Pet Lover Bumar

Pet Lover Bumar Pet loverအချင်းချင်းရိုင်းပင်းကြရန်နှင်?

15/06/2022
For saleအမွှေးရှည် Polar1pic = 80006pic= 35000 (ygn)09956633639
15/06/2022

For sale
အမွှေးရှည် Polar
1pic = 8000
6pic= 35000 (ygn)
09956633639

10/02/2022


Vday လဲနီးပြီနော် ညီကိုတို့ရေ Vday အတွက် Surprise Gift ကောင်လေးကိုပဲပေးပေး ကောင်မလေးကိုပဲပေးပေး လာမှာလို့ရတယ်နော်
။ချစ်စရာ polar အမွှေးရှည် သားခွဲလေးတွေရောင်းပေးမယ်နော် ။ စျေးကတော့ video လေးတွေရဲ့အောက်လေးတွေမှာရေးပေးထားပါတယ်ဗျ။
ရန်ကုန်မြိုအတွင်း အိမ်အရောက်deilပို့ပေးသလိုနယ်က ဘော်ဘော်တို့ကိုလဲကားတင်ပေးပါတယ်နော် ။

Chat box or Phone
09-756541879 || ကြည့်မြင်တိုင်မြို့နယ်

23/01/2022

🔳 ဆဋ္ဌမ​မြောက် အစုလိုက်အပြုံလိုက်မျိုးသုဉ်းခြင်းဖြစ်စဉ် စတင်နေပြီဖြစ်ကြောင်း သိပ္ပံပညာရှင်များက ဆိုပါတယ်။
ကမ္ဘာပေါ်မှာ အစုလိုက်အပြုံလိုက်မျိုးသုဉ်းခြင်းဖြစ်စဉ် ၅ကြိမ်အထိဖြစ်ပွားခဲ့ဖူးပြီး နောက်ဆုံးတစ်ကြိမ်ဖြစ်ခဲ့တာကတော့ လွန်ခဲ့တဲ့နှစ်ပေါင်း ၆၆သန်းအကြာကဖြစ်ပွားခဲ့တဲ့ ဒိုင်နိုဆောတွေအ​ပြီးတိုင်မျိုးသုဉ်းခဲ့ရတဲ့ဖြစ်စဉ်ပါ။ ဒီဖြစ်စဉ်ကိုဖြစ်ပွားစေခဲ့တာကတော့ အားလုံးသိတဲ့အတိုင်းပဲ ၉မိုင်အရွယ်ရှိတဲ့ဥက္ကာခဲတစ်လုံး ကမ္ဘာကိုဝင်ရောက်တိုက်ဆောင့်မိရာကနေ ဒိုင်နိုင်ဆောတွေအပါအဝင် ကမ္ဘာပေါ်ကသက်ရှိအားလုံးရဲ့ထက်ဝက်လောက်ကို မျိုးသုဉ်းစေခဲ့ပါတယ်။ ယခုအခါမှာလည်း -

တောရိုင်းတိရိစ္ဆာန်တွေနဲ့ မသင့်တော်တဲ့ လူသားတွေရဲ့နယ်မြေချဲ့ထွင်အခြေချမှုတွေနဲ့ ရာသီဥတုပြောင်းလဲမှုတွေကြောင့် တောရိုင်းတိရိစ္ဆာန်မျိုးသုဉ်းလာမှုနှုန်းထားဟာ စိုးရိမ်ရေအမှတ်ကိုရောက်ရှိနေခဲ့တာ ဆယ်စုနှစ်အနည်းငယ်ရှိနေခဲ့ပြီဖြစ်ပြီး လာမယ့်နှစ်၂၀အတွင်းမှာ ကုန်းနေသတ္တဝါအမျိုးအစားပေါင်း ရာနဲ့ချီပြီး မျိုးသုဉ်းပျောက်ကွယ်သွားလိမ့်မယ်လို့ နိုင်ငံတကာသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ကပြုလုပ်တဲ့ သုတေသနတစ်ခုအရ သိရှိရပါတယ်။ သတ္တဝါတွေ မျိုးသုဉ်းနှုန်းမြင့်မားလာနေတဲ့ကိစ္စက လူတိုင်းသိတာပဲမို့လို့ ဘာမှသိပ်မထူးဆန်းပေမယ့် ဒီလေ့လာချက်အသစ်ကနေသိရှိလိုက်ရတဲ့ ပိုပြီးစိုးရိမ်စရာကောင်းတဲ့အချက်က ကျွန်တော်တို့ရဲ့ကမ္ဘာကြီးဟာ ဆဌမမြောက်အစုလိုက်အပြုံလိုက်မျိုးသုဉ်းခြင်းဖြစ်စဉ်ရဲ့ နှုတ်ခမ်းဝနားလေးကိုရောက်နေတာဖြစ်နိုင်ကြောင်း သိရှိလာရခြင်းပဲဖြစ်ပါတယ်။

တစ်ကမ္ဘာလုံးအတိုင်းအတာအနေနဲ့ ကုန်းနေသတ္တဝါမျိုးစိတ်ပေါင်း၅၀၀ကျော်ဟာ မျိုးသုဉ်းပျောက်ကွယ်သွားဖို့အတွက် အလွန်နီးစပ်နေပြီဖြစ်ပြီး လာမယ့်နှစ်၂၀အတွင်းမှာ ကမ္ဘာပေါ်ကနေ အပြီးအပိုင် ပျောက်ကွယ်သွားကြတော့မှာပဲဖြစ်ပါတယ်။ ကုန်းနေကျောရိုးရှိသက်ရှိမျိုးစိတ်ပေါင်း ၂၉၀၀၀အပေါ် သုတေသနပြုလေ့လာထားတဲ့ ဒီသုတေသနစာတမ်းကို "Proceedings of the National Academy of Sciences"အမည်ရ သိပ္ပံဂျာနယ်မှာ ဖော်ပြခဲ့တာဖြစ်ပါတယ်။ သူတို့ရဲ့ခန့်မှန်းချက်အရ နှစ်၂၀အတွင်းမျိုးသုဉ်းမယ်လို့ဆိုပေမယ့်လည်း လူသားတွေဆီကနေ ဆိုးကျိုးသက်ရောက်မှုတွေ သူတို့အပေါ်မသက်ရောက်ဘူးဆိုရင်တော့ နှစ်ပေါင်းထောင်နဲ့ချီပြီးတော့လည်း ကြာရှည်ခံနိုင်သေးကြောင်း ခန့်မှန်းထားပါတယ်။

သိပ္ပံပညာရှင်တွေရဲ့ခန့်မှန်းချက်အဆိုအရ ကမ္ဘာပေါ်မှာရှိခဲ့ဖူးတဲ့ သတ္တဝါတွေရော အပင်တွေပါအပါအဝင် သက်ရှိမျိုးစိတ်တွေအားလုံးရဲ့ ၉၉.၉ရာခိုင်နှုန်းလောက်ဟာ မျိုးသုဉ်းပျောက်ကွယ်သွားခဲ့ကြပြီးပြီဖြစ်ကြောင်း သိရပါတယ်။ ကမ္ဘာဂြိုဟ်ရဲ့ သဘာဝဂေဟစနစ်ဟာ ပုံမှန်ပြောင်းလဲဖြစ်ပေါ်နေလေ့ရှိတာကြောင့် အဲဒီလို သဘာဝပတ်ဝန်းကျင်အခြေအနေပြောင်းလဲခြင်းတွေဟာ သတ္တဝါမျိုးစိတ်အဟောင်းတချို့ကို တဖြည်းဖြည်းဖြည်းပျောက်ကွယ်သွားစေခဲ့ပါတယ်။ ဒီလိုသဘာဝဂေဟစနစ်ပုံမှန်ပြောင်းလဲနေရာမှာ တဖြည်းဖြည်းချင်းပြောင်းလဲမှုတွေက သက်ရှိတွေကိုပါ ဆင့်ကဲပြောင်းလဲလာစေနိုင်ပေမယ့် ရုတ်တရက်ရုတ်ချည်းဖြစ်ပေါ်လာတဲ့ မမျှော်လင့်တဲ့အပြောင်းလဲတွေကတော့ ကမ္ဘာပေါ်ကသတ္တဝါအများစုကို အချိန်တိုအတွင်းကန်ထုတ်လိုက်သလိုတွေဖြစ်ဖြစ်သွားတတ်ပါတယ်။

ကမ္ဘာကြီးရဲ့သမိုင်းတစ်လျှောက်မှာ အခုလိုဖြစ်စဉ်ကြီး ၅ခုဖြစ်ပွားခဲ့ဖူးပြီး လက်ရှိမှာတော့၆ခုမြောက်အစုလိုက်အပြုံလိုက်မျိုးသုဉ်းခြင်းဖြစ်စဉ်ထဲကို ရောက်နေပြီလို့တောင် ပြောလို့ရပါတယ်။ အဆိုပါ အစုလိုက်အပြုံလောက်မျိုးသုဉ်းခြင်းဖြစ်စဉ်၅ခုကြောင့် သက်ရှိမျိုးစိတ်စုစုပေါင်းရဲ့ ၇၅ရာခိုင်နှုန်းကနေ ၉၀ရာခိုင်နှုန်းကြားပမာဏလောက် မျိုးသုဉ်းပျောက်ကွယ်ခဲ့ကြပြီးဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ ပြင်းထန်တဲ့အစုလိုက်အပြုံလိုက်မျိုးသုဉ်းမှုဖြစ်စဉ်၅ခုဖြစ်ခဲ့ပြီးဖြစ်ပေမယ့် ဒီတစ်ခါ၆ခုမြောက်ဖြစ်စဉ်ကတော့ သိပ်ပြီးတော့ စိုးရိမ်စရာအနေအထားမရှိတဲ့ပုံတော့ရပါတယ်။ ဒါပေမယ့်လည်း တောရိုင်းတိရိစ္ဆာန်မျိုးသုဉ်းပျောက်ကွယ်နှုန်းဟာ လူ့သက်တမ်းတစ်ခုစာအတွင်းမှာတင်ပဲ အရမ်းသိသာလွန်းနေတာကြောင့် နည်းနည်းတော့စိုးရိမ်စရာရှိနေပါတယ်။

စုဆောင်းထားတဲ့အချက်အလက်တွေအရ ကုန်းနေသတ္တဝါမျိုးစိတ်ပေါင်း ၇၇မျိုးဟာ အကောင်ရေစုစုပေါင်းရဲ့ ၉၄ရာခိုင်နှုန်းကို ပြီးခဲ့တဲ့နှစ်ပေါင်း၁၀၀လောက်ကာလအတွင်းမှာတင် ဆုံးရှုံးခဲ့ရကြောင်း သိရပါတယ်။ ဒါဟာ လာမယ့်နှစ်အနည်းငယ်အတွင်းမှာ မျိုးသုဉ်းမှုတွေဆက်တိုက်ဖြစ်လာတော့မယ်ဆိုတာကိုညွှန်ပြနေရာလည်းရောက်ပြီး ရလာဒ်အနေနဲ့ သဘာဝဂေဟစနစ်အပေါ်ကို ကြီးကြီးမားမားထိခိုက်လာမှာပါ။ ဂေဟစနစ်ကိုထိခိုက်လာရင် ကျွန်တော်တို့လူသားတွေကိုလည်း အနည်းနဲ့အများ သေချာပေါက်ရိုက်ခတ်လာမှာပဲဖြစ်ပါတယ်။ မျိုးသုဉ်းခြင်းတစ်ခုဟာ နောက်ထပ်နောက်ထပ်သောမျိုးသုဉ်းခြင်းတွေကို ဖြစ်ပေါ်စေမှာဖြစ်ပြီး အခြားသက်ရှိတွေအပေါ် အမှီပြုနေရတဲ့ ကျွန်တော်တို့လိုသက်ရှိတွေဟာလည်း ဒီမျိုးသုဉ်းခြင်းတွေရဲ့အကျိုးဆက်အနေနဲ့ လိုက်လံမျိုးသုဉ်းကြတာမျိုးတွေဖြစ်လာနိုင်ကြောင်းကိုလည်း ပညာရှင်တွေက သတိပေးထားပါတယ်။

မျိုးသုဉ်းပျောက်ကွယ်တော့မယ့် ရှားပါးသတ္တဝါထဲမှာ ဧရာဝတီလင်းပိုင်တွေလည်း အပါအဝင်ဖြစ်ပြီး ၂၀၂၀ခုနှစ်စစ်တမ်းအရ အကောင်ရေ၇၀အောက်သာ ရှိနိုင်တော့တယ်လို့ သိရပါတယ်။ ဒါကြောင့် ဒုံးပျံတွေ၊ အာကာသယာဉ်တွေ၊ ဂြိုဟ်တွေ၊ ကြယ်တာရာတွေ၊ အခြားဂြိုဟ်ပေါ်ပြောင်းရွှေ့အခြေချတာတွေအကြောင်း ဆွေးနွေး၊ တိုင်ပင်၊ ကြိုးပမ်းနေကြတဲ့တစ်ပြိုင်တည်းမှာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုတွေနဲ့အတူ ကမ္ဘာကြီးကိုလည်း ပြန်လည်ပြင်ဆင်နေဖို့လိုအပ်ပါတယ်။ ဒီလိုပြောလို့ ကမ္ဘာကိုပဲအရင်အာရုံစိုက်ပါလားဆိုလို့လည်း မရပြန်ပါဘူး။ ဘာလို့လဲဆိုတော့ ဒိုင်နိုဆောတွေမျိုးသုဉ်းစေခဲ့တဲ့အဖြစ်အပျက်မျိုးနဲ့သာ ကျွန်တော်တို့ကြုံတွေ့လာရမယ်ဆိုရင်တော့ ကျွန်တော်တို့ပြင်ဆင်ခြယ်သထားတဲ့သဘာဝပတ်ဝန်းကျင်ကလည်း ကျွန်တော်တို့ကို ကယ်တင်ကာကွယ်ပေးနိုင်မှာမဟုတ်ပါဘူး။ ကမ္ဘာတစ်ခုတည်းကိုလေ့လာလို့မပြီးမချင်း တခြားဘာကိုမှဆက်မလေ့လာတော့ပဲ ထိုင်စောင့်နေလို့လည်းအဆင်မပြေပြန်ပါဘူး။ ဒါကြောင့် ကိုယ်ဝါသနာပါရာကိုဘဲ လွတ်လွတ်လပ်လပ်ရွေးချယ်ပြီး တစ်ကမ္ဘာလုံးအတိုင်းအတာအနေနဲ့ အခြေအနေတွေမျှတနေရင် အဆင်ပြေပါပြီ။ ကျွန်တော်တို့လို သာမာန်လူတွေအနေနဲ့လည်း နေ့စဉ်ဘဝလုပ်ဆောင်ချက်တွေထဲမှာကို သဘာဝပတ်ဝန်းကျင်အပေါ် အကျိုးပြု/အကျိုးယုတ်စေတာတွေကို ပြုလုပ်နေလေ့ရှိတာကြောင့် ကျွန်တော်တို့တစ်ဦးတစ်ယောက်ချင်းစီတိုင်းကလည်း ကမ္ဘာကြီးကိုထိုင်ဖျက်စီးနေနိုင်သလို ကယ်တင်မှုတွေလည်းလုပ်နေနိုင်ပါတယ်။ ကမ္ဘာကြီးကိုကယ်တင်ဖို့ရာ Super Hero ဖြစ်နေဖို့မလိုအပ်ပါဘူး။

SOURCE : EN.AS.COM

BY HTTPS://MMSCIENCEPLATFORM



𝗶𝗻𝗻𝗲𝗿 𝗶𝗺𝗮𝗴𝗲 : via SCIEFIED.COM

𝗯𝗮𝗰𝗸𝗴𝗿𝗼𝘂𝗻𝗱 𝗶𝗺𝗮𝗴𝗲 : NATIONALGEOGRAPHIC.COM

𝗶𝗺𝗮𝗴𝗲 𝗱𝗲𝘀𝗰𝗿𝗶𝗽𝘁𝗶𝗼𝗻 : ဒိုင်နိုင်ဆောများကို မျိုးသုဉ်းစေခဲ့သည့် ဥက္ကာခဲကျရောက်ပေါက်ကွဲမှုကို သရုပ်ဖော်ထားပုံ။

သင်းခွေချက် For sale (yangon)
11/11/2021

သင်းခွေချက် For sale (yangon)

🏖️🏖️ ယနေ့ ငွေဆောင်ကမ်းခြေ ကမ်းဆွဲပိုက်တွင် ရှားပါး ငါးလိပ်ကျောက် တစ်ကောင်တွေ့ရှိ။🏖️🏖️🏖️Photo Crd ;edit - အသက်ရှင်နေသေးပါ...
23/10/2021

🏖️🏖️ ယနေ့ ငွေဆောင်ကမ်းခြေ ကမ်းဆွဲပိုက်တွင် ရှားပါး ငါးလိပ်ကျောက် တစ်ကောင်တွေ့ရှိ။🏖️🏖️🏖️

Photo Crd ;
edit - အသက်ရှင်နေသေးပါသ၍ ရေထဲသို့ပြန်လှယ်လွှတ်ပေးခဲ့ပါပြီ။

Stickerလေးနဲ့ လိပ်လှလှလေးတွေလား 😕ကျောအခွံမှာStickerကပ်ပီး သွင်းတဲ့လိပ်လေးတွေ အဲ့လိပ်လေးတွေကြီးတဲ့အခါ အဲ့Stickerတွေကြောင့...
17/09/2021

Stickerလေးနဲ့ လိပ်လှလှလေးတွေလား 😕
ကျောအခွံမှာStickerကပ်ပီး သွင်းတဲ့လိပ်လေးတွေ
အဲ့လိပ်လေးတွေကြီးတဲ့အခါ အဲ့Stickerတွေကြောင့် အခွံလေးတွေလိပ်ပီး အတော်သနားစရာကောင်းတဲ့ပုံစံဖြစ်သွားပါတယ်
အဲ့လိပ်လေးတွေကို ဘယ်သူက Stickerကပ်ပေးလိုက်တာလဲ😕
ထုံးစံတိုင်းပါပဲ Made in CHINA ပါ😤
ဒါကြောင့်
ကျနော်နဲ့ စီးပွားတူအရောင်းအဝယ်သမား ညီအကိုများအနေဖြင့် ယခုကဲ့သို့လိပ်များကို တင်သွင်းရောင်းချခြင်းထပ်မံမပြုလုပ်ကြပါရန် ကျနော်မှမေတ္တာရပ်ခံချင်ပါတယ်ခင်ဗျာ🙏🏽(ပုံမှန်သဘာဝတိုင်း လိပ်ပါးနီများကို မဆိုလိုပါ)
ဝါသနာရှင် ညီအကိုမောင်နှမများအနေဖြင့်လဲ ဝယ်ယူမွေးမြူခြင်းများကို ရှောင်ကြဉ်ပေးကြပါခင်ဗျာ
အကောင်လေးကြီးလားလို့ သံယောဇဉ်ဖြစ်တဲ့ချိန် လိပ်ကလေးဟာ ဒုက္ခိတဘဝရောက်နေတာကို ဘယ်ဝါသနာရှင်မျိုးကမှ နှစ်သက်မှာမဟုတ်ပါဘူး☹️

ပုံပါလိပ်တွေက ကျနော့ညီကို သူ့မိတ်ဆွေတဦးက ပေးတာလို့ပြောပါတယ်
ယခုpostဟာ မည်သူတဦးတယောက်​၏ စီးပွားရေးကိုမျှထိခိုက်စေလိုခြင်းမဟုတ်ကြောင်း ကျွန်ုပ်​၏အသက်ဖြင့် သစ္စာဆိုအပ်ပါသည်။

14/09/2021
လေ့လာလို့ရအောင် ဖွတ်အအမျိုးအစားလေးတွေရှာဖွေတင်ပေးလိုက်ပါတယ်။1.Varanus komodoensis (Komodo Dragon) --> NTT2.V. panoptes h...
09/09/2021

လေ့လာလို့ရအောင် ဖွတ်အအမျိုးအစားလေးတွေရှာဖွေတင်ပေးလိုက်ပါတယ်။

1.Varanus komodoensis (Komodo Dragon) --> NTT
2.V. panoptes horni (Sand Goanna/ Argus Monitor) --> Papua.
3.V. nebulosus (Clouded Monitor) --> Jawa Timur.
4.V. dumerilii (Dumeril's Monitor)
5.V. rudicollis (Black Roughneck Monitor) --> Sumatera & Kalimantan.
6.V. indicus (Mangrove Monitor) --> Papua.
7.V. cerambonensis (Ceram Mangrove Monitor) --> Maluku (Seram & Ambon).
8.V. rainerguentheri (Rainer's Monitor) --> Maluku (Halmahera).
9.V. doreanus (Blue-tailed Monitor) --> Papua.
10.V. caerulivirens (Turquois Monitor) --> Maluku (Halmahera).
11.V. jobiensis (Peach Throat Monitor) --> Papua.
12.V. melinus (Quince Monitor) --> Maluku (Obi & Sula).
13.V. yuwonoi (Tri-colored Monitor) --> Maluku (Halmahera).
14.V. zugorum (Olive Monitor) --> Maluku (Halmahera).
15.V. lirungensis (Lirung Monitor) --> Maluku (Talaud).
16.V. obor (Torch Monitor/ Sago Monitor) --> Maluku (Sanana).
17.V. prasinus (Emerald Tree Monitor) --> Papua.
18.V. reisingeri (Yellow Tree Monitor/ Reisinger's Monitor) --> Papua (Misool, Raja Ampat).
19.V. kordensis (Korden's Monitor) --> Papua (Biak).
20.V. macraei (Blue-spotted Tree Monitor) --> Papua (Raja Ampat).
21.V. boehmei (Golden-spotted Tree Monitor) --> Papua (Waigeo)
22.V. beccarii (Black Tree Monitor) --> Papua (Aru).
23.V. timorensis (Timor Monitor) --> Timor.
24.V. auffenbergi (Peacock Monitor) --> Rote.
25.V. similis (Grey-spotted Tree Monitor) --> Papua.
26.V. salvadorii (Crocodile Monitor/ Tree Crocodile) --> Papua.
27.V. salvator bivittatus (Asian Water Monitor) --> Jawa, Bali, Nusa Tenggara.
28.V. togianus [Togian (Black) Water Monitor] --> Sulawesi (Togian).
29.V. salvator ssp. (Sulfur Water Monitor) --> Jawa (???).
30.V. salvator ssp. (Sulawesi Spotted Water Monitor) --> Sulawesi.
31.V. salvator ssp. (Black Dragon Water Monitor) --> Sumatera (Lampung).
32.V. salvator ssp. (Moluccas Water Monitor).
33.V. salvator ziegleri --> Obi dan pulau2 sekitarnya.
34.V. salvator macromaculatus --> Sumatera dan Kalimantan.

Source : Google
Crd photo: google

နည်းနည်းလေးပြောပြီနော် ၊ စစ်ဖြစ်ပြီးတိုက်ပြီခိုက်ပြီဘာညာပြောနေတော့ ပြေးမယ်လွှားမယ်ဆိုတဲ့လူတွေရယ် ၊ပုန်းမယ်အောင်မယ် ၊စုမယ...
07/09/2021

နည်းနည်းလေးပြောပြီနော် ၊ စစ်ဖြစ်ပြီးတိုက်ပြီခိုက်ပြီဘာညာပြောနေတော့ ပြေးမယ်လွှားမယ်ဆိုတဲ့လူတွေရယ် ၊ပုန်းမယ်အောင်မယ် ၊စုမယ်ဆောင်းမယ် ဆိုတဲ့လူတွေပေါ်လာပြန်ရော တကယ်ပြေးပြီ ဆိုကိုယ်တကယ်ချစ်တဲ့တိရစ္ဆာန်ကိုယ့်နဲ့အတူပါလာဖို့ပဲ ဘယ်လိုနည်းနဲ့ပဲသယ်သယ်ကွာ ၊ #ဘာလုပ်ချင်တာလဲ အဓိကကပိုင်ရှင်ကမင်းပဲ သယ်မှာလား လွှတ်မှာလား ဒီနှစ်လမ်းပဲရှိတယ် ။ သယ်မယ်ဆိုရင် တော့ လိုလာပြီ cageတစ်ခုကတော့ ဟန်းစတားယုန်ဘာညာလောက်ကတော့ ခြင်းတောင်းလောက်နဲ့ထည့်လဲရတယ်သေးသေးမွှားမွှားလေးတွေ အဲ့တော့ လာပြီး
Falconer သမားတွေ ကတော့ငှက်ကိုလက်ပေါ်တင်ခေါ်သွားကြပေါ့ ဒါမှမဟုတ် falconထည့်တဲ့boxဘာညာရှိပါတယ် အဲ့ထဲထည့်ခေါ်ကြပေါ့ တစ်ကောင်နှစ်ကောင်လောက်ကတော့အဆင်ပြေသွားပြီး အရေတွက်များရင်တော့လွှတ်ပေးလိုက်ကြပေါ့ဒီနည်းပဲရှိတော့တယ် ။ reptileသမားတွေကလဲ မြွေဘာညာဆိုရင် ဘူးတွေနဲ့ထည့်ခေါ်ကြပေါ့ iguanaလိုကောင်မျိုးကိုတော့ဘယ်လိုcageနဲ့ထည့်ခေါ်ရမလဲလာမမေးနဲ့ igဆိုလွှတ်ပေးလိုက် အဲ့မသာတွေက အကုန်စားတက်တယ် မသေဘူး လွှတ်ထားလို့ အပြင်နေရောင်နဲ့ဆို colourတောင်ပိုစိုပြေသွားဦးမယ် ၊ အသားစားပိုင်းမွေးတဲ့သူတွေလဲ funcy miceဘာညာကိုအရင်ထပ်ပိုဝယ်ပြီးဆောင်ထားကြဗျာ တချို့အကောင်တွေလွှတ်ပေးတဲ့ နေရာမှာလဲကာလံဒေသံနဲ့ညီအောင်လုပ်ပေးနော် ကြက်တူရွေး လိုကောင်မျိုးကိုမြို့ထဲမှာလွှတ်ကြည့်ပါလား ကျီးထိုးလို့၂ရက်မခံဘူး ၊ elongated tortois လိုကောင်မျိုးကိုလဲရေထဲမလွှတ်ကြနဲ့ဦး ခဗျာတို့မှာလဲ ဘရိန်း ရှိတာပဲ စဥ်းစားကြပေါ့ ။ အခုမဖြစ်သေးတဲ့ဟာတွေကိုလဲတွေးပြီးဆွေးပူမနေနဲ့ဦး ရာသီဥတုအေးနေပြီ ကိုယ့်အကောင်တွေကိုဂရုစိုက်ကြဦး။

SlothSloth စလော့ ကောင်လေးများဟာ ကိုယ်လက် လှုပ်ရှားမှု နှေးကွေး လေးလံရာမှာ နာမည်ကြီးပါတယ်။ဒါပေမယ့် ၎င်းတို့ဟာ စူးစမ်းလိုစ...
04/09/2021

Sloth

Sloth စလော့ ကောင်လေးများဟာ ကိုယ်လက် လှုပ်ရှားမှု နှေးကွေး လေးလံရာမှာ နာမည်ကြီးပါတယ်။

ဒါပေမယ့် ၎င်းတို့ဟာ စူးစမ်းလိုစိတ် ပြင်းထန်ပြီး ကစားတာကို သဘောကျတတ်တဲ့ သတ္တဝါတွေ ဖြစ်တာ လူအများစုက သတိမထား မိကြပါဘူး။

ဘရာဇီး နှင့် ပနားမား မှာ ကျင်လည်ကျင်စားတဲ့ မျိုးစိတ်ပေါင်း ၆ ခုလောက်ရှိတဲ့ စလော့ တွေဟာ အခြားသတ္တဝါများကို အန္တရာယ် မပြုကြပါဘူး။

စလော့ကောင်လေးတွေဟာ တသီးတခြား နေလေ့ရှိကာ ၎င်းတို့၏ ဘဝ အချိန် တော်တော်များများကို သစ်ပင်ပေါ်မှာသာ ကုန်ဆုံး ကြလေ့ရှိတာပါ။

HowStuffWorks တွင် ဖော်ပြထားသည့် အချက်အလက်များအရ စလော့များ၏ နှေးကွေးရတဲ့ အကြောင်းဟာ ၎င်းတို့၏ စားသောက်မှု နှင့် ဇီဝ ဖြစ်စဉ်ကြောင့်လို့ သိရပါတယ်။

အလယ်ပိုင်းနှင့် တောင်အမေရိက သစ်တောများရှိ စပျစ်ပင်များ၏ အရွက်များ၊ အသီးများ နှင့် အဖူးများကို စလော့များဟာ စားသောက်လေ့ ရှိပါတယ်။

အဆီ သို့မဟုတ် ပရိုတင်းဓာတ် မရှိသဖြင့် စလော့များဟာ သက်တောင့် သက်သာနေခြင်းဖြင့် ၎င်းတို့၏ စွမ်းအင်ကို ချွေတာလေ့ ရှိကြပါတယ်။

ပျမ်းမျှအားဖြင့် စလော့များဟာ တရက်လျှင် ၁၂၅ ပေခန့် ရွေ့လျားခြင်း သို့မဟုတ် သစ်ပင် တက်ခြင်းများ ပြုလုပ်လေ့ ရှိပါတယ်။ မြေပြင်ပေါ်မှာတော့ တပေ ရွှေ့နိုင်ဖို့ကို တ မိနစ်လောက် အချိန်ယူရပါတယ်။

စလော့များတွင် ရှေ့သွားတွေ မပါဝင်တဲ့အတွက် အရွက်များကို နှုတ်ခမ်းကို အသုံးပြုကာ ခူးယူ စားသောက်ကြရပါတယ်။ စလော့များ၏ ဇီဝ ဖြစ်စဉ်နှုန်းဟာ နို့တိုက် သတ္တဝါ တော်တော်များများထက် ၄၀ မှာ ၄၅ ရာခိုင်နှုန်း ပိုနှေးပါတယ်။

ကယ်လိုရီ စားသုံးမှု နည်းပါးတဲ့အတွက် လောင်ကျွမ်းရန် စွမ်းအင် အနည်းငယ်သာရှိတဲ့အတွက် များသောအားဖြင့် လှုပ်ရှားမှု နည်းပါး ကြပါတယ်။

တနေ့လျှင် ၁၅ နာရီလောက် အိပ်စက်လေ့ရှိပြီး ခန္ဓာကိုယ် အပူချိန်ကို ၈၆ ဒီဂရီ ဖာရင်ဟိုက်မှ ၉၃ ဒီဂရီ ဖာရင်ဟိုက်အကြားမှာ ထိန်းထားဖို့ အရိပ်ရသည့် နေရာများတွင် နေလေ့ ရှိပါတယ်။

ဒါပေမယ့် မလှုပ်ရှားတာဟာ အားမရှိတာတော့ မဟုတ်ပါဘူး။ စလော့များဟာ သစ်ကိုင်းများပေါ်တွင် တွဲလောင်းခိုပြီး ၄ နာရီလောက် နေနိုင်ကြတဲ့အတွက် ၎င်းတို့ဟာ သက်လုံ ကောင်းတယ်ဆိုတာ ပြသနေပါတယ်။

ဒါ့အပြင် စလော့များဟာ အံ့ဩစရာ ကောင်းလောက်အောင် ရေကူး ကျင်လည် ကြပါတယ်။

စလော့တွေဟာ များသောအားဖြင့် သစ်ပင်ပေါ်တွင် အချိန်ဖြုန်းတတ်ကြလို့ သားကောင်တွေ ရန်ကို ရှောင်ရှားဖို့ရာ လျှင်မြန်တဲ့ ရွေ့လျားမှုလည်း မလိုအပ်တော့ပါဘူး။

၎င်းတို့ နေထိုင်မှု ဘဝအတွက် ပြသနာတခုတော့ ရှိပါတယ်။ အဲဒါကတော့ မစင် စွန့်တဲ့ အချိန်ပဲ ဖြစ်ပါတယ်။ အစားအသောက် စားသုံးမှု နည်းပါးတဲ့အတွက် စလော့များဟာ တပတ်လျှင် တကြိမ်သာ မစင်စွန့်လေ့ရှိပါတယ်။

အဲဒီ့အချိန်ကတော့ စလော့များအတွက် ရေရေလည်လည် စိတ်ဖိစီးစရာပါ။ ၎င်းတို့ဟာ မစင်စွန့်ဖို့ မြေပြင်ပေါ် ဆင်းလေ့ရှိပြီး တနေရာထဲမှာ ပုံမှန် စွန့်လေ့ ရှိကြပါတယ်။

ပိုဆိုးတာက ၎င်းတို့၏ အူသိမ်အူမ လှုပ်ရှားမှုများ နှေးကွေးခြင်းကြောင့် သူတို့ ခန္ဓာကိုယ် အလေးချိန်၏ သုံး ပုံ တပုံလောက်ရှိတဲ့ မစင်များကို စွန့်ထုတ်ရတာ ဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန်

စလော့တွေဟာ တနှစ်လျှင် တကောင်နှုန်း သားပေါက်တတ်ကြပြီး ကိုယ်ဝန်ဆောင်ချိန်ကတော့ ၆ လ ဖြစ်ပါတယ်။

အလေ့အကျင့်

စလော့ ပေါက်စလေးတွေဟာ မိခင်နှင့် ၆ လခန့် အတူ နေတတ်ကြပြီး ထိုကာလမှာ သင်ယူရမယ့် အရာများကို မိခင်မှ သင်ကြားပေးပါတယ်။

အဲဒီ့နောက်မှာတော့ ၎င်းတို့၏ သီးခြားနေသည့် စရိုက်အတိုင်း မိခင် နှင့် အတူမနေတော့ဘဲ အသံဖြင့်သာ အဆက် အသွယ်ပြု ကြပါတော့တယ်။

လက်ရှိ အပူပိုင်း သစ်တော့ ပြုန်းတီးမှုတွေကြောင့် စလော့များ၏ စားကျက်နေရာများဟာ တဖြည်းဖြည်း ဆုံးရှုံးလာနေပြီး ၎င်းတို့၏ အသက်ရှင် နေထိုင်မှု ဘဝကို ခြိမ်းခြောက်လျှက်ရှိပါတယ်။
Crdeit photo

Marine iguana Marine iguana ကို The sea iguana, the saltwater Iguana or Galápagos Marine Iguana ခေါ်ဆိုလိုရတယ်။ တနည်းအား...
01/09/2021

Marine iguana

Marine iguana ကို The sea iguana, the saltwater Iguana or Galápagos Marine Iguana ခေါ်ဆိုလိုရတယ်။

တနည်းအားဖြင့် Marine iguana တွေက ကုန်းတစ်ပိုင်းရေတစ်ပိုင်းနေကြတဲ့ iguanaတွေဖြစ်တယ် ရေထဲမှာပိုအနေများတယ် ။ ပုံမှန် igunanတွေလိုမျိုး နေပူစာလဲလှံကြတယ်။ Marine iguana တွေက ငါးများ ၊ ရေမျှော်များ ၊ ကျောက်တုန်းများ၌ကပ်နေသောရေညှိများ နဲ့ရေဘဝဲ တစ်ချို့ကိုလဲစားသုံးကြတယ်။ သက်တမ်းကတော့ နှစ်ပေါင်း၆၀ထိနေနိုင်ကြတယ်။ အရွယ်အစားကလဲ တခြားigတွေလို၆ပေထိကြီးတယ် ။ (ရုပ်ကတော့ရှယ်ပဲ )
ကာလာကတော့ မီးခိုးရောင် အစိမ်းရင့်ရောင် အနီဖျော့ရင်ကနေရောင်စုံရှိတယ်လို့တွေ့ရှိရတယ် ။ ( အနီတို့အစိမ်းတို့ဆိုတာတစ်ရောက်ထဲကိုပြောတာမဟုတ်ဘူးနော် တခြားကာလာတွေနဲ့လဲရောနေတယ် ပုံမှာကြည့် )
ဆားငန်ရည်တွင်ရှင်သန်ဖို့လဲ အထူးတံတွေးဂရင်လဲရှိကြတယ် ။ ရေအောက်မှာကြာကြာရေငုပ်ဖို့ ခနာကိုယ်ရဲ့ သွေးကြောတွေထဲမှာထူးခြားတဲ့အစိတ်အပိုင်းတချို့က အောက်စီဂျင်ကိုပို၍သိုလှောင်ပေးကြတယ်။
( လွဲနေတဲ့နေရာရှိရင်ဝင်ပြီးထောက်ပြပါ ဆရာကြီးလိုတော့အာလာမချောင်နဲ့ )
photo

31/08/2021
Illacme Plenipe အမှောင်ထဲမှာ ခိုအောင်းနေလေ့ရှိတဲ့ သတ္တဝါတွေဖြစ်ပြီး၊ ကိုယ်တိုင်က ဘယ်တော့မှရန်လိုလေ့မရှိပါဘူး။ ၎င်းတို့မှ...
21/08/2021

Illacme Plenipe

အမှောင်ထဲမှာ ခိုအောင်းနေလေ့ရှိတဲ့ သတ္တဝါတွေဖြစ်ပြီး၊ ကိုယ်တိုင်က ဘယ်တော့မှရန်လိုလေ့မရှိပါဘူး။ ၎င်းတို့မှာ အန္တရာယ်တစ်စုံတစ်ရာ တွေ့ရင် ခန္ဓာကိုယ်ကို ကရွတ်ခွေသလို ခွေပစ်တတ်ကြပါတယ်။

အခုတွေ့တဲ့ မျိုးစိတ်ကတော့ အဖြူစွတ်စွတ်ဖြစ်ပြီးခြေချောင်း(414)ချောင်းပါဝင်ပါတယ်။ငွေရောင်အမွှေးနုနုလေးတွေခန္ဓာကိုယ်အနှံ့မှာ ဖုံးအုပ်ထားပြီး၊ အဆိပ်ဂလင်းက 200 အထိ ပါဝင်ပါတယ်။ ဒီအဆိပ်ဂလင်းဟာ သွေးနွေးသတ္တဝါတွေထဲကို တစ်နည်းနည်းနဲ့ ဝင်ရောက်ခဲ့ရင် ဓာတ်မတည့်မှုကို ဖြစ်စေနိုင်တယ်လို့ သုတေသီတွေ ဆိုပါတယ်။

ထူးခြားချက်အနေနဲ့ အဲဒီ Illacme Plenipe မှာ မျိုးပွားလိင်တံ 4 ခုအထိ ပါဝင်ပါတယ် ။ခြေလေးချောင်းအတွင်းမှာ လိင်တံ 4 ခုအထိပါဝင်နေပြီး၊ အ ခြား Illacme Plenipe မတူတာကတော့ ဒီ Illacme Plenipe သူ့ကို ထိလိုက်တာနဲ့ ခွေပစ်တတ်တဲ့ အကျင့်မရှိဘူးလို့ သိရပါတယ်။

လောဘသားတွေအတွက်အဲလိုဖြုတ်ပေးမှမြန်မာမှာသာ ဟိုဆေးဝါးကစျေးတက် ဒီဆေးဝါးကစျေးတက် နဲ့ သွင်းတဲ့တစ်ဖက်နိုင်ငံမှာဆိုစျေးလုံးဝမတက...
28/07/2021

လောဘသားတွေအတွက်အဲလိုဖြုတ်ပေးမှ

မြန်မာမှာသာ ဟိုဆေးဝါးကစျေးတက် ဒီဆေးဝါးကစျေးတက် နဲ့ သွင်းတဲ့တစ်ဖက်နိုင်ငံမှာဆိုစျေးလုံးဝမတက်ဘူး

လူတွေကို ကူညီချင်လို့ရောင်းရင်
ဒီလိုရောင်းရတယ်ဆိုပြီး ပြလိုက်သလိုပဲ

တစ်နှစ်အာမခံ
စျေး- 9000 ks

အရေအတွက် ( 4000 )

အနော်ရထာလမ်း၊၃၇လမ်းထိပ်
ကျောက်တံတားမြို့နယ်၊ရန်ကုန်မြို့
09786208086
09448942389
09253636362

LULAY MOBILE ပိုင်ရှင် ကိုမင်းလွင်
ရွှေဘုံသာလမ်း LUCKY မျက်မှန်ဆိုင်
ပိုင်ရှင် ကိုခင်မောင်ထွန်း

ပါ အဘိုင်တို့ 🙏

Edit_ ကျွန်​တော်ရောင်းတာမဟုတ်ပါဘူးဗျ
ရောင်းတဲ့Postတွေ့လို့Shareပေးတာပါဗျ
ဖုန်းနံပါတ်​တွေတင်ပေးထားပါတယ်ဗျ
ကျေးဇူးပြုပြီးဖုန်းဆက်မေး​ကြည့်ကြပါနော်
ပြည်သူတွေအားလုံးအဆင်ပြေကြပါစေ 🙏

.

ဘာသာတူဖို့ မလိုပါဘူးကိုယ်ချင်းစာ နှလုံးသားနှင့်ပေးဆပ်လိုသောစိတ်အမြင်တူဖို့ဘဲ လိုပါတယ်လေးစားပါတယ် bro  တစ်နှစ်အာမခံစျေး- ...
27/07/2021

ဘာသာတူဖို့ မလိုပါဘူး
ကိုယ်ချင်းစာ နှလုံးသားနှင့်
ပေးဆပ်လိုသောစိတ်
အမြင်တူဖို့ဘဲ လိုပါတယ်
လေးစားပါတယ် bro



တစ်နှစ်အာမခံ
စျေး- 9000 ks

အရေအတွက် ( 4000 )


အနော်ရထာလမ်း၊၃၇လမ်းထိပ်
ကျောက်တံတားမြို့နယ်၊ရန်ကုန်မြို့။
09786208086
09448942389
09253636362
Credit

သဘာဝကပေးတဲ့ ဦးချိုတွေကိုပိုင်ဆိုင်ထားတဲ့ အလှတရား မမတွေကိုချစ်တဲ့ကောင်တွေရဲ့ဂျိုလောက်တော့ဘယ်လှမလဲ
27/07/2021

သဘာဝကပေးတဲ့ ဦးချိုတွေကိုပိုင်ဆိုင်ထားတဲ့ အလှတရား မမတွေကိုချစ်တဲ့ကောင်တွေရဲ့ဂျိုလောက်တော့ဘယ်လှမလဲ


24/07/2021

🐠 သား​ဖောက်​နည်း 🐠

Betta Fish အမ​တစ်​​ကောင်​ဟာ အသက်​ ၃ လအရွယ်​တွင်​ စပြီး သား​ဖောက်​နိုင်​ပါသည်​။

ဥပြွန်ကျနေသောbetta fish ငါးအမကိုလိုအပ်ပါတယ်။

အမတစ်​​ကောင်​ဟာ သား​ထောက်​ဖို့အဆင်​သင့်​ဖြစ်​​နေပြီ ဆိုလျှင်​ သူ့ရဲ့ ပုံစံဟာ ​ဗိုက်​ကလုံးဝန်း​နေပြီး ဥ ပြွန်​အဖြူ​လေး အပြင်​ကို ပြူထွက်​​နေတတ်​ပါသည်​။

အဲ့တာဆို ဥ ဖို့ အဆင်​သင့်​ဖြစ်​​နေပြီး Betta အမဟာ သား​ဖောက်​ဖို့ ​အ​ကောင်းဆုံး အ​နေအထား​ရောက်​​နေပါပြီ။

သူနှင့်​ မျိုးစပ်​မည့်​ အထီးကို ငါးမနှင့်​ အရွယ်​အစားတူညီ​နေဖို့ လိုပါသည်

ဖောက်​ရန်​ကန်​ကို အလျား ၃ ​ပေ အနံ ၂ ​ပေ အမြင့်​ ၁ ​ပေခွဲ ရှိ​သောကန်​ဖြင့်​ ​ဖောက်​နိုင်​ပါသည်​။

Betta အထီးကို အမြှုပ်​ထုတ်​အား​ကောင်း​သော အ​ရေအ​သွေးနှင့်​ ကျန်းမာ​ရေး​ကောင်း​သော အထီးကို ​ရွေးချယ်​ရန်​ လိုအပ်​ပါသည်​။

စိတ်​ကြိုက်​ရလျှင်​ အထီးကို ​ဖောက်​ကန်​ထဲထည့်​၍ ကန်​​ထောင့်​​ရေ​ပေါ်တွင်​ တစ်​လက်​မ ပတ်​လည်​ ဖ​ယောင်း စက္ကူ သို့မဟုတ်​ ပလပ်​တစ်​ပြား​လေးကို ညှပ်​၍ ၎င်း ( မရှိလျှင်​ ကျွတ်​ကျွတ်​အိတ်​ အပါး​လေး ညှပ်​၍ )
အသိုက်​လုပ်​ရန်​ချထား​ပေးရပါမည်​။

မ​ဖောက်​ခင်​အချိန်​တွင်​ ( ​ဖောက်​ကန်​အတွင်းသို့ အထီးအားအရင်​ထည့်​ထားပါ ) ​ပြီးလျှင်​ အမအား ချက်​ချင်းမထည့်​ပါနှင့်​ ( အမအား ပုလင်းတစ်​ခုခုထဲထည့်​၍ အထီးကန်​ထဲတွင်​ထားပါ ) အဘယ်​​ကြောင့်​ ဆို​သော်
အထီးသည်​ အမကို မယဉ်​​သေးရင်​ လိုက်​ကိုက်​တတ်​​သော​ကြောင့်​ဖြစ်​သည်​။

ထို့​ကြောင့်​ အထီးကို ​ဖောက်​ကန်​ထဲတွင်​ထည့်​၍ အမအား ပုလင်းတစ်​ခုဖြင့်​ထည့်​ကာ ​ဖောက်​ကန်​ထဲထည့်​ရပါမည်​။ ( ထိုသို့ ၁ ပတ်​တိတိထားရပါမည်​ )

ပြီးမှ အမအား ကန်​ထဲသို့ လွှတ်​ရပါမည်​။
( အလွန်​အ​ရေးကြီးပါသည်​။ ) သတိပြုရမည်​။

ဖောက်​မည့်​ကန်​ကို ​လေလုံ​သော အခန်းတွင်​ထား၍ ကန်​ကို ကဒ်​ထူ စက္ကူ သားဖြင့်​ ဖုန်းထား​ပေးရပါမည်​။

ဖောက်​ကန်​ထဲသို့ အထီးကို ထည့်​ထားချိန်​တွင်​ အမကို ပုလင်းဖြင့်​ဖြစ်​​စေ ကန်​ချင်းကပ်​ဖြစ်​​စေ အထီးမြင်​သာ​အောင်​ ထားရပါမည်​။

တစ်​ခါထဲ​တန်း၍ ​ရောထားလိုက်​လျှင်​ ကိုက်​သတ်​ပစ်​တတ်​ပါသည်​။ ထိုသို့ ၁ ပတ်​တိတိထားရန်​လိုအပ်​သည်​။

တစ်​ပတ်​​ခန့်​အကြာတွင်​ အထီး အသိုက်​ပြုလုပ်​မှု ပြီးစီးသွားပါက ​နောက်​​နေ့မနက်​​စော​စောတွင်​ အမကို အထီးထား​သော ​ဖောက်​ကန်​ထဲသို့ချ​ပေးထားရပါမည်​။

ကန်​ထဲသို့​ရောက်​လျှင်​ အမ မှ သားစိတ်​တက်​ရင်​တက်​သလို ဥများ ​စောစွာဥချပါမည်​။

အထီးမှ ဥ ချပြီး​သော ဥများကို အမြုပ်​များအတွင်းသို့ ကိုက်​၍ သယ်​ထည့်​​ပေးပါသည်​။

အမကို အနားကပ်​မခံ​တော့ပါက ​ဖြေးညှင်းစွာ အမအား ပြန်​ထုတ်​၍ တစ်​ခြားကန်​တွင်​ထား​ပေးရပါမည်

ဥပြီး ၃၆ နာရီ အကြာ ( ၁ ရက်​ခွဲ ၂ ရက်​ခန့်​ )
အ​ကောင်​စ​ပေါက်​ပါသည်​။ ထို သား​လောင်း​လေးများသည်​ ​ရေးမကူးကြ​သေးပါ။

နောက်​ထပ်​ ၄၈ နာရီ ( ၂ ရက်​ခန့်​) ကြာလျှင်
ရေစကူးပါသည်​။

ထိုအခါ အထီးအား ကန်​အတွင်းမှ ထုတ်​​ပေးရပါမည်​။

အ​ကောင်​​ပေါက်​​လေးများအား ပြုစုရန်

ငါး​လေးများ ​ရေကူပြီး တစ်​ရက်​အကြာတွင်​ ငါး​ပေါက်​က​လေးများ ကို ငုံးဥကို ကျက်​​နေ​အောင်​ပြုတ်​၍ အနှစ်​အား လက်​သည်းခွံ ပမာဏစာ ဖဲ၍ ​ကျေးညက်​​နေ​အောင်​ လက်​ထဲတွင်​​ချေပါ ပြီးလျှင်​ ထို အနှစ်​​လေးအား အရည်​​ဖျော်​၍ ချ​ကျွေးပါ။

အောက်​စီဂျင်​ ​ပျော့​ပျော့​လေး ​ပေးထားနိုင်​ပါသည်​။ ( မကြမ်းပါ​စေနှင့်​ )

(1) အစာ​ကျွေး​နေစဉ်​ မိနစ်​ ၅၀ ခန့်​ သို့မဟုတ်​ နာရီဝက်​ခန့်​ ​အောက်​စီဂျင်​ အားပိတ်​ထား​ပေးပါ။
(2)ကန်​အဖုံးကို ဖယ်​ရှားမပစ်​လိုက်​ပါနှင့်​။
(3) ၇ ရက်​သား​လောင်းမှ အာတီးမီးယား ​ရေပိုးနီ စ​ကျွေးနိုင်​ပါပြီ။
(4) ​ရေကို 30 % ခန့်​ ၃ ရက်​တစ်​ခါလဲ​ပေးပါ။
(5) ​ရေကို အနယ်​များ အမှိုက်​များမရှိ​စေပဲ သန့်​​နေ​အောင်​ထားပါ။
(6)လေပိုက်​အ​သေး​လေးဖြင့်​စုတ်​ချပြီး ​ရေလဲလှယ်​​ပေးနိုင်​ပါသည်​။ ယ ​ရေတီစပြီး စားနိုင်​လျှင်​ စိတ်​ချရပါပြီ။
(7)သား​ပေါက်​ပြီး Betta အမကို ၂ ပတ်​အကြာတွင်​ ​နောက်​တစ်​ကြိမ်​ သားထပ်​​ဖောက်​နိုင်​ပါသည်​။
အ​ကောင်​ ခပ်​ထွားထွားနှင့်​ အ​ရောင်​အ​သွေးလှလှ ငါးမ တစ်​​ကောင်​ကို ​ရွေးချယ်​ပြီး ​ရေသန့်​သန့်​မှာ ​ရေတီ ၊
ပိုး​လောက်​လန်း စ​သော အ​ကောင်​ရှင်​​လေး​တွေ Betta သီးသန့်​ အစာ​လေး​တွေကို ​သေချာ​ကျွေး​ပေးထားရပါမယ်​။

လှပသော Betta Fish များကိုမွေမြူသူတိုင်းပိုင်ဆိုင်နိုင်ကြပါစေ။

Oxygen အရေးပေါ်လိုအပ်သူများ ရှာရတာဘယ်မှာမှမရခဲ့ရင် မိမိတို့ရပ်ကွက်အနီးအနားမှာရှိတဲ့  အလှမွေးငါးရောင်းတဲ့ဆိုင်များမှာ တစ်...
13/07/2021

Oxygen အရေးပေါ်လိုအပ်သူများ ရှာရတာဘယ်မှာမှမရခဲ့ရင် မိမိတို့ရပ်ကွက်အနီးအနားမှာရှိတဲ့ အလှမွေးငါးရောင်းတဲ့ဆိုင်များမှာ တစ်စိတ်လောက်ဝင်မေးကြည့်ပေးကြပါဗျ

ငါးဆိုင်တော်တော်များများမှာ ငါလာဝယ်ရင် အိတ်နဲ့အလုံပိတ်ထည့်ပေးကြတဲ့အခါ Pure Oxygenထည့်ပေးရတဲ့အခါ သုံးဖို့အတွက် အိုးအကြီးတွေ ဆောင်ထားကြတာတွေရှိပါတယ်ဗျ

အရေးပေါ်အတွက်ဆို ခနဘဲငှားရငှားရ ပိုက်ဆံနဲ့ဘဲငှားရငှားရ လူနာအတွက်အကျိုးရှိပါတယ်နော် ဝင်မေးလိုက်လို့လဲအပန်းမကြီးပါဘူး

ဘယ်လိုဖြစ်ဖြစ် ဒီကာလမှာရဖို့အတွက် ကျနော်တို့နည်းပေါင်းစုံ ကြံရမှာဘဲဖြစ်လို့ တချက်လောက်ဝင်မေးကြပေးပါ စုံစမ်းကြည့်ပါ

#တော်တော်များများဆိုင်တွေမှာအိုးတွေရှိပါတယ်ဗျ
#အားလုံးအဆင်ပြေကြပါစေဗျာ



10/07/2021

သားကြီးဟိုမှာမင်း crhလာနေတယ်
တည်တည်တန့်တန့်နေစမ်း


မူရင်း Video ကို တင်ခဲ့သူက မည်သည့်ရည်ရွယ်ချက်နဲ့ တင်လိုက်တယ်မသိပါဘူး….Videoကြည့်ပြီး ဤကဲ့သို့ လိုက်မလုပ်ကြဖို့ အထူးသတိထာ...
09/07/2021

မူရင်း Video ကို တင်ခဲ့သူက မည်သည့်ရည်ရွယ်ချက်နဲ့ တင်လိုက်တယ်မသိပါဘူး….

Videoကြည့်ပြီး ဤကဲ့သို့ လိုက်မလုပ်ကြဖို့ အထူးသတိထားဖို့ မေတ္တာရပ်ခံပါရစေ…

အသုံးပြုမိပါက အသက်ရှူဖို့ ခက်ခဲနေသော လူနာများအတွက် အသက်အန္တရာယ် ရှိနိုင်ပါတယ်….

ငါးကန်မှာ သုံးတဲ့စက်က Air pump ခေါ် Air Blower လေမှုတ်စက် ရိုးရိုးပါ Oxygen (O2) အောက်စီဂျင် စက်မဟုတ်ပါဘူး ရိုးရိုးလေပဲ ထုတ်ပေးနိုင်တဲ့စက်ပါ…..

စိတ်ပူပြီး လွဲမှားသော အတွေးအခေါ်များနဲ့အလွယ်တကူ ဤVideoFile ကဲ့သို့ လိုက်မလုပ်ကြဖို့ အကြံပြုပါရစေ….
#ကမ္ဘာကြီးအမြန်ဆုံးကျန်းမာလာပါစေ
#ကမ္ဘာသူကမ္ဘာသားအပေါင်းတို့ကပ်ကြီး၃ပါးဘေးမှအမြန်ဆုံးကင်းဝေးနိုင်ကြပါစေ
#ဒီချိန်မှာချစ်သူခင်အားလုံးဂရုစိုက်ကြပါခင်ဗျာ

မြန်မာနိုင်ငံရှိ နွားများတွင်အမည်မသိရောဂါကူးစက်ပျံနှံမှုဆိုးရွားလာ ဇူလိုင်လ (၃)ရက် မြန်မာနိုင်ငံရှိ နွားများတွင်အမည်မသိရ...
03/07/2021

မြန်မာနိုင်ငံရှိ နွားများတွင်အမည်မသိရောဂါကူးစက်ပျံနှံမှုဆိုးရွားလာ
ဇူလိုင်လ (၃)ရက်
မြန်မာနိုင်ငံရှိ နွားများတွင်အမည်မသိရောဂါကူးစက်ပျံနှံမှုဆိုးရွားလာ ကြောင်းသိရသည်။ ထိုကူးစက်နွားများကို ဈေးကွက်အတွင်း အသားတင်ပို့ရောင်းချနေကြခြင်းကြောင့် မွေးမြူရေးလုပ်ငန်းဦးစီးဌာန မှ လတ်တလော အမဲသားများစားသုံးခြင်းမပြုရန် ပိတ်ပင်လျက်ရှိသည်။ ကျေးရွာများတွင် နွားများကိုကာကွယ်ဆေးထိုးရန်ပျက်ကွက်ခြင်း၊ ဂရုစိုက်မှုပေါ့လျော့ခြင်း၊ တို့ကြောင့် ဖြစ်နိုင်ခြေရှိသည်ဟုသုံးသပ်လျက်ရှိပီး ကူးစက်သောအကြောင်းရင်းမှန်ကိုမသိရှိရသေးပါ။ တချို့နွားများတွင်လည်း ရောဂါလက္ခာ မပြကြောင်း၊ တိကု ဆရာဝန်တစ်ဦးပြောကြားချက်ရ "လက်ရှိကျေးရွာတွေက နွားတိုင်းလိုလိုမှာဖြစ်နေကြတာပေါ့နော်၊ သူတို့ ကာကွယ်‌ဆေး၁လုံး တောင်မထိုးပေးကြဖူးလေ၊ တချို့နွားတွေမှာလည်း ဖြစ်လို့ဖြစ်နေမှန်းမသိဖူး၊ နွားပိုင်ရှင်မိသားစုတွေမှာလည်း လက်ရှိဖျားနာနေကြတာတွေရှိတယ်၊ တခြားတိတွေကို ကူးမကူးတော့မသိသေးဖူး၊ သေချာတာတော့ လူတော့ကူးတယ်၊ အသားစားမိတဲ့လူတစ်ချို့ ဝမ်းလျောဝမ်းပျက်‌‌အော့အန်တာတွေရှိတယ်၊ တချို့ရွာတွေမှာ နွားတွေသေကြတာအကြောင်းရင်းမရှိဘဲနဲ့၊ သတိထားကြပါဟု " ပြောဆိုခဲ့သည်။ တရုတ်ပြည် အဝယ်မရှိသောကြောင့် နွား‌ဈေးကွက်အဆမတန်ထိုးကျလျက်ရှိပီး မွေးမူရေးလုပ်ငန်းရှင်များ မှရောင်းချရန်ခက်ခဲနေကြောင်းသိရှိသည်။ ထို့အတူ မွေးမြူရေးဦးစီးဌာနမှလည်း နွားများအား ကျန်းမာရေးစစ်ဆေးပေးနေပီး၊ ကျန်းမာပြီး ကာကွယ်ဆေးထိုးထားသောနွားများကို မှတ်ပုံတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။ ဆက်လက်ပီး စစ်ကောင်စီမှအကြမ်းဖက်တပ်မတော်အတွက် စားနပ်ရိက္ခာလိုအပ်ချက်အရ လစဉ် ကျေးရွာတိုင်းမှ နွားတစ်ကောင်ကျဆီ အကြမ်းဖက်စစ်ကောင်စီမှကောက်ခံယူသွားမည်ဖြစ်ကြောင်း သတင်းဦးအရသိရသည်။

အခုလက်ရှိတွေရနေတာက လင်းပျံ ၊ လင်းသက် ၊ကြောင်မြင်း ၊တောကြောင် ၊ အောက်ချင်း ၊ အောင်လောင် ၊ မျောက်မျက်ကွင်းဖြူ ၊ ဖြူး ၊ကြော...
01/07/2021

အခုလက်ရှိတွေရနေတာက လင်းပျံ ၊ လင်းသက် ၊ကြောင်မြင်း ၊တောကြောင် ၊ အောက်ချင်း ၊ အောင်လောင် ၊ မျောက်မျက်ကွင်းဖြူ ၊ ဖြူး ၊ကြောင်၀ံပေါက် ၊ကြောင်နံသာ ၊သစ်ကြောင် တွေသတ်နေကြတယ် ၊တစ်ချို့တွေဆို ရှားပါးမျိုးစိတ်တွေထဲ၀င်နေပြီ။ကျနော်မြင်နေရတာတွေကဒါတွေပဲ မဟုတ်ဘူး သမင်၊တော၀တ် ၊တောခွေး တို့ပါအမဲလိုက်နေကြတာ ဒီလောက်ကစား၀တ်နေရေးအတွက်လုပ်တာကျနော်နားလည်ပေးတယ်ဘာလို့လဲဆိုတော့ရှားပါးမျိုးမဟုတ်သေးလို့ပါ ၊ ရှားပါးမျိုးစိတ်မဟုတ်လို့ သတ်ချင်တိုင်းသတ်နေလို့လဲမရဘူး ကျနော်တို့ထိန်းသိမ်းရမယ် ။ ပြောချင်တာက တိချစ်သူဆိုတဲ့သူတွေကလဲ မုဆိုးတွေရဲ့၀ါသနာကိုထောက်ရှုပြီး နားလည်သင့်သလောက်နားလည်ပေးပါ စောက်ကဲပိုပြီးလုပ်ပြမနေနဲ့ မုဆိုးတွေကလဲ မဲမဲမြင်ရာပြစ်ပြပြီး ပွဲခံမနေနဲ့ ဘယ်အကောင်ကရှားပါဘယ်အကောင်ကမရှားဘူးဆိုတာကိုလဲသိစေချင်တယ်။ ဒီpageကို ဖွဲစည်းခဲ့တာက
•° ဗဟုသုတတွေကိုမျှဝေပေးချင်လို့
•° တိရိစ္ဆာန်ရောင်း၀ယ်ခြင်း
•° ရှားပါးမျိုးစိတ်တွေကို ထိန်းသိမ်းခြင်း
အဲ့ချက်တွေကြောင့်ပါ။
ဒီpageကနေတက်နိုင်သလောက်ရှားပါးတွေမျိုး
မသုဥ်းဖို့ တတက်တအားနဲ့ ပြုလုပ်ပေးပါမည် ။
commentမှာပုံတွေထည့်ထားတယ်၀င်ကြည့်ကြပါ။

30/06/2021

ညဏ်ကောင်းမှဆွဲရမှာနော် ရန်ဖြစ်နေလို့မရဘူး

လူတွေကို မနက်ထဲက မျှော်လင့်ချက်တွေပေးတယ် ။တနေကုန် နေပူပူမိုးရွာရွာစောင့်နေတဲ့လူအုပ်ကိုဒုက္ခပေးတယ် ။ အချိန်တွေပြောင်း​ပြေ...
30/06/2021

လူတွေကို မနက်ထဲက မျှော်လင့်ချက်တွေပေးတယ် ။တနေကုန် နေပူပူမိုးရွာရွာစောင့်နေတဲ့လူအုပ်ကိုဒုက္ခပေးတယ် ။ အချိန်တွေပြောင်း​ပြောတယ် ။ အချုပ်ကားတွေဝင်ထွက်နေတော့ အချုပ်ကားတွေနဲ့လွှတ်တယ်လို့ထင်ပြီး ပြေးလိုက်ကြ ။ ရောဂါတွေကြားမှာ အပူတွေနဲ့စောင့်နေကြရတာ ။
ဒီအာဏာရှင်က ဘယ်လောက်ပဲ သူတော်ကောင်းယောင်ဆောင်ပြပြ ကြည်ညိုစရာမရှိတဲ့ ပေါက်လို့ပဲစားပဲ ။
#ᶜʳᵉᵈⁱᵗ

28/06/2021

Mom - ငိုရင်ငါထပ်ရိုက်မှာ တိတ်စမ်းအခု
Me -

ᶜʳᵉᵈⁱᵗ

28/06/2021

အကောင့်ထဲက အမတစ်ရောက်ကပလတ်စတစ်အကြောင်း share ထားတာတွေလို့ စဥ်းစားမိပြီးတင်ပေးလိုက်တာ ပလတ်စတစ်တွေကရေနေသတ္တ၀ါတွေကိုအတော်ဒုက္ခပေးတဲ့ကောင်တွေပါ

ချောင်းသာ ကမ်းခြေသို့ ဒေသအခေါ် လင်းရှူးလင်းပိုင်သုံးကောင် ရောက်ရှိလာ   journalချောင်းသာ ကမ်းခြေသို့ ဒေသအခေါ် လင်းရှူး လင...
27/06/2021

ချောင်းသာ ကမ်းခြေသို့ ဒေသအခေါ် လင်းရှူးလင်းပိုင်
သုံးကောင် ရောက်ရှိလာ

journal

ချောင်းသာ ကမ်းခြေသို့ ဒေသအခေါ် လင်းရှူး လင်းပိုင် သုံးကောင် ရောက်ရှိလာ သဖြင့် ဖမ်းဆီးပြီး ပြန်လည်လွှတ်ပေးခဲ့ကြောင်း ချောင်းသာ မြို့အုပ်ချုပ်ရေးမှူးဦးကျော်သူ က Travelling journal သို့ပြောသည်။

ယနေ့ ဇွန်လ၂၇ ရက် နံနက် ၁၁ နာရီဝန်းကျင်ခန့်က
လင်းရှူး လင်းပိုင်နှစ်ကောင် ရောက်ရှိလာပြီး ထို့နောက် နေ့လည် ၁ နာရီဝန်းကျင်တွင် နောက်ထပ်တစ်ကောင်ရောက်ရှိလာသဖြင့် ဒေသခံများက ဖမ်းဆီးပြီး ပင်လယ်ထဲသို့ပြန်လွှတ်ပေးခဲ့ကြောင်းသိရသည်။

"အခု တစ်ကောင်ထပ်မိပြန်တယ်။ အခုထပ်မိတဲ့အကောင်က ခုနက ပြန်လွှတ်ပေးတဲ့အကောင် ပြန်ရောက်လာတာ။ လွှတ်ပေးဖို့ လုပ်နေပါတယ်"ဟု ချောင်း သာမြို့အုပ်ချုပ်ရေးမှုး ဦးကျော်သူ က Travelling journal သို့ ပြောသည်။

ဒေသခံအခေါ်အဝေါ်အရ လင်းရှူး ဟုခေါ်ပြီး ဧရာဝတီ လင်းပိုင်အမျိုးအစား ဖြစ်သည်ဟု ချောင်းသာ ငါးလုပ်
ငန်းဦးစီးဌာနက တာဝန် ရှိသူက ပြောကြားကြောင်း
ဦးကျော်သူ က ဆိုသည်။

ချောင်းသာ ကမ်းခြေသို့ ယခုကဲ့သို့ လင်းရှူး လင်းပိုင်များ ရောက်ရှိလာခြင်းမှာ နှစ်နှစ်အတွင်း သုံးကြိမ်မြောက်ဖြစ်​​ ကြောင်း သိရသည်။

journal

U Kyaw Thu

မင်းတို့​ရှားပါးတွေကိုထိန်းသိမ်းမယ်ဘာညာပြောမနေနဲ့တော့ မုဆိုးစည်းမစောင့်တဲ့ကောင်တစ်ကောင်ရဲ့postကိုဒဲ့ချပြလိုက်ပြီ လင်းသက်...
26/06/2021

မင်းတို့​ရှားပါးတွေကိုထိန်းသိမ်းမယ်ဘာညာပြောမနေနဲ့တော့ မုဆိုးစည်းမစောင့်တဲ့ကောင်တစ်ကောင်ရဲ့postကိုဒဲ့ချပြလိုက်ပြီ လင်းသက်ကအစသတ်နေတာနော်

https://www.facebook.com/groups/1043326939514459/permalink/1157025484811270/

နောက်လုပ်နေတဲ့ကောင်တွေရှိသေးတယ်လာဦးမယ်

ဒိုးလိုက်တော့ ....
26/06/2021

ဒိုးလိုက်တော့ ....

ကျနော်တို့ကိုတိုင်ယခုရှားပါးမျိုးစိတ်တွေကိုကိုယ်တိုင် ထိန်းသိမ်းချိန်ရောက်နေပြီ ၊အကြမ်းဖျင်းပြောရရင် သတ်ဖျတ်တာတွေကိုလျော...
25/06/2021

ကျနော်တို့ကိုတိုင်ယခုရှားပါးမျိုးစိတ်တွေကိုကိုယ်တိုင် ထိန်းသိမ်းချိန်ရောက်နေပြီ ၊အကြမ်းဖျင်းပြောရရင် သတ်ဖျတ်တာတွေကိုလျော့ခိုင်းတာပေါ့ ။ မြန်မာနိုင်ငံရဲ့ချစ်စဖွယ်ကောင်းပြီးရှာပါးမျိုးစိတ်ဖြစ်တဲ့ ဧရာ၀တီ လင်းပိုင်ဆိုရင် လျှပ်စစ် လျှော့တိုက်ဖမ်းဆီးမှုတွေကြောင် မျိုးတုန်းလုနီးပါးဖြစ်နေပြီ လေ့လာသိရှိချက်အရ လက်ရှိ မြန်မာနိုင်ငံရှိလင်းပိုင် အရေအတွက်သည် အကောင်ရေ 17 အောက်သာကျန်ရှိနေသည်ဟုသိရသည် ။ ကျန်​နော်ပြောချင်တာက လင်းပိုင်တခုထဲထိန်းသိမ်းဖို့အတွက်မဟုတ်ပါဘူး ။ အင်းကျားမျိုးစိတ်များ၊ လင်းသတ်မျိုးစိတ်များ ၊အောက်ချင်းမျိုးစိတ်များ အစရှိသည့်တခြား တခြားသောရှားပါးမျိုးစိတ်တွေကိုပါထိန်းသိမ်းမှု ပေးစေချင်တာပါ ။ ယခုအချိန်မှာ တရားမ၀င်သတ်ဖြတ်မှုတွေက လုပ်ချင်တိုင်းလုပ် လို့ရတဲ့အချိန်လိုမျိုးဖြစ်နေတယ် ။ မတရားသတ်ဖြတ်လို့ အစိုးရကိုတိုင်မယ်ဆိုရင် ဘယ်မှာလဲကျန်တော်တို့နိုင်ငံမှာအစိုး ...။
အရင်လိုအကူညီပေးနေတဲ့သူတွေကလဲ တောထဲရောက်လို့ရောက် နဲ့ ကျနော်တို့လူ ငယ်တွေကိုယ်တို
အာဏာရှင်ကိုကောရှားပါးမျိုးစိတ်တွေကိုတရား
မ၀င်သတ်ဖျတ်နေတဲ့ မုဆိုးတချို့ကိုပါတိုက်ထုတ်ရပါမယ်။

#ယခုpostတင်လို့pageပျက်မယ်ဆိုလဲနောက်တစ်ခုပေါ့ဟားဟားဟား

ဟားဟားဟား ကျနော်ဒီစာကိုရီရင်းနဲ့ပဲပြောချင်တယ်စိတ်ထဲတော့လုံး၀မကောင်းဘူး ၊ ရှားပါမျိုးစိပ်မှန်းမသိသတ်နေလိုက်တာ အရက်နဲ့မြည်...
23/06/2021

ဟားဟားဟား ကျနော်ဒီစာကိုရီရင်းနဲ့ပဲပြောချင်တယ်စိတ်ထဲတော့လုံး၀မကောင်းဘူး ၊ ရှားပါမျိုးစိပ်မှန်းမသိသတ်နေလိုက်တာ အရက်နဲ့မြည်းမဲ့သူကတစ်မျိုးကျနော်ကိုယ်တိုင်တောင်ပြောစရာစကားမဲ့နေပြီ ။ ရှင်းရှင်းပြောရရင် မုဆိုးတွေဒီလို အလွန်အကျွံ အမဲလိုက် သားသတ်ခြင်းကို တက်နိုင်သမျှလျှော့ချပေးပါ please..
#ပုံတွေက_Fb_rule_နဲ့ထိနေလို့နည်းနည်းဖျတ်ထားတယ်_cmမှာ_ပြထားတယ်၀င်ကြည့်လိုက်ပါ။

ဘယ်လိုမှရှင်းပြလို့မရတဲ့အရာကြီး အီးဂဲကဘယ်လိုဖြစ်လို့ သိမ်းငှက်ဖြစ်ရတာလဲ # #
21/06/2021

ဘယ်လိုမှရှင်းပြလို့မရတဲ့အရာကြီး
အီးဂဲကဘယ်လိုဖြစ်လို့ သိမ်းငှက်ဖြစ်ရတာလဲ # #

ညီမလေးတို့သိတဲ့ BTS ကိုကြီးသိတဲ့ BTS 😂ပုံခိုး
20/06/2021

ညီမလေးတို့သိတဲ့ BTS

ကိုကြီးသိတဲ့ BTS 😂
ပုံခိုး

ပိုလာဝက်ဝံမ အသတ်ခံရရင် ပိုလာဝက်ဝံထီးဟာ အနားကမခွာဘဲ နေ့နေ့ညည မစားမသောက် ရက်အတော်ကြာ စောင့်နေတတ်သတဲ့။ဝေလငါးမ ဒဏ်ရာရရင် ဝေလ...
19/06/2021

ပိုလာဝက်ဝံမ အသတ်ခံရရင်
ပိုလာဝက်ဝံထီးဟာ အနားကမခွာဘဲ
နေ့နေ့ညည မစားမသောက်
ရက်အတော်ကြာ စောင့်နေတတ်သတဲ့။

ဝေလငါးမ ဒဏ်ရာရရင်
ဝေလငါးထီးဟာ အနားကမခွာဘဲ
စောင့်နေတတ်တယ်။
ဝေလငါးဖမ်းသူတွေ ထိုးနှက်
တိုက်ခိုက်ရင်လည်း ဝေလငါးထီးဟာ
ဝေလငါးမနား အသက်မသေမချင်း
တဖဝါးမခွာရှိနေတတ်သတဲ့။

ချန်ပန်ဇီမျောက်မဟာ
မျောက်ငယ်လေးသေသွားရင်
ချက်ချင်းမစွန့်ပစ်တတ်ဘူး။
မျောက်ကလေး အသက်ပြန်ရှင်
လာနိုင်တယ်လို့ ထင်လို့ပါတဲ့။
မျောက်မဟာ မျောက်ကလေးသေပြီး
အရိုးတွေပေါ်လာတဲ့အထိ
မျှော်လင့်နေတတ်ပါသတဲ့။

အမဲလိုက်မုဆိုးတွေက
သေနတ်ပြောင်းနဲ့ ကတိုးကောင်အုပ်စုကို
ထိုးချိန်ထားရင် ကတိုးကောင်အထီးတွေဟာ
ရှေ့ကို ထိုးတက်လာတတ်တယ်။
ကတိုးကောင်အထီးတွေရဲ့နောက်မှာတော့
ကတိုးကောင်အမတွေ ကပ်လိုက်လာတတ်ပါတယ်။

သေနတ်ဒဏ်ကြောင့် ရှေ့မှာကာထားတဲ့ ကတိုးကောင်တွေ တစ်ကောင်ပြီး
တစ်ကောင်လဲကုန်ပေမယ့် တစ်ကောင်မှ ကြောက်ရွံ့တွန့်ဆုတ်သွားတာမျိုး မရှိဘူး။ တကယ်လို့ မုဆိုးတွေဟာ
ကတိုးကောင်ပေါက်လေးတစ်ကောင်ရချင်ရင် အရွယ်ရောက်ကတိုးကောင်အားလုံးကို
အရင်သတ်ပစ်မှ ရနိုင်မှာပါ။

တောင်ဆိတ်အိုဟာ တောင်ဆိတ်ငယ်လေးလွတ်မြောက်ဖို့အတွက် သူကိုယ်တိုင်
ချောက်ထဲခုန်ချပြီး တောင်ဆိတ်ငယ်
တစ်ဖက်ချောက်ကမ်းပါးပေါ်ရောက်အောင်
သူ့ခန္ဓာကိုယ်နဲ့ တစ်ဆင့်ခံပြီး ခုန်စေပါသတဲ့။

မုဆိုးအလိုက်ခံရတဲ့မျောက်မဟာ
မုဆိုးလက်က ပြေးလို့မလွတ်မှန်းသိတဲ့အခါ
မုဆိုးကိုတအောင့်နေမှပစ်ဖို့
လက်ဝေ့ယမ်းပြတတ်တယ်။
သူမသေခင် သူ့ရင်ခွင်ထက်က
မျောက်ကလေးကို နို့တိုက်ခဲ့ချင်လို့ပါတဲ့.....။

တိရစ္ဆာန်တွေက လူသားဆန်တယ်လို့
တချို့ကပြောကြတယ်။
သူတို့ရဲ့ သံယောဇဉ်၊ သူတို့ရဲ့ချစ်ခြင်းက ကောင်းကင်ထက်တောင်
မြင့်မားတယ်လို့ ဆိုကြတယ်။

လူက လူကိုဆဲတဲ့အခါ
မင်းတိရစ္ဆာန်ထက်တောင်
အသိတရားခေါင်းပါးလှချည်လားလို့
ဆဲဆိုတတ်တယ်။
တကယ်တမ်းမှာလည်း
လူတချို့ဟာ ဒီတိရစ္ဆာန်လောက်တောင် အသိတရားမရှိခဲ့ကြပါဘူး။



မျိုးသုဉ်းလုနီး ဧရာဝတီလင်းပိုင် တစ်ကောင် သေဆုံးခြင်းဇွန်လ ၁၇ ရက်နေ့ မနက်ပိုင်းက လင်းပိုင် တစ်ကောင်သေဆုံးကြောင်း သတင်းရရှ...
19/06/2021

မျိုးသုဉ်းလုနီး ဧရာဝတီလင်းပိုင် တစ်ကောင် သေဆုံးခြင်း

ဇွန်လ ၁၇ ရက်နေ့ မနက်ပိုင်းက လင်းပိုင် တစ်ကောင်သေဆုံးကြောင်း သတင်းရရှိသဖြင့် သတင်းလိုက်လံစုံစမ်းခဲ့ရာတွင် ရေနံချောင်းမြို့နယ် ဧရာ၀တီ မြစ် သမ္မာန်တင် ရွာ နဲ့ လမ်းကူးရွာ အနီးတွင် အရှည် ၆ပေ အရွယ်ရောက်ပြီးသား လင်းပိုင်တစ်ကောင် သေဆုံးကြောင်း အတည်ပြုနိုင်ခဲ့ပါသည်။

မျက်မြင်သက်သေ အဆိုအရ သောင်တင်နေသော လင်းပိုင်ကိုစတင်တွေ့ရှိချိန်တွင် အသက်ရှူနေသေးပြီး နှာခေါင်းနှင့် ပါးစပ်မှ သွေးများယိုစီးကျနေသည်ကို ဗီဒီယိုအထောက်အထားပေးပို့အတည်ပြုခဲ့သဖြင့် ၎င်းလင်းပိုင်သည် သဘာဝအလျောက်သေဆုံးခြင်းမဟုတ်ကြောင်း ထင်ရှားပါသည်။
ခန္ဓာကိုယ်တွင် အခြား ထိခိုက်ဒဏ်ရာတစ်စုံတစ်ရာ မတွေ့ရှိသည်ကို ထောက်ရှုခြင်းအားဖြင့် သေဆုံးရသည့် အကြောင်းရင်းမှာ လှေပန်ကာဖြင့် ခိုက်မိခြင်း၊ ငါးဖမ်းပိုက်တွင် ငြိခြင်းမျိုးမဟုတ်ကြောင်းလည်း ကောက်ချက်ချနိုင်ပါသည်။ Nature Advocacy အဖွဲ့မှ ရေနေနို့တိုက်သတ္တဝါ သုသေသန ပညာရှင်တစ်ဦး၏ အမြင်ကို ဆက်သွယ်စုံစမ်းကြည့်ရာတွင် ဗို့အားပြင်းလျှပ်စစ်စက်ကွင်းနှင့် ထိခိုက်မိပါက လင်းပိုင်ခန္ဓာကိုယ်အတွင်းကလီစာများ သွေးယိုစီးတတ်ကြောင်း၊ ဓာတ်ပုံ ဗီဒီယိုအထောက်အထားများအရ ဘက်ထရီရှော့ခ်တိုက်သူများကြောင့် သေဆုံးရသည့် လက္ခဏာများနှင့် ဆင်တူကြောင်း အတည်ပြုခဲ့ပါသည်။

အထူးခြားဆုံးအချက်မှာ ၎င်း မသေမရှင် လင်းပိုင်ကို စတင်တွေ့ရှိရာနေရာ ရေနံချောင်းမြို့နယ်သည် လင်းပိုင်ထိန်းသိမ်းရေးဧရိယာ ၂ နှင့် ကီလိုမိတာ ၂၅၀ ကျော်ဝေးကွာသည့်အတွက် လင်းပိုင်ထိန်းသိမ်းရေးဧရိယာအတွင်းမှ ရေလုပ်သားများနှင့် အတူငါးဖမ်းသည့် လင်းပိုင်မဟုတ်ကြောင်း ကောက်ချက်ချနိုင်ပါသည်။ ငါးလုပ်ငန်းဦးစီးဌာနနှင့် WCS မှ မန္တလေးအောက်ပိုင်းတွင် လင်းပိုင်များ မျိုးသုဉ်းသွားပြီဟု ကောက်ချက်ချခဲ့ပြီး လင်းပိုင်အကောင်ရေစစ်တမ်းများ၊ ကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းများတွင် ဧရာဝတီမြစ်အောက်ပိုင်းဒေသများမပါဝင်ခဲ့သော်လည်း ယခုတွေ့ရှိရသည့် သက်သေအထောက်အထားအရ ၎င်းဒေသများတွင်လည်း လင်းပိုင်များ ကျက်စားနေသေးကြောင်း သက်သေထူနိုင်ခဲ့သည်။ Nature Advocacy မှ Save Irrawaddy Dolphin campaign ကျယ်ကျယ်ပြန့်ပြန့် စတင်ခဲ့ပြီးနောက်ပိုင်း ဒေသခံများအကြား လင်းပိုင်နှင့် ပတ်သက်သည့် ဗဟုသုတများ တိုးပွားလာသောကြောင့် ၂၀၂၀ နှစ်ကုန်ပိုင်းတွင် ပခုက္ကူတွင် တစ်ကြိမ်၊ ပုဂံတွင် တစ်ကြိမ်၊ ချောက်တွင် တစ်ကြိမ် ဧရာဝတီလင်းပိုင်တွေ့ရှိကြောင်း သတင်းအထောက်အထားများ ထွက်ပေါ်လာခဲ့သည်။

သို့ဖြစ်ပါ၍ လင်းပိုင်ထိန်းသိမ်းရေးဧရိယာပြင်ပမှ လင်းပိုင်များ မသမာသူများလက်ချက်ဖြင့် သေဆုံးနေသည်ကို ဟန့်တားနိုင်ရန် တော်လှန်ရေးပြီးဆုံးပြီး နောက်ပိုင်း လင်းပိုင်ကောင်ရေစစ်တမ်းများ၊ လေ့လာရေးခရီးစဉ်များ၊ ကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်သည့်အခါတွင် ပြည်နှင့် မန္တလေးအကြား မြစ်ကြောင်းပိုင်းကိုပါ ထည့်သွင်းလုပ်ဆောင်သွားရန် အရေးတကြီးလိုအပ်နေပြီဖြစ်ကြောင်း တင်ပြလိုက်ပါသည်။

Address

Yangon

Telephone

+959956633639

Website

Alerts

Be the first to know and let us send you an email when Pet Lover Bumar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Pet Lover Bumar:

Videos

Share


Other Yangon pet stores & pet services

Show All