30/03/2022
Syngonium Pinkspot က အခြားsyngonium မျိုးနွယ်တွေထက် အရောင်ထိန်းသိမ်းရတာ အနည်းငယ်ပိုခက်ပါတယ်။
ဘာလို့လည်းဆိုတော့ များသောအားဖြင့် ပန်းရောင် spots ပါတဲ့
syngonium တွေက နေရောင်ရရှိမှုများရင်ကော နေရောင်ရရှိမှု နည်းသွားရင်ပါ spots တွေ နည်းသွားလေ့ရှိပါတယ်။
admin စမ်းသပ်ကြည့်ရသလောက်တော့ syngonium pinkspot တွေကို မနက်နေ ၁၀နာရီ ၁၁နာရီ ဝန်းကျင်ထိ တိုက်ရိုက်နေပြပြီး ကျန်တဲ့အချိန်တွေကို အရိပ် ကောင်းကောင်းထဲမှာပဲ ထားတဲ့အခါ spots တွေပြန်ပေါ်လာပါတယ်။
အားလုံးပဲ ကျန်းမာလှပတဲ့ syngonium pinkspot တွေပိုင်ဆိုင်နိုင်ကြပါစေ။
Plantae Shop.