16/07/2022
#သွေးဝမ်း..Parvo😈😈😈
#သွေးဝမ်းဆိုတာကိုဝုပိုင်ရှင်တော်တော်များများသိကြမယ်ထင်ပါတယ်...အရမ်းကြောက်ကြတဲ့ရောဂါလို့ပြောရင်လဲမမှားပါဘူး..
#ဘယ်လိုရောဂါလဲ💥💥
#အစာအိမ်အူလမ်းကြောင်းမှာပိုးဝင်ပြီးသွေးကြောလေးတွေယောင်ယမ်းရာကနေအန်မယ်..ဝမ်းကကော်ဖီရောင်လိုပြောင်းမယ်..ပုံမှန်အနံ့နဲ့မတူပဲညှီစ်ို့စို့(အရမ်းကိုအော်ကလီဆန်စရာကောင်းတဲ့နံခြင်းမျိုး)အနံ့ရှိမယ်..နောက်အဆိုးဆုံးကတော့အန်တာစိတ်လာပြီး..သွေးရောင်လိုရဲနေတဲ့ရေသာသာဝမ်းတွေပန်းပြီးဝမ်းသွားတာစိတ်လာပြီးရင်
ရေဓာတ်ခမ်းခြောက်ပြီး၃ရက်အတောအတွင်းမှာဆေးမဦးရင်သေစေနိုင်တဲ့ရောဂါဆိုးပါ..
#ဘယ်လိုစတင်လဲ..👉🏻👉🏻👉🏻
#ကလေးကရုတ်တရက်အအေးပတ်သလ်ိုလို..အစာအများကြီးကျွေးမိလို့အန်သလိုလိုကနေစပါတယ်..အစဆုံးမှာထမင်းကျွေးရင်ထမင်းတွေပြန်အန်တာကိုး(အများစုကအကျွေးများလို့လို့ထင်ကြတယ်)
#အန်ရာကနေဝမ်းသွားမယ်..အနံ့မနံသေးပါဘူး..အဲလိုကနေအချိန်ပိုင်းအတွင်းအန်တာစိတ်စိတ်လာမယ်..ဝမ်းနံ့ကနဲနဲစီပြင်းထန်လာမယ်..
#တရက်အတောအတွင်းကလေးမှာတော်တော်လေးခံနေရပီ..ဆေးခန်းလဲမသွားသေးဘူး..ဒုတိရက်မှအတော်လေးဆိုးလာခါမှဆေးခန်းသွားရင်ဆေးခန်းကရေဓာတ်ဖြည့်ပြီးdripချိတ်မယ်ဆေးသွင်းမယ့်..ပြန်လယခဲ့ဖို့ပြောမယ်..အိမ်မှာဂရုမစိုက်တတ်ကြဘူး..နောက်ဆုံးကလေးကိုလက်လွတ်လိုက်ရပါတော့တယ်..
#လက္ခဏာများ..👉🏻👉🏻
#ဖျားမယ်..နှုန်းပြီးခွေနေမယ်..အန််မယ်..ဝမ်းလျောမယ်..ရေခွက်ရေပုံးရေရှိတဲ့နေရာတွေ..အေးတဲ့ကျောက်ပြားလိုနေရာတွေလိုက်ရှာပြီးဝပ်နေမယ်..သိသာတဲ့လက္ခဏာတွေပါ..
#ဘယ်လိုကူးလဲ..ဘယ်လိုစတင်လဲ 💥💥
#အသက်၄၅ရက်မတိုင်မှီကလေးတွေကိုကာကွယ်ဆေးမထိုးမှီအချိန်မှာအပြင်ကိုလွတ်ထားရာကနေ..ဟိုနမ်းဒီနမ်းလုပ်ပြီးတွေ့ရာကောက်ပြီးဆော့တာကနေစပါတယ်..လေထဲကနေကူးတာအရမ်းမြန်ပါတယ်..လမ်းပေါ်မှာနေတဲ့ခွေးလေးတွေသွားထားတဲ့မစင်ကိုရှုမိတာမျိုးပေါ့..မိမိတို့အိမ်မှာသွေးဝမ်းဖြစ်ပြီးအရင်ကလေးတွေဆုံးရှုံးခဲ့ဖူးရင်ပိုပြီးသတိထားပြီးဂရုတစိုက်ထားရမှာဖြစ်ပါတယ်..
#မလွဲမရှောင်သာကြုံလာခဲ့ရင်ဘယ်လိုလုပ်ရမလဲ💣💣(45ရက်ပြည့်ပြီးကာကွယ်ဆေးမထိုးရသေးဘူးဆိုရင်)
#ကလေးမူမမှန်တော့ဘူး..ပုံမှန်အစားအရမ်းစားတဲ့ကလေးတွေအစာမစားတာနဲ့ဆေးခန်းမသွားချင်ရင်testkit(သွေးဝမ်းကျောက်စစ်ဆေးတဲ့ကိရ်ိယာ)ဆောင်ထားပါ..အလွယ်တကူစစ်လို့ရပါတယ်..
#စစ်ပြီးလို့ရှိတယ်ဆိုရင်ဆေးခန်းကိုသွားပါ..ဆေးခန်းပိတ်တဲ့အခြေအနေမျိုးမှာအရေးပေါ်လုပ်ပေးထားရမှာရှိပါတယ်..အူလမ်းကြောင်းယောင်ယမ်းပြီးပိုးဝင်တာဖြစ်လို့..သောက်ဆေးကပိုပြီးထိရောက်ပါတယ်..အမောက်စလင်(Amoxicilin 125mg oralအမှုန့်ဘူးကိုအချိုးအတိုင်းရေဖျော်ပြီးအလေးချိန်အလိုက်၆နာရီခြားတခါတိုက်ပေးပါ)
#နောက်တခုဓာတ်ဆား..ပုံမှန်ရေခွက်အစားဓာတ်ဆားကိုဖျော်ပြီးဖြည့်ပေးထားပါ..မသောက်ရင်စလင်းနဲ့စုပ်ပြီးတိုက်ပေးပါ(အားရှိအောင်brandကြက်ပေါင်းရည်လုံးဝမတိုက်ပါနဲ့အန်တာကိုပိုပြီးအားပေးပါတယ်)
#အန်နေရင်အစာဖြတ်ထားပါ.အမောက်စလင်ဆေးတိုက်ပြီးနာရီဝက်လောက်နေရင်.ကြက်ပြုတ်ရည်ကိုစလင်းနဲ့တိုက်ပေးလို့ရပါတယ်..မအန်ရင်၁၅မိနစ်ခြားတခါစီလောက်တိုက်ပေးပါ..အန်ရင်တော့အတင်းမတိုက်ပဲရပ်ထားပေးပါ...နဲနဲစီတိုက်ပြီးအချိန်ခြားပေးပါ..(နဲနဲချင်းစီတိုက်သွားပေးပါ). . မအန်တော့ရင်နဲနဲစီပမာဏတိုးပြီးအချိန်ခြားပြီးတိုက်သွားပေးပါ..ဓာတ်ဆားနဲ့ကြက်သားပြုတ်တိုက်ပါ..မအန်တော့ရင်RoyalCaninကRecoveryလိုနဲနဲကျွေးတာနဲ့အားပြည့်စေတာမျိုးကျွေးရပါမယ်
#ဆေးခန်းကိုသွားရပါမယ်..ဆေးခန်းကnavet interferonလိုဆေးကိုငါးရက်သွင်းပေးပါလိမ့်မယ်..ဆေးသွင်းနေစဥ်ရက်အတွင်းမှာအချိန်ပြည့်အိမ်မှာနွေးနွေးထွေးထွေးနဲ့ပြုစုပေးပါ..လိုအပ်ရင်မအိပ်ပါနဲ့..ကလေးနဲ့အနီးဆုံးမှာပဲနေပါ..
#ဆေးသွင်းပြီးကျော်လွန်ခဲ့ရင်သွေးဝမ်းပြန်စစ်ပြီးမရှိတော့တဲ့အခါကာကွယ်ဆေးထိုးလို့ရပါပီ..
#မကြုံတွေ့အောင်ဘယ်လိုကာကွယ်မလဲ🤗🤗
#ပြင်ပကနေဝယ်ယူမယ်(အိမ်ပေါက်မဟုတ်တာကိုဆိုလိုပါတယ်)ဆိုရင်testkitသာဆောင်သွားပါ..အိမ်ပေါက်ကိုဝယ်မယ်ဆိုရင်လဲ၄၅ရက်ပြည့်တာနဲ့သွားခေါ်ပြီးဆေးခန်းကိုတန်းသွားပါ..ကာကွယ်ဆေးထိုးပါ..
#မိခင်ဝမ်းကနေထွက်လာပြီးကိုယ်ခံအားက၄၅ရက်အတောအတွင်းရောဂါမဝင်အောင်ကာကွယ်ပေးထားတာဖြစ်လို့..၄၅ရက်ကျော်တာနဲ့မိခင်ကပေးတဲ့ကိုယ်ခံအားကုန်ပါပီ..အဲဒီအချိန်၄၅ရက်သားမှာကာကွယ်ဆေး၆မျိုးစပ်(6in1)ထိုးပေးရပါမယ်..
#ဆေးထိုးတဲ့အခါဆေးခန်းက၂၄နာရီရေခဲနဲ့ထားနိုင်လောက်မဲ့ဆေးခန်းမျိုးမှာပဲဆေးထိုးပါ(အအေးဓာတ်လွတ်သွားရင်ကာကွယ်ဆေးအာနိသင်ပြယ်ပါတယ်)
#ကာကွယ်ဆေးထိုးပြီးပြီဆိုပြီးစိတ်ချထားလို့လဲမရပါဘူး..(ကာကွယ်ဆေးရဲ့အာနိသင်က၁၄ရက်အတွင်းမှာ၁ရက်ချင်းစီကိုယ်ခန္ဓာထဲကိုတဆင့်ချင်းစီသွားတာဖြစ်လို့ပါ)
#ပထမအကြိမ်ထိုးပြီးတစ်လခြားလဲရသလို..၂ပတ်ခြားပြီးဒုတိယအကြိမ်ထိုးလဲရပါတယ်..
#ဒုတိယအကြိမ်ထိုးပြီးလို့တစ်လခြားပြီးနောက်ဆုံးတတိယအကြိမ်မှာ6in1ရောခွေးရူးကာကွယ်ဆေးပါထိုးပေးရပါမယ်..(သုံးကြိမ်လုံးပြီးရင်တော့တစ်နှစ်တစ်ကြိမ်ပုံမှန်သက်တမ်းရှိသရွေ့ထိုးပေးသွားရမှာပါ)
#တတိယအကြိမ်ဆေးထိုးပြီးလို့၁၄ရက်ကျော်ရင်တော့ရေချိုးပေးပြီးပုံမှန်သဘာဝအတိုင်းလွတ်လွတ်လပ်လပ်ထားလို့ရပါပီ...
#ဆေးသုံးကြိမ်လုံးမပြီးမချင်းအစိုဓာတ်များတဲ့နေရာမှာအိပ်တာမျိုး..တွေ့ကရာကောက်စားတာမျိုးမဖြစ်အောင်လှောင်အိမ်လေးနဲ့ထားပေးသင့်ပါတယ်..
#ကျန်းမာပျော်ရွင်တဲ့အာဝုလေးတွေနဲ့ဘဝကိုပျော်ရွင်စွာဖြတ်သန်းနိုင်ကြပါစေ..