The Furry Four-Legged Friends

The Furry Four-Legged Friends cute and sweet puppy sale 🐶🖤

ပေပီပိစိလေးတေ အောင်မြင်စွာမွေးဖွား...🖤
31/01/2024

ပေပီပိစိလေးတေ အောင်မြင်စွာမွေးဖွား...🖤

အတုယောင်တေ ပေါတဲ့ လောကထဲ ကိုယ့်ကိုမေတ္တာ အစစ်မှန်ပေးနိုင်တာသူဆို့ပဲရှိလို့ ရှင်သန်ရာဘဝရဲ့ အဆွေမွန်ကောင်းလေးတေ..🐶💙
26/01/2024

အတုယောင်တေ ပေါတဲ့ လောကထဲ
ကိုယ့်ကိုမေတ္တာ အစစ်မှန်ပေးနိုင်တာ
သူဆို့ပဲရှိလို့
ရှင်သန်ရာဘဝရဲ့ အဆွေမွန်ကောင်းလေးတေ..🐶💙

24/01/2024

ဝု အသဲကွဲလွန်သွားတယ်..😞

ပိစိကို လေ့လာစပ်စုနေကျတာ...🤦‍♀️
18/01/2024

ပိစိကို လေ့လာစပ်စုနေကျတာ...🤦‍♀️

မထင်ထားတဲ့ သမီးတော်က ဗိုက်လေး ထွက်နေတယ်ဘယ်ကောင့်လက်ချက်လဲတော့မွေးမှပဲသိရတော့မယ်
16/01/2024

မထင်ထားတဲ့ သမီးတော်က ဗိုက်လေး ထွက်နေတယ်
ဘယ်ကောင့်လက်ချက်လဲတော့မွေးမှပဲသိရတော့မယ်



13/01/2024

How cute ...🥺

မဲလုံး နှစ်ကောင် ကြီးလာလိုက်တာ ခုနေ့ဆို 1 Monthပြည့်..😚
06/01/2024

မဲလုံး နှစ်ကောင် ကြီးလာလိုက်တာ ခုနေ့ဆို 1 Monthပြည့်..😚

ပိစိတေနေပြတာ အနား ကိုရံတော် တသိုက်နဲ့...🤨 'daughter
20/12/2023

ပိစိတေနေပြတာ အနား ကိုရံတော် တသိုက်နဲ့...🤨
'daughter

Chocoရဲ့ ရင်တွင်းခံစားချက်လေး...🤣3-4 ရက်လေး မတွေ့ရ ခဏခွဲရတာကို နင်တို့က ငါ့ကို ဝိုင်းခွဖို့ပဲတွေးနေကျတယ်...😞☹️
12/12/2023

Chocoရဲ့ ရင်တွင်းခံစားချက်လေး...🤣
3-4 ရက်လေး မတွေ့ရ ခဏခွဲရတာကို
နင်တို့က ငါ့ကို ဝိုင်းခွဖို့ပဲတွေးနေကျတယ်...😞☹️

11/12/2023

🥴🥴

🥺🥺
09/12/2023

🥺🥺

Save date 🖤
07/12/2023

Save date 🖤

07/12/2023

Borning..🐶🖤

06/12/2023

ဝုတို့က မရဘူး ကောက်မာပဲ🥴

Lucky Dec 🖤 နှစ်ကုန်ခါနီးလက်ဆောင်မွန်တွက် ကျေးဇူးတင်ပါတယ်3 Female orange 1 Black 2
06/12/2023

Lucky Dec 🖤
နှစ်ကုန်ခါနီးလက်ဆောင်မွန်တွက် ကျေးဇူးတင်ပါတယ်
3 Female
orange 1
Black 2

🤗
22/11/2023

🤗

🥺 သွေးဝမ်းသွားနေလို့တဲ့

❗ Canine Parvo Virus ခေါ် သွေးဝမ်းရောဂါ ❗

ခွေးကြီးတွေထပ် အရွယ်မရောက်သေးတဲ့ ကာကွယ်ဆေးမစုံသေးတဲ့ ခွေးငယ်လေးတွေမှာ ပိုအဖြစ်များပြီး ရာသီဥတုပူပြင်းတဲ့ ကာလအကူးအပြောင်းတွေမှာ ပိုပြီးဖြစ်ပွားတတ်ကြပါတယ်

😑 ဝမ်းထဲမှာ သွေးပါတိုင်း သွေးဝမ်း Parvo ဖြစ်တာမဟုတ်ပါဘူး ... ဝမ်းကိုက်ပိုး/ သန်/ အရိုးနဲ့ ပြင်ပအရာတခုခု အူမှာစိုက်နေတာနဲ့ တခြားအကြောင်းအရင်းတွေလည်း ရှိပါတယ်
သို့ပေမယ့် ခွေးလေးတွေမှာ ကျောက်ရောဂါထပ် သွေးဝမ်းကပိုဖြစ်လွယ်တယ်ဆိုတာ သင်သိပါသလား

သွေးဝမ်းဖြစ်စေတဲ့ Parvo Virus ကလည်း Covid လိုပဲ ထိတွေ့မိတဲ့နေရာတိုင်းရှိနေပြီး

🙂 Covid ကမှ ဆပ်ပြာ/ အရက်ပျံတမျိုးမျိုး ဒါမှမဟုတ် Dettol နဲ့ ရှင်းလို့ရပြီး
😑 Parvo ကတော့ အင်္ကျီ အစွန်းချွတ်ဆေးရည် Bleach ကို ရေအဆ ၂၀ ရောကာ မိနစ် ၂၀ ခန့်ဖြန်းထားမှ အဲ့ Parvo Virus ကသေတာကို သင်သိပါသလား

Covid ပိုးကမှ ၃-၄ ပတ်ကြာရင်သေပြီး
Parvo ကတော့ လေဝင်လေထွက်မကောင်း နေရောင်မရတဲ့ ဆိုဖာခုံကြားတွေနဲ့ အခန်းထောင့် ကြမ်းပြင်တွေကြားမှာ ၅-၆ လကနေ နှစ်ချီနီးပါးထိ ရှင်သန်နိုင်ပါတယ်

⚠️ Parvo သွေးဝမ်းဖြစ်မှန်း ဘယ်လိုသိရမလဲဆိုရင် Test Kit နဲ့ စစ်ကြည့်လို့ရပါတယ်

အစာမစားဘူး မှိုင်တယ် အန်တယ်
ကိုယ်ပူလွန်းတယ် ခန္ဓာကိုယ်အေးနေတယ်
ဝမ်းက အညိုရောင်သွားမယ်
အနံ့က ပုပ်နံ့နံမယ်
ဒီအချက်ထဲက တခုခုဖြစ်နေပြီ
ကာကွယ်ဆေးလည်း မစုံသေးဘူးဆိုရင်
Test Kit နဲ့ စောစီးစွာ Parvo စစ်ကြည့်သင့်ပါတယ်

⚠️ ဘယ်လိုကာကွယ်ရမလဲဆိုရင်တော့
အသက် ၄ လလောက်မှ ခွေးတွေက ကိုယ်ပိုင် ကိုယ်ခံအား စပြီး ရတတ်ကြတာဖြစ်လို့

1. ကာကွယ်ဆေးကို အသက် ၁ လခွဲမှစပြီး ၂၁ ရက်ခြား တကြိမ် ဒါမှမဟုတ် တလတကြိမ်ကို အနည်းဆုံး ၃ ခေါက်ထိုးရပါမယ်
ပုံမှန် နှစ်စဉ် Booster လိုအပ်သလိုထိုးလို့ရပါတယ်

2. နောက်ပြီး ကာကွယ်ဆေးမစုံသေးတဲ့ ခွေးငယ်လေးတွေကို အပြင်ခေါ်တာ ရှောင်ရပါမယ်
အဲ့လိုခွေးငယ်တွေကိုလည်း အပြင်ကပြန်လာတဲ့ ဖိနပ်တွေနဲ့ ဆော့ကစားစေတာမျိုး ရှောင်ရှားရပါမယ်
တခြား ခွေးကြီးတွေ အိမ်အလည်လာတာလည်း ရှောင်ရပါမယ်

⚠️ Parvo ဖြစ်ရင် ဘယ်လိုပြုစုရမလဲ?

Covid လိုပါပဲ ကိုယ်ခံအားကောင်းအောင်ပြုစုရပါမယ်

1. ခန္ဓာကိုယ်အေးနေရင် ပိုးတွေကပိုပြီး ထကြွတတ်လို့ ကြမ်းပြင် ကြွေပြားတွေမှာ မအိပ်ခိုင်းရပါဘူး

2. မအန်တဲ့ Parvo Patient တွေက အန်တဲ့ Patient တွေထပ် ပိုပြီး အသက်ရှင်နိုင်ခြေများတာကြောင့် အစာကိုပျော့ပျော့နဲ့ နည်းနည်းစီ (လုံးဝကိုမှ နည်းနည်းလေး) ခဏခဏ ကျွေးလို့ရပါတယ်
(အစာကျွေးလို့ အန်ရင် ပြန်မကောင်းမချင်း အစာဖြတ်ရပါမယ်)

3. Hydration ခေါ် ရေဓာတ်လုံလောက်စွာရှိနေဖို့ အရေးကြီးပါတယ်
ခွေးသေး Puppy လေးတွေဆိုရင် နာရီဝက်ကို အာစွတ်ရုံ လက်ဖက်ရည်ဇွန်း တဇွန်းစာ
ခွေးကြီး Puppy လေးတွေဆိုရင် နာရီဝက်ကို အာစွတ်ရုံ ထမင်းစားဇွန်း တဇွန်းစာ
အာဟာရဖြစ်စေတဲ့ အရည်ဖြစ်တဲ့ Glucose / ဓာတ်ဆား/ အရိုးပြုတ်ရေ အကုန်လုံးတိုက်လို့ရပါတယ်

တိုက်လို့ အန်ရင် နာရီဝက်နောက်ဆုတ်ရပါတယ်
တနာရီခြားပြီးတိုက်တာ အဲ့လောက်ပမာဏလေးတိုက်တာတောင် အန်ရင် ၃ နာရီခြားတခါ တိုက်ရပါတယ်
ဒါတောင်မရသေးဘူးဆိုရင် ခံတွင်းကနေ အရည်အဝင်ကို လုံးဝဖြတ်ထားပြီး ဆေးခန်းမှာ တရက်ကို ၂ ကြိမ် Drip ကျောကုန်းအရေပြားအောက်ကနေသွင်းရပါတယ် အချိန်ပေးနိုင်ပြီး ညကိုအိမ်ပဲပြန်ခေါ်ချင်ရင်တော့ တနေကုန် သွေးကြောကနေ အရေဓာတ်ချိတ်ရပါတယ်

4. ကောင်းမွန်စွာအိပ်စက် အနားယူစေရပါမယ် ကောင်းကောင်း အိပ်ပျော်နိုင်တဲ့ကလေးက ဂဏာမငြိမ် မအိပ်နိုင်ဘဲ နေရာရွှေ့ရွှေ့နေတဲ့ ကလေးထပ် မြန်မြန်သက်သာနိုင်ပြီး အသက်ရှင်နိုင်ခြေပိုများပါတယ်

5. Interfron ဆိုတဲ့ဆေးတမျိုးရှိပါတယ်
ကိုယ်ခံအားကို တက်စေတဲ့ဆေးလို့ အလွယ်မှတ်သားဖူးပါတယ် အဲ့ဒိီဆေးကို ဆရာဝန်နဲ့တိုင်ပင်ပြီး တရက်တကြိမ် ၅ ရက်ဆက်တိုက် မပျက်မကွက် ထိုးပေးရပါတယ်

6. ကိုယ်ပူချိန် ထိမ်းရပါမယ်
ကိုယ်ပူတက်နေရင် ကိုယ်ပူကျအောင်
ကိုယ်လက်တွေအေးနေရင် Normal ပြန်ဖြစ်အောင်
တရက်ကို လိုသလို Body Temp တိုင်းရပါမယ်

😇 Parvo ဖြစ်တဲ့ဝုလေးတွေကို ပြုစုစောင့်ရှောက်ဖူးခဲ့သမျှ အတွေ့အကြုံတွေကို ပြန်လည်မျှဝေတာဖြစ်ပါတယ်
သေချာအပင်ပမ်းခံပြီး ပြုစုတတ်ရင် ရှင်ဖို့ ရာခိုင်နှုန်း အလွန်များပါတယ်
အတွေ့အကြုံတွေအရ ပထမတပတ်ကိုကျော်လွန်နိုင်ရင်လည်း အသက်ဆက်ရှင်ကြတာများပါတယ်

❗ Covid လိုပဲ ခွေးအချင်းချင်း/ လူနဲ့ အသုံးအဆောင်ပစ္စည်းများက တဆင့်ကူးစက်လွယ်တာကြောင့် Parvo ခွေးကိုပြုစုကိုင်တွယ်တဲ့သူက တခြားခွေးလေးတွေကို ကိုင်တွယ်ခြင်းကိုပါ ရှောင်ရပါတယ်

❗ တခြားခွေးလေးတွေ ရှိတယ်ဆိုရင် သေချာ အဝတ်အစားလဲ ကိုယ်လက် သန့်စင်ဖို့လိုပြီး ပိုးသတ်ရခက်ခဲတဲ့ မွေ့ယာတွေနဲ့ ဆိုဖာတွေမှာ အိမ်ရှိအခြားသူတွေနဲ့ အိပ်စက် အနားယူခြင်းကအစ သတိထားရပါမယ်

မေတ္တာဖြင့် Just for Pet

#စာများကူးယူဖော်ပြခွင့်မပြု

Photo Credit to the rightful owner

ဝုကဆရာကြီးပါဆို...🤣
21/11/2023

ဝုကဆရာကြီးပါဆို...🤣

မျောက်ပေါက်တေ အရမ်းဆော့....🤦‍♀️မဗိုက် နှစ်ကောင်ကတော့ မဆော့နိုင်ဘူး ဗိုက်လေးနေကျလို့🤭
21/11/2023

မျောက်ပေါက်တေ အရမ်းဆော့....🤦‍♀️
မဗိုက် နှစ်ကောင်ကတော့ မဆော့နိုင်ဘူး ဗိုက်လေးနေကျလို့🤭

21/11/2023

အရမ်းချစ်စရာကောင်းသော မင့်အိမ်က ကလေးတေလိုပဲ🤣

🐶ခွေးလေးတွေကို အိမ်မှာမွေးခြင်းကြောင့် ရရှိနိုင်သော ကျန်းမာရေး အကျိုးကျေးဇူး..၁။ အဖျားအနာ နည်းမယ်..🤒ကျွန်ုပ်တို့ လူသားတွ...
21/11/2023

🐶ခွေးလေးတွေကို အိမ်မှာမွေးခြင်းကြောင့် ရရှိနိုင်သော ကျန်းမာရေး အကျိုးကျေးဇူး..

၁။ အဖျားအနာ နည်းမယ်..🤒

ကျွန်ုပ်တို့ လူသားတွေက မမြင်ရတဲ့ ပိုးမွှားများစွာ ကြားမှာ နေထိုင်ပါတယ်။ လူရဲ့ခုခံအားစနစ်က အဲ့ဒီ ပိုးမွှားတွေကို တိုက်ထုတ်ပြီး ပိုမို ကောင်းမွန်လာလေ့ရှိပါတယ်။ တချို့ ပိုးမွှားတွေကတော့ ထိတွေ့မိတဲ့အခါ လူ့ခန္ဓာကိုယ် ခုခံအားစနစ်က အသင့် မဖြစ်တဲ့အချိန်မျိုးဆိုရင်တော့ ဖျားနာတာမျိုး ဖြစ်စေပါတယ်။ စိတ်ပူသွားသလား။ ခွေးလေးတွေ မွေးထားရင်တော့ သင့်ရဲ့ခုခံအားစနစ်ကို တိုးမြှင့်နိုင်ပါတယ်။ ခွေးမှာ ပိုးမွှားမျိုးစုံ ကပ်ညှိနေတတ်တာကြောင့် ခွေးလေးတွေနဲ့ အနီးကပ် အတူတူ နေထိုင် ဆော့ကစားတဲ့အခါမျိုးမှာ သင့်ရဲ့ ကိုယ်ခံအားစနစ်က အဲဒီပိုးမွှားတွေကို တိုက်ထုတ်ဖို့ တဖြည်းဖြည်း တိုးမြှင့်နေတတ်ပါတယ်။ ဒါကြောင့် အိမ်မွေး တိရစ္ဆာန် ရှိတဲ့ အိမ်က ကလေးငယ်တွေဟာ ပိုမို ကျန်းမာပြီး အဖျားအနာ နည်းပါတယ်။

၂။ ဓာတ်မတည့်တာတွေကို ပိုခံနိုင်လာမယ်..😷

ခွေးရဲ့အမွှေးတွေဟာ တချို့လူတွေအတွက် ကမ္ဘာမှာ အဆိုးရွားဆုံး ဓာတ်မတည့်တာမျိုး ဖြစ်နိုင်စေနိုင်ပေမယ့် ခွေးရှိတဲ့ အိမ်က ကလေးငယ်တွေဟာ ဓာတ်မတည့်မှု ဖြစ်တာမျိုး အတော်အတန် ရှားပါတယ်။

၃။ နှလုံးကျန်းမာရေး ပိုကောင်းမယ်..💙

ခွေးတစ်ကောင်ကို ပိုင်ဆိုင်ရတာကိုက စိတ်ကို ပျော်ရွှင် ကြည်နူးစေပြီး နှလုံးကို ကျန်းမာစေပါတယ်။ ခွေးမွေးတာကြောင့် နှလုံးခုန်နှုန်းကို ပုံမှန် ဖြစ်စေပြီး သွေးဖိအားကိုလည်း ကျစေပါတယ်။ တရုတ်ပြည်မှ လေ့လာချက်တစ်ခု အရ ခွေးမွေးတဲ့သူတွေဟာ ညဘက်မှာ ပိုမို ကောင်းစွာ အိပ်ပျော်ပြီး ကျန်းမာပါတယ် လို့ ဆိုပါတယ်။ တခြားလေ့လာမှု တစ်ခုမှာတော့ ခွေးမွေးတာဟာ သွေးတွင်း အဆီဓာတ်ကိုလည်း ကျစေပါတယ်။

၄။ ကိုယ်လက် လေ့ကျင့်ခန်း ပိုလုပ်ဖြစ်တယ်..🏋️‍♂️

တခြားအိမ်မွေး တိရစ္ဆာန်တွေ မွေးတာဟာလည်း ကျန်းမာရေးကို ကောင်းကျိုးရှိစေနိုင်ပေမယ့် ခွေးမွေးမယ် ဆိုလျှင် ပိုမို လမ်းလျှောက်ဖြစ်ပြီး ခွေးနဲ့ မကြာခဏ ဆော့ဖြစ်ပါတယ်။ ဒါဟာ ခွေးပိုင်ရှင်တွေ အတွက် တစ်နေ့ကို နာရီဝက် ကိုယ်လက် လေ့ကျင့်ခန်း လုပ်တာနဲ့ညီမျှပြီး နှလုံးနဲ့သွေးကြောဆိုင်ရာ ရောဂါတွေ ဖြစ်တာကို လျော့ကျစေပါတယ်။

၅။ ပိုမို ပျော်ရွှင်စေမယ်..🥳

ခွေးပိုင်ရှင်တွေဟာ ခွေးမမွေးသူတွေတွေထက် ပျော်ရွှင်နေလေ့ရှိပြီး စိတ်ကျဝေဒနာ ခံစားရတာမျိုး မရှိပါဘူး။ ကတယ်လို့ ခွေးပိုင်ရှင်တွေဟာ နဂိုက စိတ်ကျရောဂါအခံရှိနေရင်လည်း ခွေးလေးတွေ မွေးမြူပြီးတဲ့အခါ ခွေးကို ပြုစု စောင့်ရှောက်တာကို ပြုလုပ်ရင် လှုပ်ရှားနေရတာကြောင့် စိတ်ဓာတ်ကျတဲ့ ဝေဒနာကို အလျင် အမြန် ကောင်းမွန်လာတာမျိုး ဖြစ်တတ်ပါတယ်။ မိမိခွေးနဲ့ မိမိ ပိုမို နားလည်လာပြီး သံယောဇဉ်တွယ်လာတဲ့အခါ ပျော်ရွှင်မှုကို ရရှိစေပါတယ်။ တစ်ခါတလေ ခွေးရဲ. အပြုအမူကို ကြည့်ပြီး သဘောကျတဲ့အခါ အောက်စီတိုဆင် ဟော်မုန်း ထွက်တာကြောင့် ပိုမို နေလို. ကောင်းစေပါတယ်။

၆။ ပေါင်းသင်းဆက်ဆံရေး ပိုမို ကောင်းစေပါတယ်..👫

လူထုစစ်တမ်းတွေအရ လမ်းမှာ ဒီတိုင်း လမ်းလျှောက်သွားသူနဲ့ ခွေးနဲ့ လမ်းလျှောက်နေတဲ့ သူတွေမှာဆို ခွေးနဲ့ အတူတကွ ရှိနေတဲ့ သူတွေကို တခြားသူတွေက ပိုမို ယုံကြည်လေ့ရှိတယ်လို့ ဆိုပါတယ်။ ကိုယ်က တစ်ကိုယ်ရည် တစ်ကာယ သမားဖြစ်ပြီး အထီးကျန်မယ် ဆိုရင်တောင် ခွေးတစ်ကောင်ဟာ လူတစ်ယောက်လို နှစ်သိမ့် အဖော်ပြုပေးနိုင်ပါတယ်။

၇။ အသက် ကယ်သူ ဖြစ်လာနိုင်ပါတယ်..⛑️

ခွေးတွေမှာ သူမတူတဲ့ အနံ့ခံ စွမ်းအင် ရှိပြီး တချို့ကင်ဆာရောဂါတွေကို အနံ့ခံနိုင်ပါတယ်။ တချို့ ဖြစ်စဉ်တွေ အရ ခွေးပိုင်ရှင်ရဲ့ ခန္ဓာကိုယ်ရှိ မှဲ့အလုံးအကျိတ်တွေကို ခွေးတွေက လာလျှက်တဲ့အခါ သတိထားမိပြီး စစ်ဆေးတဲ့အခါ ကင်ဆာရောဂါကို လျင်လျင် မြန်မြန် သိစေနိုင်တယ်လို့ သိရပါတယ်။

၈။ အလုပ်မှာ စိတ်ဖိစီးမှု နည်းမယ်...💫

အလုပ်ကို ခွေးခေါ်သွားတဲ့အခါ ပိုမိုတက်ကြွစေပြီး စိတ်ဖီစီးမှု နည်းစေပါတယ်။ ရုံးခန်းထဲမှာ ခွေး ရှိတဲ့အခါ ပိုမို လမ်းလျှောက်ဖြစ်ပြီး အညောင်းမမိတော့ပါဘူး။ ဒါ့အပြင် လုပ်ငန်းခွင် ကျေနပ်မှု ဖြစ်စေပါတယ်။

၉။ ပင်ကိုယ်စရိုက်ကို ပိုမို ပေါ်လွင်စေပါတယ်..👔

ကိုယ်မွေးတဲ့ ခွေးအမျိုးအစားကို ကြည့်ပြီး ကိုယ့်ရဲ့ ပင်ကိုယ်စရိုက်ကို ပိုမို သိရှိနိုင်ပါတယ်။ ဥပမာ တယ်ရီယာ ပိုင်ရှင်တွေကို ဥာဏ်ရည်မြင်းမားတယ်လို့ ခန်.မှန်းနိုင်ပြီး ခွေးဘီလူးမွေးသူတွေတော့ တာဝန်သိစိတ် ရှိသူတွေလို. ယူဆပါတယ်။ ဒါ့အပြင် ပိုင်ရှင်ရဲ့အမူအယာကို ကြည့်ပြီးလည်း ခွေးရဲ. အမူအကျင့်ကို သိနိုင်ပါတယ်။ ဥပမာ ပိုင်ရှင်ဟာ ခွေးရဲ. လည်ပတ်ကြိုးကို မကြာခဏ ဆွဲနေရပါက အဆိုပါ ခွေးဟာ ရန်လိုတတ်ကြောင်းသိနိုင်ပါတယ်။

၁၀။ ကလေးကို စာနာစိတ် ပိုမို ဖြစ်စေပါတယ်..👶

အိမ်မွေးတိရစ္ဆာန် ပိုင်ဆိုင်ထားတဲ့ ကလေးငယ်တွေနဲ့ စာနာစိတ် ဆက်စပ်မှု ရှိ၊ မရှိ စမ်းသပ်ခဲ့ပါတယ်။ လေ့လာချက်တွေအရ ခွေးမွေးထားတဲ့ မိသားစုက ကလေးငယ်တွေက လွဲပြီး အိမ်မွေး တိရစ္ဆာန်ပိုင်ဆိုင်တဲ့ ကလေးတွေထက် ထူးထူးခြားခြား သာလွန် စာနာသနားစိတ် ရှိတာကို တွေ.ရပါတယ်။ ဒါကြောင့် ခွေးမွေးတာဟာ ကလေးငယ်တွေကို စာနာစိတ် ပိုမို ဖြစ်စေပါတယ်။

crd; original writer

အိမ်ကို ဧည့်သည်အသစ်လေး ရောက်လာတုန်းက မီးမီးတို့ စပ်စု🤍
13/11/2023

အိမ်ကို ဧည့်သည်အသစ်လေး ရောက်လာတုန်းက မီးမီးတို့ စပ်စု🤍

ဘဝကြီးကအဆင်မပြေတော့ဘူး မေမေရရ်..🤣
12/11/2023

ဘဝကြီးကအဆင်မပြေတော့ဘူး မေမေရရ်..🤣

24/08/2023

မနိုင်စိန်တေ အရမ်းဆော့ အရမ်းစားမျောက်လား ဝုလားမသဲကွဲဘူး မဗိုက်ကတော့ ပေါင်ပေါ်မှာဖဲ ဇိမ်ခံ🖤



-Legged Friends

14/07/2023

မမ Daisy ကို ငမဲကောင် ရှယ်ပလေးနေတာ...
ဟိုက သူ့တဝက်ဖဲရှိတာကို...အရမ်းဆော့🥲

06/07/2023

🥹🥹

Address

Yangon

Website

Alerts

Be the first to know and let us send you an email when The Furry Four-Legged Friends posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to The Furry Four-Legged Friends:

Videos

Share

Category