးလုပ်နေတာ မသက်သာလို့ဆိုပီး 👩‍⚕️ဆရာမတို့ 🏥ဆေးခန်းကိုရောက်လာတာပါ..

🏥ဆေးခန်းရောက်တော့ physical examinationsတွေလုပ်ကြည့်တဲ့အခါ TVT(Transmissible Venereal Tumor)ဖြစ်နေတာပါ...

အဲ့ဒီ့ tumorကတဆင့် 🩸သွေးတွေတောက်လျှောက်ကျနေတာ ပုံမှန်ထက်ကိုပိုများနေတာတွေ့ရပါတယ်..

ဒီTumorက....
✅ ခွေးအချင်းချင်း sexual mating ကြောင့် ကူးနေတာဖြစ်တဲ့အပြင်

✅ လူတွေကိုပါ သွေးကတစ်ဆင့် ကူးစက်နိုင်တာကြောင့်

သေချာဂရုစိုက်ကိုင်တွယ်ရန် ရှင်းပြပီး သားအိမ်ထုတ်ဖို့ လိုအပ်သလို ကင်ဆာဆေးသွင်းရန်လိုအပ်ကြောင်းရှင်းပြခဲ့ပါတယ်..

👫 ပိုင်ရှင်တွေကလည်း ခွဲစိတ်ဖို့ သဘောတူတာနဲ့ သားအိမ်ထုတ်ပီး tumorကိုလည်း 🩸သွေးအရမ်းထွက်နေတာကြောင့် ဖြတ်ထုတ်ပီး သွေးထွက်မှုနည်းအောင်လုပ်ပေးခဲ့ပါတယ်ရှင်..

ဒါ့ကြောင့် မိမိတို့ရဲ့ 🐕ခွေးမလေး တွေမှာ ပုံမှန်မဟုတ်တဲ့ 🩸သွေးထွက်တာ သွေးဆင်းတာမျိုးတွေရှိခဲ့ရင် နီးစပ်ရာ 🏥ဆေးခန်းကိုသွားပီး လိုအပ်တဲ့ကုသမှု ခံယူကျဖို့ အကြံပြုလိုက်ရပါတယ်ရှင်..

=============================

ဆေးခန်းလိပ်စာကတော့....👇

🏥အမှတ်(၈၀-ဘီ)၊ဗဟိုလမ်းနှင့် ဆီဆုံလမ်းထောင့်၊ကိုးထပ်ကြီးဘုရားအနီး၊စမ်းချောင်းမြို့နယ်၊ရန်ကုန်

☎️09-7777 567 95
☎️09-946 946 996
☎️09-400 777 137

⏰Open daily -9 AM to 12 PM

-3 PM to 8 PM

🏠House call available...

💸ရောင်းမရတဲ့ ကျောက်တွေ🪨🪨🪨...ဟုတ်ပါတယ်ဗျာ ဒီ poodle‌🐶 ခွေးအထီးလေးက ဆီးအိမ်ထဲမှာ 🪨ဆီးကျောက်တည်နေတာပါ..🪨 ဆီးကျောက်က 💸ရောင်း...
17/06/2023

💸ရောင်းမရတဲ့ ကျောက်တွေ🪨🪨🪨...

ဟုတ်ပါတယ်ဗျာ ဒီ poodle‌🐶 ခွေးအထီးလေးက ဆီးအိမ်ထဲမှာ 🪨ဆီးကျောက်တည်နေတာပါ..

🪨 ဆီးကျောက်က 💸ရောင်းမရတဲ့အပြင်
😢 ကလေးကိုပါ ဒုက္ခပေးသေးတာ...

🪨 ဆီးကျောက်ကြောင့်ပဲ ခွေးလေးမှာ..
💧 ဆီးသွားတိုင်းနာကျင်လို့ အော်ရတာတွေ..

😓ဆီးညှစ်ပေမဲ့ တစက်စက်ပဲ💧 သွားနေတာ

😭 နေရထိုင်ရတာ ခက်ခဲပီး အလွန်ကိုဒုက္ခပေးတဲ့ ကျောက်ပါပဲရှင်.

ဒီနေ့တော့ 🏥ဆေးခန်းရောက်လာလို့ 🙎‍♂️ပိုင်ရှင်နဲ့သေချာတိုင်ပင်ပီး ခွဲစိတ်ဖို့ အကြံပြုခဲ့ပါတယ်ရှင်..

အခုတော့ ခွဲစိတ်ခန်းဝင်ပီး 🪨ကျောက်ကိုထုတ်ပေးလိုက်ပါပီ...

💦ရှူးရှူးပေါက်တိုင်းအဆင်ပြေပီး နာကျင်မှုတွေ ဝေးသွားပါစေ ကလေးလေးရေ..🙏🙏🙏

=============================

ဆေးခန်းလိပ်စာကတော့....👇

🏥အမှတ်(၈၀-ဘီ)၊ဗဟိုလမ်းနှင့် ဆီဆုံလမ်းထောင့်၊ကိုးထပ်ကြီးဘုရားအနီး၊စမ်းချောင်းမြို့နယ်၊ရန်ကုန်

☎️09-7777 567 95
☎️09-946 946 996
☎️09-400 777 137

⏰Open daily -9 AM to 12 PM

-3 PM to 8 PM

🏠House call available...

ပေါင်ရိုးကျိုးသွားရှာတဲ့ မမ🐱မမ ဆိုတဲ့ ကြောင်မလေး😺က အသက်7လသာရှိသေးတဲ့ ချစ်စရာ့အရွယ် ပူစိမလေးပါ.. 🚗ဆိတ်ကြီးခနောင်တိုကနေ   ...
11/06/2023

ပေါင်ရိုးကျိုးသွားရှာတဲ့ မမ🐱
မမ ဆိုတဲ့ ကြောင်မလေး😺က အသက်7လသာရှိသေးတဲ့ ချစ်စရာ့အရွယ် ပူစိမလေးပါ..

🚗ဆိတ်ကြီးခနောင်တိုကနေ 🦴ခြေထောက်ကျိုးလို့ဆိုပီး🛣️ အဝေးကြီးက ဆေးခန်း🏥လာပြတာပါ..

🏥 ဆေးခန်းရောက်တော့
👩‍⚕️ဆရာမက စစ်ဆေးကြည့်တော့ ပေါင်အဖျားပိုင်း ဒူးခေါင်းအဆစ်နဲ့ အနီးဆုံးနေရာ (distal femoral growth plate fracture ) ကျိုးနေတာတွေ့ရတော့

ကျောက်ပတ်တီး စည်းလို့လည်း အဆင်မပြေတာကြောင့် ခွဲစိတ်ဖို့ လိုအပ်ကြောင်းအကြံပြုခဲ့ပါတယ်..

ပိုင်ရှင်တွေကလည်းသဘောတူတာကြောင့် ကြောင်မလေးကို စတီးချောင်းနဲ့ wireသုံးပီး ခွဲစိတ်ပေးခဲ့ပါတယ်ရှင်...

ခွဲစိတ်ပီး နောက်ရက်တွေမှာ ဆေးရုံတင်ထားဖို့ လိုအပ်တာကြောင့် ကြောင်မလေးကို ဆေးရုံတင်ထားပါတယ်..

ပိုင်ရှင်တွေမှာလည်း ကုန်ကျစရိတ် အခက်ခဲတွေကြုံနေတာကြောင့် ဆေးရုံစရိတ်အားလုံးကို🆓 အခမဲ့ လုပ်ပေးခဲ့ပါတယ်ရှင့်..

သမီးလေးအရင်လိုပြေးကစားဆော့နိုင်ဖို့ ဆုတောင်းပေးကျပါအုံးရှင်...🙏🙏🙏

=============================

ဆေးခန်းလိပ်စာကတော့....👇

🏥အမှတ်(၈၀-ဘီ)၊ဗဟိုလမ်းနှင့် ဆီဆုံလမ်းထောင့်၊ကိုးထပ်ကြီးဘုရားအနီး၊စမ်းချောင်းမြို့နယ်၊ရန်ကုန်

☎️09-7777 567 95
☎️09-946 946 996
☎️09-400 777 137

⏰Open daily -9 AM to 12 PM

-3 PM to 8 PM

🏠House call available...

 #ကလေးကျန်ရင်ရော_အန္တရယ်ရှိနိုင်လား...❓အဖြေကတော့ 🫡Yes ပေါ့ဗျာ...ပြောချင်တာက အခုမှစမှာ...🐈ဒီကြောင်မေမေကြီးက အရင်ရက်တည်းက ...
10/06/2023

#ကလေးကျန်ရင်ရော_အန္တရယ်ရှိနိုင်လား...❓
အဖြေကတော့ 🫡Yes ပေါ့ဗျာ...

ပြောချင်တာက အခုမှစမှာ...🐈ဒီကြောင်မေမေကြီးက

အရင်ရက်တည်းက ⏳(9.6.23) တစ်ကောင်မွေးပီး

ဒီနေ့⌛(10.6.23)ညနေအထိ ထပ်လည်းမညစ်သလို ကလေးကျန်မကျန်ကလည်း သိချင်တာကြောင့် ဆေးခန်းရောက်လာခဲ့တာပါ...

🏥 ဆေးခန်းရောက်တဲ့ အခါ ကလေးကျန်မကျန် အသက်ရှင် မရှင် သိရအောင်ဆိုပီး ultrasound ရိုက်ကြည့်တဲ့အခါမှာတော့

ကလေးကျန်ရှိနေပြီး အသက်ရှင်နေတာ တွေ့ရတော့ အမြန်ဆုံး ခွဲဖို့ လိုအပ်ကြောင်း ဆွေးနွေးတိုင်ပင်တော့ သဘောတူတာနဲ့ ခွဲစိတ်ခန်းဝင်ခဲ့ပါတယ်..

ကံကောင်းစွာနဲ့ အသက်ရှင်တဲ့ ကလေးလေးတစ်ကောင်နဲ့ မိခင်ကြီးကို ကယ်ပေးနိုင်ခဲ့ပါတယ်ရှင့်..

အခုဆိုရင် ‌ကြောင်မေမေကြီးက အပျိုကြီးဘဝကနေ ကလေး2‌ကောင် မေမေဖြစ်သွားပါပီရှင်

=============================

ဆေးခန်းလိပ်စာကတော့....👇

🏥အမှတ်(၈၀-ဘီ)၊ဗဟိုလမ်းနှင့် ဆီဆုံလမ်းထောင့်၊ကိုးထပ်ကြီးဘုရားအနီး၊စမ်းချောင်းမြို့နယ်၊ရန်ကုန်

☎️09-7777 567 95
☎️09-946 946 996
☎️09-400 777 137

⏰Open daily -9 AM to 12 PM

-3 PM to 8 PM

🏠House call available...

🌧️ မိုးရာသီနဲ့ လောက်အန္တာရာယ်မိုးတွင်းကာရောက်ပီဆိုတော့  ယင်ကောင်ပေါက်တွေပေါလာတယ်..ပိုဆိုးတာက 🏡 အိမ်ပိုင်မရှိတဲ့ 🐕🐈ခွေးလေ...
07/06/2023

🌧️ မိုးရာသီနဲ့ လောက်အန္တာရာယ်
မိုးတွင်းကာရောက်ပီဆိုတော့ ယင်ကောင်ပေါက်တွေပေါလာတယ်..

ပိုဆိုးတာက 🏡 အိမ်ပိုင်မရှိတဲ့ 🐕🐈ခွေးလေး ကြောင်လေးတွေပေါ့ ...

အနာတခုခုဖြစ်ပီဆိုရင် ယင်တွေနား အကောင်တွေတွယ်ပီး အနံ့ဆိုးတွေထွက်လာမှသာ သတိထားမိကျတာ များကျပါတယ်...

ဖြစ်လာခဲ့ပီဆိုရင်လည်း သေချာ အနာသန့်ရှင်းရေး လုပ် ဆေးထိုးဆေးတိုက်တာတွေလုပ်ပီး သန့်ရှင်းတဲ့နေရာတွေမှာ ထားပေးနိုင်ရင်ပိုအဆင်ပြေပါတယ်..

အခုပြထားတဲ့ ကလေးလေးတွေကတော့ ‌အကောင်တွေတွယ်ပီး အိမ်မှာလည်း အနာအတွက် သန့်ရှင်းရေး၊ ဆေးတိုက်တာတွေမှာ အခက်ခဲရှိလို့ဆိုပီး ဆေးခန်းက အိမ်တိုင်ရာရောက်သွားခေါ်ပီး ကုသမှုပေးနေတဲ့ ကလေးလေးတွေပါရှင့်...

ဒါ့ကြောင့်မို့ အနာတခုခုဖြစ်ပီဆိုတာနဲ့ ဆေးခန်းသို့ လာပီး ကုသမှု ခံယူဖို့ လိုအပ်သလို အခက်ခဲတခုခုကြောင့်မလာနိုင်ရင်လည်း သေချာသန့်ရှင်းရေးလုပ်ပီး ယင်မနားအောင် ဂရုစိုက်သင့်ပါတယ်ရှင်...

=============================

ဆေးခန်းလိပ်စာကတော့....👇

🏥အမှတ်(၈၀-ဘီ)၊ဗဟိုလမ်းနှင့် ဆီဆုံလမ်းထောင့်၊ကိုးထပ်ကြီးဘုရားအနီး၊စမ်းချောင်းမြို့နယ်၊ရန်ကုန်

☎️09-7777 567 95
☎️09-946 946 996
☎️09-400 777 137

⏰Open daily -9 AM to 12 PM

-3 PM to 8 PM

🏠House call available...

ခေးမေမေဖြစ်တော့မယ့် မော်ကျွန်းသူလေးရေ Congratulations ပါ🎉🥳🎊👏👩‍⚕️ မိတ်လိုက်ထားပြီး ကိုယ်ဝန် ရှိ၊မရှိ သိချင်တဲ့ အာဝုလေးတွေ...
04/06/2023

ခေးမေမေဖြစ်တော့မယ့် မော်ကျွန်းသူလေးရေ Congratulations ပါ🎉🥳🎊👏

👩‍⚕️ မိတ်လိုက်ထားပြီး ကိုယ်ဝန် ရှိ၊မရှိ သိချင်တဲ့ အာဝုလေးတွေ နဲ့ မြောင်လေးတွေအတွက်လည်း ultrasound ဝန်ဆောင်မှုအပြင် Testkit နဲ့လည်း စစ်ကြည့်လို့ရနေပါပီရှင့်။

=============================

ဆေးခန်းလိပ်စာကတော့....👇

🏥အမှတ်(၈၀-ဘီ)၊ဗဟိုလမ်းနှင့် ဆီဆုံလမ်းထောင့်၊ကိုးထပ်ကြီးဘုရားအနီး၊စမ်းချောင်းမြို့နယ်၊ရန်ကုန်

☎️09-7777 567 95
☎️09-946 946 996
☎️09-400 777 137

⏰Open daily -9 AM to 12 PM

-3 PM to 8 PM

🏠House call available...

♥️ လောကကြီးမှာ ♥️ သစ္စာအရှိဆုံးသူကို ပြပါဆိုရင် ♥️ အာဝုလေးတွေပါပဲ🐕🐕🐕💜 သူတို့ကို သူတို့ထက် 💜 မင်းကို ပိုပြီး ချစ်တဲ့သူကို...
05/05/2023

♥️ လောကကြီးမှာ
♥️ သစ္စာအရှိဆုံးသူကို ပြပါဆိုရင်
♥️ အာဝုလေးတွေပါပဲ🐕🐕🐕

💜 သူတို့ကို သူတို့ထက်
💜 မင်းကို ပိုပြီး ချစ်တဲ့သူကို ပြပါဆိုရင်လည်း
💜 အာဝုလေးတွေပါပဲ🐶🐶🐶

🐱 ကြောင်အထီးလေးတွေနဲ့ ဆီးကျောက်ပြဿနာ❗ ဆီးကျောက်တည်တာနဲ့ပတ်သက်ရင် ကြောင်အမတွေထက် ကြောင်အထီးလေးတွေမှာ ပိုအဖြစ်များပါတယ်.. ...
04/05/2023

🐱 ကြောင်အထီးလေးတွေနဲ့ ဆီးကျောက်ပြဿနာ

❗ ဆီးကျောက်တည်တာနဲ့ပတ်သက်ရင်
ကြောင်အမတွေထက် ကြောင်အထီးလေးတွေမှာ ပိုအဖြစ်များပါတယ်..

စဖြစ်ခါစမှာဆိုရင်တော့
✅ ဆီးခနခနသွားခြင်း
✅ ဆီးသွားတဲ့အခါနာကျင်မှုရှိခြင်း
✅ဆီးသွားတဲ့အခါ သွေးတွေပါရှိခြင်း..
✅ ဆီးသွားတဲ့အခါ အော်နေခြင်း..

ဒီလက္ခဏာတွေပြတာကိုသတိမထားမိတဲ့အခါ တချို့ကြောင်လေးတွေမှာ ..

✳️ အရည်တွေအမြုတ်တွေအန်ခြင်း.
✳️ အေးတဲ့နေရာတွေ ချောင်တွေမှာသွားနေခြင်း.
✳️ ခန္ဓာကိုယ်အပူချိန်ကျဆင်းလာပီး ‌ဘေးတိုက်လဲလျောင်းနေခြင်း..
✳️ အစာမစားတော့ဘဲ ငြိမ်နေခြင်း..

🏃 အထက်ပါ ပုံစံမျိုးတွေ တွေ့ရပီဆိုရင် နီးစပ်ရဆေးခန်းကို အမြန်ဆုံးပြေးသင့်ပါပီ..

👩‍⚕️ ဆီးကျောက်တည်တဲ့အခါ ကုသမှုပုံစံတွေကတော့ ဆေးခန်းတစ်ခုနဲ့တစ်ခုတော့ မတူညီကျပဲ ပုံစံမျိုးစုံဖြင့် အကောင်းမွန်ဆုံး ကုသပေးကျပါတယ်...

🏥ကျွန်တော်တို့ ဆေးခန်းမှာတော့

(၁)ဆီးပိုက်တပ်ပီး ဆီးချူပေး.ဆီးအိမ်ဆေးပေးခြင်းကို ပထမဆုံး ကုသမှုပြုပေးကျပါတယ်..

(၂)ဆီးအိမ်ကို ခွဲစိတ်ပေးခြင်း
တချို့ကလေးတွေမှာတော့ ဆီးပိုက်တပ်ပီး ဆေးသွင်းယုံဖြင့် ကောင်းမွန်သွားကျပါတယ်..

(၃) အခြေနေအရမ်းဆိုးတဲ့ ကလေးလေးတွေကိုတော့ Feline perineal urethrostomy လို့ခေါ်တဲ့

#အထီးပုံစံကနေအမပုံစံဖြစ်အောင်ဆီးလမ်းကြောင်းချဲ့ပေးခြင်း

တို့ကိုလုပ်ဆောင်ပေးပါတယ်..

အခုပြထားတဲ့ ပုံထဲက ကောင်လေးကတော့ ဆီးလမ်းကြောင်းချဲ့ထားပီး ရက်ချိန်းလာပြန်ပြတဲ့ ကလေးလေးပါ..

ဆီးသွားရတာ အဆင်ပြေပီး ကျန်းကျန်းမာမာရှိနေပေးလို့ ကျေးဇူးပါသားလေးရေ...

==============================

🧑‍⚕️ အခုလို ယုံကြည်စွာနဲ့ ကလေးလေးတွေကို ခွဲစိတ်ခွင့်ပေးလို့ ကျေးဇူးတင်ပါတယ်ရှင့်🙏။

ဆေးခန်းလိပ်စာကတော့....👇

🏥အမှတ်(၈၀-ဘီ)၊ဗဟိုလမ်းနှင့် ဆီဆုံလမ်းထောင့်၊ကိုးထပ်ကြီးဘုရားအနီး၊စမ်းချောင်းမြို့နယ်၊ရန်ကုန်

☎️09-7777 567 95
☎️09-946 946 996
☎️09-400 777 137

⏰Open daily -9 AM to 12 PM

-3 PM to 8 PM

🏠House call available...
.

အသက်12နှစ်ရှိတဲ့ ‌နို့အကျိတ်နဲ့ ကြောင်မလေး🐈ကြောင်မလေးရဲ့ History မေးကြည့်တော့ အရင်တုန်းကလည်း နို့အကျိတ်ဖြစ်လို့ 2ကြိမ်ခွ...
01/05/2023

အသက်12နှစ်ရှိတဲ့ ‌နို့အကျိတ်နဲ့ ကြောင်မလေး🐈

ကြောင်မလေးရဲ့ History မေးကြည့်တော့ အရင်တုန်းကလည်း နို့အကျိတ်ဖြစ်လို့ 2ကြိမ်ခွဲဖူးတယ်တဲ့..

အခုလည်း အကျိတ်က ထပ်ဖြစ်ပီး ပွင့်နေပီ..

အသက်ရွယ်ကလည်းကြီးတော့ ခွဲဖို့မခွဲဖို့ တိုင်ပင်ဆွေးနွေးရတယ်..

အကျိတ်က အတွင်းဘက် muscleအသားနဲ့ တွယ်ဆက်တာလည်းရှိနေပြန်တော့ လိုအပ်တဲ့ သွေးစစ်ဆေးချက်တွေ ယူပီး အဖြေကောင်းတာနဲ့ ခွဲစိတ်ပေးခဲ့ပါတယ်..

ကြောင်မလေးရဲ့ သန်စွမ်းကျန်းမာမှုကြောင့် ခွဲစိတ်တာလည်းအဆင်ပြေပီး အခုတော့ ဆေးရုံတက်‌ ကုသမှု ခံယူနေပါတယ်ရှင်..

==============================

🧑‍⚕️ အခုလို ယုံကြည်စွာနဲ့ ကလေးလေးတွေကို ခွဲစိတ်ခွင့်ပေးလို့ ကျေးဇူးတင်ပါတယ်ရှင့်🙏။

ဆေးခန်းလိပ်စာကတော့....👇

🏥အမှတ်(၈၀-ဘီ)၊ဗဟိုလမ်းနှင့် ဆီဆုံလမ်းထောင့်၊ကိုးထပ်ကြီးဘုရားအနီး၊စမ်းချောင်းမြို့နယ်၊ရန်ကုန်

☎️09-7777 567 95
☎️09-946 946 996
☎️09-400 777 137

⏰Open daily -9 AM to 12 PM

-3 PM to 8 PM

🏠House call available...

မွေးဖွားခြင်း အနုပညာ🐕🐩=========================🧑‍⚕️ အခုလို  ယုံကြည်စွာနဲ့ ကလေးလေးတွေကို မွေးဖွားခွင့်ပေးလို့ ကျေးဇူးတင်ပ...
25/04/2023

မွေးဖွားခြင်း အနုပညာ🐕🐩

=========================

🧑‍⚕️ အခုလို ယုံကြည်စွာနဲ့ ကလေးလေးတွေကို မွေးဖွားခွင့်ပေးလို့ ကျေးဇူးတင်ပါတယ်ရှင့်🙏။

ဆေးခန်းလိပ်စာကတော့....👇

🏥အမှတ်(၈၀-ဘီ)၊ဗဟိုလမ်းနှင့် ဆီဆုံလမ်းထောင့်၊ကိုးထပ်ကြီးဘုရားအနီး၊စမ်းချောင်းမြို့နယ်၊ရန်ကုန်

☎️09-7777 567 95
☎️09-946 946 996
☎️09-400 777 137

⏰Open daily -9 AM to 12 PM

-3 PM to 8 PM

🏠House call available...

ည (၁၂)လောက်ကတည်းက ညှစ်နေတာ။နေ့လည်လောက်ထိ ပုံမှန် မမွေးနိုင်သေးတဲ့ ကလေးလေး🐕🐕🐕ဒီ ကလေးမလေးက ကလေးရဲ့ အရွယ်အစားရယ် အကောင်အရေတ...
24/04/2023

ည (၁၂)လောက်ကတည်းက ညှစ်နေတာ။
နေ့လည်လောက်ထိ ပုံမှန် မမွေးနိုင်သေးတဲ့ ကလေးလေး🐕🐕🐕

ဒီ ကလေးမလေးက ကလေးရဲ့ အရွယ်အစားရယ် အကောင်အရေတွက်အရ နည်းပေမဲ့ မွေးခါနီး ညှစ်ရင်း ညှစ်ရင်းနဲ့ အားကုန်လာတယ်..

အရမ်းပူလွန်းတော့ ပုံမှန်ထက်စာရင် အမေကြီး ခမျာ ပိုပင်ပန်းနေရှာတာ...

ပိုင်ရှင်ကလည်း အရမ်းစိုးရိမ်နေတာနဲ့ ဆေးခန်းကို ရောက်ရှိလာတယ်။

အမေကြီးရဲ့ အခြေအနေအရ ပုံမှန် မွေးဖွားနိုင်မဲ့ပုံမပေါ်တာနဲ့ ဆေးခန်းမှာ ချက်ချင်း ခွဲစိတ်မွေးပေးခဲ့ပါတယ်...

အခုတော့ အမေကြီးရော ကလေးလေး2ကောင်ရော ကျန်းကျန်းမာမာနဲ့ အိမ်ပြန်ခေါ်သွားကျပါပီရှင့်

===============================

🧑‍⚕️ အခုလို ယုံကြည်စွာနဲ့ ကလေးလေးတွေကို ခွဲစိတ်ခွင့်ပေးလို့ ကျေးဇူးတင်ပါတယ်ရှင့်🙏။

ဆေးခန်းလိပ်စာကတော့....👇

🏥အမှတ်(၈၀-ဘီ)၊ဗဟိုလမ်းနှင့် ဆီဆုံလမ်းထောင့်၊ကိုးထပ်ကြီးဘုရားအနီး၊စမ်းချောင်းမြို့နယ်၊ရန်ကုန်

☎️09-7777 567 95
☎️09-946 946 996
☎️09-400 777 137

⏰Open daily -9 AM to 12 PM

-3 PM to 8 PM

🏠House call available...

သားအိမ်မှာ အကျိတ်တွေနဲ့ ပိစီကွေး..အသက်က 10နှစ်ရှိပြီ........ပိစိကွေးဆိုတဲ့ ကြောင်မလေးက ဗိုက်ကြီးပူပီး အလုံးကြီး စမ်းမိလိ...
23/04/2023

သားအိမ်မှာ အကျိတ်တွေနဲ့ ပိစီကွေး..
အသက်က 10နှစ်ရှိပြီ........

ပိစိကွေးဆိုတဲ့ ကြောင်မလေးက ဗိုက်ကြီးပူပီး အလုံးကြီး စမ်းမိလို့ဆိုပီး ဆေးခန်းရောက်လာတာပါ..

ဗိုက်ကိုစမ်းသပ်ကြည့်တော့ မာမာအလုံးကြီး စမ်းမိတာနဲ့ သေချာအောင်X -rayရိုက်ခိုင်းခဲ့ပါတယ်...

အဖြေရလာတော့ ခွဲစိတ်ဖို့လိုအပ်တာနဲ့ ပိုင်ရှင်နဲ့ သေချာဆွေးနွေးတိုင်ပင်ပီး ခွဲစိတ်ပေးခဲ့ပါတယ်

ကြောင်မလေးက ပုံမှန်တွေ့နေကျ.....

❌ သားအိမ်ပြည်တည်နာတွေ
❌ နို့ကျိတ်တွေ မဟုတ်ပဲ
✅ သားအိမ်မှာအကျိတ်လုံးကြီးနဲ့ အနီးနားတဝိုက်မှာလည်းအကျိတ်တွေ ပြန့်နေပါပီ..

ကံကောင်းစွာနဲ့ အကျိတ်လုံးကြီးကို အောင်မြင်စွာ ဖယ်ရှားပေးနိုင်ခဲ့ပါတယ်ရှင်

မိမိတို့ရဲ့ ချစ်ရတဲ့ တိလေးတွေမှာ ပုံမှန်မဟုတ်တဲ့ အကျိတ်တွေ အလုံးတွေ စမ်းမိရင် နီးစပ်ရာဆေးခန်းကို ပြသဖို့ လိုအပ်ပါတယ်ရှင်

❗ အားလုံးရဲ့ တရားခံကတော့ တားဆေးထိုးခြင်းရဲ့ နောက်ဆက်တွဲပါပဲရှင်..

အကျိတ်အလုံးကြီးနဲ့ ပြန့်ကျဲနေတဲ့ အကျိတ်ပုံတွေကို ကွန်မန့်မှာ ထင်ရှားစွာ ကြည့်ရှုနိုင်ပါတယ်ရှင်👇
================================

🧑‍⚕️ အခုလို ယုံကြည်စွာနဲ့ ကလေးလေးတွေကို ခွဲစိတ်ခွင့်ပေးလို့ ကျေးဇူးတင်ပါတယ်ရှင့်🙏။

ဆေးခန်းလိပ်စာကတော့....👇

🏥အမှတ်(၈၀-ဘီ)၊ဗဟိုလမ်းနှင့် ဆီဆုံလမ်းထောင့်၊ကိုးထပ်ကြီးဘုရားအနီး၊စမ်းချောင်းမြို့နယ်၊ရန်ကုန်

☎️09-7777 567 95
☎️09-946 946 996
☎️09-400 777 137

⏰Open daily -9 AM to 12 PM

-3 PM to 8 PM

🏠House call available...

ခွေးကိုက်ခံရလို့ဆိုပြီး မေးရိုးကျိုးသွားတဲ့ကလေးလေး.....🐕အသက်က ၅လပဲ ရှိသေးတာ။ရောက်လာတဲ့အချိန်မှာ  နာကျင်လွန်းလို့ အသံတောင...
22/04/2023

ခွေးကိုက်ခံရလို့ဆိုပြီး မေးရိုးကျိုးသွားတဲ့ကလေးလေး.....🐕

အသက်က ၅လပဲ ရှိသေးတာ။ရောက်လာတဲ့အချိန်မှာ နာကျင်လွန်းလို့ အသံတောင်မထွက်ရဲပဲ မျက်နှာငယ်လေးနဲ့ငြိမ်နေရှာတာ..

သေချာစစ်ဆေးကြည့်တော့ အောက်မေးရိုးက ထက်ပိုင်းကျိုးသွားတာ..

အခြေနေအရ ခွဲစိတ်မှ ဖြစ်မှမို့ ကျွန်မတို့ အတတ်နိုင်ဆုံးကြိုးစားပီး ခွဲစိတ်ပေးခဲ့ပါတယ်ရှင်

ခွဲစိတ်ပီး နောက်နေ့ကစပီး ကလေးလေးက အစာတွေလည်းစားနိုင်နေပါပီရှင်...

အစာစားနေတဲ့ video လေးကို ကွန်မန့်မှာ ကြည့်ရှုနိုင်ပါတယ်ရှင့်👇

===========================

🧑‍⚕️ အခုလို ယုံကြည်စွာနဲ့ ကလေးလေးတွေကို ခွဲစိတ်ခွင့်ပေးလို့ ကျေးဇူးတင်ပါတယ်ရှင့်🙏။

ဆေးခန်းလိပ်စာကတော့....👇

🏥အမှတ်(၈၀-ဘီ)၊ဗဟိုလမ်းနှင့် ဆီဆုံလမ်းထောင့်၊ကိုးထပ်ကြီးဘုရားအနီး၊စမ်းချောင်းမြို့နယ်၊ရန်ကုန်

☎️09-7777 567 95
☎️09-946 946 996
☎️09-400 777 137

⏰Open daily -9 AM to 12 PM

-3 PM to 8 PM

🏠House call available...

🐕 ကလေးမမွေးနိုင်တဲ့ ရှီဇူးအမလေးကလေးအရေတွက် 2ကောင်တည်း ရှိပေမဲ့ ရှေ့ဆုံးကတစ်ကောင်က ပုံသဏ္ဍန် မမှန်ပဲ အရမ်းကြီးထွားလွန်းတေ...
15/04/2023

🐕 ကလေးမမွေးနိုင်တဲ့ ရှီဇူးအမလေး
ကလေးအရေတွက် 2ကောင်တည်း ရှိပေမဲ့ ရှေ့ဆုံးကတစ်ကောင်က ပုံသဏ္ဍန် မမှန်ပဲ အရမ်းကြီးထွားလွန်းတော့၊......

မိခင် ခမျာ မမွေးနိုင်ရှာတော့ဘူး... မိခင်ကြီး က ညှစ်ရပါများလို့ အရမ်းနုံးနေပီး ဆေးခန်းရောက်လာတာပါ..

ရိုးရိုးမွေးနိုင်မဲ့ အနေထားမရှိတာမို့ ချက်ချင်းခွဲစိတ်ခန်းဝင်ခဲ့ရပါတယ်..

ကလေးလေး1ကောင်နဲ့ မိခင်ကြီးကိုတော့ ကျန်းမာစွာခွဲမွေးပေးနိုင်ခဲ့ပါတယ်..

တစ်ကောင်ကတော့ မွေးလာတည်းက အသက်မပါလာလို့ စိတ်မကောင်းစွာနဲ့ပဲ ဆုံးရှုံးခဲ့ရပါတယ်ခရှင်....

=========================

🧑‍⚕️ အခုလို ယုံကြည်စွာနဲ့ ကလေးလေးတွေကို ခွဲစိတ်ခွင့်ပေးလို့ ကျေးဇူးတင်ပါတယ်ရှင့်🙏။

ဆေးခန်းလိပ်စာကတော့....👇

🏥အမှတ်(၈၀-ဘီ)၊ဗဟိုလမ်းနှင့် ဆီဆုံလမ်းထောင့်၊ကိုးထပ်ကြီးဘုရားအနီး၊စမ်းချောင်းမြို့နယ်၊ရန်ကုန်

☎️09-7777 567 95
☎️09-946 946 996
☎️09-400 777 137

⏰Open daily -9 AM to 12 PM

-3 PM to 8 PM

🏠House call available...

နို့ကျိတ်ကင်ဆာဖြစ်တဲ့ မီးညှောင်..မီးညောင်ကအသက်အရွယ်ကလည်းအရမ်းကြီးပီး သွေးစစ်တော့လည်း အဖြေဟာ.....ကျောက်ကပ်ရဲ့ creatinine ...
14/04/2023

နို့ကျိတ်ကင်ဆာဖြစ်တဲ့ မီးညှောင်..
မီးညောင်ကအသက်အရွယ်ကလည်းအရမ်းကြီးပီး သွေးစစ်တော့လည်း အဖြေဟာ.....

ကျောက်ကပ်ရဲ့ creatinine levelက အဆင့်4ကိုကျော်လွန်နေတဲ့အတွက် ကျောက်ကပ်ကိုအရင် ကုသမှုခံယူခဲ့ရပါတယ်..

မီးညောင်လေးရဲ့ကျန်းမာရေးအခြေနေက တော်တော်လေး တိုးတက်ကောင်းမွန်လာပေမဲ့ အကျိတ်ကတော့ ပိုပိုကြီးလာတာမို့ မဖြစ်မနေ ခွဲစိတ်ခန်းဝင်ခဲ့ပါတယ်...

ကျောက်ကပ်လည်းသိပ်မကောင်းတာကြောင့် မေ့ဆေးကို သေချာလေးဂရုတစိုက်နဲ့ ကိုင်တွယ်ပီး ခွဲစိတ်ပေးခဲ့ပါတယ်...

ကံကောင်းစွာနဲ့ပဲ ခွဲစိတ်တာလည်းအဆင်ပြေပီး သတိရတာလည်းမြန်တာကြောင့် အိမ်ကို ပြန်ခေါ်သွားနိုင်ခဲ့ပါပီရှင့်...

အသက်အရွယ် အရမ်းကြီးတဲ့ ကလေးတွေ မဖြစ်မနေ ခွဲစိတ်ရမယ်ဆိုရင် လိုအပ်တဲ့ သွေးစစ်ဆေးမှုတွေ လုပ်ပီး သေချာတိုင်ပင်ပီးမှ ခွဲစိတ်စေချင်ပါတယ်ရှင့်...

=============================

🧑‍⚕️ အခုလို ယုံကြည်စွာနဲ့ ကလေးလေးတွေကို ခွဲစိတ်ခွင့်ပေးလို့ ကျေးဇူးတင်ပါတယ်ရှင့်🙏။

ဆေးခန်းလိပ်စာကတော့....👇

🏥အမှတ်(၈၀-ဘီ)၊ဗဟိုလမ်းနှင့် ဆီဆုံလမ်းထောင့်၊ကိုးထပ်ကြီးဘုရားအနီး၊စမ်းချောင်းမြို့နယ်၊ရန်ကုန်

☎️09-7777 567 95
☎️09-946 946 996
☎️09-400 777 137

⏰Open daily -9 AM to 12 PM

-3 PM to 8 PM

🏠House call available...

မိတ်လိုက်ခြင်းနဲ့ သားအိမ်ပြည်တည်နာ🐕 ဒီGR အမလေးက မိတ်လိုက်ပီး တစ်လလောက်အကြာမှာ အမအင်္ဂါ ကနေ ပြည်တွေကျလို့ဆိုပီး ရောက်လာတာ...
13/04/2023

မိတ်လိုက်ခြင်းနဲ့ သားအိမ်ပြည်တည်နာ
🐕 ဒီGR အမလေးက မိတ်လိုက်ပီး တစ်လလောက်အကြာမှာ အမအင်္ဂါ ကနေ ပြည်တွေကျလို့ဆိုပီး ရောက်လာတာပါ...

မိတ်လိုက်ထားတာလည်းရှိတော့

ကလေးပျက်ကျတာလား?
သားအိမ်ပြည်တည်နာဖြစ်လား?


သေချာသိရအောင် X-ray အရင် ရိုက်လိုက်ပါတယ်..

ဓါတ်မှန်အဖြေရ သားအိမ်က ပုံမှန်ထက် အရွယ်အစားကြီးနေပီး သားအိမ်ပြည်တည်နာဖြစ်နေတာပါ...

ကလေးမလေးက အစားသောက်တွေပျက်ပီး တဖြည်းဖြည်းမှိုင်လာတာကြောင့် သားအိမ်ထုတ်ဖို့ သဘောတူတာနဲ့ ခွဲစိတ်ပေးခဲ့ပါတယ်ရှင်...

နောက်ရက်တွေကျ မိတ်လိုက်ပီး သားအိမ်ပြည်တည်နာ ဖြစ်ရတဲ့အကြောင်းရင်းကို page မှာ တင်ပေးပါအုံးမယ်ရှင်...

============================

🧑‍⚕️ အခုလို ယုံကြည်စွာနဲ့ ကလေးလေးတွေကို ခွဲစိတ်ခွင့်ပေးလို့ ကျေးဇူးတင်ပါတယ်ရှင့်🙏။

ဆေးခန်းလိပ်စာကတော့....👇

🏥အမှတ်(၈၀-ဘီ)၊ဗဟိုလမ်းနှင့် ဆီဆုံလမ်းထောင့်၊ကိုးထပ်ကြီးဘုရားအနီး၊စမ်းချောင်းမြို့နယ်၊ရန်ကုန်

☎️09-7777 567 95
☎️09-946 946 996
☎️09-400 777 137

⏰Open daily -9 AM to 12 PM

-3 PM to 8 PM

🏠House call available...

🐕 ခွေးထီးလေးတွေကို ဘာ့ကြောင့် သင်းသင့်သလဲ?သူတို့ရဲ့ နောင်ရေး၊ကျန်းမာရေးကို ရှေးရှုပြီး မျိုးဆက်ယူဖို့ အစီအစဥ်မရှိဘူးဆိုရ...
12/04/2023

🐕 ခွေးထီးလေးတွေကို ဘာ့ကြောင့် သင်းသင့်သလဲ?

သူတို့ရဲ့ နောင်ရေး၊ကျန်းမာရေးကို ရှေးရှုပြီး မျိုးဆက်ယူဖို့ အစီအစဥ်မရှိဘူးဆိုရင် သင်းလိုက်တာ သူတို့အတွက် အကောင်းဆုံးပါ။ကျန်းမာရေးအရရော၊ လူမှုရေးအရပါ အရမ်းကို အကျိုးများပါတယ်။

ခွေးထီးလေးတွေကို သင်းကွတ်လိုက်မယ်ဆိုရင်...

👉 ရန်မူတာတွေ နည်းသွားလိမ့်မယ်။
ခွေးအချင်းချင်းဖြစ်စေ၊ လူကိုဖြစ်စေ၊ ဟောင်တာ၊ကိုက်တာ၊ ရန်မူတာတွေ နည်းသွားပါလိမ့်မယ်။ရိုင်းစိုင်းတဲ့ အမူအကျင့်တွေ ကိုယ့်ရဲ့စကားကို နားမထောင်တာတွေ လျော့နဲသွားပါလိမ့်မယ်။

👉 ဟောင်တာ အူတာ ဆူညံတာတွေ နည်းသွားပါလိမ့်မယ်။
ခွေးထီးလေးတွေဟာ သူတို့ရဲ့ မိတ်လိုက်ရာသီမှာဆိုရင် ဟော်မုန်းအပြောင်းအလဲကြောင့် မိန်းမလိုချင်ပါလိမ့်မယ်။ဒါကြောင့် ဟောင်တာ အူတာတွေ အရမ်းများပါတယ်။ဆူညံတာကြောင့် ပတ်ဝန်းကျင်ကို စိတ်အနှောက်အယှက်ဖြစ်စေပါတယ်။ကြိုတင်ကာကွယ်သောအားဖြင့် စောစောစီးစီး သင်းထားလိုက်မယ်ဆိုရင် အမလေးတွေကို စိတ်မဝင်စားတော့တာကြောင့် ဟောင်တာ အူတာတွေ လျော့ကြသွားမည့်အပြင် အမရှိတဲ့ဆီကို သွားချင်စိတ် မရှိတာကြောင့် အိမ်မှာပဲ အေးအေးဆေးဆေး အန္တာရာယ်ကင်းစွာ နေနိုင်ပါလိမ့်မယ်။

👉 နေရာအနှံ့ ရှူးပန်းတာတွေ လျော့ကျသွားလိမ့်မယ်။
နေရာအနှံ့ရှူးပန်းတာ တကယ့်ကို စိတ်အနှောက်အယှက်ဖြစ်စေတဲ့ ပြသနာ တစ်ခုပါ။ဒါကြောင့် သင်းလိုက်မယ်ဆိုရင် ဟိုစပ်စပ် ဒီစပ်စပ် ရှူးပန်းတာတွေ လျော့ကျသွားပါလိမ့်မယ်။

👉 အထီးလေးတွေမှာ Testicular Tumour လို့ခေါ်တဲ့ ဝှေးစေ့ကင်ဆာ ဖြစ်နိုင်ပါတယ်။ဒါကြောင့် သင်းကွတ်လိုက်ခြင်းအားဖြင့် ဝှေးစေ့ကင်ဆာ မဖြစ်အောင် ကာကွယ်ပြီးသား ဖြစ်သွားပါတယ်။

👉 ငယ်ရွယ်တဲ့အချိန် စောစောစီးစီး သင်းကွတ်လိုက်မယ်ဆိုရင် သာမန်ခွေးတွေထက် ကြီးထွားနှုန်း ပိုမြန်မယ်။ပိုပြီး သန်မာမယ်။အရိုးတွေ ပိုပြီးခိုင်မာလာမယ်။အရပ်လည်း ပိုရှည်လာမယ်။

ဒါကြောင့် မျိုးဆက်ယူဖို့ အစီအစဥ်မရှိဘူးဆိုရင် ကျန်းမာရေးအတွက်၊သူတို့အတွက် ရှေ့ရေးကို ရှေးရှုပြီး သင်းကွတ်ခြင်းကို ပြုလုပ်သင့်ပါကြောင်း အကြံပြုလိုပါတယ်။

အောက်က အာဝုလေး(၃)ကောင်ကတော့ မနေ့က ကျွန်တော်တို့ ဆေးခန်းမှာ သင်းကွတ်ပေးလိုက်တဲ့ ကလေးလေးတွေရဲ့ ပုံလေး‌တွေပါ။

==============================

🧑‍⚕️ အခုလို ယုံကြည်စွာနဲ့ ကလေးလေးတွေကို ခွဲစိတ်ခွင့်ပေးလို့ ကျေးဇူးတင်ပါတယ်ရှင့်🙏။

ဆေးခန်းလိပ်စာကတော့....👇

🏥အမှတ်(၈၀-ဘီ)၊ဗဟိုလမ်းနှင့် ဆီဆုံလမ်းထောင့်၊ကိုးထပ်ကြီးဘုရားအနီး၊စမ်းချောင်းမြို့နယ်၊ရန်ကုန်

☎️09-7777 567 95
☎️09-946 946 996
☎️09-400 777 137

⏰Open daily -9 AM to 12 PM

-3 PM to 8 PM

🏠House call available...

Address

ဗဟိုလမ်းနှင့်ဆီဆုံလမ်းထောင့်၊ကိုးထပ်ကြီးဘုရားအနီး၊စမ်းချောင်းမြို့နယ်၊ရန်ကုန်
Yangon
951

Opening Hours

Monday 09:00 - 20:00
Tuesday 09:00 - 20:00
Wednesday 09:00 - 20:00
Thursday 09:00 - 20:00
Friday 09:00 - 20:00
Saturday 09:00 - 20:00
Sunday 09:00 - 20:00

Telephone

+959777756795

Website

Alerts

Be the first to know and let us send you an email when Forever Veterinary Surgery-ထာဝရ တိရစ္ဆာန်အထူးကုဆေးခန်း-Since 2011 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share

Category


Other Pet Services in Yangon

Show All