25/08/2023
အားဝုနဲ့ မီးညောင်လေးတွေ အတွက် Calcium Phosphorus 🦴🦷
ပြေးလွှားဆော့ကစား ဟိုခုန်ချ ဒီခုန်ချ လုပ်ကြတဲ့ သူတို့လေးတွေအတွက် calcium က အရမ်းကို အရေးပါပါတယ်နော် 😆
🦴အောက်ပိုင်းချိနဲ့တာ အောက်ပိုင်းသေတာ အရိုးကျိုးတာတွေ ကာကွယ်ရအောင် ပုံမှန်အားဆေးအနေနဲ့ တိုက်ပေးသင့်ပါတယ်နော်
🦴Calcium က အရိုးကို သန်မာစေတယ် ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးမှုကို အားပေးပါတယ်ရှင့်
🦴အသက်သုံးလအထက်မှ တိုက်လို့ရပါတယ်
ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေကိုလည်း တိုက်သင့်ပါတယ်
ဆေးဆိုပေမယ့် ဒီတိုင်းကျွေးလိုက်တာနဲ့စားပါတယ်နော်
အစာနဲ့ရောကျွေးလို့လည်း ရပါတယ်
မနက်စာ မစားခင်မှာ တိုက်ပေးတာ ပိုကောင်းပါတယ်နော်
🦴ဘယ်လိုတိုက်ရမလဲဆိုတော့
🐶အားဝုလေးတွေမှာ ပုံမှန်အနေနဲ့ကတော့ တရက်ကို 1/2 tablet per 10 kg (22 lb) ပါရှင့်
🦴ကိုယ်ဝန်လရင့်ချိန်,နို့တိုက်ချိန်နှင့် ခန္ဓာကိုယ် ကြီးထွားနေချိန်တွေမှာဆို တရက်ကို 1 tablet per 10 kg (22lb) ပါရှင့်
❌တနေ့ကို 3 tablets ထပ်ပိုမကျွေးသင့်ပါဘူးရှင့်
🦴🐱မီးညောင်လေးတွေမှာဆို ပုံမှန်အနေနဲ့ကတော့ တရက်ကို 1/4 tablet per 2 kg(4.4 lb )
🦴ကိုယ်ဝန်လရင့်ချိန်,နို့တိုက်ချိန်နှင့် ခန္ဓာကိုယ် ကြီးထွားနေချိန်တွေမှာဆို တရက်ကို 1/2 tablet per 2 kg (4.4) ပါရှင့်
❌တနေ့ကို 1 tablet ထပ်ပိုမကျွေးသင့်ပါဘူးရှင့်
အလုံး (50) ပါ တဗူးကို 36000 ပါရှင့်
🌸personal review အနေနဲ့ကတော့ အိမ်က alaskan မလေးကို ၁ နှစ်ကျော်မှ စတိုက်တာတောင် အရပ်သိသိသာရှည်လာပါတယ်