Happy Dog Naypyidaw

Happy Dog Naypyidaw ဘဝရဲ့နာကျင်မှုတွေကို
ခွန်အားအဖြစ်အသုံးချပါ 💛

19/09/2024
25/04/2024

Leo နဲ့ kit kit ကတော့ လူမရှိခင်ချိတ်ကုန်ကြပြီ အခုမှဟိက ၅ရက်ရှိသေးတာ🥴

"တုန့်ပြန်နေလို့ ဆင်းရဲနေတာ"🍀🍀🍀🍀🍀🍀🍀🍀🍀စားစရာ မရှိလို့ စိတ်ဆင်းရဲတယ်ဆိုရင် နားလည်နိုင်ပါတယ်ဝတ်စရာ မရှိလို့ စိတ်ဆင်းရဲတယ်ဆိ...
11/04/2024

"တုန့်ပြန်နေလို့ ဆင်းရဲနေတာ"
🍀🍀🍀🍀🍀🍀🍀🍀🍀

စားစရာ မရှိလို့
စိတ်ဆင်းရဲတယ်ဆိုရင် နားလည်နိုင်ပါတယ်
ဝတ်စရာ မရှိလို့
စိတ်ဆင်းရဲတယ်ဆိုရင် နားလည်နိုင်ပါတယ်
နေစရာမရှိလို့ စိတ်ဆင်းရဲတယ်ဆိုရင်လည်း နားလည်နိုင်ပါသေးတယ်

ဒါပေမယ့် ...
လူ တော်တော်များများမှာ
စားစရာတွေ ရှိပါတယ်
ဝတ်စရာတွေ ရှိပါတယ်
နေစရာတွေ ရှိပါတယ်
ဒါပေမယ့် စိတ် မချမ်းသာကြဘူး

ငါဘာလို့ စိတ်ဆင်းရဲ နေတာလဲ
ဘယ်သူက နှိပ်စက် နေတာလဲ
အမှန်တော့
ကိုယ့်စိတ်က ကိုယ့်ကို နှိပ်စက်နေတာပါ

လောကကြီးမှာ,
နေတတ်မှ ၊စိတ်ထားတတ်မှ
စိတ်ချမ်းသာပါတယ်
အသိဉာဏ်နဲ့ နေတတ်ရင်
အများကြီး သက်သာရာ
ရလိမ့်မယ်

လူတွေဟာ စိတ်ချမ်းသာမလား ဆိုပြီး .
အမျိုးမျိုး ရှာကြံလုပ်တယ်
ဘယ်ဟာမှ တကယ်
နက်နက်နဲနဲ အတွင်းကျကျ
စိတ်ချမ်းသာမှု မပေးနိုင်ဘူး
ဘယ်ဟာပဲရရ
ခဏလေးပဲ စိတ်ချမ်းသာတယ်

အဆင်မပြေမှုဟာ တစ်ခုပြီး တစ်ခု ပေါ်နေမှာပဲ၊
အဆင်မပြေမှုဆိုတာ လောကရဲ့ သဘာဝပဲ
လောကကြီးဟာ ဘယ်တော့မှ မပြည့်စုံနိုင်ဘူး

ဒီလို ဖြစ်နေတဲ့ သဘာဝတွေကို
ဉာဏ်နဲ့ ယှဉ်ပြီး နေသွားရင်
အသိဉာဏ်
တဖြည်းဖြည်း ရင့်ကျက်လာပြီးတော့
စိတ်က ဖြစ်သမျှ ကိစ္စတွေပေါ်မှာ
လိုက်ပြီးတော့ တုန့်ပြန်မှု
မလုပ်တော့ဘူး
မြင်ရုံမျှ ကြားရုံမျှ သိရုံမျှလေး
နေသွားလို့ ရပါပြီ

စိတ်က မတုန့်ပြန်ရင်
အများကြီး သက်သာပါတယ်
ဘာဖြစ်လို့ စိတ်ဆင်းရဲ နေတာလဲ ?
စိတ်က တုန့်ပြန်နေလို့ ဆင်းရဲနေတာ

ဒါကြောင့် စိတ်က တုန့်ပြန် နေတာတွေကို
လိုက်ကြည့်ဖို့ , သိဖို့လိုတယ်
သိလာလို့ ရှိရင်
တုန့်ပြန်မှုလုပ်တာ နဲနဲသွားပါတယ်

ဆရာတော် ဦးဇောတိက။

Crd. Nang Khin Myint.

သိပ်ကိုကျေနပ်သဘောကျစရာကောင်းခဲ့ရတဲ့ကော်ဖီချိန်တွေရှိခဲ့ဘူးတယ်🤩သူငယ်ချင်းမင်းမှာရော…….
08/04/2024

သိပ်ကိုကျေနပ်သဘောကျစရာကောင်းခဲ့ရတဲ့ကော်ဖီချိန်တွေရှိခဲ့ဘူးတယ်🤩
သူငယ်ချင်းမင်းမှာရော…….

Saved date  +Lucy
28/03/2024

Saved date
+Lucy

24/03/2024
21/03/2024

သခင်ကြီးတို့နဲ့relax

14/03/2024

ကျွန်တော်တို့ လူ့သက်တမ်းကို ပျမ်းမျှ အနှစ် ၇၀ သတ်မှတ်မယ်ဆိုရင် ကျွန်တော်တို့ ၁၀ နှစ် ၇ ကြိမ်ပဲ ရကြမှာပါ..

ပထမ ၁၀ နှစ်ကတော့ ဘာမှ တတ်သိနားလည်မှု မရှိသေးတဲ့ ကလေးဘဝနဲ့ပဲ အချိန်ကုန်ခဲ့ရတယ်...

ဒုတိယ ၁၀ နှစ်ကျပြန်တော့ ကျောင်းစာတွေ သင်ကြား လေ့ကျင့်ရင်း အချိန်ကုန်ခဲ့ကြပြန်ရော...

တတိယ ၁၀ နှစ်ကျတော့ သင်တန်းတွေ တက်ရင်း အလုပ်တွေ တစ်ခုပြီးတစ်ခု ပြောင်းလုပ်ရင်း အချိန်တွေကုန်လို့ ကုန်မှန်းမသိ ဘဝကို ဖြတ်သန်းခဲ့ကြတယ်...

စတုတ္ထ ၁၀ နှစ်ကျပြန်တော့ စီးပွားရှာ မိသားစုဘဝ တည်ဆောက်ရင်းနဲ့ပေါ့...

ပဉ္စမ ၁၀ နှစ်မှာကျတော့ ရှာဖွေစုဆောင်းထားသမျှကို အသုံးပြုရင်း တည်မြဲအောင် ထိန်းသိမ်းရင်း အချိန်တွေ ကုန်သွားပြန်ရော...

ဆဋ္ဌမ ၁၀ နှစ်ထဲရောက်လာတော့ ကိုယ်ကျန်းမာရေး စိတ်ကျန်းမာရေးတွေ ကောင်းမွန်ဖို့အတွက် လုံးပမ်းရပြန်တယ်...

နောက်ဆုံး ၁၀ နှစ်ထဲမှာရောက်တော့ အရာရာ လွှတ်ချထားခဲ့နိုင်ဖို့ ကြိုးစားရင်း လာလမ်းအတိုင်း ပြန်ဖို့အချိန်ကို စောင့်ဆိုင်းကြရတယ်...

( ဒါတွေဟာ ယေဘုယျအားဖြင့်ပါ.)

ကျွန်တော်တို့ ဖြတ်သန်းပြီးခဲ့တဲ့ အချိန်တွေကို သေချာ ပြန်စဉ်းစားကြည့်ပါ. ၁၀ နှစ် တစ်စုချင်းစီက ကုန်ဆုံးသွားလိုက်တာ အရမ်း မြန်ဆန်လွန်းလို့ မျက်လှည့် ပြလိုက်သလိုပါပဲ...

သိပ်မကြာခင် အချိန်မှာပဲ ကျွန်တော်တို့ လက်ရှိ ၁၀ နှစ် အပိုင်းအခြားလေးက ကုန်ဆုံးသွားတော့မယ်...

ကျွန်တော်တို့ လုပ်ဆောင်ပြီးခဲ့တာတွေလည်း အများကြီး ရှိသလို မလုပ်ရသေးတာတွေလည်း အများကြီး ကျန်နေသေးတယ်...

ကျွန်တော်တို့ရဲ့ အချိန်တွေကို ကိုယ်လိုချင်တဲ့ အရာဝတ္ထုတွေနဲ့ လဲလှယ်ခဲ့ကြတယ်...

ကျွန်တော်တို့ရဲ့ အချိန်တွေကို အလုပ်တွေနဲ့ သွားလဲခဲ့ကြတယ်...

ကျွန်တော်တို့ရဲ့ အချိန်တွေကို ငွေတွေနဲ့ သွားလဲခဲ့ကြတယ်...

ဒါပေမဲ့ ကျွန်တော်တို့တွေ ငွေနဲ့ ကုန်သွားတဲ့ အချိန်တွေကို ပြန်ဝယ်လို့ မရတော့ဘူး...

အချိန်ဘဏ်တိုက်ဆိုတာ မရှိတဲ့အတွက် ကျွန်တော်တို့မှာ နောက်ထပ်သုံးဖို့ အချိန်တွေ ဘယ်လောက် ကျန်သေးလဲဆိုတာ ပြန်စစ်ဖို့ အချိန်စုစာအုပ် မရှိကြဘူး...

ကျွန်တော်တို့ သိနိုင်တာတစ်ခုက ကျွန်တော်တို့ ၁၀ နှစ်အစုတွေ ဘယ်နှစ်ကြိမ် ထုတ်သုံးခဲ့ကြပြီလဲ...

ကျန်နေသေးတဲ့ ၁၀ နှစ်အစု အချိန်တွေကို အကုန်ပြည့်အောင် သုံးခွင့်ရပါ့မလား ဆိုတာကိုတော့ ဘယ်သူမှ မသိနိုင်ပါဘူး...

ကျွန်တော်တို့ သုံးပြီးခဲ့တဲ့ ဆယ်နှစ် အစုတွေအတွက်ကရော တန်ခဲ့ကြရဲ့လား...

နောက်ပြန် လှည့်ကြည့်မိတဲ့ အခါတိုင်းမှာ ပြန်နှမြောနေစရာ မလိုအောင် အကျိုးရှိရှိ အသုံးချခဲ့ကြရဲ့လား...

ဒါကြောင့် လက်ရှိပစ္စုပ္ပန် ၁၀ နှစ်အစုကို အကျိုးရှိရှိ
အသုံးချကြရအောင် ..!

- မဖျားနာသေးပေမဲ့ ကြိုတင်ကာကွယ်ထားပါ.
- မဆာသေးဘူးဆိုပေမဲ့ ရေများများသောက်ပေးပါ.
- ဘဝက အရမ်း ရှုပ်ထွေးနေတယ်ဆိုရင် လွှတ်ချသင့်တာ လွှတ်ချထားခဲ့ပါ.
- ပတ်သက်ဖို့ အကြောင်းတရား ရှိနေသေးတယ် ဆိုရင်လည်း အလျှော့ပေး ဆက်ဆံလိုက်ပါ.
- ရာထူးအာဏာ ရှိတယ်ဆိုရင်တောင် ကိုယ့်ကိုယ်ကို နှိမ့်ချပါ.
- လူက မပင်ပန်းဘူးဆိုရင်တောင် စိတ်ကိုတော့ အနားပေးလိုက်ပါ.
- မချမ်းသာသေးဘူး ဆိုပေမယ့် ရှိတာနဲ့ တင်းတိမ် ရောင့်ရဲပါ.
- အလုပ်တွေ ဘယ်လောက်များများ မိသားစုနဲ့ အပန်းဖြေလိုက်ပါ.
- စားချင်တာရှိရင် စားပါ. လည်ပတ်ချင်ရင် လည်ပတ်လိုက်ပါ.
- စိတ်ဆင်းရဲစရာ စိတ်မချမ်းသာစရာတွေ သိမ်းမထားပါနဲ့. ပျော်ပျော်ရွှင်ရွှင်သာ နေပါ.
- လက်တွဲခွင့်ရတုန်း တွေ့ဆုံခွင့်ရကြတုန်း အပေါင်းအသင်းတွေနဲ့ ရင်းရင်းနှီးနှီး ပျော်ပျော်ရွှင်ရွှင် ပွင့်ပွင့်လင်းလင်း နေလိုက်ပါ...

- တစ်ယောက်နဲ့တစ်ယောက် ဖက်ထားလို့ ရနေသေးချိန်မှာ အားရပါးရ ဖက်ထားလိုက်ပါ.
- အဖေ အမေ ညီအကို မောင်နှမ သူငယ်ချင်း ချစ်သူ ဇနီး ခင်ပွန်း စတဲ့ ရောက်ရာ တာဝန်တွေမှာ အကောင်းဆုံးဖြစ်အောင် နေလိုက်ပါ...

- အတူတူ ရှိနေကြတုန်းမှာ ဘာအကြာင်းကြောင့်ပဲဖြစ်ဖြစ် လွယ်လွယ်နဲ့ မမုန်းတီးကြ အာဃာတ မထားကြပါနဲ့...

- အရေးအကြီးဆုံးကတော့

ဘဝကို ကိုယ်က အသုံးချတဲ့သူ ဖြစ်နေပါစေ... ဘဝက ကိုယ့်ကို ပြန်အသုံးချပြီး ဒီအတိုင်း ..

"သေဆုံးသွားရတာမျိုး"

မဖြစ်ပါစေနဲ့....။


03/03/2024



မင်းမရှိရင် မဖြစ်ဘူးဆိုတဲ့အခြေအနေဟာ ကမ္ဘာမှာ တကယ်မရှိဘူး။ မယုံရင် ဆက်ဆံရေးတစ်ခုကနေ ဘယ်သူ့ကိုမှ ဘာမှမပြောဘဲ မင်းတိတ်တိတ်လ...
28/02/2024

မင်းမရှိရင် မဖြစ်ဘူးဆိုတဲ့အခြေအနေဟာ ကမ္ဘာမှာ တကယ်မရှိဘူး။
မယုံရင် ဆက်ဆံရေးတစ်ခုကနေ ဘယ်သူ့ကိုမှ ဘာမှမပြောဘဲ

မင်းတိတ်တိတ်လေး စွန့်ခွာသွားကြည့်လိုက်။
မင်းထွက်သွားခါစမှာတော့
မင်းကိုသတိရတာတွေ ဘာတွေဖြစ်ကောင်းဖြစ်လိမ့်မယ်။

အချိန်ကာလတစ်ခုရောက်တဲ့အခါမှာတော့
အားလုံးက ပုံမှန်လိုပဲ။ မင်းမရှိလည်း သူတို့
အဆင်ပြေနေလိမ့်မယ်၊ ဒါမှမဟုတ်
မင်းနေရာမှာ အခြားတစ်ယောက်ရှိနေလိမ့်မယ်။

"မင်းမရှိလို့မဖြစ်ဘူး"ဆိုတာ
စကားလုံးသက်သက်ပဲ၊ တကယ်မရှိဘူး။
မင်းမရှိလည်း အရာရာဟာသူ့နည်းသူ့ဟန်နဲ့ ပုံမှန်လည်ပတ်နေမှာပဲ။

#အကြည်တော်

26/02/2024

၁၉.၀၂.၂၀၂၄ နေ့ကထဲက ဆူမိုဟိလာနေလို့
မောင်လီယို တအားဖြစ်နေပါတယ်🥰🥰

ရေချိုးဆပ်ပြာ-၄၅၀၀၀ကျပ်🥴🥴ဘရတ်-၅၀၀၀ကျပ်
25/02/2024

ရေချိုးဆပ်ပြာ-၄၅၀၀၀ကျပ်🥴🥴
ဘရတ်-၅၀၀၀ကျပ်

24/02/2024

ဇိမ်ကျနေသော

7 years ago!!
16/02/2024

7 years ago!!

ကိစ္စတိုင်းဟာ အမြဲတမ်း သင်ထင်ထားသလိုမဟုတ်ပါဘူး...ရုတ်တရက် ဒီပုံကိုကြည့်လိုက်ရင် သမင်တစ်အုပ်ကကားလမ်းကိုဖြတ်ကူးနေကြတယ်ပေါ့...
12/02/2024

ကိစ္စတိုင်းဟာ အမြဲတမ်း သင်ထင်ထားသလိုမဟုတ်ပါဘူး...

ရုတ်တရက် ဒီပုံကိုကြည့်လိုက်ရင် သမင်တစ်အုပ်က
ကားလမ်းကိုဖြတ်ကူးနေကြတယ်ပေါ့...

တကယ်တော့ ကားလမ်းကသာ
သစ်တောထဲကိုဖြတ်ဖောက်ထားတာပါ...

လူအမျိုးမျိုး ရှုထောင့်အမျိုးမျိုးပေါ့...





သူများထက်သာဖို့ကြိုးစားနေရတာနဲ့ပဲငါ့ဘဝကိုငါအဓိပ္ပါယ်ရှိရှိ မနေခဲ့ရဘူး"နှမြောလိုက်တာ" လို့တွေးမိရင်သိပ်နောက်ကျသွားပြီ    ...
24/01/2024

သူများထက်သာဖို့
ကြိုးစားနေရတာနဲ့ပဲ
ငါ့ဘဝကိုငါ
အဓိပ္ပါယ်ရှိရှိ မနေခဲ့ရဘူး
"နှမြောလိုက်တာ" လို့
တွေးမိရင်
သိပ်နောက်ကျသွားပြီ


ဦးဇောတိက(မဟာမြိုင်တောရ)

Rottweiler Stud MaleCaptain (Son of Connan)
23/01/2024

Rottweiler Stud Male
Captain (Son of Connan)

22/01/2024

နေပြည်တော်အနီးတဝိုက်
လိုက်ထီးရှိတယ်နော်

🎄Happy Karen New Year 😊🥰
11/01/2024

🎄Happy Karen New Year 😊🥰

ပဲဆီလေးနဲ့pink salt လေးနဲ့ ရာသီစာလေး(ငယ်တုန်းရွယ်တုန်းစားထားနော် ကြီးလာမှစားမရတော့ဘူး (ရင်ပြည့်တတ်))
10/01/2024

ပဲဆီလေးနဲ့pink salt လေးနဲ့ ရာသီစာလေး
(ငယ်တုန်းရွယ်တုန်းစားထားနော် ကြီးလာမှစားမရတော့ဘူး (ရင်ပြည့်တတ်))

ကိုယ့်အိမ်ပေါက်လေးတွေလှပနေတာကြည့်ပြီးစိတ်ချမ်းသာရတယ်လေ🥰🥰
10/01/2024

ကိုယ့်အိမ်ပေါက်လေးတွေလှပနေတာကြည့်ပြီးစိတ်ချမ်းသာရတယ်လေ🥰🥰

သခင်သစ်ဆီမှာပျော်နေတာမြင်ရတော့ ဝမ်းသာရပါတယ်
07/01/2024

သခင်သစ်ဆီမှာပျော်နေတာမြင်ရတော့ ဝမ်းသာရပါတယ်

Sold out to Yamethin (သိပ်ချစ်မယ့်သခင်မို့ ဝမ်းသာရပါတယ်ကလေးရေ)
30/12/2023

Sold out to Yamethin
(သိပ်ချစ်မယ့်သခင်မို့ ဝမ်းသာရပါတယ်ကလေးရေ)

Address

အောင်ဇဗ္ဗူရပ်ကွက်၊ဇဗ္ဗူသီရိမြို့နယ်၊နေပြည်တော်, (19. 7361475, 96. 1532433)
Naypyidaw

Telephone

+95943017799

Website

Alerts

Be the first to know and let us send you an email when Happy Dog Naypyidaw posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Happy Dog Naypyidaw:

Videos

Share

Category


Other Naypyidaw pet stores & pet services

Show All