Koe Koe Family

Koe Koe Family သားကိုးကိုးကမိသားစု14ယောက်ထဲကအငယ်ဆုံးမွေးစားထားတဲ့သားလေးတစ်ကောင်ပါ။ချစ်ပေးကြပါလို့

10/01/2024

ဧပြီလမှာမွေးလို့ မီးနာမည်လေးကအတာပါရှင့် ချွဲသော❤️

အခုအောက်ကအမတင်ထားတဲ့ မော်လမြိုင်ကအဖွားဆိုသူဆီကို ကျမနဲ့သူငယ်ချင်း ၂ယောက်ပေါင်းမတည်ငွေ ၁သိန်းနဲ့အလှူငွေထပ်မံပံ့ပိုးပေးမယ့...
08/01/2024

အခုအောက်ကအမတင်ထားတဲ့ မော်လမြိုင်ကအဖွားဆိုသူဆီကို ကျမနဲ့သူငယ်ချင်း ၂ယောက်ပေါင်းမတည်ငွေ ၁သိန်းနဲ့အလှူငွေထပ်မံပံ့ပိုးပေးမယ့်သူရှိသေးရင် ပို့ပေးဖို့တာဝန်ယူလုပ်ပေးနေပါတယ်။ အဖွားကအသက် (၇၁)နှစ် သမီးကအသက် (၃၀)ကျော်အတူနေကြပါတယ်။ အဖွားတို့မှာအဆက်အသွယ်ဘာမှမရှိလို့ မော်လမြိုင်ကအသိဆီကို သူငယ်ချင်းကတဆင့်ဆက်သွယ်စုံစမ်းပေးတဲ့အခါ ခွေးလေးတွေကအကောင် (၄၀)ကောင်လေးတွေက (၃၁)ကောင်ကျွေးမွေးထားတာသိရပါတယ်။ ရာသီဥတုအေးတဲ့အတွက် ကလေးတွေအနွေးဓါတ်လိုအပ်တယ်သိရလို့ စောင်အဟောင်း အခင်းအဟောင်းတွေပို့ပေးချင်ရင် ကျမကနေ ပို့ပေးမယ့်ပလတ်စတစ်အခင်းပြားအထူတွေနဲ့အတူ အိမ်အရောက် Deli နဲ့တခါတည်းပို့ပေးဖို့ စီစဉ်ပေးနေပါတယ်ရှင်။ ထောက်ပံ့ငွေပဲထည့်ဝင်ချင်တယ်ဆိုရင်လည်း စီစဉ်ပြီးလိုအပ်တာကိုတစ်ယောက်စာအိပ်တဲ့ခြေသုတ်ခုံပေါပေါလေးတွေကိုဝယ်ပြီး ထည့်ပေးလိုက်ပါ့မယ်။ တတ်အားသလောက်ကူညီချင်တဲ့သူများ အဆက်အသွယ်မရှိလို့ လှူချင်ပေမယ့်ခက်ခဲနေသူများဆက်သွယ်ပေးပါရှင် 💛
ဘယ်ဘက်ကတဆုပ်ကျဲလို့ ညာဘက်ကတစ်လှည်းဝင်ကြပါစေ 🙏🙏🙏

နှစ်ဦးအစ မွေးနေ့လေးမှာ မေမေနဲ့ ကိုကိုးတို့ 14 ယောက်မိသားစုလေးကနေ အလှူလေးလုပ်ဖြစ်ပါတယ်။ နောက်လတွေမှာလည်း သားသားမီးမီးလေးတ...
05/01/2024

နှစ်ဦးအစ မွေးနေ့လေးမှာ မေမေနဲ့ ကိုကိုးတို့ 14 ယောက်မိသားစုလေးကနေ အလှူလေးလုပ်ဖြစ်ပါတယ်။ နောက်လတွေမှာလည်း သားသားမီးမီးလေးတို့နာမည်လေးတွေနဲ့ ရည်စူးပြီးတစ်လတစ်ကြိမ် အလှူလေးတွေလုပ်ဖြစ်သွားဦးမှာပါရှင်။ နောက်ဘဝကုသိုလ်ကံလေးတွေကောင်းဖို့နဲ့ ဘဝတပါးကူးသွားတဲ့ကလေးတို့အတွက် ကလေးတို့မေမေကလုပ်ပေးနိုင်တဲ့ဘက်ကနေပြီး အကောင်းဆုံးလုပ်ပေးသွားမယ်နော် 🙏🙏🙏

05/01/2024

ကျေးဇူးတင်ပါတယ်🙏🙏🙏

11/11/2023

ထမင်းမစားလို့ သူ့အမေကိုရိုက်တော့ ရန်လုပ်
ကိုယ့်လဲရိုက်ရော ပျော်နေတာတဲ့ 😅

မြန်မာအက္ခရာ ထဲက က ကြီးနဲ့ နောက်ဆုံးစာလုံး အ အဖြူလေးက ကိုကိုး အညို မှိုင်းလေးက အဲအဲ သားနှစ်ကောင် အဲကတော့ မွေးထဲက ကိုယ့်သ...
25/10/2023

မြန်မာအက္ခရာ ထဲက က ကြီးနဲ့ နောက်ဆုံးစာလုံး အ အဖြူလေးက ကိုကိုး အညို မှိုင်းလေးက အဲအဲ သားနှစ်ကောင် အဲကတော့ မွေးထဲက ကိုယ့်သားလေး အတူအိပ့် အပျောက်မခံတဲ့သား အပြင်သွားလို့ သူနေခဲ့ရရင် အမေ ပြန်လာတာနဲ့ သူချီခိုင်းပြီး နမ်းလိုက်တာ မျက်နှာက ပေါင်းတင်စရာမလိုဘူး ရေအိမ်ထဲထိလိုက်တာ အသံတိတ် ရှိုက်ပြီးငိုသေးတယ် သူထမင်းမစားရင် မင်းအမေရိုက်ရမလားပြောတာနဲ့ ထစားတဲ့ကလေး အိပ့်ရင်လည်း အသားထိပြီး အိပ့်တယ် ခု ကိုကိုးလေး ရောက်လာတော့လည်း ကိုယ်နဲ့အတူ အိပ့်တယ် သူက ပိုဆိုးသေးတယ် ခေါင်းအုံးပေါ်တက်အိပ့်တာ တစ်ခါတစ်လေကြ ပြောမိတယ် လူလို မလာရလို့ ခွေးလေးလို လာခဲ့ကြတာလားလို့ လူတစ်ယောက်နီးပါး သိတတ်ကြလို့ စကားပြန်မပြောတတ်တာဘဲရှိတယ် ပြောသမျှ နားလည်တယ် အိပ့်ရာဝင်ထဲက မိုးလင်းလို့ ကုတင်ပေါ်က ဆင်းမှ အပေါ့အလေး လုပ်ကြလို့ သူတို့ရဲ့ သိတတ်နားလည်မှု့ကို သနားပြီး ပို ချစ်ရတယ် ကလေးတွေနဲ့ ကိုယ်တို့က သေမင်းခွဲမှ ကွဲမှာပါ

ခွေးပျောက်တယ် ခွေးပျောက်တယ် အိမ်ထဲထားတာ လွှတ်သွားတယ် လမ်းလျှောက်ခိုင်းတာ ပြန်မလာဘူး ပျောက်တယ် ပျောက်တယ်ပျောက်တယ် နေ့စဉ်န...
22/10/2023

ခွေးပျောက်တယ် ခွေးပျောက်တယ် အိမ်ထဲထားတာ လွှတ်သွားတယ် လမ်းလျှောက်ခိုင်းတာ ပြန်မလာဘူး ပျောက်တယ် ပျောက်တယ်ပျောက်တယ် နေ့စဉ်နဲ့အမျှ ကျွန်တော်လည်းဘယ်လမ်းပျောက်ခြင်ပါ့မလည်းသခင်ရယ် လမ်းရှာရင်း လမ်းပျောက်တော့ လမ်းပြန်မရှာတတ်လို့ပါ ကျွန်တော်တို့ကို သနားသဖြင့် နည်းနည်းပို ဂရုစိုက်ပေးပါ ( ဟုတ်ကဲ့ပါရှင့် သူတို့ကိုယ်စား ခံစားကြည့်မိတာပါပျောက်တဲ့စကားမကြားလိုပါ သခင်ကိုယ်တိုင်လည်း ရင်နင့်အောင် ခံစားရမယ်ဆိုတာ မပျောက်ဘူးပေမဲ့ ကိုယ်တိုင်လည်း ငါ့ကလေးပျောက်များပျောက်ရင်ဆိုတဲ့ အတွေး နေ့စဉ်တွေးမိလို့ ကိုယ်ခြင်းစာပါတယ် နေ့စဉ်နဲ့အမျှ ဖတ်နေရတော့ ပျောက်တဲ့ကလေးဘဲ ပြေးကူရှာချင်စိတ်ဖြစ်မိပါတယ် ကောက်ရိုးပုံထဲ အပ်ပျောက်သလို မို့ သူတို့ခြေထောက်လေးတွေနဲ့ ဦးတည်ရာမဲ့ လမ်းတွေ့ရာသွားနေမှာ ကောက်ယူမွေးစားပြီး သေချာကျွေးမွေးမဲ့ သခင်နဲ့ တွေ့ရင်တွေ့ ဒါမှမဟုတ်ပိုင်ရှင်နဲ့ ပြန်တွေ့ပါစေလို့ ဆုတောင်းပေးယုံမှတစ်ပါး သက်ရှိ သက်မဲ့ အရာဝတ္ထုတစ် ခုဟာ ရှိနေတုန်းက တန်ဖိုးဘယ်လောက်ထားရမှန်း မတွေးပေမဲ့ ကိုယ် လက်ထဲမရှိတော့တဲ့ အခါ ::?

တစ်နေ့တစ်နေ့ ကိုယ့်မှာ အဲကလေးတွေ တစ်ပြုံတစ်မနဲ့ ဟင်းချက်တာတောင် မိုးခြိမ်းတာကြောက်လို့ ချီချက်ရတဲ့ဘဝ အဲလို အများကြီးရှိန...
19/10/2023

တစ်နေ့တစ်နေ့ ကိုယ့်မှာ အဲကလေးတွေ တစ်ပြုံတစ်မနဲ့ ဟင်းချက်တာတောင် မိုးခြိမ်းတာကြောက်လို့ ချီချက်ရတဲ့ဘဝ အဲလို အများကြီးရှိနေရက်နဲ့ နောက်သားလေးကိုကိုး ရောက်လာတော့ သနားချစ်နဲ့ ချစ်ရပြန်ရော တစ်နေ့ တစ်နေ့ ကိုယ့်မှာ လူတွေအစား ကလေးတွေနဲ့ ခွေးစကားဘဲ ပြောနေရတယ် နာမည်မျိုးစုံခေါ်ပြီး ထမင်းကျွေးရ ထမစားတဲ့ကလေး ခွံ့ကျွေးရနဲ့ ရေမအေးရင် မကြိုက်ကြလို့ ရေအေးအေးတိုက်ရ အားတယ်လို့မရှိပါဘူး ဟိုနားဒီနားသွားဖို့အရေး သူတို့စဉ်းစားပေးနေရလို့ ဘယ်မှ မသွားဖြစ်ဘူးခရီးထွက် ဘုရားဖူးတာတောင် အကုန်ခေါ်သွားတာ အိမ်မှာ စိတ်မချလို့ သူတို့တွေ မန်းလေး မေမြို့ ပုဂံ ကျောက်ဆည် ရွှေသိမ်တော်ဘုရား မင်းကွန်းပုထိုးတော်ကြီးကအစခရီးဝေး ဘုရားတွေ ဖူးဘူးတယ် နောင်ဘဝ ဒီလို ဘဝတွေ မရစေချင်လို့ ဆုတောင်းကန်တော့ခိုင်းရတယ် ကိုကိုးလေးလည်း ပို့ပေးရဦးမယ် ရန်ကုန်မြို့ထဲ ဘုရားအရင် ဖူးခိုင်းရမယ် ကလေးက နှစ်လမပြည့်သေးဘူးလို့ ဆေးခန်းဆရာကြီးက ပြောတယ် သူလေးက မွေးနေ့ မွေးရက် မသိရဘူးလေ သူအရင်သခင်ကို နာမည်ဘယ်လိုခေါ်လည်းမေးကြည့်တော့ မပေးရသေးဘူးဆိုလို့ ကိုးလပိုင်း ကိုးရက်နေ့ရောက်လာလို့ ကိုကိုး လို့ နာမည်ပေးလိုက်တာ ခု သူနာမည်လေး သူသိသွားပြီ ကိုးရေ အမေတို့အိပ့်ကြစို့ ပြောတာနဲ့ ပြေးလာတာဘဲ အိုအိုးအိပ့်ဆိုရင် ခေါင်းလေးချတာနဲ့ ဟောက်သံပေးပြီး ခနအတွင်းမှာ အိပ့်ပျော်တဲ့သား ချစ်တယ်နော်ကိုး အိမ်က အကြီးတွေနဲ့လည်း အဆင်ပြေ တည့်အောင် ပေါင်းတတ်တယ် လူလည်လေးပေါ့ ကိုး က

ကလေးတို့အတွက် ကြက်သံပုံးကင်တစ်ကောင် 🤤
18/10/2023

ကလေးတို့အတွက် ကြက်သံပုံးကင်တစ်ကောင် 🤤

ကလေးပိုင်ရှင်တွေ့ပါပြီ ဒါမဲ့ကိုယ့်စေတနာဘဲ ကလေးကို ညနေက ဆေးခန်းမှာ သွေး ဝမ်းအကုန်စစ်တယ် ဘာလို့ဆို ကိုယ်မှာကလေးတွေရှိလို့ ...
18/10/2023

ကလေးပိုင်ရှင်တွေ့ပါပြီ ဒါမဲ့ကိုယ့်စေတနာဘဲ ကလေးကို ညနေက ဆေးခန်းမှာ သွေး ဝမ်းအကုန်စစ်တယ် ဘာလို့ဆို ကိုယ်မှာကလေးတွေရှိလို့ သွေးဝမ်းပါလာရင်ကူးတတ်လို့ စစ်လိုက်တော့ ကံကောင်းတယ် ဘာရောဂါမှမရှိဘူး သံလေးရှိနေတာရယ် တစ်လခွဲဘဲရှိသေးလို့ ဆရာက အားဆေးနဲ့သံချဆေးတိုက်တယ် ငယ်သေးတဲ့အတွက် ဆန်ပြုတ်တို့နို့တို့ဘဲတိုက်ရမယ် သွားတောင်မပေါက်သေးလို့ ငါးသောင်းခွဲကျပါတယ် အိမ်ပြန်လာတော့ ပိုင်ရှင်က ဒီအိမ်မှာသူကလေးရှိတယ်လာခေါ်လို့ သက်သေအတိအကျမေးပြီးပြန်ပေးလိုက်တာ ခုဆေးခန်းပြထားတဲ့ ငွေတော့ပြန်ပေးပါတောင်းလိုက်တော့ လာပို့ပေးမယ်ဆိုပြီး ခွေးကိုခေါ်ပြီးအိမ်ပြန်တယ် ခနလေးလဲနေရော ဘောက်ချာရော ဆေးရော ကလေးရော အမတို့ဘဲမွေးပါတော့ သူတို့မအားလို့ မမွေးနိုင်ဘူးဆိုပြီး ပြန်လာပို့တယ် ကလေးခေါ်သွားတဲ့ခန ကိုယ့်စိတ်မကောင်းဘူး နှမြောနေပေမဲ့ သူများပိုင်လေ ခုလိုပြန်ပို့မယ်မထင်တာ လွယ်လိုက်တာနော် သူတို့မွေးထားတာ တစ်ပါတ်ဘဲရှိသေးတယ်တဲ့ ခုကြည့်ပါတော့ ကလေးက အိမ်ကကောင်တွေနဲ့ ပျော်ပြီးဆော့နေတာ ချစ်လိုက်တာ ကိုယ်တို့နဲ့ထိုက်တဲ့ကလေးလေး ကိုကိုး မွေးတာမွေးတယ် ဆေးခန်းပြရမှန်းမသိ နာမည်ပေးရမှန်းမသိ တဲ့ အိမ်နဲ့ ဝေးသွားလို့ ကိုကိုးလေး ကံကောင်းသွားပြီ

ဆယ့်လေးကောင်မြောက် သတို့သား သူများစွန့်ပစ်လိုက်တဲ့ကလေး ကိုယ်မွေးလိုက်ပြီ ကိုယ်နဲ့ထိုက်လို့ ရောက်သောသား ၈ရက်နေ့က ကားလမ်းမ...
18/10/2023

ဆယ့်လေးကောင်မြောက် သတို့သား သူများစွန့်ပစ်လိုက်တဲ့ကလေး ကိုယ်မွေးလိုက်ပြီ ကိုယ်နဲ့ထိုက်လို့ ရောက်သောသား ၈ရက်နေ့က ကားလမ်းမမှာ အိမ်ပျောက်တဲ့ကလေး သူများကောက်ပြီးလာပို့ လို့ယူထားပြီး ခွေးပျောက်သူများဂရုမှာတင်ထားပေမဲ့ ပိုင်ရှင်မတွေ့လို့ အိမ်မှာလည်းကလေးတွေ ရှိနေတာကြောင့် သူမှာ ရောဂါရှိမရှိ သိချင်တာကော ကလေးတွေကူးမှာ စိတ်ပူတာနဲ့ ပြနေကြ ဆေးရုံမှာ ကျန်းမာရေးစစ်လိုက်တော့ ဘာရောဂါမှမရှိလို့ ဆရာကြီးက သံချဆေးတိုက် အားဆေးပေးလို့‌ေဆးရုံက ပြန်လာမှ ပိုင်ရှင်လာယူတယ် သူကို သေချာမေးပြီး ပြန်ပေးလိုက်တယ် ဒါမဲ့ ဆေးစစ်ထားတာငါးသောင်းခွဲကျခဲ့လို့ ဆိုပြီး ဘောက်ချာနဲ့ အားဆေးနဲ့ ပေးလိုက်တယ် ခုပိုက်ဆံပါမလာလို့ လာပေးပါမယ် ပြောပြီး ခနနေ ပြန်လာ‌တော့ ပိုက်ဆံပါမ‌ပေးတော့ဘူး ကလေးကို ယူလိုက်ပါ ‌ေရာက်လာတာတစ်ပါတ်ဘဲရှိသေးသလို သူတို့မမွေးနိုင်လို့ ကြည့်မဲ့သူမရှိလို့ဆိုပြီး ပေးသွားတယ် အိမ်ကလည်း မနက်ထဲက ကလေးသနားပြီး ချစ်နေတာရော ခနအတွင်းမှာ သံယောဇဉ်ဖြစ်သွားလို့ အဲကလေးကို မွေးဖို့ ဆုံးဖြတ်လိုက်တယ် စက်တင်ဘာ၉လပိုင်း ၉ရက်မတိုင်ခင် ၈ရက်နေ့ ရောက်လာပေမဲ့ သူကို နာမည်လေးပေးလိုက်တယ် ကိုကိုး လို့ သောကြာနေ့ရောက်လို့ သောကြာသားလေးပေါ့ တစ်အိမ်လုံးချစ်တယ် အရင်ကလေးတွေနဲ့မျိုးမတူပေမဲ့ သင့်မြတ်တယ် သခင်တွေ့တဲ့ခန ပျော်သွားလို့ အမြှီးလေး နန့်ပြီး လိုက်သွားခနအတွင်းမှာ စွန့်ပစ်ခြင်းခံရတယ် ဆယ်သုံးကောင်ရှိနေပေမဲ့ နောက်တစ်ကောင် ရောက်လာလည်း မထူးဆန်းတာမို့ ၂၀၁၇ ၉လပိုင်း ၉ရက်နေ့မှာ ဆုံးပါးသွားတဲ့ သားလေး နိုနိုက ၂၀၂၂ ၉ လ ၉ရက်နေ့မှာ ငါးနှစ်ပြည့် တယ် အဲနေ့မတိုင်ခင် ၈ရက်နေ့ ရောက်လာတဲ့ ကိုကိုးလေးက အဲသားလေး ကိုယ်စား ပြန်ရောက်လာသလိုမို့ ချစ်ရပြန်ရော

Address

Aung Thapyay Road
Yangon
11231

Telephone

+959261052094

Website

Alerts

Be the first to know and let us send you an email when Koe Koe Family posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share


Other Yangon pet stores & pet services

Show All