Pet Villa

Pet Villa ခွေးလေးတွေရဲ့ ဖေဖေမေမေတွေခရီးစိတ်ခ
(18)

Please 😔
03/07/2024

Please 😔

ထားခဲ့မယ်ဆိုရင်တောင် သူတို့ဖာသာရှင်သန်နိုင်အောင် ဖန်တီးပေးခဲ့ပါနော်..

21/04/2024

အရေးကြီးဆုံးလေးတွေ မှတ်ထားဖို့ ရေးပေးလိုက်ပါတယ်📌




15/06/2023
13/05/2023
12/05/2023

ကြိုးချည်ထားခဲ့မိတဲ့ / ခြံခတ်ထားခဲ့မိတဲ့ နွားတွေ ဝက်တွေ ဆိတ်တွေ ခွေးတွေကိုလဲ ကြိုပြီး ကြိုးလေးဖြည်ထားပေးပါ။ မုန်တိုင်းပြီးမှ လိုက်ရှာပေါ့ .. ထွက်ပြေးရင်တောင်

17/04/2023

Edited at(18/4/23)4pm- သွေးရသွားပါပြီခင်ဗျ

သွေးအားနည်းနေတဲ့ Tickyလေးအတွက် သွေးသွင်းဖို့လိုအပ်နေလို့ သွေးအလှူခံပါတယ်ခင်ဗျာ

Ticky လေးက အသက် (၁)နှစ်နဲ့(၂)လ ရှိပါပြီ
အခု Tick Borne Disease (မွှားမှ ကူးစက်တတ်‌သောရောဂါ) ကူးစက်ခံ‌နေရတာပါ
နှာခေါင်းသွေးလျှံတာကလဲ မရပ်ပဲ Blood loss များနေပြီး သွေးစစ်ကြည့်တဲ့အခါမှာ Severe Anemia ဖြစ်နေတာကိုလည်း တွေ့ရပါတယ်
ဒါကြောင့် သွေးသွင်းကုသဖို့လိုအပ်နေတဲ့ Ticky လေးအတွက် သွေးအလှူရှင် အာဝုဟီးရိုးလေး လိုအပ်နေပါတယ်
သွေးလှူမယ့် အာဝုလေးကတော့
အသက် 1နှစ်ကနေ 8နှစ်အတွင်းဖြစ်ရပါမယ်
ကိုယ်အလေးချိန် 25kg နှင့် အထက် ရှိရပါမယ်
ပုံမှန် သန်ချပေးပြီး ကာကွယ်ဆေးစုံသောကလေးဖြစ်ရပါမယ်
လေးလအတွင်း သွေးလှူထားခြင်းမရှိသောကလေး ဖြစ်ရပါမယ်
သွေးတွင်းကပ်ပါးရောဂါပိုးမရှိသောကလေးဖြစ်ရပါမယ်
နှလုံးသန်မရှိသော ကလေးဖြစ်ရပါမယ်
အပေါ်က အချက်လေးတွေနဲ့ပြည့်စုံပြီး သွေးလှူပေးနိုင်မယ့် အာဝုလေးတွေများ ရှိရင်
Dr.pet ရဲ့ Page Messenger ဒါမှမဟုတ် Ph no . 09765476517,09765476518 တို့ကို ဆေးခန်းဖွင့်ချိန်အတွင်း ဆက်သွယ်ပေးဖို့ အကူအညီတောင်းခံပါတယ်ခင်ဗျာ
Tickyလေး အချိန်မှီ သွေးလှူရှင် ရသွားအောင်လို့ postလေးကို ကူပြီး shareပေးပါဦးနော်

Dr.Pet~ Pet Health Care Center
အမှတ်(၄)၊(၃)ရပ်ကွက်၊ အေးရိပ်မွန်လမ်းမ၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့
(ဘုရင့်နောင်လမ်းမနဲ့ အေးရိပ်မွန်လမ်းမထောင့်)
09765476517☎️,09765476518 ☎️
Dr.Pet- Your Pet is Safe Here!

24/01/2023

ချစ်ပါ မနှစ်လိုက်ပါနဲ့🐶🐱🐶🐱🐶🐱

ကျွန်တော်တို့ တိဆေးခန်းတော်တော်များများဟာ အကြောင်းအမျိုးမျိုးကြောင့် ခွဲစိတ်ကုသ ပေးရတာတွေ ဒဏ်ရာတွေကို ချုပ်ပေးဖို့အတွက် မေ့ဆေးတွေ ထုံဆေးတွေ ပေးရတာတွေ ရှိပါတယ်

ဒီနေရာမှာ အချိန်ယူပြီး ခွဲစိတ်ဖို့ ချိန်းထားတဲ့ patients တွေရှိပါတယ် အဲ့ဒီအခါကျ ဆရာဝန်တွေ အနေနဲ့ အစာဖြတ်ပေးဖို့ မှာကြားလေ့ ရှိပါတယ် အဲ့ဒီက တိပိုင်ရှင်တွေ အနေနဲ့ အစာကို အကြောင်းပြချက်အမျိုးမျိုးနဲ့ ဆရာဝန် မသိအောင် ခိုးကျွေးလေ့ ရှိကြတယ် တချို့ကြတော့လည်း ခွဲစိတ်ရမှာမို့ အားရှိအောင် ဆိုပြီး အားဆေးတွေ ကျွေးလာကြတာတွေ ရှိပါတယ်

အဲ့မှာ ဘာပြသနာတက်လဲ ဆိုရင် အစာတွေ ကျွေးထားတဲ့အတွက်ကြောင့် မေ့ဆေး ပေးတဲ့အခါ အန်ဖတ်စို့ပြီး သေတတ်ပါတယ် (မေ့ဆေးတွေ ပေးတဲ့အခါ အန်တတ်တာ သဘာဝပဲ ဖြစ်ပါတယ်) ပုံမှန် အခြေအနေမှာ အန်တဲ့အခါ ခန္ဓာကိုယ်က အစာတွေကို လေပြွန်တွေထဲ မရောက်အောင် ကာကွယ် ပေးနိုင်ပါတယ် ဒါပေမယ့် မေ့ဆေးပေးလိုက်တဲ့အချိန်မျိုးမှာတော့ မလုပ်ဆောင် နိုင်တော့ပါဘူး အဲ့အတွက်ကြောင့် အန်ဖတ်စို့ပြီး အသက်ဆုံးရှုံးရနိုင်ပါတယ်

နောက်တစ်ခုကျ အားဆေးတွေ ကြောင့် တခါတလေ မေ့ဆေးကို လိုအပ်တာထက်ပိုပေးရတာတွေ တချို့ကလေးတွေမှာ မမေ့တော့တာမျိုးတွေ ဖြစ်ပြီး နောက်ရက် ပြန်ချိန်းရတတ်ပါတယ်

နောက်တစ်ချက်က သတိရလာတာနဲ့ အစာ အရမ်းကျွေးချင်ကြတာပါ အဲ့ဒါလည်း မလုပ်သင့်သေးပါဘူး မေ့ဆေး စ ပြယ်ပြယ်ခြင်းမှာ သူတို့က ပုံမှန် အခြေအနေမှာ ရှိမနေသေးပါဘူး ဟိုယိုင်ဒီယိုင် လမ်းလျောက်မယ် အော့တာ အန်တာတွေ ရှိနိုင်မယ် ပြီးရင် ပြန်အိပ်သွားတာတွေ ဖြစ်နိုင်ပါသေးတယ် အဲ့အတွက်ကြောင့် သူလန်းလန်းဆန်းဆန်းနဲ့ ပုံမှန် မဖြစ်မချင်း အစာမကျွေးပါနဲ့ဦး ရိုင်းရိုင်းပြောရရင် အစာတစ်ရက် မစားလို့ မသေနိုင်ပါ

မေ့ဆေးတွေဟာ ဘယ်လောက်ကောင်းပါတယ် ပြောပြော ဆိုးကျိုးတွေ ရှိနေတာပဲ ဖြစ်ပါတယ် အဲ့အတွက်ကြောင့်မို့ အများကြီး သတိထားသင့်ပါတယ် ဒါကြောင့်မို့ ဆရာဝန် ပြောတာကို အတိအကျ လိုက်နာဖို့ လိုအပ်ပါတယ် ချစ်တာချစ်လို့ရတယ် မနှစ်လိုက်ကြပါနဲ့✌🏻✌🏻✌🏻

02/01/2023
24/12/2022

Address

Kone Zay Tan
Yangon
11141

Telephone

09255729005

Website

Alerts

Be the first to know and let us send you an email when Pet Villa posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category


Other Pet Services in Yangon

Show All